Chapter(93)
Vol. 7 Ch. 93
အသန့်စင်ဆုံးစနစ် အခန်း(93)
ထိုအမှောင်ခန်းထဲရှိ လူများကတော့ ပိုင်ဖေးကျစ်တို့ အဖွဲ့ပင်ဖြစ်သည်။ကြောက်စရာကောင်းသောအသံပိုင်ရှင်သည် "ဖေးကျစ်......ဒီတစ်ခါမှ မင်းအသုံးမကျရင် မင်းကို ခေါင်းဆောင်က ခွင့်လွှတ်မှာ မဟုတ်ဘူး " ဟု ပြောလိုက်သည်။
ထိုအခါ ပိုင်ဖေးကျစ်သည် "ဘုရင်ငယ်......ဒီတစ်ခေါက်ပြီးရင်တော့ ခေါင်းဆောင်ရဲ့ စိတ်တိုင်းကျအတိုင်း ဖြစ်တော့မှာပါ " ဟု ပြောလိုက်သည်။ထိုချိန်မှာ လူတစ်ယောက်သည် ပိုင်ဖေးကျစ်ရဲ့ နားနားကို ကပ်ကာ တိုးတိုးလေးပြောလိုက်သည်။ထိုသတင်းကတော့ ချောင်ဖုန်းသည် ဒဏ်ရာပြင်းထန်စွာ ရရှိနေသော သတင်းပင်ဖြစ်သည်။
ပိုင်ဖေးကျစ်သည် လက်ရှိမှာ နဂါးမင်းတံဆိပ်ဂိုဏ်းတွင် သူသာ အာဏာအရှိဆုံးဖြစ်သည့်အတွက် ဒီတစ်ခေါက်တွင် တစ်ခါထဲ အပြီးအပြတ်ထမ်းဆောင်ဖို့အတွက် သေသေချာချာစီစဥ်ထားလေသည်။
မော့ပုဖေးသည် ချောင်ဖုန်းဒဏ်ရာရနေသည့်အတွက် သူရဲ့နောက်လိုက်အကြီးအကဲများအား ချောင်ဖုန်းကို ကာကွယ်ဖို့အတွက် အမိန့်ပေးထားခဲ့သည်။ချောင်ဖုန်း၏ အခန်းရှေ့တစ်လျှောက်တွင် ဧကရာဇ်နယ်ပယ်အဆင့်တိုက်ခိုက်ရေးသမားများနှင့် ဘုရင်နယ်ပယ်အဆင့်တိုက်ခိုက်ရေးသမားများသည် ဂရုတစိုက်စောင့်ကြပ်နေကြလေသည်။
ထိုအချိန်မှာပဲ အဆင့်ခြောက် ၊ အဆင့်ခုနှစ် နတ်ဆိုးသားရဲကောင်များသည် ဘယ်နေရာကနေ ထွက်ပေါ်လာမှန်းမသိ ရောက်ရှိလာလေသည်။အဆင့်ခုနှစ်နတ်ဆိုးသားရဲကောင်၏ စွမ်းအားသည် နတ်နယ်ပယ်အထွဋ်အထိပ်အဆင့်တွင် တည်ရှိသည်။
ထိုသားရဲကောင်ကြီးများနောက်တွင် လူတစ်စုလိုက်ပါလာခဲ့သည်။နတ်ဆိုးသားရဲကောင်များသည် မော့ပုဖေး၏ လူများကို အသာအယာပင် တိုက်ခိုက်လာပြီးနောက် ချောင်ဖုန်းရဲ့ အခန်းရှေ့ကို ရောက်ရှိလာတဲ့အခါ မော့ပုဖေးသည် သူ့ရဲ့ ဓားအား မီးဝိညဥ်စွမ်းအင် အသက်သွင်းလိုက်ပြီး နတ်ဆိုးသားရဲကောင်အား တိုက်ခိုက်လိုက်သည်။
