အခန်း (၂၀၇) - အင်မော်တယ်များနှင့် တွေ့ဆုံခြင်း
Vol. 14 Ch. 207
အခန်း (၂၀၇) - အင်မော်တယ်များနှင့် တွေ့ဆုံခြင်း
စိုက်ပျိုးရေးခြံတွင်။
ညနေ ၈နာရီ ၄၀ မိနစ်အချိန်။
အင်မော်တယ် ဖန်လုံအိမ် တစ်ခုတွင်။
ယဲ့ရှောင်ချန်းသည် အသက်ပြင်းပြင်း ရှုလိုက်ပြီး သူ့မျက်လုံးထဲတွင် စိတ်လှုပ်ရှားမှု၊ မျှော်လင့်ချက်များ ထွက်ပေါ်လာခဲ့သည်။
ယဲ့ရှောင်ချန်းသည် အတွေးတစ်ခုဖြင့် ရှန်းနုန်စနစ်ရှိ မိတ်ဆွေဘောင်ကွက်အား ဆက်သွယ်လိုက်ပြီး ပုံရိပ်ယောင်နေရာကို ဖွင့်ဖို့ ရွေးချယ်လိုက်ပါသည်။
ဒီနေ့က အင်မော်တယ်အပင်ထုတ်ကုန် လေလံပွဲအတွက် သတ်မှတ်ထားသည့်အချိန် ဖြစ်သည်။
အင်မော်တယ် ဘယ်လောက်များများ ဒီလေလံပွဲကို တက်ရောက်မလဲ သူ မသိပါ။
ပြောရမည်ဆိုလျှင် လူဦးရေ ပိုများလေလေ ပြိုင်ဆိုင်မှုက ပိုပြင်းထန်လေလေ ဖြစ်သည်။
ပုံရိပ်ယောင်နေရာအား ဖွင့်လိုက်သည်နှင့် သူ့ရှေ့က မြင်ကွင်းများ ပြောင်းလဲသွားသည်ဟု ယဲ့ရှောင်ချန်း ခံစားလိုက်ရသည်။ သူက အလုံပိတ် နေရာတစ်ခုတွင် ရောက်လာခဲ့သည်။
ထိုနေရာက အလွန်ထူးခြားပါသည်။ ၁၀၀ စတုရန်းမီတာလောက် ရှိသည်။ အနက်ရောင် ဟင်းလင်းပြင်ထဲတွင် လွင့်မြောနေသည့် စင်တစ်ခုလိုဖြစ်သည်။ အပြင်ဘက်တွင် အဆုံးမဲ့ အမှောင်ထုများက လွှမ်းမိုးနေ၏။
ဆန့်ကျင်ဘက်အဖြစ် စင်မြင့်၏ အတွင်းဘက်ကတော့ တောက်ပလွန်းနေပါသည်။
"ဟားဟား ငါ ဒီပုံရိပ်ယောင်နေရာကို ထိန်းချုပ်နိုင်တယ်။"
ယဲ့ရှောင်ချန်း ကိုယ့်ကိုယ်ကို ပြန်ကြည့်လိုက်သည်။ အစစ်အမှန် ဖြစ်သည့်ပုံပင်။
ထို့အပြင် ဒီပုံရိပ်ယောင်နေရာကို သူ အကြွင်းမဲ့ ထိန်းချုပ်နိုင်သည်ဟု ခံစားနေရ၏။
သူ တစ်ချက်လောက် စဥ်းစားလိုက်သည်နှင့် အစက ကွက်လပ်ဖြစ်နေသည့် ပုံရိပ်ယောင်နေရာမှာ ကြီးကြီးမားမား ပြောင်းလဲမှုများ ဖြစ်ပေါ်သွားပါသည်။
သူ့ပတ်လည်တွင် ခုံတန်းများ ပေါ်လာခဲ့၏။
ခုံတန်းများကို ဘဲဥပုံသဏ္ဌာန် စီရီထားခြင်းဖြစ်ပြီး အနိမ့်ဆုံး ခုံမှ အမြင့်ဆုံး ခုံအထိ ခုံ ၄၀၀ - ၅၀၀ လောက်ရှိပါသည်။
ထို့အပြင် သူ ရပ်နေသည့် စင်မြင့်တစ်ခုလည်း ရှိသည်။ ထိုစင်မြင့်က ဗဟိုဖြစ်ပြီး ထိုင်ခုံနေရာတိုင်းကို မြင်နိုင်ပါသည်။
ထို့အပြင် ထိုနေရာတွင် တခြားအပြင်အဆင်များလည်း ဖန်တီးခဲ့ပါသေးသည်။
နောက်ဆုံးတွင်တော့ လေလံပွဲတွင် အလွန် ခေတ်မှီသော စတိုင်တစ်မျိုး ဖြစ်သွားသည်။
