← Chapters

အခန်း (၂၀၈) - အဓိကတာဝန်

Vol. 14 Ch. 208

အခန်း (၂၀၈) - အဓိကတာဝန်

Vol. 14 Ch. 208

အခန်း (၂၀၈) - အဓိကတာဝန်

ယဲ့ရှောင်ချန်း လေလံတင်ရောင်းချရန် ရွေးချယ်ခဲ့သော အင်မော်တယ်အပင် ပထမဆုံးအမျိုးအစားမှာ အင်မော်တယ်မုန်လာဥနီ ဖြစ်သည်။

အင်မော်တယ်မုန်လာဥနီ အလုံး ၁၀၀ စလုံးကို တစ်ခါတည်း လေလံတင်လိုက်၏။

အခြေခံစျေးနှုန်းက အင်မော်တယ်ယွမ် ၂၀၀ ဖြစ်သည်။

လေလံဆွဲသူက အလွန်နည်းပါသည်။ အပင်စား အိမ်မွေးတိရိစ္ဆာန်ရှိသည့် လနတ်သမီးနှင့် တခြားအင်မော်တယ် တချို့သာ လေလံဆွဲကြသည်။

နောက်ဆုံးတွင်တော့ အင်မော်တယ်မုန်လာဥနီ အလုံး ၁၀၀ ကို အင်မော်တယ်ယွမ် ၂၅၀ ရရှိခဲ့ပါသည်။

ယဲ့ရှောင်ချန်း အတော်လေး ကျေနပ်ပါ၏။

ထို့နောက် အင်မော်တယ်မုန်လာဥဖြူ အလုံး ၁၀၀ ကလည်း ထိုနည်းလည်းကောင်း အင်မော်တယ်ယွမ် ၂၅၀ ရပါသည်။

လေလံတင်မည့် တတိယအင်မော်တယ်အပင်အတွက် ယဲ့ရှောင်ချန်းက အဝါရောင် အင်မော်တယ် ပဲစေ့များကို ရွေးချယ်ခဲ့သည်။

စုစုပေါင်း အင်မော်တယ်ပဲစေ့ ၂၀,၀၀၀ ရှိပါ၏။

အုပ်စုလေးစုအဖြစ် ခွဲထားသည်။

ပထမအုပ်စုက အင်မော်တယ်ပဲစေ့ ၂,၀၀၀၊ ဒုတိယအုပ်စုက ပဲစေ့ ၄,၀၀၀၊ တတိယအုပ်စုက ပဲစေ့ ၆,၀၀၀နှင့် စတုတ္ထအုပ်စုက ပဲစေ့ ၈,၀၀၀ ရှိပါသည်။

အုပ်စုများစွာ ရှိနေပါက ပြိုင်ဆိုင်မှု နည်းပါးသွားလိမ့်မည်ဖြစ်ကြောင်း သူ သေသေချာချာ ထည့်တွက်ထားပြီးပြီဖြစ်သည်။ ထို့နည်းတူစွာ အုပ်စုတစ်စုစီ၏ အင်မော်တယ်ပဲစေ့ အရေအတွက်ကလည်း ခြားနားသဖြင့် လေလံပစ်သူများအပေါ် သက်ရောက်မှု ရှိနိုင်ပါသည်။

အရင်တုန်းက လေလံအချက်အလက်မျမားကို စစ်ဆေးပြီးသောအခါ ဒီလို ကောက်ချက်ချလိုက်ခြင်း ဖြစ်ပါသည်။

"အကြီးအကဲတို့ တတိယအကြိမ် လေလံတင်မယ့် အင်မော်တယ်အပင်ကတော့ အဝါရောင် အင်မော်တယ်ပဲစေ့ပဲ ဖြစ်ပါတယ်။ ကျွန်တော် ပျိုးထောင်ထားတဲ့ အဝါရောင် အင်မော်တယ်ပဲစေ့ တတိယမျိုးဆက်မှာ ထပ်ဆောင်းသန့်စင်မှု ၁.၉၈ ရှိပြီး ဝိညာဥ်ဂုဏ်သတ္တိ ၂.၃၃ ရှိနေပါတယ်။"