ထိုအခါ အဆင့်ခုနှစ်နတ်ဆိုးသားရဲသည် မော့ပုဖေးတိုက်ခိုက်လိုက်သော အနီရောင်မီးတောက်ပုံစံ ဓားချီအလင်းတန်းလေးကို လက်ညိုးလေးနဲ့ပင် တောက်ကာ ဖျက်စီးပစ်လိုက်ပြီး "ဟားဟားဟား......လူသားမိန်းကလေး နင်ကတော်တော်အားပျော့တာပဲ " ဟု ရယ်သံကြီးဖြင့် ပြောလိုက်သည်။
ထိုအခါ မော့ပုဖေးသည် အကြီးအကဲတွေကို တစ်ချိန်ထဲမှာ တိုက်ဖို့ အမိန့်ပေးလိုက်သည်။အားလုံးသည် သူတို့ကိုယ်ပိုင်ဝိညဥ်စွမ်းအားများကို ဓားနဲ့ချိတ်ဆက်လိုက်ပြီး တစ်ချိန်ထဲမှာပဲ အဆင့်ခုနှစ်နတ်ဆိုးသားရဲကို တိုက်ခိုက်လိုက်သည်။
ထိုအခါ အရောင်စုံလင်စွာဖြင့် ဓားချီအလင်းတန်းများသည် အဆင့်ခုနှစ်နတ်ဆိုးသားရဲရှိသို့ ရောက်ရှိသွားလေသည်။အဆင့်ခုနစ်နတ်ဆိုးသားရဲသည် ပုဆိန်ကို သံကြိုးကြီးနဲ့သွယ်ထားသော လက်နက်ကြီးကို ထုတ်လိုက်သည်။ထိုပုဆိန်သံကြိုးလက်နက်ကြီးတွက် မကောင်းဆိုးဝါးအငွေ့အသက်များစွာ ရှိနေခဲ့ပြီး အရိပ်မဲမဲများ တွယ်ကပ်နေလေသည်။
နတ်ဆိုးသားရဲကြီးသည် ထိုလက်နက်နှင့် တစ်ချက်ပင် ဝေ့ရမ်းလိုက်တဲ့အခါ ဧရာမပုဆိန်အမဲရောင်ကြီးသည် လေပေါ်ကပင် ထွက်ပေါ်လာပြီး ဓားချီအလင်းတန်းများကို ဖျက်ဆီးလိုက်ပြီး မော့ပုဖေးတို့အဖွဲ့ပေါ်သို့ ကျရောက်သွားလေသည်။
မော့ပုဖေးတို့သည် ဧရာမ ပုဆိန်အမဲရောင်ကြီး၏ တိုက်ခိုက်ခြင်းကို ခံလိုက်ရတဲ့အခါ ဓားများပင်ပျက်စီးသွားပြီး မြေကြီးပေါ်တွင် တရွတ်တိုက်ပါသွားပြီး ချောင်းဖုန်းအခန်းရှေ့ နံရံများဖြင့် ပြေးဆောင့်ကာ ရပ်တန့်သွားကြလေသည်။
ထိုအခါ လူတစ်ယောက်သည် လမ်းလျှောက်လာပြီး မြေပေါ်တွင် လဲကျနေသော မော့ပုဖေး အနားမှာထိုင်လိုက်ပြီး "စိတ်မပူပါနဲ့......နင့်ကို ငါတို့မသတ်သေးပါဘူး " ဟု ပြောလိုက်သည်။ထိုလူကတော့ ဆရာကြီးပိုင်ဖေးကျစ်ပင်ဖြစ်နေခဲ့သည်။
