← Chapters

Chapter-197

Vol. 14 Ch. 197

Chapter-197

Vol. 14 Ch. 197

အခန်း (၁၉၇) - အပင်များကို ခွဲခြားသတ်မှတ်ခြင်း

အင်မော်တယ် လယ်ကွက်များက စိုက်ပျိုးရေးခြံတွင် အရေးအကြီးဆုံးဖြစ်ပါသည်။ သူ့စိုက်ပျိုးရေး စကေးများ ဘယ်လောက်ပဲကောင်းကောင်း သို့မဟုတ် သူ့အင်မော်တယ် ပါရမီများ ဘယ်လောက်ပဲကောင်းကောင်း၊ အင်မော်တယ်မြေကွက်မရှိလျှင် ထမင်းချက်ဖို့ ဆန်မရှိသည့် အိမ်ရှင်မတစ်ယောက်လို ဖြစ်နေပါလိမ့်မည်။

အဆင့် ၁ အင်မော်တယ်မြေကွက်တွင် အင်မော်တယ်အပင်အဆင့်ပေါင်းစုံ စိုက်ပျိုးနိုင်သည်။ သို့သော် ဖွံ့ဖြိုးနှုန်းနှင့် အပင်အရည်အသွေးများက အလွန်နိမ့်လွန်းပါသည်။

ဖူဆန်သစ်ပင်ကို မဆိုဦးနှင့်။ လေအင်မော်တယ် မြက်ပင်က အဝါရောင် အဆင့် ၇ အင်မော်တယ်အပင်ဖြစ်သည်။ သူ့ဖွံ့ဖြိုးခြင်း အနုပညာကြောင့်သာမဟုတ်ပါက ဖွံ့ဖြိုးနှုန်းမှာ အလွန်နှေးကွေးပါလိမ့်မည်။

အင်မော်တယ်မြေကွက်အဆင့်က ပိုမြင့်လေလေ၊ အပင်များအတွက် အကျိုးကျေးဇူး ပိုရှိလာလေလေ ဖြစ်ပါသည်။

အင်မော်တယ်မြေကွက်၏ အဆင့်ကို မြှင့်တင်ခြင်းက သေချာပေါက် အပင်များ၏ ဖွံ့ဖြိုးနှုန်းနှင့် အရည်အသွေးကို တိုးမြှင့်ပေးနိုင်ပါလိမ့်မည်။

အဆင့် ၁ အင်မော်တယ်မြေကွက်က အင်မော်တယ်ယွမ် ၁၀၀၊

အဆင့် ၂ အင်မော်တယ်မြေကွက်က အင်မော်တယ်ယွမ် ၁,၀၀၀ ဖြစ်ပါသည်။

အင်မော်တယ်မြေကွက် ၁၂ကွက်လုံးကို အဆင့်တင်ဖို့က အင်မော်တယ်ယွမ် ၁၂,၀၀၀ လိုအပ်သည်။

ယဲ့ရှောင်ချန်းက အားလုံးကို အဆင့်တင်ဖို့ မတွန့်တိုပါ။

ချက်ချင်းဆိုသလို အင်မော်တယ်မြေကွက်အားလုံးမှ အလင်းတန်းများ ထွက်လာသည်။

အတော်ကြာမှ ပြန်လည် ငြိမ်သက် ပျောက်ကွယ်သွား၏။

ရှန်းနုန်စနစ်ထဲက အင်မော်တယ်မြေကွက် အချက်အလက်များကို ကြည့်လိုက်သောအခါ အားလုံး အဆင့် ၂ အင်မော်တယ်မြေကွက်များဖြစ်သွားကြပြီဖြစ်သည်။ ဒေတာအားလုံးလည်း ပမာဏတော်တော်များများ တိုးတက်လာကြပါသည်။

အင်မော်တယ်စမ်းရေ လေးအိုင်ကိုလည်း အဆင့်မြှင့်တင်လိုက်ပါပြီ။ စျေးနှုန်းများက အင်မော်တယ်မြေကွက်များနှင့် အတူတူပဲဖြစ်သည်။ အင်မော်တယ်ယွမ် ၄,၀၀၀ ကုန်ကျသည်။

