← Chapters

အခန်း (၂၂၅) - ဗိုင်းရပ်စ်ပိုးနှင့် သက်ဆိုင်သော

Vol. 15 Ch. 225

အခန်း (၂၂၅) - ဗိုင်းရပ်စ်ပိုးနှင့် သက်ဆိုင်သော

Vol. 15 Ch. 225

အခန်း (၂၂၅) - ဗိုင်းရပ်စ်ပိုးနှင့် သက်ဆိုင်သော

စိုက်ပျိုးခြံတွင်။

လရောင်က ရေလိုအေးချမ်းနေသည်။

ရာသီဥတုက အလွန်အေးသော်လည်း ယဲ့ရှောင်ချန်းက ဘောင်းဘီအပါးများ ဝတ်ထားသည်။

သူ့မှော်စွမ်းအင်ဖြင့် သူ့ခန္ဓာကိုယ်က ပိုကြံ့ခိုင်လာပြီး အအေးဒဏ် အပူဒဏ်များကို ခံနိုင်ရည်ရှိလာပြီဟု ပြောနိုင်သည်။

ယဲ့ရှောင်ချန်းက အင်မော်တယ်မြေကွက်တစ်ခုထဲသို့ ဝင်လာ၏။ အင်မော်တယ် အပင်မျိုးစုံကို စိုက်ပျိုးထားသည်။ လေအမျိုးအစား အင်မော်တယ်မြက်ပင်၊ ကျားကျွင်းမြက်ပင်နှင့် ဒုဓလီအင်မော်တယ်နွယ်ပင်တို့ ဖြစ်ကြသည်။

လေအမျိုးအစား အင်မော်တယ်မြက်ပင် ၁၀ ပင်နှင့် ကျားကျွင်းမြက်ပင် ၁၀ ပင်တို့က ၁ လက်မထက် ပိုကြီးထွားနေကြပြီဖြစ်ပြီး ကြီးထွားနှုန်းကလည်း မနှေးပါ။

အရင်တုန်းကဆို သူတို့ ဒီလောက်ထိ ကြီးထွားလာဖို့ အနည်းဆုံး လဝက်လောက်ကြာမည်ဖြစ်သည်။

ထို့နောက် တစ်ပင်တည်းသော ဒုဓလီအင်မော်တယ်နွယ်ပင်ကို ကြည့်လိုက်သည်။

ထိုဘေးတွင် အစွန်းထင်းခံ သံဘောင်ကြီးတစ်ခုကို စိုက်ထား၏။ ဒုဓလီအင်မော်တယ်နွယ်ပင် ကြီးလာပါက ထိုသံဘောင်ပေါ်သို့ နွယ်တက်သွားပါလိမ့်မည်။

တကယ်ပဲ ဆန်းကြယ်အဆင့် အင်မော်တယ်အပင် ဖြစ်သည်။ ကြီးထွားနှုန်းက တကယ်ပဲ နှေးကွေးလွန်း၏။ အခုချိန်ထိ အပင်ပေါက်လေး အရွယ်သာ ရှိသေးသည်။

ထို့အပြင် နေ့တိုင်းလည်း အပင်ဖွံ့ဖြိုးမှု နည်းလမ်းဖြင့် ကျင့်ကြံပြီး အကောင်ဆုံး ကြိုးစားထားတာ ဖြစ်သည်။

အင်မော်တယ်မြေသြဇာများ၊ အင်မော်တယ်စမ်းရေများကိုလည်း မရပ်မနား အသုံးပြုခဲ့ပါသည်။

ဆန်းကြယ်အဆင့် အင်မော်တယ်အပင်က ကြီးထွားဖို့ အနည်းဆုံး ၁ နှစ်လောက် အချိန်ယူရသည်။ ယဲ့ရှောင်ချန်း၏ ရှန်းနုန်ပါရမီနှင့် အပင်ဖွံ့ဖြိုးခြင်း အနုပညာတို့ကို ပေါင်းလျှင်တောင် အပွင့်ပွင့်ပြီး အသီးသီးဖို့အတွက် နှစ်ပေါင်းများစွာ ကြာနိုင်လောက်ပါသည်။