ယဲ့ရှောင်ချန်းက အဝါရောင် အင်မော်တယ်ပဲစေ့များ၏ တန်ဖိုးများကို ရှင်းပြလိုက်သည်။

အင်မော်တယ်များကတော့ တစ်ချက်လောက် ကြည့်လိုက်ရုံနှင့် အင်မော်တယ်ပဲစေ့များ၏ အရည်အသွေးကို ပြောနိုင်ပါသည်။

ရုတ်တရက်ဆိုသလို ထိုနေရာရှိ အင်မော်တယ်များစွာတို့က လှုပ်ရှားဖို့ အသင့်ဖြစ်နေကြပြီ ဖြစ်သည်။

ရှန်းနုန်များ စိုက်ပျိုးသည့် အင်မော်တယ်အပင်များ ထူးခြားရခြင်းမှာ ၎င်းတို့၏ သန့်စင်မှုနှင့် ထိုသန့်စင်မှုကို ဆက်ခံနိုင်စွမ်းနှင့် ဝိညာဥ်ဂုဏ်သတ္တိများပင် ရှိစေခြင်းကြောင့် ဖြစ်သည်။

ထိုအင်မော်တယ် အပင်များက အဆင့်နိမ့် ဖြစ်နေလျှင်တောင် အင်မော်တယ်များအတွက်တော့ သာမန် အဆင့်နိမ့် အင်မော်တယ်အပင်များထက် ပိုမိုအဖိုးတန်ပါသေးသည်။

ထိုကဲ့သို့ သတ်မှတ်ပြီး အဝါရောင် အင်မော်တယ်ပဲစေ့များ၏ လေလံပွဲက အလွန်အမင်း ပြင်းထန်လာသည်။ အရင် အင်မော်တယ်မုန်လာဥများကို စကားဖြင့် ထည့်ပြောဖို့ပင် မတန်တော့ပါ။

အဝါရောင် အင်မော်တယ်ပဲစေ့ ပထမအုပ်စုက အင်မော်တယ်ယွမ် ၈၆၀ ဖြင့် ရောင်းထွက်သွားပါသည်၊။

ဒုတိယအုပ်စုက အင်မော်တယ်ယွမ် ၁,၇၈၀ ဖြင့် ရောင်းထွက်သွားပါသည်။

တတိယအုပ်စုက အင်မော်တယ်ယွမ် ၂,၈၅၀ ဖြင့် ရောင်းထွက်သွားသည်။

စတုတ္ထအုပ်စုကတော့ အင်မော်တယ်ယွမ် ၃,၈၇၀ ဖြင့် ရောင်းထွက်သွား၏။

စုစုပေါင်း အင်မော်တယ်ယွမ် ၉,၃၆၀ ရရှိခဲ့ပါသည်။

ယဲ့ရှောင်ချန်း အလွန်ပျော်ရွှင်သွားသည်။ အဝါရောင် အင်မော်တယ်ပဲစေ့များ၏ စျေးနှုန်းက သူထင်ထားသည်ထက် ပိုမြင့်မားနေပါသည်။

ကြည့်ရတာ လူပိုများလျှင် ပြိုင်ဆိုင်မှုကလည်း ပိုပြင်းထန်သည့်ပုံပင်။

ရုတ်တရက် အနီရောင် အင်မော်တယ်ပဲစေ့များကို သူပိုမျှော်လင့်လာမိသည်။

စတုတ္ထလေလံပစ္စည်းအဖြစ် အင်မော်တယ် မြက်ပင် ၅၀,၀၀၀ ကို ရွေးချယ်လိုက်သည်။

အုပ်စု နှစ်စုအဖြစ် ခွဲလိုက်၏။

ပထမတစ်သုတ်ကို အပင် ၂၀,၀၀၀၊ ဒုတိယတစ်သုတ်ကို အပင် ၃၀,၀၀၀ ရောင်းချမည်ဖြစ်သည်။

ထိုအင်မော်တယ် မြက်ပင်များက ယခင်တစ်ခေါက်ထက် အနည်းငယ် ခြားနားနေသည်။ အင်မော်တယ် ပုံစံကွက်က စက်ဝိုင်း ၁၀ ခုအဖြစ် ရောက်သွားသည့်အပြင် ထပ်တိုးသန့်စင်မှုကလည်း အတော်လေး တိုးမြင့်သွားပါပြီ။