မော့ပုဖေးနှင့် အကြီးအကဲများသည် နတ်အထွဋ်အထိပ်အဆင့်၏ တိုက်ခိုက်မှုဒဏ်ကြောင့် ဒဏ်ရာပြင်းထန်စွာ ရသွားပြီး သတိများပင် လစ်သွားကြသည်။ထို့နောက် ချောင်ဖုန်းအခန်းတံခါးကို ဖွင့်ကာ ဝင်လာကြတဲ့အခါ ကုတင်ပေါ်တွင် ရှိနေသော ချောင်ဖုန်းကို တွေ့ရှိသွားကြသည်။
ချောင်ဖုန်းသည် သူတို့ ကြားထားတဲ့အတိုင်းပဲ ဒဏ်ရာများစွာကို ကုသနေခဲ့သည်။အဆင့်ခုနှစ်နတ်ဆိုးသားရဲသည် "ဖေးကျစ်.....မင်းပြောတဲ့ဂိုဏ်းချုပ်အသစ်က ဒီကောင်လေးလား " ဟု မေးလိုက်သည်။
ထိုအခါ ပိုင်ဖေးကျစ်သည် ခေါင်းငြိမ့်ပြလိုက်တဲ့အခါ အဆင့်ခြောက်နတ်ဆိုးသားရဲသည် "ဒီကောင်လေးကို ငါပဲဖြေရှင်းလိုက်မယ် " လို့ပြောကာ သူ့ရဲ့တင်းပုတ်ကြီးကို မြေကြီးပေါ်သို့ တရွတ်တိုက်ဆွဲသွားပြီး ချောင်ဖုန်းကို ရိုက်ချဖို့ လေပေါ်သို့ မြှောက်မည့်ချိန်တွင် ရပ်တန့်သွားလေသည်။
အဆင့်ခြောက်နတ်ဆိုးသားရဲသည် "ဘာဖြစ်လို့.......ငါခန္ဓာကိုယ်က လှုပ်ရှားလို့ မရတော့တာလဲ " ဟု တွေးနေချိန်မှာ တခြားပတ်ဝန်းကျင်တစ်ခုကို ရောက်ရှိသွားကြောင်း သိရှိလိုက်ရသည်။
အဆင့်ခြောက်နတ်ဆိုးသားရဲသည် ချောင်ဖုန်း၏ ချုပ်နှောင်ခြင်းသင်္ချိုင်းအစီအရင်အောက်ကို ကျရောက်သွားပြီး လှုပ်ရှားမရဖြစ်နေခဲ့သည်။
ထိုအဖြစ်အပျက်ကို မသိသော အဆင့်ခုနှစ်နတ်ဆိုးသားရဲသည် တင်းပုတ်ကို လေပေါ်မြှောက်ကာ ရပ်တန့်နေသော အဆင့်နတ်ဆိုးသားရဲအား "ဖွတ်သားရဲကောင် ....အချိန်ဆွဲမနေနဲ့........အဲ့ကောင်လေးကို မြန်မြန်အဆုံးသတ်လိုက် " ဟု အမိန့်ပေးလိုက်သည်။
ချောင်ဖုန်းသည် ချုပ်နှောင်ခြင်းသင်္ချိုင်းအစီအရင်အတွင်းမှာ အဆင့်ခြောက်နတ်ဆိုးသားရဲအား သတ်ပစ်လိုက်တဲ့အခါ အဆင့်ခြောက်နတ်ဆိုးသားရဲသည် တင်းပုတ်ကြီးကို လက်မှာ လွတ်ကျကာ ခန္ဓာကိုယ်ကြီးသည် မြေပေါ်သို့ ထိုးကျသွားလေသည်။