အမှန်ပင်။ ရှန်းနုန်ပါရမီက တဖြည်းဖြည်း တိုးတက်လာမည်ကို သူယုံကြည်ချက်ရှိသည်။ ထိုနည်းတူစွာ အင်မော်တယ်မြေကွက်များကိုလည်း အဆင့် ၃ သို့ မြှင့်တင်နိုင်ပြီး သေချာပေါက် မြန်ဆန်လာပါလိမ့်မည်။

၃ နှစ်မှ ၅ နှစ်လောက်အထိတော့ စောင့်ရလောက်သည်။

ယဲ့ရှောင်ချန်းက ဒုဓလီအင်မော်တယ်နွယ်ပင်တွင် ဖွံ့ဖြိုးခြင်း အနုပညာကို အသုံးပြုလိုက်သည်။ ပြောင်းလဲမှုမရှိဘူးဟု ထင်ရသော်လည်း အာနိသင်တစ်ခုတော့ ရှိပါသည်။ မသိသာခြင်းသာ ဖြစ်သည်။

အချိန်အကြာကြီး စုဆောင်းပြီးပါက သေချာပေါက် သိသာသော ပြောင်းလဲမှု တစ်ခု ဖြစ်လာပါလိမ့်မည်။

ပလွေကို ထုတ်လိုက်ပြီး မှုတ်လိုက်သည်။

ပလွေသံက စိုက်ပျိုးရေးခြံထဲတွင် ရေစီးကြောင်းလေး တစ်ခုလိုပင်။

အလွန်သိမ်မွေ့နူးညံ့၊ ရှင်းလင်းပြီး သာယာလှပါသည်။

မျက်စိတစ်မှိတ်အချိန်အတွင်း စိုက်ပျိုးရေးခြံထဲက အပင်အားလုံး ယိမ်းနွဲ့သွားလေသည်။

ထိုမျှသာမကသေးဘဲ အလုပ်များနေကြသည့် ပဲစေ့စစ်သည်တော် နှစ်ယောက်ကလည်း အလုပ်ကို ရပ်ကာ စိတ်ဝင်စားစွာ နားစွင့်လိုက်ကြ၏။

၎င်းတို့ မျက်လုံးထဲက သန့်စင်သော အလင်းရောင်မှာ ပိုပိုပြီး တောက်ပလာသလိုပင်။

ပဲစေ့စစ်သည်တော်များ၏ ခန္ဓာကိုယ်များက အင်မော်တယ်ပဲစေ့များဖြင့် ဖန်တီးထားခြင်း ဖြစ်၏။ ထို့ကြောင့် သူတို့က အပင်ဝိညာဥ်တစ်မျိုး ဖြစ်ပါသည်။

ထို့ကြောင့် အင်မော်တယ်အပင်တေးသွားများက သူတို့အပေါ် သက်ရောက်မှုရှိသည်။

တေးသွားပြီးဆုံးသွားသောအခါ သူ့ခန္ဓာကိုယ်ထဲက မှော်စွမ်းအင် သလင်းကျောက်မှာ နှိုင်းယှဥ်လို့မရနိုင်အောင် နိုးကြားလာသည်ဟု ယဲ့ရှောင်ချန်း ခံစားလိုက်ရသည်။

ပြုံးလိုက်ပြီး အင်မော်တယ် မြက်များ စိုက်ထားသည့် မြေကွက်ထဲသို့ ချက်ချင်းသွားကာ စတင်ကျင့်ကြံလိုက်သည်။

အပင်တေးသွားကို သူတီးမှုတ်လိုက်တိုင်း သူ့ကျင့်ကြံခြင်းအာနိသင်များက လွန်စွာ တိုးတက်သွားကြောင်းကို နားလည်လိုက်ပါသည်။

...

