← Chapters

အခန်း (၂၂၇) - အပင်စစ်သည်တော်

Vol. 16 Ch. 227

အခန်း (၂၂၇) - အပင်စစ်သည်တော်

Vol. 16 Ch. 227

အခန်း (၂၂၇) - အပင်စစ်သည်တော်

စိုက်ပျိုးရေးခြံတွင်။

ညက ရေလိုအေးစက်လှသည်။

ရာသီဥတုက အလွန်အေးစက်နေသော်လည်း ယဲ့ရှောင်ချန်း ဘာမှမခံစားရပါ။

ညဘက်တွင် ရုံကြီးထဲက ဝါးကုတင်ပေါ် အိပ်စက်နေဆဲဖြစ်ပါသည်။

ရှန်းနုန်မိတ်ဆက် လမ်းညွှန်စာအုပ်ကို ဖတ်ရှုနေ၏။

အခုဆို စာအုပ်ကို အစမှ အဆုံးထိ ဖတ်ကြည့်ပြီးပြီ ဖြစ်သည်။

အရင်တုန်းက သူ့မျက်လုံးကိုသာ အသုံးပြုပြီး ဖတ်ရှုခဲ့သည်။

အခုတော့ ရှန်းနုန်ကျင့်စဥ်များကို ကျင့်ကြံပြီး မှော်စွမ်းအင်များ ထုတ်လုပ်နိုင်ပြီဖြစ်သည်။ ထိုစွမ်းအင်များကို သူ့စိတ်ဝိညာဥ်ဆက်သွယ်ခြင်းပါရမီနှင့် ပေါင်းစပ်ကာ စာအုပ်ကို သူ့အတွေးဖြင့် တိုက်ရိုက်ဆက်သွယ်လိုက်၏။ စာအုပ်ထဲက အချက်အလက်များကို မျက်စိဖြင့်ကြည့်ရသည့် အမြန်နှုန်းထက် အဆ ၁၀၀ လောက်မြန်သည့် နှုန်းဖြင့် တိုက်ရိုက် စုပ်ယူနိုင်ပါသည်။

ဒါက မျက်လုံးဖြင့် မဟုတ်ဘဲ မှတ်သားခြင်းနှင့် တူညီပါသည်။

နေ့တိုင်းတော့ လှန်ကြည့်နေရသေးသည်။

"စိုက်ပျိုးရေးနဲ့ ကျင့်ကြံခြင်းတွေက ရှန်းနုန်စနစ်အတွက် ဖြည့်စွက်မှုတွေပဲ။ ငါစိုက်ပျိုးရေး လုပ်နေတုန်း ငါစိုက်ပျိုးထားတဲ့ အပင်တွေကလည်း ငါ့ကို အကျိုးကျေးဇူးတချို့ ပေးမှာပဲ။ အခုတော့ မမြင်ရသေးပေမယ့် နောက်ပိုင်းကျရင် သေချာပေါက် ပေါ်လာမှာပါ။"

ယဲ့ရှောင်ချန်းက စာအုပ်ကို သိမ်းလိုက်သည်။

သူဖတ်လိုက်သည့် အချက်အလက်တစ်ခုကို ပြန်တွေးကြည့်လိုက်သည်။

ဘယ်လို အကျိုးကျေးဇူးမျိုး ပြန်ရနိုင်မလဲ နားမလည်နိုင်ပေ။ အဘယ့်ကြောင့်ဆိုသော် စာအုပ်ထဲတွင် သီးသန့်မဖော်ပြထားခြင်းကြောင့် ဖြစ်ပါသည်။

မိတ်ဆက်လမ်းညွှန်စာအုပ်ထဲတွင် ရှိနေသဖြင့် ဖြစ်တော့ဖြစ်နိုင်ပါသည်။

"ငါပျင်းလိုက်တာကွာ။ ဘာလုပ်ရင်ကောင်းမလဲ။"

ယဲ့ရှောင်ချန်း စဥ်းစားကြည့်လိုက်သည်။

ပဲစေ့စစ်သည်တော် နှစ်ယောက် ရှိနေပြီဖြစ်သဖြင့် စိုက်ပျိုးရေးခြံကို သူ လုံးဝ စိတ်ပူစရာ မလိုတော့ပေ။

ပုံမှန်ဆို ကျင့်ကြံမည်။ အပင်ဖွံ့ဖြိုးခြင်း နည်းလမ်းကို ကျင့်ကြံမည်။ မိုးသားတိမ်တိုက် ဖန်တီးခြင်းကို ကျင့်ကြံမည်။

