အခန်း (၂၀၂) - ပဲစေ့စစ်သည်တော်များကို သန့်စင်ခြင်း
Vol. 14 Ch. 202
အခန်း (၂၀၂) - ပဲစေ့စစ်သည်တော်များကို သန့်စင်ခြင်း
မှော်ကျင့်စဥ်ကို မကျင့်ကြံခင် ယဲ့ရှောင်ချန်းမှာ လုပ်စရာ တစ်ခု ရှိပါသေးသည်။ ၎င်းမှာ စိုက်ပျိုးရေး ခြံတစ်ခုလုံးတွင် လွင့်ပျံနေသည့် အင်မော်တယ် ရောင်ဝါများကို စုဆောင်းဖို့ ဝိညာဥ်စုစည်း အခင်းအကျင်းကို ခင်းကျင်းဖို့ပင် ဖြစ်သည်။
ဝိညာဥ်စုစည်း အခင်းအကျင်းကို သူ ထုတ်ယူလိုက်သည်။ ဝိညာဉ်စုစည်း အခင်းအကျင်းက ပတ်လည်တစ်ပေလောက် ရှည်သည်။ ဘယ်လို ကုန်ကြမ်းမျိုးဖြင့် ပြုလုပ်ထားသလဲ မသိသော်လည်း ထူးဆန်းသည့် ပုံစံကွက်များဖြင့် သိပ်သိပ်သည်းသည်း ဖုံးလွှမ်းနေပြီး အင်မော်တယ် မှော်သင်္ကေတများ၊ အဆောင် အမှတ်အသားများဖြင့် ပြည့်နှက်နေပါသည်။
အလယ်ဗဟိုတွင် အင်မော်တယ်ကျောက် ထည့်စရာ အပေါက်တစ်ခု ရှိ၏။
အင်မော်တယ်ကျောက်များထည့်ဖို့ အထူးအသုံးပြုခြင်းဖြစ်ပါသည်။
မီးအမျိုးအစား အင်မော်တယ်ကျောက်အား ကွဲထွက် ဝိညာဥ် စုစည်း အခင်းအကျင်းထဲတွင် အသုံးပြုလိုက်သည်။
လက်ထဲတွင် တခြားအင်မော်တယ်ကျောက် မရှိပါ။ စတိုးဆိုင်ထဲတွင် အင်မော်တယ်ကျောက်များကို ဝယ်ယူနိုင်သော်လည်း အလွန်အမင်း စျေးကြီးပါသည်။
အဆင့်နိမ့် ဝိညာဥ်ကျောက်များကိုသာ ရွေးချယ်နိုင်သည်။ သို့သော် ၎င်းတို့ကလည်း စျေးမပေါပါ။ အင်မော်တယ်ကျောက် ကုန်ဆုံးမှုက မြန်ဆန်လွန်းပြီ ဒီလောက် အင်မော်တယ်ငွေပမာဏကို အသုံးပြုဖို့ သူတွန့်တိုနေပါသည်။
ရွေးစရာ မရှိတော့ပါ။ လက်ရှိ သူ့ကျင့်ကြံခြင်းက နိမ့်ကျလွန်းနေပြီး မှော်စွမ်းအင်များကိုသာ အားကိုးနေပါက ကြာကြာမခံနိုင်ပါ။
ထို့အပြင် မှော်ကျင့်စဥ်ကို ကျင့်ကြံတော့မည်ဖြစ်သဖြင့် အမှားအယွင်း သေးသေးလေး တစ်ခုတောင် ဖြစ်လို့မရပေ။
ထို့ကြောင့် အင်မော်တယ်ယွမ် ရာကျော်သုံးကာ ဝိညာဥ်ကျောက်တစ်လုံးကို ဝယ်ခဲ့ပါသည်။
