← Chapters

အခန်း (၂၁၄) - ဆုချီးမြှင့်ခြင်းအခမ်းအနား

Vol. 15 Ch. 214

အခန်း (၂၁၄) - ဆုချီးမြှင့်ခြင်းအခမ်းအနား

Vol. 15 Ch. 214

အခန်း (၂၁၄) - ဆုချီးမြှင့်ခြင်းအခမ်းအနား

"ယင်ဝိညာဉ်တွေအကြောင်း သိတဲ့လူတွေ ရှိနေမယ် မထင်ထားဘူး။ ကြည့်ရတာ ဒီကမ္ဘာကြီးထဲမှာ ကျင့်ကြံသူတွေ ရှိတဲ့ပုံပဲ။"

ယဲ့ရှောင်ချန်း မေးစေ့ပွတ်ကာ စဥ်းစားလိုက်သည်။

အမှန်ပင်။ တာအိုပညာရှင်ယန်တွင် ကျင့်ကြံခြင်း အရှိန်အဝါ ဘာမှမရှိပါ။ ဖုန်းရွှေအကြောင်း သီအိုရီ အသိပညာတချို့ သိထားခြင်းသာ ဖြစ်နိုင်သည်။ ကျင့်ကြံခြင်းနည်းလမ်းများအကြောင်း ဘာမှမသိလောက်ပါ။

"သူတို့ ပြောစကားအရဆိုရင် ရှန်းကျန်မှာ ဖန်းရွေ့ပညာရှင် အစစ်တွေ ရှိတယ်ထင်တယ်။"

ယခုချိန်အထိ ကျင့်ကြံခြင်းနှင့် သက်ဆိုင်နေသည့် အရာများကို သူမြင်ပြီးပြီဖြစ်ပါသည်။ ဥပမာအားဖြင့် သားအမိ မိစ္ဆာနှင်ဘူးခွံခွက်၊ မှော်ပုလဲလုံး၊ ဝိညာဥ်ထုတ်ပစ္စည်းများ၊ ယင်ဝိညာဉ်များ စသည်တို့ ဖြစ်ကြသည်။

သို့သော်လည်း ကျင့်ကြံသူ အစစ်အမှန်တစ်ယောက်ကိုမှ သူ မတွေ့ဖူးသေးပါ။

ဒီကမ္ဘာကြီး၏ ကျင့်ကြံခြင်းအဆင့်သို့ သူ မမှီသေးဘူးဟု ခံစားနေရသည်။

ယဲ့ရှောင်ချန်း နေရာတစ်ခုထံသို့ လျှောက်သွားကာ တင်ပုလ္လင်ခွေလျက် ထိုင်ချလိုက်သည်။

သူ အခု လုပ်ဖို့ လိုအပ်တာက ယင်ဝိညာဉ်ကို မျှားခေါ်ထုတ်ဖို့ဖြစ်သည်။

သို့သော် အင်မော်တယ်ပဲစေ့က ယင်ဝိညာဉ်ကို မျှားခေါ်နိုင်ပါ့မလား ဆိုတာတော့ မသေချာပါ။

ဘာပဲဖြစ်ဖြစ် ဒီယင်ဝိညာဉ်က သန့်စင်သည့် စွမ်းအင် ကိုယ်ထည်တစ်ခု သက်သက် မဟုတ်တော့ဘဲ အနုတ်သဘောဆောင်သည့် ဂုဏ်သတ္တိများဖြင့် ယင်ဝိညာဉ်တစ်ကောင် ဖြစ်နေပါပြီ။

သူ့သိုလှောင်နေရာကွက်ထဲမှ သန့်စင်ထားသည့် အင်မော်တယ် ပဲ့စေ့တစ်စေ့ကို ထုတ်လိုက်ကာ သူ့လက်ဖဝါးထဲတွင် အုပ်ကိုင်ထားလိုက်၏။ လက်နှစ်ဖက်စလုံးဖြင့် ဝိညာဥ်လမ်းပြခြင်း နည်းလမ်းကို အသုံးပြုပြီး မှော်စွမ်းအင်ကို သုံးကာ ဖွင့်လိုက်သည်။