"အပင်ဝိညာဥ်ဖန်တီးခြင်းနည်းလမ်းကို စမ်းကြည့်ရင်ကောင်းမလား။"

ယဲ့ရှောင်ချန်း ရင်ခုန်သွား၏။

ဒီလျှို့ဝှက်အင်မော်တယ်နည်းလမ်းကို သူ မကျင့်ကြံရသေးပေ။

အခက်အခဲက အများကြီး ပိုမြင့်သဖြင့် လိုအပ်သည့် မှော်စွမ်းအင်ကလည်း ပိုများပါလိမ့်မည်။

သို့သော်လည်း ရှန်းနုန်စနစ်ကို သူကျင့်ကြံနေတာ ကြာပြီဖြစ်သဖြင့် သူ့မှော်စွမ်းအင်ကလည်း အရင်ကထည်း အများကြီး ပိုအစွမ်းထက်နေပါပြီ။

အပင်ဝိညာဥ်ဖန်တီးခြင်းနည်းလမ်းကို ကျင့်ကြံဖို့ ပြဿနာ မရှိနိုင်လောက်တော့ပါဟု ခံစားမိ၏။

သူသာ အပင်ဝိညာဥ်ဖန်တီးခြင်းကို တတ်မြောက်သွားပါက တိုက်ခိုက်မှုနှင့် ကာကွယ်မှုတို့ကို ပေါင်းစည်းထားသည့် အင်မော်တယ် နည်းလမ်းတစ်ခုကို သူကျွမ်းကျင်နိုင်ပါလိမ့်မည်။

အပင်ဝိညာဥ်ဖန်တီးခြင်းနည်းလမ်းကို စိုက်ပျိုးရေးခြံတွင် မကျင့်ကြံနိုင်ပေ။ အင်မော်တယ်အပင်များနှင့် ဟင်းသီးဟင်းရွက်များကို ပျက်စီးစေနိုင်သောကြောင့်ဖြစ်ပါသည်။

အပင်များ၏ စွမ်းအင်ကို ငှားယူသောအခါ အပင်များကို ထိခိုက်စေ၏။

စိုက်ပျိုးရေးခြံအပြင်ဘက်က တောင်ပေါ်သို့ အမြန်သွားလိုက်၏။

လေအေးများ တိုက်ခတ်နေသည်။

အပင်ဝိညာဥ်/စစ်သည်တော် ဖန်တီးခြင်း ကျင့်စဥ်ပါသည့် တိရိစ္ဆာန်သားရေ စာမျက်နှာအား ယဲ့ရှောင်ချန်း ထုတ်ယူလိုက်ပြီး ရှေ့တွင် ချိတ်ဆွဲလိုက်သည်။

သူ့အမြင်အာရုံကြောင့် မှောင်မိုက်နေလျှင််တောင် နေ့ခင်းကြောင်တောင်ကြီးလို ရှင်းလင်းစွာ မြင်နိုင်ပါသည်။

ဒီအပင်စစ်သည်တော်များက ပဲစေ့စစ်သည်တော်များနှင့် ဆင်တူသည်။ အရင်ဆုံး စိတ်ထဲတွင် စစ်တပ်ကို ပုံရိပ်ဖော်ကာ စုစည်းရသည်။

သို့သော်လည်း အင်မော်တယ်ပဲစေ့စစ်သည်တော် လက်ကွက်က အပင်စစ်သည်တော် လက်ကွက် နှင့်ခြားနားသည်။

ပဲစေ့စစ်သည်တော် လက်ကွက်က အချိန်အကြာကြီး ခံနိုင်သော်လည်း အပင်စစ်သည်တော် လက်ကွက်က အချိန်ခဏလေးသာ ခံသည်။

ထို့ကြောင့်လည်း အပင်ဝိညာဥ် စစ်သည်တော်များက ပိုစွမ်းအားကြီးသည်။

သူ့အာရုံထဲတွင် အဆောင်တစ်ခုကို ပုံရိပ်ဖော်လိုက်၏။ သူ့ဝိညာဥ် ဆက်သွယ်ခြင်း ပါရမီက ရူးချင်စရာကောင်းလောက်အောင် ပွင့်သွားပြီး မှော်စွမ်းအင်က ဒန်တန်ထဲမှ ထိုးထွက်လာခဲ့၏။

ရုတ်တဥ် သူ့ချီစွမ်းအင် ရပ်တန့်သွားပြီး ရင်ထဲတွင်လည်း တင်းကျပ်လာသလို ခံစားလိုက်ရသည်။ အခင်းအကျင်းကို အမြန်ရပ်လိုက်ခါမှ သူပြန်သက်သာသွားလေသည်။

