← Chapters

အခန်း (၂၁၅) - အဖွဲ့ဝင်သစ် စုဆောင်းခြင်း

Vol. 15 Ch. 215

အခန်း (၂၁၅) - အဖွဲ့ဝင်သစ် စုဆောင်းခြင်း

Vol. 15 Ch. 215

အခန်း (၂၁၅) - အဖွဲ့ဝင်သစ် စုဆောင်းခြင်း

ကျောင်းတော် သို့မဟုတ် သုတေသနအဖွဲ့အစည်းက တွဲဖက် ပရော်ဖက်ဆာဘွဲ့အတွက် လျှောက်လွှာ တင်ရမည်။ ထိုလျှောက်လွှာအား သက်ဆိုင်ရာ ဝန်ကြီးများနှင့် ဒေသ၏ ကော်မရှင်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများ၊ ဗဟိုအစိုးရ လက်အောက်မှ မြူနီစီပယ် အစိုးရများ၊ ပညာရေးဌာနများနှင့် သုတေသန ဌာနများက ဆန်းစစ်လိမ့်မည်။ ထို့နောက် လျှောက်လွှာအား တိုင်းအဆင့် ပညာရေးကော်မရှင်သို့ အတည်ပြုရန် ပို့ပေးပြီး လျှောက်လွှာမိတ္ထူအား မှတ်တမ်းတင်ရန် ဝန်ထမ်းရေးရာဌာနသို့ ပို့ပေးရမည်ဖြစ်သည်။

ဘာပဲဖြစ်ဖြစ် အတော်လေး ရှုပ်ထွေးပါသည်။

လျှောက်ထားသူကလည်း သက်ဆိုင်ရာ အခြေအနေရပ်များကို ပြည့်မှီထားဖို့ လိုအပ်သည်။

သာမန်အခြေအနေနှင့်ဆို ယဲ့ရှောင်ချန်းက ထိုအခြေအနေရပ်များအား တစ်ခုမှ မပြည့်မှီပါ။

သို့သော် သန့်စင်မြက်ပင်အား ပျိုးထောင်ပေးနိုင်ခဲ့ပြီး အပင်အသိစိတ် ပညာရပ်အသစ်ကို ရှာဖွေတွေ့ရှိခဲ့သည်။ အလွန်ကောင်းမွန်သည့် သုတေသန အောင်မြင်မှုများ ဖြစ်နေပါပြီ။

အထူးကိစ္စများကို အထူးကိုင်တွယ်ရသည်။

တရုတ်ပြည်တွင်သာမဟုတ်ဘဲ နိုင်ငံခြားတွင်လည်း ဒီလိုပဲဖြစ်သည်။

သိပ္ပံ သုတေသန နယ်ပယ်တွင်သာ မဟုတ်ဘဲ တခြားနယ်ပယ်များတွင်လည်း ဒီလိုပဲဖြစ်သည်။

အရင်ဆုံး လျှောက်ထားသူက ကိုယ်ရေးကိုယ်တာ အချက်အလက်များ၊ လုပ်ငန်းအတွေ့အကြုံများ၊ သက်ဆိုင်ရာနယ်ပယ်အတွင်းက သုတေသန ရလဒ်ကောင်းများ စသဖြင့် မိတ်ဆက်ရသည်။

ဒါက လျှောက်လွှာ ဖြစ်၏။

လျှောက်ထားမှုကို အောင်မြင်သွားသူတိုင်တွင် သေချာပေါက် လျှောက်လွှာ ထူထူကြီးများ ရှိလိမ့်မည်။

လျှောက်လွှာပိုထူလေလေ သူတို့ ပိုပြီး ယုံကြည်ချက် ရှိလေလေ ဖြစ်ပါသည်။

အဘယ့်ကြောင့်ဆိုသော် ဒီလို တွဲဖက် ပရော်ဖက်ဆာနှင့် အထက် ဘွဲ့များက အဆက်အသွယ်ကောင်းရှိရုံနှင့် မရရှိနိုင်သောကြောင့်ပင်။ လက်ခံရရှိဖို့ အစွမ်းအစလည်း ရှိရပါမည်။