အဝါရောင် အင်မော်တယ်ပဲစေ့ တတိယမျိုးဆက်လောက် မမြင့်မားသော်လည်း သာမန်ထက်တော့ ပိုမြင့်ပါသေးသည်။

အင်မော်တယ် မြက်ပင် ပထမအုပ်စုကို အင်မော်တယ်ယွမ် ၆၃၀ ဖြင့် ရောင်းထွက်သွား၏။

အင်မော်တယ် မြက်ပင် ဒုတိယအုပ်စုက အင်မော်တယ်ယွမ် ၉၇၀ ဖြင့် ရောင်းထွက်သွားသည်။

ဒီလိုစျေးနှုန်းမျိုးက စတိုးဆိုင်တွင် တင်ရောင်းခြင်းထက် အများကြီး ပိုမြင့်ပါသည်။

ယဲ့ရှောင်ချန်း အတော်လေး ပျော်ရွှင်နေပါပြီ။ တကယ်ပဲ လေလံပွဲများက ဘုရင်များ၏ လမ်းစဥ် ဖြစ်သည်။

ပဥ္စမလေလံပစ္စည်းအဖြစ် ယဲ့ရှောင်ချန်း အင်မော်တယ် စပါးစေ့များကို ရွေးချယ်လိုက်သည်။

အနီရောင် အင်မော်တယ်ပဲစေ့များကိုတော့ ဝှက်ဖဲအဖြစ် သိမ်းထား၏။

အင်မော်တယ် စပါးစေ့ ၁၀,၀၀၀ကို အုပ်စု သုံးစုအဖြစ် ခွဲခြားလိုက်သည်။

ပထမအုပ်စုက ၂,၀၀၀ စေ့ဖြစ်ပြီး အင်မော်တယ် ၃၅၀ ဖြင့် ရောင်းထွက်သွားသည်။

ဒုတိယအုပ်စုက ၃,၀၀၀ စေ့ဖြစ်ပြီး အင်မော်တယ်ယွမ် ၅၃၀ ဖြင့် ရောင်းထွက်သွားသည်။

တတိယ အုပ်စုက ၅,၀၀၀ စေ့ဖြစ်ပြီး အင်မော်တယ်ယွမ် ၉၀၀ ဖြင့် ရောင်းထွက်သွားသည်။

နောက်ဆုံးတော့ လေလံပွဲ အဆုံးသတ်ဖို့ နီးလာပြီဖြစ်သည်။

ယဲ့ရှောင်ချန်းတစ်ယောက် အနီရောင် အင်မော်တယ်ပဲစေ့များ၏ တန်ဖိုးအချက်အလက်များကို ပြသလိုက်သောအခါ စိတ်ဝင်စား အခံရဆုံး ဖြစ်လာ၏။

လေလံပွဲ၏ နောက်ဆုံးရလဒ်သည် ယဲ့ရှောင်ချန်း စိတ်ကူးထားသည့်ထက်ပင် ကျော်လွန်နေပါသေးသည်။

အနီရောင် အင်မော်တယ်ပဲစေ့ ၆,၀၀၀ ကို အုပ်စု သုံးစုဖြင့် လေလံတင်သည်။

ပထမအုပ်စုက ပဲစေ့ ၁,၀၀၀ ဖြစ်ပြီး အင်မော်တယ်ယွမ် ၅၀၀ ဖြင့် ရောင်းထွက်သွားသည်။

တနည်းအားဖြင့် အနီရောင် အင်မော်တယ်ပဲစေ့ တစ်စေ့စျေးက ဝိညာဥ်ယွမ် ၅၀ အထိ ပေါက်သည်။

ဒါတောင် ပထမအုပ်စုပဲ ရှိသေးသည်။

ဒုတိယအုပ်စုအတွက် ပြိုင်ဆိုင်မှုက ပို၍ပင် ပြင်းထန်ခဲ့သည်။ အနီရောင် အင်မော်တယ်ပဲစေ့ ၂,၀၀၀ က အင်မော်တယ်ယွမ် ၁,၁၀၀ ဖြင့် ရောင်းထွက်သွားသည်။

