← Chapters

အခန်း (၂၀၀) - ပုံစံကွက်

Vol. 14 Ch. 200

အခန်း (၂၀၀) - ပုံစံကွက်

Vol. 14 Ch. 200

အခန်း (၂၀၀) - ပုံစံကွက်

ယဲ့ရှောင်ချန်းသည် မျက်လုံးကို မှေးကျဉ်းလိုက်ပြီး ထျန်ရှန်းထဲက မှော်စွမ်းအင် ပုံဆောင်ခဲဖြင့် ဆက်သွယ်လိုက်သည်။

ပုံဆောင်ခဲ အက်ကွဲသွားပြီး မှော်စွမ်းအင်များ ထွက်လာသည်။

တစ်ချိန်တည်းမှာပင် ကောင်းကင်ဘုံမျက်လုံးဟာ သူ့အာရုံထဲတွင် ပေါ်လာသည်။

ချက်ချင်းဆိုသလို အပင်တန်ဖိုးဖြတ်နည်းလမ်း ပွင့်သွားခဲ့ပါသည်။

အင်မော်တယ်ပဲစေ့များအပေါ် အဖြူရောင် အလင်းတန်းဖြင့် ပစ်ခွင်းလိုက်သည်။ ချက်ချင်းဆိုသလိုပင် အင်မော်တယ်ပဲစေ့တစ်စေ့စီ၏ တန်ဖိုးဖြတ် အချက်အလက်များ ပေါ်လာခဲ့ပါသည်။

ယဲ့ရှောင်ချန်း ကြက်သေ သေသွားရပါသည်။ အဘယ်ကြောင့်ဆိုသော် အင်မော်တယ် ပဲစေ့ နှစ်မျိုး၏ စက်ဝိုင်းပုံစံကွက်မှာ ၁၀ ကွက်အထိ ရှိသွားပြီ ဖြစ်သောကြောင့်ပင်။

တစ်နည်းအားဖြင့် အဆင့်နိမ့်အရည်အသွေးကို ရောက်ရှိဖို့ ခြေတစ်လှမ်းသာလိုပါတော့သည်။

အစက သာမန်အခြေအနေများအောက်တွင် ပုံစံကွက် ၉ ကွက်က သာမန်ဖြစ်သည်။

သို့သော်လည်း အင်မော်တယ်မြေကွက် အားလုံးကို အဆင့် ၂ သို့ မြင့်တင်လိုက်သဖြင့် အင်မော်တယ်မြေကွက်အားလုံး၏ မြေသြဇါကောင်းမွန်မှုကို များစွာ တိုးမြင့်သွားစေခဲ့ပါသည်။

ထို့အပြင် အဆင့် ၂ သို့ မြင့်တင်လိုက်သော အင်မော်တယ်စမ်းရေကြောင့်လည်း အင်မော်တယ် ဝိညာဥ်စွမ်းအင်များက ပိုမို ကြွယ်ဝလာခဲ့ပါသည်။

ထို့အပြင် ယဲ့ရှောင်ချန်းက ရှန်းနုန်ကျင့်စဥ်များကို ကျင့်ကြံထားသည်။ မှော်စွမ်းအင်များကို စုစည်းပြီးနောက် အင်မော်တယ်အပင်များ၏ ကြီးထွားနှုန်းကို မြှင့်တင်ဖို့ ဖွံ့ဖြိုးခြင်း အနုပညာကို အသုံးပြုခဲ့သည်။ ထို့အပြင် အပင်များ နားထောင်ဖို့  အပင်ဝိညာဥ် တေးသွားကိုလည်း တီးမှုတ်ခဲ့ပါည်။

ထိုအချက်များအားလုံး ပေါင်းလိုက်သောအခါ အင်မော်တယ်ပဲစေ့နှစ်မျိုး၏ ပုံစံကွက် ၁၀ ကွက် ပါရှိသည့် ရလဒ် ထွက်ပေါ်လာခဲ့ပါသည်။

