← Chapters

Chapter(94)

Vol. 7 Ch. 94

Chapter(94)

Vol. 7 Ch. 94

အသန့်စင်ဆုံးစနစ် အခန်း(94)

ပိုင်ဖေးကျစ်သည် သူရဲ့ဓားချီဖြင့် ချောင်းဖုန်းကို တိုက်ခိုက်လိုက်တဲ့အခါ နှင်းရေခဲအစီအရင်စက်ဝိုင်းထဲမှ ရေခဲဓားပေါင်းများစွာ ထွက်လာပြီး ချောင်ဖုန်းသို့ တိုက်ရိုက်ဦးတည်သွားကြလေသည်။

ချောင်ဖုန်းသည် အသွင်ကိုးမျိူးမရဏငရဲဓားကို နဂါးဝိညဥ်စွမ်းအင် အသက်သွင်းကာ သူရှိလာနေသော ရေခဲဓားပေါင်းများကို နတ်ဆိုးဘုရင်သတ်ကျင့်စဥ်ဖြင့် ခုတ်ချလိုက်တဲ့ ဧရာမနဂါးဓားကြီးသည် ပိုင်ဖေးကျစ်၏ ဓားပေါင်းတစ်ထောင်ချီတက်စေ ကျင့်စဥ်ကို ဖျက်ဆီးပစ်လိုက်လေသည်။

ထိုအခါ ပိုင်ဖေးကျစ်သည် "ဘယ်လိုလုပ်ပြီး မင်းက ငါရဲ့ ကျင့်စဥ်ကို ဖျက်စီးလို့ ရနိုင်တာလဲ " ဟု ပြောလိုက်သည်။ထိုချိန်မှာ အဆင့်ခုနှစ်နတ်ဆိုးသားရဲသည် ရှဲ့ချမ်းတို့အဖွဲ့ကို တိုက်ခိုက်ရာမှ ချောင်ဖုန်းဘက်ကို လှည့်ကာ "အသွင်ကိုးမျိူးမရဏငရဲဓားလား...... " ဟု အနံခံကာ ပြောလိုက်သည်။

အဆင့်ခုနှစ်နတ်ဆိုးသားရဲသည် ချောင်ဖုန်းလက်ထဲက ဓားကို ကြည့်ကာ တကယ်ပဲ အသွင်ကိုးမျိုးမရဏငရဲဓားပဲ ဟု ရေရွတ်လိုက်ပြီး ချောင်ဖုန်းကို " မင်းလိုအဆင့်နိမ့်လူသားတစ်ယောက် ဒဏ္ဍာရီဓားတစ်လက်နဲ့မထိုက်တန်ဘူး၊ မင်းကိုင်ထားတဲ့လက်တစ်ဖက်ဖြတ်လိုက်ပြီး အသွင်ကိုးမျိုးမရဏငရဲဓား ငါ့ကို ပေးမယ်ဆိုရင် မင်းအသက်ကို ချမ်းသာပေးမယ်" လို့ ပြောလိုက်သည်။

ချောင်ဖုန်းသည် ဓားကို မြှောက်ကစားလိုက်ပြီး "ခင်ဗျားမှာ အစွမ်းအစရှိရင် လာယူလေ " ဟု ပြောလိုက်သည်။ထိုအခါ အဆင့်ခုနှစ်နတ်ဆိုးသားရဲသည် လှုပ်ရှားမလို့ ပြင်လိုက်ပင်မယ့် ဖွတ်သားရဲ့အဆုံးသတ်သွားတာကို သတိရသွားပြီး ရပ်တန့်လိုက်သည်။