မျက်စိတစ်မှိတ်အချိန်အတါင်း မမြင်နိုင်သည့် လှိုင်းတစ်ခုက အရပ်မျက်နှာအားလုံးသို့ ဖြာထွက်သွားသည်။

ထိုလှိုင်းထွက်သွားတိုင်း မမြင်ရသည့် လောကတစ်ခုထဲရှိ တချို့အရာများကို ယဲ့ရှောင်ချန်း အာရုံခံမိပါသည်။

ဒါက ဝိညာဥ်လမ်းပြနည်းလမ်း၏ မှော်ဆန်မှု ဖြစ်သည်။

ရုတ်တရက် မြေအောက်နက်နက်ရှိုင်းရှိုင်းထဲတွင် သွေးပျက်စရာ ယင်ဝိညာဉ်တစ်ကောင် ပုန်းခိုနေသည်ကို အာရုံခံမိသွားသည်။

သို့သော်လည်း ထိုယင်ဝိညာဉ်က အလွန်အမင်း ခေါင်းမာသည်။ သာမန်ယင်ဝိညာဉ်သာဆိုလျှင် မျှားခေါ်နိုင်တာ ကြာပြီဖြစ်သည်။

သို့သော်လည်း ထိုချောက်ချားစရာ ယင်ဝိညာဉ်က လုံးဝ မလှုပ်ရှားပါ။ ၎င်းထုတ်လွှတ်သည့် မိစ္ဆာလှိုင်းများကြောင့်သာ ယင်ဝိညာဉ်က ရပ်တန့်မနေကြောင်း သိရခြင်းဖြစ်သည်။ သူစောင့်နေခြင်းဖြစ်၏။

၁၅ မိနစ်ကျော် ကြာသောအခါ သူ့ခန္ဓာကိုယ်ထဲက မှော်စွမ်းအင် အနည်းဆုံး ၅ ပုံ ၁ ပုံလောက် ကုန်ဆုံးသွားသည်ကို ခံစားလိုက်ရပါသည်။

ကံကောင်းစွာဖြင့် ဝိညာဥ် လမ်းညွှန်ခြင်း နည်းလမ်းက မှော်စွမ်းအင် အများကြီး မကုန်ကျပါ။ မဟုတ်ပါက အနည်းငယ် ဒုက္ခများနိုင်ပါသည်။

နောက်ဆုံးတော့ ယင်ဝိညာဥ် ထုထည်ကြီး လှုပ်ရှားလာခဲ့သည်။

ပထမတော့ အလွန်နှေးကွေးပြီး အလွန် သတိကြီးစွာ လှုပ်ရှားနေသည့်ပုံပင်။ ဒါက ဒီယင်ဝိညာဉ်မှာ သာမန်စွမ်းအင် ကိုယ်ထည်သက်သက် မဟုတ်ဘဲ တိရိစ္ဆာန်တစ်ကောင်၏ အသိစိတ်မျိုး ရှိနေသည်ဟု ဆိုလိုခြင်းသာဖြစ်သည်။

နောက်ထပ် ၁၀ မိနစ်လောက် ကြာသောအခါ နောက်ဆုံးတော့ ထိုယင်ဝိညာဉ် မြေမျက်နှာပြင်နှင့် နီးကပ်သော နေရာတစ်ခုထံသို့ ရွေ့လျားလာလေပြီ။

ယင်ဝိညာဉ်ကောင် ထပ်မံရပ်တန့်သွားပြန်သည်။

"တော်တော် သတိကြီးပါလား။"

ယဲ့ရှောင်ချန်း အနည်းငယ် အံ့အားသင့်သွားပါသည်။

သို့သော်လည်း ဒီယင်ဝိညာဥ်ကို လန့်ပြေးမသွားစေအောင် သူ့စိတ်ကို ရှည်ရှည်သာ ထားဖို့ လိုအပ်ပါသည်။

ရုတ်တရက် ယင်ဝိညာဉ်က အခြားတဖက်သို့ ရွေ့လျားသွားပြီး ၎င်း၏ ကိုယ်ထည် တစ်စိတ်တစ်ပိုင်းက ပုန်းခိုနေသည့် ပိုးကောင်တစ်ကောင်၏ ခန္ဓာကိုယ်ထဲ ဝင်ရောက်သွားလေသည်။