ယဲ့ရှောင်ချန်း၏ လျှောက်လွှာမိတ်ဆက်က တိုတောင်းပြီး ပြတ်သား၏။

တောင်ပိုင်းဒေသ စိုက်ပျိုးရေး တက္ကသိုလ်မှ ဘွဲ့ရခဲ့သည်။

တကယ်တော့ ဒုတိယနှစ် ဘွဲ့ကြိုဒီဂရီဖြစ်ပါသည်။

မှားစရာရှိလို့လား။

တရုတ်သိပ္ပံကျောင်းတော်တွင် မာစတာဘွဲ့ရ သို့မဟုတ် ဒေါက်တာဘွဲ့ရကျောင်းသား မဟုတ်ပါက လူတွေကို လိုက်နှုတ်ဆက်ဖို့ပင် ရှက်နေရပါလိမ့်မည်။

နာမည်ကျော်တက္ကသိုလ်မှ ဖြစ်ပါက အကောင်းဆုံး ဖြစ်ပါသည်။

သူက အလုပ်မျိုးစုံ လုပ်တတ်သူဖြစ်ပြီး ဘွဲ့ကြိုဒီဂရီတစ်ခုကို ရနိုင်ခဲ့ပါသည်။

သူက အသက် ၂၅ နှစ်ရှိပြီ။

ဘာကို ငယ်ရမှာလဲ။ သူ့ဘွဲ့လွန် သင်ယူမှုများကိုပင် မပြီးမြောက်နိုင်ခဲ့လောက်ပါ။

လုပ်ငန်းအတွေ့အကြုံလား။

အလယ်လတ်တန်းစား ကုမ္ပဏီတစ်ခုအတွက် သူ တစ်နှစ်လောက် အလုပ် လုပ်ပေးခဲ့၏။ အံ့အားသင့်စရာ အောင်မြင်မှုတော့ မဟုတ်ပါ။ ထို့ကြောင့် မိတ်ဆက်က တိုတောင်းနေပါသည်။ ဘယ်ကုမ္ပဏီ၊ ဘာရာထူး၊ ဘာအကျိုးကျေးဇူးများ ဆောင်ရွက်ပေးခဲ့ကြောင်း ဘာမှတောင် ထည့်မရေးခဲ့ပါ။

အလုပ်ထွက်ပြီးနောက် အိမ်တွင် ကိုယ်ပိုင်သုတေသနလုပ်ငန်းနှင့် စိုက်ပျိုးရေးခြံတစ်ခုကို စတင်ခဲ့သည်။

စိုက်ပျိုးရေးခြံတစ်ခုကို စတင်တယ်တဲ့လား။

မှားများ မှားနေတာလား။ ဒါကို လုပ်ငန်းအတွေ့အကြုံလို့ သတ်မှတ်လို့ရလို့လား။

ရိုင်းရိုင်းပြောရလျှင် သူက လယ်သမားတစ်ယောက်သာဖြစ်သည်။ နည်းနည်းချိုသာအောင် ပြောရလျှင် စိုက်ပျိုးရေးခြံပိုင်ရှင် ဖြစ်ပါသည်။

စင်မြင့်အောက်က လူများစွာက တိုးတိတ်စွာ ကျိန်ဆဲနေကြပါသည်။

တစ်ခုခုမှားသွားတာလား။ ဒီလိုလူမျိုးကို တွဲဖက် ပရော်ဖက်ဆာဘွဲ့ ပေးလို့ရတယ်တဲ့လား။

ယဲ့ရှောင်ချန်းသည် ခန်းမထဲတွင် ထိုင်နေသည်။

ရှောင်လင်းက သူ့ဘေးတွင်ထိုင်နေ၏။

ယဲ့ရှောင်ချန်းက သန့်စင်မြက်ပင်၏ ပျိုးထောင်သူဖြစ်ပြီး အနာဂတ်တွင် သုတေသနအဖွဲ့အစည်းကိုင်းခွဲတစ်ခု၏ ခေါင်းဆောင် ဖြစ်လာမည်ကို ရှောင်လင်း သိသော်လည်း ယဲ့ရှောင်ချန်း၏ အရင်က အတွေ့အကြုံများမှာ အလွန်ရိုးရှင်းပြီး သာမန်ဖြစ်နေလိမ့်မည်ဟု မထင်ထားခဲ့ပါ။

