← Chapters

အခန်း (၂၁၀) - ဘွဲ့လွန် ဆက်မတက်ချင်ဘူး

Vol. 14 Ch. 210

အခန်း (၂၁၀) - ဘွဲ့လွန် ဆက်မတက်ချင်ဘူး

Vol. 14 Ch. 210

အခန်း (၂၁၀) - ဘွဲ့လွန် ဆက်မတက်ချင်ဘူး

ဝမ်ရွှေရှန့် ဗီလာတွင်။

ယဲ့ရှောင်ချန်းနှင့် ဝမ်ရွှေရှန့်တို့ လက်ဖက်ရည် သောက်နေကြ၏။

"ဟားဟား ဒီအမျိုးသမီးက တဲ့တိုးသမားပဲ။"

ဝမ်ရွှေရှန့်က လက်ဖက်ရည် တစ်ငုံသောက်ကာ ရယ်လိုက်၏။

"ဟုတ်တယ်။ ယွမ် ၁၀ သန်းကို ဘာမှမဟုတ်သလို စပွန်ဆာပေးလိုက်တာ။ ကျွန်တော်တို့ကို နာမည်တောင် မမေးဘူး။"

ယဲ့ရှောင်ချန်း သက်ပြင်းချလိုက်ပါသည်။

သူသာဆိုလျှင် ဒီလောက်ထိ ရဲတင်းမည် မဟုတ်ပေ။

"ဂလိုဘယ်ကုမ္ပဏီက ပါချင်ရင် ငါတို့ ဒီခြေလှမ်းကို လှမ်းရမယ်။ စာရင်းမှာ ပါလာတာနဲ့ ယှဥ်ကြည့်ရင် ယွမ် ၁၀ သန်းက ဘာမှ မဟုတ်ပါဘူးကွာ။"

ဝမ်ရွှေရှန့်က ပြောလိုက်သည်။ "ဒါပေမယ့် ရှောင်ချန်း ငါတို့က ဂလိုဘယ်ကို ထည့်ချင်တယ်ဆိုတော့ ဒီအခွင့်အရေးကို ယူပြီး ငွေရှာလို့လည်း ရတယ်။"

"အစ်ကိုကြီးဝမ် ဘာကိုဆိုလိုတာလဲ။"

ယဲ့ရှောင်ချန်းက စီးပွားရေးကိစ္စများနှင့် အကျွမ်းတဝင် မရှိပေ။ အခုမှ စီးပွားရေးကိစ္စရပ်များကို စတင်ထိတွေ့ဖူးတာ ဖြစ်သဖြင့် အနည်းငယ် ဒုက္ခတွေ့နေပါသည်။

သူက စီးပွားရေးလောကထဲဝင်ဖို့ မွေးဖွားလာသူ မဟုတ်ပေ။

"ဂလိုဘယ်ကို စာရင်းထဲထည့်မယ်ဆိုရင် စဦးရှယ်ယာတချို့ ဝယ်ထားလို့ ရတယ်။ ဒါအခွင့်အရေးပဲကွ။"

ဝမ်ရွှေရှန့်က ပြုံးလိုက်သည်။

ဂလိုဘယ်ကုမ္ပဏီလို ကုမ္ပဏီမျိုးက အလားအလာကောင်းသည်။ အထူးသဖြင့် သူနဲ့ ပူးပေါင်းလိုက်သောအခါမျိုးမှာ ဖြစ်လေသည်။ အလွန်ကောင်းမွန်သော စတော့စျေးကွက် ဖြစ်လာနိုင်၏။

ထို့ကြောင့် ငွေရှာနိုင်မည့် အခွင့်အရေးတစ်ခုကို သူ လက်မလွှတ်နိုင်ပါ။

"ဘာပဲဖြစ်ဖြစ်ပါ အစ်ကိုကြီးဝမ်ပဲ တာဝန်ယူလိုက်ပါ။"

