← Chapters

အခန်း (၂၀၆) - မီလျံနာ သန်းကြွယ်သူဌေး

Vol. 14 Ch. 206

အခန်း (၂၀၆) - မီလျံနာ သန်းကြွယ်သူဌေး

Vol. 14 Ch. 206

အခန်း (၂၀၆) - မီလျံနာ သန်းကြွယ်သူဌေး

"အစ်ကိုကြီးဝမ်။ ထျန်ဟဲ့ဥယျာဥ်စီမံကိန်းကြောင့်တော့ မဟုတ်ပါဘူးနော်။"

ဝမ်ရွှေရှန့်၏ ဆိုလိုရင်းကို ယဲ့ရှောင်ချန်းတစ်ယောက် ချက်ချင်းဆိုသလို နားလည်လိုက်ပါသည်။ ယဲ့ရှောင်ချန်းက ချက်ချင်းဆိုသလို ပြောလိုက်၏။ "ကျွန်တော်က ဒီလိုရဖို့အတွက် ကူညီတာ မဟုတ်ပါဘူးဗျာ။ အစ်ကိုကြီးဝမ် ဒီလိုလုပ်စရာ မလိုပါဘူး။"

"ရှောင်ချန်း ငါပြောတာ နားထောင်စမ်းပါကွာ။"

ဝမ်ရွှေရှန့်က အလွန်တည်ငြိမ်နေပါသည်။ သူလည်း သေသေချာချာ စဥ်းစားပြီးသား ဖြစ်သည်။ "ဒီလထဲ ငါကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေ၊ စိတ်ပျက်အားလျော့မှုတွေကို မင်းနားလည်ဖို့ ခက်ပါတယ်ကွာ။ ထျန်ဟဲ့စီမံကိန်းသာ မအောင်မြင်ရင် ငါ့မှာ ဘာမှ ကျန်မှာ မဟုတ်တော့ဘူး။ မဟုတ်ဘူး၊ ဘာမှမကျန်တာထက် ပိုဆိုးတယ်။ ငါ့ဘဝမှာ လူတွေအများကြီးကို ထိခိုက်အောင် လုပ်မိသလို ဖြစ်သွားလိမ့်မယ်။"

"ရှောင်ချန်း ငါ့ကို အဲ့လို စိတ်ပျက်အားလျော့မှုတွေကနေ ကယ်တင်ပေးခဲ့တာ မင်းပဲလေ။ ရှယ်ယာ ၅ရာခိုင်နှုန်းဆိုတာ တကယ်တော့ မများပါဘူး။ ဒါပေမယ့် အကြောင်းအရင်း အမျိုးမျိုးကြောင့် ငါ မင်းကို ဒီလောက်ပဲ လွှဲပြောင်းပေးနိုင်တယ်ကွာ။"

ဝမ်ရွှေရှန့်၏ မျက်နှာက ပြုံးသွားသည်။ "ပြီးတော့ တစ်ကိုယ်ကောင်းဆန်မှု နည်းနည်းကြောင့်လည်း ပါတာပေါ့ကွာ။"

ယဲ့ရှောင်ချန်း ဘာမှမပြောပေ။ သူက တိုးတိတ်စွာသာ နားထောင်နေသည်။

"မင်းက သုတေသနအဖွဲ့အစည်းတစ်ခုရဲ့ ဒါရိုက်တာဖြစ်ပြီး တရုတ်သိပ္ပံကျောင်းတော်ရဲ့ ပညာရှင်တစ်ဦး ဖြစ်လာပြီ။ ကျင်းယန်အုပ်စုရဲ့ ရှယ်ယာဝင်လည်း ဖြစ်လာပြီ။ မင်းလည်း ကျင်းယန်အုပ်စုကနေ အကျိုးအမြတ်တချို့ ရသင့်တယ်လို့ ငါ ထင်လို့ပါ။"