အမှန်ပင်။ သာမန်သာဖြစ်သည်။ ရွက်ကြမ်းရေကျိုအဆင့်သာ ဖြစ်သည်ဟု ပြောနိုင်သည်။

ယဲ့ရှောင်ချန်းက ထိုမိတ်ဆက်စာများကို ဂရုမစိုက်ပေ။

ဒါက ရှေ့ပြေးသာဖြစ်ပြီး အဓိကအချက်က အနောက်က ဖော်ပြချက် ဖြစ်သည်။

ထင်ထားသည့်အတိုင်း ယဲ့ရှောင်ချန်း၏ သုတေသနရလဒ်များကို တင်ဆက်သူ ထုတ်ပြလိုက်သောအခါ ဆူညံပွက်လောရိုက်သွားခဲ့ကြ၏။

နျူးကလီးယား ဓာတ်ရောင်ခြည်ကို စုပ်ယူနိုင်တဲ့ သန့်စင်မြက်ပင်ကို တီထွင်နိုင်ခဲ့တယ်တဲ့လား။

အပင်အသိစိတ် သုတေသနစနစ်ကို ရှာဖွေတွေ့ရှိနိုင်ခဲ့တယ်တဲ့လား။

ဘယ်တစ်ခုပဲဖြစ်ဖြစ် အကြီးအကျယ် အောင်မြင်မှုဟု ခေါ်ဆိုနိုင်ပါသည်။

တင်ဆက်သူက သုတေသန အောင်မြင်မှု နှစ်ခုကို အသေးစိတ် မိတ်ဆက်ပေးသွားပါသည်။

သူ သာဓက တစ်ခု ပေးလိုက်၏။ ဥပမာအားဖြင့် ရှမြို့တော်ရှိ စီမံကိန်းနယ်မြေတစ်ခုတွင် ဆောက်လုပ်ရေးများကြောင့် မြေအောက် နျူးကလီးယား စွန့်ပြစ်ပစ္စည်းသိုလှောင်ခန်းတစ်ခု ပျက်စီးသွားပြီး နျူးကလီးယား စွန့်ပြစ်ပစ္စည်းများ စိမ့်ထွက်လာခဲ့သည်။

သန့်စင်မြက်ပင်၏ အကူအညီဖြင့် စိမ့်ထွက်လာသည့် နျူးကလီးယား ဓာတ်ရောင်ခြည်များကို တစ်လအတွင်း လုံးဝ သန့်စင်ပေးနိုင်ခဲ့၏။

ဒီအကြောင်းကြောင့် ချက်ချင်းဆိုသလို အားလုံး ထိတ်လန့်သွားကြရ၏။

ကမ္ဘာကြီးတွင် နျူးကလီးယား ဓာတ်ရောင်ခြည် ညစ်ညမ်းမှုက အကြီးမားဆုံး ပြဿနာဆိုတာ မသိတဲ့သူ ရှိပါဦးမလား။

အပင်အသိစိတ် သုတေသနစနစ်အကြောင်း မိတ်ဆက်ကိုတော့ အားလုံး တန်ဖိုး နားလည် ကြပါသည်။

သန့်စင်မြက်ပင်ကပင် အပင်အသိစိတ်စနစ်၏ သိပ္ပံအောင်မြင်မှုတစ်ခု ဖြစ်၏။ ဒါဆို ဒီပညာရပ်အသစ်ကို နက်နက်ရှိုင်းရှိုင်း လေ့လာနိုင်ပါက ပိုပြီး တန်ဖိုးရှိတဲ့ ရလဒ်တွေ ထွက်လာနိုင်မယ်လို့ ဆိုလိုလိုက်တာပဲမဟုတ်လား။

