← Chapters

အခန်း (၂၁၉) - စိုက်ပျိုးရေးခြံခွဲ

Vol. 15 Ch. 219

အခန်း (၂၁၉) - စိုက်ပျိုးရေးခြံခွဲ

Vol. 15 Ch. 219

အခန်း (၂၁၉) - စိုက်ပျိုးရေးခြံခွဲ

မျက်စိတစ်မှိတ် အချိန်အတွင်း ဇန်နဝါရီလ အကုန်သို့ ရောက်လာခဲ့သည်။

ယန်မြို့တော် အပင်အသိစိတ် သုတေသနအဖွဲ့အစည်း အတွက် ပြင်ဆင်မှုများ ပြီးဆုံးလုနီးပါး ဖြစ်နေပါပြီ။ ရန်ပုံငွေနှင့် ဝန်ထမ်းများလည်း အသင့်ဖြစ်နေကြပြီ။

သုတေသနအဖွဲ့အစည်း၏ တည်နေရာမှာ မူလ ယန်မြို့တော် အပင်အသိစိတ် သုတေသနအဖွဲ့အစည်းအတွက် သတ်မှတ်ထားသည့်နေရာပဲ ဖြစ်ပါသည်။ ထိုနေရာအား ပြန်လည် ပြုပြင်ထားပြီးလေပြီ။

သို့သော်လည်း သုတေသနအဖွဲ့အစည်း၏ အဆောက်အဦး ဧရိယာနှင့် အကျယ်အဝန်းတို့မှာ လုံလောက်ဖို့ အများကြီး လိုအပ်နေပါသေးသည်။ ဒါက ယာယီစခန်းသာ ဖြစ်သည်။

သုတေသနအဖွဲ့အစည်း အသစ်စက်စက်ကို ဆောက်လုပ်နေကြပါပြီ။ ထိုအဆောက်အဦး၏ ဧရိယာနယ်မြေက လက်ရှိ ယာယီသုတေသနအဖွဲ့အစည်းထက် ၁၀ ဆလောက် ကြီးမားသည်။

ဒီအချိန်တောအတွင်းယဲ့ရှောင်ခန်းက သုတေသနအဖွဲ့အစည်းအတွင်းမှ သုတေသနပညာရှင်များကို အဓိကထားကာ အပင်အသိစိတ် စနစ်အကြောင်း သင်ကြားပေးသည်။ အပင်အသိစိတ်ပညာရပ်အကြောင်း စနစ်တကျ နားလည်ထားစေချင်သောကြောင့် ဖြစ်ပါသည်။

သူတို့အားလုံးက အပင်အသိစိတ် သုတေသန ပညာရှင်တွင် လူသစ်များ ဖြစ်သဖြင့် တံခါးပေါက် ဘယ်မှာရှိမှန်းတောင် မသိနိုင်ပါ။

သို့သော်လည်း ၎င်းတို့က လက်ရွေးစင်ထဲက လက်ရွေးစင်များ ဖြစ်ကြသဖြင့် သင်ယူနိုင်စွမ်းက အလွန်မြင့်မားလွန်းကြပါသည်။

သူတို့ ယဲ့ရှောင်ချန်းအား အများကြီး သက်သာစေသည်။

ဝိညာဥ်နားစွင့်လက်ချောင်းနည်းလမ်းအား လေ့ကျင့်ဖို့က အရေးကြီးဆုံးဖြစ်ပါသည်။

လက်ရှိ အဖွဲ့ဝင်များအပြင် ပညာရှင်ကြီး ယန်နှင့် ဝိညာဥ်နားစွင့် လက်ချောင်းနည်းလမ်းကို ယခင်က သင်ကြားဖူးကြသည့် လူတချို့လည်း သုတေသနအဖွဲ့အစည်းထဲသို့ ဝင်ရောက်လာသည်။

ထိုအချိန်တောအတွင်း သူတို့ သုတေသနအဖွဲ့အစည်းတွင်သာနေပြီး တခြားသူများနှင့်အတူတူ အပင်အသိစိတ်သီအိုရီအကြောင်းကို သင်ယူသည်။

အမှန်ပင်။ အကြာကြီး နေလို့တော့ မရကြပါ။ သူတို့က သုတေသနအဖွဲ့အစည်းတစ်ခုစီ၏ ခေါင်းဆောင်များသို့မဟုတ် အရေးကြီး အဖွဲ့ဝင်များဖြစ်ကြသည်။ သူတို့၏ သုတေသနအလုပ်များက အလွန်များပြားပါသည်။

