← Chapters

chapter(96)

Vol. 7 Ch. 96

chapter(96)

Vol. 7 Ch. 96

အသန့်စင်ဆုံးစနစ် အခန်း (96)

ထိုချိန်မှာ မော့ပုဖေးသည် အခန်းထဲ ရောက်ရှိလာသောကြောင့်

ကုရှောင်သည် ပြေးဖက်လိုက်ပြီး "အမေ.......အမေဘာမှ မဖြစ်ဘူးနော်" ဟု ပြောကာ သူ့အမေကို သေချာစစ်ဆေးကြည့်လိုက်သည်။

မော့ပုဖေးသည် ကုရှောင်ကို အဖက်မလုပ်ဘဲ စောင့်ရှောက်ပေးထားသည့်အတွက် ဓားဘုရင်ဂိုဏ်းမှ အကြီးအကဲနှစ်ယောက်ကို လက်နှစ်ဖက်ဆုပ်ကာ ကျေးဇူးတင်လိုက်သည်။

ထို့နောက် မော့ပုဖေးသည် သူက နဂါးမင်းတံဆိပ်ဂိုဏ်း၏ အကြံပေးအကြီးအကဲတစ်ယောက် ဖြစ်သွားပြီဖြစ်တဲ့အတွက် စိတ်ပူဖို့မလိုတော့တဲ့အကြောင်း ပြောပြလိုက်သည်။ထိုအခါ ကုရှောင်သည် "အမေ......တကယ်ပြောနေတာလား...... " ဟုအံ့အားသင့်စွာဖြင့် ​မေးလိုက်သည်။

ထိုအခါ မော့ပုဖေးသည် ခေါင်းငြိမ့်ပြလိုက်ပြီး ဓားဘုရင်ဂိုဏ်းမှ အကြီးအကဲနှစ်ယောက်အား ချောင်ဖုန်းသည် သူတို့ဂိုဏ်းချုပ်သစ်ဖြစ်ကြောင်း ပြောပြလိုက်သည်။

ထိုအခါမှသာ ကုရှောင် ၊ ခန်းကျစ် နှင့် စုတန့်တို့သည် ငယ်ရွယ်သောကောင်လေးက ဂိုဏ်းချုပ်သစ် ဖြစ်မည်ဟု မထင်ထားတာကြောင့် အံ့အားသင့်သွားပြီး ခန်းကျစ်သည် သူခုနမှ လုပ်ခဲ့သော အရာများကို တွေးကာ ခြေဖျားလက်ဖျားများပင် အေးစက်သွားကာ ချောင်ဖုန်းကို ချက်ချင်းတောင်းပန်လိုက်လေသည်။

ချောင်ဖုန်းသည် ရန်မမူဘဲ အေးအေးဆေးဆေးပင် ပြန်ပြောလိုက်တာကြောင့် ခန်းကျစ်သည် စိတ်သက်သာရာ ရသွားလေသည်။

ကုရှောင်သည် သူကြီးထွားလာရသည့် နေရာဖြစ်သော နဂါးမင်းတံဆိပ်ဂိုဏ်းတွင် ပြန်နေလို့ရမှာ ဖြစ်တဲ့အတွက် ပျော်ရွင်သွားခဲ့သည်။အကြီးအကဲစုတန့်သည် "ကုရှောင်......မကြာခင်ဂိုဏ်းမှာ ပါရမီရှင်ရွေးချယ်ပွဲ ရောက်တော့မှာ ဖြစ်တဲ့အတွက် မင်းဒီမှာ နေချင်ရင်တော့ ရက်အနည်းငယ်ပဲ နေခွင့်ရှိမယ်" ဟု ပြောလိုက်သည်။

ကုရှောင်သည် ခန်းကျစ်နဲ့စုတန်ကို အရိုအသေပေးပြီးနောက် ခန်းကျစ်တို့သည် အချက်ပေးအစီအရင်စာရွက် တစ်ခုကို သိုသိုဝှက်ဝှက်ပေးခဲ့ပြီး တစ်ခုခုဖြစ်ရင် အချက်ပြဖို့ ပြောကာ ချောင်ဖုန်းတို့ကို နှုတ်ဆက်ပြီး နဂါးမင်းတံဆိပ်ဂိုဏ်းမှ ထွက်ခွာသွားလေသည်။