အဆင့်ခုနှစ်နတ်ဆိုးသားရဲသည် "မင်းက ငါကို ဖွတ်သားရဲစုတ်လို တုံးနေတယ်ထင်နေတာလား " ဟု ပြောလိုက်ပြီး သူရဲ့ပုဆိန်သံကြိုးကြီးကို စွမ်းအားအပြည့်ထုတ်ကာ ချောင်ဖုန်းအား တစ်ခါထဲသတ်နိုင်ဖို့ တိုက်ခိုက်လိုက်သည်။ထိုအခါ ရှဲ့ချမ်းတို့သည် ချောင်ဖုန်းရှေ့ကနေ ဝင်ကာလိုက်သည်။

ရှဲ့ချမ်းတို့သည် ကြောက်စရာအငွေ့အသက်များစွာရှိသော ဧရာမဝိညဥ်စွမ်းအင်ပုဆိန်ကြီး ကျရောက်လာတဲ့အချိန်မှာတော့ ရှဲ့ချမ်းတို့သည် ကိုယ်ပိုင်ဝိညဥ်စွမ်းအားများကို ဒိုင်းကာအဖြစ်ခုခံနေလိုက်ပြီး "သခင်လေး.......မလှုပ်ရှားရင် ကျွန်တော်တို့ သေရတော့မယ် " ဟု ပြောလိုက်သည်။

ကြောက်ရွံဖွယ်အရှိန်အဝါများရှိနေသော ဧရာမအမဲရောင်ပုဆိန်ကြီးသည် ရွှေဝါရောင်ဝိညဥ်စွမ်းအင်ဒိုင်းကာ များကို အတင်းထိုး

ခွဲနေလေသည်။

ရှဲ့ချမ်းသည် စက္ကန့်ပိုင်းအတွင်းမှာပဲ အဖွဲ့လိုက် တည်ဆောက်ထားတဲ့ ဝိညဥ်စွမ်းအင်ဒိုင်းကာကြီး ကွဲအက်ထွက်လာပြီး ရှဲ့ချမ်းတို့ကို ထိခိုက်မိချိန်မှာ အပြာရောင်ဝိညဥ်စွမ်းအင်တစ်ခုထွက်ပေါ်လာပြီး ဧရာမဝိညဥ်ပုဆိန်ကြီးကို ဖျက်စီးပစ်လိုက်လေသည်။

ထိုနောက် အနက်ရောက်အပေါ်ထပ်ဝတ်ရုံလူနှစ်ယောက်သည် အခန်းအတွင်းမှ လျှပ်တစ်ပြက်ပေါ်လာလေသည်။အဆင့်ခုနှစ် နတ်ဆိုးသားရဲသည် အနက်ရောင်အပေါ်ထပ်ဝတ်စုံနဲ့လူရဲ့ အရှိန်အဝါသည် သူ့ထပ်သာလွန်သည် ဟု ခံစားလိုက်ရတာကြောင့်ပိုင်ဖေးကျစ်ရဲ့အကြံအစည်မှာ ကျရှုံးပြီး ထောင်ချောက်တစ်ခုထဲ ရောက်ရှိသွားတာကို သိသွားသည်။

အဆင့်ခုနှစ်နတ်ဆိုးသားရဲကြီးသည် ဥာဏ်ကောင်းသောကြောင့် ယခုတိုက်မည်ဆိုရင် အင်အားမှာ အလွန်ကွာဟ နေပြီဖြစ်၍ နောက်ဆုတ်ဖို့သာ ဆုံးဖြတ်လိုက်သည်။

ပိုင်ဖေးကျစ်သည် ချောင်ဖုန်းရဲ့ နောက်ခံမှာ နဂါးစစ်သည်တော် သိုင်းယွင်တစ်ယောက်သာ ရှိသည်ဟု ပုံသေသတ်မှတ်ထားခဲ့ပင်မယ် ယခုအခါ ရှဲ့ချမ်းတို့အဖွဲ့ပါ ပါဝင်လာတဲ့အတွက် သူရှုံးသွားပြီဆိုတာ သိလိုက်ရသည်။

