← Chapters

အခန်း (၂၂၃) - စူပါ မုန်ညင်းစေ့

Vol. 15 Ch. 223

အခန်း (၂၂၃) - စူပါ မုန်ညင်းစေ့

Vol. 15 Ch. 223

အခန်း (၂၂၃) - စူပါ မုန်ညင်းစေ့

အင်မော်တယ် မြေတူးတီကောင်က သုံးမိနစ်အတွင်း အင်မော်တယ်မြေကွက် တစ်ကွက်လုံးကို မြေဆွပြီးသွားပါပြီ။

သေသပ်စွာဖြင့် စနစ်လည်း ကျပါသည်။

မြေများကို တိုင်းတာထားသလိုပင် အားလုံးက အရွယ်အစား တူညီနေပါသည်။

အင်မော်တယ်မြေမျက်နှာပြင်က ချောမွေ့ပြီး ညီညာနေပါသည်။

အနုပညာတစ်ခုပင်။

ယဲ့ရှောင်ချန်း သက်ပြင်းချလိုက်သည်။ ဒါက အင်မော်တယ်မြေတူးတီကောင်၏ စွမ်းအားဖြစ်ပါသည်.

သူသာ မြေကို တူးဆွရမည်ဆိုလျှင် ခက်ကခဲပြီး ဒီလိုအာနိသင်မျိုးကို ရနိုင်မည်မဟုတ်ပေ။

ထို့အပြင် အင်မော်တယ်မြေကွက်အား မြေဆွပြီးသွားသောအခါ ထိုမြေကွက်၏ မြေသြဇာကောင်းမှုကို တိုးမြင့်စေသော အရည်တစ်မျိုးကိုလည်း စစ်ထုတ်ပေးသည်ကို သူသိပါသည်။

အင်မော်တယ်မြေကွက် ဒုတိယတစ်ကွက်ကို မြေဆွဖို့လည်း သိပ်မကြာလိုက်ပါ။

အင်မော်တယ်မြေတူးတီကောင်က ပြန်ထွက်လာပြီး ဗူးအတွင်းသို့ ပြန်ဝင်သွားသည်။

"ဟားဟား ရတနာလေးပဲကွာ"

ယဲ့ရှောင်ချန်း အလွန်ကျေနပ်သွားပါသည်။

ဒီအင်မော်တယ်မြေတူးတီကောင်ဖြင့်ဆို အင်မော်တယ်မြေကွက်များ ထပ်ဝယ်ရရင်တောင် စိတ်ပူစရာ မလိုတော့ပါ။

အကူအညီ လုံလုံလောက်လောက်ရှိပါက သူ့တွင် အင်မော်တယ်မြေကွက်များ ပိုမိုစိုက်ပျိုးချင်လျှင်တောင် ခက်ခဲမည် မဟုတ်တော့ပေ။

ယေဘုယျ ဦးတည်ချက်နှင့် အပင်စိုက်ပျိုးခြင်း လုပ်ငန်းစဥ်၏ အသေးစိတ်များကိုသာ သိရှိဖို့ လိုအပ်ပါသည်။

နောက်ပိုင်းတွင် အင်မော်တယ်မြေကွက်များကို  မြေဆွဖို့အတွက် အင်မော်တယ်မြေတူးတီကောင်များကိုသာ အသုံးပြုပါတော့မည်။

ပဲစေ့စစ်သည်တော်များက မျိုးစေ့ကြဲခြင်း ဆောင်ရွက်လိမ့်မည်။

ဝတ်မှုန်ကူးပျားက ဝတ်မှုန်ကူးခြင်းကို ဆောင်ရွက်ပေးပါလိမ့်မည်။

နောက်တစ်နေ့ ယဲ့ရှောင်ချန်းက ဝမ်ရှင်းယီကို  စိုက်ပျိုးရေးခြံသို့ ခေါ်လာပြီး ဟင်းသီးဟင်းရွက်များ ခူးဆွတ်လိုက်သည်။