တစ်ချိန်တည်းတွင် ယန်မြို့တော်မှ စတူဒီယိုတစ်ခု၌။

ဒီနေ့ည ဝမ်ရွှမ်းယန်၏ ညဂျူတီ ဖြစ်ပါသည်။

သူ့နားကြပ်ကို တပ်လိုက်ပြီး နူးညံ့ပြီး သာယာသည့် ပလွေသံကို နားထောင်လိုက်၏။

ထိုပလွေတေးသွားက အရင်တစ်ခေါက် တစ်ယောက်ယောက် အသံဖမ်းခြင်းကို သူ ကူညီပေးခဲ့စဥ်က ထားခဲ့ခြင်း ဖြစ်သည်။ နားထောင်ပြီးသောအခါ သူ အံ့အားသင့်သွားပါသည်။

သို့သော်လည်း ဖောက်သည်၏ တောင်းဆိုချက်အရ စတူဒီယိုထဲတွင် ဘာအသံမှ မကျန်အောင် ထားရသည်။

သို့သော်လည်း ထိုအချိန်တုန်းက သူ့ဖုန်းဖြင့် ခိုးကာ အသံဖမ်းခဲ့သည်။

ပရော်ဖက်ရှင်နယ် အသံဖမ်းစက်ကြီးများလောက် မရှင်းလင်းသော်လည်း နားထောင်လို့ ကောင်းပါသေးသည်။

နေ့တိုင်း နားမထောင်ရပါက နေလို့မကောင်းဘဲ ရှိလှသည်။

"ဒီလောက်ကောင်းတဲ့ ပလွေသံကို ငါတစ်ယောက်တည်း နားထောင်ရမှာ နှမြောစရာပဲ။"

သူ ရုတ်တရက် အတွေးတစ်ခု ပေါ်သွားသည်။

ဖောက်သည်က တောင်းဆိုထားသော်လည်း မူလ တေးသွားကိုသာ ဖြစ်သည်။ အခု သူ့ဖုန်းကို သုံးပြီး အသံဖမ်းထားတာ ဖြစ်သဖြင့် ပြဿနာ မရှိနိုင်လောက်ပါ။ ဘာပဲဖြစ်ဖြစ် ဘယ်သူမှလည်း မသိနိုင်လောက်ပေ။

ထိုသို့ စဥ်းစားပြီး မနေနိုင်ဘဲ ဒီတေးသွားကို ကြိုက်နှစ်သက်သည့် တခြားသူများ ရှိပါစေဟု မျှော်လင့်လိုက်မိသည်။

ချက်ချင်း သူ မကြာခဏ ဝင်တတ်သည့် ငြိမ့်ညောင်း တေးသွား ဝက်ဘ်ဆိုက်ထဲသို့ ဝင်လိုက်သည်။

ထိုဂီတဝက်ဘ်ဆိုက်က ဂီတကို ရူးသွပ်သူများဖြင့် ပြည့်နှက်နေပြီး ၎င်းတို့ အသံသွင်းထားသည့် ဂီတများကို ဝက်ဘ်ဆိုက်တွင် တင်တတ်သည်။

ထိုဝက်ဘ်ဆိုက်တွင် အလွန် နိုးနိုးကြားကြား ရှိသည့် အပျော်တမ်း အဆိုတော်များစွာ ရှိသည်။

အမှန်ပင်။ ပရော်ဖက်ရှင်နယ် အဆိုတော်များကတော့ မရှိသလောက် ရှားပါသည်။

သို့သော်လည်း တချို့ ပြည်တွင်းဂီတ ကုမ္ပဏီငယ်များက ဒီဝက်ဘ်ဆိုက်ကို ဝင်ကြည့်ပြီး နာမည်ကျော် အဆိုတော်တချို့ကို ရှာတွေ့နိုင်ခဲ့သည်ဟု ဆိုကြ၏။

ဥပမာအားဖြင့် ယ ခုနာမည်ကြီးနေသော ဟွာချမ်းမှာ ဒီငြိမ့်ညောင်း ဂီတ ဝက်ဘ်ဆိုက်မှ စတင်ခဲ့ခြင်း ဖြစ်သည်။ နောက်ပိုင်း သူ့ကို နာမည်ကျော် ချန်းကျန် ဂီတက မြေတောင်မြှောက်ပေးခဲ့ပြီး အခုတော့ ဘီအဆင့် အဆိုတော် ဖြစ်နေပါပြီ။ ငြိမ့်ညောင်း ဂီတ ဝက်ဘ်ဆိုက်ထဲက အပျော်တမ်း အဆိုတော် ဘယ်လောက်များများက သူ့ကို ဘယ်လောက် မနာလိုဖြစ်နေကြမလဲ မသိပါ။