ဝမ်ရွှေရှန့်က ရယ်လိုက်၏။

ဒါက သူ့ရဲ့ အဓိက ရည်ရွယ်ချက် ဖြစ်ပါသည်။

"အစ်ကိုကြီးဝမ် တခြားအစီအစဥ်တွေ ရှိသေးလို့လား။"

ယဲ့ရှောင်ချန်းက သူ့လေသံထဲက အံ့အားသင့်မှုကို ကြားကာ သိချင်စိတ်ဖြင့် မေးလိုက်သည်။

"အင်း ထျန်ဟဲ့ဥယျာဥ်စီမံကိန်း ဖွံ့ဖြိုးပြီးသွားရင် ကျင်းယန်အုပ်စုရဲ့ အလားအလာက ကုန်ဆုံးသွားလိမ့်မယ်။ အထူးသဖြင့် အပြင်ဘက်မှာ ဖွံ့ဖြိုးပြီး ကြီးထွားလာဖို့က ခက်ခဲမယ်။ တောင့်ခံနိုင်မှုကလည်း ကောင်းလွန်းတယ်။ အခု အနည်းဆုံးတော့ ကျင်းယန်အုပ်စုရဲ့ လုပ်ငန်း ၅၀ ရာခိုင်နှုန်းက ယန်မြို့တော်ထဲမှာ စုစည်းနေတယ်။ ပြီးတော့ ၄၅ ရာခိုင်နှုန်းကပဲ တောင်ပိုင်းဒေသမှာ ပျံ့နှံ့နေတယ်။ ငါတို့ဒေသရဲ့ အပြင်ဘက်မှာတော့ ၅ ရာခိုင်နှုန်းထက် မပိုဘူး။"

ဝမ်ရွှေရှန့်က ပြောလိုက်သည်။ "အုပ်စုတစ်ခုက ဖွံ့ဖြိုးတိုးတက်ချင်ရင် အပြင်ဘက်ကိုပဲ ချဲ့ထွင်ရတယ်။ ချဲ့ထွင်လို့မှ မရရင် ကျရှုံးမှုက ရှောင်လွှဲလို့ မရဘူး။ ဒါပေမယ့် ကျင်းယန်အုပ်စုရဲ့ အဓိကလုပ်ငန်းကြီးတွေက အပြိုင်အဆိုင် သိပ်မများဘူး။ အပြင်ဘက်ကို ချဲ့ထွင်ဖို့က မဖြစ်နိုင်ဘူး။ ဒါပေမယ့် မင်းရဲ့ ပုံစံက ငါ့ကို မျှော်လင့်ချက်တွေ ပေးခဲ့တယ်။"

"ကျွန်တော်က ဟုတ်လား။"

ယဲ့ရှောင်ချန်း ပြုံးကာ မေးလိုက်သည်။

"ဟုတ်တယ်။"

ဝမ်ရွှေရှန့် ခေါင်းငြိမ့်ကာ ပြောလိုက်ပါသည်။

"ဝန်ကြီးကျန်းက မင်းပျိုးထောင်ထားတဲ့ မုန်ညင်းစေ့အကြောင်းကို ငါ့ကိုပြောပြပြီးပြီ။ အစက အဲ့ဒီမုန်ညင်းပင်လုပ်ငန်း အစီအစဥ်က မြို့တော်ထဲက တခြားကုမ္ပဏီကြီးတစ်ခုက ကိုင်တွယ်ရမှာ။ ဒါပေမယ့် အဲ့ဒီကုမ္ပဏီကလည်း ဒီအစီအစဥ်ကို လက်လျှော့ထားတာ ကြာပြီ။ အဲ့တာကြောင့် ငါတို့ကျင်းယန်အုပ်စုကို ဦးဆောင်ဖို့ ဝန်ကြီးကျန်းက မျှော်လင့်နေတယ်။"