ဂိုဒေါင်ကိုလည်း အဆင့် ၂ သို့ မြှင့်တင်လိုက်သည်။

အဆင့် ၂ ဂိုဒေါင်၏ သိုလှောင်ပမာဏက အလွန်များပြားစွာ ပြောင်းလဲသွားသည်။ ၁၀ ဆလောက် တိုးမြင့်သွားပါသည်။

ခြံစည်းရိုးကိုသာ ယဲ့ရှောင်ချန်း အဆင့်မမြှင့်ရသေးပါ။

ထိုကိစ္စ နောက်မှ စဥ်းစားမည်။

သာမန် ဝိညာဥ် စုစည်းခြင်း ဓာတ် အခင်းအကျင်းကိုလည်း ဝယ်ယူခဲ့ပါသည်။ အင်မော်တယ်ယွမ် ၅,၀၀၀ ကုန်ကျပါသည်။

သာမန် ဝိညာဥ် စုစည်းခြင်း အခင်းအကျင်းက ကွဲထွက် ဝိညာဥ်စုစည်းခြင်း အခင်းအကျင်းနှင့် ခြားနားပါသည်။ စိုက်ပျိုးရေးခြံထဲက လွင့်ပျံနေသည့် အင်မော်တယ်စွမ်းအင်များကို စုဆောင်းကာ တိကျသော နေရာတစ်ခုတွင် စုစည်းပေးသည်။

အင်မော်တယ်ကျောက်များမရှိလျှင် ယဲ့ရှောင်ချန်း မှော်ပညာကိုသာ အသုံးပြုနိုင်သည်။ ထိုအခါ ကန့်သတ်ချက်များစွာ ရှိပါလိမ့်မည်။

မှော်စွမ်းအင်များ ကုန်ဆုံးသွားပါက အခင်းအကျင်း အလုပ်ရပ်တန့်သွားပါလိမ့်မည်။ အင်မော်တယ်ကျောက်များဖြင့်ဆိုလျှင် ဆက်တိုက် အလုပ်လုပ်နိုင်ပါသည်။

ဒီလိုနှင့် စုစုပေါင်း အင်မော်တယ်ယွမ် ၉၄,၀၀၀ လောက် သုံးစွဲခဲ့ရပါသည်။

ယဲ့ရှောင်ချန်းအကောင့်ထဲတွင် အင်မော်တယ်ယွမ် ၈,၀၀၀ သာကျန်တော့သည်။

ယဲ့ရှောင်ချန်းက စတိုးဆိုင်မှ ထွက်မသွားသေးပါ။ သူတစ်စုံတစ်ရာကို တွေ့သွားသည်။

အင်မော်တယ်မြေတူးတီကောင် သားလောင်း၊ အင်မော်တယ်ယွမ် ၅၀။

အင်မော်တယ်မြေတူးတီကောင် သားပေါက် အင်မော်တယ်ယွမ် ၅၀၀။

အရွယ်ရောက်ပြီးသား အင်မော်တယ်မြေတူးတီကောင်တစ်ကောင်ကို အင်မော်တယ်ယွမ် ၅,၀၀၀ ကုန်ကျသည်။

ယဲ့ရှောင်ချန်း အံကြိတ်ကာ အရွယ်ရောက်ပြီးသား အင်မော်တယ်မြေတူးတီကောင်တစ်ကောင်ကို ဝယ်ယူလိုက်ပါသည်။

သားလောင်းအဆင့်မှ စတင်နိုင်သော်လည်း အချိန်ကြာလွန်းပါလိမ့်မည်။

ဝတ်မှုန်ကူးပျားကို သားဖောက်ပြီးကတည်းက ဒါမျိုး ထပ်မလုပ်ချင်တော့ပါ။

အရွယ်ရောက်ပြီးသား အင်မော်တယ်မြေတူးတီကောင်က အင်မော်တယ်ယွမ် ၅,၀၀၀ ကုန်ကျသော်လည်း တန်းသုံးနိုင်သည်။ ထိုအင်မော်တယ်မြေတူးတီကောင်သာရှိလျှင် နောက်ပိုင်း အင်မော်တယ်မြေကွက်များကို တူးဆွဖို့ သူ ပင်ပင်ပန်းပန်း လုပ်စရာမလိုတော့ပေ။ အင်မော်တယ်မြေတူးတီကောင်က ကိုင်တွယ်နိုင်ပါသည်။ ထို့အပြင် အာနိသင်ကလည်း တိုက်ရိုက် တူးဆွခြင်းထက် ပို၍ပင် ကောင်းသေးသည်။ အင်မော်တယ်မြေတူးတီကောင်က မြေဆွနေစဥ် အင်မော်တယ် တံတွေးတစ်မျိုးကို စစ်ထုတ်နိုင်ခြင်းကြောင့်ဖြစ်ပါသည်။  အင်မော်တယ်မြေတူးတီကောင်နှင့် ပေါင်းစပ်လိုက်သောအခါ မြေဆီလွှာထဲက မြေသြဇာကောင်းမွန်မှုကို တိုးမြှင့်ပေးနိုင်ပါသည်။