ဝိညာဥ်ကျောက်ကို ထုတ်လိုက်၏။ ဆန်စေ့ တစ်စေ့ အရွယ်လောက်သာရှိသည်။ သလင်းကျောက်လေးလို လက်ရာမြောက်ပြီး အလင်းပေါက်ထွင်းမြင်နိုင်သည်။ သို့သော်လည်း အင်မော်တယ်ကျောက်လောက်တော့ မတောက်ပပေ။
ဝိညာဥ်ကျောက်ကို အပေါက်ထဲထည့်လိုက်ပြီး ဝိညာဥ်စုစည်း အခင်းအကျင်းကို ဖွင့်လိုက်သည်။ ဝိညာဥ်စုစည်း အခင်းအကျင်းတစ်ခု ပေါ်လာပြီး လေထဲက လွတ်ထွက်နေသည့် အင်မော်တယ် ရောင်ဝါများကို ဆက်တိုက် စုစည်းနေပါသည်။
မှော်ကျင့်စဥ်ကို ကျင့်ကြံနေစဥ် အင်မော်တယ် ရောင်ဝါများ၏ အကူအညီကို လိုအပ်နိုင်သည်။
ဒီလောက်နှင့် မလုံလောက်သေးပါ။
ယဲ့ရှောင်ချန်းတစ်ယောက် ဒီတောအတွင်း စုစည်းထားသည့် အင်မော်တယ် ရောင်ဝါများနှင့် အင်မော်တယ်စမ်းရေ ပုံးများစွာတို့ကို ဝိညာဥ်စုစည်း အခင်းအကျင်းထဲသို့ လောင်းထည့်ခဲ့သည်။
ဒီလိုနှင့် လွတ်ထွက်သွားသည့် အင်မော်တယ် ရောင်ဝါများကို ဝိညာဥ်စုစည်း အခင်းအကျင်းက ချက်ချင်း ပြန်လည် ချုပ်နှောင်ပြီး ဆုံးရှုံးသွားစေမည်မဟုတ်ပါ။
ယခုအခါ ယဲ့ရှောင်ချန်းတစ်ယောက် စတင် ကျင့်ကြံနေပြီ ဖြစ်သဖြင့် အင်မော်တယ် ရောင်ဝါများစွာကြောင့် အဆိပ်သင့်မည်ကို စိတ်ပူစရာမလိုတော့ပေ။
ဝိညာဥ်စုစည်း အခင်းအကျင်းထဲ ရောက်နေတာတောင် သူ့ခန္ဓာကိုယ်တစ်ခုလုံးက သက်တောင့်သက်သာ ရှိနေသည်။ သူအသက်ရှူလိုက်သောအခါ သူ့ခန္ဓာကိုယ်တစ်ခုထဲသို့ အေးမြသော ခံစားချက်တစ်ခုက စိမ့်ဝင်လာသည်ကို ခံစားနေရပါသည်။
ယဲ့ရှောင်ချန်းသည် အဝါရောင် အင်မော်တယ်ပဲစေ့ တစ်စေ့ကို ထုတ်ယူလိုက်သည်။
အဝါရောင် အင်မော်တယ်ပဲစေ့ကို အလျင်စလို စိုက်ပျိုးလို့မဖြစ်ပါ။ မဟုတ်ပါက အပင်အသိစိတ် နိုးထလာသောအခါ ပဲစေ့စစ်သည်တော်တစ်ဦးအဖြစ် မဖန်တီးနိုင်တော့ပေ။
အဝါရောင် အင်မော်တယ်ပဲစေ့ကို အခင်းအကျင်းအလယ်ရှိ အပေါက်ထဲသို့ ထည့်လိုက်၏။
တစ်စေ့တည်း ထည့်ရသည့် အကြောင်းအရင်းက စမ်းသပ်ကြည့်ဖို့ဖြစ်ပါသည်။ ပဲစေ့တွေ အများကြီး ထည့်ပြီး မအောင်မြင်ပါက နှမြောစရာ ကောင်းလိမ့်မည်။
ထို့အပြင် သူ့အစွမ်းအစနှင့်ဆို တစ်စေ့သာ ဖန်တီးနိုင်လောက်သည်။