နောက်ဆုံးတော့ ယဲ့ရှောင်ချန်းတစ်ယောက် နားလည်သွားပါသည်။

ဝမ်ရွှေရှန့် သူ့ကို ရှယ်ယာလွှဲပြောင်းပေးရသည့် အကြောင်းအရင်းက ကျင်းယန်အုပ်စုကို ကယ်တင်ပေးခဲ့သည့်အတွက် ကျေးဇူးဆပ်ရုံသာ မကဘဲ ကျင်းယန်အုပ်စုနှင့် သူ့ကို ချည်နှောင်ကာ  စိုက်ပျိုးရေးလုပ်ငန်းခွင်အတွင်း ဝင်ရောက်ဖို့ပင် ဖြစ်ပါသည်။

သူ့လို ရှယ်ယာဝင်တစ်ယောက်ကိုသာ ပိုင်ဆိုင်ထားရပါက သူတို့တွင် စိုက်ပျိုးရေးကဏ္ဍ၌ အားသာချက် ကြီးကြီးမားမား ရရှိမည်ဖြစ်သည်။

"ရှောင်ချန်း စိုက်ပျိုးရေးလုပ်ငန်းနယ်ပယ်မှာ ကုမ္ပဏီတစ်ခု ငါတို့ ထူထောင်ရအောင်လေ။ ငါက ရန်ပုံငွေ ထောက်ပံ့ပေးမယ်။ မင်းက နည်းပညာကို ထောက်ပံ့ပေး။ ငါတို့ ရှယ်ယာ တစ်ယောက် တစ်ဝက်ဆီ ခွဲယူကြမယ်။ ဘယ်လိုသဘောရလဲ။"

နောက်ဆုံးတော့ ဒီနေ့ တွေ့ဆုံခြင်း၏ အဓိကရည်ရွယ်ချက်အား ဝမ်ရွှေရှန့် ထုတ်ပြောခဲ့ပါပြီ။

သူ့အမြင်တွင် ကျင်းယန်အုပ်စုရဲ့ ရှယ်ယာ ၅ ရာခိုင်နှုန်းက ကိစ္စငယ်လေးတစ်ခုသာဖြစ်ပြီး ယဲ့ရှောင်ချန်းနှင့် လုပ်ငန်းပူးပေါင်းဖို့က အဓိက ဖြစ်သည်။

ကျန်းယန်အုပ်စုက ဘယ်လောက်ပဲ ဖွံ့ဖြိုးနေပါစေ သာမန်မျှသာဖြစ်သည်။

ယဲ့ရှောင်ချန်းနှင့် ပူးပေါင်းဆောင်ရွက်နိုင်ပါက မတူညီလောက်ပါ။ သူ့အနာဂတ် အများကြီး ပိုမို တောက်ပလာလိမ့်မည်ဟု ခံစားရပါသည်။

"အစ်ကိုကြီးဝမ် ဒီကုမ္ပဏီကို ကျင်းယန်အုပ်စုရဲ့ နာမည်နဲ့ မဟုတ်ဘဲ ကိုယ်တိုင်ရင်းနှီးမြှုပ်နှံမယ်လို့ ဆိုလိုတာလား။"

ယဲ့ရှောင်ချန်း အံ့အားသင့်သွားပါသည်။

အရင်က ကျင်းယန်အုပ်စု၏ အမည်နှင့် ဖြစ်လိမ့်မည်ဟု ထင်ထားခဲ့သည်။

"ဟုတ်တာပေါ့။ ကျင်းယန်အုပ်စုရဲ့ အခြေအနေက ရှုပ်ထွေးလွန်းပြီး ပြဿနာလည်း များနိုင်တယ်။"

ဝမ်ရွှေရှန့်က ပွင့်လင်းစွာ ပြောလိုက်ပါသည်။

သူက ကျင်းယန်အုပ်စု၏ ဥက္ကဌဖြစ်ပြီး ပြောခွင့်ဆိုခွင့် အကြွင်းမဲ့ ရှိနေသော်လည်း နာခံမည့်လူက အလွန်နည်းသည်။ အထူးသဖြင့် သူ့နောက်ကွယ်တွင် ရင်းနှီးမြှုပ်နှံသူများနှင့် နိုင်ငံရေးခေါင်းဆောင်ကြီးများ ရှိနေသောကြောင့် ဖြစ်သည်။