ပိုင်ဖေးကျစ်သည် ချောင်ဖုန်းကို ကြည့်ကာ "ငါမပိုင်ဆိုင်ရတဲ့ ဂိုဏ်းကို မင်းလဲ မပိုင်ဆိုင်စေရဘူး ၊ တချိန်ကျရင် နဂါးမင်းတံဆိပ်ဂိုဏ်းတစ်ခုလုံး ကမ္ဘာပေါ်ကနေ ထာဝရပျောက်ကွယ်သွားစေရမယ်"ဟာ ကြိမ်းဝါး​ကာ အဆင့်ခုနှစ် နတ်ဆိုးသားရဲနဲ့အတူ ထိုနေရာမှ ထွက်ခွာမှ လုပ်လိုက်သည်။

သို့သော်ချောင်ဖုန်းသည် ပါးရှန်းဂိုဏ်းမှ ရလာသော ရတနာပစ္စည်းများဖြင့် အသွင်သဏ္ဍာန်မဲ့အစီအရင်ကို အချိန်တစ်ရက်ကြာအောင် တည်ဆောက်ဖန်တီးထားလေသည်။ထိုအစီအရင်သည် ဝိညဥ်နယ်ပယ်အဆင့်ကျင့်ကြံသူမှသာ ထွက်ခွာနိုင်မည်ဖြစ်သောကြောင့် ချောင်ဖုန်းရဲ့ မျက်လုံးများသည် သတ်ဖြတ်ဖို့ သိုင်ယွင်ကို အမိန့်ပေးလိုက်သည်။

ချောင်ဖုန်းသည် အသွင်သဏ္ဍာန်မဲ့ အစီအရင်ကို အသက်သွင်းလိုက်တဲ့အခါ ပိုင်ဖေးကျစ်သည် လေဟာနယ်ကို ဖြတ်သွားဖို့ ကြိုးစားဖို့ပင် နံရံတစ်ခုနဲ့ တိုက်မိသလို ဖြစ်ကာ ထွက်ခွာလို့ မရသည့်အတွက် "သေစမ်း.......ဒါက ဘယ်လိုအစီအရင်ကြီးလဲ " ဟု ကျိန်ဆဲလိုက်သည်။

အဆင့်ခုနှစ် နတ်ဆိုးသားရဲနဲ့ သူနောက်ရှိ အဆင့်လေးနတ်ဆိုးသားရဲနောက်လိုက်များသည် သူတို့ရဲ့ စွမ်းအားများဖြင့် အစီအရင်ကို ဖျက်စီးနေချိန်မှာ ချောင်ဖုန်းတို့သည် နောက်ကနေ ဝင်ရောက်တိုက်ခိုက်ပါတော့သည်။

မိနစ်အနည်းငယ်အတွင်းမှာပဲ အဆင့်ခုနှစ်နတ်ဆိုးသားရဲနှင့် ပိုင်ဖေးကျစ်နှင့် အဆင့်ခြောက်နတ်ဆိုးသားရဲတစ်ကောင်သာ ကျန်ရှိတို့သည်။ပိုင်ဖေးကျစ်သည် ရုတ်တရက် ကြောက်စရာအလွန်အားကောင်းသည် ချီစွမ်းအင်အလင်းတန်းကြီးသည် သူ့ရှိ ရောက်ရှိလာတဲ့အတွက် ကြောက်လန့်၍ သွားလေသည်။

အဆင့်ခုနှစ်နတ်ဆိုးသားရဲသည် သိုင်ယွင်နဲ့ လေပေါ်တွင် ပြင်းထန်စွာ တိုက်ခိုက်နေသည့် အတွက် ပိုင်ဖေးကျစ်သည် သူ့အားဘယ်သူမှ မကယ်နိုင်တာ သိတဲ့အခါ အဆင့်ခြောက်နတ်ဆိုးသားရဲကို ဆွဲခေါ်ကာ ချီစွမ်းအင်အလင်းတန်းရှေ့အား တွန်းပို့လိုက်လေသည်။

