← Chapters

အခန်း (၂၂၄) - စားသောက်ပွဲ

Vol. 15 Ch. 224

အခန်း (၂၂၄) - စားသောက်ပွဲ

Vol. 15 Ch. 224

အခန်း (၂၂၄) - စားသောက်ပွဲ

နှင်းများ အရည်ပျော်ကျသွားပြီ။

နေမင်းကြီးက တောက်ပလျက်ရှိ၏။ သို့သော် အပူချိန်ကတော့ နှင်းစက်ထက်ပင် ပို၍ ချမ်းအေးနေပါသေးသည်။

ဒီနေ့က နေ့ရက်ကောင်းလေးဖြစ်၏။

အဘယ့်ကြောင့်ဆိုသော် ယဲ့မိသားစုက ၎င်းတို့၏ အိမ်အသစ်တွင် စားသောက်ပွဲတစ်ခု ကျင်းပမည် ဖြစ်သောကြောင့်ပင်။

ဒါက ကျေးရွာဘက်တွင် အိမ်ဆောက်ခြင်း ဓလေ့တစ်ခု ဖြစ်ပါသည်။

ဆွေမျိုးများ၊ မိတ်ဆွေများနှင့် အိမ်နီးချင်းများက သူတို့ကို ဂုဏ်ပြုဖို့ လာကြမည်။

ဗြောက်အိုးများနှင့် မီးရှူးမီးပန်းများကို တပ်ဆင်ကြသည်။

ဒီလိုအချိန်ဆို အိမ်သစ်တက်ပွဲသို့ တက်ရောက်ကြသည့် လူများစွာက အိမ်အောက်တွင် ရပ်ကာ ခေါင်မိုးပေါ်မှ ပစ်ကြသော သကြားလုံးများကို အလုအယက် ယူကြသည်။

ကလေးဖြစ်ဖြစ် လူကြီးဖြစ်ဖြစ် အားကျိုးမာန်တက် လုကြသဖြင့် အလွန်စည်ကားနေပါသည်။

အစကတော့ ယဲ့ရှောင်ချန်း စားသောက်ပွဲ ကြီးကြီးမားမားကြီး ကျင်းပဖို့ ရည်ရွယ်ချက် မရှိပါ။ ဆွေမျိုးများ၊ မိတ်ဆွေများနှင့် ရွာထဲက လူများအတွက် စားပွဲ ၁၀ လုံး ရှိပါသည်။

ဒီနေ့က တနင်္ဂနွေနေ့ဖြစ်၏။ ထို့ကြောင့် ကလေးများ ပိုများသည်။ သို့သော်လည်း လူငယ်များစွာကတော့ အလုပ်သွားကြ၏။

သူ့ဆွေမျိုးများလည်း အပြင်ဘက်တွင် ရောက်နေကြပြီ။

သို့သော်လည်း ဒီစားသောက်ပွဲတွင် ဆွေမျိုးများက ဖုန်းဆက်ပြီး သူတို့ကို ဂုဏ်ပြုကာ ပြန်လာပြီး တက်ရောက်မည်ဖြစ်ကြောင်း ပြောလိမ့်မည်ဟု မည်သူက ထင်မည်နည်း။

ယဲ့ရှောင်ချန်းက လက်ဆောင်များအတွက်နှင့် အဆင်ပြေသည်ဟု မပြောနိုင်ပါ။ ရှိပါစေတော့။ အများဆုံး အလုပ်နည်းနည်းသာ ရှုပ်နိုင်ပါသည်။

ဒီလိုမိသားစုမျိုးအတွက် သူတို့ဆွေမျိုးများနှင့် ရွာထဲက လူအားလုံးအတွက် စားပွဲအလုံးရေ ၃၀ ကျော် နိုင်ပါသည်။

ယဲ့မိသားစုတွင် ဆွေမျိုးများစွာရှိသည်။ အဖေ့ဘက်မှာတင် ညီအစ်ကို ၅ ယောက်နှင့် အစ်မညီမ ၃ ယောက် ရှိသည်။ အမေ့ဘက်တွင်တော့ နည်းသည်။ ညီအစ်ကို ၃ ယောက်နှင့် ညီအစ်မ ၂ ယောက် ရှိသည်။