ယဲ့ရှောင်ချန်း ခေါင်းငြိမ့်လိုက်သည်။

သူ့လက်ထဲတွင် ယွမ် ၁၀ သန်းကျော် ရှိနေသဖြင့် သူ့ဘဏ်ကတ်ထဲတွင် သိမ်းထားလျှင် နှမြောစရာ ကောင်းလွန်းသဖြင့် သူလည်း ရင်းနှီးမြှုပ်နှံချင် မြှုပ်နှံနိုင်ပါသည်။

သူနဲ့ ဝမ်ရွှေရှန့်တို့ တည်ထောင်မည့်ကုမ္ပဏီတွင်တော့ သူ ရင်းနှီးမြှုပ်နှံစရာမလိုပါ။

ကုမ္ပဏီ၏ အမည်ကို သတ်မှတ်ပြီးသားဖြစ်သည်။ ကမ္ဘာမြေပေါ်က ကောင်းကင်ဘုံ စိုက်ပျိုးရေး ကုမ္ပဏီဟု အမည်ပေးထားသည်။

ယဲ့ရှောင်ချန်းက ပေးထားခြင်းဖြစ်ပြီး အဓိကမစ်ရှင်၏ အမည်ကို ပေးလိုက်ခြင်း ဖြစ်သည်။

ဘာပဲဖြစ်ဖြစ် ဒီကမ္ဘာမြေပေါ်က ကောင်းကင်ဘုံ စိုက်ပျိုးရေး ကုမ္ပဏီမှာ သူအဓိကမစ်ရှင်ကို အောင်မြင်နိုင်ဖို့ တည်ထောင်ထားခြင်းဖြစ်သည်။

နာမည်က ကောင်းသည်ဟု ဝမ်ရွှေရှန့်လည်း ထင်သည်။ ကုမ္ပဏီ၏ သဘောသဘာဝနှင့် လိုက်ဖက် ကိုက်ညီလှပါသည်။

ကုမ္ပဏီ၏ စာရင်းသွင်းထားသော အရင်းအနှီးမှာ ၁၀ သန်းဖြစ်သည်။ သို့သော် စဦး ရင်းနှီးမြှုပ်နှံခြင်း စုစုပေါင်း ပမာဏက ယွမ် သန်း ၁၀၀ ဖြစ်၏။

ဝမ်ရွှေရှန့်ပြောစကားအရ သူတို့လုပ်မည်ဆိုလျှင် အကြီးအကျယ် လုပ်ကြရမည် ဖြစ်သည်။

စိုက်ပျိုးရေးခြံ၏ တည်နေရာကိုလည်း ဆုံးဖြတ်ပြီးပါပြီ။

ယန်မြို့တော်နှင့် ကျင်းကောင်တီမြို့အကြားက အလံနီမြို့တွင် ဖြစ်သည်။

ထိုနေရာရှိ မြေကြီးက မြေဆီမြေသြဇာ ပြည့်ဝပြီး မြေအသွင်အပြင်ကလည်း နူးညံ့ပါသည်။

စိုက်ပျိုးရေး ခြံကျယ်ကြီးတစ်ခု တည်ဆောက်ဖို့ အလွန်သင့်လျော်သည်။

အစီအစဥ်အရဆို စိုက်ပျိုးရေးခြံတစ်ခုလုံးကို အရွယ်အစားအနေဖြင့် ဟက်တာပေါင်း များစွာ တည်ဆောက်မည်ဖြစ်သည်။

နောက်လအတွင်း စိုက်ပျိုးရေးခြံ ဆောက်လုပ်ရေးကို အရှိန်အဟုန်ဖြင့် စတင်မည်ဖြစ်၏။

စိုက်ပျိုးရေးခြံသို့ ပြန်ရောက်သောအခါ အင်မော်တယ်မြေကွက်အားလုံးကို ယဲ့ရှောင်ချန်း စစ်ဆေးလိုက်ပြီး သွပ်အိမ်လေးဆီသို့ ပြန်လာခဲ့သည်။

