← Chapters

Chapter(92)

Vol. 7 Ch. 92

Chapter(92)

Vol. 7 Ch. 92

အသန့်စင်ဆုံးစနစ် အခန်း(92)

ချောင်ထန့်သည် "သခင်မလေး......နင်.....ယင်ယန်စွမ်းအားကို အသုံးပြုနိုင်သွားတာလား..... " ဟု မေးလိုက်သည်။

ချောင်ထန့်တို့သည် ယင်ယန်စွမ်းအားကို သုံးနိုင်ဖို့ အပျိုစင်တစ်ယောက်ရဲ့ ဘဝကို ပေးဆပ်ရမည်ဆိုတာ သိထားတဲ့အတွက် ချောင်ဖုန်းကို ဒေါသထွက်သွားခဲ့ပြီး မျက်နှာများမှာ ​ဒေါသထွက်နေသော မျက်နှာများအဖြစ်ပြောင်းလဲသွားသည်။

ချောင်ထန့်တို့သည် ရှယုအတွက် သင့်တော်မည့် သိုင်းအဆင့်မြင့် လူငယ်အများအပြားကို ရှာဖွေပေးခဲ့သော်လည်း ရှယုက ငြင်းဆိုခဲ့ပြီး ယခုအခါ သိုင်းအဆင့်နိမ့်သော ချောင်ဖုန်းနဲ့ ဖြစ်ပျက်သွားသောကြောင့်ဖြစ်သည်။

ရှယုသည် "အကြီးအကဲတို့.......ဒီကိစ္စကသခင်လေး​နဲ့ဘာမှမဆိုင်ဘူး" ဟု ကာပြောလိုက်တဲ့အခါ ဟောင်ထင်တို့ နှစ်ယောက်သည် ပိုဒေါသထွက်သွားခဲ့သည်။

ရှယုသည် သူ့သိုလှောင်ကွင်းထဲမှ တံဆိပ်ပြား တစ်ခုကိုထုတ်ပေးလိုက်ပြီး "သခင်လေး......ခုချိန်ကစပြီး ပါးရှန်းဂိုဏ်းက သခင်လေးရဲ့အိမ်လိုပဲသဘောထားလို့ရပါတယ် ၊ ဒီတံဆိပ်ပြားနဲ့ဆို ပါးရှန်းဂိုဏ်းရဲ့ကြိုက်တဲ့နေရာကို ဝင်နိုင်ထွက်နိုင်ပြီး သခင်လေးအလိုရှိတာမှန်သမျှကိုလဲ ယူလို့ရတယ် " ဟု ပြောကာ အကြီးအကဲနှစ်ယောက်ကို ခေါ်၍ ထွက်ခွာသွားလေသည်။

ချောင်ဖုန်းသည် ပါးရှန်းဂိုဏ်းလို့ ရေးထိုးထားသည့် ရွှေရောင်အမိန့်ပြားတံဆိပ်ကို ယူကာ သိုလှောင်ကွင်းထဲသို့ ထည့်လိုက်ပြီး သူအလိုရှိသည့် ရတနာပစ္စည်းများကို သွားယူဖို့ ထွက်သွားခဲ့သည်။

ချောင်ထန့်သည် "သခင်မလေး......အဲ့သခင်လေးက အဂ္ဂိရတ်ပညာရှင်ဆရာကြီးဆိုတာတော့ ငါလက်ခံပါတယ် ၊ အဲ့ကောင်လေးက သိုင်းပညာသုံးစားမရတဲ့အတွက် သခင်မလေးရဲ့ ယင်ယန်စွမ်းအားက......."လို့ ပြောနေချိန်မှာ ဟောင်ထင့်သည် ဆက်မပြောအောင် ချောင်ဆိုးပြလိုက်တဲ့အခါ ချောင်ထန့်သည် ရပ်တန်သွားသည်။