သူတို့၏ မူလအလုပ်က ထွက်လာရင်တော့ အဆင်ပြေပါသည်။

သုတေသနအဖွဲ့အစည်းမှ ထွက်လာပြီး ယဲ့ရှောင်ချန်း ကောင်းကင်ဘုံ ကမ္ဘာမြေ စိုက်ပျိုးရေးခြံကြီးသို့ လာခဲ့သည်။

ကောင်းကင်ဘုံ ကမ္ဘာမြေ စိုက်ပျိုးရေးခြံ၏ ဆောက်လုပ်ရေးမှာ ပြီးဆုံးနေပါပြီ။

ဧရာမ စိုက်ပျိုးရေးခြံကြီးပေါ်တွင် စိုက်ပျိုးရေး စက်ကိရိယာမျိုးစုံက အလုပ်လုပ်နေကြသည်။

အစိမ်းရောင် ဝတ်စုံများဖြင့် အလုပ်သမားများစွာကလည်း အလုပ်များနေကြပါသည်။

အဆောက်အဦးများက အိမ်ဆောက်တုံးများလို တည်ဆောက်ထားခြင်းဖြစ်သည်။ ပြီးမြှောက်နှုန်းက အလွန်မြန်ဆန်ပါသည်။

အဘယ့်ကြောင့်ဆိုသော် ဖောင်ဒေးရှင်းကလွဲပြီး ဒီက အဆောက်အဦးများအားလုံးကို အစွန်းခံ သံမဏိဖြင့် ပြုလုပ်ထားသောကြောင့် ပုံစံကြမ်း တည်ဆောက်ပြီးသွားသောအခါ အုတ်ခဲများ ချရန်သာရှိသည်။

ယဲ့ရှောင်ချန်းက ကားပါကင်တွင် ကားကို  ထိုးလိုက်ပြီး သိပ်မဝေးသည့် ဧရာမ ရုံကြီးထံသို့ လမ်းလျှောက်လာခဲ့သည်။

မကြာသေးခင်ကမှ ဆောက်လုပ်ထားသည့် မျိုးစေ့ ဆောင်ရွက်မှု အခန်း ဖြစ်ပါသည်။

အဆောက်အဦးတစ်ခုလုံးကို သံမဏိဖြင့် တည်ဆောက်ထားပြီး အထူးမှန်တမျိုးဖြင့် ကာရံထားသည်။ အပြင်ဘက်က အပူချိန်ကို ထိန်းညှိနိုင်ပါသည်။

အထဲတွင် အလွန်အမင်း ပြီးပြည့်စုံသည့် အဆင့်မြင့် စနစ်များ ရှိနေသည်။

အပူချိန် ထိန်းချုပ်ခြင်း၊ စိုက်ပျိုးခြင်း၊ အညှောက်ပေါက်ခြင်း၊ ပြောင်းရွှေ့စိုက်ပျိုးခြင်း အာလုံးကို ဒီအဆောက်အဦးထဲတွင် လုပ်ကြသည်။

အပင်စိုက်ပျိုးရေး အခန်း၏ စောင့်ကြည့် ခန်းမထဲတွင် ဝမ်ရွှေရှန့်အား ယဲ့ရှောင်ချန်း တွေ့လိုက်ရ၏။

ဝမ်ရွှေရှန့်၏ ခန္ဓာကိုယ်တစ်ကိုယ်လုံးက အလွန် အသားမည်းသွားသည့်ပုံပင်။ ထို့အပြင် အနည်းငယ်လည်း ပင်ပန်းနေပုံရသည်။ ကြည့်လိုက်ရုံနှင့် သူ ပင်ပန်းနေတာ သိသာပါသည်။

မတတ်နိုင်ပါ။ ဒီအချိန်တောအတွင်း ထျန်ဟဲ့ဥယျာဥ်စီမံကိန်း၊ ကောင်းကင်ဘုံ ကမ္ဘာမြေ စိုက်ပျိုးရေးခြံနှင့်၊ ကျင်းယန်အုပ်စုကို စီမံဖို့ စသည်ဖြင့် အားလုံးကို သူဂရုစိုက်ဖို့လိုပါသည်။