ထိုအခါ အဆင့်ခြောက်နတ်ဆိုးသားရဲသည် တစ်ချက်ထဲနဲ့ အမှုန့်ပါ မကျန်ပျောက်သွားလေသည်။ ရှဲ့ချမ်းသည် အနက်ရောင်ဝတ်ရုံနဲ့လူအား "သခင်လေး..... ဒီကောင်ကို ရှဲ့ချမ်းအဆုံးသတ်ပေးရမလား " ဟု မေးလိုက်သည်။

ချောင်ဖုန်းသည် လက်ဝါးထောင်လိုက်ကာ စစ်ဆေးမေးမြန်းစရာ ရှိသေးသည့်အတွက် ပိုင်ဖေးကျစ်ကို အရှင်ဖမ်းထားဖို့ အမိန့်ပေးလိုက်သည်။ထိုအခါ ရှဲ့ချမ်းသည် ပိုင်ဖေးကျစ်ကိုဖမ်းဆီးဖို့သွားလိုက်သည်။

တစ်ဖက်တွင် အဆင့်ခုနှစ်နတ်ဆိုးသားရဲနဲ့ သိုင်ယွင်သည် အသေအလဲ ချနေကြသည်။အဆင့်ခုနှစ်နတ်ဆိုးသားရဲသည် သူ့ရဲ့စွမ်းအားအကုန်ထုတ်သုံးတာတောင် သိုင်ယွင်အား အရေးနိမ့်နေခဲ့သည်။

ချောင်ဖုန်းသည် စိတ်ဝိညဥ်စွမ်းအားကို ကို ထုတ်လိုက်ပြီး နတ်ဆိုးသားရဲကို ကြားမှ ဝင်တိုက်ခိုက်လိုက်သည်။ထိုအခါ နတ်ဆိုးသားရဲရဲ့ စိတ်ဝိညဥ်သည် ခန္ဓာကိုယ်အပြင်ဘက် နောက်ကို လွင့်ထွက်သွားပြီး ချက်ချင်းပြန်ဝင်သွားလေသည်။

အဆင့်ခုနှစ်နတ်ဆိုးသားရဲသည် " စိတ်ဝိညဥ်စွမ်းအားပိုင်ရှင်က ဘယ်ကရောက်လာတာလဲ......" ဟု တွေးလိုက်ပြီး သိုင်ယွင်နဲ့ တိုက်ခိုက်နေတုန်းပင် သိုင်ယွင်အတိုင်း အနက်ရောင်အပေါ်ထပ်ဝတ်ရုံ ဝတ်ဆင်ထားသောလူအား ကြည့်ကာ " မဟုတ်မှလွဲရော......အဲ့လူက စိတ်ဝိညဥ်စွမ်းအား ပိုင်ရှင်လား" ဟု ရေရွတ်လိုက်သည်။

အဆင့်ခုနှစ်နတ်ဆိုးသားရဲသည် သူ့ရဲ့ မွေးရာပါစွမ်းအင်တစ်မျိုး ဖြစ်သည့် စိတ်ဝိညဥ်စွမ်းအားကို ခုခံမှုကြောင့် ချောင်ဖုန်း၏ တိုက်ခိုက်မှုသည် စိတ်ဝိညဥ်ဒဏ်ရာအနည်းငယ်သာ ရရှိသွားစေခဲ့သည်။

ချောင်ဖုန်းသည် သိုင်ယွင်ကို စွမ်းအားအမြင့်ဆုံး သုံး၍

အဆင့်ခုနှစ်နတ်ဆိုးသားရဲအား အာရုံလစ်ငိုက်မှု မရှိအောင် တိုက်ခိုက်ခိုင်းလိုက်သည်။ထိုအခါ သိုင်ယွင်သည် နတ်နယ်အထွဋ်အထပ်စွမ်းအင်အား စုစည်းလိုက်ပြီး လက်ချောင်းများကို လှုပ်ရှားလိုက်ပြီး "နဂါးပျော်မွေ့ရာကျင့်စဥ် " ကို အသုံးပြုလိုက်ပြီး တိုက်ခိုက်လိုက်သည်။