ယဲ့ရှောင်ချန်းသည် ရှန်းနုန်မိတ်ဆက်လမ်းညွှန်စာအုပ်ကို ထုတ်ကာ ဖတ်လိုက်၏။

ဒီနှစ်ရက်အတွင်း ချီယွမ်ဆေးအား ဖော်စပ်ဖို့ လေ့လာနေခြင်းဖြစ်သည်။

ယခု သူ့အကောင့်ထဲတွင်  အင်မော်တယ်ယွမ် ၁၈,၀၀၀ ကျော်ရှိနေပြီ ဖြစ်သဖြင့် အင်မော်တယ် ဆေးပင်သုံးမျိုးကို ဝယ်ယူဖို့ လုံလောက်ပါပြီ။

သို့သော်လည်း သူ့တွင် အပြည့်အဝ ယုံကြည်ချက် ရှိမနေပေ။ ထိုက်ရှန်းလောင်ကျစ်၏ ရှင်းပြချက်အရ ဒီလိုဆေးဝါးမျိုးကို အောင်မြင်စွာ ဖော်စပ်နိုင်ဖို့အတွက် ဆေးဝါးဂုဏ်သတ္တိ အတွင်းပိုင်း ပြောင်းလဲမှုများကို နားလည်ထားဖို့ လိုအပ်သည်။ ဒီတိုင်း အလွယ်လေး ဖော်စပ်လိုက်လို့ မရပါ။

ချီယွမ်ဆေးကို ရာနှုန်းပြည့် အောင်မြင်နှုန်းနှင့် ဖော်စပ်နိုင်ဖို့ သူဂရုစိုက်မှ ဖြစ်မည်။

"အခက်အခဲတစ်ခုရှိသေးတယ်။ ဒုဓလီစိတ်ဝိညာဥ်အပင်မျိုးစေ့ကို ဖန်တီးတဲ့နေရာမှာ ဝိညာဥ်ချည်မျှင် အတုတွေကို ဖယ်ရှားပြစ်ရမယ်။ မဟုတ်ရင် ဆေးရည်ရဲ့ အောင်မြင်နိုင်ချေကို ထိခိုက်စေလိမ့်မယ်။"

ယဲ့ရှောင်ချန်း စိတ်ထဲတွင် တွက်ချက်ကြည့်လိုက်သည်။

ထို ဝိညာဥ်ချည်မျှင် အတုများက ဒုဓလီစိတ်ဝိညာဥ်အပင်မျိုးစေ့၏ ဝိညာဥ်ချည်မျှင် အစစ်များနှင့် ရောယှက်နေသည်။ ၎င်းတို့ကို ခွဲခြားဖို့က အလွန်ခက်ခဲပြီး စိတ်စွမ်းအားဖြင့် ပိုင်းခြားရသည်။

ယဲ့ရှောင်ချန်းက အခြေခံအုတ်မြစ် တည်ဆောက်ခြင်း၏ အစဦးအဆင့်တွင်သာ  ရှိသေးသည်။ စိတ်စွမ်းအားလည်း မရှိသေးပါ။ အများဆုံး စိတ်ဝိညာဥ်ဆက်သွယ်ခြင်းအတွက် ပါရမီတော့ ရှိသည်။ သာမန် အခြေခံအုတ်မြစ် တည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများထက်တော့ အားသာချက် တချို့ရှိနေပါသည်။

ထို့ကြောင့် အင်မော်တယ် စိုက်ပျိုးသူ အစစ်အမှန် ဖြစ်လာချင်ပါက အနည်းဆုံး ချီသန့်စင်ခြင်းအဆင့်ကို ရောက်ရှိပြီး စိတ်စွမ်းအားကိုလည်း ပိုင်ဆိုင်ရမည်ဖြစ်သည်။

"ကြည့်ရတာ အဆိုးဆုံးနည်းလမ်းကိုပဲ သုံးလို့ရတော့မယ်ထင်တယ်။"

