← Chapters

တံခါးဝ

Vol. 55 Ch. 759

တံခါးဝ

Vol. 55 Ch. 759

“ အဲဒီလူ နာမည်က မိုဝူကျိတဲ့  …. လွန်ခဲ့တဲ့ နှစ်နှစ်လောက်တုန်းက ကောင်းကင်ဘုံအလွန်မြို့မှာ ရုတ်တရက်ကြီး ပေါ်လာတာ။ သူက မိစ္ဆာမျိုးနွယ်ဝင်ကိုရော၊ လူသားမျိုးနွယ်ဝင်ကိုရော သတ်ထားမိတော့ နေစရာ ရှာမတွေ့ဘူးလေ။ အဲဒါနဲ့ သူက ကောင်းကင်ဘုံအလွန်မြို့ဆီ ရောက်လာပြီးတော့ ဆိုင်ကို လိုက်ရှာခဲ့တာ။

အဲဒီလူက ကောင်းကင်ဘုံအလွန်မြို့ရဲ့ စည်းမျည်းတွေကို မသိဘူးဆိုတာလည်း သိသာတယ်။ ဒါပေမဲ့ ထူးထူးဆန်ဆန်း သူ့ဆေးလုံးအိမ်တော်ကို မူလပိုင်ရှင် မောင်းဟူဆီက ဝယ်နိုင်ခဲ့တယ်။

မောင်းဟူက မိုဝူကျိဆီ ဆိုင်ရောင်းပြီးတော့ စကြဝဠာနံရံကြီး ဖွင့်လာတယ်လေ။  မိုဝူကျိက စကြဝဠာနံရံကြီးကို သွားပေမဲ့ အသက်ဆက်ရှင်ကျန်ခ့တယ်။ သူက အဲကနေလည်း အကျိုးကျေးဇူးအများကြီး ရလိုက်တယ်လေ။ အဲဒါနဲ့ သူ ပြန်ရောက်လာကတည်းက တံခါးပိတ် ကျင့်ကြံနေတာ။ အခု ကျင့်ကြံပြီးသွားတာတော့မှ ဆိုင်ပြန်ဖွင့်တာ …” ဖြေဆိုလိုက်သူမှာ မီဖေးကုန်သည်အိမ်တော်၏ ပြင်ပရေးရာ တာဝန်ခံ ဝမ်လီ ဖြစ်၏။

ဝမ်လီက မိုဝူကျိ တစ်ယောက် အင်မော်တယ် အုပ်စိုးသူအဆင့် တက်လှမ်းသွားသည့် သတင်းကို မရရှိသော်လည်း သူက မိုဝူကျိ၏ ကောင်းကင်ဘုံအလွန်မြို့အတွင်း ရှိနေသည့် နှစ်နှစ်တာအတွင်း အချက်အလက်များကို စုဆောင်းနိုင်ခဲ့သည်။

“ အဲဆို ဒီလူက ကြီးကြီးကျယ်ကျယ် ဇာစ်မြစ်ရှိတဲ့ပုံတော့ မပေါ်ဘူး ” မင်ချန်း၏ သတ်ဖြတ်ငွေ့များက ရုတ်ချည်း အားလျော့သွားလေ၏။

မီဖေး ကုန်သည်အိမ်တော်၏ အမျိုးသမီးက ထရပ်ကာ မင်ချန်းအား လေးလေးစားစား ဦးညွှတ်လိုက်ရင်း  “ အိမ်တော်ခေါင်းဆောင် … အဲလူက ကျမတို့အတွက် ဆေးလုံးဖော်စပ်ပေးမှာ မဟုတ်လောက်ဘူး ”

သူမက မင်ချန်း စကားနောက်မှ အဓိပ္ပါယ်ကို သေချာနားလည်ပေသည်။ သူက မိုဝူကျိအား မီဖေးကုန်သညအိမ်တော်အတွက် ဆေးလုံးဖော်စပ်ပေးရန် ခေါ်ဆောင်ဖို့ ကြံရွယ်နေခြင်း ဖြစ်ပေသည်။