နဂါးမင်းတံဆိပ်ဂိုဏ်း၏ အပြင်ဘက်ရောက်တဲ့အခါ ခန်းကျစ်သည် "ကြည့်ရတာ......နဂါးမင်းတံဆိပ်ဂိုဏ်းမှာ ကြီးကြီးမားမားပြောင်းလဲမှုကြီးတစ်ခုဖြစ်ပေါ်သွားတယ် ထင်တယ် ၊ ဒီကိစ္စကို ငါတို့ ဂိုဏ်းချုပ်ကို တင်ပြရမယ် " ဟု စုတန့် ကို ပြောကာ ဓားပျံများစီးကာ ပျံသန်းသွားကြလေသည်။

ဓားဘုရင်ဂိုဏ်းမှ အကြီးအကဲ နှစ်ယောက်ထွက်ခွာသွားပြီးနောက် ချောင်ဖုန်းသည် ဆေးလုံးရဲ့ အာနိသင်ကို ဖျက်စီးပစ်လိုက်သည်။ထိုအခါ ချောင်ဖုန်း၏ မျက်နှာအစစ်ကို တွေ့ရှိလိုက်ရသော ကုရှောင်သည် "ရီသခင်လေး.........နင်က ဒီဂိုဏ်းရဲ့ ဂိုဏ်းချုပ်သစ်လား " ဟု အံ့အားသင့်စွာမေးလိုက်သည်။

ချောင်ဖုန်းသည် "မိန်းကလေးကုရှောင်.....ငါမဟုရင် သခင်မပုဖေးကို နဂါးမင်းတံဆိပ်ဂိုဏ်းက ကြည်ဖြူစွာ ခေါ်ထားမယ်လို့ နင်ကထင်နေတာလား " ဟု ပြုံး၍ ပြောလိုက်သည်။ထို့နောက် မော့ပုဖေးသည် "ကုရှောင်......ခုချိန်မှာ ရီသခင်လေးက နဂါးမင်းတံဆိပ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဖြစ်နေပြီ နင်သူကို ရိုရိုသေသေ ဆက်ဆံသင့်တယ် " ဟု ပြောလိုက်သည်။

ထိုအခါ ချောင်ဖုန်းသည် တည်ငြိမ်စွာဖြင့် "သခင်မပုဖေး.......ကျွန်တော်ဒီတာဝန်ကို လုပ်ဆောင်မယ်ပြောတုန်းက ကျွန်​တော် ပြောခဲ့တာကို မှတ်မိလား " ဟု မေးလိုက်သည်။ထိုအခါမော့ပုဖေးသည် "ဂိုဏ်းသခင်လေး......မဟုတ်မှလွဲရော ဂိုဏ်းသခင်​လေးက ဂိုဏ်းချုပ်နေရာကို သင့်တော်တဲ့လူ ရှာခိုင်းထားတဲ့ ကိစ္စလား " ဟု မေးလိုက်သည်။

ထိုအခါ ချောင်ဖုန်းသည် ခေါင်းငြိမ့်ပြလိုက်ပြီး "သခင်မပုဖေး......ခုဆိုရင် နဂါးမင်းတံဆိပ်ဂိုဏ်းက တည်ငြိမ်သွားပြီဖြစ်တဲ့အတွက် ကျွန်တော်ဒီနေရာကနေ ထွက်ခွာသွားဖို့ အချိန်တန်ပြီ ထင်တယ် " ဟု ပြောလိုက်သည်။

ထိုအခါ မော့ပုဖေးသည် "ဂိုဏ်းသခင်လေး.......မကြာသေးခင်က ပုဖေး..... ဂိုဏ်းချုပ်နေရာကို သင့်တော်မယ့်လူကို ရှာဖွေပြီးပါပြီ ၊ ဒါပေမယ့် ဂိုဏ်းသခင်လေးမျိုး ထက်မြတ်တဲ့လူကို ရှာမတွေ့သေးပါဘူး " ဟု ပြန်ပြောလိုက်သည်။