အားလုံး အသင့်ဖြစ်သွားသောအခါ ယဲ့ရှောင်ချန်း ပဲစေ့စစ်သည်တော် ဖန်တီးခြင်း မှော်ကျင့်စဥ် စာရွက်ကို ထုတ်လိုက်ပြီး ခေါက်ထားသည်ကို ဖြည်လိုက်သည်။
တိရိစ္ဆာန်သားရေ စာရွက်၏ အလယ်တွင် ထူးဆန်းသည့် ပုံရိပ်တစ်ခု ရှိနေပါသည်။
ထိုပုံရိပ်က မှော်ကျင့်စဥ်၏ ဗဟိုအဆောင်ဖြစ်မှန်း သူသိသည်။
ထိုအဆောင်ကို ကျွမ်းကျင်နိုင်မှသာ ပဲစေ့စစ်သည်တော်များ ဖန်တီးနိုင်မည်ဖြစ်သည်။
ထိုပုံရိပ်ကို မြင်ပြီးသွားသောအခါ အကောင်းဆုံး ကြိုးစားပြီး ပုံရိပ်ဖော်ကြည့်သည်။ သူ့မှော်စွမ်းအင်ကို လှည့်ပတ်ပြီး ရုတ်တရက် သူ့မျက်ခုံးအလယ်နေရာသို့ အာရုံစုစည်းလိုက်သည်။
ယဲ့ရှောင်ချန်းသည် သူ့မျက်လုံးများကို ပိတ်လိုက်၏။ သူ့နဖူးပေါ်မှ ချွေးစက်များ ကျဆင်းလာသည်။
ဒီအဆောင်ကို ပုံရိပ်ဖော်ပြီး ဝိညာဥ်စွမ်းအင်ဖြင့် တည်ဆောက်ဖို့က အလွန်အမင်း ခက်ခဲလှပါသည်။
ဒီအချိန်တိုအတွင်း သူ့မှာ အချိန်အားတိုင်း ထိုအဆောင်ကို ကြိုးစားပြီး ပုံရိပ်ဖော်ကြည့်ချင်ခဲ့သည်။ သို့သော် စွန့်စားရာ ကျလွန်းသဖြင့် မှော်စွမ်းအင်ကို သုံးပြီး မတည်ဆောက်ခဲ့ဖူးပါ။ အဆောင်ကို သယ်ဆောင်ဖို့ သယ်ဆောင်သူ မရှိလျှင် အလွန်အန္တရာယ်များပြီး သူ့ဝိညာဥ် အသိစိတ်ကို ထိခိုက်စေနိုင်သည်။
ရုတ်တရက် ယဲ့ရှောင်ချန်း၏ ခန္ဓာကိုယ် လှုပ်ခါသွားသည်။ သူ့လက်ချောင်းများကို အတူတူ ဆိတ်လိုက်ပြီး ထူးဆန်းသည့် အဖြူရောင် အလင်းများက လက်ချောင်းထိပ်တွင် လည်ပတ်လာကြကာ ထူးဆန်းသည့် လှိုင်းတစ်ခုကို ထုတ်လွှင့်နေ၏။
ချွေးများက သူ့နှာခေါင်းထိပ်တွင် စုစည်းကာ တစ်တောက်တောက် ကျနေပြီဖြစ်ပါသည်။
မျက်လုံးကို ဖွင့်လိုက်ပြီး ရုတ်တရက် အဝါရောင် အင်မော်တယ်ပဲစေ့ကို လက်ချောင်းဖြင့် ထိုးလိုက်သည်။
တချိန်တည်းမှာပင် တခြားလက်တစ်ဖက်က ချိပ်ပိတ်မှုတစ်ခုကို ဆောင်ရွက်နေသည်။ မှော်စွမ်းအင် လှိုင်းစများ ထွက်လာသည်။ ဒီလို ကျဥ်းမြောင်းသည့် နေရာတွင် ပင့်ကူအိမ်များ ပျံ့နှံ့ဝင်ရောက်လာသလိုပင်။။