ဒါတောင် သွေးနီးသည့် ဆွေမျိုးများသာ ရှိသေးသည်။ နောက်ထပ် တခြားဆွေမျိုးများလည်းရှိသေး၏။ အဖေ့၏ ဝမ်းကွဲမောင်နှမများလို ဖြစ်သည်။

အမေ့ဘက်တွင်လည်း ထိုနည်းလည်းကောင်းပင်။

သူ့ဦးလေးဝမ်းကွဲ၏ ညီအစ်ကိုများပင် တက်ရောက်လာကြသည်။

သူတို့နဲ့တင် စားပွဲ အလုံး ၃၀ ကျော်နေပါပြီ။

ထိုမျှသာမကသေး ယဲ့ရှောင်ချန်းတွင်လည်း တက်ရောက်မည့် စီးပွားရေး ပါတနာတစ်ချို့ ရှိသေးသည်။

သူ မဖိတ်ကြားသော်လည်း တစ်နေရာရာမှ သတင်းကြားကာ သူ့ကို ဂုဏ်ပြုလျက် စားသောက်ပွဲနေ့တွင် သေချာပေါက် လာမည်ဟု ပြောခဲ့ကြ၏။

ထို့ကြောင့် အနည်းဆုံး စားပွဲ ၃၅ လုံး ဖြစ်သွားပါပြီ။

ယဲ့ရှောင်ချန်း ကြိုတင်တွက်ချက်ပြီး အလုံး ၄၀ လောက် ပြင်ဆင်ထားတာ ပိုကောင်းမည်။ လူတွေ များနေပြီး စားပွဲ မလောက်ပါက ရယ်စရာ ကောင်းပါလိမ့်မည်။

ယဲ့ရှောင်ချန်း အလွန်ဆွံ့အသွားရသည်။ ဒါက သာမန် စားသောက်ပွဲလေးတစ်ခုပဲ မဟုတ်ဘူးလား။ ဒီလောက်ထိ စည်ကားအောင် လုပ်ဖို့ လိုလို့လား။

သို့သော် အမေနှင့် အဖေတို့က အလွန်ပျော်ရွှင်သည်။ သူတို့က တောက်ပနေပြီး အလွန်အမင်း ပျော်ရွှင်နေကြသည်။ အဘယ့်ကြောင့်ဆိုသော် သူတို့အတွက် စားသောက်ပွဲက ပိုကြီးလေလေ ဧည့်သည်များ ပိုရောက်လာလေလေဖြစ်ပြီး ဂုဏ်သိက္ခာ ပိုရှိလာလေလေ ဖြစ်ပါသည်။

ယဲ့ရှောင်ချန်း ရွေးချယ်စရာမရှိတော့ဘဲ အလုပ်များရတော့သည်။

တကယ်တော့ သူ အလုပ်များစရာ မလိုပါ။

စားသောက်ပွဲတွင် လုံလုံလောက်လောက် ရှိသောကြောင့် ဖြစ်သည်။

ထို့အပြင် အိမ်မှာလည်း လူများစွာ ရှိသဖြင့် လုပ်နိုင်ကိုင်နိုင်သူများပါသည်။

၉နာရီတွင် ဧည့်သည်များ တစ်ယောက်ပြီးတစ်ယောက် ရောက်လာကြ၏။

သူ့ညီမ ယဲ့ယင်က အိတ်တစ်လုံးသယ်ကာ စာအိတ်နီများကို လက်ခံနေသည်။

သူ စာအိတ်နီတစ်ခု ရတိုင်း အပြန်အလှန်အဖြစ် စာအိတ်နီတစ်ခုကို ပြန်ပေးသည်။

ထိုစာအိတ်နီတွင် သာမန်အားဖြင့် ၁၀ယွမ် သို့မဟုတ် ၂၀ ယွမ် ပါဝင်ပါသည်။

လူအလွန်များသောကြောင့် သူ့ညီမ မနားရသလောက် ရှိပါသည်။ အချိန်များ ကျော်လွန်သွားသညည်နှင့် လုပ်ငန်းပါတနာများလည်း ကားများဖြင့် စတင်ရောက်လာကြသည်။

