← Chapters

အခန်း (၂၀၄) - အင်မော်တယ်အပင်သစ်များ

Vol. 14 Ch. 204

အခန်း (၂၀၄) - အင်မော်တယ်အပင်သစ်များ

Vol. 14 Ch. 204

အခန်း (၂၀၄) - အင်မော်တယ်အပင်သစ်များ

စိုက်ပျိုးရေးခြံသို့ ပြန်ရောက်သောအခါ။

ယဲ့ရှောင်ချန်း အင်မော်တယ်ပဲစေ့ကို ထုတ်လိုက်ပြီး ပဲစေ့စစ်သည်တော်နည်းလမ်းကိုသုံးကာ လူထွားကြီးတစ်ယောက်အဖြစ် အသွင်ပြောင်းလိုက်၏။

လူထွားကြီးမှာ ကိုယ်လုံးတီး မဟုတ်တော့ပေ။ ထို့အစား အပြင်ဘက်တွင် အဝတ်အစားတချို့ ဝတ်ဆင်ထားပြီး ရွှေ့ပြောင်းအလုပ်သမားတစ်ယောက်နှင့်တူနေသည်။

သို့သော် သူ့ထင်ရှားသည့် အရှိန်အဝါကတော့ လျစ်လျူရှုဖို့ ခက်ခဲပါသည်။

အမှန်ပင်။ ထိုအဝတ်အစားများမှာ အမှန်တကယ် ဝတ်ဆင်ထားခြင်း မဟုတ်ဘဲ ပုံရိပ်ယောင်သက်သက်သာ ဖြစ်ပါသည်။

ယဲ့ရှောင်ချန်း ပဲစေ့စစ်သည်တော်ကို ခေါ်လာကာ စိုက်ပျိုးရေးခြံတွင် စတင်အလုပ်လုပ်ခိုင်းတော့သည်။

ဥပမာ ပေါင်းနှုတ်ခြင်း၊ မြေဆွခြင်းနှင့် ဟင်းသီးဟင်းရွက်များ ခူးဆွတ်ခြင်းတို့ကို ဖြစ်သည်။

ယဲ့ရှောင်ချန်း ဘာပဲလုပ်လုပ် ပဲစေ့စစ်သည်တော်က လိုက်လုပ်သည်။ အစကတော့ သူ့ခွန်အားကို မထိန်းချုပ်နိုင်သေးပေ။

ယဲ့ရှောင်ချန်း သူ့ကို စိတ်ရှည်စွာ သင်ကြားပေးပြီးသည့်နောက် ပဲစေ့စစ်သည်တော်က အလျင်အမြန် သင်ယူတတ်မြောက်ကာ ကျွမ်းကျင်အလုပ်သမားတစ်ဦး ဖြစ်လာခဲ့ပါသည်။

ဒါက ပဲစေ့စစ်သည်တော်၏ ခွန်အားပဲ ဖြစ်သည်။ သူကျွမ်းကျင်သွားသည်နှင့် ဗီဇတစ်ခုလို ဖြစ်လာပေမည်။ သူ့လှုပ်ရှားမှုတိုင်းက ပေတံနှင့် တိုင်းတာထားသလို တိကျနေပါလိမ့်မည်။

အလုပ်များကို ပဲစေ့စစ်သည်တော်အား သင်ကြားပေးပြီးနောက် ယဲ့ရှောင်ချန်း ဘေးဘက်မှ ကြည့်နေသည်။

ပဲစေ့စစ်သည်တော်က မပင်ပန်းတတ်သလို မညည်းညူတတ်ပါ။ တစ်စက္ကန့်တောင် မနားဘဲ ဘာပဲဖြစ်ဖြစ် ဆက်လုပ်သည်။

"ဟင်းဟင်း မဆိုးပါဘူး။ ပဲစေ့စစ်သည်တော်က အနည်းဆုံး လူသန်ကြီး အများကြီးနဲ့ ကိုက်ညီတယ်။"

ယဲ့ရှောင်ချန်းက ကျေနပ်စွာ ခေါင်းငြိမ့်လိုက်သည်။ ပဲစေ့စစ်သည်တော်က ဘာအမှားအယွင်းမှ မလုပ်သေးပါ။

