← Chapters

အခန်း (၂၁၃) - ဝိညာဥ်ဆိုး

Vol. 15 Ch. 213

အခန်း (၂၁၃) - ဝိညာဥ်ဆိုး

Vol. 15 Ch. 213

အခန်း (၂၁၃) - ဝိညာဥ်ဆိုး

ပန်းခြံက မကြီးပေ။ ပတ်လည် တစ်မူအကွာအဝေးသာ ရှိသည်။ တရုတ်သိပ္ပံကျောင်းတာ်က ဝန်ထမ်းများ အနားယူပြီး လမ်းလျှောက်နိုင်အောင် တည်ဆောက်ထားခြင်းဖြစ်၏။

အထဲတွင် စိမ်းစိုသည့် အပင်မျိုးစုံ ရှိသည်။ ထို့နောက်  လမ်းခင်းကျောက်လမ်းများကလည်း အစီအရီ ရှိနေကြသည်။

တခြားအချိန်သာဆိုလျှင် ဒီလို တိတ်ဆိတ်အေးချမ်းသည့်နေရာမျိုးက သေချာပေါက် လမ်းလျှောက်ဖို့ နေရာကောင်း ဖြစ်ပါသည်။

သို့သော်လည်း အခုတော့ နေ့ဘက်ကြီး ဖြစ်ပြီး နေရောင်ရှိနေတာတောင် လူတွေကို ထိုင်းမှိုင်းကာ ချောက်ချားစေသော ခံစားချက်မျိုး ပေးစွမ်းနေ၏။

ယဲ့ရှောင်ချန်းနှင့် လုံခြုံရေး အစောင့်တချို့က မတော်တဆမှု ဖြစ်ခဲ့သည့် နေရာသို့ ရောက်နေကြပြီ ဖြစ်သည်။ သစ်ပင်ကြီး တစ်ပင်ပေါ်တွင် ကြိုးဆွဲချသေနေသည့် အမျိုးသမီးတစ်ယောက်ကို သူတို့ မြင်တွေ့လိုက်ရသည်။ သူမ၏ ဆံပင်ရှည်များက ပခုံးပေါ်တွင် ကျနေသည်။ ထို့အပြင် အနက်ရောင်အင်္ကျီကို ဝတ်ဆင်ထားသည်။ အနက်ရောင် ခြေအိတ်များ ဝတ်ဆင်ထားသည့် ခြေသွယ်သွယ် နှစ်ချောင်းက လေထဲတွင် တွဲလောင်းကျနေ၏။

လုံခြုံရေးအစောင့်တချို့က အမြန်ရှေ့သို့ တိုးသွားပြီး အမျိုးသမီးကို သစ်ပင်ပေါ်မှ ကြိုးဖြည်ချပေးကာ အရေးပေါ် ကယ်တင်လိုက်ပါသည်။

"သူ အသက်မရှိတော့ဘူး။"

အသက်ကြီးကြီး လုံခြုံရေးအစောင့်က အမျိုးသမီး၏ သူငယ်အိမ်နှင့် သွေးခုန်နှုန်းတို့ကို စစ်ဆေးကာ ခေါင်းခါလျက် ပြောလိုက်သည်။

ယဲ့ရှောင်ချန်း အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး ဘေးပတ်လည်ကို ကြည့်လိုက်ကြသည်။ သို့သော်လည်း ပုံမှန် မဟုတ်တာ ဘာမှ မတွေ့ခဲ့ရပါ။

ခုနက သူ အာရုံခံမိခဲ့သည့် ယင်ချီစွမ်းအင်မှာ တစ်ခုခု လွင့်ထွက်သွားသည့် အရိပ်အယောင် ဖြစ်ပါသည်။

"မင်းက ဘယ်သူလဲ။"

လုံခြုံရေးအစောင့်က တစ်ယောက်က ယဲ့ရှောင်ချန်းကို ရုတ်တရက် မြင်သွားပြီး မေးလိုက်သည်။