ယဲ့ရှောင်ချန်းက သူတို့ကို ကိုယ်တိုင် ကြိုဆိုရ၏။

လီကျန့်ရမ်၊ လျို့ဖူရှန်း၊ ရှုကျောင်း၊ ဆရာကြီးလင်နှင့် အစရှိသူတို့ဖြစ်ကြသည်။

ကောင်တီမြို့နှင့် မြို့တော်မှ ခေါင်းဆောင် တချို့လည်း ရှိကြသည်။

ဝမ်ရွှေရှန့်နှင့် သူ့မိသားစုလည်း ပါလာသည်။

ဟွမ်ချီချီတို့လည်း ရောက်လာကြ၏။

သုတေသနအဖွဲ့အစည်းက လူများစွာတို့တောင် ပါလာကြသည်။

သူတို့ဘယ်လိုသိသွားကြလဲ ယဲ့ရှောင်ချန်း မသိတော့ပေ။

ကျန်းဟုန်ယဲ့ကလည်း လက်ထောက်တစ်ယောက်ကို လွှတ်လိုက်၏။

၁၁ နာရီတွင် စားသောက်ပွဲက လူများဖြင့် ပြည့်နှက်သွားတော့သည်။ စုစုပေါင်း စားပွဲ အလုံးရေ ၃၅လုံး ကျော်ပါသည်။

ဖောင်း...

အိမ်သစ်၏ တံစက်မြိတ်တွင် ဗြောက်အိုးများကို ချိတ်ထားကြသည်။ မီးရှို့လိုက်သည်နှင့် မြေပြိုလောက်သည့် ပေါက်ကွဲမှုမျိုးဖြင့် ပေါက်ကြသည်။

စကားပြောသံများအား ဗြောက်အိုးသံများက ဖုံးလွှမ်းသွားလေသည်။

မကြာမီ သကြားလုံးမျိုးစုံက ခေါင်မိုးပေါ်မှ မိုးရွာချသလို ကျလာသည်။

လူများစွာက စတင်လုယက်ကြလေသည်။

အလွန်စည်ကားလှပါသည်။

နေ့လည်ခင်း စားသောက်ပွဲ စတင်သောအခါ စားပွဲများနှင့် ထိုင်ခုံများကို အိမ်သစ်၏ အတွင်းနှင့် အပြင်၊ မြေပေါ်နှင့် အိမ်ဟောင်းတို့တွင် တည်ခင်းကြသည်။

စုစုပေါင်း စားပွဲ ၃၈ လုံး ရှိပါသည်။

သေချာပေါက် စိုက်ပျိုးရေးခြံထဲတွင် သေးငယ်သည့် စားသောက်ပွဲတော့ မဟုတ်ပါ။

နေ့လည်ခင်း ၃ နာရီအထိ စည်ကားနေခဲ့သည်။ ထို့နောက် ယဲ့ရှောင်ချန်းက ဧည့်သည် နောက်ဆုံး အသုတ်ကို လိုက်ပို့ပေးခဲ့ပါသည်။

သွေးနီးဆုံး ဆွေမျိုးတချို့သာ အိမ်မှာ ကျန်တော့သည်။

ဝမ်ရှင်းယီလည်း ဝမ်ရွှေရှန့်နှင့် မိသားစုတို့နှင့် လိုက်ကာ ပြန်သွားပါသည်။

"ချန်းကျစ် လာပါဦး။ ငါတို့နဲ့ အတူတူသောက်ပါဦး။"

"ချန်းကျစ် မင်းကတော့ အခု ဆယ်လီကြီး ဖြစ်နေပြီ။ မင်းက ငါတို့ ယဲ့မိသားစုရဲ့ ဂုဏ်သိက္ခာပဲ။ ခွက်ချင်းတိုက်ပါရစေကွာ။"

"ဒီနေ့ ရှယ်သောက်ကြစို့ကွာ။ ငါတို့ မမူးရင် အိမ်မပြန်ဘူးကွာ။"

စားပွဲဝိုင်းတွင် ထိုင်နေကြသူများက ယဲ့ရှောင်ချန်း၏ ဝမ်းကွဲညီအစ်ကိုမောင်နှမများ ဖြစ်ကြပါသည်။ လူတစ်ဒါဇင်ကျော်လောက် ရှိပြီး တစ်ဝက်ကျော်ကျော်လောက်က အိမ်ထောင်ရှိပါသည်။

ဒီနေ့လို လူအများကြီး စုစည်းနေကြသည်ကို မြင်ရဖို့က ရှားပါသည်။

"အေးပါကွာ။ မမူးရင် အိမ်မပြန်ဘဲ နေကြတာပေါ့။"