နောက်ထပ် အကြိမ်ကြိမ် ကြိုးစားကြည့်သော်လည်း ထိုနေရာရောက်တိုင်း သူ့ရင်ဘတ်ထဲ တင်းကြပ်မှုတစ်ခုကို ခံစားရသည်။

ပြဿနာ တစ်ခုခုရှိနေတာကို သူသိလိုက်ရပါသည်။

နောက်တစ်ခေါက် သေချာပြန်လေ့လာကြည့်လိုက်၏။

အကြိမ်ကြိမ် ပြန်လည်ပြုပြင်ပြီးနောက် ယဲ့ရှောင်ချန်း နောက်ဆုံးတော့ ယုံကြည်ချက် ပြန်လည် ပြည့်ဝသွားပါသည်။

ရုတ်တရက် ယဲ့ရှောင်ချန်း အသံတိုးတိုးဖြင့် အော်လိုက်ပြီး ခြေကို ဆောင့်နင့်လိုက်သည်။ မြေပေါ်တွင် မိုးကြိုးပစ်လိုက်သလိုဖြစ်ပြီး ယခင်တုန်းက သူ့ရင်ထဲတွင် ပိတ်လှောင်နေသည့် ချီစွမ်းအင်မှာ သူ့အော်သံနှင့်အတူ ပါးစပ်ထဲမှ ထွက်လာ၏။ ချက်ချင်းဆိုသလို သူ့ခန္ဓာကိုယ်က သက်သာသွားသလို ခံစားလိုက်ရပါသည်။

မျက်စိတစ်မှိတ်အချိန်အတွင်း သူ့လက်ဆယ်ချောင်းစလုံး တုန်ယင်လာပြီး အဖြူရောင် အလင်းတန်းများ ထုတ်လွှတ်လိုက်သည်။

ချက်ချင်းဆိုသလို ထိုအဖြူရောင် အလင်းတန်းများက အရွယ်အစားပေါင်းစုံ အပင်များစွာထဲ နစ်ဝင်သွားသည်။

ထိုအပင်များတွင် ပြောင်းလဲမှုတချို့ကို ယဲ့ရှောင်ချန်း မသဲမကွဲ မြင်လိုက်ရသည်။ အရင်ကနှင့် မတူညီကြတော့ပေ။

မယုံကြည်နိုင်စရာ အကောင်းဆုံးက သူ တကယ်ပဲ ထိုအပင်များနှင့် ဆက်နွယ်နိုင်ခဲ့ခြင်းဖြစ်ပါသည်.

ရုတ်တရက် နောက်ထိုင် အခင်းအကျင်းတစ်ခုကို လုပ်လိုက်ပြီး တစ်ခုခုကို ရေရွတ်လိုက်သည်။ ချက်ချင်းဆိုသလို သူ့မြင်ကွင်း ပြောင်းလဲသွားခဲ့သည်။ ထိုအပင်များစွာက စတင်လှုပ်ခါလာသည်။

နောက်ထပ် မယုံကြည်နိုင်စရာ အကောင်းဆုံးက မြေကြီးလည်း အနည်းငယ် တုန်ခါလာသလိုပင်။ ထို့နောက် သစ်မြစ်များက မြေကြီးထဲမှ ထိုးထွက်လာခဲ့သည်။

ယဲ့ရှောင်ချန်း၏ ထိန်းချုပ်မှုအောက်တွင် ထိုအပင်များက အလွန်ထူးခြားသည့် ပြောင်းလဲမှုများ ဖြစ်ပေါ်လာသည်။ ၎င်းတို့၏ ပင်စည်နှင့် ကိုင်းများက နှိုင်းယှဥ်၍ မရနိုင်လောက်အောင် ကြမ်းတမ်းလာ၏။ လိမ်ပတ်ပြီး ရိုက်နှက်နိုင်လာကာ အပင်များ၏ ဂုဏ်သတ္တိနှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေသည်။

ပန်းကန်လုံးအဝ အရွယ်အစားလောက်ရှိသည့် ထင်ရှူးပင်တစ်ပင်က ၎င်း၏ ပင်စည်ကို အလိုလျောက် ၉၀ ဒီဂီရီလောက် ကွေးနိုင်နေသည်ကို ယုံကြည်ဖို့ ခက်ခဲလှပါသည်။

ဒါက အပင်စစ်သည်တော်များ၏ ထူးခြားသည့် အပိုင်းတစ်ခုဖြစ်သည်။ ထိုအပင်များက သာမန်အပင်များမဟုတ်ကြတော့ပါ။ ၎င်းတို့အား ထူးဆန်းသည့် အခင်းအကျင်းများဖြင့် စည်းနှောင်ထားပြီး ၎င်းတို့၏ စွမ်းရည်များအား လှုံ့ဆော်ခံရပြီး အပင်စွမ်းအားများအဖြစ် ပြောင်းလဲသွားတော့သည်။