ထိုအခါ ရှယုသည် ကျင့်ကြံရေးအခန်းတွင် ဖြစ်ပျက်ခဲ့သည်များကို ပြောပြလိုက်တဲ့အခါ ဟောင်ထင်တို့သည် လုံးဝမယုံကြည်နိုင် ဖြစ်သွားခဲ့သည်။

ဟောင်ထင်သည် "သခင်မလေး.......မင်းပြောတဲ့မိန်းကလေးက ဝိညဥ်နယ်ပယ်အဆင့်ကျင့်ကြံသူတစ်ယောက်ဆိုတာ တစ်ကယ်ပဲလား ၊ နောက်ပြီး ကောင်းကင်နတ်ဆိုးသားရဲကရော ဘယ်ကနေ ရောက်လာပြီး သူတို့နှစ်ယောက် တိုက်ခိုက်ကြတာလဲ " ဟု မေးလိုက်သည်။

ရှယုသည် "အကြီးအကဲတို့......ရှယုလဲ သေချာဂရုမစိုက်မိလိုက်ဘူး ၊ နောက်ပြီးသူကလဲ ဧကရာဇ်နယ်ပယ်အဆင့် ကျင့်ကြံသူတစ်ယောက်ပဲ " ဟု ချောင်ဖုန်းအကြောင်းပြောပြလိုက်သည်။ထိုအခါမှ ချောင်ထန့်တို့သည် ချောင်ဖုန်းက ဧကရာဇ်နယ်ပယ်အဆင့်ရောက်ရှိနေတာကြောင့် မယုံကြည်ပင်မယ့် ဝမ်းသာသွားလေသည်။

ချောင်ထန့်နဲ့ဟောင်ထင်သည် ရှယု၏ အဖေ ဂိုဏ်းချုပ်ဟောင်းရဲ့ အမိန့်ကြောင့် ရှယုကို ငယ်စဥ်ကတည်းက စောင့်ရှောက်ပေးလာရသည်။

ရှယုသည် ယင်ယန်စွမ်းအင်ပိုင်ရှင်ဖြစ်ကြောင်းနှင့် အရွယ်ရောက်လာသည့်အခါ အဆင့်မြင့်ကျင့်ကြံသူနှင့် အတူနေပြီးမှသာ သူရဲ့ယင်ယန်စွမ်းအင်ကို အသုံးပြုနိုင်မှာဖြစ်ပြီး ထိုလူ၏ စွမ်းအားအနိမ့်အမြင့်အပေါ်မူတည်ပြီး ယင်ယန်စွမ်းအားကလဲ ပြောင်းလဲသွားမည်ဖြစ်ကြောင့် သူတို့နှစ်ယောက်ကို ပြောပြထားခဲ့သည်။

ချောင်ဖုန်းသည် ပါးရှန်းဂိုဏ်း၏ ရတနာပစ္စည်းခန်းထဲတွင် သူကြိုက်သော ရတနာ ပစ္စည်းများကို ယူပြီးနောက်တွင် ရှယုသည် ပြန်လည်ရောက်ရှိလာပြီး "သခင်လေး.....ရှင်လိုချင်တာကို ယူပြီးပြီလား " ဟု မေးလိုက်သည်။

ချောင်ဖုန်းသည် ရတနာပစ္စည်းခန်းမရဲ့ မှန်တစ်ဖက်တခြားအခန်းတွင် ပျက်စီးနေသော ဓားတစ်လက်ကို တွေ့လိုက်တဲ့အခါ ချောင်ဖုန်းသည် ကြည့်ရှု့နေသည့်အတွက် ရှယုသည် "သခင်လေး အဲ့အခန်းက ပါးရှန်းဂိုဏ်းရဲ့ ပျက်စီးနေတဲ့လက်နက်တွေကို စုစည်းထားတဲ့အခန်းပဲ "ဟု ပြောလိုက်သည်။