နောက်ထပ်တစ်လှမ်းလောက် လှမ်းလိုက်သည်နှင့် အဆင့်နိမ့် အင်မော်တယ်အပင်များ ဖြစ်လာပါလိမ့်မည်။

အမှန်ပင်။ ထိုခြေလှမ်းလေး တစ်လှမ်းမှာ လှမ်းဖို့ ခက်ခဲသည်ကိုတော့ ယဲ့ရှောင်ချန်း သိထားပါသည်။

တကယ် ခက်ခဲသည်။

အင်မော်တယ်စိုက်ပျိုးသူများစွာက ဒီအဆင့်တွင် ရပ်တန့်ခဲ့ကြရသည်။

သို့သော်လည်း ယဲ့ရှောင်ချန်းကတော့ သူ့အတွက် မခက်ခဲနိုင်ပါဘူးဟု ယုံကြည်ထားသည်။

သူက ရှန်းနုန်တစ်ယောက် ဖြစ်သောကြောင့်ပင်။

ရှန်းနုန်ပါရမီတည်ရှိမှုက သာမန် အင်မော်တယ် စိုက်ပျိုးသူများနှင့် ကွဲပြားခြားနားဖို့ ကံပါလာသည်ဟု ဆိုလိုခြင်းပင်။

ပုံစံကွက် ၁၀ ကွက်သို့ ရောက်ရှိခြင်းအပြင် အင်မော်တယ်ပဲစေ့နှစ်မျိုး၏ ထပ်တိုး သန့်စင်မှုနှင့် စိတ်ဝိညာဥ် ဂုဏ်သတ္တိများက ပထမမျိုးဆက် အင်မော်တယ်ပဲစေ့များထက် အမျာကြီး ပိုမြင့်ကြောင်း မြင်လိုက်ရပါသည်။

ခန့်မှန်းကြည့်ပြီးသောအခါ အဝါရောင် အင်မော်တယ်ပဲစေ့ ၈,၇၀၀ ကျော်နှင့် အနီရောင် အင်မော်တယ်ပဲစေ့ ၈,၁၀၀ ရှိသည်။

လောလောဆယ် အင်မော်တယ်ပဲစေ့များကို ရောင်းချဖို့ အစီအစဥ် မရှိသေးပါ။ အရင်ဆုံး သိုလှောင်ထားမည်ဖြစ်သည်။

အရင်တစ်ခေါက် ရိတ်သိမ်းထားသည့် အင်မော်တယ် မြက်ပင်များကိုလည်း ဂိုဒေါင်ထဲတွင် ထည့်ထားဆဲဖြစ်သည်။

တခြား အင်မော်တယ်အပင်များ ကြီးထွားလာဖို့ကို စောင့်နေဆဲ ဖြစ်ပါသည်။

သူ့ခန့်မှန်းချ်ကအရ တခြား အင်မော်တယ် စပါးပင်များ၊ အဝါရောင် အင်မော်တယ်ပဲပင် ၅၀နှင့် မုန်လာဥနှစ်မျိုးတို့မှာ အများဆုံး တစ်ပတ်အတွင်း ရင့်မှည့်ကြပါလိမ့်မည်။

ထို အင်မော်တယ်အပင်သုံးမျိုး ရင့်မှည့်သွားသောအခါ မဟာ လေလံပွဲကြီးတစ်ခု သူကျင်းပမည်။

ဒီလိုဆို လေလံပွဲအတွင်း အင်မော်တယ်အပင်အမျိုးအစားများ ပိုမိုများပြားလာပါလိမ့်မည်။

အင်မော်တယ်မြေကွက်များတွင်တော့ ဒုတိယမျိုးဆက် အင်မော်တယ်ပဲစေ့များကို စိုက်ပျိုးဖို့ စီစဥ်နေပါသည်။