ယဲ့ရှောင်ချန်း ဘေးပတ်လည်ကို ကြည့်လိုက်ပြီး ကျေနပ်စွာ ခေါင်းငြိမ့်လိုက်လေသည်။
ရှန်းနုန်စနစ်၏ ပုံရိပ်ယောင်နေရာမှာ တကယ်ထူးဆန်းသည်ဆိုတာကိုတော့ ဝန်ခံရမည်။ လက်တွေ့ကမ္ဘာမှာသာ အသုံးချနိုင်ပါက ညစ်ပတ်သည့် နည်းပညာတစ်ခု ဖြစ်သွားနိုင်ပါသည်။
သူ့ လေလံပွဲ အသင့်ဖြစ်ပြီဟု ခံစားရသဖြင့် အင်မော်တယ် အားလုံးအတွက် ဖွင့်လှစ်ပေးရန် ယဲ့ရှောင်ချန်း ဆုံးဖြတ်လိုက်တော့သည်။
ချက်ချင်း ဂရုမက်ဆေ့ချ်တစ်ခုကို အင်မော်တယ်အားလုံးအား ပို့လိုက်ကာ ပုံရိပ်ယောင်နေရာသို့ ဝင်ပေါက်ကို ပို့ပေးလိုက်သည်။
သိပ်မကြာလိုက်ပေ။ ပုံရိပ်ယောင်နေရာတွင်တွင် ပုဂ္ဂိုလ်များ ဘယ်ကမှန်းမသိ ပေါ်လာကြသည်ကို မြင်လိုက်ရပါသည်။
ထိုပုဂ္ဂိုလ်များ အားလုံးက ထူးဆန်းစွာ ဝတ်ဆင်ထားကြသည်။ အနည်းဆုံးတော့ ယဲ့ရှောင်ချန်း၏ အမြင်တွင် ထူးဆန်းပါသည်။
အချို့ က တာအိုဝတ်စုံကို ဝတ်ဆင်ထားပြီး အချို့က ဘုန်းကြီးဝတ်၊ အချို့က ပညာတော်သင်ကဲ့သို့ ဝတ်ဆင်ထားပြီး အချို့မှာ စစ်ဗိုလ်ချုပ်များကဲ့သို့ ချပ်ဝတ်တန်ဆာများ ဝတ်ဆင်ကြပြီး အချို့မှာ နန်းဝတ်နန်းစားဝတ်စုံဖြင့် မိန်းမလှလေးများဖြစ်ပြီး အချို့မှာ ချပ်ဝတ်တန်ဆာများ ဝတ်ဆင်ထားကြသည်။
အချို့က အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ကြပြီး အချို့မှာ ခေါင်းပေါ်တွင် ငှက်မွှေးသရဖူများကို ဆောင်းထားကြ၏။ အချို့မှာ ဦးခေါင်းပေါ်တွင် ချိုနှစ်ချောင်း ပါရှိကြပြီး အချို့မှာ ကျောပေါ်တွင် အတောင်များ ရှိပြီး အချို့မှာ သားရဲဦးခေါင်းများကို ဝတ်ဆင်ထားကြသည်။ အချို့မှာ ဦးခေါင်းပုံပျက်နေပြီး အချို့မှာ မယုံနိုင်အောင် ချောမောလှပသည်။ အချို့ကတော့ အနီရောင်ဝတ်စုံ ဝတ်ဆင်ထားကြသည့် ကလေးများ ဖြစ်ကြ၏။
ငွေရောင်ဆံပင်အဘွားကြီးတွေ၊ ဆံပင်ရွှေရောင်မိန်းကလေးတွေ၊ ထိတ်လန့်ဖွယ် ဧရာမ လူထွားကြီးများ၊ တချို့က ကြေးခေါင်းလောင်းလို မျက်လုံးတွေ၊ တချို့က နားရွက်ကြီးကြီးတွေ၊ တချို့က မျက်လုံးသုံးလုံး ရှိကြသည်။
တချို့က လက်လေးချောင်းရှိပြီး တချို့က အနောက်တွင် အမွှေးပွ အမြှီးများ ရှိကြ၏။ တချို့က မျက်နှာဖုံးများ ဝတ်ဆင်ထားကြပြီး တချို့က လက်ထဲတွင် စေတီတော်များ ကိုင်ဆောင်ထားကြသည်။ တချို့က တောင်ဝှေးများနှင့် တချို့က ခန္ဓာကိုယ်တစ်ခုလုံးတွင် မီးတောက်များဖြင့် လွှမ်းခြုံထားကြသည်။
...