ထိုအခါ ချောင်ဖုန်းသည် ထိုအခန်းကို သွားကာ ပျက်စီးနေသောလက်နက်များကို သူ့သိုလှောင်ကွင်းလက်စွပ်ထဲသို့ အကုန်ထည့်လိုက်ပြီး ကျင့်ကြံဖို့ အခန်းတစ်ခန်းကို တောင်းဆိုလိုက်သည်။ထိုအခါ ရှယုသည် သူသီးသန့်ကျင့်ကြံသည့်အခန်းကို လိုက်ပို့ပေးလိုက်သည်။ချောင်ဖုန်းသည် ထိုအခန်းထဲသို့ ရောက်တာနဲ့ ရတနာပစ္စည်းတချို့ကို ထုတ်လိုက်ပြီး အခန်းရဲ့ ပတ်လည်မှာ ထုတ်လိုက်သည်။

ထို့နောက် ချောင်ဖုန်းသည် လက်ချောင်းများကို လှုပ်ရှာလိုက်တဲ့အခါ ရတနာပစ္စည်းမှ ပိုးချည်မျှင်မျှသာ ရှိသော ရွှေရောင်အမျှင်လေးများထွက်လာပြီး ရတနာတစ်ခုပြီးတစ်ခု ချိတ်ဆက်သွားတဲ့အခါ ချောင်ဖုန်း ထိုင်နေသော အခန်းရဲ့အောက်ခြေတွင် ရွှေရောင်ဒိုင်ကွက်အစီအရင်ကြီး တစ်ခုထွက်ပေါ်လာလေသည်။

ချောင်ဖုန်းသည် ထိုအခါ သိုလှောင်ကွင်းထဲမှ နတ်သမီးသုံးဖော်ဆေးလုံးကို သောက်လိုက်ပြီး ချီစွမ်းအင်များကို စုပ်ယူလေသည်။

ချောင်ဖုန်း ဖန်တီးလိုက်သော အစီအရင်သည် သန်မာအားကောသ်းလွန်းလှသည် ချီစွမ်းအင်များကို ထုတ်လွှတ်ပေးနိုင်သော အစီအရင်တစ်ခုပင်ဖြစ်သည်။

ချောင်ဖုန်းသည် ထိုအခန်းထဲတွင် ရက်ပေါင်းအတော်ကြာ ကျင့်ကြံပြီးတဲ့နောက် မှာ "ချိုးဖောက်စမ်း......." ဟု ပြောလိုက်သည်။ထိုအခါ ချောင်ဖုန်းရဲ့ ခန္ဓာကိုယ်သည် အနီရောင်မီးတောက်များရဲနေပြီးနောက် ခဏအကြာမှာတော့ ပြန်လည်ပျောက်ကွယ်သွားခဲ့သည်။

ချောင်ဖုန်းသည် လက်သီးဆုပ်လိုက်ပြီး "ဒီအစီအရင်နဲ့လေ့ကျင့်ရတာ အရင်ကထက်အဆပေါင်းများစွာ အကျိုးရှိတာပဲ " ဟု ပြောကာ သူ့ခန္ဓာကိုယ်ရှိစွမ်းအားအရှိန်အဝါများကို ပြန်လည်ဖုံးကွယ်ထားလိုက်ပြီး အပြင်သို့ ပြန်လည်ထွက်ရှိလာခဲ့သည်။

ချောင်ဖုန်းသည် ဧကရာဇ်နယ်ပယ်အထွဋ်အထိပ်ကို ရောက်ရှိသွားတဲ့အတွက် သူ့ရဲ့တိုက်ခိုက်ရေးစွမ်းအားအားလုံးမှာ နဂိုထက် အဆပေါင်းများစွာ သာလွန်နေပြီဖြစ်သည်။

အပြင်သို့ရောက်တဲ့အခါ ရှယုတစ်ယောက်သည် သူကိုစောင့်နေတာကို တွေ့လိုက်ရသည်။ရှယုသည် ချောင်ဖုန်းထွက်လာတာ တွေ့တဲ့အခါ "သခင်လေး......နင်ဒီနေရာကနေ ထွက်သွားတော့မှာလား " မေးလိုက်သည်။