ချက်ချင်း အင်မော်တယ်ပဲစေ့များကို သိမ်းလိုက်၏။

"ဟမ်း... ကိုယ်ရေးကိုယ်တာ အချက်အလက်ကို အရင်ကြည့်ရအောင်"

ယဲ့ရှောင်ချန်း ရှန်းနုန် စနစ်ကို ဆင့်ခေါ်ကာ သူ့အချက်အလက်များအား စစ်ဆေးကြည့်လိုက်၏။

ဇာတ်ကောင် : ယဲ့ရှောင်ချန်း

လုပ်ငန်း : ရှန်းနုန် ( အဆင့် ၂ )

ကျင့်ကြံခြင်း : အခြေခံအုတ်မြစ် တည်ဆောက်ခြင်း အဆင့် (စဦး)

ပါရမီများ :  စိတ်စွမ်းအင် + ၁၊ ထုတ်လုပ်မှု + ၁၊ အရည်အသွေး + ၁၊ ဖွံ့ဖြိုးနှုန်း + ၁၊ ကပ်ရောဂါ ခံနိုင်ရည် + ၁၊, အင်းဆက်ခံနိုင်ရည် + ၁၊ မျိုးကွဲခြင်း + ၁၊ ခွန်အားတိုးခြင်း + ၁၊ အဆိပ်ပြီးသောခန္ဓာကိုယ် + ၁၊ သန့်စင်မှု + ၁။

အင်မော်တယ်ယွမ် : ၂၈၅၁  အင်မော်တယ် ဝိညာဥ်ယွမ် ၆၇

အတွေ့အကြုံအမှတ် : ၁၂၆/၁၀၀၀

စနစ်အား အဆင့်မြှင့်တင်ပြီးကတည်းက အတွေ့အအကြုံအမှတ်များ ပြောင်းလဲသွားသည်။ အဆင့် ၃ သို့ ရောက်ချင်ပါက အတွေ့အကြုံအမှတ် ၁၀၀၀ လိုအပ်ပါသည်။

အဆင့် ၂ စနစ်တွင် မစ်ရှင်ဘောင်ကွက် ပေါ်လာကတည်းက အဆင့် ၃ စနစ်တွင် ပိုမိုကြီးမားသော ပြောင်းလဲမှုများ ရှိလာလိမ့်မည်ဟု သူယုံကြည်ထားပါသည်။

လွယ်ကူသော တာဝန်တော့မဟုတ်ပါ။

လက်ရှိလုပ်နိုင်စွမ်းနှင့်ဆို နှစ်အနည်းငယ်လောက် မကြာဘဲ အဆင့်မြှင့်တင်ဖို့ ခက်ခဲလှပါသည်။

သို့သော်လည်း သူအလျှင်မလိုပါ။

ထမင်းအား တစ်လုတ်ချင်း စားသင့်ပြီး လမ်းကိုလည်း တစ်လှမ်းချင်း လျှောက်သင့်ပါသည်။

အခုထိ စနစ်မစ်ရှင် ၂ ခုသာ အောင်မြင်သေးသည်။

ထို့အပြင် ဖန်တီးနေသည့် အဓိက မစ်ရှင်မှာလည်း ပေါ်မလာသေးပါ။ ဘယ်လို အဓိက မစ်ရှင်မျိုး ဖြစ်လာမလဲမသိပေ။

ယဲ့ရှောင်ချန်းတစ်ယောက် မျှော်လင့်နေမိပါသည်။

နောက်တစ်နေ့မနက်။

ယဲ့ရှောင်ချန်းက ယန်မြို့တော် အစိုးရ အဆောက်အအုံသို့ သွားခဲ့သည်။ ထိုနေရာတွင် ပြည်နယ်အစိုးရက လွှတ်လိုက်သည့် တာဝန်ခံအဖွဲ့နှင့် တွေ့ရမည်။