အင်မော်တယ်ပဲစေ့ ၃,၀၀၀ တတိယအုပ်စုအတွက် ပြိုင်ဆိုင်မှုက ပို၍ပင် ကြောက်ဖို့ကောင်းသေးသည်။

စုစုပေါင်း အင်မော်တယ်ယွမ် ၁,၈၀၀ ရရှိခဲ့ပါသည်။

အနီရောင် အင်မော်တယ်ပဲစေ့ ၆,၀၀၀ ကို အင်မော်တယ်ယွမ် ၃,၄၀၀ ဖြင့် ရောင်းထွက်ခဲ့ပါသည်။

လေလံပွဲက အမှန်တကယ်ပဲ အလွန်အောင်မြင်ခဲ့ပါသည်။ သူထင်ထားသည်ထက် အလွန်များစွာ ရရှိခဲ့သည်။

လေလံပွဲ ပြီးဆုံးသွားသောအခါ ယဲ့ရှောင်ချန်းသည် လေလံပွဲကို တက်ရောက်လာသည့် အင်မော်တယ်များကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

ထိုအင်မော်တယ်များက အလွန်သဘောကောင်းသည်။ ထို့နောက် တစ်ယောက်ပြီးတစ်ယောက် ယဲ့ရှောင်ချန်းကို နှုတ်ဆက်ကာ ပုံရိပ်ယောင်နေရာထဲမှ ပျောက်ကွယ်သွားတော့သည်။

မကြာမီ ပုံရိပ်ယောင်နေရာက ရုတ်တရက် လူသူကင်းမဲ့သွားရသည်။

ယဲ့ရှောင်ချန်းတစ်ယောက်သာ ကျန်တော့သည်။

ယဲ့ရှောင်ချန်း အချိန်ကို ကြည့်လိုက်သည်။ တစ်နာရီ ကျော်ရုံလေးသာ ရှိသည်။

သူ ရှန်းနုန်စနစ်ကို အမြန်ဆင့်ခေါ်လိုက်ပြီး သူ့အကောင့်ထဲက အင်မော်တယ်ယွမ်ငွေကို စစ်ကြည့်လိုက်သည်။ အင်မော်တယ်ယွမ် ၁၈,၀၀၀ ကျော် ရှိပါသည်။

ခုနက လေလံပွဲတွင် အင်မော်တယ်အပင် ၆ မျိုးအား ရောင်းချခဲ့ပြီး အင်မော်တယ်ယွမ် ၁၆,၆၄၀ ရရှိခဲ့ပါသည်။

သေချာပေါက် မကြုံစဖူး ရရှိသည့် ဝင်ငွေမျိုး ဖြစ်သည်။

ယခင်ကတော့ စနစ်မစ်ရှင်ကို အောင်မြင်သည့် ဆုလာဘ်အဖြစ် အင်မော်တယ်ယွမ် ၁၀၀,၀၀၀ ကို ရရှိခဲ့ပါသည်။ သို့သော်လည်း ဒါက မတူညီပါ။

ဒီတစ်ခေါက်က တကယ့်ဝင်ငွေဖြစ်သည်။

ယဲ့ရှောင်ချန်းတစ်ယောက် ပြန်စဥ်းစားကြည့်လိုက်သောအခါ သူ ရှန်းနုန် စနစ်ကို စတင်ရရှိခဲ့စဥ်က အင်မော်တယ်ယွမ်လေး အနည်းငယ်ကို စုဆောင်းဖို့ပင် အလွန်ဂရုစိုက်ခဲ့ရသည် မဟုတ်ပါလား။

ယဲ့ရှောင်ချန်းသည် လောလောဆယ်တော့ ထိုအင်မော်တယ်ယွမ်များကို မသုံးသေးပါ။

အဘယ့်ကြောင့်ဆိုသော် အရင်က သူဝယ်ယူထားသည့် အင်မော်တယ်ကျင့်စဥ်နှင့် လျှို့ဝှက်နည်းလမ်းများစွာတို့ထဲက သုံးခုကိုသာ ကျင့်ကြံရသေးသည်။ အပင်တန်ဖိုးဖြတ်ခြင်း၊ အပင်ဖွံ့ဖြိုးခြင်းနှင့် ပဲစေ့စစ်သည်တော်ဖန်တီးခြင်းတို့ ဖြစ်ပါသည်။