ယဲ့ရှောင်ချန်း ခေါင်းခါလိုက်သည်။

တရုတ်သိပ္ပံကျောင်းတော်နှင့် တောင်ပိုင်းဒေသတို့၏ သိပ္ပံပညာသုတေသန ပူးပေါင်းဆောင်ရွက်ခြင်း အစည်းအဝေးပွဲသို့ တက်ရောက်ဖို့ နောက်ထပ် ရက်အနည်းငယ်နေလျှင် မြို့တော်သို့ သွားရတော့မည် ဖြစ်သဖြင့် ဆေးဝါးကို အခု ဖော်စပ်ဖို့ အစီအစဥ်မရှိပါ။

သူပြန်လာသည့် အချိန်အထိ ရပ်ဆိုင်းထားမည်ဖြစ်သည်။

စိုက်ပျိုးရေးခြံ၏ စီမံရေးအပိုင်းကိုတော့ ပဲစေ့စစ်သည်တော် ထောင်ဟွမ်းယီကိုပဲ တာဝန်ပေးခဲ့မည်ဖြစ်၏။

ကံကောင်းစွာဖြင့် ရှန်းနုန်စနစ် အဆင့်မြှင့်တင်ပြီးကတည်းက ၎င်း၏ လုပ်ဆောင်ချက်များ အများကြီး တိုးတက်သွားသည်။

စိုက်ပျိုးရေးခြံ မြေပုံ၏ တာအကွာအဝေးက အများကြီး တိုးမြင့်သွားသည်။ ဒီအကွာအဝေးအတွင်းမှာဆို စိုက်ပျိုးရေးခြံပိုင်နက်ဟုဆိုနိုင်၏။

ထို့အပြင် သူမိုင်ထောင်ချီဝေးနေသော်လည်း စိုက်ပျိုရေးခြံမြေပုံကို သုံးကာ တချို့ လုပ်ဆောင်ချက်များကို လုပ်ဆောင်နိုင်ပါသည်။

ဥပမာအားဖြင့် စိုက်ပျိုးရေးခြံကို ပစ်မှတ်ထားဖို့ အသံဖြင့် ထိန်းချုပ်နိုင်၏။

သူ တစ်ခုခု လုပ်ချင်ပါက ပဲစေ့စစ်သည်တော် ထောင်ဟွမ်းယီကို တိုက်ရိုက်မက်ဆေ့ချ်တစ်ခု ပေးပို့ကာ လုပ်ခိုင်းနိုင်သည်။

ထို့အပြင် စိုက်ပျိုးရေးခြံမြေပုံပေါ်မှတဆင့် အင်မော်တယ်အပင်များနှင့် သာမန်အပင်များအပေါ် အပင်ဖွံ့ဖြိုးခြင်း နည်းလမ်းကို အသုံးချနိုင်ပါသည်။

စိုက်ပျိုးရေးခြံ မြေပုံမှ တဆင့် အဝေးကြီးမှ အသုံးပြုနိုင်ခြင်းက တကယ်ပဲ ဆန်းကြယ်လှပါသည်။

စိုက်ပျိုးရေးခြံ မြေပုံမှတဆင့် အင်မော်တယ်အပင်များနှင့် ဆက်သွယ်နိုင်ကာ ကျင့်ကြံဖို့အတွက် လေထဲမှ အပင်ဝိညာဥ်ချီများကို စုပ်ယူနိုင်သည်။

ထိုလုပ်ဆောင်ချက်အားလုံးက သူ့ထံသို့ အဆင်ပြေ ချောမွေ့မှုများ ယူဆောင်လာပေးသည်။ သူ အချိန်အကြာကြီး အပြင်ရောက်နေရင်တောင် ပြဿနာမရှိလောက်ပါ။

ဇန်နဝါရီလ ၁ ရက်နေ့။

မနက်ခင်း စောစောအချိန်။

ယဲ့ရှောင်ချန်း မနက်စာ စားပြီးပါပြီ။

"သား မြို့တော်ကိုရောက်ရင် ဖုန်းဆက်ဦးနော်။"

သူ့အမေက သတိပေးလိုက်သည်။

ဒီလိုအဆင့်မြင့်သည့် အစည်းအဝေးပွဲကြီး တစ်ခုကို သူ့သား တက်ရောက်ရတော့မည်ဖြစ်သဖြင့် သူမ အလွန်ဂုဏ်ယူနေမိပါသည်။