ဝမ်ရှင်းယီ၏ နားအကြားဝေဒနာ ကောင်းသွားပြီး သာမန်လူများလို ပြောဆိုဆက်ဆံနိုင်ပြီဖြစ်ကြောင်း သိလိုက်ရသဖြင့် သူ့မိဘများ အပျော်လွန်ခဲ့ရပါသည်။

ဒီလိုနားလည်မှုအချိန်တောအတွင်း သူတို့သားတွင် ဝမ်ရှင်းယီနှင့် ထူးခြားသည့် ဆက်ဆံရေးမျိုး ရှိနေသည်ကို သိခဲ့ရသည်။

ယခင်က သူတို့ဝမ်ရှင်းယီကို သဘောကျသော်လည်း သနားစရာကောင်းလွန်းသည်ဟု ခံစားနေခဲ့ကြရသည်။

ဘာပဲဖြစ်ဖြစ် ဝမ်ရှင်းယီက နားမကြားပြီး စကားမပြောနိုင်သဖြင့် ယဲ့ရှောင်ချန်းကိုသာ လက်ထပ်လျှင် အဆင်မပြေနိုင်ပါ။

၎င်းတို့၏ ဆွေမျိုးများကလည်း ၎င်းတို့ နောက်ကွယ်တွင် ပြောကြလိမ့်မည်။

ထို့ကြောင့် သူတို့ ဆွေမျိုးများကိုတောင် ဒီအကြောင်း မပြောပြခဲ့ပါ။

သို့သော်လည်း ယခုတော့ မတူညီတော့ပေ။ ဝမ်ရှင်းယီက ကြားနိုင်ပြောနိုင်နေပြီဖြစ်သည်။ အနည်းငယ် လိုသေးသော်လည်း သူမ၏ အကြားအာရုံက နားအကူကိရိယာ၏ အကူအညီဖြင့် အရင်ကထက် အများကြီး ပိုကောင်းနေပါပြီ။

သူတို့ရင်ထဲတွင် ချက်ချင်း ဝမ်ရှင်းယီအား သူတို့၏ ချွေးမလို သဘောထားလိုက်ကြတော့သည်။

ဝမ်ရှင်းယီက အသားမကျသေးသော်လည်း သူမ အလွန်ပျော်ရွှင်နေပါသည်။

သူမ၏ နားအကြားရောဂါက ပျောက်ကင်းသွားပြီ။

သူမ နှလုံးသားထဲက သိမ်ငယ်မှုလည်း လေထဲသို့ ပျောက်ကွယ်သွားလေပြီ။

ထို့နောက် သူတို့ကားဖြင့် ယန်မြို့တော်သို့ ပြန်လာကြသည်။

ပလွေတစ်ချောင်း၏ နူးညံ့သော အသံတစ်သံအား ကြားနိုင်ပါသည်။

ဤသည်မှာ ဝမ်ရှင်းယီ ပရော်ဖက်ရှင်နယ် အသံဖမ်းစတူဒီယိုတစ်ခုကို အသုံးပြုပြီး ယဲ့ရှောင်ချန်း ပလွေမှုတ်စဥ်က အသံဖမ်းထားခြင်း ဖြစ်ပါသည်။

သူမ ယဲ့ရှောင်ချန်း၏ ပလွေသံကို တကယ် သဘောကျသည်ဟု ဆို၏။ ထို့ကြောင့် ယဲ့ရှောင်ချန်းက သူမကို ပရော်ဖက်ရှင်နယ် အသံဖမ်း စတူဒီယိုတစ်ခုဆီ လိုက်ပို့ပေးလိုက်ပြီး အသံဖမ်းပေးလိုက်ပါသည်။

သူတို့ အသံဖမ်းနေစဥ် အသံဖမ်းစတူဒီယိုထဲက လူအားလုံးကလည်း နက်နက်ရှိုင်းရှိုင်း ဆွဲဆောင်ခံရကာ ယစ်မူးသွားကြသည်ကို မြင်ရသည်။ ပလွေသံကို အသံဖမ်းဖို့ပင် မေ့သွားကြ၏။

