Chapter(95)
Vol. 7 Ch. 95
အသန့်စင်ဆုံးစနစ် အခန်း(95)
ထိုချိန်မှာ ချောင်ဖုန်း နှင့်အတူ အနက်ရောင်အပေါ်ထပ်ဝတ်ရုံ ဝတ်ရုံ ဝတ်ဆင်ထားသော လူသည် လေပေါ်သို့ ပျံတက်လိုက်ပြီး သိုင်ယွင် လှုပ်ရှားလိုက်သည့်အတိုင်း သူတို့၏လက်ချောင်းများကို လှုပ်ရှားလိုက်တဲ့အခါ သိုင်ယွင်အတိုင်း ခန္ဓာကိုယ်မှာ အနက်ရောင်တွင်းပေါက်များဖြစ်သွားပြီး နဂါးကောင်ပေါက်စလေးများ ထွက်ပေါ်လာလေသည်။
ထိုအဖြစ်အပျက်ကို မြင်လိုက်ရတဲ့အခါ နဂါးစစ်သည်တော် သိုင်ယွင်ကိုယ်တိုင်ပင် မယုံကြည်နိုင်ဖြစ်သွားခဲ့သည်။ရှဲ့ချမ်းတို့သည် ပါးစပ်များပင် ပြန်မပိတ်နိုင်ဘဲ အံ့အားသင့်သွားကာ ရူးကြောင်ကြောင် လူများကဲ့သို့ ကြည့်နေလေသည်။
အမှန်တကယ်တော့ အနက်ရောင်အပေါ်ထပ်ဝတ်ရုံ ဝတ်ဆင်ထားသောလူသည် ချောင်ဖုန်းဖြစ်ပြီး နောက်တစ်ယောက်ကတော့ ကိုယ်ပွားပင်ဖြစ်သည်။အဆင့်ခုနှစ်နတ်ဆိုးသားရဲကောင်သည် နဂါးကောင်ပေါက်စလေးများစွာ ထပ်ရောက်လာတဲ့ နဂိုကပင် ပိုချုပ်နှောင်လို့ သွားပြီး ရုန်းမရပိုဖြစ်သွားလေသည်။
ထိုအခါ ချောင်ဖုန်းနှင့်ကိုယ်ပွားသည် နတ်ဆိုးတစ္ဆေအငွေ့အသက် အရှိန်အဝါကို ထုတ်လွှင့်လိုက်သည့်အခါ အနက်ရောင်အခိုးအငွေများသည် တစ်ကိုယ်လုံးတွင် ထွက်ပေါ်လာပြီး မျက်လုံးများမှာလည်း နတ်ဆိုးတစ္ဆေများမျက်လုံးကဲသို့ မဲနက်သွားပြီး အဆင့်ခုနှစ်နတ်ဆိုသားရဲ "သွားသေလိုက်တော့....." ဟု ပြောကာ လက်ညိုးတစ်ချောင်းဖြင့် တိုက်ခိုက်လိုက်သည်။
ခံစားချက်မဲ့သေခြင်းတရားကျင့်စဥ်သည် အဖြူရောင်ချီအလင်းတန်းကို ထုတ်လွှင့်ပေးပင်မယ့် ယခုအခါ နတ်ဆိုးတစ္ဆေအငွေ့အသက်စွမ်းအင်နဲ့ ပေါင်းစပ်သွားတဲ့အခါ အဖြူရောင်စွမ်းအင်လှိုင်းနှင့်အနက်ရောင်စွမ်အင်လှိုင်းသည် ရစ်နွယ်၍ သွားသည်။
အဆင့်ခုနှစ်နတ်ဆိုးသားရဲသည် လှုပ်ရှားလို့ မရတော့တဲ့အတွက် "မလုပ်နဲ့....... " ဟု အော်လိုက်ပင်မယ့် အဖြူအနက်ရစ်နွယ်ထားသည့် စွမ်းအင်လှိုင်းသည် သူ့ခန္ဓာကိုယ်အား ထိုးဖောက်၍ သွားတဲ့အခါ အဆင့်ခုနှစ် နတ်ဆိုးသားရဲသည် ပေါက်ကွဲထွက်သွားပြီး အနီရောင်မှော်ကျောက်တုံးနှင့် ဝိညဥ်စွမ်းအင်တစ်ခု ပေါ်ထွက်လာလေသည်။