မင်ချန်းက အေးစက်စွာ ပြန်ဖြေလိုက်သည်

“ အဲဒါက သူ ဆုံးဖြတ်ရမဲ့အရာ မဟုတ်ဘူး။ နယ်လှည့်ကျင့်ကြံသူလေးက ကောင်းကင်ဘုံအလွန်မြို့ထဲမှာ ငါ့မီဖေး ကုန်သညအိမ်တော်ကို ကျော်တက်ဖို့ ကြိုးစားနေရဲတယ်ပေါ့လေ။ သူက အရမ်းငယ်လွန်းသေးတယ် ”

ပြောလိုက်သော ထိုအမျိုးသမီးမှာ အင်မော်တယ်ဘုရင်အဆင့်မျှ ရှိသော်လည်း သူမက မီဖေးကုန်သည်အိမ်တော်၏ ဦးနှောက် ဖြစ်ပေသည်။ သူမ နာမည်မှ ရန်ယူရွှေ ဖြစ်၏။ သူမက မီဖေးကုန်သညအိမ်တော် ခေါင်းဆောင် မင်ချန်း၏ စကားများကို ကြားသောအခါ စိတ်ထဲမှ သက်ပြင်းချလိုက်ပြီး ဆက်ပြောလိုက်သည်

“ ခေါင်းဆောင် …. လွန်ခဲ့တဲ့ရက်အနည်းငယ်တုန်းက သူ့ဘေးမှာရှိနေတဲ့ လော့စီက နှစ်ဖက်ချွန် အင်မော်တယ် အုပ်စိုးသူတစ်ယောက်ရဲ့ နှောင့်ယှက်မှုကို ခံခဲ့ရတယ်။ အဲဒီနောက်ကျ မိုဝူကျိက လော့စီကို ကောင်းကင်ဘုံအလွန်မြို့အပြင်ဆီ ခေါ်ထုတ်သွားပြီးတော့ ပြန်ရောက်လာတဲ့အခါကျ အဲဒီနှစ်ဖက်ချွန်လူအကြောင်း လုံးဝ မကြားရတော့ဘူး ”

“ သူက အင်မော်တယ် အုပ်စိုးသူအဆင့် ကို သတ်ပစ်ခဲ့တာလား ” ဝမ်လီက ထိုအကြောင်းအရာကို မစုံစမ်းနိုင်ခဲ့ပေ။ သူက ရန်ယူရွှေစကားကို ကြားသောအခါ ချက်ချင်း အံ့အားသင့်သွားလေ၏။

ရန်ယူရွှေကက ခေါင်းညိတ်ပြကာ

“ ကျမကိုယ်တိုင် မြင်လိုက်ရတာတော့ မဟုတ်ပေမဲ့ နှစ်ဖက်ချွန်လူက ဘယ်လိုလူစားမျိုးလဲဆိုတာတော့ ကျမ ကောင်းကောင်း သိတယ်လေ။ သူက သူ့ပစ်မှတ်ကို လုံးဝ လွှတ်ပေးမှာ မဟုတ်ဘူး။ သူ ပြန်ရောက်မလာမှတော့ မိုဝူကျိက သေချာပေါက် သတ်ပစ်လိုက်လို့ပဲ ဖြစ်ရမယ်။ အဲဒီ အမျိုးသမီး လော့စီကိုလည်း စုံစမ်းပြီးသွားပြီ။ သူမက အခုမှ အင်မော်တယ်ဘုရင်အဆင့်ပဲ ရှိသေးတာ။ အဲဒါကြောင့် ဘာအကူအညီမှ ဖြစ်မှာ မဟုတ်ဘူး။ မိုဝူကျိ တစ်ယောက်တည်း အဲဒီသူကို သတ်ပစ်လိုက်တာပဲ နေမယ် ”

မင်ချန်းက မျက်မှောင်ကျုတ်ကာ ဝမ်လီအား မကျေမနပ် ကြည့်လိုက်သည်။ သူက စုံစမ်းရာ၌ တာဝန်ယူထားသော်လည်း သူက ရန်ယူရွှေလောက်ပင် မသိထားချေ။