ထို့အပြင် အင်မော်တယ်မြေတူးတီကောင်က အစာကျွေးစရာလည်း မလိုပါ။

ထို့ကြောင့် ကုန်ကျစရိတ် အများကြီး သက်သာပါသည်။

ဝတ်မှုန်ကူးပျားများကိုတော့ ယဲ့ရှောင်ချန်း သေသေချာချာ ဂရုစိုက်ပြီး အစာကောင်းကောင်း ကျွေးရသည်။

အင်မော်တယ်မြေတူးတီကောင်ကို ဝယ်ယူပြီးသောအခါ ယဲ့ရှောင်ချန်းတွင် အင်မော်တယ်ယွမ် ၂,၀၀၀ သာကျန်တော့သည်။

ပေးရသည့် စျေးနှုန်းနှင့် တန်ပါက ယဲ့ရှောင်ချန်းက စိတ်ထဲမထားပါ။

ယဲ့ရှောင်ချန်းသည် ခပ်မြန်မြန်ပင် တိရိစ္ဆာန်သားရေ  စာရွက် ငါးရွက်ကို ထုတ်ယူလိုက်၏။

အားလုံးက မျိုးဆက်ရှန်းနုန်လက်ဆွဲစာအုပ်ထဲမှ စာမျက်နှာများ ဖြစ်ကြသည်။

ယဲ့ရှောင်ချန်း သေသေချာချာ လေ့လာလိုက်သည်။

လက်ထဲတွင် အင်မော်တယ် စာလုံး အဘိဓာန် ရှိသဖြင့် စာရွက်ပေါ်က အင်မော်တယ် စာလုံးများကို ဘာသာပြန်ခြင်းက အလွန်လွယ်ကူပါသည်။

နာရီအနည်းငယ် ကြာသောအခါ။

အင်မော်တယ် နည်းလမ်းနှင့် လျှို့ဝှက်နည်းလမ်း ငါးမျိုးကို ယဲ့ရှောင်ချန်း ပိုမို နားလည်သွားပါပြီ။

အပင်တန်ဖိုးဖြတ်ခြင်း၊ မိုးသားတိမ်တိုက် ဖန်တီးခြင်း၊ အပင်ဖွံ့ဖြိုးခြင်းတို့မှာ အရန်အင်မော်တယ်နည်းလမ်းများ ဖြစ်ကြသည်။

၎င်းတို့အနက် အပင်တန်ဖိုးဖြတ်ခြင်းက အပင်အမျိုးအစား အားလုံးကို တန်ဖိုးဖြတ်နိုင်ပါသည်။

အသုံးပြုသူ၏ အဆင့်အရ တန်ဖိုးဖြတ် အချက်အလက်များက အလွန်အသေးစိတ် ကျနိုင်ပါသည်။ အပင်အဆင့် ပိုမြင့်လေလေ အသုံးပြုသူ၏ အဆင့်ပိုမြင့်ရမည်ဖြစ်ပါသည်။

မိုးသားတိမ်တိုက် ဖန်တီးခြင်းမှာ အင်မော်တယ် စမ်းရေများကို တိမ်များအဖြစ် ပြောင်းလဲပြီး မိုးရွာသွန်းစေခြင်းဖြစ်ပါသည်။ မိုးရွာနေစဥ် မိုးရေထဲက အင်မော်တယ်ချီများမှာ ပျောက်ကွယ်မသွားပါ။ အင်မော်တယ်မြေအတွင်းသို့ လုံးဝ စိမ့်ဝင်သွားနိုင်ပါသည်။