ဒီတစ်ခေါက် မြို့တော်သို့ ဒေသထဲက ရာထူးမြင့် အရာရှိများစွာ သွားရောက်ကြလိမ့်မည်ဟု ဆိုကြသည်။

"အမေ စိတ်မပူပါနဲ့။"

ယဲ့ရှောင်ချန်း ပြုံးလိုက်သည်။

ထိုအချိန်တွင် သူ့ခရီးဆောင်အိတ်ကို သယ်ကာ ကားထံသို့ သွားလိုက်သည်။ ကားနောက်ဖုံးကို ဖွင့်ပြီး ခရီးဆောင်အိတ်ကို ထည့်လိုက်သည်။

"အဖေနဲ့ အမေ ကျွန်တော်သွားပြီနော်။"

ယဲ့ရှောင်ချန်း တာ့တာပြလိုက်သည်။ ထို့နောက် ကားထဲဝင်ကာ မောင်းထွက်သွား၏။

ကားပျောက်ကွယ်သွားသည်ကို မြင်သောအခါမှ မိဘနှစ်ပါး ဘေးနားရှိ အိမ်သစ်ကြီးထံသို့ သွားလိုက်ကြသည်။

အခု အိမ်သစ်ကြီးက နှစ်ထပ်အိမ် ဖြစ်သည်။

ဒုတိယထပ်ကလည်း တစ်မီတာကျော် မြင့်၏။

အိမ်၏ ပုံစံက အလွန်ထူးခြားသည်။ နောက်ဆုံးပေါ် ရေပန်းစားသည့် စတိုင်မျိုး ဆောက်ထားခြင်းဖြစ်သည်။

သေချာပေါက် ၅၀၀,၀၀၀ ယွမ်ထက် တန်လောက်သည်။ အနည်းဆုံး ယွမ် ၁ သန်းလောက် ရှိနိုင်ပါသည်။

ထိုကိစ္စနှင့် ပတ်သတ်ပြီး သူ့အမေက သဘောသာ တူနိုင်တော့သည်။

သူ့သား၏ အဆင့်အတန်းက မတူညီတော့မှန်းလည်း သူမ သိပါသည်။

သူ့လစဥ်ဝင်ငွေက ယွမ် သန်း အနည်းငယ် ဝင်ငွေ ရှိနေပါပြီ။

အိမ်တစ်လုံးဆောက်ဖို့ ယွမ် ၁ သန်း သုံးခြင်းက ပြဿနာ မဟုတ်တော့ပါ။ အိမ်ကလည်း အလွန်စုတ်နေ၍ မဖြစ်ပေ။

....

ယဲ့ရှောင်ချန်းက ယန်မြို့တော်မှ ကိုယ်စားလှယ် အဖွဲ့နှင့် အတူတူမသွားခဲ့ပေ။ ရှမြို့တော်သို့ တန်းသွားခဲ့၏။

သူ့ညီမ၏ ကျောင်းသို့ သွားရသေးသည်။

NTU စီးပွားရေး တက္ကသိုလ်။

ဒုတိယအဆင့် ကျောင်းတစ်ခုဖြစ်ပါသည်။

ဒီလိုကျောင်းမျိုးအတွက် သာမန်ကျောင်းများစွာက နာမည်နှင့် ကျောင်းသားအရေအတွက် တိုးမြင့်စေဖို့ အလေ့အကျင့်ကောင်းဖြစ်ပါသည်။

အမှန်ပင်။ စီးပွားရေး တက္ကသိုလ်၏ သင်ပြချက် စံနှုန်းများကလည်း အတော်လေး ကောင်းမွန်လှ၏။

အရင်နှစ်အနည်းငယ်တုန်းက သူတို့ ကျောင်းတော်ကို အဆင့်မြှင့်တင်ဖို့ နည်းလမ်းများ ရှာဖွေနေခဲ့ကြသည်။