"စိတ်မရှိပါနဲ့ရှင့်။ သူက ယဲ့ရှောင်ချန်းပါ။ ကျွန်မတို့ တရုတ်သိပ္ပံကျောင်းတော်ကို ဝင်မယ့် မစ်စတာယဲ့ပါ။"

ရှောင်လင်းက သူ့နောက်လို့ လိုက်မှီလာကာ မောဟိုက်လျက် အမြန်ပြောလိုက်သည်။

လုံခြုံရေးအစောင့်က ဘာမေးခွန်းမှ ထပ်မမေးတော့ပါ။

စီမံခန့်ခွဲရေးဌာနမှ ရှောင်လင်းကို သူသိပါသည်။

"မစ်စတာယဲ့  ဒီနေရာက ထွက်သွားကြရအောင်။ ကျွန်မတို့နဲ့ မသင့်တော်ပါဘူး။"

ရှောင်လင်းက အသံတိုးတိုးဖြင့် ပြောလိုက်သည်။

ယဲ့ရှောင်ချန်းက ဘာမှပြန်မဖြေပေ။ သို့သော် မြေပေါ်က အမျိုးသမီးအလောင်းကို ကြည့်နေတာ သေသေချာချာ လေ့လာနေသည်။

အမျိုးသမီး၏ ပုံစံကို ရှောင်လင်း သေသေချာချာ မြင်လိုက်ရသောအခါ အသံတိုးတိုးဖြင့် အံ့အားသင့်စွာ ရေရွတ်လိုက်လေသည်။ "နင်းရှောင်ကျင်းပါလား။ သူ... သူက ဘယ်လိုလုပ်ပြီး"

"ခင်ဗျား သူ့ကို သိလို့လား။"

ယဲ့ရှောင်ချန်း မေးလိုက်၏။

"ဟုတ် သိတယ်။ သူက ကျွန်မနဲ့ တစ်တန်းတည်းပဲ။ သူက သုတေသနပညာသင်တစ်ယောက် ဖြစ်နေပြီ။ ပြီးတော့ လက်ထောက်သုတေသန ပညာရှင်ဘွဲ့ကိုတောင် လျှောက်ထားတာ။ ဒီလိုဖြစ်သွားလိမ့်မယ်လို့ ကျွန်မ မထင်ထားဘူး..."

ရှောင်လင်းက စိတ်မကောင်းဖြစ်စွာဖြင့် ပြောလိုက်သည်။

"ဟင်"

ယဲ့ရှောင််ချန််း ရှောင်လင်းပြောပြသည်ကို နားထောင်နေစဥ် ရုတ်တရက် မျက်လုံးထောင့်မှ သစ်ပင်အောက်တွင် ရှိနေသော အဖြူရောင် ပိုးကောင်တစ်ကောင်ကို မြင်လိုက်ရသည်။

ယဲ့ရှောင်ချန်းက လျှောက်သွားပြီး အဖြူရောင် ပိုးကောင်ကို ကောက်ယူလိုက်၏။

ပိုးကောင်က သေနေပြီဖြစ်သည်။

"ရှောင်လင်း ဒါ ဘယ်လို ပိုးကောင်မျိုးလဲ ဆိုတာကို သိလား။"

ယဲ့ရှောင်ချန်း ရုတ်တရက် မေးလိုက်သည်။

ရှောင်လင်းက အင်းဆက်များကို မကြောက်တတ်သဖြင့် ပြောလိုက်သည်။ "ဒါက နွားချေး ပိုးလောင်းကောင်တစ်မျိုးပဲ။ ထူးဆန်းတယ်။ ဒါမျိုး ပိုးလောင်းကောင်က မြေအောက်မှာပဲ ကြီးထွားတတ်တယ်။ အရွယ်ရောက်လာမှသာ မြေပေါ်ကို တက်လာကြတယ်။။ ပြီးတော့လည်း ဒီရာသီမှာ ရာသီဥတုက အရမ်းအေးတယ်။ နွားချေး ပိုးလောင်းကောင် ပေါ်လာဖို့ ပိုလို့တောင် မဖြစ်နိုင်သေးတယ်။"