ယဲ့ရှောင်ချန်းသာ သူ့ကို အင်မော်တယ်စမ်းရေ ဆားရည်စိမ်ဟင်းသီးဟင်းရွက်များ၊ အင်မော်တယ် ဆားရည်စိမ်အသီးအရွက်များဖြင့် မထောက်ပံ့ပေးထားပါက သူတောင့်ခံနိုင်မည်မဟုတ်ပေ။

"ရှောင်ချန်း မင်းထောက်ပံ့ပေးတဲ့ မျိုးစေ့သန်ဆေးက အရမ်းကောင်းတာပဲ။ မျိုးစေ့တွေရဲ့ အညှောက်ပေါက်နှုန်းက ၁၀၀ ရာခိုင်နှုန်းအထိ ရောက်သွားပြီ။ ပိုအရေးကြီးတာက အညှောက်ပေါက်တဲ့အချိန်ကလည်း တစ်ဝက်လောက်ထိ လျော့ကျသွားတယ်။ ပြီးတော့ ဘေးထွက်ဆိုးကျိုးလည်းမရှိဘူး"

ဝမ်ရွှေရှန့်က ပျော်ရွှင်စွာ ပြောလိုက်ပါသည်။

နည်းပညာကို အသုံးပြုခြင်းအားဖြင့် မျိုးစေ့အညံ့မျိုးစုံကို ဖယ်ရှားပြီးနောက် အညှောက်ပေါက်နှုန်းမှာာ ၉၀ ရာခိုင်နှုန်းကျော်အထိ ရှိလာခဲ့သည်။ သို့သော်လည်း အညှောက်ပေါင်းနှုန်းက ထိုမျိုးစေ့များအားလုံး ရှင်သန်နိုင်လိမ့်မည်ဟု မဆိုလိုပါ။ တချို့က အသက်စွမ်းအင် လုံလုံလောာက်လောက် မရှိတာမျိုး ဖြစ်တတ်ပါသည်။

၁၀၀ ရာခိုင်နှုန်း အောင်မြင်မှုဆိုတာ မရှိသလောက် ရှား၏။

သို့သော်လည်း ဓာတ်ခွဲခန်းတွင် စမ်းသပ်ပြီးသွားသောအခါ ဆိုးရွားသော ထုတ်ကုန် တစ်ခုတစ်လေတောင် ရှာမတွေ့ခဲ့ပေ။

အလွန် အံ့အားသင့်ဖို့ကောင်းပါသည်။

"အစ်ကိုကြီးဝမ် ဒါ အစပဲ ရှိပါသေးတယ်။ ကျွန်တော်ဖော်စပ်ထားတဲ့ အညှောက်ပေါက် ဆေးရည်ကို သုံးလိုက်ရင် နောက်ပိုင်း ဖွံ့ဖြိုးနှုန်းက ပိုပြီးချောမွေ့လာလိမ့်မယ်။ အပင်ရဲ့ ဖွံ့ဖြိုးကြီးထွားချိန်ကို တစ်ဝက်တိတိ လျှော့ချပေးနိုင်တယ်။ ပြီးတော့ ဘာပြဿနာမှလည်း ရှိလာမှာမဟုတ်ဘူး။"

ယဲ့ရှောင်ချန်းက ယုံကြည်ချက်ရှိစွာ ပြောလိုက်ပါသည်။

ဝမ်ရွှေရှန့်က ခေါင်းငြိမ့်လိုက်၏။။ ယခင်က သံသယ ဖြစ်ခဲ့ဖူးသော်လည်း အခုတော့ ယဲ့ရှောင်ချန်း၏ အစွမ်းအစကို သူ လုံးဝ ယုံကြည်နေပါပြီ။

အပင်၏ ဖွံ့ဖြိုးကြီးထွားချိန်က တစ်ဝက်တိတိ လျော့ကျသွားသည်။ ဤသည်မှာ စိုက်ပျိုးရေးခြံ၏ အထွက်နှုန်း မိုးထိုးကာ တိုးတက်သွားမည်ဟု ဆိုလိုခြင်းဖြစ်ပါသည်။

တကယ်တော့ ယဲ့ရှောင်ချန်း မပြောခဲ့တာ တစ်ခုရှိသည်။ အညှောက်ပေါက်ပြီးနောက် ဖွံ့ဖြိုးကြီးထွားချိန်သာ လျော့ကျသွားခြင်း မဟုတ်ဘဲ အထွက်နှုန်းလည်း တိုးမြင့်လာပြီး အရည်အသွေးကလည်း ပိုမိုကောင်းမွန်လာ၏။

