အခန်း (၁၉၆) - တာဝန်
Vol. 14 Ch. 196
အခန်း (၁၉၆) - တာဝန်
နောက်ထပ် နှစ်ရက်အတွင်း ဝမ်ရှင်းယီထံသို့ နှစ်ကြိမ်သွားလည်တာက လွဲပြီး ယဲ့ရှောင်ချန်း စိုက်ပျိုးရေးခြံတွင်သာ နေခဲ့ပါသည်။
ရှန်းနုန်စနစ် အဆင့်မြှင့်တင်မှုကို စောင့်နေခြင်း ဖြစ်သည်။
နေ့လည်ခင်းတွင်။
ယဲ့ရှောင်ချန်း ဖုန်းကို ကြည့်လိုက်၏။ အဆင့်မြှင့်တင်ဖို့ အချိန်အကန့်အသတ်၏ သုံးရက်ပြည့်ဖို့ တဖြည်းဖြည်း နီးကပ်လာပြီဖြစ်ပါသည်။
ယဲ့ရှောင်ချန်းတစ်ယောက် စိတ်လှုပ်ရှားနေပြီး မျှော်လင့်စောင့်စားနေမိသည်။ သူ့လက်ဖဝါးများတွင်လည်း ချွေးများ စိုရွှဲလျက်ရှိသည်။
ရုတ်တရက် သာယာသည့် စနစ်အသိပေးချက် အသံထွက်လာခဲ့သည်။ "ဒင်! စနစ်အဆင့်မြှင့်တင်ခြင်း ပြီးမြောက်သွားပါပြီ။ မစ်ရှင်ဘောင်ကွက် ပွင့်သွားပါပြီ။"
ချက်ချင်း အလင်းမျက်နှာပြင်တစ်ခု ပေါ်လာ၏။
ရှန်းနုန် စနစ် မျက်နှာပြင်ဖြစ်သည်။
ကိုယ်ရေးအချက်အလက်၊ စိုက်ပျိုးရေးခြံ၊ မိတ်ဆွေ၊ စတိုးဆိုင်အပြင် မစ်ရှင်ဟုသည့် ဘောင်ကွက်တစ်ခု တိုးလာသည်။
"မစ်ရှင်ဟုတ်လား"
ယဲ့ရှောင်ချန်း အံ့အားသင့်သွား၏။
အဆင့်မြှင့်တင်ခြင်း၏ အဓိက ရည်ရွယ်ချက်က ဒါဖြစ်နိုင်သည်။
မစ်ရှင်ဘောင်ကွက်အား သေချာလေ့လာပြီး အပျော်လွန်သွားရသည်။
မစ်ရှင်ဆိုသည်မှာ စနစ်က ခိုင်းစေထားသည့် မစ်ရှင်များကို ပြီးမြောက်အောင် ဆောင်ရွက်ဖို့ဖြစ်သည်။ ထို့နောက် ဆုအနေဖြင့် အင်မော်တယ်ယွမ် သို့မဟုတ် တခြားဆုလာဘ်များကို ရနိုင်ပါသည်။
"ဟားဟား ငါသိနေတယ်။ အင်မော်တယ်အပင်တွေကို စိုက်ရုံလောက်နဲ့ အင်မော်တယ်ယွမ်ရဖို့က နှေးလွန်းတယ်။ အင်မော်တယ်ယွမ်ရဖို့ လမ်းကြောင်းတိုးချဲ့ဖို့ အချိန်ကျပြီ။ မစ်ရှင်က ကောင်းတယ်။ ငါသဘောကျတယ်။"
ယဲ့ရှောင်ချန်း ပြုံးလိုက်မိပါသည်။
ထို့အပြင် မစ်ရှင်ဘောင်ကွက်ထဲတွင် စနစ် မစ်ရှင်များစွာ ရှိနေပြီးသားဖြစ်ကြောင်း တွေ့လိုက်ရပါသည်။