တစ်ခုတည်းသော ပြဿနာက ပဲစေ့စစ်သည်တော်၏ အထောက်အထား ဖြစ်သည်။

ဘာပဲဖြစ်ဖြစ် သူ့မိဘများက စိုက်ပျိုးရေးခြံသို့ နေ့တိုင်း လာနေခဲ့သည်။ ဟင်းသီးဟင်းရွက်များ လာရောက်ယူဆောင်သည့် လှည်းသမားလည်း ရှိသည်။ ရွာထဲက အိမ်နီးချင်းများကလည်း ပဲစေ့စစ်သည်တော်ကို မြင်သွားနိုင်၏။

အချိန်တိုအတွင်း ပြဿနာမရှိသော်လည်း အချိန်ကြာမြင့်လာသည်နှင့် သေချာပေါက် ပြဿနာများ ရှိလာနိုင်ပါသည်။

ပဲစေ့စစ်သည်တော်အား သေသေချာချာ အထောက်အထားတစ်ခု ပေးလျှင် အကောင်းဆုံးဖြစ်သည်။

ဒီလိုဆို ပြဿနာအများကြီးအား ဖြေရှင်းပြီးသား ဖြစ်သွားပါလိမ့်မည်။

နောက်တစ်နေ့မနက်။

ယဲ့ရှောင်ချန်း အိပ်နေစဥ် သူ့အမေက ရုတ်တရက် ထအော်၏။ "သားရေ ခြံထဲမှ သူခိုးတစ်ယောက် ဝင်နေတယ်။"

ယဲ့ရှောင်ချန်း မျက်လုံးဖွင့်လိုက်ပြီး ထလိုက်သည်။ "သူခိုးက ဘယ်မှာလဲ။"

"ဟိုမှာ လယ်ထဲမှာ လူတစ်ယောက် လှဲနေတယ်။ သူဘာလုပ်နေတာလဲတော့ မသိဘူး။ နင့်အဖေက တုတ်နဲ့ စောင့်နေပြီ။"

သူ့အမေက စိတ်လှုပ်ရှားစွာာ ပြောလိုက်သည်။

"ဟင်"

ယဲ့ရှောင်ချန်း ကြောင်သွားသည်။ သူ ရယ်ရမလား ငိုရမလားမသိတော့ပါ။ သူ့အမေပြောသည့် သူခိုးဆိုသည်မှာ ပဲစေ့စစ်သည်တော်ဖြစ်မှန်း သူသိပါသည်။

လူကြီးနှစ်ယောက် ခြံထဲဝင်လာပြီး သူတို့ မမြင်ဖူးသည့် ပဲစေ့စစ်သည်တော်တစ်ယောက်အား မြင်လိုက်ရသောအခါ သူခိုးဟု ထင်သွားခြင်း ဖြစ်သည်။

"အမေ အဲ့တာ သူခိုးမဟုတ်ဘူး။ စိုက်ပျိုးရေး ခြံအလုပ်တွေ တာဝန်ယူဖို့ အပြင်ဘက်က ကျွန်တော်ငှားထားတဲ့ အလုပ်သမားတစ်ယောက်ပါ။"

ယဲ့ရှောင်ချန်း ပြောလိုက်သည်။

"အလုပ်သမား ဟုတ်လား။"

သူ့အမေက မျက်လုံးပြူးကျယ်သွားပြီး စိတ်အေးလက်အေး သက်ပြင်းချလိုက်တော့သည်။

ယဲ့ရှောင်ချန်းက ချက်ချင်း ထောင်ပင်းကို ခေါ်လိုက်၏။

"အဖေနဲ့ အမေ။ သူ့နာမည်က ထောင်ဟွမ်းယီတဲ့။ ကျွန်တော့်သူငယ်ချင်းရဲ့ အမျိုးပါ။ သူက စကားအများကြီး သိပ်မပြောတတ်ဘူး။ ပြီးတော့ ဉာဏ်ရည်လည်းသိပ်မကောင်းဘူး။ ဒါပေမယ့် အလုပ်လုပ်တာတော့ တော်လို့ စိုက်ပျိုးရေးခြံမှာ အလုပ်လုပ်ဖို့ ခေါ်လာတာပါ။"