ထိုအခါ သိုင်ယွင်၏ခန္ဓာကိုယ်တွင် တွင်းပေါက်ပုံစံ အပေါက်ပေါင်းများစွာ ဖြစ်ပေါ်လာပြီး ထိုတွင်းပေါက်များထဲ နဂါးအကောင်ပေါက်လေးများသည် ထွက်ရှိလာကာ တစ်နေရာမှတစ်နေရာကို လျှပ်တစ်ပြက် ကူးသွားကာ နောက်ဆုံး နတ်ဆိုးသားရဲ၏ ခန္ဓာကိုယ်ပေါ်ကို လျင်မြန်စွာနှုန်းဖြင့် ရောက်ရှိသွားပြီး တစ်ကိုယ်လုံးကို ရစ်ပတ်ကာ ထိန်းချုပ်ပြီး တဖြည်းဖြည်း ခန္ဓာကိုယ်ရှိ စွမ်းအားများကို စုပ်ယူနေလေသည်။

အနက်ရောင်အပေါ်ထပ်ဝတ်ရုံကို ဝတ်ဆင်ထားသော သိုင်ယွင်သည် နဂါးပျော်မွေ့ရာကျင့်စဥ်ကို ထုတ်သုံးလိုက်တဲ့အခါ ပိုင်ဖေးကျစ် နဲ့ ရှဲ့ချမ်းတို့သည် "နဂါးစစ်သည်တော်တို့ အထွပ်အမြတ်ကျင့်စဥ်လား" ဟု အံ့အားသင့်ကာ ​ရေရရွတ်လိုက်မိကြသည်။

နဂါးပျော်မွေ့ရာ ကျင့်စဥ်သည် နဂါးစစ်သည်တော်တိုင်း ကျွမ်းကျင်သည် ကျင့်စဥ်တစ်ခုဖြစ်ပြီး သာမာန်လူများကျင့်ကြံလျှင် အသက်ရာနဲ့ချီ ကျင့်ကြံရမည်ဖြစ်ကြောင်းကို ရှဲ့ချမ်းတို့သည် အနက်ရောင်အပေါ်ထပ်ဝတ်ရုံဖြင့် မျက်နှာကို ဖုံးကွယ်ထားသော လူသည် နဂါးစစ်သည်တော် သိုင်ယွင်ဖြစ်မည်ဟု သိရှိသွားကြသည်။

ထို့နောက် ရှဲ့ချမ်းတို့သည် နောက်ထပ် အနက်ရောင်အပေါ်ထပ်ဝတ်ရုံဖြင့်လူသည် ဂိုဏ်းချုပ်သစ် ချောင်ဖုန်းလို့ ထင်ပင်မယ့် ချောင်ဖုန်းသည် ဒဏ်ရာအပြည့်ဖြင့် ရပ်နေသောကြောင့် နားလည်ရခက်သွားကြသည်။

ရှဲ့ချမ်းတို့သည် ပိုင်ဖေးကျစ်အား ချိတ်ပိတ်စွမ်းအားဖြင့် ဖမ်းချုပ်ထားပြီးနောက် "သခင်လေးက ဘယ်လိုလုပ်ပြီး နဂါးစစ်သည်တော်တစ်ယောက်ကို အမိန့်ပေးလို့ ရနေတာလဲ " ဟု ​ပြောကာ တွေဝေနေလေသည်။

နတ်ဆိုးသားရဲသည် ချုပ်နှောင်ထားခံရတဲ့ အတွက် သူလက်ထဲတွင် ရှိနေသော ပုဆိန်သံကြိုးကြီးကို စွမ်းအင်အငွေ့အသက်များပို့လိုက်ကာ သူ့ကိုယ်ပေါ်ရှိ နဂါးကောင်များကို ဖျက်စီးနေခဲ့သည်။

All Chapters