ထိုအခါ ပိုင်ဖေးကျစ်သည် "မကောင်းတော့ဘူး.......ဒီကောင်လေးက ငါတို့အစီအစဥ်ကြိုသိနေတာလား " ဟု ပြောလိုက်သည်။ထိုအခါ ချောင်ဖုန်းသည် ကုတင်ပေါ်မှ မျက်လုံးပွင့်လာကာ "အကြီးအကဲပိုင်.......လတ်စသတ်တော့ အားလုံးရဲ့နောက်ကွယ်က သားရဲခံက မင်းပဲကို"လို့ ပြောလိုက်သည်။
ထိုအခါ ပိုင်ဖေးကျစ်သည် သူ့ရဲ့ဓားကို ထုတ်ထားလိုက်ပြီး "ဟားဟားဟား.......မင်းကသေရတော့မယ့် လူတစ်ယောက်ဆိုတော့
ဒါတွေအားလုံးကို မင်းသိလဲ ဘာမှ မထူးတော့ပါဘူး " ဟု ပြောကာ သူလုပ်ခဲ့တာတွေ အားလုံးကို ပြောပြခဲ့သည်။
ပိုင်ဖေးကျစ်သည် မန်ဟုန်ကျီဂိုဏ်းချုပ်ဖြစ်စဥ်ကတည်းက ဝတ်ရုံနီဂိုဏ်းနှင့်ပက်သက်ခဲ့သည်။ ပိုင်ဖေးကျစ်သည် မန်ဟုန်ကျီကို သတ်ပစ်ပြီး နဂါးမင်းအမှတ်တံဆိပ်စွမ်းအင်ကို ဝတ်ရုံနီဂိုဏ်းကို အပ်ဖို့ စီစဥ်ထားခဲ့သည်။
ဒါပေမယ့် မန်ဟုန်ကျီသည် သူ့သမီးကို လွှဲပြောင်းပေးလိုက်ကာ ဓားဘုရင်ဂိုဏ်းမှာ ပညာသင်စေခိုင်းလိုက်တဲ့အတွက် မန်ဟုန်ကျီက ဝတ်ရုံနီဂိုဏ်းနဲ့ အဆက်အသွယ်ရှိကြောင်း သတင်းတု ထုတ်လွှင့်ခဲ့ခြင်းဖြစ်သည်။
တစ်ဖက်တွင်လဲ ရှဲ့ချမ်းတို့သည် ဂျီဝူးကို ဂိုဏ်းချုပ် တင်မြှောက်ချင်နေတဲ့အတွက် ဝတ်ရုံနီဂိုဏ်းနဲ့ ပက်သက်သည်ဟု ခေါင်းစဥ်တပ်ကာ မန်ဟုန်ကျီကို သတ်ပစ်ပြီး စုန့်ဝိညဥ်စွမ်းအင်ကို ချိတ်ပိတ်ကာ ဖမ်းဆီးထားခဲ့ပြီး ဂျီဝူး ဂိုဏ်းချုပ်ခံယူပြီးမှ လွှတ်ပေးဖို့ စီစဥ်ခဲ့သည်။
သို့သော် ပိုင်ဖေးကျစ်သည် တိတ်တဆိတ် မန်ဟုန်ကျီ၏ စုန့်ဝိညဥ်စွမ်းအင်ကို သတ်ပစ်ခဲ့သည်။နဂါးမင်းတံဆိပ်အိမ်တော်ကို စေလွှတ်ထားသော မန်ပုကြွယ်နှင့်ယောင်ရှန်းသည် ပိုင်ဖေးကျစ်၏ နောက်လိုက်များပင်ဖြစ်ကြသည်။
ချောင်ဖုန်းသည် အခုမှ အကြောင်းအရာစုံစုံလင်လင်ကို နားလည်သွားလေသည်။ချောင်ဖုန်းသည် "အကြီးအကဲပိုင်......ခင်ဗျားက ဘာလို့ ခုလိုတွေလုပ်ခဲ့တာလဲ " ဟု မေးလိုက်သည်။
ထိုအခါ ပိုင်ဖေးသည် သူသည် ငယ်စဥ်ကတည်းကပင် နဂါးမင်းတံဆိပ်ဂိုဏ်းကောင်းကျိူးအတွက်သာ ဆောင်ရွက်ခဲ့ပေမယ့်