ယဲ့ရှောင်ချန်းက ဆင်ခြေတစ်ခု စဥ်းစားပြီးသားဖြစ်ပါသည်။

'ထောင်ဟွမ်းယီ' ဟူသည့်အမည်ကတော့ (အင်မော်တယ်) ထောင်ဟွမ်း ဆိုသည့် စကားလုံးကို ဘာသာပြန်အက္ခရာ ဖလှယ်ထားခြင်း ဖြစ်ပါသည်။

"သြော် အဲ့လိုကိုး။"

ထောင််ဟွမ်းယီက သန်မာထွားကျိုင်းသော်လည်း ငတုံးတစ်ယောက်ဖြစ်မှန်း သူ့အမေ နားလည်သွားသည်။ တစ်ချက်ကြည့်လိုက်ရုံနှင့် ဉာဏ်ရည်သိပ်မကောင်းမှန်း သိပါသည်။ သူမ ချက်ချင်းဆိုသလို စိတ်အေးသွား၏။

"အမေ သူက အရမ်းအလုပ်ကြိုးစားတယ်။ နောက်ပိုင်း ဘာပဲလိုလို သူ့ကိုခိုင်းလို့ရတယ်နော်။"

ယဲ့ရှောင်ချန်း ပြောလိုက်သည်။

"ဘာလို့ အဲ့လိုလုပ်ရတာလဲ။ သူလည်း နားဖို့ လိုတာပေါ့။ လစာပေးပြီး ရက်ရက်စက်စက်တော့ ဆက်ဆံလို့ မရဘူးလေ။"

သူ့အမေက နှုတ်ကြမ်းသော်လည်း အသည်းနုသော လူတစ်ယောက် ဖြစ်သည်။ ကြပ်မပြည့်သော ထောင်ဟွမ်းယီကို မြင်လိုက်သောအခါ ချက်ချင်း အလွန်သနားဖို့ကောင်းသည်ဟု ခံစားသွားရသည်။ ဒီလူက လူကောင်ထွားသော်လည်း ဦးနှောက်က သိပ်ပြီး မထက်မြက်ပါ။

"အမေ စိတ်မပူပါနဲ့။ သူ့ကို တစ်လ ယွမ် ၂,၅၀၀ တောင် ပေးထားတာ။ ထောင်ဟွမ်းယီ အလုပ်သွားလုပ်တော့။"

ယဲ့ရှောင်ချန်းက ထောင်ပင်းကို လက်ရမ်းပြလိုက်သည်။

ချက်ချင်းဆိုသလို ထောင်ပင်းက အမိန့်နာခံပြီး အလုပ်ပြန်လုပ်နေသည်။

"ဒီလိုမှပေါ့။ ဒါပေမယ့် သူရှိရင် ငါတို့ ပိုပြီး အလုပ်အားနေတော့မှာပဲ။"

သူ့အမေက ခေါင်းငြိမ့်လိုက်သည်။

ထောင်ပင်းကို အလုပ်လုပ်ဖို့ ခေါ်ထားကတည်းက ယဲ့ရှောင်ချန်းတို့ မိသားစု ပိုမို အနားရလာသည်။

ထောင်ဟွမ်းယီက အလုပ်လုပ်ရာတွင် တော်သည်။

တစ်ရက်ကို ၂၄နာရီ အလုပ်လုပ်ပြီး သေချာပေါက် အနားယူဖို့ မလိုအပ်ပါ။

နေ့ဘက်တွင် သူ့မိဘများ ရှိနေ၏။ ထောင်ဟွမ်းယီ စကားတစ်ခွန်းမှ မပြောဘဲ အနားလည်း မယူဘဲ အလုပ်သာ လုပ်နေသည်ကို မြင်ကြသောအခါ သူ ပင်ပန်းနေမည်ကို စိုးရိမ်သဖြင့် သူ့ကိုဆွဲခေါ်ကာ အနားယူခိုင်းပြီး စားဖို့ တစ်ခုခုပေး၏။