နောက်ဆုံးတွင်တော့ ယဲ့ရှောင်ချန်းလည်း နောက်တစ်ခေါက် ပြန်မှုတ်လိုက်ရပါသည်။

သူတို့ပြန်သွားသောအခါ စတူဒီယိုထဲက လူများက သူ့ကို လေးစားသောအကြည့်ဖြင့် ကြည့်လိုက်ကြသည်။ ယဲ့ရှောင်ချန်း၏ လက်မှတ်ကို လိုချင်သော အမျိုးသမီး ဝန်ထမ်းနှစ်ယောက်ပင် ရှိခဲ့၏။

ယဲ့ရှောင်ချန်းလည်းရွေးချယ်စရာမရှိဘဲ ၎င်းတို့၏ ဆန္ဒများကို ဖြည့်ဆည်းပေးလိုက်ရတော့သည်။

အသံဖမ်းထားသည့် ပလွေသံမှာလည်း ဝိညာဥ်များကို ထိုးဖောက်နိုင်သော ထူးဆန်းသည့် အာနိသင် ရှိနေဆဲ ဖြစ်ပါသည်။ သို့သော် ပလွေသံ အစစ်လောက်တော့ မထင်ရှားပါ။

ကြားနိုင်သည့်လူများက လုံးဝနစ်မြောသွားပြီး ထိုအသံနှင့် ဆက်နွယ်သွားကြသည်။

ကားမီးပွိုင့်မိနေစဥ်  နူးညံ့သည့် ပလွေသံ တစ်သံကို ကြားနိုင်သည်။

ကမ္ဘာကြီး ရပ်တန့်သွားသလိုပင်။

ကားဟွန်းသံများ တိတ်ဆိတ်သွားသည်။

ဆူညံသံများ ပျောက်ကွယ်သွားသည်။

အားလုံးက ပလွေသံတွင် နစ်မြောသွားသလိုပင်။

ကံကောင်းစွာဖြင့် ပလွေသံက စိတ်ညှို့ခြင်းမျိုး မလုပ်နိုင်ပါ။ မဟုတ်ပါက ပြဿနာ တက်သွားနိုင်ပါသည်။

ယဲ့ရှောင်ချန်းကား မောင်းထွက်သွားပြီး ပလွေသံ ပျောက်ကွယ်သွားသောအခါ အားလုံးက ပလွေသံ၏ လှပသော အသံကို ပြန်လည်ကြားယောင်ကာ ပလွေသံ၏ ရင်းမြစ်ကို ရှာဖွေဖို့ ကြိုးစားနေဆဲ ဖြစ်ပါသည်။

....

ပထမလ ဇန်နဝါရီ၏ ရာသီဥတုက ခန့်မှန်းလို့မရပါ။

နှင်းထူထူများက ကောင်းကင်ပေါ်မှ ကျလာသည်။

ဒါက ဆောင်းရာသီတွင် ပထမဆုံး နှင်းကျခြင်းဖြစ်ပါသည်။

လူသားကမ္ဘာ၊ ကောင်းကင်ဘုံ ကမ္ဘာမြေ စိုက်ပျိုးရေးခြံကြီးတွင်။

အဆင့်မြင့် ဖန်လုံအိမ် တစ်ခုတွင်။

ထိုဖန်လုံအိမ်နှင့် ယှဥ်လျှင် ယဲ့ရှောင်ချန်း၏ စိုက်ပျိုးရေးခြံက ရုံက ရွာတစ်ရွာက အုတ်နီအိမ်တစ်လုံးကို မြို့တော်က တိုက်ကြီးများနှင့် နှိုင်းယှဥ်သလို ဖြစ်နေပါလိမ့်မည်။

ဖန်လုံအိမ်က အရွယ်အစားအားဖြင့် ၄,၀၀၀ - ၅,၀၀၀ စတုန်းမီတာခန့် ကြီးမားသည်။

အထဲတွင် နွေဦးရာသီလို နွေးထွေးသည်။ အပြင်ဘက်က အေးစက်ပြီး ရေခဲနှင်းများဖြင့် ဖုံးလွှမ်းနေသည့် ကမ္ဘာကြီးနှင့် လုံးဝ ခြားနားလှပါသည်။