မိုးသားတိမ်တိုက်ဖန်တီးခြင်းနှင့် အပင်စစ်သည်တော်ဖန်တီးခြင်းကိုတော့ မကျင့်ကြံရသေးပေ။

ရှန်းနုုန်မျိုးဆက်လက်စွဲစာအုပ်ထဲက တခြားစာမျက်နှာများကို အလျှင်စလို ဝယ်ယူဖို့ မလိုအပ်သေးပေ။

စိုက်ပျိုးရေးခြံ၏ အင်မော်တယ်မြေကွက်ထဲတွင်။

ယဲ့ရှောင်ချန်းသည် မျက်လုံးဖွင့်ပြီး ဝါးကုတင်ပေါ်မှ ထထိုင်လိုက်သည်။

ဘေးပတ်လည်ကို ကြည့်လိုက်သောအခါ ပုံရိပ်ယောင်နေရာတွင် မရှိတော့ဘဲ အင်မော်တယ်ခြံဝန်းထဲသို့ ပြန်ရောက်နေပြီ ဖြစ်သည်။

ခံစားချက်နှစ်မျိုးက ခြားနားလွန်းလှပါသည်။

ပုံရိပ်ယောင်နေရာထဲတွင် အရာအားလုံးကို ထိန်းချုပ်နိုင်သည့် နတ်ဘုရားတစ်ပါးလို ခံစားချက်မျိုးက လက်တွေ့ကမ္ဘာတွင် မရှိတော့ပါ။

သူ့နှလုံးသားထဲတွင် တစ်ခုခုကို ဆုံးရှုံးသွားသည့် ခံစားချက်မျိုး ခံစားလိုက်ရသည်။

သို့သော်လည်း သူမြန်မြန် စိတ်ပြန်ထိန်းနိုင်လိုက်ပါသည်။ ဘာပဲဖြစ်ဖြစ် ပုံရိပ်ယောင် တစ်ခုပဲ မဟုတ်လား။

"ဒင် အဓိကမစ်ရှင် ပွင့်သွားပါပြီ : လူသားကမ္ဘာက ရှန်းနုန်"

"မစ်ရှင် မိတ်ဆက် : ရှန်းနုန်တစ်ယောက်အနေဖြင့် ရှန်းနုန်ဘွဲ့နှင့် ထိုက်တန်သည့် လုပ်ရပ်တစ်ခုကို လူသားကမ္ဘာအတွက် ဆောင်ရွက်ပေးရမည်။ ဤဖရိုဖရဲကမ္ဘာအတွက် သင့် ရှန်းနုန်ပါရမီနှင့် စိုက်ပျိုးမှုစွမ်းရည်များကို အသုံးပြုကာ ပြောင်းလဲပေးပါ။"

"အဓိက မစ်ရှင် နောက်ဆုံး ဆုလာဘ် : အင်မော်တယ်ယွမ် သန်း ၁၀၀။ အင်မော်တယ်လောကသို့ တက်လှမ်းခွင့်။ စစ်မှန်သော အင်မော်တယ်အဆင့်နှင့် အင်မော်တယ်များအကြား တရားဝင်အဆင့်မှီခွင့်။”

"ဒင် အရံမစ်ရှင် ပွင့်သွားပါပြီ။ ပထမအဆင့် အရံမစ်ရှင်ကို ဖန်တီးပြီးပါပြီ။ ရှန်းနုန်တစ်ယောက်၏ ကြီးကျယ်ခမ်းနားမှုကို ကမ္ဘာကြီးအား အသိပေးဖို့ အချိန်ကျပြီဖြစ်သည်။ လူတိုင်းကို ကျွေးမွေးနိုင်သည့် စူပါသီးနှံတစ်ခုကို ပျိုးထောင်ဖို့ အချိန်ကျပြီဖြစ်ပါသည်။"

"မစ်ရှင် ဆုလာဘ် : အင်မော်တယ်ယွမ် ၃၀၀,၀၀၀"

သူ့စနစ်မှ သတိပေးချက်များကို ရုတ်တရတ် ကြားလိုက်ရပြီး ယဲ့ရှောင်ချန်းတစ်ယောက် အံ့အားသင့်သွားခဲ့သည်။