ထိုအခါ ချောင်ဖုန်းသည် သူ့မှာကိစ္စများရှိတဲ့အတွက် တစ်နေရာထဲမှာ အမြဲမရှိနိုင်ကြောင်း ပြောပြလိုက်သည်။ရှယုသည် ချောင်ဖုန်းသတင်းကို စုံစမ်းထားတဲ့အခါ လီထောင်တို့နဲ့အတူလာတာကို သိရပြီး ဇစ်မြစ်ကို မသိရှိရပေ။

ရှယုသည် ချောင်ဖုန်း၏ အမည်ကိုသာ မေးမြန်းခဲ့ပြီး ပါးရှန်းဂိုဏ်းကို အချိန်မရွေးလာလို့ရတယ်လို့ပြောလိုက်သည်။ထို့နောက် ချောင်ဖုန်းသည် ရှယုအား နှုတ်ဆက်ပြီး အပေါ်ထပ်ဝတ်ရုံကြီးကို ခြုံလိုက်ပြီး ပါးရှန်းဂိုဏ်းမှ ထွက်ခွာလာခဲ့ပြီး ကျိုးကျယ်ဂိုဏ်းသို့ဦးတည်သွားလိုက်သည်။

ကျိုးကျယ်ဂိုဏ်းအတွင်းတွင် လီထောင်သည် ရှဲ့ချမ်းကို ဒုဂိုဏ်းချုပ်အဖြစ်တင်မြှောက်ပြီး ကျန်သောသုံးယောက်ကို ဂိုဏ်း၏ အကြီးအကဲအဖြစ်တင်မြှောက်ကာ ဂုဏ်ယူပွဲကျင်းပနေကြလေသည်။

ပါးရှန်းဂိုဏ်း၏ လက်အောက်ခံဂိုဏ်းထဲတွင် ကျိုးကျယ်ဂိုဏ်းသည် အင်အားကြီးသွားသည့်အတွက် တခြားသော ဂိုဏ်းများသည် လာရောက်ဂုဏ်ပြုကြလေသည်။ချောင်ဖုန်းသည် ဝိညဥ်လှေဖြင့် ကျိူးကျယ်ဂိုဏ်းအတွင်းသို့ ရောပ်ရှိလာကြသည်။

ထို့နောက် ချောင်ဖုန်းသည် ဝိညဥ်လှေကို မြေပေါ်ကို ဆင်းသက်ပြီး သိမ်းထားလိုက်သည်။လူအများပြားသည် ချောင်ဖုန်းကို ကြည့်နေခဲ့ချိန်မှာ ရှဲ့ချမ်းတို့သည် ချောင်ဖုန်းကို လာရောက်ကြိုဆိုလိုက်သည်။

ရှဲ့ချမ်းသည် ချောင်ဖုန်းရောက်ရှိလာတာနဲ့ သူ့သိရှိထားသော သတင်းကို ပြောပြဖို့ နေရာတစ်ခုကို ခေါ်သွားလိုက်ပြီး ပြောပြလိုက်သည်။ထိုသတင်းကတော့ ပိုင်ဖေးကျစ်သည် အမှန်တကယ်ပဲ ဝတ်ရုံနီဂိုဏ်းနှင့် ပက်သက်နေခြင်းပင်ဖြစ်သည်။

ချောင်ဖုန်းသည် ဧကရာဇ်နယ်ပယ်အထွဋ်အထိပ်ရောက်ရှိလာတဲ့အခါ ပိုင်ဖေးကျစ်ကို ယှဥ်ပြိုင်နိုင်မည်ဆိုတာ ယုံကြည်နေခဲ့သည်။

ရှဲ့ချမ်းသည် နဂါးမင်းတံဆိပ်ဂိုဏ်းမှာ ဂျီဝူးပြီးရင် အစွမ်းထက်ဆုံးနှစ်ယောက်မှာ သူနဲ့ပိုင်ဖေးကျစ်သာ ရှိသောကြောင့် ချောင်ဖုန်းရဲ့ ဇစ်မြစ်ကို သိချင်နေသော်လည်း မမေးရဲပေ။