သူတို့မြင်နိုင်တာဆိုလို့ အလွန်အမင်း စိမ်းလန်း စိုပြည်လှသည့် ဟင်းသီးဟင်းရွက်များ ဖြစ်ပါသည်။

လဝက်သာ ရှိသေးသော်လည်း ၂ လလောက် စိုက်ပျိုးထားသလိုပင်။

ဒါက ယန်မြို့တော်တွက် ယဲ့ရှောင်ချန်း အထူးပျိုးထောင်ထားသည့် အထူးဟင်းသီးဟင်းရွက်များ ဖြစ်ပါသည်။

အစကတော့ တခြားကုမ္ပဏီကြီးတစ်ခုက ယန်မြို့တော်တွင် ဟင်းသီးဟင်းရွက်လုပ်ငန်း စီမံကိန်းကြီးအား တာဝန်ယူထားသည် ဖြစ်သည်။ သို့သော် အကြောင်းပြချက်မျိုးစုံကြောင့် ကုမ္ပဏီက ဆက်မလုပ်ချင်တော့ပါ။

နောက်ဆုံးတွင်တောာ့ ထိုစီမံကိန်းအား ကောင်းကင်ဘုံ ကမ္ဘာမြေ စိုက်ပျိုးရေးခြံကုမ္ပဏီက လွှဲပြောင်းယူလိုက်သည်။ ယဲ့ရှောင်ချန်း၏ လက်ထဲရောက်လာသည်ဟု ဆိုနိုင်ပါသည်။ ဒါက စမ်းသပ်ခံ မြေကွက်များ ဖြစ်ပါသည်။ အဓိက ရည်ရွယ်ချက်က စိုက်ပျိုးသီးနှံများကို ဘယ်လို စိုက်ပျိုးပြီး ရိတ်သိမ်းရမလဲဆိုတာကို ကြည့်ဖို့ဖြစ်သည်။ အားလုံး အဆင်ပြေသွားသည်နှင့် ဟင်းသီးဟင်းရွက် မျိုးစေ့များကို စျေးကွက်ထဲသို့ တင်သွင်းမည် ဖြစ်သည်။

ယဲ့ရှောင်ချန်းက သူပျိုးထောင်ထားသည့် မျိုးစေ့များအား အလွန်အမင်း ယုံကြည်ချက်ရှိသည်။

ဖွံ့ဖြိုးကြီးထွားချိန်ကို မဆိုဦးနှင့်။ အထွက်နှုန်းတစ်ခုတည်းနဲ့တင် ယခင် မူလ ပြည်တွင်း ဟင်းသီးဟင်းရွက်များထက် အနည်းဆုံး ၂ ဆလောက် ပိုတိုးပွားလာသည်။ ထိုအဆင့်မြင့် ဗီဇပြောင်းလဲထားသည့် ဟင်းသီးဟင်းရွက်များကပင် မယှဥ်နိုင်ပါ။

ယဲ့ရှောင်ချန်း ပျိုးထောင်ထားသည့် ဟင်းသီးဟင်းရွက်များမှာ ဗီဇပြောင်းလဲထားခြင်း မဟုတ်ပါ။ သဘာဝအတိုင်းသာဖြစ်ပြီး ပိုမိုလိုက်လျောညီထွေပြောင်းလဲနိုင်ကာ အန္တရာယ်လည်း ကင်းပါသည်။

"ဟားဟား ဒီစမ်းသပ်ခံ ဟင်းသီးဟင်းရွက်တွေက တော်တော်လေးကို ကောင်းကောင်းမွန်မွန် ကြီးထွားနေကြတာပဲ။ လဝက်ပဲရှိသေးတာကို ဒီလောက်မြန်မြန် ဖွံ့ဖြိုးနေကြပြီ။"

ထိုအချိန်တွင် စမ်းသပ်ခံ မြေကွက် အပြင်ဘက်က ကော်ရစ်ဒါတွင် လူအုပ်ကြီးတစ်ခုက ရပ်ကြည့်နေကြသည်။