ဝမ်ရွှမ်းယန် ကိုယ်တိုင်ကလည်း ဂီတကို ချစ်မြတ်နိုးသူ ဖြစ်သည်။ သို့သော် သူ့အသံက မကောင်းပေ။ နောက်ပိုင်း ဓာတ်ပုံနှင့် အသံဖမ်းခြင်းပညာကိုသာ သင်ယူခဲ့သည်။

သူ့အကောင့်ထဲ ခပ်မြန်မြန် ဝင်လိုက်ပြီး ပလွေတေးသွားကို တင်လိုက်၏။

နာမည်က "စူပါဝိညာဥ်တေးသွား၊ ဘယ်တော့မှ ရိုးမသွားဘူး။"

သူက မန်ဘာဟောင်းတစ်ယောက်ဖြစ်သဖြင့် ပိုစ့်တင်လိုက်သည်နှင့် တစ်ယောက်ယောက်က ဝင်ကြည့်သည်။

စာမျက်နှာကို ထပ်ခါထပ်ခါ Refresh လုပ်ကြည့်နေ၏။

၁၀ မိနစ်ကျော်ကြာသည်အထိ ကောမန့် မတွေ့ရသဖြင့် သူ အနည်းငယ် ကြောင်သွားသည်။ "တခြားသူတွေက မကြိုက်ဘူးလား။"

ဒီလိုနှင့် နောက်ထပ် ၁၀ မိနစ်လောက် Refresh လုပ်လိုက်သည်။ ထို့နောက် နာရီဝက် ပြည့်သွား၏။ သာမန်အခြေအနေဆို ဒီလောက်အချိန်ကြာပြီး View တွေလည်း ရာကျော်နေပြီဖြစ်သဖြင့် ကောမန့် မရှိစရာ အကြောင်း မရှိပါ။

သူ ထပ်ပြီး Refresh လုပ်ကြည့်လိုက်သည်။ ရုတ်တရက် ကောမန့်တစ်ခု ပေါ်လာ၏။

"အရမ်းကောင်းတာပဲ။ အခုဆို နားထောင်နေတာ အကြိမ်ရေ တော်တော်များပြီ။ ဘယ်တော့မှလည်း ရိုးမသွားဘူး။ နားထောင်တာလည်း မရပ်နိုင်တော့ဘူး။ ဒီလောက်ကောင်းတဲ့ ပလွေသံလေးက တကယ်သာယာတာပဲ။ ကျွန်တော့်ကို မျှဝေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။"

ဝမ်ရွှမ်းယန်က ကောမန့်ကို ကြည့်လိုက်ပြီး ပြုံးလိုက်သည်။

"ငါသိပြီ။ ဘယ်သူမှ ကောမန့်မရေးတာ မဟုတ်ဘူး။ နားထောင်တဲ့ သူတွေက မရပ်နိုင်ဘဲ နှစ်ခါသုံးခါလောက် ထပ်ပြီး နားထောင်နေတာကိုး။"

သူ ထပ်ပြီး Refresh လုပ်လိုက်၏။ သေချာပါသည်။ ကောမန့်များ တစ်ခုပြီးတစ်ခု ထပ်ပေါ်လာ၏။ အားလုံးက ချီးကျူးနေကြသည်။

သို့သော်လည်း အသံဖမ်းထားခြင်းက သိပ်မကောင်းဘူးဟု ပြောသူများလည်း ရှိကြသည်။ သာယာသော်လည်း အသံက မရှင်းလင်းပါ။ နှမြောစရာ ကောင်းသည်ဟု ဆို၏။

ဝမ်ရွှမ်းယန်က ချက်ချင်း ပို့စ်တစ်ခု ရေးတင်လိုက်သည်။ သူက ပလွေသံကို မတော်တဆ အသံဖမ်းလိုက်မိခြင်းသာ ဖြစ်ပြီး ပလွေမှုတ်သူက သူမဟုတ်ဘဲ တခြားသူဖြစ်ကြောင်း ပြောလိုက်၏။