ထိုတာဝန်ခံအဖွဲ့၏ အဆင့်က မနိမ့်ပါ။ ခေါင်းဆောင်က ပြည်နယ်ပါတီကော်မတီ၏ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး လုပ်ပိုင်ခွင့်ရှိ လက်ထောက် မြို့တော်ဝန်မှာ ဝေကျစ်ရွှမ်ဖြစ်သည်။ တခြားအဖွဲ့ဝင်များကလည်း အနည်းဆုံး ဌာနခေါင်းဆောင်အဆင့်လောက်ရှိပါသည်။

ယန်မြို့တော်ခေါင်းဆောင် ကျန်းဟုန်ယဲ့နှင့် မြို့တော်ဝန်များ ရှိနေကြသည်။

ကျင်းကောင်တီမြို့အုပ် လျှိုရှန်းကျင်းပင် ကိုယ်တိုင် ရောက်လာသည်။

ဒီအစည်းအဝေးပွဲ၏ အဓိက ရည်ရွယ်ချက်က တရုတ်သိပ္ပံကျောင်းတော် သုတေသန အဖွဲ့အစည်း ကိုင်းခွဲတည်နေရာကို  ဆွေးနွေးဖို့ဖြစ်ပါသည်။

ပြည်နယ်အစိုးရက သုတေသန အဖွဲ့အစည်းကို ရှမြို့တော်တွင် ဆောက်ဖို့ မျှော်လင့်ထားသည်။

သို့သော် ယဲ့ရှောင်ချန်းက ယန်မြို့တော်က ဖြစ်သည်။

ထို့အပြင် ယန်မြို့တော်က တောင်ပိုင်းဒေသထဲတွင် ပါဝင်သည်။

ထို့ကြောင့် ပြည်နယ်အစိုးရက အာဏာအမိန့်များဖြင့် ဝင်ရောက်နှောင့်ယှက်လို့မရဘဲ  ယဲ့ရှောင်ချန်းအား အနှစ်ချုပ်အခြေအနေများ ဖြင့်သာ ဖျောင်းဖျနိုင်သည်။ ရှမြို့တော်ကို သူ ရွေးဖို့ မျှော်လင့်နေကြ၏။

ကံမကောင်းစွာဖြင့် ယန်မြို့တော်ကလည်း သဘောမတူဖို့ စိတ်ဆုံးဖြတ်ချက်ချထားသည်။

ဒီလိုပြဿနာမျိုးတွင် သူတို့ အရှုံးပေးမည်မဟုတ်ပေ။

နှစ်ဖက်လူများက အဆင့်မတူညီနေတောင်မှ အရှုံးမပေးပါ။

ပြဿနာက ယန်မြို့တော်တွင် အကြွင်းမဲ့ အားသာချက် ရှိနေခြင်းပင်။

ထို့အပြင် ယဲ့ရှောင်ချန်းက ယန်မြို့တော်ဘက်သို့ ယိမ်းယိုင်နေသည်။

ကျင်းကောင်တီမြို့မှ လျှိုရှန်းကျင်းက ထိုအချိန်တောအတွင်း စကားပြောခဲ့သော်လည်း ဘယ်သူကမှ သူ့ကို အရေးတယူ မလုပ်ခဲ့ပေ။

လျှိုရှန်းကျင်းက ယဲ့ရှောင်ချန်းကိုသာ ကြည့်ကြည့်နေသော်လည်း ယဲ့ရှောင်ချန်းက မမြင်ချင်ယောင် ဆောင်လိုက်ပါသည်။

ဒီမတိုင်ခင်က ကောင်တီမြို့မှာ ယဲ့ရှောင်ချန်းကို ဆက်သွယ်ပြီး ကောင်တီမြို့အတွက် စဥ်းစားပေးဖို့  မျှော်လင့်ခဲ့ကြ၏။

သို့သော် ယဲ့ရှောင်ချန်းက မပြတ်သားဘဲ အဖြေမပေးခဲ့ပါ။ ဘာပဲဖြစ်ဖြစ် သူက အချက်အချာ ကျသည့် လူတစ်ဦးဖြစ်ပြီး ဘယ်သူကမှ သူ့ကို မတိုက်ခိုက်ရဲပါ။