အညှောက်ပေါက်ဆေးရည်အား ရေရောပြီး ဖော်စပ်ရသည်။

အမှန်ပင်။ ဒါက အရေးအကြီးဆုံးတော့ မဟုတ်ပါ။

သူ့ယခင်စိုက်ပျိုးရေးခြံထက် ဒီကောင်းကင်ဘုံ ကမ္ဘာမြေ စိုက်ပျိုးရေးခြံကြီးမှ အပင်များက မနိမ့်ကျနိုင်ကြောင်း ယဲ့ရှောင်ချန်း ယုံကြည်ရသည့် အကြောင်းအရင်းမှာ ရှန်းနုန်စနစ် အဆင့် ၂ သို့ မြှင့်တင်ခဲ့ပြီးနောက် သူ့တွင် အဆင့် ၂ စိုက်ပျိုးရေးခြံ အကွက်တစ်ခု ပေါ်လာသောကြောင့်ဖြစ်သည်။

မူလ စိုက်ပျိုးရေးခြံက အဓိကစိုက်ပျိုးရေးခြံ ဖြစ်၏။

ကောင်းကင်ဘုံ ကမ္ဘာမြေ စိုက်ပျိုးရေးခြံက ကိုင်းခွဲ စိုက်ပျိုးရေးခြံ ဖြစ်သည်။

အင်မော်တယ်မြေကွက်၊ အင်မော်တယ်စမ်းရေနှင့် တခြားအဆောက်အဦးများက အဓိက စိုက်ပျိုးရေးခြံတွင်သာ နေရာချနိုင်ပြီး ကိုင်းခွဲခြံများတွင် နေရာမချနိုင်ပေ။

သို့သော် ယဲ့ရှောင်ချန်းက ကောင်းကင်ဘုံ ကမ္ဘာမြေစိုက်ပျိုးရေးခြံကြီးအား မူလ စိုက်ပျိုးရေးခြံ၏ ကိုင်းခွဲခြံအဖြစ် စည်းနှောင်ခဲ့၏။

ဆိုလိုသည်မှာ သူ့ရှန်းနုန်ပါရမီများကို ဒီကိုင်းခွဲ စိုက်ပျိုးရေးခြံတွင်လည်း သုံးနိုင်ပါသည်။

သူကိုယ်တိုင် အပင်များကို မစိုက်ပျိုးလျှင်တောင် သူ့ရှန်းနုန်ပါရမီက ဒီစိုက်ပျိုးရေးခြံတွင် အာနိသင် ရှိနေပါဦးမည်။

အမှန်ပင်။ အာနိသင်က မူလ စိုက်ပျိုးရေးခြံလောက်တော့ မကောင်းနိုင်ပါ။ တစ်ဝက်လောက်သာ ကောင်းမွန်နိုင်ပါသည်။

သို့သော်လည်း ဒါကပင် အလွန်ကောင်းမွန်နေပါသေးသည်။

ယဲ့ရှောင်ချန်းက အဆောက်အဦးများကို မရွှေ့သ၍ ဒီကောင်းကင်ဘုံ ကမ္ဘာမြေ စိုက်ပျိုးရေးခြံမှ ဟင်းသီးဟင်းရွက်များ၊ သစ်သီးများ၊ ပန်းများနှင့် ဆေးပင်များက သာမန် စိုက်ပျိုးရေးခြံက အပင်များထက် အများကြီး ပိုကောင်းပါလိမ့်မည်။

ဒါက သူ ယုံကြည်ချက် ရှိနေရသော အကြောင်းပြချက် ဖြစ်ပါသည်။

ဝမ်ရွှေရှန့်ကတော့ ဒါတွေအားလုံးကို နားမလည်ပေ။ ယဲ့ရှောင်ချန်း ထောက်ပံ့ပေးသော မျိုးစေ့များ၊ အညှောက်ပေါက်ဆေးရည်များ၊ မြေသြဇာများကြောင့်ဟုသာ ထင်နေသည်။

မူလ စိုက်ပျိုးရေးခြံတွင်။

ယဲ့ရှောင်ချန်းက စိုက်ပျိုးရေးခြံကို ဆန်းစစ် လေ့လာလိုက်ပြီး အလွန်အားရသွား၏။ ပဲစေ့စစ်သည်တော် နှစ်ယောက်က စိုက်ပျိုးရေးခြံကို စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်ထားသည်။