"စနစ် မစ်ရှင် ၁ : အဆင့်နိမ့် အဝါရောင်အဆင့် အင်မော်တယ်အပင်တစ်ပင်ကို စိုက်ပျိုးပါ။ ဆုလာဘ် : ၁၀,၀၀၀ အင်မော်တယ်ယွမ်"
"စနစ် မစ်ရှင် ၂ : အဝါရောင်အဆင့် အဆင့် ၉ အင်မော်တယ်အပင်တစ်ပင်ကို စိုက်ပျိုးပါ။ ဆုလာဘ် : အင်မော်တယ်ယွမ် ၁၀,၀၀၀ ယွမ် သို့မဟုတ် သက်ဆိုင်ရာ ဂုဏ်သတ္တိရှိ အင်မော်တယ်ကျောက်"
"စနစ် မစ်ရှင် ၃ : မော်တယ် အပင်တစ်မျိုးကို အင်မော်တယ်အပင်ဖြစ်လာအောင် ပျိုးထောင်ပါ။ ဆုလာဘ် : ၁၀,၀၀၀ အင်မော်တယ်ယွမ်"
ထို စနစ် မစ်ရှင် ၃ခုအပြင် အဓိကမစ်ရှင်ဟူသည့် မစ်ရှင်တစ်ခုပါ ရှိနေသည်ကို ယဲ့ရှောင်ချန်း မြင်လိုက်ရပါသည်။
"အဓိကမစ်ရှင်တဲ့လား"
ယဲ့ရှောင်ချန်း အံ့အားသင့်သွားပါသည်။ သေချာ လေ့လာကြည့်ပြီးနောက် အဓိက မစ်ရှင်မှာ သူနေထိုင်သည့် ကမ္ဘာကြီးနှင့် ဆက်နွယ်နေကြောင်း တွေ့လိုက်ရ၏။
စနစ်မစ်ရှင်များကို စနစ်က ပေးထားခြင်း ဖြစ်၏။ မစ်ရှင်များကို လုပ်ခြင်းမလုပ်ခြင်းကို သူရွေးချယ်နိုင်သည်။ သို့သော်လည်း အဓိကမစ်ရှင်ကတော့ မလုပ်မနေရဖြစ်ပါသည်။
ထို့အပြင် အဓိကမစ်ရှင်၏ ဆုလာဘ်များက စနစ်မစ်ရှင်များထက် အများကြီးပိုကောင်းပါသည်။
သို့သော်လည်း စနစ်က မကြာသေးခင်ကမှ အဆင့်မြှင့်တင်ထားခြင်းဖြစ်သဖြင့် အဓိက မစ်ရှင်ကို ထုတ်လုပ်ဆဲဖြစ်ပါသည်။ ပေါ်လာဖို့ ဘယ်လောက်ကြာဦးမလဲမသိပါ။
"ဟင်းဟင်း စနစ်မစ်ရှင် သုံးခုစလုံးကို လက်ခံမှာပေါ့ကွ။ ဘာပဲဖြစ်ဖြစ် အင်မော်တယ်အပင်က စိုက်နေရမှာပဲကို"
ချက်ချင်း တွေးလိုက်တာ စနစ်မစ်ရှင်သုံးခုကို လက်ခံလိုက်ပါသည်။
"ဒင်! ဂုဏ်ယူပါတယ်။ စနစ်၏ ဒုတိယမစ်ရှင်ကို အောင်မြင်သွားပါပြီ။ ကျေးဇူးပြုပြီး ဆုလာဘ် အမျိုးအစားကို ရွေးချယ်ပေးပါ။"
ယဲ့ရှောင်ချန်း အံ့အားသင့်နေစဥ် အလင်းရောင် မျက်နှာပြင်တစ်ခုပေါ်လာ၏။ ရွေးချယ်စရာ နှစ်ခု ရှိပါသည်။ အင်မော်တယ်ယွမ် ၁၀,၀၀၀ သို့မဟုတ် အဆင့်နိမ့် မီးအမျိုးအစား အင်မော်တယ်ကျောက် ဖြစ်သည်။