ရုက္ခဗေဒ နယ်ပယ်အတွင်းက ပညာရှင်နှင့် ပရော်ဖက်ဆာများစွာက ၎င်းတို့၏ သုတေသနနယ်ပယ်နှင့် ထပ်တူညီမှု ရှိသွားသောကြောင့် မျက်လုံးများ ဝန်းစက်သွားကြသည်။

"ကဲ ပရော်ဖက်ဆာ ယဲ့ရှောင်ချန်းကို စင်မြင်ပေါ်သို့ ကြိုဆိုလိုက်ကြရအောင်ဗျာ။"

တင်ဆက်သူက ရုတ်တရက် ပြောလိုက်သည်။

တွဲဖက် ပရော်ဖက်ဆာဘွဲ့ကို မအပ်နှင်းရသေးသော်လည်း ဒါက တရုတ်သိပ္ပံကျောင်းတော်၏ အတွင်းပိုင်း အခမ်းအနားတစ်ခု ဖြစ်ပါသည်။

တရားဝင်အမြင်ရဆိုလျှင် နိုင်ငံတော် ပညာရေးနှင့် သုတေသနဌာနမှ ထောက်ခံပြီးသွားပြီ ဖြစ်သဖြင့် ယဲ့ရှောင်ချန်း တွဲဖက်ပရော်ဖက်ဆာဘွဲ့ကို ရရှိပြီးနေပြီဖြစ်ပါသည်။

လူများစွာက ဘေးပတ်လည်ကို လျှောက်ကြည့်ကြသည်။ ယဲ့ရှောင်ချန်း ဘယ်လိုလူမျိုးလဲ သိချင်နေကြ၏။

ယဲ့ရှောင်ချန်း၏ ထိုင်ခုံက အလယ်တွင် ဖြစ်သည်။

သူ မတ်တပ်ရပ်လိုက်သောအခါ အားလုံး၏ အာရုံစိုက်မှုကို ဆွဲဆောင်လိုက်သလို ဖြစ်သွားသည်။

ယဲ့ရှောင်ချန်းက လျှောက်လမ်းမှ လျှောက်လာပြီး စင်မြင့်ပေါ်သို့ တက်သွားတော့သည်။

"ကဲ တရုတ်သိပ္ပံကျောင်းတော်က ကျောင်းအုပ်ကြီး  မစ္စတာ ချင်ရှောင်ချွမ်းကို ပရော်ဖက်ဆာ ယဲ့ရှောင်ချန်းအား တွဲဖက်ပရော်ဖက်ဆာဘွဲ့ ပေးအပ်ဖို့ ဖိတ်ခေါ်လိုက်ရအောင်ပါ။"

တင်ဆက်သူက မိုက်ခရိုဖုန်းကို ယူကာ ထပ်ပြောလိုက်ပြန်သည်။

မကြာမီ တရုတ်သိပ္ပံကျောင်းတော်၏ ကျောင်းအုပ် စင်ပေါ်တက်လာခဲ့၏။  သူက အသက်ကြီးကြီး မီးခိုးရောင်သမ်းနေသော ဆံပင်နှင့် အမြော်အမြင်ရှိသော မျက်လုံးများရှိကာ ဘဝအတွေ့အကြုံရင့်သည့် ပုံစံမျိုးဖြစ်သည်။

ယဲ့ရှောင်ချန်းက ဒီမတိုင်ခင် ကျောင်းအုပ်ကြီးချင်နှင့်တွေ့ဖူးပါသည်။

ကျောင်းအုပ်ကြီးချင်က ဘွဲ့လက်မှတ်ကို ယဲ့ရှောင်ချန်း၏ လက်ထဲတွင် ထည့်ပေးပြီး ပြုံးကာ ပြောလိုက်သည်။ "ပရော်ဖက်ဆာယဲ့။ တရုတ်သိပ္ပံကျောင်းတော် မိသားစုကြီးက ကြိုဆိုပါတယ်။"

ထိုစကားတစ်ခွန်းတည်းပြောပြီး ကျောင်းအုပ်ကြီးချင်က စင်မြင့်အောက်သို့ ပြန်ဆင်းသွားလေသည်။