အချိန်တစ်ချို့ကြာပြီးနောက် သူက ရန်ယူရွှေဘက် လှည့်ကာ  “ ယူရွှေ … မင်းက သွားပြီးတော့ သူနဲ့ စကားပြောကြည့်လိုက်။ ကွမ်ကျင်းက မင်းနဲ့အတူတူ လိုက်ပေးလိမ့်မယ် ”

ထိုစဉ် တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သည့် ကွမ်ကျင်းက မတ်တတ်ရပ်လိုက်သည်။ သူ့ကျင့်ကြံဆင့်မှာ အင်မော်တယ် အုပ်စိုးသူ ပြီးပြည့်စုံခြင်းအဆင့် ဖြစ်လေရာ ဤနေရာရှိ လေးယောက်ကြား၌ သူက အားအကောင်းဆုံးဟု မှတ်ယူ၍ ရပေသည်။

ရန်ယူရွှေက ခဏတာ တုံ့ဆိုင်းသွားပြီး  “ ခေါင်းဆောင် ကျမတို့တွေ အထက်ကို တင်ပြသင့်တယ်လို့ ထင်တယ် ”

မင်ချန်းက လက်ဝှေ့ပြကာ ရန်ယူရွှေ စကားများကို ဖြတ်ပြောလိုက်သည်

“ မိုဝူကျိက နှစ်ဖက်ချွန် အင်မော်တယ် အုပ်စိုးသူအဆင့်ကို သတ်နိုင်တယ်ဆိုရင်တောင် သူက အင်မော်တယ် အုပ်စိုးသူအဆင့်ပဲ ရှိဦးမှာလေ။ ပြီးတော့ အဲဒီနှစ်ဖက်ချွန် အင်မော်တယ် အုပ်စိုးသူရဲ့ ကမ္ဘာဦး စိတ်ဝိညာဉ်က ဆိုးဆိုးရွားရွား ပျက်စီးနေတော့ သာမာန် အင်မော်တယ် အုပ်စိုးသူ အလယ်အလတ်အဆင့် ကျင့်ကြံသူတောင် သူနဲ့ ရင်ဆိုင်နိုင်မှာပဲလေ။ မင်းနဲ ကွမ်ကျင်းက သူနဲ့ သွားပြီး တွေ့ရုံပဲ။

တကယ်လို့ သူက သူ့နေရာသူ မသိသေးဘူးဆိုရင်တော့ ကွမ်ကျင်းကို သင်ခန်းစာတစ်ခု ပေးခိုင်းလိုက်တာပေါ့။ တကယ်လို့ နောက်ခံမရှိတဲ့ အပြင်လူတစ်ယောက်ကို ဖြေရှင်းဖို့ ဧကရာဇ်အဆင့် လှမ်းတောင်းဆိုရင် ငါ မင်ချန်းပဲ မျက်နှာပျက်ရမှာ ”

“ ဟုတ်ကဲ့ … ” ရန်ယူရွှေက ဘာမှဆက်မပြောရဲတော့ပေ။ သူမက တခြားသူများက ကောင်းကင်ဘုံအလွန်မြို့ထဲ၌ ဘာမှမလုပ်ရဲကြောင်း သိသော်လည်း မီဖေးကုန်သည်အိမ်တော်အတွက်မူ ရိုးရိုးရှင်းရှင်း အပြုအမူတစ်ခုသာ ဖြစ်ပေသည်။

…………..…

မိုဝူကျိက ပျော်ရွင်နေလေ၏။ သူက ဆေးလုံးမဖော်စပ်ခင် သူ့အတွက်သူ ဝင်ငွေ တွက်ချက်ထားပြီးသား ဖြစ်၏။ သို့သော်လည်း လက်တွေ့မှာမူ စကြဝဠာနံရံကြီး ပွင့်လာသည့်အခေါက်ထက်ပင် ပိုများများ ဝင်နေသေး၏။

