← Chapters

အခန်း (၂၂၁) - ကြားရတယ်

Vol. 15 Ch. 221

အခန်း (၂၂၁) - ကြားရတယ်

Vol. 15 Ch. 221

အခန်း (၂၂၁) - ကြားရတယ်

ဝမ်ရှင်းယီ၏ သဘောတူညီချက်ကို ရပြီးသွားသောအခါ ယဲ့ရှောင်ချန်း သူမလက်ကို လွှတ်လိုက်ပြီး ဓာတ်ဘူးခွက်၏ အဖုံးကို ဖွင့်လိုက်သည်။ ရုတ်တရက်၊ ထူးဆန်းသည့် မွှေးရနံ့တစ်ခုက အပူနှင့်အတူ ထွက်လာသည်။

ဝမ်ရှင်းယီက ရှူကြည့်လိုက်ပြီး အံ့အားသင့်သွားရ၏။

သူမ လက်ဟန်ပြလိုက်သည်။ "မွှေးလိုက်တာနော်"

ဓာတ်ဘူးခွက်ထဲတွင် ဆေးရည် များများစားစား သိပ်မရှိပါ။ ၂၀၀ မီလီလီတာသာ ရှိသည်။

ဓာတ်ဘူးခွက်ထဲတွင် ထည့်ထားသော်လည်း ဆေးရည်၏ အပူချိန်က အရမ်းမမြင့်မားပါ။ ၅၀ - ၆၀ ဒီဂရီ ဆဲစီးရပ်စ်လောက်သာ ရှိသည်။

ဆေးရည်ကို ဖန်ခွက်တစ်ခုထဲ လောင်းထည့်ပေးလိုက်ပြီး သောက်ဖို့ အေးလောက်သည်အထိ စောင့်ကာ ဝမ်ရှင်းယီအား ကမ်းပေးလိုက်သည်။

ဝမ်ရှင်းယီက ယဲ့ရှောင်ချန်းကို ကြည့်ကာ ဖန်ခွက်ကို ယူလိုက်သည်။

ယဲ့ရှောင်ချန်းက ဝမ်ရှင်းယီ၏ တွန့်ဆုတ်နေသည့် အကြည့်ကို မြင်ကာ သူ့မျက်လုံးများဖြင့် အားပေးလိုက်၏။

ဝမ်ရှင်းယီက သိမ်မွေ့စွာဖြင့် ဖန်ခွက်ရှေ့တွင် ငုံ့ကာ သောက်ဖို့ ပြင်လိုက်သည်။

ဒီဆေးရည်က ဘာနဲ့ လုပ်ထားမှန်း မသိသော်လည်း သူမ ယဲ့ရှောင်ချန်းကို အလွန် ယုံကြည်ပါသည်။

ယဲ့ရှောင်ချန်း စိတ်လှုပ်ရှားနေ၏။

သူ့ပုံစံက အလွန် ယုံကြည်မှုရှိသည့်ပုံ ပေါ်သော်လည်း တကယ်တော့ သူလည်း သိပ်မသေချာခဲ့ပါ။

"အောင်မယ်လေး ခါးလိုက်တာ"

ဝမ်ရှင်းယီက တစ်ငုံသောက်လိုက်ပြီး ချက်ချင်း မျက်မှော်ကြုတ်သွားရသည်။ သူမ၏ လှပသော မျက်နှာလေးက ရှုံ့မဲ့သွားရ၏။

သူမ၏ ပါးစပ်ထဲတွင် အခါးအရသာဖြင့်သာ ပြည့်နေပြီး ဆက်သောက်ဖို့ ခက်ခဲလှပါသည်။

"ရှင်းယီ မအန်နဲ့နော်။ ဒါက ရှင်းယီရဲ့ ရောဂါအတွက် ကောင်းတဲ့ ဆေးပါ။"

ယဲ့ရှောင်ချန်းက ဝမ်ရှင်းယီ၏ လက်ကို ကိုင်ကာ သူမ၏ အသိစိတ်ကို စိတ်ဝိညာဥ်ပါရမီ သုံးလျက် ဆက်သွယ်လိုက်၏။