ပြီးသွားပြီလားဟ။
ယဲ့ရှောင်ချန်းတစ်ယောက် နှလုံးခုန်နှုန်း ရုတ်တရက် ရပ်တန့်သွားရသည်။ ထို့နောက် ဖူဆန်သစ်ပင်ကို စဥ်းစားလိုက်မိ၏။ သူခန့်မှန်းတာ မမှားပါက ဖူဆန်သစ်ပင်ကြောင့် ဖြစ်နိုင်သည်။
ထိုသို့ စဥ်းစားမိပြီး သူ တိုးတိတ်စွာ စိတ်အေးသွားမိပါသည်။ ဒုတိယမစ်ရှင်ကို ဒီလောက် မြန်မြန် ပြီးမြောက်သွားဖို့ မမျှော်လင့်ထားခဲ့ပါ။
ကြည့်ရတာ ငါ့ကံက တော်တော်ကောင်းတဲ့ပုံပဲ။
"အဆင့်နိမ့် အင်မော်တယ်ကျောက် ဒါမှမဟုတ် အင်မော်တယ်ယွမ်။ ငါဘာကို ရွေးရမလဲ။”
ယဲ့ရှောင်ချန်း စဥ်းစားလိုက်သည်။
ယုတ္တိရှိစွာ ပြောရမည်ဆိုလျှင် အဆင့်နိမ့် မီးအမျိုးအစား အင်မော်တယ်ကျောက်က ပိုတန်ဖိုးရှိပါသည်။
သို့သော် လောလောဆယ် သူ့အတွက် အသုံးမဝင်ပါ။ မီးအမျိုးအစား ကျင့်စဥ်တစ်ခုကို သူ မကျင့်ကြံရသေးပေ။
အမှန်ပင်။ ဒီ အဆင့်နိမ့် မီးအမျိုးအစား အင်မော်တယ်ကျောက်များဖြင့်ဆို အခင်းအကျင်းတစ်ခုကို ဝယ်ယူပြီး အင်မော်တယ် မြေကွက်ထဲထည့်လိုက်ပါက မီးအမျိုးအစား အင်မော်တယ်အပင်များကို စိုက်ပျိုးနိုင်ပါသည်။
"အခု ငါလိုနေတာ အင်မော်တယ်ယွမ်ပဲ။ အင်မော်တယ်ယွမ် လုံလုံလောက်လောက်ရှိရင် မျိုးဆက် ရှန်းနုန် လက်စွဲစာအုပ်ကို ဝယ်နိုင်လိမ့်မယ်"
ယဲ့ရှောင်ချန်း အံကြိတ်လိုက်သည်။
ထို့အပြင် အခင်းအကျင်းတစ်ခုကို ဝယ်ယူဖို့ကလည်း အင်မော်တယ်ယွမ်များစွာ ကုန်ကျပါလိမ့်မည်။
"ဒါပေမယ့် မီးအမျိုးအစား အင်မော်တယ်ကျောက်ကိုပဲ ရွေးတာ ပိုကောင်းပါတယ်။ ဒါရေရှည် အကျိုးအတွက်ပဲ။ မီးအမျိုးအစား အင်မော်တယ်ကျောက်နဲ့ အခင်းအကျင်းနဲ့ဆိုရင် မီးအမျိုးအစား အပင်တွေ ဆက်တိုက် စိုက်ပျိုးလို့ရပြီ"
ယဲ့ရှောင်ချန်း သူ့ရှေ့က အင်မော်တယ်ယွမ်များကို မမက်မောနိုင်တော့ပေ။
မကြာမီ အဆင့်နိမ့် မီးအမျိုးအစား အင်မော်တယ်ကျောက်ကို ရွေးချယ်လိုက်သည်။