စကြဝဠာနံရံကြီး၌ ပစ္စည်းကောင်းများစွာရှိပြီး အမြင့်အထိ တက်လှမ်းနိုင်သော်လည်း ကံမကောင်းစွာဖြင့် သူတွင် ကန့်သတ်ချက် ရှိနေသည်။ ပြောရမည်ဆိုလျှင်မူ စကြဝဠာနံရံကြီး တစ်ခုလုံး၏ တစ်ရာပုံ တစ်ပုံပင် မရှိသေးပေ။ စကြဝဠာနံရံကြီးက ကြီးမားလွန်းပြီး သူ့စွမ်းဆောင်ရည်မှာ ကန့်သတ်ခံထားရသောကြောင့် သူက ရတနာများစွာ လက်လွှတ်လိုက်ရသည်မှာ ပုံမှန်သာ ဖြစ်ပေသည်။

တစ်ဖက်တွင် သူ့လူသား ဆေးလုံးအိမ်တော်မှာ ရက်တချို့သာ ဖွင့်ရသေးသော်လည်း သူက အစိမ်းရောင်ကျောက် သိန်းဂဏန်း ဝင်နိုင်ပြီ ဖြစ်၏။ သူ ရရှိလာသော အင်မော်တယ်ဆေးပင်များမှာလည်း သူ ရေတွက်နိုင်သည်ထက်ပင် ပိုများပြားနေသေး၏။ အကြောင်းမှာ သူက ဆေးလုံးဖော်စပ်ပေး၍ ဖြစ်သည်။

မိုဝူကျိအား စိတ်လှုပ်ရှားစေသည်မှာ သူက ဧကရာဇ် ဖွေရှာ နှလုံးသားပန်း နှစ်ပွင့် ရလာခြင်း ဖြစ်ပေသည်။ ဧကရာဇ်ဖွေရှာ နှလုံးသားပန်းမှာ အင်မတန် ရှားပါးလှသော အဆင့် ၉ အင်မော်တယ် ဆေးပင် ဖြစ်ပြီး ဧကရာဇ်တာအိုအသီးပြီးလျှင် ဒုတိယလိုက်နိုင်သောအရာ ဖြစ်သည်။

ဤပန်းမှာလည်း ဧကရာဇ်တာအိုအသီးကဲ့သို့  တိုက်ရိုက် စား၍ မရပေ။ ဧကရာဇ်ဆေးလုံးအဖြစ် ဖော်စပ်ရမည် ဖြစ်သည်။ ဧကရာဇ်ဆေးလုံးမှာ အဆင့် ၉ အင်မော်တယ် ဆေးလုံး ဖြစ်ပြီး အင်မော်တယ် အုပ်စိုးသူ ပြီးပြည့်စုံခြင်းအဆင့် ကျင့်ကြံသူများအတွက် အလွန်ဆွဲဆောင်မှု ကောင်းလေသည်။ ဆေးလုံးက အင်မော်တယ်ဧကရာဇ်အဆင့်ကို တက်လှမ်းဖို့ရာ ကူညီပေးပြီး အင်မော်တယ် အုပ်စိုးသူအဆင့်မှ အင်မော်တယ် ဧကရာဇ် ဖြစ်လာဖို့ရာ အတားအဆီးများကို ကျော်ဖြတ်ရန် အောင်မြင်နိုင်နှုန်းကိုလည်း တိုးမြင့်ပေးသည်။

မိုဝူကျိက ဧကရာဇ်ဆေးလုံးအတွက် ဒုတိယ ပါဝင်ပစ္စည်းကို ရရှိပြီးလေပြီ။ အဆင့် ၇ နှင့် အဆင့် ၈ ဆေးလုံးများ ဆက်တိုက် ဖော်စပ်နေမှုကြောင့် မကြာခင် အဆင့် ၉ ဆေးလုံး ဖော်စပ်နိုင်တော့မည်ဟု ယုံကြည်ချက် ရှိလေသည်။ သူက အဆင့် ၉ အင်မော်တယ် ဆေးလုံးကို အောင်အောင်မြင်မြင် ဖော်စပ်နိုင်သည်နှင့် သူက ထိုဧကရာဇ်ဖွေရှာ နှလုံးသားပန်းနှစ်ပွင့်ကို သုံး၍ ဧကရာဇ် ဆေးလုံး ဖော်စပ်ပစ်မည်။