အပင်ဖွံ့ဖြိုးခြင်းက ဖွံ့ဖြိုးခြင်း အနုပညာဟုသည့် နည်းလမ်းထက် အများကြီး ပိုအဆင့်မြင့်ပါသည်။ ကျွမ်းကျင်သွားပါက အင်မော်တယ်အပင်များစွာ လက်တစ်ချက်ဝှေ့လိုက်သည်နှင့် မွေးဖွားလာနိုင်သည်။ မျိုးစေ့များက အချိန်တိုအတွင်း အရွယ်ရောက်ပြီးသား အင်မော်တယ်အပင်များ ဖြစ်လာနိုင်ပါသည်။

ထို့အပြင် အပင်ဖွံ့ဖြိုးခြင်းက အပင်ဖွံ့ဖြိုးခြင်း ကျင့်စဥ်၏ အခြေခံဖြစ်သည်။

အပင်ဖွံ့ဖြိုးခြင်းကို မသင်ယူပါက အပင်ဖွံ့ဖြိုးခြင်း ကျင့်စဥ်ကို ကျွမ်းကျင်ဖို့က ခက်ခဲပါလိမ့်မည်။

အပင်ဖွံ့ဖြိုးခြင်း ကျင့်စဥ်က အပင်များ၏ စွမ်းအားကို အသုံးပြုပြီး စွမ်းအားကြီးသည့် တိုက်ခိုက်ရေးစွမ်းအင်အဖြစ် ပြောင်းလဲနိုင်သည့် အင်မော်တယ် နည်းလမ်းတစ်ခုဖြစ်ပါသည်။

ယဲ့ရှောင်ချန်းက တိုက်ခိုက်သည့် နေရာတွင် မတော်သော်လည်း အန္တရာယ်များသည့် အခြေအနေများနှင့် ရင်ဆိုင်လာရနိုင်သည်။ ဒီလိုနှင့် အပင်ဖွံ့ဖြိုးခြင်း ကျင့်စဥ်ဖြင့် ပတ်ဝန်းကျင်ကို အသုံးချကာ စွမ်းအားမြင့် တိုက်ခိုက်စွမ်းအင်အဖြစ် အသုံးပြုနိုင်ပါသည်။

ပဲစေ့စစ်သည်တော် ဖန်တီးခြင်းက ထောက်ပံ့ခြင်းနှင့် တိုက်ခိုက်ခြင်း အမျိုးအစားထဲ ပါဝင်သည်။ ပဲစေ့များကို ပဲစေ့စစ်သည်တော်များနှင့် စပါးစေ့စစ်သည်တော်များအဖြစ် ဖန်တီးဖို့ သုံးနိုင်ပါသည်။

မှော်စစ်သည်တော် နည်းလမ်းက လောလောဆယ် ယဲ့ရှောင်ချန်း အလိုအပ်ဆုံး နည်းလမ်း ဖြစ်ပါသည်။

ပဲစေ့စစ်သည်တော် ဖန်တီးခြင်းကို ကျွမ်းကျင်နိုင်ပါက ပဲစေ့စစ်သည်တော်များကို ထုတ်လုပ်နိုင်မည်။ စိုက်ပျိုးရေးခြံမှာ လိုအပ်သည့် လူအင်အား ပြဿနာကို အောင်မြင်စွာ ပြေလည်သွားစေပါလိမ့်မည်။

ပဲစေ့စစ်သည်တော်များသည် တိုက်ခိုက်ရေး စွမ်းအားများ ရှိကာ စိုက်ပျိုးရေးခြံကိုပင် ကာကွယ်နိုင်ပါသည်။

ယဲ့ရှောင်ချန်း မျက်လုံးများ ဝိုင်းစက်သွား၏။ သူ မျှော်လင့်နေမိပါသည်။

ထိုအင်မော်တယ် နည်းလမ်းများနှင့် လျှို့ဝှက်နည်းလမ်းများကို ကျွမ်းကျင်ပါက နောက်ပိုင်း အင်မော်တယ်အပင်များကို စိုက်ပျိုးဖို့ ပိုမိုလွယ်ကူလာရုံတင်မကဘဲ တိုက်ခိုက်ရေးစွမ်းအား ကောင်းကောင်းလည်း ရှိကာ သူ့ကိုယ်သူ ကာကွယ်နိုင်ပါလိမ့်မည်။