နတ်ဆိုးသားရဲများ သေဆုံးပြီးသွားတဲ့အခါ "ဂုဏ်ယူပါတယ်.....စနစ်ရှင်သည် သန့်စင်ခွင့်အကြိမ်ငါးဆယ်ကို ရရှိသွားပါပြီး"ဟု စနစ်မှ အသံထွက်လာလေသည်။
ထို အနီရောင်မှော်ကျောက်တုံးသည် သိုင်းအဆင့်မြှင့်တင်ပေးနိုင်သော အရာမျိူးဖြစ်သည်။သိုင်းယွင်သည် အလိုအလျောက် ချောင်ဖုန်းလက်ဝါးအတွင်းရှိ အမိန့်ပြားထဲ ပြန်ဝင်၍ သွားပြီး ချောင်ဖုန်းကိုယ်ပွားသည် ပျောက်ကွယ်သွားသည်။
ထို့နောက် ချောင်ဖုန်းသည် မှော်ကျောက်တုံးနဲ့ ဝိညဥ်စွမ်းအင်ကို သိမ်းလိုက်ကာ မြေပြင်ပေါ်ကို ပြန်ဆင်းလိုက်သည်။ရှဲ့ချမ်းတို့သည် အပေါ်ထပ်ဝတ်ရုံကို ခွာချလိုက်တဲ့အတွက် ချောင်ဖုန်း၏ ရုပ်အစစ်အမှန်ကို တွေ့ရှိသွားကြသည်။ထိုအခါ ရှဲ့ချမ်းတို့သည် မတ်တပ်ရပ်နေကြရာမှာ လဲကျသွားကြလေသည်။
သူတို့ကိုလွှတ်ပေးကာ ကူညီခဲ့သည့် သခင်လေးသည် ဂိုဏ်းချုပ်သစ်ဖြစ်နေလိမ့်မည်ဟု ထင်မထားခဲ့တာကြောင့် ရှဲ့ချမ်းတို့သည်
ဘာဆက်လုပ်ရမှန်းမသိကာ လမ်းစပျောက်သွားလေသည်။
ချောင်ဖုန်းသည် စုတ်တံကို ထုတ်လိုက်ပြီး လောဟာနယ်ထဲတွင် လောင်ကျွမ်းခြင်းလို့ ခေါ်သည့် အစီအရင်တစ်ခုရေးဆွဲလိုက်သည်။
ထို့နောက် ရှဲ့ချမ်းတို့၏ ထွက်နေသော သွေးများကို ယူလိုက်ပြီး အစီအရင်နဲ့ ရောစပ်လိုက်၍ တစ်ယောက်ချင်းစီ၏ ရင်ဘတ်ပေါ်သို့ ထည့်သွင်းလိုက်လေသည်။
ချောင်ဖုန်းသည် လက်ချောင်းများကို လှုပ်ရှားလိုက်တဲ့အခါမှာတော့ ရှဲ့ချမ်းတို့လေးယောက်လုံးသည် ရင်ဘတ်မှ နက်ရှိုင်းသော နာကျင်မှုကို စက္ကန့်ပိုင်းမျှ ခံစားလိုက်ရပြီး ရင်ဘတ်ကို ကြည့်လိုက်တဲ့အခါ အစီအရင်စက်ဝိုင်းတစ်ခုသည် ရင်ဘတ်ပေါ်တွင် ထွက်ပေါ်လာလေသည်။
ချောင်ဖုန်းသည် "ခုချိန်ကစပြီး မင်းတို့လေးယောက်က နဂါးမင်းတံဆိပ်ဂိုဏ်းရဲ့ အသေခံတပ်သားတွေပဲ ၊ မင်းတို့ရဲ့ အသက်နဲ့လဲပြီး ရန်သူတွေမှန်သမျှကို တိုက်ထုတ်ပြီးတော့ နဂါးမင်းတံဆိပ်ဂိုဏ်းကို ကာကွယ်ရမယ်" ဟု ပြောလိုက်သည်။