အဆင့် ၉ ဆေးလုံးဧကရာဇ် ရှားပါးသည့် အကြောင်းအရင်းမှာ အဆင့် ၉ အင်မော်တယ်ဆေးလုံးကို ဖော်စပ်ရာ၌ သူ့တာအိုအသိအမြင်များကို ဆေးလုံးထဲ ထည့်ပေါင်းရန် လိုအပ်၍ ဖြစ်ပေသည်။ ပုံမှန် ဆေးလုံးဧကရာဇ်များက မိုးမြေ မဟာတာအိုအကြောင်း လုံလုံလောက်လောက် နားမလည်ကြပေ။ ထို့ကြောင့် လူများစွာက သူတို့တစ်ဘဝလုံးတစ်လျောက်လုံး အဆင့် ၉ ဆေးလုံးဧကရာဇ်အဖြစ် မတက်လှမ်းနိုင်ကြပေ။ သူတို့က အဆင့် ၉ ဆေးလုံးဧကရာဇ်အဆင့် တက်လှမ်းနိင်ကြလျှင်ပင် ဧကရာဇ်ဆေးလုံးကဲ့သို့သော ဆေးလုံးကို ဖော်စပ်နိုင်မည် မဟုတ်ပေ။

မိုဝူကျိ၏ တာအိုက ကိုယ်ပိုင် ဖန်တီးထားသော  လူသား တာအို ဖြစ်၏။ သူက အင်မော်တယ် အုပ်စိုးသူအဆင့် တက်လှမ်းစဉ်ကတည်းမှ မိုးမြေ တာအိုများပေါ် နားလည်နိုင်စွမ်းနှင့် အသိအမြင်တို့မှာ ပို၍ သိသာထင်ရှားလာသည်။ သူက သူ့ဆေးလုံးတာအိုသာ လိုအပ်သည့် အနေအထားရောက်သည်နှင့် ဧကရာဇ်ဆေးလုံးကို ဖော်စပ်နိုင်လိမ့်မည်။

သူ့ငွေကြေးလမ်းကြောင်းအရ မိုဝူကျိသည် လော့စီ ပြောထားသည့်အတိုင်း  သူ့ဆိုင်ကို သုံးလအတွင်း ရောင်းထုတ်နိုင်လိမ့်မည်။ ထိုအချိန်၌ သူ့တွင်လည်း ကျင့်ကြံရေး အရင်းအမြစ်များ လုံလုံလောက်လောက် ရှိနေပေလိမ့်မည်။ ဆိုင်ဆက်ဖွင့်ဖို့ရာ မလိုအပ်တော့ပေ။

“ နံပါတ် ၇၇၁၆ ကျေးဇူးပြုပြီး ဆိုင်ထဲကို ကြွပါ ” လူသား ဆေးလုံးအိမ်တော်မှ နံပါတ်တစ်ခုကို ခေါ်ဆိုလိုက်သည်။ အင်မတန် အသက်အရွယ်ကြီးရင့်နေသော အမျိုးသားတစ်ယောက်က စိတ်လှုပ်ရှားစွာ ဝင်ရောက်လာသည်။

“ ခဏနေဦး ” အေးစက်စက် အသံတစ်သံက ထိုလူအိုကြီးကို တားဆီးလိုက်လေ၏။ ထို့နောက် ထိုလူအိုကြီးရှေ့၌ အမျိုးသား တစ်ယောက်နှင့် အမျိုးသမီး တစ်ယောက် ပေါ်လာသည်။

“ ကျုပ်က နံပါတ် ၇၇၁၆ လေ။ ကျုပ် အကြာကြီး စောင့်ဆိုင်းလာရတာ ဘာလို့ ခင်ဗျားတို့နှစ်ယောက် ကျုပ်ကို ရပ်ခိုင်းတာ ….” လူအိုကြီးက စကားတစ်ဝက်သာ ပြောနိုင်လိုက်ပြီးနောက် ပါးစပ်ဟောင်းလောင်းဖြင့် အံ့အားသင့်သွားလေသည်။ သူ့မျက်နှာတွင် အကြောက်တရားများ ကြီးစိုးလာပြီး ထိုလူနှစ်ယောက်အား ကြည့်လိုက်သည်။ သူက ထိုလူနှစ်ယောက်ကို သေချာသိပေ၏။ အမျိုးသမီးမှာ မီဖေးကုန်သညအိမ်တော်၏ ရန်ယူရွှေ ဖြစ်ပြီး အမျိုးသားမှာ မီဖေးကုန်သည်အိမ်တော်၏ ကာကွယ်သူ ကွမ်ကျင်း ဖြစ်၏။