"တော်တော်လည်တဲ့ကောင်ပါလား။ အခုချိန်ထိတောင် အင်းဆက်တစ်ကောင်ကို ဝင်ပူးပြီး ထွက်စမ်းဖို့အထိ တောင့်ခံနိုင်တယ်လား။"

ယဲ့ရှောင်ချန်း အလွန်အမင်း အံ့အားသင့်သွားပါသည်္။

ဒီယင်ဝိညာဥ်က သာမန်ဝိညာဥ်မဟုတ်ကြောင်း အကြွင်းမဲ့ သေချာနေပါပြီ။

သိပ်မကြာလိုက်ဘဲ ယင်ဝိညာဉ် ပူးကပ်ထားသည့် အင်းဆက်က မြေကြီးထဲမှ ထွက်လာခဲ့သည်။

ရုတ်တရက် မမြင်နိုင်သည့် ဝိညာဥ်စွမ်းအားတစ်ခုက ဖြာထွက်သွားပြီး တစ်နေရာလုံးကို ဖုံးလွှမ်းကာ ယဲ့ရှောင်ချန်း၏ စိတ်ကို စတင် တိုက်ခိုက်လေသည်။

တကယ်ပဲ ပုံရိပ်ယောင်ဖန်တီးခြင်းဖြစ်ပါသည်။

ပစ်မှတ်၏ စိတ်ကို ကျူးကျော်ကာ ကြောက်စရာကောင်းသည့် မြင်ကွင်းများ မြင်စေ၏။ ပစ်မှတ်ကို စိတ်ချောက်ချားမှုနှင့် ဆိုးရွားသော စိတ်ခံစားချက်များကို ခံစားသွားရစေသည်။

သို့သော်လည်း ဒီလိုလှည့်ကွက်မျိုးက ယဲ့ရှောင်ချန်းအပေါ်တွင် အလုပ်မဖြစ်ပေ။

ဝိညာဥ်၏ စိတ်စွမ်းအင်က သန်မာသော်လည်း သာမန်လူများအပေါ်တွင်သာ သက်ရောက်မှုရှိပါသည်။

ယဲ့ရှောင်ချန်းက ကျင့်ကြံသူတစ်ယောက်ဖြစ်ခဲ့တာ ကြာပြီဖြစ်သည်။ အခြေခံအုတ်မြစ် တည်ဆောက်ခြင်းအဆင့် စဦးအဆင့်ကို ရောက်ရှိနေပြီ။ သူ့တွင် ဝိညာဥ်မျိုးစေ့တစ်ခု ရှိကာ စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုများကိုလည်း ခုခံနိုင်စွမ်းမြင့်မားသည်။

ယဲ့ရှောင်ချန်း တုတ်တုတ်ပင် မလှုပ်ခဲ့ပါ။

ထိုတိုက်ခိုက်မှုက စက္ကန့်ပိုင်းလောက် ကြာရှည်ခံခဲ့ပြီး ထိုဝိညာဥ်စွမ်းအင် ပျောက်ကွယ်သွားသည်။ ထို့နောက် မြေကြီးထဲမှ ဧရာမ ယင်ဝိညာဉ်ကြီးတစ်ကောင် ပြေးထွက်လာပြီး ယဲ့ရှောင်ချန်းအား ခြောက်လှန့်သည်။

နောက်ဆုံးတော့ မျှားခေါ်ထုတ်နိုင်ခဲ့ပါပြီ။

ဝှူးး ဝှူးး ဝှူးး...

လေအေးတစ်ချက် တိုးဝှေ့လာသည်။ယင်ဝိညာဉ်များ ငိုကြွေးနေပြီး နတ်ဘုရားများ မြည်ဟည်းနေသလိုပင်။

မြင်ပင်များနှင့် သစ်ပင်များပင် ယိမ်းနွဲ့သွားကြသည်။

သို့သော်လည်း ယဲ့ရှောင်ချန်းက လှုပ်တောင် မလှုပ်ပါ။

ဝိညာဥ်လမ်းပြခြင်းနည်းလမ်းကို ထိန်းထားဖို့ အကောင်းဆုံး ကြိုးစားနေ၏။ သူ့ခန္ဓာကိုယ်ထဲက မှော်စွမ်းအင်ကိုလည်း ထိန်းချုပ်ကာ ထွက်မသွားစေရပါ။ ထို့အပြင် ယင်ဝိညာဉ်ကိုလည်း လန့်ပြေးမသွားအောင် ကြိုးပမ်းနေရ၏။