အချိန်အတော်ကြာသောအခါ ဘေးပတ်လည် သစ်ပင်များလည်း သက်ရောက်မှုရှိလာသည်။ လေပွေတစ်ခုကြောင့် ဖရိုဖရဲ ဖြစ်သွားသလိုပင်။

အပင်တချို့သာ နဂိုအတိုင်း ကျန်ရစ်ခဲ့ပါသည်။

ရုတ်တရက် ယဲ့ရှောင်ချန်း၏ ခန္ဓာကိုယ် လှုပ်ခါသွား၏။ သူ့ခန္ဓာကိုယ်ထဲက မှော်ပညာ ကုန်ဆုံးသွားပြီး အပင်စစ်သည်တော်များကို ဆက်ပြီး ထိန်းမထားနိုင်တော့ပေ။

လျှပ်စီးလက်သည့် အချိန်အတိုင်းအတာ တစ်ခုအတွင်း အပင်များစွာက ပြန်လည် ငြိမ်သက်သွားသည်။ ကွေးနေသည့် ပင်စည်ကြီးများပင် ကွေးနေသည့်အတိုင်းသာ ငြိမ်ကျသွားသည်။ ပြန်မကောင်းနိုင်တော့ပေ။

မြင်ကွင်းတစ်ခုလုံးက ထူးဆန်းလွန်းလှသည်။ ထိုအပင်များက ပုံစံတစ်မျိုးစီ ပြောင်းလဲသွားကြသလိုပင်။

မြေအောက်ထဲမှ ထိုးထွက်လာသည့် သစ်မြစ်များက ဆူးချွန်များလို ဖြစ်နေသည်။

ပိုအရေးကြီးသည်က အပင်စစ်သည်တော်များ၏ အာနိသင် ပျောက်သွားသောအခါ ထိုအပင်များ၏ အရွက်များအားလုံး အဝါရောင် ပြောင်းလဲသွားကာ ပင်စည်များကလည်း အသက်စွမ်းအင်ကို လုံးဝ ဆုံးရှုံးသွားတော့သည်။

ထိုအပင်များစွာ အားလုံး သေဆုံးသွားကြပါပြီ။

၎င်းတို့၏ အသက်စွမ်းအင်ကို အပင်စစ်သည်တော်များက စုပ်ယူသွားသည့်ပုံပင်။ အားလုံးက အပင်စွမ်းအင်များအဖြစ် ပြောင်းလဲသွားကြ၏။

ဆန်းကြယ်လိုက်တဲ့ အခင်းအကျင်းပါလား။

ယဲ့ရှောင်ချန်း ထိုအပင်များ၏ အခြေအနေကို ကြည့်ရင်း ဆွံ့အသွားသည်။ သူဘာလုပ်ရမလဲ။

တစ်ယောက်ယောက်သာ ဒီရောက်လာပြီး ဒီသစ်ပင်များကိုသာ မြင်ပါက လန့်သေသွားလိမ့်မည်။

ဒါက သစ်တော နက်နက်ရှိုင်းရှိုင်းထဲမှာ မဟုတ်ဘဲ ရွာထဲက တောင်တစ်တောင်သာ ဖြစ်သည်။ ထိုတောင်တွင်လည်း ပိုင်ရှင်ရှိသည်။

"ကြည့်ရတာ နောက်တစ်ခေါက် အပင်စစ်သည်တော်ကို ကျင့်ကြံချင်ရင် တောနက်နက်ထဲ သွားရမယ်ထင်တယ်။"

ယဲ့ရှောင်ချန်း ခေါင်းခါလိုက်သည်။

ထိုအပင်စစ်သည်တော်များက သစ်တောများနှင့် သစ်ပင်များကို ဖျက်ဆီးနိုင်သည့် အခင်းအကျင်းတစ်ခုဟု ဆိုနိုင်သည်။ အခင်းအကျင်းကြောင့် သက်ရောက်မှုရှိသွားသည့် အပင်တိုင်းက ပုံစံ ယိုယွင်းပြီး သေဆုံးသွားကြမည် ဖြစ်ပါသည်။

အပင်စစ်သည်တော် နည်းလမ်းကို သူကျွမ်းကျင်ထားရင်တော့ တစ်မျိုးပေါ့။

အဲ့လိုလုပ်နိုင်ဖို့ သူ အဝေးကြီး လိုအပ်နေပါသေးသည်။

"ကြည့်ရတာ နောက်ထပ်နည်းလမ်းတစ်ခု စဥ်းစားရတော့မယ် ထင်တယ်။"