သူ့အမေက ထောင်ဟွမ်းယီကို အလုပ်အလွန်လုပ်ခိုင်းသဖြင့် ယဲ့ရှောင်ချန်းကိုပင် ဆူငေါက်နေသေးသည်။ အလုပ်နှင့် အနားယူချိန်ကို သင့်တင့်မျှတအောင် ထားရမည်။ အနည်းဆုံးတော့ အနားယူဖို့ အချိန်ရှိရမည်။

ယဲ့ရှောင်ချန်း ရယ်ရခက် ငိုရခက် ဖြစ်သွားပါသည်။ ထောင်ဟွမ်းယီက အနားယူစရာမလိုသည့် ပဲစေ့စစ်သည်တော်တစ်ယောက်ဖြစ်မှန်း ပြောလို့လည်းမရပေ။

သူ့မှာ ရွေးချယ်စရာ မရှိတော့ပါ။ နေ့ဘက် သူ့မိဘများ အနားတွင်ရှိနေစဥ် ယဲ့ရှောင်ချန်းက သုံးနာရီတိုင်း ထောင်ဟွမ်းယီကို အနားယူခွင့် ပေးလိုက်ပါသည်။

ဒီအချိန်တောအတွင်း ယဲ့ရှောင်ချန်းက ပဲစေ့စစ်သည်တော်များကို ထပ်မံဖန်တီးခဲ့သည်။

သို့သော်လည်း ထိုပဲစေ့စစ်သည်တော်များကို ယင်ဝိညာဉ်များဖြင့်တော့ မပေါင်းစပ်ရသေးပေ။ ဘာပဲဖြစ်ဖြစ် ယင်ယင်ဝိညာဉ်များရှိသည့်မြေကို ရှာဖို့ မလွယ်ကူသောကြောင့်ပင်။

ထို့အပြင် ရှိပါကလည်း အရည်အသွေးက မကောင်းနိုင်လောက်ပါ။

ယဲ့ရှောင်ချန်းက သန်မာသည့် ယင်ဝိညာဉ်တချို့ကို ရရှိဖို့ မျှော်လင့်ထားသည်။

ထို့အပြင် သူ့မှော်စွမ်းအင်နှင့်ဆို ထောင်ဟွမ်းယီတစ်ယောက်ကိုပဲ ထိန်းသိမ်းနိုင်သည်။

ပဲစေ့စစ်သည်တော်အနည်းငယ်ကိုပင် ထပ်ပြီး မထုတ်လုပ်နိုင်ပါ။

ထို့ကြောင့် ထပ်မံကျင့်ကြံပြီး သူ့ကျင့်ကြံမှုကို ဘယ်လို တိုးမြှင့်ရမလဲ စဥ်းစားလျှင် ပိုကောင်းပါသည်။

တကယ်တော့ ယဲ့ရှောင်ချန်း အနည်းငယ် နောင်တရနေပါပြီ။ ပထမဆုံး အပင်ဝိညာဥ် အမျိုးအစားအဖြစ် ဘာကြောင့် အနီရောင် အင်မော်တယ်ပဲစေ့ဝိညာဥ်ကို မရွေးချယ်ခဲ့တာလဲ။

မဟုတ်ပါက မီးအမျိုးအစား အင်မော်တယ်ကျောက်က တည်တံ့သော မီးအမျိုးအစား အင်မော်တယ်ချီစီးကြောင်းကို ထောက်ပံ့ပေးထားသဖြင့် သူ့ကျင့်ကြံမှု လိုအပ်ချက်များကို သေချာပေါက် ပြည့်မှီနိုင်ပါသည်။

ကံမကောင်းစွာဖြင့် နောင်တရလည်း မထူးတော့ပါ။ မီးအမျိုးအစား အင်မော်တယ်ကျောက်ကို ရလိမ့်မည်ဟု ဘယ်လိုလုပ်ပြီး ထင်ခဲ့မည်နည်း။

ထို့ကြောင့် တစ်ပတ်နီးပါး အချိန်ကုန်ဆုံးသွားခဲ့သည်။

အဝါရောင် အင်မော်တယ်ပဲစေ့ ၅၀၊ အင်မော်တယ် စပါးတစ်ခင်းနှင့် အင်မော်တယ် မုန်လာဥ နှစ်မျိုးတို့ အောင်မြင်စွာ ကြီးထွား သွားကြပါပြီ။