ခေတ္တကြာသောအခါ လက်သီးဆုပ် အရွယ်ရှိ ပုံစံမမှန်သော မီးတောက်ကဲ့သို့ နီနီရဲရဲ သလင်းကျောက်တစ်ခု လက်ထဲသို့ ရောက်လာသည်။
သလင်းကျောက်၏ အထဲတွင် မီးတောက်များ တောက်လောင်ကျွမ်းနေပုံရသည်။ ထိတွေ့ကြည့်သောအခါ နွေးထွေးသွား၏။ အလွန်ထူးဆန်းလှပါသည်။
ဒီအင်မော်တယ်ကျောက်က လက်သီးဆုပ်အရွယ်သာ ရှိသော်လည်း အလွန်အားကောင်းသည့် အင်မော်တယ် မီးအမျိုးအစား ချီကို ပိုင်ဆိုင်ထားမှန်း ယဲ့ရှောင်ချန်း သိပါသည်။ ပေါက်ကွဲသွားပါက မမှန်းဆနိုင်လောက်အောင် ကြီးမားသည့် အဖျက်စွမ်းအားတစ်ခု ဖြစ်လာနိုင်သည်။
ကံကောင်းစွာဖြင့် အင်မော်တယ်ကျောက်၏ တည်ဆောက်ပုံက အလွန်ခိုင်မြဲသည်။ အခင်းအကျင်းနှင့် မဖွင့်ပါက အင်မော်တယ်ကျောက်ထဲက စွမ်းအင်ကို ထုတ်ဖို့ အလွန်ခက်ခဲပါလိမ့်မည်။
အဆင့်မြင့် အင်မော်တယ် ကျင့်ကြံသူ တစ်ဦးကတော့ ထိုစွမ်းအင်ကို တိုက်ရိုက် စုပ်ယူနိုင်စွမ်းရှိပါသည်။ အဆင့်နိမ့် မီးအမျိုးအစား ကျင့်စဥ်နှင့် ကျင့်ကြံသူများကတော့ အင်မော်တယ်ကျောက်ထဲက အင်မော်တယ်ချီကို ထုတ်ယူရန် အခင်းအကျင်းတစ်ခုကို အားကိုးရသည်။
"အဆင့်နိမ့် ကွဲထွက်ဝိညာဥ် စုစည်းခြင်း အခင်းအကျင်းက အနည်းဆုံး အင်မော်တယ်ယွမ် ၆,၀၀၀ - ၇,၀၀၀ လောက်ရှိမယ်။ ကြည့်ရတာ ငါတော့ အင်မော်တယ်ယွမ်တွေ ထပ်စုရဦးမယ်ထင်တယ်။"
ယဲ့ရှောင်ချန်း မတတ်နိုင်ပါ။ သူ့မှာ အင်မော်တယ်ယွမ် လုံလုံလောက်လောက် မရှိပေ။
အင်မော်တယ်ကျောက်ကို သိမ်းလိုက်ပြီး မျက်နှာပြင်ကို ထပ်ကြည့်လိုက်သည်။ ရုတ်တရက် သူ ကြက်သေ သေသွားရသည်။ သူ့မျက်လုံးများကို လက်ဖြင့်ပင် ပွတ်ကြည့်မိသည်။
စနစ်၏ ဒုတိယမစ်ရှင်က အသစ်ပြန်ပြောင်းသွားပါပြီ။
တနည်းအားဖြင့် စနစ်မစ်ရှင်တစ်ခုကို အောင်မြင်သွားပါက ထိုမစ်ရှင်နေရာသို့ မစ်ရှင်အသစ်တစ်ခု အစားထိုးဝင်လာမည်ဖြစ်သည်။
"စနစ် မစ်ရှင် ၂ : အဝါရောင်အဆင့်ကို ကျော်လွန်သည့် အင်မော်တယ်အပင်တစ်ပင်ကို စိုက်ပျိုးပါ။ ဆုလာဘ် : ၁၀၀,၀၀၀ အင်မော်တယ်ယွမ် သို့မဟုတ် သက်ဆိုင်ရာ ဂုဏ်သတ္တိရှိသည့် အလယ်အဆင့် အင်မော်တယ်ကျောက် ရရှိမည်။"