အမှန်ပင်။ ကျန်တာကိုတော့ ဘာမှ မစဥ်းစားမိပါ။

ယဲ့ရှောင်ချန်း၏ မျက်ခုံးများ အနည်းငယ် တွန့်ကုတ်သွား၏။ ဒီနေရာတွင် ယင်ဝိညာဉ်များ ခြောက်လှန့်နေကြောင်း သူ သေချာနေပြီ ဖြစ်သည်။

ခုနက အန္တရာယ်ရှိသည့် ယင်ချီစွမ်းအင်မှာ ယင်ဝိညာဥ် ထိတွေ့လိုက်သောအခါ ထွက်ပေါ်လာခြင်း ဖြစ်သည်။

သို့သော်လည်း ယင်ဝိညာဉ်များက မြေအောက်ထဲမှ ထွက်လာသည်က ရှားသည်။ နေ့ဘက်တွင် ထွက်လာဖို့က ပို၍ပင် မဖြစ်နိုင်ပါ။

နွားချေးပိုးလောင်း၏ အလောင်းကောင်က အလွန် သံသယဖြစ်စရာကောင်းပါသည်။ ယင်ဝိညာဉ်ကောင်က နွားချေးပိုးလောင်းထဲ ပူးကပ်ပြီး မြေကြီးထဲက ထွက်လာကာ လူတွေကို တိုက်ခိုက်သွားသည့်ပုံပင်။

ဒီလိုသာဆိုပါက ထိုယင်ဝိညာဥ်ကောင်မှာ အားမနည်းသည့်သဘောဖြစ်သည်။

ပုံမှန်ဆို ယင်ဝိညာဉ်များက လူတွေကို ဦးစွာ ဘယ်တော့မှ မတိုက်ခိုက်တတ်ပါ။

နောက်တစ်ချက်က ဒီ နီရှောင်းချင်ဆိုသည့် အမျိုးသမီးက ကြိုးဆွဲချသေနေခြင်း ဖြစ်သည်။ တကယ်တော့ အရင်တစ်ခေါက်ကလည်း ကြိုးဆွဲချသေသည့် လူများ ရှိခဲ့သည်။

ဒါ ဘာသဘောလဲ။

ယင်ဝိညာဉ်ကောင်က ပုံရိပ်ယောင်နှင့် စိတ်ညှို့ခြင်းကို ဖန်တီးနိုင်သည့် စိတ်စွမ်းအား တစ်ခုခု ပိုင်ဆိုင်ထားသည်ဟု ဆိုလိုသည်။

လူပိန်းနားလည်အောင် ပြောရလျှင် ဒီယင်ဝိညာဉ်ကောင်က ယုတ်ညံ့သော မိစ္ဆာဝိညာဥ် ဖြစ်လာလေပြီ။

"စိတ်ဝင်စားစရာပဲ။ ဒီလိုနေရာမျိုးမှာ ယင်ဝိညာဉ်တစ်ကောင် လာတွေ့မယ်လို့ မထင်ထားဘူး။ ဒီကောင်ကိုသာ စုဆောင်းပြီး အင်မော်တယ်ပဲစေ့ထဲ သန့်စင်ထည့်နိုင်ရင် ပဲစေ့စစ်သည်တော်က သေချာပေါက် စွမ်းအားကြီးမှာပဲ။"

ယဲ့ရှောင်ချန်း စိတ်လှုပ်ရှားသွားပါသည်။

ဒီလိုသာဆို မိစ္ဆာကို ရှင်းလင်းပေးနိုင်ရုံသာ မကဘဲ စွမ်းအားကြီးသည့် ယင်ဝိညာဉ်ကောင်လည်း ရနိုင်သည်။ ခဲတစ်လုံးနှင့် ငှက်နှစ်ကောင် ပစ်ခြင်းပင်။