ချက်ချင်းဆိုသလို မန္တန်စင်မြင့်၊ တံဆိပ်တုံးအားလုံး လှုပ်ခါသွားပြီး အေးစက်သည့် ရောင်ဝါတစ်ခု ထုတ်လွှင့်လိုက်သည်။
ဒါတင်မကသေးဘဲ အခင်းအကျင်း စင်မြင့်ပေါ်မှ ဖျော့တော့တော့ မြူခိုးအလွှာတစ်ခု စိမ့်ထွက်လာသည်။ ဒါက ယင်မြစ်က ရေဖြစ်ပြီး မှော်စွမ်းအင်ကြောင့် မြူအဖြစ် ပြောင်းလဲကာ လေထဲ ပျံ့နှံ့လာခြင်း ဖြစ်သည်။
တောက်လောင်နေသည့် စုန်းမီးတောက်လည်း ခုန်ကာ တောက်ပသွားသည်။
ချက်ချင်း ယင်စွမ်းအင်ငါးမျိုး နှင့် ဒြပ်စင် ငါးမျိုးထောက်ပံ့ပစ္စည်းတို့ အချင်းချင်း ဖြည့်စွက်ကြကာ အင်မော်တယ်ပဲစေ့အား လွှမ်းခြုံသွားသည့် ထူးဆန်းသည့် စက်ကွင်းတစ်ခုကို ဖန်တီးလိုက်သည်။
ယဲ့ရှောင်ချန်း အဝါရောင် အင်မော်တယ်ပဲစေ့အား လက်ညှိုးထိုးလိုက်သောအခါ ခပ်ဖျော့ဖျော့ အဖြူရောင် အလင်းတစ်ခု စိမ့်ဝင်သွား၏။
ထူးဆန်းသည့် စက်ကွင်း၏ လွှမ်းမိုးမှုအောက်တွင် အဝါရောင်အင်မော်တယ်ပဲစေ့၏ ဂုဏ်သတ္တိများ ပွင့်လာခဲ့ပါသည်။ ရုတ်တရက် ဖျော့တော့တော့ အဖြူရောင်အလင်းက အဝါရောင်အင်မော်တယ်ပဲစေ့အတွင်း အလွန်နှေးကွေးသော နှုန်းဖြင့် စိမ့်ဝင်သွားသည်။
အသက်ကို အကြိမ်ပေါင်းများစွာ ရှူရှိုက်ပြီးသွားသောအခါ အဖြူရောင်အလင်းများက အဝါရောင် အင်မော်တယ်ပဲစေ့နှင့် လုံးဝပေါင်းစပ်သွားပြီ ဖြစ်သည်။
ယဲ့ရှောင်ချန်း၏ မျက်နှာက ဖြူဖတ်ဖြူရော်ဖြစ်လာပြီး သူ့လက်ချောင်းများလည်း တုန်ရီလာသည်။
အားကုန်မှုက ကြမ်းလွန်းသည်။
ထျန်ရှန်းထဲက မှော်စွမ်းအင် ပုံဆောင်ခဲလည်း ကုန်လုနီးပါးဖြစ်နေသည်ကို ခံစားလိုက်ရသည်။
ဝိညာဥ်စုစည်း အခင်းအကျင်း၏ အင်မော်တယ် ဝိညာဥ်စွမ်းအင် ကြွယ်ဝမှုကြောင့် မှော်စွမ်းင်ကို အမြန် ပြန်ပြည့်ဝစေပါသည်။
အင်မော်တယ် ဝိညာဥ်စွမ်းအင်ကို စုပ်ယူခြင်းက ရှန်းနုန် မှော်စွမ်းအင်ကို ပြန်လည်ပြည့်ဝစေပါသည်။ သို့သော် သူ့ကျင့်ကြံခြင်းကို တိုးတက်စေချင်ပါက အင်မော်တယ်မြက်ပင် စွမ်အင်ကို စုပ်ယူရမည်ဖြစ်သည်။