ကျောင်းဂိတ်ဝတွင် ကားရပ်တန့်သွား၏။

ယဲ့ရှောင်ချန်း ကားထဲတွင် ထိုင်ကာ စောင့်နေလိုက်သည်။

သူ့ညီမကို ဖုန်းဆက်ထားပြီးသားဖြစ်၏။

သိပ်မကြာလိုက်ဘဲ သူ့ညီမ စက်ဘီးတစ်စီးဖြင့် ရောက်လာသည်ကို ယဲ့ရှောင်ချန်း မြင်လိုက်ရပါသည်။

အင်မော်တယ်စမ်းရေ ဆားရည်စိမ်ဟင်းသီးဟင်းရွက်များကို မကြာခဏ စားသဖြင့် ယဲ့ယင်၏ အသားအရည်က မိတ်ကပ်မလိမ်းရင်တောင် ယခု အလွန်ကောင်းမွန်နေပါပြီ။

သူ့ညီမက သိပ်ပြီး မဆိုးရွားလှပါ။ သို့သော် အရင်တုန်းက အနည်းငယ် အာဟာရ ချို့တဲ့၏။ သို့သော် အခုတော့ သူမ၏ မျက်နှာက ပန်းရောင်သမ်းနေသည်။ သူမ၏ ဆံပင်က နက်မှောင် တောက်ပနေ၏။ အဝတ်အစားများကလည်း လှပသည်။ ချက်ချင်း ကျောင်းတော်က အလှအပလေးတစ်ယောက် ဖြစ်လာခဲ့၏။

"အစ်ကိုကြီး"

ယဲ့ယင်က စက်ဘီးကို ဘေးတွင်ရပ်လိုက်ကာ ပြုံးပြလိုက်သည်။

"တက်လေ"

ယဲ့ရှောင်ချန်းက ပြောလိုက်၏။

"အစ်ကို ဘယ်သွားမလို့လဲ။ ညီမလေး ခဏနေ အတန်းရှိသေးတယ်။"

ယဲ့ယင်က ပြောလိုက်သည်။

"ငါနင့်ကို ပြောစရာရှိလို့ပါ။"

ယဲ့ရှောင်ချန်းက ပြောလိုက်သည်။

ယဲ့ယင်က ရှေ့ခုံတွင် ဝင်ထိုင်လိုက်၏။

ယဲ့ရှောင်ချန်းက ဘွဲ့လွန်တက္ကသိုလ်ဝင်ခွင့် ထောက်ခံချက်အကြောင်း ပြောပြလိုက်သည်။

"အစ်ကို ပြောတာ တကယ်ပဲလား။"

ယဲ့ယင်၏ မျက်လုံးများ ပြူးကျယ်သွားသည်။

"ဒါပေါ့ ရှင်းဟွာ တက္ကသိုလ်လား၊ ပေကျင်း တက္ကသိုလ်လား၊ နင် ကြိုက်တာသာ ရွေး။"

ယဲ့ရှောင်ချန်း ပြောလိုက်၏။

"ဒါပေမယ့်..."

ယဲ့ယင်က ခေါင်းငုံ့ကာ တွန့်ဆုတ်နေသလိုပင်။

"ဘာဖြစ်လို့လဲ။"

ယဲ့ရှောင်ချန်း မေးလိုက်၏။

"ညီမလေး တက္ကသိုလ် မသွားချင်တော့ဘူး။"

ယဲ့ယင်က ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည့်ပုံပင်။ ခေါင်းမော့ကြည့်ပြီး ပြောလိုက်၏။

"ဟင် ဘာဖြစ်လို့လဲ။"

ယဲ့ရှောင်ချန်း အနည်းငယ် ကြောင်သွားပြီး အံ့အားသင့်စွာ ပြောလိုက်သည်။

ယဲ့ယင် အလွန်ပျော်သွားလိမ့်မည်ဟု ထင်ထားခဲ့၏။ သူမ တက္ကသိုလ် မသွားချင်လိမ့်မည်ဟု ဘယ်သူက ထင်မည်နည်း။ တစ်ခုခု မှားနေတာလား။

All Chapters