အင်မော်တယ် ဘုရင် နောက်ပိုင်းအဆင့် ဖြစ်သည့် ရန်ယူရွှေနှင့် မတိုက်ခိုက်နိုင်သည့်အကြောင်းကို ထည့်ပြောနေဖို့ပင် မလိုတော့ပေ။ ထိုကွမ်ကျင်းမှာ ဧကရာဇ်တပိုင်းအဆင့်ဟု ယူဆ၍ ရနိုင်သည့်  အင်မော်တယ် အုပ်စိုးသူ ပြီးပြည့်စုံခြင်းအဆင့် ဖြစ်လေသည်။ သူက မည်သို့များ ပြန်ပြောရဲမည်နည်း။

“ တာဝန်ခံရန်နဲ့ ကာကွယ်သူ ကွမ်တို့ကို ဂါရဝပြုပါတယ် ” ထိုလူအိုကြီးက လေးလေးစားစား မြန်မြန် ဦးညွှတ်လိုက်ရသည်။ သူက သူ့အလှည့်ကျရန် စိုးရိမ်တကြီး စောင့်ဆိုင်းနေသည်။ သို့သော်လည်း သူ့အလှည့်ကျရောက်လာသည့်အခါ ထိုရက်စက်လှသည့် လူနှစ်ယောက်က ပေါ်လာလေသည်။

ရန်ယူရွှေနှင့် ကွမ်ကျင်းတို့က ထိုလူအိုကြီးအား အာရုံမထားတော့ဘဲ ဆေးလုံးအိမ်တော်ထဲသို့ တည့်တိုး ဝင်ရောက်သွားကြသည်။

“ ကျေးဇူးပြုပြီး နံပါတ်ပြား ပြပေးပါ ” လော့စီက ထိုမြင်ကွင်းကို မြင်တွေ့ပြီးပြီ ဖြစ်ရာ မိုဝူကျိဆီ လှမ်း၍ အကြောင်းကြားပြီးလေပြီ။ တစ်ချိန်တည်းဆိုသလို သူမက သူတို့အား ရပ်တန့်မည့် နည်းလမ်းကို အသုံးပြုလိုက်ရသည်။ သူမက ထိုလူနှစ်ယောက်ကို မှတ်မိပေသည်။ ထိုသူနှစ်ယောက် ဝင်လာသည်နှင့် သူမစိတ်ထဲ၌ စိုးရိမ်ပူပန်လာမိ၏။ မီဖေးကုန်သည်အိမ်တော်က သူတို့ စီးပွားရေးကို ဖျက်စီးရန် ရောက်လာခြင်း ဖြစ်ကြောင်း မှန်းဆမိလိုက်သည်။

“ ငါက မီဖေးကုန်သည် အိမ်တော်ရဲ့ ရန်ယူရွှေပဲ။ ဒါက ငါတို့ကုန်သည်အိမ်တော်ရဲ့ ကာကွယ်သူ ကွမ်ကျင်း။ ငါတို့က ဆေးလုံးအိမ်တော်ရဲ့ ဆရာမိုနဲ့ ပြောစရာ ရှိလို့  ” ရန်ယူရွှေက တည့်တိုးသာ ပြောလိုက်သည်။

လော့စီ စိတ်ထဲ စိုးရိမ်ပူပန်မှုများနှင့်သာ ပြည့်လာလေ၏။ သို့သော်လည်း ထိုအချိန်၌ သူမက မိုဝူကျိ၏ စကားကို ကြားလိုက်ရသည်  “ ကာကွယ်သူ ကွမ်ကျင်းကို အထဲလွှတ်လိုက်ပါ။ ကျန်တဲ့သူကတော့ အပြင်ကနေ စောင့်နေလိုက် ”