အလွန်ပေါများသည့် ကောက်ရိတ်သိမ်းမှုဟုပင် ပြောနိုင်သည်။

နောက်ထပ် သတင်းကောင်းတစ်ခုက အင်မော်တယ် စပျစ်နွယ် ၁၀ ပင်မှ စပျစ်နွယ်ကိုင်းများ တွဲလောင်းကျနေပြီဖြစ်သည်။

အင်မော်တယ် စပျစ်နွယ် တစ်ခုစီတွင် အနည်းဆုံး နွယ်ကြိုးများ တစ်ဒါဇင်လောက်ရှိသည်။ စုစုပေါင်းဆို ၁၄၈ ကြိုးလောက်ရှိ၏။

အားလုံးက အင်မော်တယ်သစ်သီးများ ဖြစ်ကြပါသည်။

ယဲ့ရှောင်ချန်း စဥ်းစားကြည့်ရုံနှင့် စိတ်လှုပ်ရှားမိပါသည်။ အင်မော်တယ်သစ်သီးတွေ၏ အရသာက ဘယ်လိုအရသာမျိုးရှိမလဲဟု သိချင်နေမိသည်။

အင်မော်တယ်အပင်များစွာ ရင့်မှည့်သွားပြီ ဖြစ်သဖြင့် အင်မော်တယ်မြေကွက်များ အားလပ်နေပါပြီ။ ယဲ့ရှောင်ချန်းက ထိုမြေကွက်များတွင် ဘာစိုက်ပျိုးရမလဲဆိုတာကို စီစဥ်ထားပြီးသား ဖြစ်ပါသည်။

မုန်လာဥနှစ်မျိုးကို ဆက်စိုက်မည်။ တစ်မျိုးကို အပင် ၁၀၀ သာ စိုက်မည်။

ထို့အပြင် ယဲ့ရှောင်ချန်းတစ်ယောက် ရက်အနည်းငယ်လောက် ဆက်စောင့်ကြည့်ဖို့ ပြင်ဆင်ထား၏။ ကျင့်ကြံဖို့အတွက် သိမ်းထားသည့် အင်မော်တယ် မုန်လာဥပင်နှစ်ပင်မှာလည်း ရင့်မှည့်လုနီး ဖြစ်နေသည်။

အချိန်ကျလာပါက ဒုတိယမျိုးဆက်မျိုးစေ့များကို စိုက်ပျိုးမည်ဖြစ်သည်။

အင်မော်တယ်စပါးကိုလည်း ဆက်လက် စိုက်ပျိုးမည်။

အဝါရောင် အင်မော်တယ်ပဲစေ့များ စိုက်ပျိုးထားသည့် အင်မော်တယ်မြေကွက်တွင်သာ အင်မော်တယ်ပဲစေ့များကို ဆက်မစိုက်တော့ပါ။

အဆင့်မြင့် အင်မော်တယ်အပင်များကို စိုက်ပျိုးမည်ဖြစ်သည်။

အင်မော်တယ် လယ်ကွက်က အဆင့် ၂ ပင် ဖြစ်နေလေပြီ။။ ပထမနှင့် ဒုတိယ အဆင့် အင်မော်တယ်အပင်များကို စိုက်ပျိုးဖို့ မတန်တော့ပါ။ အင်မော်တယ်ယွမ်ရရှိနှုန်းက နှေးလွန်းနေသဖြင့် ဖြစ်ပါသည်။

လွန်ခဲ့သည့် ရက်အနည်းငယ်လောက်အထိ စိုက်ပျိုးရေးကိုသာ သူစဥ်းစားနမိသည်။

ထပ်ခါထပ်ခါ နှိုင်းယှဥ်စဥ်းစားပြီးနောက် နောက်ဆုံးတော့ အင်မော်တယ်အပင်နှစ်မျိုး အသစ်ကို ရွေးချယ်လိုက်ပါသည်။

ပထမ အင်မော်တယ်အပင်အမျိုးအစားက အဝါရောင်အတန်းအစား အဆင့် ၅ အင်မော်တယ်အပင်မျိုး ဖြစ်သည်။ ထိုအင်မော်တယ်အပင်တွင် လုပ်ဆောင်ချက်တစ်ခုသာ ရှိ၏။ အဆင့်နိမ့် အင်မော်တယ် အမွှေးတိုင်အတွက် ပါဝင်ပစ္စည်းတစ်ခုအဖြစ် အသုံးပြုဖို့သာ ဖြစ်သည်။