ရှဲ့ချမ်းတို့သည် ဒူးနှစ်ဖက်ထောက်လိုက်ပြီး သူတို့ကိုအသက်ရှင်ခွင့်ပေးသည့်အတွက် ချောင်ဖုန်းကို ဂါဝါရပြုကာ ကျေးဇူးတင်လိုက်သည်။ထို့နောက် ချောင်ဖုန်းသည် သူတို့ရင်ဘတ်တွင်ရှိသော လောင်မြိုက်ခြင်းအစီအရင်အကြောင်းပြောပြလိုက်သည်။
လောင်မြိုက်ခြင်းအစီအရင်သည် စည်းကမ်းချိုးဖောက်သော လူ၏ ခန္ဓာကိုယ်အတွင်းရှိအရာများကို တစ်ခုခြင်းလောင်ကျွမ်းစေမှာ ဖြစ်တဲ့အတွက် ရှဲ့ချမ်းတို့သည် အတွေးနဲ့ပင် ကြောက်လန့်သွားကြသည်။
ချောင်ဖုန်းသည် လျှပ်တစ်ပြက်အတွင်း ပိုင်ဖေးကျစ်အနားကို ရောက်ရှိလာပြီး အသက်ရှင်ချင်ရင် ဝတ်ရုံနီဂိုဏ်းနဲ့ ပက်သက်သော သတင်းများကို ပြောပြဖို့ ပြောလိုက်သည်။ထိုအခါ ပိုင်ဖေးကျစ်သည် ပြောပြဖို့ ကြံပင်မယ့် သူ့ရဲ့ခန္ဓာကိုယ်ပေါက်ကွဲသွားသည့် အတွက် ချောင်ဖုန်းတို့သည် လျင်မြန်စွာ ဆုတ်လိုက်ကြရသည်။
ဝတ်ရုံနီဂိုဏ်းသည် အစောထဲကပင် ပိုင်ဖေးကျစ်ကို ထိန်းချုပ်ထားလိုက်ပြီဖြစ်ကြောင်းသိလိုက်သည်။ပိုင်ဖေးကျစ်၏ စုန့်ဝိညဥ်စွမ်းအင်သည် ပေါ်ထွက်မလာသောကြောင့် ချောင်ဖုန်းတို့သည် အနည်းငယ် ထူးဆန်းသွားကြသည်။
ထို့နောက်ချောင်ဖုန်းသည် မော့ပုဖေးနှင့်အတူ ဒဏ်ရာရရှိတဲ့ လူအားလုံးကို ကုသစေလိုက်သည်။ချောင်ဖုန်းသည် နဂါးမင်းတံဆိပ်ဂိုဏ်းအတွင်းရှိ အေးဆေးနေလို့ရသော တဲအိမ်အသေးလေးတစ်ခုမှာ မှောက်ကျောက်တုံးကို ကြည့်ရှု့နေခဲ့သည်။
ချောင်ဖုန်းသည် အကြောများ ဆန့်လိုက်ပြီး "အခုဆိုရင် နဂါးမင်းတံဆိပ်ဂိုဏ်းက အရင်လို အဆင်ပြန်ပြေသွားပြီ ဖြစ်တဲ့အတွက် ငါဒီမှာ ရှိနေလဲအလကားပဲ " ရေရွတ်လိုက်သည်။
ထိုချိန်မှာ ရီချုံသည် "ဟုတ်တယ်အကိုကြီး.....ငါလဲဒီမှာနေရတာ ပျင်းလာပြီ "ဟု ပြောလိုက်သည်။ထိုအခါ ချောင်ဖုန်းသည် "ရီချုံး.......မင်းသတိရလာပြီလား....." ဟု မေးလိုက်သည်။ရီချုံသည် "အကိုကြီး......ငါသတိရနေတာ ကြာလှပြီး၊ ငါစွမ်းအင်မတည်ငြိမ်သေးလို့ စောင့်နေတာ " ဟု ပြောလိုက်သည်။