ထိုသို့စဥ်းစားပြီး အပင်ဖွံ့ဖြိုးခြင်းကျင့်စဥ်ကို ကျွမ်းကျင်နိုင်ပါက သူ့ဘေးပတ်လည်က အပင်များစွာကို ထိန်းချုပ်ကာ လက်တစ်ဖက် ဝှေ့လိုက်သည်နှင့် သူတို့ အသက်ဝင်လာပြီး ရန်သူများကို ထူးဆန်းသည့် တိုက်ခိုက်မှုများဖြင့် တိုက်ခိုက်နိုင်ပါသည်။

ပဲစေ့စစ်သည်တော် ဖန်တီးခြင်းလည်း ရှိသည်။ သန့်စင်ထားသည့် အင်မော်တယ်ပဲစေ့များအား ပေါက်လိုက်ပါက စွမ်းအားမြင့် အင်မော်တယ်ပဲစေ့ စစ်သည်တော်များ အဖြစ် ပြောင်းလဲနိုင်ပါသည်။

စဥ်းစားကြည့်ရုံနှင့် သူအလွန်ကျေနပ်သွားမိပါသည်။

"ဟားဟား ဒီအင်မော်တယ်နည်းလမ်းနဲ့ လျှို့ဝှက်ကျင့်စဥ်တွေကို အခုပဲ သင်တော့မယ်။"

ယဲ့ရှောင်ချန်း အလွန်စိတ်အားထက်သန်နေပါသည်။ ချက်ချင်း ပဲစေ့စစ်သည်တော် ဖန်တီးခြင်း စာရွက်ကို ရွေးလိုက်သည်။

"အင်မော်တယ်ပဲစေ့တွေကို တစ္ဆေနဲ့ ဝိညာဥ်တွေအတွက် ကိုယ်ထည် ဖြစ်ပေါ်လာစေချင်ရင် အရင်ဆုံး အင်မော်တယ်ပဲစေ့တွေကို လေးလေးနက်နက် နားလည်ဖို့ လိုအပ်လိမ့်မယ်။ ဒါဆို အပင်တန်ဖိုးဖြတ်ခြင်းနည်းလမ်း လိုအပ်လာပြီ။"

ယဲ့ရှောင်ချန်း သေသေချာချာ လေ့လာကြည့်ပြီးသွားသောအခါ မေးကိုပွတ်လျက် ရင်ထဲတွင် တွက်ချက်လိုက်သည်။

အပင်တန်ဖိုးဖြတ်နည်းလမ်း မရှိပါက အင်မော်တယ်ပဲစေ့ စစ်သည်တော် ဖန်တီးခြင်း နည်းလမ်း အောင်မြင်ဖို့က အများကြီး ပိုနိမ့်နိုင်ပါသည်။

ချက်ချင်းဆိုသလို အပင်တန်ဖိုးဖြတ်ခြင်းနည်းလမ်း စာရွက်ကို ကိုင်ကာ လေ့လာလိုက်သည်။

အချိန်အတန်ကြာသောအခါ ယဲ့ရှောင်ချန်း စိတ်ထဲတွင် အတွေးတစ်ခုဝင်လာ၏။

အပင်တန်ဖိုးဖြတ်နည်းလမ်းက ထူးဆန်းသည့် အင်မော်တယ် နည်းလမ်းတစ်ခုဖြစ်သည်။ ကမ္ဘာကြီးထဲက ကောင်းကင်ဘုံ လမ်းစဥ် စွမ်းအင်ဖြင့် ဆက်သွယ်ရင်း အင်မော်တယ်အပင်နှင့် ဟင်းသီးဟင်းရွက်များ၏ အချက်အလက်များကို သိနိုင်ပါသည်။

အပင်တန်ဖိုးဖြတ်နည်းလမ်း၏ ဖော်ပြချက်အရ ကောင်းကင်ဘုံလမ်းစဥ်က အရာရာကို လွှမ်းခြုံထားသည်။ ကမ္ဘာကြီးထဲက အရာအားလုံးကို ကောင်းကင်ဘုံလမ်းစဥ်အရ ကြိုတင်သတ်မှတ်ထားပြီး လည်ပတ်ခြင်း ဖြစ်သည်။ ကွန်ပြူတာ တစ်ခုလိုပဲဖြစ်သည်။ ပရိုဂရမ်တိုင်း သို့မဟုတ် ဆော့ဝဲတိုင်းက စနစ်၏ စည်းမျဥ်းများအတိုင်း လည်ပတ်ရသည်။ ထို့ကြောင့် အထူးနည်းလမ်းများကို အသုံးပြုပြီး ထိုပရိုဂရမ်နှင့် ဆော့ဝဲများ၏ သေးစိတ်ဒေတာကို စစ်ဆေးဖို့ စနစ်ကို အသုံးပြုနိုင်သည်။