ယဲ့ရှောင်ချန်း နှလုံးခုန်နှုန်း ရပ်တန့်သွားရပြန်သည်။ ဖူဆန်သစ်ပင်အစစ်က မြေအဆင့် ၉ အင်မော်တယ်အပင် ဖြစ်သည်။
သို့သော် သူ ဘယ်အဆင့်မှာ စိုက်ပျိုးခဲ့တာလဲ။
ထိုသို့ စဥ်းစားပြီး သူ့ရင်ထဲတွင် မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေကာ စနစ်မစ်ရှင်ကို လက်ခံလိုက်ပါသည်။
"ဒင်! စနစ် မစ်ရှင် ၂ ကို အောင်မြင်သွားသည့်အတွက် ဂုဏ်ယူပါတယ်။ ကျေးဇူးပြုပြီး ဆုလာဘ်အမျိုးအစားကို ရွေးချယ်ပေးပါ။"
စနစ်အသိပေးသံ ထပ်ပေါ်လာပြန်သည်။
ယဲ့ရှောင်ချန်း၏ မျက်နှာနီရဲသွားပြီး ခန္ဓာကိုယ်တစ်ခုလုံး တုန်လှုပ်သွားရသည်။
ပျော်လိုက်တာ။
အရမ်းပျော်တာပဲ။
တကယ် မထင်ထားပါ။
သူ့ဖူဆန်သစ်ပင်က တကယ် အနက်ရောင်အဆင့်ကို ရောက်နေပြီဖြစ်သည်။
ဒီတစ်ခေါက် ဘာပဲဖြစ်ဖြစ် အင်မော်တယ်ယွမ်ကိုသာ ရွေးရပါမည်။
သူ့မှာ အင်မော်တယ်ကျောက်ရှိပြီးသား ဖြစ်သည်။
အလယ်အဆင့် အင်မော်တယ်ကျောက်တန်ဖိုးက အင်မော်တယ်ယွမ် ၁၀၀,၀၀၀ ထက်တော့ အများကြီး ပိုပါသည်။
သို့သော် လောလောဆယ် အင်မော်တယ်ယွမ် ၁၀၀,၀၀၀က သူ့အတွက် အရေးပါလွန်းနေသည်။
မျက်စိတစ်မှိတ် အချိန်အတွင်း သူ့အကောင့်ထဲ အင်မော်တယ်ယွမ် ၁၀၀,၀၀၀ တိုးသွားမှန်း မြင်လိုက်ရသည်။ ယဲ့ရှောင်ချန်းတစ်ယောက် မျက်ရည်ကျရလောက်သည်အထိ ပျော်ရွှင်သွားပါသည်။
ကောင်းလိုက်တာ။
အင်မော်တယ်ယွမ် ၁၀၀,၀၀၀ ကြီးများတောင် ပါလား။
စနစ် မစ်ရှင် ၂ ကို ထပ်ကြည့်လိုက်သည်။ အသစ်တစ်ခု ထပ်မံ ပြောင်းသွားပြန်ပါပြီ။
"စနစ် မစ်ရှင် ၂ : အနက်ရောင်အဆင့် ၉ အင်မော်တယ်အပင်တစ်ပင်ကို စိုက်ပျိုးပါ။ ဆုလာဘ်က ၁,၀၀၀,၀၀၀ အင်မော်တယ်ယွမ် သို့မဟုတ် သက်ဆိုင်ရာ ဂုဏ်သတ္တိရှိသည့် အလယ်အဆင့် အင်မော်တယ်ကျောက်"
ယဲ့ရှောင်ချန်း ထပ်လိုက်ခံလိုက်ပါသည်။