ထိုအခါ ချောင်ဖုန်းသည် သက်ပြင်းတစ်ချက်ရှိုက်ကာ ခေါင်းခါလိုက်ပြီး "သခင်မပုဖေး......ကျွန်တော်ဒီမှာ အမြဲနေလို့ မဖြစ်နိုင်ဘူး " ဟု ပြောလိုက်သည်။ထိုအခါကုရှောင်သည် "ရီသခင်လေး......ရှင်ဂိုဏ်းမှာ ရှိရှိမရှိရှိ ကုရှောင်တို့က ဂိုဏ်းချုပ်အဖြစ် သတ်မှတ်ထားမှာပါ " ဟု ဝင်ပြောလိုက်လေသည်။

ချောင်ဖုန်းသည် နဂိုက ဂိုဏ်းချုပ်ရာထူးကို လွဲပြောင်းပေးကာ

အကြီးအကဲတစ်ယောက်ဖြစ်ဖို့ စိတ်ကူးထားသော်လည်း မတက်နိုင်တဲ့အဆုံး မော့ပုဖေးတို့စကားကိုသာ သဘောတူလိုက်သည်။

ချောင်ဖုန်းသည် နဂါးမင်းတံဆိပ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ရာထူးကို အမည်ခံ ဆက်ခံထားပေးမယ်လို့ ပြောကာ သင့်တော်မယ့်သူရှိလာရင် လွဲပြောင်းပေးဖို့ အဆင်သင့်ပဲ ဟု ပြော၍ ထိုအခန်းထဲမှ ထွက်ခွာလာခဲ့သည်။

ထို့နောက်ချောင်ဖုန်းသည် သူ၏ အခန်းထဲသို့ ရောက်တဲ့အခါ အဆင့်ခုနှစ်နတ်ဆိုးသားရဲမှ ရသော အနီရောင်မှော်ကျောက်တုံးကို ထုတ်လိုက်ပြီး မျက်လုံး မှိတ်လိုက်ကာ ထိုအနီရောင် မှော်ကျောက်တုံးမှ စွမ်းအားများကို စတင်စုပ်ယူလေသည်။

တစ်ရက်ကြာပြီးတဲ့အခါ အနီရောင်မှော်ကျောက်တုံးရဲ့ စွမ်းအားကို စုပ်ယူပြီးတဲ့နောက် မှာ မှော်ကျောက်တုံးသည် ရိုးရိုးကျောက်တုံးအဖြစ်သို့ ပြောင်းသွားတဲ့အခါ ချောင်ဖုန်းရဲ့ မျက်လုံးများ ပြန်လည် ပွင့်လာခဲ့ပြီး " ဒီမှော်ကျောက်တုံးရဲ့ စွမ်းအားတွေကိုသာ အမြဲစုပ်ယူနိုင်မယ်ဆိုရင် ငါကျင့်ကြံမှုက နဂိုထက် အဆပေါင်းများစွာ သာလွန်သွားနိုင်တယ် " ဟု တစ်ယောက်ထဲ ရေရွတ်လိုက်သည်။

ထို့နောက် ချောင်ဖုန်းသည် "နဂါးပျော်မွေ့ရာကျင့်စဥ်ကို သန့်စင်မယ်" ဟု ပြောလိုက်သည်။ထိုအခါ စနစ်မှ "ဂုဏ်ယူပါတယ်.....စနစ်ရှင်သည် နဂါးပျော်မွေ့ရာကျင့်စဥ်ကို ကျွမ်းကျင့်မှုအဆင့်ထိ တက်မြောက်သွားပါပြီ " ဟု အသံထွက်လာခဲ့သည်။