ယဲ့ရှောင်ချန်း သက်ပြင်းချလိုက်သည်။

ဘေးပတ်လည်က သစ်တောတွင် ပိုင်ရှင်ရှိသည်။ ပိုဝေးသည့် သစ်တောများကလည်း ထိုနည်းလည်းကောင်းဖြစ်ပါသည်။

ထိုအချိန်တွင် ယဲ့ရှောင်ချန်း မတတ်နိုင်တော့ဘဲ တောင်အောက်သို့သာ လှည့်ဆင်းလာနိုင်တော့သည်။

ဒီသစ်တောလေးကိုတော့ ဘာမှမလုပ်နိုင်သဖြင့် ဒီတိုင်းပဲ ရှိပါစေတော့။

စိုက်ပျိုးရေးခြံသို့ ပြန်ရောက်သောအခါ ယဲ့ရှောင်ချန်း အင်မော်တယ် မြက်ကွင်းထဲသို့ တန်းသွားခဲ့သည်။

သူ့ထန်ထျန်းထဲက မှော်စွမ်းအင် ပုံဆောင်ခဲက ဗလာကျင်းဖြစ်နေလေပြီ။ ခုနက အင်မော်တယ် အခင်းအကျင်းက သူ့မှော်စွမ်းအင်အားလုံးကို ကုန်ဆုံးသွားစေခဲ့သည်။

ဒါကသူ့ခွန်အား အကုန်သုံးလိုက်သောအခါ ဖြစ်လာသည့် အခြေအနေမျိုးဖြစ်သည်။ အပင်များစွာကို မထိန်းချုပ်နိုင်ပါ။

သူ့မှော်စွမ်းအင်ကို ပြန်လည်ဖြည့်စွက်ပြီးနောက် သူ့မှော်စွမ်းအင်ပမာဏ အများကြီး တိုးမြင့်သွားမှန်း သိလိုက်ရသည်။ အပင်စစ်သည်တော်များအသုံးချခြင်းနှင့် ယှဥ်ကြည့်လျှင် ပျိုးထောင်ခြင်းနှင့် ဖြန့်ဝေခြင်းက အများကြီးပိုကောင်းပါသည်။

သူအံ့အားသင့် ပျော်ရွှင်သွားရသည်။

...

မြူနီစီပယ် စိုက်ပျိုးရေးဌာနတွင် ဖန်းယွမ်တစ်ယောက် အလုပ်လုပ်နေသည်။

ပရိုမိုးရှင်းဌာနမှ စိုက်ပျိုးရေးဌာနသို့ ကူးပြောင်းခွင့် ရရှိခဲ့တာ လဝက်လောက် ကြာပါပြီ။

ထို့အပြင် လက်ထောက်ခေါင်းဆောင် ရာထူးကိုပင် ရထားပြီဖြစ်သည်။

အဖွဲ့အစည်းက သူ့ကို အရေးကြီးသည့် ကိစ္စများကို ယုံကြည်စွာ အပ်နှံထားပါသည်။

လောလောဆယ်တော့ လက်ဖက်ရည်သောက်နေပြီး စာရွက်စာတမ်းများကို ကြည့်နေသည်။ သူအလွန်ဇိမ်ကျနေ၏။

တစ်ခါတစ်ရံ သူအလုပ်လုပ်ရသည့် ဌာနက အလွန်အလုပ်အားသည်။ အလုပ်အားလွန်းသဖြင့် နေ့တိုင်း ရုံးခန်းထဲတွင် ထိုင်နေရုံသာရှိသည်။

အလုပ်များလျှင်တော့ နားဖို့ ၁၅ မိနစ်ပင်မရပါ။

အခုက အနားယူဖို့ အချိန် ဖြစ်သည်။

ရုတ်တရက် သူ့ဖုန်းသံမြည်လာခဲ့၏။ ဖွင့်ကြည့်လိုက်သောအခါ သူ့မိန်းမ ဟွမ်ချီချီထံမှ မက်ဆေ့ချ်တစ်ခုဖြစ်သည်ကို မြင်လိုက်ရပါသည်။

"အရမ်းကောင်းတဲ့တေးသွားလေး။ ကျွန်မ အချစ်ဆုံး သူငယ်ချင်း လာပြထားတာလေ။"

ဝက်ဘ်ဆိုက် လိပ်စာတစ်ခုလည်း ပါဝင်နေပါသည်။

All Chapters