သုတေသန အဖွဲ့အစည်းအား ဆောက်လုပ် ပြီးစီးသွားသောအခါ သူ့အဆင့်အတန်းက ပို၍ပင် မြင့်တက်သွားဦးမည်။

ထို့ကြောင့် သူက လျှိုရှန်းကျင်းကို အရေးမစိုက်လည်း ဘာမှုစရာလဲ။ ဘယ်သူက သူ့ကို ပြဿနာ ရှာရဲမှာလဲ။

သုတေသန အဖွဲ့အစည်းတွင် သူ တာဝန်ရှိသူ ဖြစ်လာပါက သူ့အဆင့်က လျှိုရှန်းကျင်းအောက် မနိမ့်ကျနိုင်ပါ။

တရုတ််သိပ္ပံကျောင်းတော်က အစိုးရအဖွဲ့အစည်းဖြစ်ပြီး နည်းပညာအဆင့်များသာ ရှိသော်လည်း သုတေသန အဖွဲ့အစည်းက ဒါရိုက်တာမှာ အနည်းဆုံး ဌာနခေါင်းဆောာင် တစ်ဦးအဆင့် ရှိပါသည်။

သူက ဌာနခေါင်းဆောင် အဆင့်မရှိလျှင်တောင် တိုင်းအဆင့် ခေါင်းဆောင်တစ်ဦးအဆင့် အနည်းဆုံး ရှိနိုင်ပါသည်။

နောက်ဆုံးတွင်တော့ ယဲ့ရှောင်ချန်းကလည်း အငြှိုးထားတတ်သူဖြစ်ပါသည်။ အရင်တစ်ခေါက် လျှိုရှန်းကျင်းက အင်မော်တယ်စမ်းရေစားသောက်ဆိုင်အား လျှို့ဝှက် ကြံစည်ခဲ့ကာ ဒုက္ခပေးခဲ့သည်။ သူ့ရင်ထဲတွင် မှတ်မိနေဆဲဖြစ်ပါသည်။

လျှိုရှန်းကျင်း ဒါကိုမြင်သောအခါ သက်ပြင်းချလိုက်မိပါသည်။ ကျင်းကောင်တီတွင် သူအခွင့်အရေးမရှိတော့မှန်း သိလိုက်ရသည်။

ဒီလောက်ကောင်းသည့် အခွင့်အရေးက သူ့လက်အောက်မှ ဒီလိုမျိုး လွတ်ထွက်သွားခဲ့သည်။

အလွန်နောင်တရမိပါသည်။

အင်မော်တယ်စမ်းရေ စားသောက်ဆိုင်အား မသမာသည့်နည်းလမ်းများဖြင့် တိုက်ခိုက်ခဲ့ခြင်းကို နောင်တရသည်။

မဟုတ်ပါက သူ့ခံစားချက်နှင့် အကြောင်းပြချက်များကို သုံးကာ ဖျောင်းဖျနိုင်သည်။ သူအောင်မြင်ဖို့လည်း ဖြစ်နိုင်ပါသည်။

ကံမကောင်းစွာဖြင့် ဒီကမ္ဘာကြီးထဲတွင် နောင်တအတွက် ဆေးဝါးမရှိပါ။

"လေးစားရသော ခေါင်းဆောင်တို့။ ကျွန်တတော့်ရဲ့ သဘောထားကို ပြောပြပါရစေ။ တကယ်တော့ အလုပ်အတွက် ကျွန်တော့်ရဲ့ တောင်းဆိုချက်က ရိုးရိုးလေးပါပဲ။ အလုပ်ကို အလောတကြီး သွားစရာ မလိုအောင် ကောင်းကောင်း အိပ်စက်အနားယူနိုင်ဖို့ပါ။ ကျွန်တော် အလုပ်သွားရင် ဘယ်သူမှ မနှောင့်ယှက်ဘဲ ကျွန်တော် အနားယူချင်တိုင်းလည်း အနားယူနိုင်တာမျိုးပေါ့။ အိမ်နဲ့နီးပြီး အိမ်ပြန်ရောက်ရင် ကျွန်တော့်မိသားစုက ချက်ပြုတ်ပေးထားတဲ့ နွေးနွေးထွေးထွေး အစားအသောက်တွေစားနိုင်ဖို့ပါ။ ကျွန်တော်လိုအပ်တာ ဒီလောက်ပါပဲ။"