လောလောဆယ်တော့ သေချာပေါက် မဖြစ်နိုင်သေးပါ။

ချက်ချင်း သူနှင့် ရှောင်လင်းတို့ မှုခင်းနေရာမှ ထွက်လာခဲ့ကြသည်။

သူတို့နှစ်ယောက် တရုတ်သိပ္ပံကျောင်းတော်ပတ်လည်တွင် လျှောက်ကြည့်ပြီးသွားသောအခါ အပြင်ဘက်သို့ ထွက်လာခဲ့ကြသည်။

သူတို့ ဒီကို လာရသည်မှာ ရှားပါး အခွင့်အရေး ဖြစ်သဖြင့် သူတို့ လျှောက်ကြည့်ကြခြင်း ဖြစ်ပါသည်။

ဒီတစ်ခေါက် သူ့မိသားစုအတွက် တစ်ခုခု ဝယ်သွားပေးဖို့ ကြံထားပြီး ယခုတော့ ဝယ်ပြီးသွားပါပြီ။

သူတို့နာရီပိုင်းလောက် လမ်းလျှောက်ခဲ့ကြပြီး ညနေခင်းကျမှ အိတ်ကြီး အိတ်ငယ် တချို့ဖြင့် ပြန်လာခဲ့ကြသည်။

ရှောင်လင်းအား လိုက်ပို့ပေးသည့်အတွက် ကျေးဇူးးတင်ဖို့ ယဲ့ရှောင်းချန်း သူမကို လက်ဆောင် တစ်ခု ဝယ်ပေးခဲ့ပါသည်။

အခန်းထဲတွင်။

ရှောင်လင်း ပြန်သွားပါပြီ။

ယဲ့ရှောင်ချန်းက သူ့ပစ္စည်းများကို ထုတ်ပိုးကာ ဒီနေ့အတွက် စတင် ကျင့်ကြံလေသည်။

စိုက်ပျိုးရေးခြံ၏ မြေပုံကို ဖွင့်လိုက်သောအခါ မမြင်ရသည့် အပင်ဝိညာဥ်စွမ်းအင်က ဘယ်ကမှန်းမသိထွက်လာပြီး ပျံ့နှံ့သွားကာ ယဲ့ရှောင်ချန်း ပြန်စုပ်ယူလိုက်ပါသည်။

ဒီခံစားချက်က အလွန်ထူးခြားပါသည်။ စိုက်ပျိုးရေးခြံ၏ မြေပုံကို ကြားခံအဖြစ် အသုံးပြုကာ မမြင်နိုင်သည့် ဝိညာဥ်စွမ်းအင် လမ်းကြောင်းတစ်ခုက စိုက်ပျိုးရေးခြံနှင့် လက်ရှိ သူ့တည်နေရာတို့အကြား ပေါ်လာသည့်ပုံပင်။

အချိန်အတော်ကြသောအခါ သူရပ်တန့်လိုက်သည်။ သူ့ထျန်ရှန်းထဲက မှော်စွမ်းအင် ပုံဆောင်ခဲမှာ ပိုပိုပြီး ပြည့်ဝလာသလိုပင်။

အပင်ဖွံ့ဖြိုးခြင်းနည်းလမ်းကိုတော့ မသုံးတော့ပါ။ ဘာပဲဖြစ်ဖြစ် သူ့မှော်စွမ်းအင်ကို ပန်းခြံထဲက စွမ်းအားကြီးယင်ဝိညာဉ်အား တိုက်ခိုက်ဖို့ အသုံးပြုရဦးမည် မဟုတ်ပါလား။

...