"ဟင်းဟင်း ကြည့်ရတာ ငါ့ပါရမီက ဘယ်ဆိုးလို့လဲ။ ပထမဆုံး ကြိုးစားမှုမှာပဲ အောင်မြင်သွားတယ်။"
အဝါရောင် အင်မော်တယ်ပဲစေ့မျက်နှာပြင်က ပုံမှန်လိုမဟုန်ဘဲ ထူးဆန်းသည့် အဆင်းများဖြင့် ဖုံးလွှမ်းနေပြီဖြစ်ကြောင်းကို ယဲ့ရှောင်ချန်း မြင်လိုက်ရပါသည်။
အခုတောာ့ အဝါရောင်အင်မော်တယ်ပဲစေ့၏ ဝိညာဥ်ဂုဏ်သတ္တိများ လုံးဝ နိုးကြားလာပြီ ဖြစ်ပါသည်။
ထိုမျှသာမကသေးဘဲ အဝါရောင် အင်မော်တယ်ပဲစေ့ထဲက အပင်အသိစိတ်ကလည်း မှော်ကျင့်စဥ်၏ ဗဟိုအဆောင်ကြောင့် ပျံ့နှံ့သွားပြီဖြစ်သည်။ အင်မော်တယ်ပဲစေ့ လုပ်ဆောင်ချက်များကို ဗဟိုအဆောင်က ဦးဆောင်ပါလိမ့်မည်။
ထိုအဆင်းများက ဗဟိုအဆောင်၏ ပြင်ပ ပုံရိပ်များဖြစ်သည်။
ယဲ့ရှောင်ချန်း အင်မော်တယ်ပဲစေ့အား ကောက်ယူလိုက်၏။ စဥ်းစားလိုက်ရုံဖြင့် အင်မော်တယ်ပဲစေ့ထဲက ဗဟိုအဆောင်ကို အာရုံခံနိုင်ပါသည်။
အပင်အသိစိတ်ကိုတော့ မတွေ့ရတော့ပေ။
အစက အပင်အသိစိတ် မရှိပါက အင်မော်တယ်ပဲစေ့၏ အသက်စွမ်းအင် လုံးဝ ပျောက်ကွယ်သွားလိမ့်မည်ဟု ဆိုလိုခြင်ဖြစ်သည်။ သို့သော် ဒီ အင်မော်တယ်ပဲစေ့ကတော့ သေမသွားပါ။ ၎င်း၏ အသက်စွမ်းအင်အား ပြီးပြည့်စုံစွာ ထိန်းသိမ်းထားနိုင်ပါသည်။
အမှန်ပင်။ ဒီနေရာတွင် အင်မော်တယ်ပဲစေ့ကို စိုက်ပျိုးဖို့ မဖြစ်နိုင်တော့ပါ။
အဘယ့်ကြောင့်ဆိုသော် အင်မော်တယ်ပဲစေ့က မျိုးစေ့တစ်ခုမဟုတ်တော့ဘဲ။ မှော်လက်နက်ဟုပင် ခေါ်ဆိုနိုင်ပြီဖြစ်သောကြောင့် ဖြစ်သည်။
"နောက်တစ်ခါ ဒီအင်မော်တယ်ပဲစေ့ကို သုံးပြီး ယင်ဝိညာဉ်ကို ဆင့်ခေါ်ပြီး တွဲကပ်ရမယ်။"
ယဲ့ရှောင်ချန်း မျက်လုံးများ အလွန်တောက်ပနေပါသည်။
မှော်ကျင့်စဥ်အား သုံးပိုင်းခွဲခြားထာသည်။ ပထမအပိုင်းက အင်မော်တယ်ပဲစေ့ထဲသို့ ဗဟိုအဆောင်ကို ထည့်သွင်းဖို့ ဖြစ်သည်။ ဒုတိယအပိုင်းက ပဲစေ့တွင် တွယ်ကပ်ဖို့ ယင်ဝိညာဉ်အား ဆင့်ခေါ်ရန် ဖြစ်သည်။ တတိယအပိုင်းကတော့ ကိုယ်ပိုင်အမှတ်အသားဖြင့် တံဆိပ်ခတ်ဖို့ဖြစ်၏။
မတူညီသော အင်မော်တယ်ပဲစေ့အဆင့်များက မတူညီသော ယင်ဝိညာဥ်အဆင့်များကို ဆင့်ခေါ်နိုင်ပါသည်။