သတိပေးချက်များကို စစ်ဆေးရန် ရှန်းနုန်စနစ်ကို လျှင်မြန်စွာ ဖွင့်ကြည့်လိုက်ပြီး အံ့အားသင့်သွားသည်။

အချိန်အတော်ကြာပြီးနောက် ယဲ့ရှောင်ချန်းတစ်ယောက် သက်ပြင်းအရှည်ကြီး ချလိုက်သည်။

လခွမ်း။ ဒီအဓိက မစ်ရှင်ရဲ့ ဆုလာဘ်က ကြောက်စရာကြီးပါလား။

အင်မော်တယ်ယွမ် ၁၀၀ သန်းတောင်ပါလား။

အင်မော်တယ်လောကသို့ပင် တက်လှမ်းနိုင်သည့် အရည်အချင်းပြည့်မှီသည်။

အင်မော်တယ်များကြားတွင် အဆင့်တစ်ခု ရရှိနိုင်ပြီး စစ်မှန်သော အင်မော်တယ် အဆင့်အတန်းကိုပင် ရရှိနိုင်သည်။

ဒီလိုဆို သူ ထာဝရ အသက်ရှင်နိုင်မည်ဖြစ်သည်။

ဒါက လူတိုင်း၏ ဆန္ဒ မဟုတ်ပါလား။

သို့သော်လည်း အဓိကမစ်ရှင်ကို အောင်မြင်ဖို့ သူ့အတွက် အနည်းငယ် ခက်ခဲမှန်း ယဲ့ရှောင်ချန်း သိပါသည်။

အဘယ့်ကြောင့်ဆိုသော် ဒီမစ်ရှင်က အကြမ်းဖျင်းဆန်လွန်းနေပြီး တိကျသည့် အကြောင်းအရာလည်း မပါဝင်ပေ။ မစ်ရှင်ကို အောင်မြင်ဖို့အတွက် ဘယ်လောက်တောင် လုပ်ရမလဲ သူ မသိပေ။

ကံကောင်းစွာဖြင့် အဓိကမစ်ရှင်မှ ဆင်းသက်လာတာ ဖြစ်နိုင်သည့် အရံမစ်ရှင်များ နောက်တွင် ရှိနေသည်။

ပထမအဆင့် အရံမစ်ရှင်က အလွန်ရှင်းလင်းပါသည်။ စူပါသီးနှံတစ်မျိုးကို ပျိုးထောင်ရမည်။

မစ်ရှင်က ရိုးရှင်းသည်။

ဒုက္ခများသည့်အပိုင်းက ပရိုမိုးရှင်းအပိုင်း ဖြစ်သည်။

သူ တကယ်ပဲ စူပါသီးနှံတစ်မျိုး စိုက်ပျိုးလျှင် လက်ရှိ သီးနှံလုပ်ငန်းများအပေါ် ကြောက်မက်ဖွယ်ကောင်းသည့် သက်ရောက်မှု ရှိလာနိုင်မှန်း ယဲ့ရှောင်ချန်း သိပါသည်။

စိုက်ပျိုးရေးကုမ္ပဏီ ဘယ်လောက်များများ ဒေဝါလီခံသွားရမလဲ သူ မသိပါ။

ဒီစူပါသီးနှံကို ပရိုမိုးရှင်းဆင်းရာတွင် ခုခံမှုများ ဘယ်လောက်တောင် သန်မာမလဲ မှန်းဆ၍ပင် မရနိုင်ပါ။

အရင်က ဒီလိုမလုပ်ခဲ့ရသည့် အကြောင်းအရင်းမှာ ဒီအကြောင်းပြချက်ကြောင့်ပဲဖြစ်သည်။

အခုတော့ အရံမစ်ရှင်တစ်ခု ဖြစ်နေပြီဖြစ်သဖြင့် သူ လုပ်မှ ရပါတော့မည်။

ဘယ်လောက်ပဲ ခက်ခဲပါစေ သူလုပ်မှဖြစ်မည်။

ထို့အပြင် အင်မော်တယ်ယွမ် ၃၀၀,၀၀၀ ပင် ရရှိမည် မဟုတ်ပါလား။

All Chapters