ပန်းခြံထဲတွင်။

အမျိုးသမီး ကြိုးဆွဲချသေသွားသည့် သစ်ပင်ကြီး၏ အောက်တွင် အခုတော့ လူနှစ်ယောက် မတ်တပ်ရပ်နေ၏။

တစ်ဦးက  အသက် ၃၀ ဝန်းကျင် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ဖြစ်သည်။ သူ့ပုံစံက သန်မာကာ မျက်လုံးများကလည်း ဖယောင်းတိုင်လို တောက်ပ၏။ သူ့ရပ်တည်ချက်များက မတုန်လှုပ်နိုင်ပါ။

တခြားတစ်ယောက်က အသက် ၅၀ - ၆၀ လောက်ရှိသည့်ပုံ။ တရုတ်ရိုးရာဝတ်စုံကို ဝတ်ဆင်ထား၏။ သူက အသက်ကြီးသော်လည်း သူ့အသားအရည်က ကောင်းမွန်ကာ မျက်နှာကလည်း ကျက်သရေရှိ၏။

"ဆရာကြီးယန် တကယ်ပဲ တခြားနည်းလမ်း မရှိတော့ဘူးလား။"

သက်လတ်ပိုင်း ယောက်ျားကြီး၏ မျက်နှာက ရေခဲတုံးလို အေးစက်နေပါသည်။

"မရှိဘူး။ ဒီယင်ဝိညာဉ်က ယုတ်ညံ့တဲ့ ဝိညာဥ်ဖြစ်လာပြီ။ ဉာဏ်နီဉာဏ်နက်လည်း အရမ်းများလို့ မျှားခေါ်ဖို့ မဖြစ်နိုင်ဘူး။ ဒင်းကို ရှင်းပြစ်ဖို့ တစ်ခုတည်းသော နည်းလမ်းက နှိမ်နင်းပြစ်ဖို့ပဲ ရှိတော့တယ်။"

အဘိုးကြီးက ခေါင်းခါလိုက်ပါသည်။

"အဲ့ဒီတုန်းက ဒီနယ်မြေက တရုတ်ပြည်သူ့ သမ္မတနိုင်ငံရဲ့ စံအိမ်ရေကန်ကြီးတစ်ခု ဖြစ်ခဲ့တာပေါ့။ တစ်နေ့တော့ ဘာကြောင့်မှန်းမသိဘဲ လျှို့ဝှက်ယင်စွမ်းအင်တွေ စုစည်းတဲ့ နေရာတစ်ခု ဖြစ်လာပြီး ယင်ဝိညာဉ်တွေကို မွေးထုတ်ပေးခဲ့တယ်။ နောက်တော့ သမိုင်းကြောင်းတချို့အရ လူတစ်ယောက်ကို အရှင်လတ်လတ် မြေမြှုပ်ခဲ့တယ်တဲ့။ အားကောင်းတဲ့ အာဃာတအငြှိုးကြောင့် လျှို့ဝှက် ယင်စုစည်းမှတ်က ယင်ဝိညာဉ်ကို နိုးထစေခဲ့တယ်။ မူလကတည်းက ဒီတစ္ဆေက လွန်ခဲ့သည့်ဆယ်စုနှစ်များစွာက မကောင်းတဲ့ ဝိညာဥ်အဖြစ် ပြောင်းလဲသွားနိုင်ပေမယ့် ဒီနေရာက ပညာရှင်တွေရဲ့ နေရာ ဖြစ်တယ်။ ဘုရားမဲ့ဝါဒရဲ့ အပြင်းထန်ဆုံးသော ဝိညာဥ်စွမ်းအားဖြင့် နတ်ဆိုးနဲ့ တစ္ဆေမှန်သမျှကို ထာဝစဥ် နိုမ်နင်းနိုင်တယ်။”

"ဆရာကြီးယန် ဒါဆိုရင် ဘာလို့ ယုတ်ညံ့တဲ့ ဝိညာဥ်က အခုထွက်လာရတာလဲ။"

သက်လတ်ပိုင်း ယောက်ျားက စိတ်ဝင်စားစွာ မေးလိုက်သည်။

"ငါလည်း မသိဘူး။ အခြား အကြောင်း တစ်ခုခုကြောင့် ဖြစ်မှာပေါ့။"