ချောင်ဖုန်းသည် " နောက်ထပ်တစ်ကြိမ်ထပ်သန့်စင်မယ် " လို့ ပြောလိုက်တဲ့အခါ စနစ်မှ"ဂုဏ်ယူပါတယ်...... စနစ်ရှင်သည် နဂါးပျော်မွေ့ရာကျင့်စဥ်ကို အနိူင်းမဲ့အဆင့်ထိ တက်မြောက်သွားပါပြီး " ဟု ပြောလိုက်သည်။

ထို့နောက်ချောင်ဖုန်းသည် ပါးရှန်းဂိုဏ်းမှ ရလာသော ရတနာအပျက်အစီးများကို ထုတ်လိုက်ပြီး အားလုံးကို သန့်စင်လိုက်သည်။

ခဏအကြာမှာတော့ သုံးစားမရသော ရတနာလက်နက်များမှ စွမ်းအင်များ ဖြာထွက်နေသော ရတနာအဖြစ်သို့ ပြောင်းလဲသွားကြကုန်သည်။

ထိုအခါ ရတနာလက်နက်ပေါင်းများစွာကို တွေ့လိုက်ရတဲ့အခါ ချောင်ဖုန်းသည် ပြုံးရွင်သွားပြီး "ဟီးဟီး........ငါဒါတွေကို ရောင်းလိုက်ရရင်တော့ ဒီကမ္ဘာမှာ အချမ်းသာဆုံးဖြစ်မယ်ထင်တယ်" ဟု ပြောကာ ရယ်လိုက်သည်။

ရီချုံသည် ရတနာလက်နက်များကို ချောင်ဖုန်းဘာနည်းလမ်းသုံးလိုက်မှန်းမသိပင်မယ့် "အကိုကြီး.......မင်းကကျင့်ကြံသူတစ်ယောက်လေ ချမ်းသာပြီး ဘာလုပ်ဖို့လဲ " ဟု ပြောလိုက်သည်။

ချောင်ဖုန်းကတော့ ဘာမှ မဖြေကြားဘဲ သူ့ဘာသာ တွေးရယ်နေလေသည်။

ထိုချိန်မှာ ချောင်ဖုန်းသည် ရတနာလက်နက်များထဲမှ လှပပြီး သေးငယ်သော အစီအရင်စာတန်းများ ရေးဆွဲထားသော ရွှေရောင် ဝတ်စုံတစ်စုံကို ရှာတွေ့သွားပြီး ယူ၍ ကြည့်လိုက်သည်။ထိုဝတ်စုံသည် သာမာန်အင်္ကျီဝတ်စုံပုံစံနဲ့တူသော်လည်း ချောင်ဖုန်းသည် ရတနာဝတ်စုံဖြစ်သောကြောင့် ဝတ်ကြည့်လိုက်လေသည်။

ထိုအခါ ရွှေရောင်ဝတ်စုံသည် ချောင်ဖုန်းခန္ဓာကိုယ်နဲ့ ချိတ်ဆက်သွားပြီး စွမ်းအားအရှိန်များ ထွက်လာ၍ ပြင်းထန်သော စွမ်းအင်အငွေ့အသက်များကိုပါ ချောင်ဖုန်းခံစားသိရှိလိုက်ရသည်။ချောင်ဖုန်းသည် သူဝတ်လိုက်သည့် ရွှေရောင်ဝတ်စုံသည် သံချပ်ကာဝတ်စုံတစ်စုံဖြစ်မှန်း သိရှိလိုက်ရသည်။

ယခုအချိန် တစ်စုံတစ်ယောက်သည် ဘေးမှကြည့်လျှင် ချောင်ဖုန်းကို ရွှေရောင်လူသားဟု ထင်မိသွားကြလိမ့်မည်ဖြစ်သည်။စက္ကန့်အနည်းငယ်ကြာပြီးတဲ့အခါ ရွှေရောင်စွမ်းအင်ကြီးသည် သူ့အလိုလိုပျောက်ကွယ်သွားပြီးနောက် ချောင်းဖုန်းသည် သူရဲ့ဝတ်စုံကို အပေါ်မှ ထပ်ဝတ်ထားလိုက်သည်။