ယဲ့ရှောင်ချန်း ဖန်တီးထားသည့် အင်မော်တယ်ပဲစေ့ကတော့ သေချာပေါက် အားမကောင်းနိုင်ပေ။
သူ ဘယ်လောက် အားကောင်းသည့် ယင်ဝိညာဉ်ကို ဆင့်ခေါ်နိုင်မလဲ မသိပါ။
ထိုယင်ဝိညာဉ်ဟူသည်မှာ လူတစ်ဦး၏ ဝိညာဥ် မဟုတ်ပေ။ လူတစ်ယောက် သေဆုံးသွားသောအခါ ဝိညာဥ်က ပျံ့ထွက်သွား၏။ ဆက်လက်တည်ရှိနေဖို့ မဖြစ်နိုင်ပေ။
သို့သော်လည်း ယင်ဝိညာဉ်ဆိုသည်မှာာ အထူးအခြေအနေတချို့အောက်တွင် စုစည်းထားသည့် စွမ်းအင်ကိုယ်ထည်တစ်ခု ဖြစ်၏။
ထိုစွမ်းအင်ကိုယ်ထည်များက နေရောင်အောက်တွင် လုံးဝပေါ်မလာနိုင်ပါ။ သို့မဟုတ် ကမ္ဘာ့မြေပြင်ပေါ်တွင် လုံးဝ မပေါ်လာနိုင်ပါ။
ထို့ကြောင့် ကမ္ဘာပေါ်တွင် ယင်ဝိညာဉ်ရာဇဝင်များစွာရှိသည်။ ၎င်းတို့နှင့် ဆုံတွေ့ဖူးသည့်လူ အနည်းငယ်သာ ရှိသည်။ ထို့ကြောင့်သာဖြစ်ပါသည်။
ထို့ကြောင့် မိစ္ဆာများ၏ အထူးနယ်မြေဖြစ်သည့် မြေအောက်ကမ္ဘာတွင်သာ ယင်ဝိညာဉ်များ တည်ရှိနိုင်သည်။
ထိုယင်ဝိညာဉ်များကို သန့်စင်ထားသည့် ပဲစေ့ဖြင့် ဆင့်ခေါ်နိုင်၏။
ယင်ဝိညာဉ်များတွင် အသိဉာဏ်မရှိသော်လည်း ဝိညာဥ်များဖြင့် ဆက်သွယ်နိုင်စွမ်း ရှိပါသည်။ ထို့ကြောင့် စိတ်ဝိညာဥ်ရှိသည့် အင်မော်တယ်ပဲစေ့တစ်စေ့က ယင်ဝိညာဉ်များအား အလွန်ဆွဲဆောင်နိုင်သည်။
ယဲ့ရှောင်ချန်း သန့်စင်ထားသော အင်မော်တယ်ပဲစေ့ကို သိမ်းဆည်းလိုက်ပါသည်။
ဒီစိုက်ပျိုးရေးခြံတွင် ယင်ဝိညာဥ်များကို မဆင့်ခေါ်နိုင်ပေ။ ခြံစည်းရိုးများကြောင့် ဖြစ်တည်နေသည့် အကာအရံတစ်ခုတည်းဖြင့်ပင် ယင်ဝိညာဥ်အားလုံးကို တားဆီးနိုင်ပါသည်။
ယဲ့ရှောင်ချန်းက သူ့ပစ္စည်းများကို စနစ်တကျ သိမ်းလိုက်သည်။ အခင်းအကျင်း စားပွဲများ၊ ကျင့်စဥ်စာရွက်များ စသည်တို့ကို သိုလှောင်နေရာကွက်ထဲသို့ ပြန်ထည့်ထားလိုက်သည်။ ထို့နောက် ဝိညာဥ်စုစည်းအခင်းအကျင်းကို သိမ်းကာ အပြင်ထွက်လာခဲ့သည်။
ယင်ဝိညာဉ်များကို ဆင့်ခေါ်ဖို့ မိစ္ဆာနေရာတစ်ခု ရှာရန် ညဘက်တွင် အပြင်ထွက်ရပါလိမ့်မည်။