နောက်ဆုံးတော့ ကြောက်စရာ ယင်ဝိညာဥ်ကြီးက အင်မော်တယ်ပဲစေ့ထံသို့ လွင့်စင်သွားသည်။

အင်မော်တယ်ပဲစေ့တစ်ခုလုံး ကြမ်းတမ်းစွာ လှုပ်ခါနေပြီး ယဲ့ရှောင်ချန်း၏ လက်ထဲမှ လွတ်ထွက်အောင် ကြိုးစားနေသလိုပင်။

ယင်ဝိညာဉ်ကောင်က အင်မော်တယ်ပဲစေ့ကို ထိန်းချုပ်ချင်နေသည်။

သာမန်ယင်ဝိညာဉ်များတွင် အခွံမရှိပါ။ ထို့ကြောင့် ကမ္ဘာပေါ်တွင် မတည်ရှိနိုင်ဘဲ မြေအောက်တွင်သာ နေနိုင်ကြသည်။

မိစ္ဆာအသိဖြင့် ယင်ဝိညာဉ်တစ်ကောင်အဆင့် ရောက်နေတာတောင် ဒီလိုပဲ ဖြစ်သည်။

သရဲကားများထဲကလို မိစ္ဆာအသိဖြင့် ယင်ဝိညာဉ်တစ်ကောင်က လူသားခန္ဓာကိုယ်တစ်ခုကို ပူးကပ်ပြီး နောက်ထပ် ခန္ဓာကိုယ်တစ်ခုဖြင့် ပြန်လာရှင်သန်လာခြင်းက လုံးဝ မဖြစ်နိုင်ပါ။

စိတ်စွမ်းအင် ပစ္စည်းများကသာ ယင်ဝိညာဥ်များနှင့် မိစ္ဆာဝိညာဥ်များကို ထိန်းသိမ်းထားနိုင်ပါသည်။

ထို့ကြောင့် အင်မော်တယ်ပဲစေ့က မိစ္ဆာဝိညာဥ်များအား အလွန်ဆွဲဆောင်ခြင်းဖြစ်သည်။

ဒီအင်မော်တယ်ပဲစေ့ဖြင့်ဆို မိစ္ဆာယင်ဝိညာဉ်ကောင်များက ကမ္ဘာ့မြေမျက်နှင်ပြင်ပေါ်သို့ ပေါ်ထွက်လာနိုင်ပါသည်။

ထောင်ဟွမ်းယီလည်း ဒီလိုပဲဖြစ်သည်။

သို့သော် သူက ယဲ့ရှောင်ချန်းကို သခင်အဖြစ် သိနားလည်ထားပါသည်။

သခင်မရှိပါက အင်မော်တယ်ပဲစေ့မှာ မကောင်းဆိုးဝါး သို့မဟုတ် မိစ္ဆာတစ်ကောင် ဖြစ်လာလိမ့်မည်။ ပေါ်ထွက်လာပါက ဆိုးရွားသည့် ကပ်ဘေးတစ်ခုပင် ဖြစ်လာနိုင်ပါသည်။

"ပြေးဖို့ ကြိုးစားနေတာလား။"

ဒီမိစ္ဆာဝိညာဥ်ကို ယဲ့ရှောင်ချန်း ထွက်ပြေးခွင့် မပြုနိုင်ပါ။ ရုတ်တရက် သူ့လက်နှစ်ဖက်ကို တီးလိုက်ပြီး ဖိနှိပ်လိုက်သည်။ သူ့မှော်ပညာ ပွင့်လာပြီး ထူးဆန်းသည့် အလင်းတစ်ခု ထွက်လာကာ အင်မော်တယ်ပဲစေ့အား လွှမ်းခြုံသွားသည်။

အလင်းထဲတွင် သိသာထင်ရှားသည့် အမည်းရောင် အရိပ်တစ်ခုရှိနေကာ ဘယ်ဘယ်ညာညာ ရုန်းကန်နေ၏။ သို့သော်လည်း ထိုအရိပ် ဘယ်လောက်ပဲ ကြိုးစားပါစေ မလွတ်မြောက်နိုင်ပေ။