အရှေ့ဘက်တွင် ရပ်နေသူများကတော့ ဝန်ကြီးကျန်းဟုန်ယဲ့၊ ဝမ်ရွှေရှန့်၊ ယဲ့ရှောင်ချန်းနှင့် မြူနီစီပယ်အစိုးရမှ တခြား ခေါင်းဆောင်ကြီးများ ဖြစ်ကြသည်။

အားလုံးက ကောင်းကင်ဘုံ ကမ္ဘာမြေ စိုက်ပျိုးရေးခြံအား ဆန်းစစ်လေ့လာဖို့ ရောက်လာကြခြင်း ဖြစ်သည်။

ဟင်းသီးဟင်းရွက်များ၏ စမ်းသပ်ခံ မြေကွက်က အလွန်အရေးပါသည်။

"ဝန်ကြီးကျန်း ဒါကျွန်တော်ပျိုးထောင်ထားတဲ့ ဟင်းသီးဟင်းရွက်တွေရဲ့ ထူးခြားမှုပါပဲ။ ဖွံံဖြိုးကြီးထွားဖို့ လိုအပ်ချိန်က သာမန် မျိုးစေ့နဲ့ ယှဥ်ရင် တစ်ဝက်လောက် လျော့ကျသွားတယ်။ အထွက်နှုန်းဆိုရင်လည်း အနည်းဆုံး ၂ ဆလောက် ပိုတိုးပွားလာလိမ့်မယ်။ ဆီထွက်နှုန်းကလည်း အများကြီး ပိုမြင့်လိမ့်မယ်။ တခြား ဗီဇပြောင်းလဲထားတဲ့ ကောက်ပဲသီးနှံတွေလို အန္တရာယ် လုံးဝ မရှိပါဘူး။"

ယဲ့ရှောင်ချန်းက ယုံကြည်ချက် ပြည့်ဝစွာ ပြုံးလိုက်ပါသည်။

"မဟုတ်မှလွဲရော ဒီ ဟင်းသီးဟင်းရွက် စိုက်ပျိုးရေးကလည်း အပင်အသိစိတ် နည်းပညာကို အသုံးချထားတာပဲလား။"

ကျန်းဟုန်ယဲ့က စိတ်ဝင်စားစွာ မေးလိုက်သည်။

"ဟုတ်ပါတယ်။ ပြောရမယ်ဆိုရင် ဗီဇပြောင်းလဲထားတဲ့ ကောက်ပဲသီးနှံတွေက ဗီဇအရ ရွေးချယ်ထားတာပါ။ ဒါပေမယ့် ကမ္ဘာကြီးထဲက အရာအားလုံးမှာ ယင်နဲ့ယန် သဘောတရား ရှိတယ်ဆိုတာကို ထည့်မတွက်ကြဘူး။ ကျွန်တော် သုတေသနလုပ်နေတဲ့ အပင်အသိစိတ် နည်းပညာက အပင်တွေရဲ့ သဘာဝတရားအပေါ် တိုက်ရိုက် မှီငြမ်းထားတယ်။ အပင်အသိစိတ်အပေါ် လွှမ်းမိုးမှုတစ်ခု ပြုလိုက်တာနဲ့ အပင်အသိစိတ်က သူ့ကိုယ်သူ ပြန်လည် ပြောင်းလဲနိုင်ပြီး ပတ်ဝန်းကျင်နဲ့လည်း ပိုပြီးကောင်းကောင်း လိုက်လျောညီထွေဖြစ်အောင် နေနိုင်လိမ့်မယ်။ အထွက်နှုန်း၊ ဖွံ့ဖြိုးကြီးထွားချိန်နဲ့ အရည်အသွေး စတာတွေကိုလည်း အားသာစေလိမ့်မယ်။ ဗီဇပြောင်းလဲထားတဲ့ ကောက်ပဲသီးနှံတွေက အပြင်ဘက်က စွမ်းအင်တွေနဲ့ အားဖြည့်ထားတယ်လို့ ပြောနိုင်ရင် ကျွန်တော့် အပင်အသိစိတ် ကောက်ပဲသီးနှံတွေကတော့ ကိုယ်တိုင် ဆင့်ကဲပြောင်းလဲခြင်း အမျိုးအစားထဲမှာ ပါဝင်တယ်လို့ ပြောနိုင်တယ်။ အသန်မာဆုံးသာ ရှင်သန်ရမယ်ဆိုတဲ့ သဘာဝ တရားကြီးရဲ့ ရွေးချယ်မှုအတိုင်းပဲ။ ကိုယ်တိုင် ဆင့်ကဲပြောင်းလဲခြင်းကသာ အလုပ်ဖြစ်နိုင်တယ်..."