ရန်ယူရွှေ မျက်နှာမှာ အေးစက်လာလေ၏။ ထိုသည်မှာ သူမ အင်အားပြသမှုကို ရိုက်ချိုးလိုက်သညမှာ သိသာလှသည်။ သို့သော်လည်း သူမက မိုဝူကျိအပေါ် စုံစမ်းပြီးသွားပြီ ဖြစ်ရာ မိုဝူကျိမှာ မရိုးရှင်းကြောင်း သေချာပေါက် သိထားသည်။ မဟုတ်လျှင် သူမက အထက်အား လှမ်းအကြောင်းကြားဖို့ ပြောမိမည် မဟုတ်ချေ။

“ ကာကွယ်သူကွမ် … ဆေးလုံးဆရာမိုကို ကျမတို့ ကုန်သည်အိမ်တော်ဆီ လာဖို့ ဖိတ်ခဲ့ပါ။ ရှင့်ကို ဒီကနေ စောင့်နေမယ် ” ရန်ယူရွှေ မျက်လုံးထဲ ဒေါသရိပ် ဖြတ်ပြေးသွားသော်လည်း စိတ်လျော့လိုက်ရသည်။

“ ကောင်းပြီ ” ကွမ်ကျင်းမှာ စကားနည်းသူ ဖြစ်၏။ ထို့အပြင် သူက သူ့အဆင့်အတန်းကိုလည်း ကောင်းကောင်း သိပေသည်။ သူက မီဖေးကုန်သည်အိမ်တော်အတွက် ခန့်အပ်ထားသည့် လူရမ်းကားမျှသာ ဖြစ်၏။ ရန်ယူရွှေ၏ ယခင်စကားတို့မှာ သူ့အား ဆေးလုံးဆရာမိုကို အတင်းကျပ်ခေါ်ဆောင်သွားဖို့ ပြောနေခြင်း ဖြစ်ပေသည်။ သူက မည်သို့ ဖိတ်ကြားရမည်ကို မသိသလို ညှိနှိုင်းရမည်ကိုလည်း မသိပေ။ ထို့အပြင် သူ့အတွက် ညှိနှိုင်းဖို့လည်း မလိုအပ်နေချေ။

ကွမ်ကျင်းက မိုဝူကျိ အခန်းထဲ ဝင်သွားလိုက်၏။ သူက ဘာမှမပြောနိုင်ခင် မိုဝူကျိက တံခါးကို ဖွင့်ပြီးသွားလေပြီ။ အနံ့ပြင်းပြင်း ဆေးရနံ့များက လှိုင်ကာ ထွက်နေသည်။ ကွမ်ကျင်းမှာ အဆင့်မြင့် ပညာရှင်တစ်ဦး မဟုတ်သော်လည်း ဤရနံ့မှာ အဆင့်မြင့်ဆုံး ဆေးလုံး ဖြစ်ပေါ်လာခြင်းမှ ဖြစ်ကြောင်း သိပေသည်။

“ အထဲဝင်ခဲ့ပါ ” မိုဝူကျိအသံမှ အခန်းအတွင်းမှ ထွက်ပေါ်လာလေ၏။ ကွမ်ကျင်းက သတိထားကာ ဝင်လိုက်သည်။ နောက်အခိုက်အတန့်လေး၌ တံခါးကား သူ့အလိုလို ပြန်ပိတ်သွားလေ၏။

အစပိုင်းတွင် အတင်းကျပ် အားသုံးခေါ်ဆောင်ရန် ကြံရွယ်ထားသော ကွမ်ကျင်းက အကြောက်တရားတချို့ ခံစားမိလာသည်။ သူက လက်နှစ်ဖက်ယှက်ကာ  “ ဆေးလုံးဆရာမိုက ကျုပ်ကို ဘာလို့များ တွေ့ချင်တာပါလဲ ”

“ ဘာလို့လဲဆိုတော့ ခင်ဗျားက အင်မော်တယ် အုပ်စိုးသူ ပြီးပြည့်စုံခြင်းအဆင့် ကျင့်ကြံသူ မလို့လေ ” မိုဝူကျိက လက်ထဲမှ ဆေးပင်များကို ချထားကာ ကွမ်ကျင်းဘက် လှည့်၍ ပြောလိုက်သည်။

***

All Chapters