ချောင်ဖုန်းသည် ပိုင်ဖေးကျစ်ကို အမြစ်ဖြုတ်ဖို့အတွက် သူနဲ့အတူ နဂါးမင်းတံဆိပ်ဂိုဏ်းကို လို့ဝှက်လမ်းကြောင်းအတိုင်း ပြန်ခေါ်လာခဲ့သည်။နဂါးမင်းတံဆိပ်ဂိုဏ်းသို့ ရောက်တဲ့အခါ ချောင်ဖုန်းတို့သည် ပိုင်ဖေးကျစ်ကို စစ်ဆေးမေးမြန်းဖို့အတွက် စီစဥ်နေခဲ့ကြသည်။

ဟန်လင်းသည် သူ့လက်အောက်ထဲမှ လူတစ်ယောက်ကို ပိုင်ဖေးကျစ်တို့ အဖွဲ့ထဲကို သူလျိုအဖြစ်ထည့်ကာ သတင်းများ စုံစမ်းစေခဲ့သည်။ထိုလူရဲ့ပြောပြချက်အရ ပိုင်ဖေးကျစ်သည် မကြာခဏ နဂါးမင်းတံဆိပ်ဂိုဏ်းမှ ထွက်ခွာသွားတက်ပြီး သူပြန်လာသည့် အခါတိုင်းမှာ လူတစ်ချို့ပါလာခဲ့ကြောင်း ပြောပြလိုက်သည်။

ပိုင်ဖေးကျစ် ကိုယ်တိုင်လှုပ်ရှားတဲ့အတွက် ထိုလူတွေသည် သာမန်လူများမဖြစ်နိုင်ဘူး ခန့်မှန်းလိုက်ကြသည်။ရှဲ့ချမ်းသည် "သခင်လေး ငါတို့ ဘာဆက်လုပ်ကြမလဲ "ဟု မေးလိုက်သည်။ထိုအခါ ချောင်ဖုန်းသည် သူအစီအစဥ်များကို ​ပြောပြလိုက်သည်။

ထို့နောက်ချောင်ဖုန်းသည် ထိုအခန်းထဲမှ ထွက်ခွာသွားပါတော့သည်။

တစ်ရက်ကြာပြီးနောက်ဂိုဏ်းထဲတွင် သတင်းတစ်ခုထွက်ပေါ်လာပါသည်။ထိုသတင်းကတော့ နဂါးမင်းတံဆိပ်ဂိုဏ်း၏ ဂိုဏ်းချုပ်သစ်သည် အပြင်မှ ပြန်လာတဲ့အခါ တစ်စုံတစ်ယောက်နဲ့ တိုက်ခိုက်ခံတာကြောင့် ဒဏ်ရာအကြီးအကျယ်ရလာသည် ဆိုသည့် သတင်းပင်ဖြစ်သည်။

ချောင်ဖုန်းသည် သူအခန်းထဲရှိ ကုတင်ပေါ်တွင် တစ်ယောက်ထဲ ထိုင်ကာ လေ့ကျင့်နေလေသည်။မျက်နှာတင်မကဘဲ တစ်ကိုယ်လုံးရှိဒဏ်ရာများမှ သွေးများထွက်နေလေသည်။မော့ပုဖေးသည် ချောင်ဖုန်းထိုလိုဖြစ်သွားတဲ့အတွက် တစ်ခုခုဖြစ်မည်ကို စိတ်ပူနေခဲ့သည်။

နဂါးမင်းတံဆိပ်ဂိုဏ်းရှိ မှောင်မဲသော အခန်းတစ်ခန်းထဲတွင် မျက်လုံးနီနီများသာ မြင်ရသော အဖွဲ့တစ်ဖွဲ့သည် ကြောက်စရာကောင်းသောအသံကြီးများဖြင့် ဆွေးနွေးနေကြလေသည်။

All Chapters