ဒီလူအားလုံးက အင်မော်တယ်များ ဖြစ်မှန်းသာ မသိပါက Cosplayer များဟု ထင်သွားနိုင်သည်။
ယဲ့ရှောင်ချန်း အင်မော်တယ်များကို အကဲခတ်လိုက်သည်။
အင်မော်တယ်များကလည်း ယဲ့ရှောင်ချန်းကို အကဲခတ်နေ၏။
အင်မော်တယ်များသည်လည်း ယဲ့ရှောင်ချန်းကို ကြည့်နေကြသည်။
သူတို့ အာရုံစိုက်ရမှာက ယဲ့ရှောင်ချန်းသည် အနာဂတ် ရှန်းနုန်တစ်ယောက် ဖြစ်သည်။
နောက်ပိုင်း ကောင်းကောင်းမွန်မွန် ဘဝမျိုးနှင့် နေထိုင်ချင်ပါက ယဲ့ရှောင်ချန်းနှင့် ဆက်ဆံရေး ကောင်းမွန်ရပါမည်။
ဒီတစ်ခေါက် အင်မော်တယ်အားလုံးနီးပါးက ပုံရိပ်ယောင်နေရာထဲက လေလံပွဲသို့ တက်ရောက် ခဲ့ကြပါသည်။
ကျန်တာ ဘာမှမဟုတ်ရင်တောင် ယဲ့ရှောင်ချန်းနှင့် ဆုံတွေ့ဖို့ ဖြစ်ကြသည်။
"ကျေးဇူးတင်ပါတယ် အကြီးအကဲများ၊ ဒီလေလံပွဲကို တက်ရောက်ပေးကြတဲ့အတွက် ကျွန်တော် နက်နက်ရှိုင်းရှိုင်း ဂုဏ်ယူမိပါတယ်။"
ယဲ့ရှောင်ချန်း ချောင်းဟန့်လိုက်ပြီး အမြန်ပြောလိုက်သည်။
"ဟားဟား ကောင်လေးယဲ့။ မင်းက တော်တော် အားနည်းတာပဲ။ မင်းရဲ့ ကျင့်ကြံမှုကို အရှိန်မြှင့်တင်ရမယ်။"
ပိန်ပိန်ပါးပါး အပေါက်ဆိုးသည့် ပါးစပ်နှင့် ပုခုံးပေါ်တွင် သံချောင်းတစ်ချောင်းကို တင်ထားသည့် အင်မော်တယ်တစ်ပါးက သူ့ကို ပြောလိုက်သည်။
ယဲ့ရှောင်ချန်း၏ အကြည့်က သူ့ထံသို့ ရောက်သွားသည်။ သူ့ကို ချက်ချင်း မှတ်မိသွားပါသည်။
အဆိုပါသူက ကောင်းကင်ဘုံနှင့် တန်းတူသော မဟာပညာရှိကြီး စွန်းဝူခုန်း ဖြစ်သည်။
အနောက်ဘက်သို့ ခရီးနှင်ခြင်း တီဗီဇာတ်လမ်းတွဲထဲက ပုံစံနှင့် ယှဥ်လျှင် သူ့ပုံစံက ပိုမိုအရုပ်ဆိုးကာ ကြမ်းတမ်းနေပါသည်။
"အကြီးအကဲက မဟာပညာရှိကြီးစွန်းလားလို့ မေးလို့ရမလား။"
ယဲ့ရှောင်ချန်းက လက်ခုပ်တီးကာ သူ့ကို နှုတ်ဆက်လိုက်ပါသည်။
"အဲ့တာ ငါ့မြေးကြီးပဲ။ မင်း သူ့ကို သိလိမ့်မယ်လို့တောင် မထင်ထားဘူး။ ဟုတ်တယ်။ မော်တယ်လောကက လူတွေက ငါ့မြေးကို ဝတ္ထုတွေထဲ ထည့်ရေးပြီး တီဗီဇာတ်လမ်းတွေအဖြစ် ရိုက်ကူးကြတယ်လို့တောင် ငါကြားတယ်။"
မဟာပညာရှိကြီးစွန်းက အနည်းငယ် စကားများသည့် ပုံပင်။ သူ အပြောမရပ်နိုင်တော့ပေ။
"ယဲ့ရှောင်ချန်း ကျွန်မကိုကော မှတ်မိလား။"