ချောင်ဖုန်းသည် သူမထွက်သွားခင်တွင် နဂါးမင်းတံဆိပ်ဂိုဏ်းကို ကာကွယ်ဖို့အတွက် ရှဲ့ချမ်းတို့ကို တာဝန်ပေးခဲ့ပြီး ဂိုဏ်းတစ်ခုလုံးကို အကာအကွယ်ပေးနိုင်သော ဧရာမအစီအရင်ကြီး တစ်ခုကိုလဲ ဖန်တီးတည်ဆောက် ပေးခဲ့သည်။ထို့အပြင် ဂိုဏ်းကို တိုးတက်အောင် ထောက်ပံပေးနိုင်မည့် အဂ္ဂိရတ်ပညာရှင်ဖြစ်သော ဖုန်းတုယီအား ဆေးလုံးဖော်စပ်နည်း တစ်ချို့ကို လဲ သင်ပေးခဲ့သည်။

နဂါးမင်းတံဆိပ်ဂိုဏ်းတွင် ရာထူးကြီးသော အကြီးအကဲများမှလွဲ၍ ကျန်သောသူများသည် ချောင်းဖုန်းရဲ့ မျက်နှာအမှန်ကို မမြင်ဖူးကြပေ။ချောင်ဖုန်းသည် ထွက်ခွာဖို့ ရက်အနည်းငယ်စောင့်နေချိန်အတွင်း အနက်ရောင်တံဆိပ်ပြားမှ အချက် နှစ်ခုပင် ပြလာသည့်အတွက် ချောင်ဖုန်းသည် ထိုနေရာကို အလျင်မြန်ဆုံးနှုန်းဖြင့် သွားလိုက်သည်။

ချောင်ဖုန်းသည် ဂိုဏ်း၏အပြင်ဘက် ရောက်သွားသည့်အခါ လျောင်ရှန်းနဲ့အတူ ရှိနေသော အဖိုးအိုတစ်ယောက်ကို တွေ့လိုက်ရသည်။ထိုအဖိုးအိုကတော့ ချောင်ဖုန်းနှင့်ယီရှင်းထျန်ကို ကယ်တင်ခဲ့ဖူးသည့် သေခြင်းတရားပိုင်ဆိုင်သူ စွမ်းအင်အငွေ့အသက်ပိုင်ရှင်ဖြစ်သော အဖိုးအိုပင် ဖြစ်လေသည်။

အဖိုးအိုသည် ချောင်ဖုန်းကိုတွေ့တာနဲ့ မှတ်မိကာ "မင်းက ယန်အစီအရင်ဂိုဏ်းရဲ့ တပည့်မလား " လို့မေးလိုက်သည်။လျောင်ရှန်းသည် အဖိုးအိုကို လက်နှစ်ဖက်ဆုပ်ကာ ရိုရိုသေသေဖြင့် ချောင်ဖုန်းသည်လည်း အနက်ရောင်တံဆိပ်ပြားကို ရွေးချယ်ထားသည့် နတ်ဘုရားခေါင်းလောင်းမျှော်စင်ဂိုဏ်း၏ လို့ဝှက်ထောက်လှမ်းရေးအဖွဲ့ဝင် ဖြစ်ကြောင်း ​ပြောပြလိုက်သည်။

ထိုအဖိုးအိုရဲ့ နာမည်သည် ကျင်းမင်လီဖြစ်ပြီး အနက်ရောင်တံဆိပ်ပြားအဖွဲ့၏ အကြီးအကဲခေါင်းဆောင်တစ်ယောက်ပင်ဖြစ်သည်။ကျင်းမင်လီသည် လောင်ချုန်းထက်ပင် ကျင့်ကြံမှုအဆင့်မြင့်မားသော်လည်း သူစိတ်ကြိုက်လုပ်ချင်တဲ့အရာတွေ လုပ်သောကြောင့် ဂိုဏ်းမှ ရာထူးလျော့ချထားခြင်း ဖြစ်သည်။

All Chapters