ကံမကောင်းစွာဖြင့် ဒီတစ်ခါတော့ ဆန်းကြယ်မှု ဖြစ်မလာတော့ပါ။
မစ်ရှင် မအောင်မြင်သေးပေ။
ဖူဆန်သစ်ပင်က အနက်ရောင် အဆင့် ၉ အင်မော်တယ်အပင်မဟုတ်တာ သိသာပါသည်။
ဘာအဆင့်လဲ ဆိုတောတော့ သူ မကြာခင် သိရလိမ့်မည်ဟု ယုံကြည်သည်။
အင်မော်တယ်ယွမ်တွေကို ဘာလုပ်ရမလဲ။
သေချာပါသည်။
အဆင့်နိမ် ကွဲထွက်ဝိညာဥ်စုစည်းခြင်း အခင်းအကျင်းကို ဝယ်ယူပါမည်။ အင်မော်တယ်ယွမ် ၅,၈၀၀ ကျသင့်သည်။
ရှန်းနုန်မိတ်ဆက် လက်စွဲစာအုပ်ထဲက တန်ဖိုးဖြတ်ခြင်းနည်းလမ်းကို လိုချင်နေတာကြာပြီဖြစ်သည်။ မိုးသားတိမ်တိုက် ဖန်တီးခြင်း၊ အပင်စစ်သည်တော်များ၊ ပဲစေ့စစ်သည်တော် ဖန်တီးခြင်းနှင့် အပင်ဖွံ့ဖြိုးမှုတို့မှာ သူ့ရဲ့ နောက်ထပ်ပစ်မှတ်များ ဖြစ်လာသည်။
ရှန်းနုန် လက်စွဲစာအုပ်မှ စာမျက်နှာ ၄၈ ဖြစ်သည့် အပင်တန်ဖိုးဖြတ်ခြင်းမှာ ၇,၇၇၇ အင်မော်တယ်ယွမ် ကုန်ကျသည်။
မိုးသားတိမ်တိုက် ဖန်တီးခြင်း၊ စာမျက်နှာ ၉၇၂က အင်မော်တယ်ယွမ် ၉,၉၉၉ ယွမ် ကုန်ကျသည်။
အပင်စစ်သည်တော်များ၊ စာမျက်နှာ ၁၂၄၅က အင်မော်တယ်ယွမ် ၂၃,၃၃၃ ယွမ် ကုန်ကျသည်။
ပဲစေ့စစ်သည်တော် ဖန်တီးခြင်း၊ စာမျက်နှာ ၁၁၉၆က အင်မော်တယ်ယွမ် ၁၅,၅၅၅ ယွမ် ကုန်ကျသည်။
အပင််ဖွံ့ဖြိုးခြင်း၊ စာမျက်နှာ ၅၄၇က အင်မော်တယ်ယွမ် ၈,၈၈၈ ယွမ် ကုန်ကျသည်။
ထိုအပင်ဖွံ့ဖြိုးခြင်း အင်မော်တယ် နည်းလမ်းက ယဲ့ရှောင်ချန်း ရှန်းနုန် စနစ် မိတ်ဆက်လမ်းညွှန်ထဲမှ သင်ယူထားသည့် နည်းလမ်းနှင့် ခြားနားပါသည်။ ဒါက စနစ်ကျသည့် အင်မော်တယ်နည်းလမ်းဖြစ်ပြီး ရိုးရှင်းသည့် ဖွံ့ဖြိုးခြင်းနည်းလမ်းမဟုတ်ပါ။
မကြာမီ ရှန်းနုန်မျိုးဆက် လက်စွဲစာအုပ်ထဲမှ စာမျက်နှာ ငါးခုကို သူဝယ်ယူခဲ့ပါသည်။
ခုနက အခင်းအကျင်းနှင့်ဆို အင်မော်တယ်ယွမ် ၇၂,၀၀၀ ကျော်သုံးလိုက်ပြီးပြီ ဖြစ်ပါသည်။
နောက်တစ်ခါ ယဲ့ရှောင်ချန်း အင်မော်တယ် လယ်ကွက်များကို အဆင့်မြှင့်တင်ဖို့ မျက်စိကျသွားသည်။
ဒါက အဓိကအချက်ပဲဖြစ်ပါသည်။