ဒါက သူ့မှော်စွမ်းအင်ကို သူ့စိတ်ပညာပါရမီနှင့် တွဲပြီးသုံးသော နည်းလမ်းတစ်ခုဖြစ်၏။

သူသာ အတွေးများကို ထုတ်လုပ်နိုင်ပါက သူမလက်ကိုပင်မထိဘဲ စိတ်စွမ်းအင်ဖြင့် ဆက်သွယ်နိုင်ပါသည်။

အလွန်အမင်း ထူးဆန်းလှ၏။

ဝမ်ရှင်းယီက ညင်သာစွာ ခေါင်းငြိမ့်လိုက်ပြီးပြင်းထန်သော အခါးအရသာကို တောင့်ခံလိုက်သည်။ မျက်လုံးကို မှိတ်လိုက်ပြီး ဖန်ခွက်ထဲက ဆေးရည်အားလုံးကို သောက်ချပြစ်လိုက်တော့သည်။

သောက်ပြီးနောက် သူမ၏ ပါးစပ်ကို အုပ်လိုက်၏။ ခါးလွန်းသဖြင့် အန်ပင် အန်ချင်လာသည်။

ယဲ့ရှောင်ချန်းက သူမ ပါးစပ်ဆေးဖို့ ရေတစ်ခွက် ခပ်ပေးလိုက်သည်။

သူမ အကြိမ်ပေါင်းများစွာ ပလုတ်ကျင်းသော်လည်း မရပါ။ သူမ ပါးစပ်ထဲက အခါး အရသာက ပြင်းထန်နေဆဲပေ။

ဝမ်ရှင်းယီ မျက်မှောင်ကြုတ်နေပြီး အလွန် နေရခက်နေသည်ကို မြင်သောအခါ ယဲ့ရှောင်ချန်း နှလုံးခုန်သံ ရပ်တန့်သွားရ၏။ ခပ်မြန်မြန်ပင် အင်မော်တယ် စပျစ်သီး သုံးလုံးကို ထုတ်လိုက်ပါသည်။

အားလုံးက ဝိညာဥ်ဖြတ်တောက်ပြီးသား ဖြစ်ပါသည်။

"ရှင်းယီ စပျစ်သီးစားလိုက်။"

ယဲ့ရှောင်ချန်းက ဝမ်ရှင်းယီ၏ ပါးစပ်နားသို့ စပျစ်သီး ခွံ့ကျွေးလိုက်၏။

ဝမ်ရှင်းယီက သူမ ပါးစပ်ကို ဟလိုက်ပြီး စပျစ်သီးကို စားလိုက်သည်။ စပျစ်သီးအား ဝါးလိုက်သောအခါ အေးမြပြီး ချိုမြိန်သည့် အရည်က ရုတ်တရက် အခါးအရသာကို ဖုံးလွှမ်းသွားပြီး သူမ၏ စားချင်စိတ်ကို ပြည့်ဝသွားစေသည်။ ထို့နောက် သူမ တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားပြီး အန်ချင်လောက်သည့် အခါးအရသာကို ဖျောက်ဖျက်ပေးလိုက်သည်။

"မချိုလွန်းဘူးလား။"

ယဲ့ရှောင်ချန်းက ပြုံးလိုက်၏။

ဝမ်ရှင်းယီက ခေါင်းငြိမ့်လိုက်သည်။ သူမ၏ မျက်လုံးများကလည်း အလွန်တောက်ပနေ၏။

ယဲ့ရှောင်ချန်းက ထို့နောက် ဝမ်ရှင်းယီအား နောက်ထပ် အင်မော်တယ် စပျစ်သီးနှစ်လုံး ထပ်ကျွေးလိုက်သည်။

ဝမ်ရှင်းယီ စားပြီးသွားသောအခါ ဆေး၏ အခါးအရသာက လုံးဝ ပျောက်ကွယ်သွားပြီဟု ခံစားလိုက်ရသည်။

ရုတ်တရက် သူမ၏ နားအနည်းငယ် ယားယံလာသလို ခံစားရ၏။ သူမ မနေနိုင်ဘဲ လက်ဖြင့် ကုတ်လိုက်သည်။ သို့သော် နားအတွင်း နက်နက်ထဲက ယားယံနေခြင်းဖြစ်သဖြင့် အသုံးမဝင်ပေ။