ယဲ့ရှောင်ချန်းက အာမခံစွာ ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။

အခန်းထဲက ခေါင်းဆောင်ကြီးများအားလုံးက နက်နက်ရှိုင်းရှိုင်း သဘောပေါက်နားလည်သွားသော မျက်နှာမျိုး ဖြစ်သွားကြသည်။

မတတ်နိုင်ပါ။ ဒီလို ပရော်ဖက်ရှင်နယ် မေးခွန်းမျိုးက အလွန်အဆင့်အတန်းမြင့်သည့်ပုံပင်။

ထို့အပြင် ယဲ့ရှောင်ချန်းက ဒီနယ်ပယ်တွင် ထိပ်တန်း ပညာရှင်တစ်ဦး ဖြစ်သည်။ ဘယ်သူက ကန့်ကွက်ရဲမည်နည်း။

ဒီလိုနှင့် မြူနီစီပယ် အစိုးရနှင့်တခြား ခေါင်းဆောင်ကြီးများက ထိုနေ့တွင် ယန်မြို့တော်မှ ကောင်းကင်ဘုံ ကမ္ဘာမြေ စိုက်ပျိုးရေးခြံကြီးအား လေ့လာဆန်းစစ်ကြသည်။

အဓိကကတော့ ယဲ့ရှောင်ချန်း၏ နောက်ဆုံးပေါ် အပင်အသိစိတ် နည်းပညာဖြင့် ပြုစုပျိုးထောင်ထားသည့် အထူး ဟင်းသီးဟင်းရွက်များကို ဖြစ်သည်။

ဒါက ကောင်းကင်ဘုံကမ္ဘာမြေ၏ စျေးကွက် ဗျူဟာဖြစ်သည်။ အစိုးရ မီဒီယာမှတစ်ဆင့် ဆောင်ရွက်ခြင်း ဖြစ်သည်။

သာမန် စီးပွားရေး ကြော်ညာတစ်ခုထက် အများကြီး ပိုအာနိသင်ရှိပါသည်။

ယန်မြို့တော်က ဝမ်ရွှေရှန့်၏ အာဏာနှင့် တရုတ်သိပ္ပံကျောင်းတော်၏ တွဲဖက်ပရော်ဖက်ဆာနှင့် ယန်မြို့တော် အပင်အသိစိတ် သုတေသနအဖွဲ့အစည်း၏ ဒါရိုက်တာဖြစ်သော ယဲ့ရှောင်ချန်း၏ အဆင့်အတန်းတို့ကြောင့် ကောင်းကင်ဘုံ ကမ္ဘာမြေ စိုက်ပျိုးရေး ကုမ္ပဏီကြီးမှာ ယန်မြို့တော်က အထူး ကိုင်တွယ်သည့် စီးပွားရေး လုပ်ငန်း စာရင်းထဲ ဝင်ရောက်သွားခဲ့ပါပြီ။

စကားပုံအတိုင်းပင်။ သစ်ပင်ကြီးတစ်ပင်အောက်က အရိပ်မှာ အကောင်းဆုံးပင်။

ကောင်းကင်ဘုံ ကမ္ဘာမြေ စိုက်ပျိုးရေး ကုမ္ပဏီတွင် ထိုကဲ့သို့ အခြေအနေကောင်းများ ရှိနေပါသည်။

All Chapters