ယဲ့ရှောင်ချန်းက မိန့်ခွန်းပြောကြားရမည် ဖြစ်သဖြင့် စင်ပေါ်တွင် ရှိနေဆဲဖြစ်ပါသည်။

"ကဲ ပရော်ဖက်ဆာယဲ့ကို မိန့်ခွန်းနည်းနည်းလောက် ပြောဖို့ ဖိတ်ကြားလိုက်ရအောင်ပါ။"

တင်ဆက်သူက မိုက်ခရိုဖုန်းကို ယဲ့ရှောင်ချန်းအား ကမ်းပေးလိုက်သည်။

ယဲ့ရှောင်ချန်းက မိုက်ခရိုဖုန်းကိုယူပြီး ကျေးဇူးတင်စကားတချို့ အရင်ပြောလိုက်ပါသည်။ အားလုံးက အညွှန်းအတိုင်းပဲ မဟုတ်ပါလား။

နောက်တစ်ပိုင်းက အဓိကအချက် ဖြစ်သည်။

"မကြာခင်မှာ တရုတ်သိပ္ပံကျောင်းတောာ်နဲ့ တောင်ပိုင်းဒေသရဲ့ ယန်ချန်းမြို့တော် အစိုးရတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုဖြစ်တဲ့ သုတေသနဌာကို တည်ဆောက်တော့မှာပါ။ အဓိက သုတေသနနယ်ပယ်ကတော့ အပင်အသိစိတ် ဖြစ်ပါတယ်။ ဒါက အခုမှ အသစ် စတင်တဲ့ နယ်ပယ်အသစ် ဖြစ်ပါတယ်။ ဒီနယ်ပယ်ကို ကျွန်တော်တစ်ယောက်တည်း ကျယ်ကျယ်ပြန့်ပြန့် သုတေသန မလုပ်နိုင်တဲ့အတွက် အပင်အသိစိတ်အကြောင်း စိတ်ဝင်စားတဲ့ စီနီယာကြီးတို့အားလုံးကို ကျွန်တော်နဲ့ ပူးပေါင်းဖို့ ဖိတ်ကြားချင်ပါတယ်။"

ယဲ့ရှောင်ချန်း စကားပြောပြီးသွားသောအခါ ကျေးဇူးတင်စကား ထပ်ပြောလိုက်ပါသည်။

တကယ်တော့ သူ့ရည်ရွယ်ချက်က ဒီပညာရှင်နှင့် ပရော်ဖက်ဆာများကို ဖိတ်ကြားဖို့ မဟုတ်ပါ။

အားလုံးက အလွန်အတွေ့အကြုံရင့်သူများဖြစ်သဖြင့် ဘယ်သူက သူ့လက်အောက်ထဲ ဝင်ချင်မှာလဲ။

သူ့ပစ်မှတ်က ပရော်ဖက်ဆာအဆင့် မရောက်သေးသော်လည်း အသိပညာ ခိုင်ခိုင်မာမာရှိသည့် တရုတ်သိပ္ပံကျောင်းတော်က အဆင့်နိမ့် သုတေသနပညာရှင်များဖြစ်ပါသည်။

သတင်းများထွက်သွားသည်နှင့် စိတ်ဝင်စားသည့်လူများ ရှိလာမည်ဖြစ်ကြောင်း ယုံကြည်ထားပါသည်။

တင်ဆက်သူ ကြက်သေ သေသွားသည်။

ယဲ့ရှောင်ချန်းက ပေါ်တင်ကြီး လူတွေကို ဖိတ်ခေါ်နေတာလား။

ပညာရှင်နှင့် ပရော်ဖက်ဆာများစွာက တရုတ်သိပ္ပံကျောင်းတော်၏ သုတေသနမျိုးစုံမှ ဖြစ်ကြသည်။ တချို့က အရေးကြီးတာဝန်ရှိသူများ ဖြစ်ကြ၏။

သူတို့ စိတ်ဝင်စားရင်တောင် သူတို့ သုတေသနအဖွဲ့အစည်းများက သူတို့ကို သွားခွင့်ပေးမည်မဟုတ်ပါ။