ထို့နောက် သူ မျှော်လင့်ထားသည့်အတိုင်း ပို့စ်က ပေါက်သွားသည်။

Viewer အရေအတွက်လည်း တိုးလာပြီး ကောမန့်အရေအတွက်လည်း ထိုနည်းတူစွာ ဖြစ်ပါသည်။

တစ်ညတည်းနှင့် ကောမန့်က ရာကျော်ပြီး မြင့်တက်သွားသည်။

အလွန်အမင်း ရှားပါးသည်။ ဘာပဲဖြစ်ဖြစ် ညသန်းခေါင် အချိန်ကြီး ဖြစ်၏။

ဝမ်ရွှမ်းယန်က အချိန်ကို ကြည့်လိုက်သည်။ မနက်ပင် မိုးလင်းတော့မည်။

ပို့စ်ကို တစ်ညလုံး သူ စောင့်ကြည့်နေခဲ့သည်။

အခုမှ ပင်ပန်းလာသလို ခံစားလိုက်ရ၏။

ထိုအပြင် တခြားသူ့လုပ်ငန်းဖော်များကလည်း အလုပ်လာနေကြပြီ။

ကတ်စတမ်မာတစ်ယောက်၏ ပလွေတေးသွားကို ခွင့်ပြုချက်မရဘဲ သူတင်ထားကြောင်း မသိစေချင်သဖြင့် ချက်ချင်း အကောင့်ထဲက ထွက်ပြီး ဝက်ဘ်ဆိုက်ကို ပိတ်လိုက်သည်။

မနက်ခင်းတွင် ယဲ့ရှောင်ချန်းက သူ့ညီမကို မြန်နှုန်းမြင့် ဘူတာရုံသို့ လိုက်ပို့၏။

"ညီမလေး နင်အချိန်ရရင် ကားမောင်းလိုင်စင်ရအောင် လုပ်သင့်တယ်။"

ယဲ့ရှောင်ချန်းက ရုတ်တရက် ပြောလိုက်သည်။

"ငါမှ မမောင်းရဲတာ"

ယဲ့ယင်က ပြောလိုက်သည်။

"ဘာကို မမောင်းရဲရမှာလဲ။ ကြိုးစားတောင် မကြည့်ရသေးဘဲ ဘယ်လိုလုပ် သိမှာလဲ။ အရင် ကြိုးစားကြည့်စမ်းပါ။"

ယဲ့ရှောင်ချန်းက သူမကို အားပေးလိုက်ပါသည်။

ယဲ့ယင်က ခေါင်းငြိမ့်လိုက်၏။ "ဒါဆို ဝင်တော့မယ်နော်။"

"သွားတော့။ ရောက်ရင် ဖုန်းဆက်ဦးနော်။"

ယဲ့ရှောင်ချန်းက တာ့တာပြလိုက်သည်။

ယဲ့ယင် စစ်ဆေးရေးဂိတ်ကို ကျော်ပြီး နားနေခန်းထဲ ရောက်တဲ့အထိ စောင့်ပြီးမှ သူလှည့်ပြန်လာခဲ့ပါသည်။

သတင်းစာအရောင်းဆိုင် တစ်ခုကို ဖြတ်သွားမိသောအခါ ဒီနေ့ ယန်မြို့တော် မနက်ခင်း သတင်းစာတစ်စောင်အား ယူလိုက်သည်။

ရုတ်တရက် အလွန်အမင်း မျက်စိကျစရာကောင်းသော သတင်းခေါင်းစဥ်က မျက်နှာဖုံးတွင် ပါလာသည်။

"ရှင်းဟုန်အုပ်စုက ချင်းယူအုပ်စုမှာ ရင်းနှီးမြှုပ်နှံဖို့ ၁ ဘီလီယံအထိ တိုးမြှင့်၊ စိုက်ပျိုးရေးလုပ်ငန်းထဲ ဝင်ရောက်ဖို့ စီစဥ်နေ"

အောက်ဘက်က စာတွင် ကျင်းယန်အုပ်စု၏ ဥက္ကဌကြီး ဝမ်ရွှေရှန့်၏ ကောင်းကင်ဘုံကမ္ဘာမြေ စိုက်ပျိုးရေးကုမ္ပဏီတည်ထောင်မှုနှင့် ရှင်းဟုန်အုပ်စု၏ လှုပ်ရှားမှုကြီးတို့က ယန်မြို့တော်၏ စိုက်ပျိုးရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုဟု မြင်နိုင်သည်။ တချိန်တည်းမှာပင် ဘီလူးကြီးနှစ်ကောင်၏ တိုက်ပွဲလည်း ဖြစ်၏။