ယဲ့ရှောင်ချန်းက ပြုံးကာ ဝင်ထိုင်လိုက်သည်။

၁ နာရီကျော်ကြာသောအခါ ယဲ့ရှောင်ချန်း နောက်ဆုံး ဝိုင်ခွက်ကို သောက်လိုက်သည်။ ဘယ်သူမှ မတ်တပ်မရပ်နိုင်တော့ကြောင်း မြင်သောအခါ သူ ပြုံးလိုက်၏။

အရက်သောက်တာနှင့် ပတ်သက်လာလျှင် သူက တကယ် မယုံနိုင်စရာကောင်းလှပါသည်။

ညဘက်တွင်။

စည်ကားသိုက်မြိုက်သည့် ပတ်ဝန်းကျင်လည်း ပျောက်ကွယ်သွားည်။

စားပွဲနှင့် ထိုင်ခုံအားလုံးကိုလည်း သိမ်းလိုက်ကြပြီ။

ကြမ်းပြင်ကိုလည်း ပြောင်စင်အောင် တံမြက်စည်း လှည်းထား၏။

ယဲ့ရှောင်ချန်းတို့ မိသားစုက စာအိတ်နီများကို တွက်ချက်နေကြသည်။

ယဲ့ယင်က ဖောင်တိန်တစ်ချောင်းကို ကိုင်လျက် လက်ဆောင်ငွေများကို မှတ်စုစာအုပ် တစ်အုပ်ထဲတွင် ရေးသားနေ၏။

အခုခေတ်တွင် စားသောက်ပွဲများတွင် လက်ဆောင်ငွေက အနည်းဆုံး ယွမ် ၁၀၀ ရှိ၏။ ရင်းနှီးပါက ၂၀၀ ယွမ် ဖြစ်နိုင်သည်။ ဆွေမျိုးများဖြစ်ပါက ယွမ် ၃၀၀ - ၅၀၀ လောက် ရနိုင်ပါသည်။

"ဝိုး အများကြီးပါလား။"

ယဲ့ယင်က စာအိတ်နီကြီးတစ်ခုကို ဖွင့်ကြည့်လိုက်သည်။ သူမ ရေတွက်ကြည့်လိုက်သောအခါ စုစုပေါင်း ယွမ် ၅,၀၀၀ ရှိပါသည်။

ယဲ့ရှောင်ချန်းက နာမည်ကို ကြည့်လိုက်သည်။ လျို့ဖူရှန်း၏ စာအိတ် ဖြစ်၏။

ပြောရမည်ဆိုလျှင် ဒီလို စီးပွားရေး ပါတနာများက သေချာပေါက် အများကြီး ပေးပါလိမ့်မည်။

စာအိတ်နီ ယွမ် ၃,၀၀၀ မှ ၅,၀၀၀ အတွင်းရှိ စာအိတ်များကိုလည်း ဖောက်မိသေးသည်။

အများဆုံးက ဝမ်ရွှေရှန့်၏ အိတ်ဖြစ်ပြီး ယွမ် ၁၀,၀၀၀ ပါဝင်ပါသည်။

စာအိတ်နီ ၂၀၀ - ၃၀၀ လောက်ကို စာရင်းစစ်ဖို့ နာရီပိုင်း အနည်းငယ် ကြာမြင့်ခဲ့၏။

လက်ဆောင်ငွေများကို ပေါင်းကြည့်လိုက်သောအခါ ယွမ် ၁၀၀,၀၀၀ ကျော် ပါသည်။။

အများကြီးလို့ မထင်ရသော်လည်း တကယ်တမ်းက အများကြီး ဖြစ်ပါသည်။

အဘယ့်ကြောင့်ဆိုသော် သာမန်အခြေအနေများအောက်တွင် ယဲ့ရှောင်ချန်းတို့ မိသားစု စားသောက်ပွဲတစ်ခု လုပ်ပါက ယွမ် ၈,၀၀၀ - ၉,၀၀၀ လောက်ရလျှင်တောင် ကံကောင်းသည်ဟု ဆိုနိုင်သည်။