သူက မကြာခဏ မိုးသားတိမ်တိုက်ဖန်တီးခြင်းကိုသာ အပင်များ၏ ဖွံ့ဖြိုးနှုန်းကို တိုးတက်စေဖို့ သုံးဖို့လိုပါသည်။

ပုံမှန် ရေလောင်းခြင်းစသော လုပ်ငန်းများကိုတော့ လုပ်ဖို့မလိုအပ်တော့ပေ။

အချိန်အတော်ကြာသောအခါ ယဲ့ရှောင်ချန်း အင်မော်တယ် မြက်ပင်တစ်ပင်ရှေ့တွင် မတ်တပ်ရပ်လိုက်သည်။ သူ့ပါးစပ်ကို ဖွင့်ကာ လေမြှားတစ်စင်းကို ပစ်လွှတ်လျက် လေချွန်လိုက်ပါသည်။

သူ စတင်ကျင့်ကြံကတည်းက သူ့ခန္ဓာကိုယ်မှာ မှော်စွမ်းအင်ကြောင့် ဖြေးညှင်းစွာ အာဟာရပြည့်ဝလာခဲ့သည်။ သူ့ကိုယ်တွင်း အင်္ဂါများကလည်း အလွန်အမင်း စွမ်းအားကြီးလာ၏။

သူ့ထန်ထျန်းထဲက မှော်စွမ်းအင် ပုံဆောင်ခဲမှာ အရင်ကထက်အများကြီး သန်မာနေပြီဟု ခံစားရပါသည်။

"ဒီမှော်စွမ်းအင် ပုံဆောင်ခဲက အပင်နဲ့ ဟင်းသီးဟင်းရွက် ဝိညာဥ်ဖန်တီးခြင်း အဆင့်ကို ဘယ်တော့ရောက်မလဲ မသိဘူး။"

ယဲ့ရှောင်ချန်းက တစ်ယောက်တည်း စဥ်းစားနေ၏။

သူစဥ်းစားနေစဥ် ပဲစေ့စစ်သည်တော် ထောင်ဖန်းကျာက ပျံသန်းလာ၏။ "သခင် အင်မော်တယ် စပျစ်နွယ် ၁၀ ပင်ပေါ်က အင်မော်တယ် စပျစ်သီးတွေ မှည့်နေပါပြီ။"

"အင်မော်တယ် စပျစ်သီးတွေ မှည့်နေပြီ ဟုတ်လား။"

ယဲ့ရှောင်ချန်း အံ့အားသင့်သွားသည်။ ထို့နောက် အင်မော်တယ် စပျစ်နွယ်များအား စိုက်ပျိုးထားသည့် အင်မော်တယ်မြေကွက်ဆီသို့ ချက်ချင်း လျှောက်လာခဲ့၏။

အမှန်ပင်။ အင်မော်တယ်မြေကွက်ပေါ်က စပျစ်နွယ်များဖြင့် ဖုံးအုပ်ထားသည့် ခရမ်းနီရောင် စပျစ်ခိုင်များမှာ အလွန် မျက်စိကျစရာကောင်းလှပါသည်။

အချိန်တိုင်းက အလှပဆုံး စိန်သလင်းကျောက်များလို လက်ရာမြောက်ပြီး နှိုင်းယှဥ်၍ မရလောက်အောင် ကျက်သရေရှိပါသည်။

"ကျွတ် ကျွတ် အင်မော်တယ် စပျစ်သီးတွေ နောက်ဆုံးတော့ မှည့်ပြီကိုး။"

ယဲ့ရှောင်ချန်း သွားရည်ပင် ကျမိတော့မည်။

သူပထမဆုံး စိုက်ပျိုးဖူးသည့် အင်မော်တယ် သစ်သီးတစ်မျိုးလည်းဖြစ်သည်။

သူက စပျစ်သီးများ ကြိုက်တတ်သည်။ အင်မော်တယ် စပျစ်သီးများဆိုရင်တော့ ပြောစရာပင်မလိုပါ။

အရသာရှိလောက်သည်။

ချက်ချင်း အင်မော်တယ် စပျစ်ခိုင် တစ်ခိုင်ကို ခူးလိုက်ပါသည်။

All Chapters