ယဲ့ရှောင်ချန်း မျက်မှောင်ကြုတ်သွား၏။ ရှင်းဟုန်အုပ်စုရဲ့ ရည်ရွယ်ချက်က ဘာလဲ။

စိတ်ထဲတွင် ထိုသို့ စဥ်းစားပြီး သတင်းစာကို ကားဆီယူသွားကာ ဝမ်ရွှေရှန့်ကို ဖုန်းဆက်လိုက်ပါသည်။

"ငါလည်း အခုလေးတင်ပဲ သိလိုက်တာ။ ချောင်ရှင်းဟုန်က လျှို့ဝှက်ထားတာ တကယ်တော်တာပဲ။ အရင်က ဘာသတင်းမှ မပေါက်ကြားအောင် ထိန်းထားပေမယ့် သူ ဘာတွေလုပ်နေလဲ ငါသိတယ်။ ချင်းယူအုပ်စုက ရှန်းကျွန်းအုပ်စု ထောက်ပံ့ပေးထားတာ။ စိုက်ပျိုးရေးလုပ်ငန်းဖြစ်နေတော့ ရှန်းကျွန်းအုပ်စုက သုတေသနအဖွဲ့အစည်းရဲ့ စပွန်ဆာထဲမှာလည်း ပါတယ်လို့ကြားတယ်။ အခု ချောင်းရှင်းဟုန်က အဲ့ဒီ ရှန်းကျွန်းအုပ်စုနဲ့ ပေါင်းနိုင်ဖို့ ကြံနေတာဖြစ်မယ်။"

ဝမ်ရွှေရှန့်၏ လေသံက တည်တံ့နေသည်။

ရှန်းကျွန်းအုပ်စုက တောင်ပိုင်းဒေသတွင် ပိုင်ဆိုင်မှု ၁၀ ဘီလီယံ ကျော်သည့် ဧရာမကော်ပိုရေးရှင်းကြီးတစ်ခု ဖြစ်သည်။ သူတို့နှင့်ယှဥ်လျှင် ကျင်းယန်အုပ်စုက တစ်ဆင့် နိမ့်ကျပါသည်။

ရှန်းကျွန်းအုပ်စုကလည်း တောင်ပိုင်းဒေသ၏ စိုက်ပျိုးရေးလုပ်ငန်းတွင် မဟာအလားအလာကောင်းကြီးကို မြင်နေတာ သေချာသည်။

ဘာပဲဖြစ်ဖြစ် ရှန်းဟုန်အုပ်စုနဲ့ အလုပ်လုပ်ဖို့ ဘာကြောင့် ရွေးချယ်ကြတာလဲ။

အနည်းငယ် စဥ်းစားစရာ ဖြစ်ပါသည်။

ရှန်းကျွန်းအုပ်စုက ကိုယ်တိုင်ရင်းနှီးမြှုပ်နှံနိုင်သော်လည်း ဘာကြောင့် ရှင်းဟုန်အုပ်စုနဲ့ ပူးပေါင်းချင်ရတာာလဲ။

ယဲ့ရှောင်ချန်း ဖုန်းချလိုက်ပြီး သိပ်ပြီး မစဥ်းစားတော့ပေ။ ဘာပဲဖြစ်ဖြစ် သူတို့ ဘာပဲလုပ်လုပ် သူကတော့ ထိမရသည့် ရာထူးတစ်နေရာတွင် ရှိနေဦးမည်ဖြစ်ပါသည်။

ဝမ်ရွှေရှန့်၏ အစွမ်းအစကို ယုံကြည်ပြီး ဒီကိစ္စကို ကိုင်တွယ်နိုင်ပါလိမ့်မည်။

ယန်မြို့တော်၏ အပင်အသိစိတ် သုတသန အဖွဲ့အစည်းသို့ သူကားမောင်းသွားလိုက်သည်။

ဒီနေ့ အရေးကြီးသည့် သုတေသနတစ်ခုကို သူဆောင်ရွက်တော့မည်ဖြစ်သည်။

All Chapters