၄၅ မိနစ်လောက်ကြာသောအခါ ယဲ့ရှောင်ချန်း၏ မှော်ပညာ လုံးဝ ကုန်ဆုံးလုနီးပါး ဖြစ်နေလေပြီ။ ထိုအခါမှသာ မိစ္ဆာဝိညာဥ်ကို သူ တကယ် နှိမ်နင်းနိုင်ခဲ့ပြီး အင်မော်တယ်ပဲစေ့ စစ်သည်တော်အဖြစ် ပြောင်းလဲနိုင်ခဲ့ခြင်း ဖြစ်ပါသည်။

ယဲ့ရှောင်ချန်း၏ မျက်နှာပေါ်တွင် ပင်ပန်းနွမ်းနယ်မှုများဖြင့် ပြည့်နှက်နေ၏။ သူ့လက်ဖဝါးပေါ်က အင်မော်တယ်ပဲစေ့ကို ကျေနပ်စွာ ကြည့်လိုက်သည်။

ဒီအင်မော်တယ်ပဲစေ့က ထောင်ဟွမ်းယီထက် အများကြီး ပိုသန်မာလိမ့်မည်ဟု ခံစားမိပါသည်။

အင်မော်တယ်ပဲစေ့ကို အမြန်သိမ်းကာ ပန်းခြံထဲမှ ထွက်သွားလေသည်။

ဟိုတယ်ခန်းထဲသို့ ပြန်ရောက်သောအခါ။

ယဲ့ရှောင်ချန်း ပင်ပန်းလွန်းနေသဖြင့် ကုတင်ပေါ်တွင် လှဲလိုက်သည်နှင့် အိပ်ပျော်သွားလေသည်။

နောက်တစ်နေ့ ယဲ့ရှောင်ချန်း အစောကြီး နိုးလာခဲ့သည်။ အလွန်သားနားစွာ ဝတ်ဆင်လိုက်သည်။

ယနေ့က တွဲဖက်ပရော်ဖက်ဆာဘွဲ့ကို လက်ခံရမည့် နေ့ဖြစ်သောကြောင့်ပင်။

သူ အလွန်လည်း စိတ်လှုပ်ရှားနေမိပါသည်။ ဘာပဲဖြစ်ဖြစ် တရုတ်သိပ္ပံကျောင်းတော်၏ တွဲဖက် ပရော်ဖက်ဆာဘွဲ့ ဖြစ်သည်။

တရုတ်သိပ္ပံကျောင်းတော်၏ စင်မြင့်တွင်။

တရုတ်သိပ္ပံကျောင်းတော်၏ လက်အောက်က အဖွဲ့အစည်းပေါင်းစုံမှ လူများစွာနှင့် ပြည့်နှက်နေပါပြီ။

တက်ရောက်ဖို့ အဆင့်မှီသူများက အနည်းဆုံး တွဲဖက် သုတေသနပညာရှင်များ သို့မဟုတ် တွဲဖက်ပရော်ဖက်ဆာများ ဖြစ်ကြသည်။

နှစ်တိုင်း တွဲဖက်ပရော်ဖက်ဆာနှင့် အထက် ဘွဲ့များအတွက် ဘွဲ့နှင်းသဘင် အခမ်းအနားကို ဒီနေရာတွင် ကျင်းပလေ့ရှိသည်။

ဒီတစ်ခေါက်ကတော့ မတူညီပါ။ ဒီနှစ် ဘွဲ့နှင်းသဘင် အခမ်းအနားက ကျင်းပပြီးသားဖြစ်သဖြင့် ဒီတစ်ခေါက် ဘွဲ့နှင်းသဘင် အခမ်းအနားက သာမန် မဟုတ်ပါ။

ဒီဘွဲ့နှင်းသဘင် အခမ်းအနားက လူတစ်ဦး တစ်ယောက်တည်းအတွက် ကျင်းပပေးခြင်း ဖြစ်ပါသည်။

ကြီးမားသည့် ခန်းမကြီးထဲတွင် ဆွေးနွေးမှုများနှင့် တီးတိုးပြောသံများစွာ ရှိနေသည်။ အားလုံးက ဒီအခမ်းအနား၏ အဓိကဇာတ်ကောင်အကြောင်းကို ပြောနေကြပါသည်။