ကျော့ရှင်းပြီး လှပသည့် အမျိုးသမီးအသံတစ်ခု ထွက်ပေါ်လာသည်။
ယဲ့ရှောင်ချန်းသည် အဆိုပါ မိန်းကလေးက လှပပြီး အလွန်လှပပြီး၊ အလွန်အမင်း လှပသည့် အမျိုးသမီးငယ်တစ်ဦးဖြစ်သဖြင့် ယဲ့ရှောင်ချန်း သတိထားမိတာ ကြာပါပြီ။
အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး နတ်သက်ကြွေလာသည့် နတ်သမီးတစ်ပါးနှင့်တူသည်။
ယဲ့ရှောင်ချန်း၏ အမြင်တွင်တော့ ကမ္ဘာပေါ်တွင် သူမထက် လှပသည့်လူ မရှိနိုင်တော့ပါ။
သူမက အဆုံးစွန်ထိ ပြီးပြည့်စုံလွန်းပြီး သူမ၏ အရှိန်အဝါကလည်း အဆုံးမဲ့ပြီးပြည့်စုံလွန်းသည်။
သူမကို ပန်းချီကားထဲက နတ်သမီးတစ်ပါးလို ထင်ရလောက်သည်အထိ ပြီးပြည့်စုံလွန်းပါသည်။
"အစ်မကြီးက အရမ်းလှတာပဲ။ လနတ်သမီးများလား။"
ယဲ့ရှောင်ချန်းက ပြုံးလိုက်သည်။
"ရှင်လည်း ကျွန်မကို လှတယ်လို့ ထင်တယ်လား။"
လန်သမီးက နူးညံ့စွာ ပြုံးလိုက်သည်။
သူမ၏ အပြုံးကား သူမ၏ အလှအပအား ပုံဆောင်သည့် အပြုံးတစ်ခုပင်။ ယခု ရှိနေကြသည့် အမျိုးသားအင်မော်တယ်များအားလုံး သူမကို စွဲလမ်းသွားကြ၏။
အမျိုးသမီးအင်မော်တယ်များအားလုံးကတော့ မနာလိုမှုနှင့် ရန်လိုသည့် အရိပ်အယောင်များ ပေါ်လာကြသည်။
"ယဲ့ရှောင်ချန်း ဒီမှာရှိနေတဲ့သူတွေကို မင်းနဲ့ မိတ်ဆက်ပေးတာ ပိုကောင်းမယ်ထင်တယ်။"
ရုတ်တရက်၊ ရှေ့တန်းတွင် ထိုင်နေသည့် ကျက်သရေရှိသည့် မျက်နှာမျိုးနှင့် ကမ္ဘာမြေကြီး၏ မိခင်တစ်ယောက်လို အရှိန်အဝါမျိုးရှိသော နန်းဝတ်နန်းစားနှင့် မိန်းမလှတစ်ဦးက ပြောလိုက်သည်။
သူမသည် လနတ်သမီးလောက် မလှပသော်လည်း ကျက်သရေရှိသော အရှိန်အဝါမျိုး ပိုရှိသည်။
ယဲ့ရှောင်ချန်းတစ်ယောက် အသိစိတ်ပြန်ဝင်လာပြီး ရင်ထဲတွင် တိုးတိတ်စွာ အံ့အားသင့်သွားမိသည်။ လနတ်သမီးက ဒီလောက်ထိ ဆွဲဆောင်မှု ရှိနေလိမ့်မည်ဟု မထင်ထားပါ။ ခုနက တကယ်ပဲ သူစိတ်လွတ်သွားခဲ့သည်။
ခုနက စကားပြောခဲ့သည့် နန်းဝတ်နန်းစားနှင့် မိန်းမလှကို ကြည့်လိုက်ပြီး သူမဘေးက နဂါးဝတ်ရုံနှင့် ဧကရာဇ်သရဖူ ဆောင်းထားသည့် လူလတ်ပိုင်းအရွယ် အမျိုးသားကို ကြည့်လိုက်သည်။
ဘာတွေဖြစ်နေသလဲဆိုတာ သူ ချက်ချင်း နားလည်သွားသည်။