အင်မော်တယ် အမွှေးတိုင်မှာ ထူးဆန်းပြီး သာယာသော ရနံ့တစ်ခု ရှိရုံသာမကဘဲ ကျင့်ကြံခြင်းအတွက်လည်း ကောင်းမွန်ပါသည်။

မတူညီသည့် အင်မော်တယ် အမွှေးတိုင် အဆင့်များက ကျင့်ကြံခြင်းအပေါ် မတူညီသည့် သက်ရောက်မှုများ ရှိသည်။

ကျင့်ကြံနေစဥ် မမြင်ရသော ပုံရိပ်ယောင်များ၏ တိုက်ခိုက်မှုကြောင့် စိတ်လွတ်သွားဖို့ လွယ်ကူသည်။

အင်မော်တယ် အမွှေးတိုင်ကို ထွန်းထားပါက စိတ်လွတ်သွားနိုင်ချေကို လျှော့ချပေးသည်။

ထို့အတွက်လည်း ယဲ့ရှောင်ချန်းတစ်ယောက် ပြင်ဆင်ရပါသေးသည်။

အင်မော်တယ် အမွှေးတိုင်က အလွန်တန်ဖိုးကြီးသည်။ ယဲ့ရှောင်ချန်း ၎င်းတို့ကို ဝယ်ယူဖို့ ပိုက်ဆံမသုံးချင်ပါ။ ထို့ကြောင့် ကိုယ့်ဖာသာကိုယ်စိုက်တာ အကောင်းဆုံးဖြစ်ပါသည်။

ဒုတိယ အင်မော်တယ်အပင်ကတော့ အင်မော်တယ် ၇ မျိုး ဘူးနွယ်ပင် ဖြစ်သည်။

အဝါရောင်အတန်းအစား အဆင့် ၇ အင်မော်တယ်အပင်တစ်မျိုးဖြစ်၏။

အရွယ်ရောက်လာပါက ဘူးသီး ၇ လုံးကို သီးပေးနိုင်သည်ဟု ပြောကြ၏။။ ထိုဘူးသီးကို စားသုံးနိုင်သည်။ ကြီးလာသောအခါ ထူးခြားသည့် သဘာဝ ဘူးခွံခွက်တစ်ခု ဖြစ်လာမည်။

အင်မော်တယ်အပင်နှစ်မျိုး၏ ဂုဏ်သတ္တိများအရ ယဲ့ရှောင်ချန်းသည် အင်မော်တယ် ဆေးပင် ၃၀ နှင့် အင်မော်တယ် ၇မျိုး ဘူးမျိုးစေ့ ၁၀ စေ့ကို စတိုးဆိုင်မှ ဝယ်ယူခဲ့ပါသည်။

အင်မော်တယ် ဆေးပင် မျိုးစေ့များက တစ်စေ့ကို အင်မော်တယ်ယွမ် ၃ ယွမ် ကုန်ကျသည်။

အင်မော်တယ် ၇ မျိုး ဘူးမျိုးစေ့များကတော့ တစ်ခုကို အင်မော်တယ်ယွမ် ၁၅ယွမ် ကုန်ကျသည်။

ထိုမျိုးစေ့နှစ်စေ့ကို ဝယ်ရုံနှင့် သူ အင်မော်တယ်ယွမ် ၂၀၀ ကျော် ကုန်ကျခဲ့ပါသည်။

ထို့အပြင် အင်မော်တယ်အပင်နှစ်မျိုးအတွက် အင်မော်တယ်မြေသြဇာကိုလည်း ဝယ်ယူရပြီး နောက်ထပ် အင်မော်တယ်ယွမ် ၂၀၀ ကျော် ကုန်သွားပါသည်။

သူကိုယ်တိုင် မျိုးစေ့များကို မစိုက်ပျိုးဘဲ စတိုးဆိုင်ကိုသာ အားကိုးပါက ကုန်ကျစရိတ် မနည်းမည်ကို နားလည်ပါသည်။

All Chapters