"ကြားပြီးကြပြီလား။ ဒီကျပန်း ဘွဲ့နှင်းသဘင် အခမ်းအနားကြီးက ယဲ့ရှောင်ချန်းဆိုတဲ့ ရုက္ခဗေဒ ပညာရှင်တစ်ယောက် အတွက်တဲ့။"

"ယဲ့ရှောင်ချန်း ဟုတ်လား။ ဒီနာမည်ကို ဘယ်မှာ ကြားဖူးပါလိမ့်။"

"ယန်ဟဲ့၊ မင်းရဲ့ အပင်ဌာနမှာကော အဲ့လိုနာမည်နဲ့လူရှိလား။"

"မရှိဘူး ကြားတောင်မကြားဖူးဘူး။"

"ထူးဆန်းတယ်၊ သူ့အတွက်နဲ့ ဌာနချုပ်က သီးသန့် ဘွဲ့နှင်းသဘင် အခမ်းအနားကို ကျင်းပပေးရအောင် ဘယ်သူမို့လို့လဲ။"

"အဲ့ဒီလူက အရမ်းငယ်တယ်လို့ ကြားတယ်နော်။"

"ဘယ်လောက်ငယ်တာလဲ။"

"မသိဘူး။ ငါလည်း ကြားဖူးတယ်။ ဘာပဲဖြစ်ဖြစ် အထက်လူကြီးတွေက တော်တော် တင်းကြပ်ထားတယ်။ အချက်အလက်လေး နည်းနည်းတောင် မပေါက်ကြားလာဘူး။"

"ငါနည်းနည်းတော့သိတယ်။ ဒီတစ်ခေါက် တောင်ပိုင်းဒေသနဲ့ ပူးပေါင်းဆောင်ရွက်မှုက ဒီလူနဲ့ ပတ်သတ်နေတယ်တဲ့။"

"မဖြစ်နိုင်တာ။ အဲ့လိုကြီးလား။"

"သူက ဘယ်သူလဲ။"

...

ဆွေးနွေးမှုမျိုးစုံက ခန်းမကြီးတစ်ခုလုံးထဲတွင် ပြည့်နှက်သွားသည်။

ယဲ့ရှောင်ချန်း နျူးကလီးယား ဓာတ်ရောင်ခြည်ကို စုပ်ယူပေးနိုင်သည့် သန့်စင်မြက်ပင်ကို တီထွင်ပေးနိုင်ခဲ့သည့် သတင်းအား နိုင်ငံတော်က တင်းကြပ်စွာ လျှို့ဝှက်ထားသည်။

လူများစွာက တရုတ်သိပ္ပံကျောင်းတော်မှာ တောင်ပိုင်းဒေသအစိုးရနှင့်အတူ သိပ္ပံသုတေသန တစ်ခုတွင် ပူးပေါင်းမည်ဟုသာ သိထားကြသည်။ သို့သော် နောက်ကွယ်က အကြောင်းအရင်းကို များများစားစား မသိထားကြပေ။

ယဲ့ရှောင်ချန်းက တောင်ပိုင်းဒေသတွင် နာမည်ကျော်ဖြစ်သော်လည်း နိုင်ငံတစ်ဝှမ်းနှင့် ယှဥ်ရင်တော့ သာမန်သာဖြစ်သည်။

တရုတ်သိပ္ပံကျောင်းတော်အတွင်းတွင် ပို၍တောင် ဆိုးပါသေးသည်။ ဘာပဲဖြစ်ဖြစ် ဘယ်သူက ပြင်ပ ကိစ္စတွေအကြောင်း စိတ်ဝင်စားမှာလဲ။

အထူးသဖြင့် အထက်လူကြီးများက ဒီသတင်းကို ဖုံးကွယ်ထားကြသည်။

အထက်လူကြီးများက သီးသန့် တွဲဖက် ပရော်ဖက်ဆာ ဘွဲ့နှင်းသဘင် အခမ်းအနားအား ကျင်းပမည်ဟု ကြေညာလိုက်သောအခါ လူများစွာက ဇဝေဇဝါဖြစ်ကြဆဲဖြစ်ပါသည်။

All Chapters