ထိုချိန်မှာ ရှဲ့ချမ်းရောက်ရှိလာပြီး လက်နှစ်ဖက်ဆုပ်၍ ဒူးတစ်ဖက်ထောက်ကာ "ဂိုဏ်းချုပ်.......အပြင်မှာသခင်မလေးကုရှောင် ရောက်နေပါတယ် " ဟု ပြောလိုက်သည်။ချောင်ဖုန်းသည် ကုရှောင်ကို ဂိုဏ်း၏ ဧည့်ဆောင်တစ်ခုကို ခေါ်လာဖို့ ပြောလိုက်သည်။
ရှဲ့ချမ်းသည် "ဟုတ်...... ဂိုဏ်းချုပ်" ဟု ပြောကာ ထွက်ခွာသွားလေသည်။ထို့အခါ ရှဲ့ချမ်းလဲ အစောင့်များအား ကုရှောင်ကို ဝင်ခွင့်ပေးကာ ဧည့်ခန်းထဲတွင် စောင့်ခိုင်းစေဖို့ ပြောလိုက်သည်။ကုရှောင်သည် တစ်ယောက်ထဲ လာခြင်းမဟုတ်ဘဲ အကြီးအကဲနှစ်ယောက်နဲ့ အတူလာခြင်းပင်ဖြစ်သည်။
ဓားဘုရင်ဂိုဏ်းမှ အကြီးအကဲ ခန်းကျစ်သည် ဧည့်ခန်းထဲတွင်"ကုရှောင်.......မော့ပုဖေးက တကယ်ပဲ နဂါးမင်းတံဆိပ်ဂိုဏ်းကို ရောက်နေတာလား " ဟု ကုရှောင်အားမေးလိုက်သည်။ထိုအခါ ကုရှောင်သည် အဂ္ဂိရတ်ပညာရှင် အကြီးအကဲရှိမ်ခုန်းဖားစီမှ သတင်းအတိအကျရထားကြောင်းပြောပြလိုက်သည်။
ဆေးဖော်စပ်ပြိုင်ပွဲနေ့တွင် ပွဲကြည့်နေသောအချိန်မှာ တိုက်ခိုက် သံများထွက်ပေါ်လာသောကြောင့် အဂ္ဂိရတ်ပညာရှင်များအားလုံးသည် ထိုနေရာမှ ထွက်ခွာကြလေသည်။ထိုချိန်မှာ မော့ပုဖေးသည်
နဂါးမင်းတံဆိပ်အိမ်တော်မှ အကြီးအကဲတွေနဲ့ ဂိုဏ်းထဲကို ဝင်လာတာတွေ့သည်ဟု ရှိမ်ခုန်းဖာက မြင်ခဲ့ကြောင်း ကုရှောင်ကို သတင်းပို့ခဲ့သည်။
ထိုအခါသာ ခန်းကျစ်သည် "ကောင်းပြီလေ.....မော့ပုဖေး ဒီမှာ ရှိတာကျိန်းသေရင်တော့ ငါတို့ပြောကြည့်ပေးမယ်" လို့ ကုရှောင်ကို ပြန်ပြောလိုက်သည်။ထိုချိန်မှာ အဖြူရောင်ဝတ်စုံနဲ့ လူတစ်ယောက်သည် အခန်းထဲသို့ ဝင်လာပါတော့သည်။
ကုရှောင်တို့သည် ထိုလူအားမမြင်ဖူးသလို့ စွမ်းအင်အရှိန်အဝါမခံစားရသောကြောင့် ထူးဆန်းနေခဲ့သည်။ထိုလူကတော့ ခန္ဓာကိုယ်အသွင်ပြောင်းဆေးလုံးသောက်ထားသော ချောင်ဖုန်းပင်ဖြစ်သည်။
ချောင်ဖုန်းသည် အရင်ကလို ကုရှောင်၏ စွမ်းအားအရှိန်အဝါကို ခံစားလို့မရတော့တဲ့ အတွက် ထူးထူးဆန်းဆန်းဖြစ်နေခဲ့သည်။ထို့နောက် ချောင်ဖုန်းသည် အခန်းထဲသို့ ဝင်ကာ ထိုင်လိုက်ပြီး "မင်းတို့သုံးယောက်က ဘာကိစ္စရှိလို့ ဂိုဏ်းကိုရောက်လာတာလဲ" ဟု ပြောလိုက်သည်။