အပင်တန်ဖိုးဖြတ်နည်းလမ်းက ပရိုဂရမ်ရှာဖွေခြင်းနှင့် တူညီပါသည်။

ယဲ့ရှောင်ချန်းက တိရိစ္ဆာန်သားရေ  စက္ကူပေါ်က မျက်လုံးတစ်လုံး၏ ပုံကို ကြည့်လိုက်သည်။ ထိုပေါ်တွင် အလွန်ထူးဆန်းသည့် ပုံစံကွက်များ ရှိနေသည်။ ထိုပုံစံကွက်ကို ကြည့်လိုက်သောအခါ ရုတ်တရက် သူ့မျက်လုံးထဲ စူးသွားသည့် နာကျင်မှုတစ်ခု ခံစားလိုက်ရ၏။ ထိုမျက်လုံး၏ ပုံစံကွက်က သူ့အသိစိတ်ကို စုပ်ယူသည့် ကြောက်စရာ စုပ်အားတစ်ခု ထုတ်လုပ်နေသလိုပင်။

ဝုန်း!

နှိုင်းယှဥ်၍ မရနိုင်လောက်အောင် ကြီးမားသည့် မျက်လုံးကြီးတစ်ခု သူ့စိတ်အာရုံ နက်နက်ရှိုင်းရှိုင်းထဲတွင် ပေါ်လာသည်။ ကောင်းကင်ဘုံ လမ်းစဥ်၏ မျက်လုံးလို ကမ္ဘာကြီးပေါ်က လုပ်ဆောင်ချက် အားလုံးကို စောင့်ကြည့်နေသည်။

အတော်ကြာသောအခါ ယဲ့ရှောင်ချန်း ထိတ်လန့်စွာဖြင့် မျက်လုံးပြန်ဖွင့်လိုက်ပါသည်။ ဒီအင်မော်တယ် နည်းလမ်းက တကယ်ပဲ အလွန် ဆန်းကြယ်လှပါသည်။ အပင် တန်ဖိုးဖြတ်ခြင်း နည်းလမ်းတစ်ခုတည်းနှင့်ပင် သူအလွန်အမင်း ထိတ်လန့်သွားရပါသည်။ သူတကယ်ပဲ အင်မော်တယ် ကျင့်စဥ်၏ ဆန်းကြယ်မှု ဘုံအတွင်းသို့ ဝင်ရောက်သွားခဲ့သည်။

ရုတ်တရက် ယဲ့ရှောင်ချန်း ဖူဆန်သစ်ပင်ရှေ့သို့ လျှောက်လာသည်။ မျက်စိကို မှေးလိုက်ပြီး အပင်တန်ဖိုးဖြတ်နည်းလမ်းကို ဖွင့်လိုက်၏။ သူ့ထျန်ရှန်းထဲက ပုံဆောင်ခဲ အက်ကွဲသွားပြီး မှော်စွမ်းအားများ ထွက်လာသည်။ ရုတ်တရက် သူ့စိတ်ထဲပေါက်ကွဲသွား၏။ ကောင်းကင်ဘုံမျက်လုံးကြီးသည် ရုတ်တရက်ပေါ်လာပြီး ဖူဆန်သစ်ပင်ကြီးကို အဖြူရောင်အလင်းတစ်ခုဖြင့် ပစ်ခွင်းလိုက်သည်။

မျက်စိတစ်မှိတ်အချိန်အတွင်း ကောင်ကင်းဘုံမျက်လုံးမှ တုနှိုင်းမရတဲ့ လျှို့ဝှက်ဆန်းကြယ်သော သတင်းစကားတစ်ခု ထွက်ပေါ်လာပြီး ယဲ့ရှောင်ချန်း၏ အသိစိတ်နှင့် ပေါင်းစည်းသွားသည်။

ရုတ်တရက်ဆိုသလို ဖူဆန်သစ်ပင်၏ အချက်အလက်များ ပေါ်လာခဲ့လေပြီ။

All Chapters