ဂိုဏ်းချုပ်နေရာသည် သူနဲ့အလှမ်းဝေးနေသည့်အတွက် ဝတ်ရုံနီဂိုဏ်းနဲ့ အလဲအလှယ်လုပ်လိုက်ခြင်းဖြစ်သည်။
ပိုင်ဖေးကျစ်သည် "ကောင်စုတ်လေး.......အားလုံးသိပြီးပြီဆိုတော့ မင်းသေဖို့ နောက်ဆံတင်းစရာမလိုတော့ဘူးမလား " ဟု ပြောပြီး သူရဲ့ နတ်နယ်ပယ်အလယ်အလတ် စွမ်းအားဖြင့် တိုက်ခိုက်လိုက်သည်။
ထိုချိန်မှာ အနက်ရောင်အပေါ်ထပ်ဝတ်ရုံဖြင့် လူအုပ်စုတစ်စု ရောက်ရှိလာပြီး ထိုထဲမှ တစ်ယောက်သည် ပိုင်ဖေးကျစ်၏ ဓားချီအလင်းတန်းကို ကြားမှ ဝင်ဖျက်ဆီးလိုက်သည်။ထိုလူကတော့ ရှဲ့ချမ်းတို့ အဖွဲ့ပင်ဖြစ်သည်။
ရှဲ့ချမ်းသည် အဆင့်ခုနှစ်နတ်ဆိုးသားရဲမှ ကြောက်လန့်ဖွယ်ကောင်းသော ဖိအားအရှိန်အဝါကို ခံစားနေရပင်မယ့် ချောင်ဖုန်းပြောထားသည့် အမိန့်ကို မလွန်ဆန်ရဲပေ။ပိုင်ဖေးကျစ်သည် အနက်ရောင်အပေါ်ထပ်ဝတ်ရုံဖြင့် မျက်နှာကွယ်ထားသော ရှဲ့ချမ်းတို့အား "မင်းတို့က ဘယ်သူတွေလဲ သေချင်လို့ ဒီကို ရောက်လာတာလား " ဟု မေးလိုက်သည်။
ထိုအခါ ရှဲ့ချမ်းတို့သည် အပေါ်ထပ်ဝတ်ရုံကို ခွာချလိုက်တဲ့အခါ ပိုင်ဖေးကျစ်သည် "မင်းတို့က ဘယ်လိုလုပ်ပြီး ဒီဂိုဏ်းထဲမှာ ရှိနေသေးရတာလဲ " ဟု မေးလိုက်သည်။ထိုအခါ ရှဲ့ချမ်းသည် ဂိုဏ်းချုပ်သစ်ကို ကာကွယ်ဖို့ သူတို့သခင်က အမိန့်ပေးထားကြောင်းပြောလိုက်သည်။
အဆင့်ခုနှစ်နတ်ဆိုးသားရဲသည် "ဖေးကျစ်.......မင်းကတော်တော်စကားများတဲ့ကောင်ပဲ " ဟု ပြောကာ တိုက်ခိုင်းလိုက်သည်။ထိုအခါ ချောင်ဖုန်းသည် ပိုင်ဖေးကျစ်နဲ့ စတင်တိုက်ခိုက်ပြီး ရှဲ့ချမ်းသည် အဆင့်ခုနှစ်နတ်ဆိုးသားရဲ နဲ့ တိုက်ခိုက်လိုက်သည်။
ပိုင်ဖေးကျစ်သည် သူ့ရဲ့ဓားကို နှင်းရေခဲဝိညဥ်စွမ်းအင် အသက်သွင်းလိုက်ပြီး ဓားပေါင်းတစ်ထောင်ချီတက်စေကျင့်စဥ်ကို ပုံဖော်လိုက်တဲ့အခါ ပိုင်ဖေးကျစ်ရဲ့ နောက်တွင် ဧရာမနှင်းရေခဲရောင်အစီအရင်စက်ဝိုင်း တစ်ခု ပေါ်ထွက်လာသည်။