ထိုအခါ ခန်းကျစ်သည် လူငယ်အရွယ်ကောင်လေးမှ သူ့ကို မရိုမသေပြောလာသည့်အတွက် မကျေမနပ်ဖြစ်သွားသည်။သို့သော် ခန်းကျစ်သည် သူစိတ်ကို လျော့လိုက်ပြီး သူတို့တွေသည် ဓားဘုရင်ဂိုဏ်းမှ အကြီးအကဲနှစ်ယောက်လို့ ပြောလိုက်ပြီး
အရေးကြီးတဲ့ကိစ္စအတွက် နဂါးမင်းတံဆိပ်ဂိုဏ်း၏ အကြီးအကဲနဲ့တွေ့ချင်တယ်လို့ ပြောလိုက်သည်။
ထိုအခါ ချောင်ဖုန်းသည် ဘာကိစ္စရှိရှိ သူ့ကို ပြောလို့ရတယ်လို့ ပြောလိုက်တဲ့အခါ ခန်းကျစ်သည် ဒေါသထွက်သွားပြီး မတ်တပ်ရပ်လိုက်ကာ ဧကရာဇ်နယ်ပယ်အထွဋ်အထိပ်အဆင့်ဖြစ်သော တိုက်ခိုက်ရေးအရှိန်အဝါစွမ်းအားကို ထုတ်လိုက်ပြီး "ကောင်စုတ်လေး......မင်းတို့နဂါးမင်းတံဆိပ်ဂိုဏ်းက ငါတို့ဓားဘုရင်ဂိုဏ်းနဲ့ စစ်ခင်းချင်နေတာလား " ဟု ဒေါသထွက်သောအသံဖြင့် မေးလိုက်သည်။
ထိုအခါ ချောင်ဖုန်းသည် ထိုင်နေရင်းပင် နတ်ဆိုးတစ္ဆေအငွေ့အသက် အရှိန်အဝါကို ထုတ်လိုက်တဲ့အခါ မတ်တပ်ရပ်နေသော ခန်းကျစ်သည် သူ့အပေါ်သို့ အလွန်းပြင်းထန်သော ဖိအားကျရောက်လာသည့်အတွက် ချက်ချင်းပင် ဒူးနှစ်ဖက်ထောက်ကျသွားပြီး ချောင်ဖုန်းကို မော့မကြည့်နိုင်ဖြစ်သွားသည်။
ချောင်ဖုန်းသည် သူ့ရဲ့စွမ်းအားပြန်လည်ရုတ်သိမ်းလိုက်တဲ့အခါမှသာ ခန်းကျစ်သည် နောက်ပြန်ဆုတ်သွားပြီး ဘာမှ မပြောရဲတော့ပေ။ချောင်ဖုန်းရဲ့ မျက်နှာသည် ပြန်လည်ပြုံးသွားပြီး "မင်းတို့ခုပြောလို့ရပြီလား..... " ဟု ပြောလိုက်သည်။
ထိုအခါမှသာ စုတန့်ဟု ခေါ်သည်အကြီးအကဲသည် မော့ပုဖေးအတွက် ရောက်ရှိလာကြောင်းပြောလိုက်သည်။ရီချုံသည် "အကိုကြီး......မင်းလုပ်တာကောင်းတယ် ၊ နောက်ဆိုဓားဘုရင်ဂိုဏ်းကလူတွေက နဂါးမင်းတံဆိပ်ဂိုဏ်းကို အထင်သေးရဲတော့မှာမဟုတ်ဘူး " ဟု စိတ်ချင်းဆက်သွယ်ကာ ပြောလိုက်သည်။
ချောင်ဖုန်းသည် "မင်းပြောတာမှန်တယ် ရီချုံ.......ငါတို့က ဒီမှာအမြဲနေနိုင်မှာ မဟုတ်ဘူး ၊ အဲ့ဒီအတွက် နဂါးမင်းတံဆိပ်ဂိုဏ်းက သူတို့ထက် သာလွန်အောင် ငါလုပ်ခဲ့ရမယ် " ဟု ပြောလိုက်သည်။