အစက အဆင်ပြေသော်လည်း နောက်တော့ မခံရပ်နိုင်အောင် ဖြစ်လာသည်။

ဝမ်ရှင်းယီက အမြန် ယဲ့ရှောင်ချန်းအား လက်ဟန်ပြလိုက်သည်။

"နားယားလို့လား။ ရှင်းယီ စိတ်မပူပါနဲ့။ ဆေးရည်ရဲ့ အာနိသင်ဖြစ်မှာပါ။"

ယဲ့ရှောင်ချန်းက ဝမ်ရှင်းယီ၏ လက်အား ကိုင်ကာ ပျော်ရွှင်စွာဖြင့် ပြောလိုက်၏။

ဝမ်ရှင်းယီ၏ မျက်လုံးများ ဝိုင်းစက်သွားသည်။

သူမ အရင်က တရုတ်နှင့် အနောက်တိုင်း ဆေးဝါးမျိုးစုံ သောက်ဖူးသော်လည်း ဒီလို တစ်ခါမှ မခံစားခဲ့ရဖူးပါ။

"နားထဲမှာ ယားလွန်းတယ်။ ကျွန်မ မခံနိုင်တော့ဘူး။"

ဝမ်ရှင်းယီက မနေနိုင်ဘဲ သူ့နားကို ကုတ်ချင်နေသည်။ သို့သော် အသုံးမဝင်ပေ။

"ကျွန်တော် နားဖာကလော်တံနဲ့ ကုတ်ပေးမယ်။"

ယဲ့ရှောင်ချန်း အိမ်ထဲအမြန်ဝင်သွားပြီး နားဖာကလော်တံ တစ်ချောင်း ထုတ်လာ၏။

"မလှုပ်နဲ့နော်။"

ယဲ့ရှောင်ချန်းက စိတ်ပညာပါရမီကို သုံးပြီး ဝမ်ရှင်းယီ၏ အသိစိတ်ထဲ လှမ်းပြောလိုက်ပါသည်။

ဝမ်ရှင်းယီ၏ ခေါင်းကို လက်ဖြင့်ကိုင်ကာ ညင်သာစွာဖြင့် နားဖာကလော်တံကို သူမ၏ လှပပြီး ကျော့ရှင်းသည့် နားရွက်အထဲသို့ ထည့်ကာ နူးညံ့စွာ လှည့်လိုက်သည်။

အားအများကြီး မသုံးရဲပါ။ မဟုတ်ပါက နားစည်ကို ထိခိုက်သွားနိုင်သည်။

နားတစ်ဖက်ကို လှည့်ပြီးသွားသောအခါ နောက်ထပ် တစ်ဖက်ကိုလှည့်၏။ ဆက်တိုက်ဆိုသလို သူမ၏ နားများကို နားဖာကလော်တံဖြင့် လှည့်ပေးလိုက်သည်။

ဝမ်ရှင်းယီ၏ လှပေသာ မျက်လုံးလေးမျး မှေးစင်းသွားပြီး အလွန်နေလို့ကောင်းသည့် ပါးချိုင့်များ လှပသည့် သူမ၏ မျက်နှာပေါ်တွင် ပေါ်လာသည်။

"ဘယ်လိုလဲ မယားတော့ဘူးမလား။"

ယဲ့ရှောင်ချန်းက ဝမ်ရှင်းယီအား ဖက်ထားလု နီးနီးပင်ဖြစ်နေသည်။ သူမ၏ ကျော့ရှင်းသော မျက်နှာလေးကို ကြည့်ပြီး သူမ၏ ခန္ဓာကိုယ်ပေါ်က ခပ်ဖျော့ဖျော့ မွှေးရနံ့လေးအား ရနေသဖြင့် သူ့နှလုံးသား ပိုပိုပြီး နူးညံ့လာသည်။

ဝမ်ရှင်းယီက ညင်သာစွာ ခေါင်းညိမ့်လိုက်သည်။ ရုတ်တရက် တစ်ခုခုဖြစ်သွားဟန်ဖြင့် အမြန်မတ်တပ်ထရပ်လိုက်ပြီး ယဲ့ရှောင်ချန်း လက်ထဲမှ လွတ်သွားသည်။

သူမ၏ မျက်နှာပေါ်တွင် ရှက်သွေးဖြာသော အရိပ်အယောင်ပေါ်လာသည်။

ဖောင်းဖောင်း။

ထိုအချိန်တွင် ခပ်လှမ်းလှမ်းမှ ဗြောက်အိုး အသံများ ကျယ်ကျယ်လောင်လောင် ထွက်နေသည်။

ဝမ်ရှင်းယီ ရုတ်တရက် ခေါင်းထောင်လိုက်ပြီး ဘေးပတ်လည်ကို ကြည့်လိုက်သည်။ တစ်ခုခုကို နားထောင်နေသလိုပင်။