အခုတော့ ၁၀ ဆလောက် ရှိ၏။

အမှန်ပင်။ ယွမ် ၁၀၀,၀၀၀ လောက်က အခု ယဲ့ရှောင်ချန်းအတွက် ဘာမှ မဟုတ်တော့ပါ။

ယန်မြို့တော်က အင်မော်တယ်စမ်းရေစားသောက်ဆိုင်လည်း ဖွင့်ပြီဖြစ်သဖြင့် သူ့လစဥ်ဝင်ငွေက သေချာပေါက် အများကြီး တိုးတက်သွားပါလိမ့်မည်။ ဒီလထဲ ယွမ် ၇ သန်း ၈ သန်းလောက်ရဖို့က ပြဿနာမရှိတော့ပါ။

"သား အိမ်သစ်တက်ပွဲကို လူတွေအများကြီး လာကြသားပဲ။ အများစုက နင့်မိတ်ဆွေတွေပဲ။ လက်ဆောင်တွေ ပြန်ပေးရမယ်နော်။ နင့်အဖေနဲ့ ငါတို့က ဆွေမျိုးတွေနဲ့ ရွာထဲက လူတွေကိုပဲ ဧည့်ခံရတာပါ။"

သူ့အမေက သူ့ကို အသိပေးလိုက်သည်။

သူ့သား ထိုကိစ္စများကို မေ့သွားပြီး ရိုင်းစိုင်းသလို ဖြစ်သွားမည်ကို စိုးရိမ်နေပါသည်။

သူတို့က အိမ်သစ်တက်ပွဲကို တက်ရောက်ခဲ့ကြသဖြင့် နောက်ပိုင်း သူတို့တွေ ပျော်ပွဲရွှင်ပွဲ လုပ်ကြလည်း ယဲ့ရှောင်ချန်း တက်ရောက်ရမည် ဖြစ်ပါသည်။

"အမေ စိတ်မပူပါနဲ့။ ကျွန်တော် သိပါတယ်။"

ယဲ့ရှောင်ချန်းက ခေါင်းငြိမ့်လိုက်၏။

အရင်တုန်းက သူ့တွင် မိတ်ဆွေများများစားစားမရှိခဲ့သဖြင့် မင်္ဂလာဧည့်ခံပွဲများသို့ လက်ဖွဲ့ပစ္စည်းများ မပို့သလောက်ပင် ရှားပါးပါသည်။

အခုတော့ ဒါကို အရေးထားရတော့မည်။

"အစ်ကို ဒါအစ်ကို့မိတ်ဆွေတွေ အကုန်လုံးကို စာအုပ်ထဲမှာ မှတ်ထားတာ။ ယူလိုက်ဦး။"

ယဲ့ယင်က စာအုပ်ကို ယဲ့ရှောင်ချန်းအား ကမ်းပေးလိုက်သည်။

ယဲ့ရှောင်ချန်းက ခေါင်းငြိမ့်လိုက်ပြီး စာအုပ်ကိုယူလိုက်၏။ သူ့မိဘများ အိပ်ယာဝင်သွားကြပြီကို မြင်သောအခါ အပြုံးဖြင့် ရုတ်တရက်မေးလိုက်၏။ "ကောမော့ယွင်လည်း စာအိတ်နီပို့တယ်မလား။ ဘာလို့မရေးတာလဲ။"

ယဲ့ယင်က ရှက်သွားပြီး ပြောလိုက်၏။ "ငါ့ဟာငါရေးရေး မရေးရေး နင့်အပူလား။"

"အေးပါ အေးပါ မပြောတော့ပါဘူး။"

ယဲ့ရှောင်ချန်းက ပြုံးလိုက်၏။

"ဒီမှာ ပိုက်ဆံတွေ"

ယဲ့ရှောင်ချန်းက ပိုက်ဆံများကို စက္ကူအိတ် တစ်အိတ်ထဲ ထည့်လိုက်ပြီး ယဲ့ရှောင်ချန်းကို ပေးဖို့ ပြင်လိုက်သည်။

"နင်ပဲ ယူထားပြီး သုံးလိုက်ပါ။"

ယဲ့ရှောင်ချန်းက လက်ရမ်းပြလိုက်ပြီး စာအုပ်ကို ယူကာ ထွက်သွာသည်။

ယဲ့ယင်က သူမလက်ထဲက စက္ကူအိတ်ကို ကြည့်ကာ ကြောင်စီစီ ဖြစ်သွား၏။ ထို့နောက် သူမ၏ အိတ်ထဲ ချက်ချင်း ထည့်လိုက်တော့သည်။

All Chapters