ယဲ့ရှောင်ချန်း ခေါင်းငြိမ့်လိုက်ပါသည်။ ကျင်းယန်အုပ်စုသာ ပါလာပါက တကယ် ပြဿနာများနိုင်သည်။

"အစ်ကိုကြီးဝမ် ဒါက ပြဿနာမရှိပါဘူး။ ဒါဆိုလည်း ကျွန်တော့်ကို ကုမ္ပဏီ ဘယ်လိုစတင်ရမလဲ ပြောပြလေ။ ကျွန်တော့်မှာ အတွေ့အကြုံမရှိတာ အစ်ကိုကြီး သိပါတယ်။ တခြားသူတွေနဲ့ ကုမ္ပဏီတစ်ခု ဖွင့်ခဲ့ပေမယ့် ကျွန်တော်က ဘာမှလုပ်စရာမလိုတဲ့ စျေးသည်တစ်ယောက်လိုပဲ။ အဲ့တာကြောင့် ဒီကိစ္စမှာတော့ အစ်ကိုကြီးကို ဒုက္ခပေးရဦးမယ်။"

ယဲ့ရှောင်ချန်းက အများကြီး သိပ်မစဥ်းစားဘဲ ချက်ချင်း သဘောတူလိုက်ပါသည်။

တကယ်တော့ ဒါက သူ အချိန်အကြာကြီး တွေးနေမိခဲ့သည့် အစီအစဥ်တစ်ခု ဖြစ်ပါသည်။

နောက်ပိုင်း အင်မော်တယ်စမ်းရေကုမ္ပဏီသာ ဖွံ့ဖြိုးတိုးချဲ့ချင်လာပြီး နိုင်ငံတစ်ဝှမ်းလုံး သို့မဟုတ် ကမ္ဘာတစ်ဝှမ်းလုံးတွင် ဆိုင်ခွဲများ ဖွင့်လှစ်ချင်လာပါက သူ့စိုက်ပျိုးရေးခြံကိုပဲ အားကိုးနေရဦးမှာလား။

အမှန်ပင်။ မဖြစ်နိုင်ပါ။ ပိုကြီးမားကျယ်ပြန့်သည့် စိုက်ပျိုးရေးခြံတစ်ခုကို တည်ဆောက်ရပေမည်။

သူ့အစီအစဥ်အရ စိုက်ပျိုးရေးခြံတွင် အင်မော်တယ်အပင်များကိုသာ စိုက်ပျိုးတော့မည် ဖြစ်ပြီး သာမန်ဟင်းသီးဟင်းရွက်များနှင့် သစ်သီးဝလံများကိုတော့ သေချာပေါက် နေရာပြောင်းရတော့မည် ဖြစ်သည်။

သာမန် ဟင်းသီးဟင်းရွက်များ၏ အရည်အသွေးကို စိတ်ချရစေဖို့ကလည်း ပြဿနာမရှိပါ။ သူ့မှာ နည်းလမ်းပေါင်းစုံ ရှိပါသည်။

ယခု ဝမ်ရွှေရှန့်ပါ ပူးပေါင်းလာပြီ ဖြစ်သဖြင့် ဖြစ်နိုင်လာပါပြီ။

ဒီလိုဆို သူတစ်ယောက်တည်း တွေးပူနေစရာ မလိုတော့ဘဲ အစီအစဥ်ကို အကောင်အထည် ဖော်နိုင်ပါပြီ။

ငွေရေးကြေးရေး ပြဿနာကိုတော့ သူ သိပ်ပြီး ဂရုမစိုက်ပါ။ ငွေကြေး လုံလုံလောက်လောက် ရှိနေပါက အဆင်ပြေပါသည်။