ခဏလောက် ကြာသောအခါ သူမ တစ်ခုခုကို စဥ်းစားမိပုံရပြီး ယဲ့ရှောင်ချန်းအား လက်ဟန် ပြလိုက်သည်။

"ရှောင်ချန်း တစ်ခုခု ကြားရလား။"

"ဟုတ်တယ် တစ်ယောက်ယောက်က ဗြောက်အိုးတွေ ဖောက်နေတာထင်တယ်။ ဘာတွေဖြစ်နေလဲမသိဘူး။"

ယဲ့ရှောင်ချန်းက ခေါင်းငြိမ့်ကာ ပြောလိုက်သသည်။

ထို့နောက် သူကြက်သေသေသွားသည်။ ချက်ချင်း ဝမ်ရှင်းယီကို ကြည့်ကာ အမြန် သူမလက်ကို ဆွဲလိုက်သည်။ ထို့နောက် စိတ်ပညာ ပါရမီကိုသုံးလိုက်ပြီး သူ့အသံကို ထုတ်လွှတ်လိုက်၏။ "ရှင်းယီ  ဗြောက်အိုး အသံတွေကို ကြားရတာလား။"

ဝမ်ရှင်းယီ၏ မျက်နှာပေါ်တွင် ဇဝေဇဝါဖြစ်သော ပုံစံပေါ်လာသည်။

ယဲ့ရှောင်ချန်းက သူမလက်ကို လွှတ်လိုက်ပြီး အသံကျယ်ကျယ်ဖြင့် ထပ်ပြောလိုက်သည်။

ဝမ်ရှင်းယီလည်း ကြက်သေသေသွားရသည်။ ယဲ့ရှောင်ချန်းကို ကြည့်လိုက်ပြီး ရုတ်တရက် သူမ မျက်ဝန်းများ ရွှဲစိုလာကာ ညင်သာသော ရှိုက်သံများ ထွက်လာ၏။

သူမ တစ်ခုခု ကြားလိုက်တာ အလွန်သေချာသောကြောင့်ပင်။

အသံက အလွန်တိုးသော်လည်း သူမ၏ တိတ်ဆိတ်နေသော ကမ္ဘာကြီးအတွက်တော့ အလွန် ထင်ရှားလှပါသည်။

ယဲ့ရှောင်ချန်း၏ အသံကိုပင် ကြားခဲ့ရသည်။ အသံက အဝေးကြီးမှ လာသလို တိုးသော်လည်း သဘာဝတရားကြီး၏ အသံတစ်ခုလိုပင်။

သူမ အမြန်ခေါင်းငြိမ့်လိုက်ပြီး ပျော်ရွှင်စွာ လက်ဟန်ပြလိုက်သည်။

"ကောင်းလိုက်တာ ရှင်းယီ ဒီဆေးက ရှင်းယီ အတွက် တကယ်အာနိသင်ရှိတာပဲ"

ယဲ့ရှောင်ချန်းလည်း အလွန်အမင်းပျော်ရွှင်နေပါသည်။

နောက်တော့ ဝမ်ရှင်းယီ၏ အကြားအာရုံကို ယဲ့ရှောင်ချန်း စမ်းသပ်ကြည့်လိုက်၏။

ထပ်ခါထပ်ခါ စမ်းသပ်ပြီးနောက်တွင် ဝမ်ရှင်းယီ၏ အခြေအနေအများကြီး တိုးတက်လာသည်ဟု ယဲ့ရှောင်ချန်း ခန့်မှန်းမိ၏။ ၅၀ - ၆၀ ဒက်စီဘယ်လ်လောက် ကြားနိုင်ပြီ ဖြစ်သည်။

ထို ဒက်စီဘယ်လ်အောက် နိမ့်သော အသံများ ကြားနိုင်ဖို့တော့ ခက်ခဲနေပါသေးသည်။

ဆေးအာနိသင်က လုံးဝပျောက်ကွယ်မသွားသေးဘဲ ဆက်ရှိနေဦးမည်ဟု ယဲ့ရှောင်ချန်း ခန့်မှန်းမိသည်။