ယဲ့ရှောင်ချန်း ချောင်းဟပ်လိုက်ပြီး သူ့အတွေးထဲက စကားလုံးများကို ထုတ်ပြောလိုက်သည်။ တောင်းဆိုချက်က ရိုးရှင်းတယ် မဟုတ်လား။ အားလုံး ချက်ချင်း တိတ်ဆိတ်သွားကြသည်။

အားလုံးက ယဲ့ရှောင်ချန်းကို ထူးဆန်းစွာ ကြည့်လိုက်သည်။

အကုန်လုံး ရင်ထဲတွင် ကျိန်ဆဲနေကြ၏။ "ကမ္ဘာပေါ်မှာ ဒီလောက်ကောင်းတဲ့ အလုပ်မျိုးသာ ရှိရင် ငါတို့သေချာပေါက်လုကြမှာပဲ။"

တာဝန်ခံအဖွဲ့ထဲက လူများ တစ်ယောက်ကို တစ်ယောက် ကူကယ်ရာမဲ့စွာ ကြည့်လိုက်ကြသည်။ ယဲ့ရှောင်ချန်း၏ သဘောထားက ရှင်းလင်းနေပြီကို သိလိုက်ရပါသည်။

သူတို့ ကြိုးစား ဖျောင်းဖျရင်တောင် အလုပ်မဖြစ်နိုင်ပါ။

ယဲ့ရှောင်ချန်း၏ အဆင့်အတန်းက ထူးခြားလွန်းလှသည်။ သူ့ကို အစားမထိုးနိုင်လောက်အောင် အစွမ်းအစရှိသည်။

ယဲ့ရှောင်ချန်း မရှိပါက သုတေသန အဖွဲ့အစည်းလည်း ရှိလာမည်မဟုတ်ပေ။

ယဲ့ရှောင်ချန်းက တောင်ပိုင်းဒေသ သိပ္ပံသုတသန ပညာအား မကြုံစဖူး အထောက်အကူပြုခဲ့သည်ဟု ဆိုနိုင်ပါသည်။

သူတို့အာဏာကိုသုံးပြီး မဖိနှိပ်နိုင်ရုံသာ မကဘဲ သူ့ကို သေသေချာချာပါ ကာကွယ်ပေးနေရသည်။

တာဝန်ခံအဖွဲ့ ပြန်သွားကြ၏။

သုတေသန အဖွဲ့အစည်းတည်နေရာကိစ္စကိုတော့ ဆုံးဖြတ်ပြီးသား ဖြစ်ပါသည်။

ယန်မြို့တော်ခေါင်းဆောင်များ နောက်ဆုံးတော့ စိတ်အေးစွာ သက်ပြင်းချနိုင်ပါပြီ။ ချက်ချင်း သူတို့ ပျော်ရွှင်သွားကြ၏။

သုတေသန အဖွဲ့အစည်းမှာ နောက်ဆုံးတော့ ယန်မြို့တော်တွင် အခြေကျသွားပြီ ဖြစ်သည်။

ထို့နောက် သုတေသန အဖွဲ့အစည်းတည်ဆောက်မှုကို အားလုံး အားကုန်ထုတ် ကြိုးစားကြမည်ဖြစ်ပါသည်။

မြို့တော်အစိုးရက မြေနေရာ၊ ဆောက်လုပ်ရေး၊ ရန်ပုံငွေ၊ ဝန်ထမ်းများ အစရှိသည်တို့အတွက် တာဝန်ရှိသည်။

ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သော်လည်း တရုတ်သိပ္ပံကျောင်းတော်က နည်းပညာနှင့် သုတေသန ပညာရှင်များကိုသာ ထောက်ပံ့ပေးမည်ဖြစ်ပါသည်။

ငွေကြေးကိုတော့ တစ်ပြားမှ ထုတ်ပေးမည် မဟုတ်ပေ။ သုတေသနပညာရှင်များ၏ လစာများကိုတောင် မြို့တော်အစိုးရက ပေးရမည်ဖြစ်ပါသည်။

နောက်ဆုံးတွင်တော့ ဒါတွေအားလုံးက တရုတ်သိပ္ပံကျောင်းတော်၏ ဖွံ့ဖြိုးမှုနှင့် တိုးချဲ့မှုအတွက် ဗျူဟာကြီးတစ်ခုသာဖြစ်ပါသည်။ ဘာပဲဖြစ်ဖြစ် ဗဟိုအစိုးရက ထောက်ပံ့ငွေမှာ အကန့်အသတ်ရှိပါသည်။

ပိုအရေးကြီးသည်က ၎င်းတို့၏ ဝင်ငွေကို တိုးမြှင့်ပြီး အသုံးစရိတ်ကို လျှော့ချပေးရမည်ဖြစ်သည်။

တရုတ်သိပ္ပံကျောင်းတော်က ကျယ်ပြန့်သော အဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။ ၎င်း၏ လက်အောက်တွင် ကုမ္ပဏီကြီးများနှင့် ပါတနာများစွာရှိသည်။ ၎င်းတို့က ရန်ပုံငွေများစွာကို ထောက်ပံ့ပြီး တရုတ်သိပ္ပံကျောင်းတော်၏ သုတေသန လုပ်ငန်းများကို ဆက််တိုက် ထောက်ပံ့ခဲ့ပါသည်။

အပင်အသိစိတ်အတွက် ယန်မြို့တော် သုတေသန အဖွဲ့အစည်း တည်ဆောက်ပြီးသွားသောအခါ သုတေသန ရလဒ်များ ထွက်လာပါက တရုတ်သိပ္ပံကျောင်းတော်တွင် မူပိုင်ခွင့်မျိုးစုံ ရှိပါလိမ့်မည်။

တခြားကုမ္ပဏီများက ထိုနည်းပညာကို အသုံးချချင်ပါက မူပိုင်ခွင့်နှင့် အစုပေါ်အမြတ်များအတွက် များစွာ ပေးရမည်။

ဒီနည်းပညာ၏ ဗဟိုချက်ဖြစ်သော ယဲ့ရှောင်ချန်းကတော့ အမြတ်များ၏။ အလွန်မြင့်သော ရာခိုင်နှုန်းကို ရရှိမည်ဖြစ်သည်။

အမြတ်ရာခိုင်နှုန်း အတိအကျကိုတော့ စာချုပ်ဘယ်လို ရေးဆွဲထားသလဲအပေါ်မှာသာ မူတည်ပါသည်။

ပြောရမည်ဆိုလျှင် နည်းပညာပိုမြင့်လေလေ ရာခိုင်နှုန်း ပိုမြင့်လေလေဖြစ်ပါသည်။

ဥပမာအားဖြင့် ပညာရှင်တစ်ယောက်က အမြတ်ငွေများ၏ အမြင့်ဆုံး ရာခိုင်နှုန်းကို ရရှိမည်။

ထို့ကြောင့် ပညာရှင်တစ်ယောက် ပညာရှင်အဆင့်သို့ ရောက်သွားပါက လက်တွေ့ကျသည့် နည်းပညာ ရလဒ်များ ရှိနေလျှင် ငွေရှားပါးမည်မဟုတ်ပါ။ အားလုံးက ချမ်းသာကြပြီး ဘီလီလျံများ ဖြစ်ကြသည်။

All Chapters