သူ အလုပ်ချင်ဆုံးအရာက ရှန်းနုန်စနစ်မှ သင်ယူထားသည့် စိုက်ပျိုးရေးနည်းလမ်းများကို အသုံးချကာ ကမ္ဘာမြေပေါ်က စိုက်ပျိုးရေး လုပ်ငန်းကို အဆင့်မြှင့်တင်ဖို့ဖြစ်သည်။

အစားအသောက်က လူတွေအတွက် အရေးကြီးဆုံး အရာဖြစ်ပါသည်။

စိုက်ပျိုးရေးက အခြေခံအုတ်မြစ် ဖြစ်၏။

ဒီကဏ္ဍတွင် လူသားမျိုးနွယ်တစ်ခုလုံးအတွက် သူအကျိုးပြုနိုင်ဖို့ မျှော်လင့်ထားသည်။

ထို့အပြင် ထိုသို့အကျိုးပြုရင်း ငွေလည်း ရနိုင်သည် မဟုတ်လား။ ထို့ကြောင့် ဒီလိုအခွင့်အရေးကြီးကို လက်လွတ်ခံမည် မဟုတ်ပေ။

မတွန့်ဆုတ်ဘဲ ယဲ့ရှောင်ချန်းတစ်ယောက် ရှယ်ယာလွှဲပြောင်းစာချုပ်တွင် လက်မှတ်ရေးထိုးလိုက်ပါသည်။

သူ လက်မှတ်ထိုးလိုက်ပြီးနောက် သဘောတူ စာချုပ်မှာ သက်ရောက်မှုရှိသွားပြီဖြစ်မှန်း သိထားပါသည်။

အခုချိန်ကစပြီး ကျင်းယန်အုပ်စု၏ ရှယ်ယာ ၅ ရာခိုင်နှုန်းကို ပိုင်ဆိုင်သွားပြီဟု ဆိုလိုသည်။ ပိုင်ဆိုင်မှု ယွမ်သန်း ရာကျော်နှင့် ညီမျှသွားပြီဖြစ်သည်။

တနည်းအားဖြင့် အခု သူ ဘီလျံနာလို ဖြစ်နေပါပြီ။

ယဲ့ရှောင်ချန်း လက်မှတ်ထိုးလိုက်သည်ကို မြင်သောအခါ ဝမ်ရွှေရှန့်တစ်ယောက် စိတ်ကျေနပ်စွာ ပြုံးလိုက်ပါသည်။

သူတို့နှစ်ယောက် ပူးပေါင်းဆောင်ရွက်မှုကို အသေးစိတ် ဆွေးနွေးခဲ့ကြပါသည်။

ဝမ်ရွှေရှန့်က ကုမ္ပဏီ၏ အနာဂတ်အား အသေးစိတ် ပြောပြပေး၏။

"ရှောင်ချန်း ဒီအစီအစဥ်ကို ပြောင်းလဲစရာ ဘာရှိမလဲလို့ စစ်ကြည့်လိုက်ပါဦး။"

ဝမ်ရွှေရှန့်က အစီအစဥ် ပုံကြမ်းတစ်ခုကို ကောင်းမွန်စွာ ရေးဆွဲထားပါသည်။

ယဲ့ရှောင်ချန်း ဖတ်ကြည့်လိုက်သောအခါ ချက်ချင်းဆိုသလို လေးစားသွားမိသည်။ ဝမ်ရွှေရှန့်က တကယ်ပဲ စီးပွားရေးလောကတွင် လက်ရွေးစင်တစ်ယောက် ဖြစ်ပါသည်။ သူ့ထံတွင် ထူးကဲသည့်အမြင် ရှိသည်။

ဝမ်ရွှေရှန့်၏ အစီအစဥ်တွင် အဓိကအချက်များအားလုံးကို ရေးသားထားသည်ဟု ပြောနိုင်သည်။

ဥပမာအားဖြင့် ကုမ္ပဏီတစ်ခုလုံးကို စိုက်ပျိုးရေးနှင့် ဆင့်ကဲလုပ်ငန်းများအပေါ်တွင် အခြေပြုမည်ဖြစ်သည်။