အဘိုးကြီး သို့မဟုတ် ဆရာကြီးယန်၏ မျက်လုံးထဲတွင်လည်း သံသယများ ရှိနေပါသည်။

ကပ်ဘေးများစွာ ကျရောက်ပြီးနောက် နိုင်ငံတော်ထဲက ဖုန်းရွှေကိုးကွယ်မှုများမှာ ယိမ်းယိုင်ခဲ့တာ ကြာပြီ ဖြစ်ပါသည်။ စစ်မှန်သည့် ယုံကြည်မှုသာ ကျယ်ပြန့်လာခဲ့သည်။

"ဒါဆိုရင် ကျွန်တော်တို့ ဘယ်လို နှိမ်နင်းကြမလဲ။"

သက်လတ်ပိုင်း ယောက်ျားကြီးက မေးလိုက်သည်။

"ရှင်းရှင်းလေးပါ။ ဒီနေရာမှာ မိစ္ဆာနှင်တိုင်တစ်ခုကို စိုက်ထူလိုက်။ ဒါပေမယ့် မြင်မကောင်းရုံတင် မဟုတ်ဘဲ တရုတ်သိပ္ပံကျောင်းတော်ရဲ့ ပညာရေးပတ်ဝန်းကျင်ကိုလည်း ထိခိုက်စေလိမ့်မယ်။ ငါတို့ ရှန်းကျန်ကိုသွားပြီး အကူအညီတောင်းသင့်တယ်လို့ ငါတော့ ထင်တယ်။ အဖြေတစ်ခုတော့ ရှိမှာပါ။"

ဆရာကြီးယန်က ပြောလိုက်သည်။

"အဲ့လိုပဲ လုပ်ရတော့မှာပေါ့။"

သက်လတ်ပိုင်း ယောက်ျားကြီးက ခေါင်းငြိမ့်လိုက်သည်။

ဆရာကြီးယန်က နိုင်ငံတော်ထဲက စွမ်းအားအကြီးဆုံး ဖုန်းရွှေ တာအိုဆရာကြီးတစ်ပါး ဖြစ်သည်။ သိုသော်လည်း သူလည်း မတတ်နိုင်ပါ။

မကြာမီ သူတို့နှစ်ယောက်သား ပန်းခြံထဲမှ ထွက်သွားကြ၏။

ပန်းခြံ ပြန်လည် တိတ်ဆိတ်သွားလေသည်။

သို့သော်လည်း ပန်းခြံပြင်ပက အတားအဆီးများဖြင့် ခြံစည်းရိုး ခတ်ခံထားရသည်။

ဒီလိုမှ လူတွေ ခိုးဝင်ခြင်းမှ တားဆီးနိုင်မည်ဖြစ်သည်။

အရင်ကတော့ အကာအရံ တစ်ခုခုသာ သုံးခဲ့သည်။ ထို့ကြောင့် လူတွေ ထိခိုက်ရခြင်း ဖြစ်၏။

ထို့အပြင် ပန်းခြံပတ်လည်တစ်လျှောက်တွင် လုံခြုံရေး ကင်မရာတချို့ကိုလည်း တပ်ဆင်ထား၏။ တစ်ယောက်ယောက် ဝင်လာတာနဲ့ သူတို့ ချက်ချင်း တန်းမြင်နိုင်ပါသည်။

ပန်းခြံကို စောင့်ဖို့ လူမလွှတ်ရသည့် အကြောင်းအရင်းက မတော်တဆမှုများ ထပ်ဖြစ်မလာအောင် ဖြစ်သည်။

သူတို့နှစ်ယောက် ထွက်သွားပြီး သိပ်မကြာလိုက်ပေ။ အရိပ်ထဲမှ သိသာထင်ရှားသော လူတစ်ယောက် ထွက်လာခဲ့သည်။

အဆိုပါလူက ယဲ့ရှောင်ချန်း ဖြစ်ပါသည်။

All Chapters