ပြောစရာမလိုအောင်ပင် သူတို့နှစ်ဦးက ကောင်းကင်ဘုံနန်းတော်၏ အဓိက အရေးပါသူများ ဖြစ်ကြသည့် မယ်တော်ကြီးနှင့် ကျောက်စိမ်းဧကရာဇ်တို့ ဖြစ်ကြပါသည်။
"မယ်တော်ကြီးနဲ့ ကျောက်စိမ်းဧကရာဇ်တို့ပါလား။ ကျွန်တော့်ရဲ့ လေလံပွဲကို တက်ရောက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။"
ယဲ့ရှောင်ချန်းက ပိုလည်းမပို လိုလည်းမလိုသည့် အပြုအမူမျိုးဖြင့် ပြောလိုက်သည်။
"ဟားဟား ယဲ့ရှောင်ချန်း ကြိုစားပါ။ နောက်ပိုင်း ကောင်းကင်ဘုံနန်းတော်ထဲမှာ မင်းအတွက် နေရာတစ်ခု ရှိလာမှာပါ။"
သူတို့နှစ်ဦး ပြုံးလိုက်ပြီး ခေါင်းငြိမ့်လိုက်ကြသည်။ ယဲ့ရှောင်ချန်းအပေါ် သူတို့ဆက်ဆံသည့် ပုံစံမှာ အလွန်သဘောကောင်းလှပါသည်။
ယဲ့ရှောင်ချန်းက နှစ်ပေါင်းထောင်ချီကြာမြင့်ပြီးမှ သုံးလောကတွင် မွေးဖွားသည့် တစ်ဦးတည်းသော ရှန်းနုန် ဖြစ်သည်။ ဒါက ကောင်းကင်ဘုံနန်းတော်၏ အနာဂတ် ဖွံ့ဖြိုးမှုများနှင့် ဆက်နွယ်နေပါသည်။
ယဲ့ရှောင်ချန်း၏ ခန္ဓာကိုယ် တုန်လှုပ်သွားသည်။ သူ အလွန်အမင်း စိတ်လှုပ်ရှား ပျော်ရွှင်နေပါသည်။
သူတို့လို လူကြီးနှစ်ယောက်ကတောင် ဒီလို ပြောနေပြီ ဖြစ်သဖြင့် သူ့အနာဂတ်က တကယ်ပဲ အကန့်အသတ်မဲ့လှသည်ဟု ဆိုလိုခြင်း မဟုတ်ပါလား။
အင်မော်တယ်များအကြားတွင် အဆင့်မှီပြီး ထာဝရရှင်သန်ရမည့်အကြောင်းကို စဥ်းစားကြည့်သောအခါ ယဲ့ရှောင်ချန်းတစ်ယောက် အားအင်များ၊ တက်ကြွမှုများဖြင့် ပြည့်နှက်သွားပါသည်။
ထို့နောက် အင်မော်တယ်မျိုးစုံတို့က ကိုယ့်ကိုယ်ကို မိတ်ဆက်ကြသည်။
စုစုပေါင်း အင်မော်တယ် ၃၄၈ ယောက် ရှိသည်။ အားလုံးတွင် နာမည်ရှိကြပြီး အချို့မှာ မော်တယ်ကမ္ဘာမှာတောင် နာမည်ကျော်များ ဖြစ်ကြပါသည်။
ထိုက်ရှန်းလောင်ကျစ်သည်လည်း တက်ရောက်ခဲ့သည်။ ပညာရှိတစ်ဦးလို အရှိန်အဝါမျိုးနှင့် ဆံဖြူ တာအိုသခင်ကြီးတစ်ယောက် ဖြစ်ပြီး သူ့ပုံစံက အလွန် ဖော်ရွေတတ်သည့်ပုံပင်။
"အကြီးအကဲတို့ နောက်ကျနေပြီဆိုတော့ အခုပဲ လေလံပွဲကို စလိုက်ကြရအောင်။"
အင်မော်တယ် အားလုံးနှင့် ယဲ့ရှောင်ချန်း မိတ်ဆက်ပြီးသွားသောအခါ လေလံပွဲစတင်ကြောင်း ချက်ချင်းကြေညာခဲ့သည်။