ဥပမာအားဖြင့် ယဲ့ရှောင်ချန်း အင်မော်တယ်စမ်းရေစားသောက်ဆိုင်ကို ထောက်ပံ့ပေးသည့် ဟင်းသီးဟင်းရွက်များက ယဲ့ရှောင်ချန်း၏ အမြင်တွင် ရောင်းချဖို့ အရိုးရှင်းဆုံးနည်းလမ်း ဖြစ်ပါသည်။

ကုန်ကြမ်း ထောက်ပံ့သူမဟုတ်ဘဲ ကိုယ့်ထုတ်ကုန်ကို ကိုယ်ထုတ်လုပ်ပြီး ရောင်းချခြင်းက အကောင်းဆုံးဖြစ်သည်။

ထို့အပြင် ဟင်းသီးဟင်းရွက်တင်မကသေးဘဲ အလှထား အပင်များ၊ ပန်းပင်များ၊ ဆေးပင်များနှင့် အစရှိသည်တို့ကိုလည်း ရောင်းချနိုင်သည်။

ထိုအချက်များကို ယဲ့ရှောင်ချန်း အရင်က စဥ်းစားဖူးပါသည်။ သို့သော် စိုက်ပျိုးရေးခြံ၏ အရွယ်အစားကြောင့် မလုပ်ဖြစ်ခဲ့ပါ။

ဘာပဲဖြစ်ဖြစ် ဟင်းသီးဟင်းရွက်များ ရောင်းချမှုက ရိုးရှင်းသော်လည်း ပန်းပင်များနှင့် ဆေးပင်များကတော့ အများကြီး ပိုမိုရှုပ်ထွေးသည်။

ကုမ္ပဏီတစ်ခု စတင်တည်ထောင်ပြီး စိုက်ပျိုးရေးလုပ်ငန်းတွင် အထူးပြုမည် ဖြစ်သဖြင့် ထိုအရာများကို စိုက်ပျိုး‌ခြင်းမှ ငွေရှာဖို့ နည်းလမ်းအစစ် ဖြစ်ပါလိမ့်မည်။

စဥ်းစားကြည့်လိုက်ပါ။ သာမန်ဂျင်ဆင်းတစ်ခုကို နှစ်ဆယ်ချီ သို့မဟုတ် နှစ်ပေါင်း ရာချီသက်တမ်းရှိသည့် တန်ဖိုးကြီး ဂျင်ဆင်းတစ်ခုအဖြစ် စိုက်ပျိုးနိုင်ပါက ဘယ်လောက်တောင် အမြတ်ရလိုက်မလဲ။

စဥ်းစားကြည့်လို့ပင် မရတော့ပါ။

ယဲ့ရှောင်ချန်း၏ လက်ရှိ စွမ်းရည်များနှင့် အထူးဆေးဝါးများ၏ အကူအညီဖြင့်ဆို ဒီလို လုပ်နိုင်ဖို့က လွယ်ကူလွန်းပါသည်။

ရုတ်တရက် သူ့အနာဂတ် အလွန်တောက်ပလှသည်ဟု ယဲ့ရှောင်ချန်း ခံစားလိုက်ရသည်။

ဝမ်ရွှေရှန့်က ဘုရားသခင် သူ့ကို ချီးမြှင့်ထားသည့် အကောင်းဆုံး လုပ်ငန်းဖော် ဖြစ်ပါသည်။

သူ့နောက်ခံအကြောင်းကို နားလည်ပြီး အားကောင်းသည့် ငွေကြေးရင်းမြစ်များ ရှိနေသည်ကိုလည်း သိထားသည်။

ထို့အပြင် ဝမ်ရွှေရှန့်က သူ့အနာဂတ်ယောက်ဖ ဖြစ်လာနိုင်၏။

သူတို့နှစ်ယောက် အတူတူ အလုပ်လုပ်ကိုင်ခြင်းက လိုက်ဖက်ပြီး အတွဲညီလှသည်ဟု ပြောနိုင်ပါသည်။

All Chapters