ပွဲကြည့်ပရိတ်သတ် အမြောက်အများမှ တီးတိုးပြောသံများ ဆွေးနွေးသံများ စတင် ထွက်လာသည်။

ဘွဲ့နှင်းသဘင် အခမ်းအနားပြီးသွားသောအခါ ယဲ့ရှောင်ချန်းက တရုတ်သိပ္ပံကျောင်းတော်၏ အထက်လူကြီးများနှင့် ထပ်ဆက်သွယ်လိုက်သည်။ သုတေသနအဖွဲ့အစည်း တည်ထောင်မှုကိစ္စကို အဓိက ပြောဖို့ဖြစ်ပါသည်။

ဥပမာအားဖြင့် လိုအပ်သည့် ကိရိယာများ၊ သုတေသနပညာရှင်များ အစရှိသည်တို့ ဖြစ်သည်။

ဘာပဲဖြစ်ဖြစ် လုပ်စရာတွေ အများကြီး ရှိနေပါသည်။

သို့သော်လည်း ယဲ့ရှောင်ချန်း၏ လက်ရှိ အစီအစဥ်က သုတေသန အဖွဲ့တစ်ခုကို စည်းရုံးဖို့ဖြစ်သည်။

သုတေသနအဖွဲ့အစည်းက သေချာပေါက် သုတေသန ပညာရှင်များစွာကို လိုအပ်လိမ့်မည်။ တောင်ပိုင်းဒေသမှ လူများကိုသာ အားကိုးလျှင် လုံလောက်နိုင်မည် မဟုတ်ပေ။ ထို့အပြင် ၎င်းတို့၏ စံနှုန်းကလည်း ဒီလောက် မြင့်မည်မဟုတ်ပါ။

ပိုအရေးကြီးသည်က သူသတ်မှတ်ထားသည့် စံနှုန်းများကိုလည်း ပြည့်မှီနိုင်မည်မဟုတ်ပေ။

ယဲ့ရှောင်ချန်း သုတေသနပညာရှင်တစ်ခုအတွက် သတ်မှတ်ထားသည့် ပထမဆုံး စံနှုန်းက ဝိညာဥ်နားစွင့်လက်ချောင်းနည်းလမ်း၏ အခြေခံကို သင်ယူနိုင်ဖို့ ဖြစ်သည်။

အပင်အသိစိတ်ပညာကို သုတေသန ပြုလုပ်ချင်သဖြင့် အပင်အသိစိတ်နှင့် ဆက်သွယ်နိုင်သည့် အစွမ်းအစ မရှိဘဲ ဘယ်လိုလုပ် သုတေသန ပြုလုပ်နိုင်မည်နည်း။

ယဲ့ရှောင်ချန်းက တရုတ်သိပ္ပံကျောင်းတော်၏ အထက်လူကြီးများကို သုတေသနအဖွဲ့ တစ်ခုအတွက် သူ သတ်မှတ်ထားသည့် စံနှုန်းများကို ပြောပြလိုက်သည်။

ကျောင်းအုပ်ကြီးချင် ဦးဆောင်သည့် အထက်လူကြီးများကလည်း သူ့ကို အလွန် ထောက်ပံ့ပေးပါသည်။

တစ်ယောက်ယောက်က ယဲ့ရှောင်ချန်း၏ သုတေသနအဖွဲ့ထဲဝင်ချင်လျှင် အကောင်းဆုံး ကြိုးစားကြမည် ဖြစ်ပါသည်။

ထို့ကြောင့် ယဲ့ရှောင်ချန်းက တိုးတိတ်စွာ သက်ပြင်းချလိုက်သည်။ သူအောင်မြင်ဖို့ လမ်းတစ်ဝက်လောက် ရောက်နေပြီ ဖြစ်ကြောင်းကို သိနေပါသည်။

လူတွေကို ဆွဲခေါ်ဖို့ လွယ်ကူသော်လည်း အထက်လူကြီးများ၏ ပူပေါင်းဆောင်ရွက်မှု မရှိပါက ဒုက္ခများနိုင်ပါသည်။

All Chapters