ထို့အပြင် ဆေးနှစ်ခွက်စာ ကျန်နေသေး၏။

သုံးခွက်လုံး သောက်ပြီးလျှင် ဝမ်ရှင်းယီ သေချာပေါက် ပြန်ကောင်းသွားပါလိမ့်မည်။

ယဲ့ရှောင်ချန်း အပျော်လွန်သွား၏။

ဝမ်ရှင်းယီက ပို၍ပင် ပျော်နေပါသည်။

ယဲ့ရှောင်ချန်း ပြန်ခါနီးတွင် အစ်ကိုကြီးဝမ်နှင့် တခြားသူများအား လောလောဆယ် ဒီအကြောင်း မပြောသေးဖို့ တောင်းဆိုခဲ့၏။

ဝမ်ရှင်းယီကလည်း သဘောတူသည်။

သူမ၏ အစ်ကိုနှင့် မရီးတို့ကို အံ့သြသွားစေချင်သည်။

နောက်ထပ် နှစ်ရက် စလုံး ယဲ့ရှောင်ချန်းက ဝမ်ရှင်းယီက အချိန်မှီ ယွမ်ချီဆေးရည်အား တိုက်သည်။

ဒုတိယ အကြိမ်တွင် ဝမ်ရှင်းယီ၏ အကြားအာရုံက ၄၀ ဒက်စီဘယ်အထိ ရောက်သွားသည်။

တတိယ အကြိမ်တွင် ၃၀ ဒက်စီဘယ်...။

ဝမ်ရှင်းယီက ပုံမှန် အသံများကိုပင် ကြားနေရပါပြီ။

သို့သော်လည်း ဝမ်ရှင်းယီ၏ အကြားအာရုံ ပြန်လည်ကောင်းမွန်ခြင်းက သူထင်ထားသည်ထက် အများကြီး ပိုနည်းနေသဖြင့် ယဲ့ရှောင်ချန်း အားမရသေးပေ။

သာမန် လူတစ်ယောက်၏ အကြားအာရုံက ၀ မှ ၂၅ ဒက်စီဘယ်လ်ဖြစ်သည်။

ဝမ်ရှင်းယီက အများဆုံး ၂၅ ဒက်စီဘယ်လောက် ရောက်နိုင်မည်ဟု ခန့်မှန်းမိ၏။

သာမန်လူတစ်ယောက်၏ အတိုင်းအတာအတွင်းတော့ မရောက်သေးပေ။

ဤသည်မှာ ဝမ်ရှင်းယီ၏ နားအကြား ရောဂါမှာ လုံးဝပြန်မကောင်းသေးဘဲ သာမန်လူ တစ်ယောက်အောက် နိမ့်နေသေးပါသည်။

ယဲ့ရှောင်ချန်းက အားမရသော်လည်း ဝမ်ရှင်းယီအတွက်ကတော့ အလွန့် အလွန် ထူးခြားသောကြောင့်  အလွန်ပျော်ရွှင်နေပါသည်။

နောက်ဆုံးတော့ အသံမျိုးစုံကို ကြားရပြီဖြစ်သည်။ သူမ၏ အစ်ကိုနှင့် မရီးတို့၏ အသံ၊ သူမ တူလေး၏ အသံ၊ ငှက်ကလေး၏ အသံ၊ ကားစက်နှိုးသံ၊ လေတိုးသံ၊ ခြေသံနှင့် သူမ၏ အသံကိုပင် ကြားနိုင်ခဲ့ပါပြီ။

သူမ၏ တိတ်ဆိတ်နေသော ကမ္ဘာလေး ရုတ်တရက်ကြီး အသက်ဝင်လာသဖြင့် ထိုအသံအားလုံးက လှပလွန်းလှပါသည်။

ယဲ့ရှောင်ချန်းက အားမရသော်လည်း ထုတ်တော့ မပြပေ။ ဝမ်ရှင်းယီ အလွန်ပျော်ရွှင်တာကို သိနေသောကြောင့်ဖြစ်ပါသည်။

သို့သော်လည်း သူ လက်မလျှော့သေးပေ။

ဆေးသုံးခွက်က မလုံလောက်ပါက သူ ထပ်ပြီး ဖော်စပ်ပေးပါဦးမည်။

All Chapters