← Chapters

အခန်း (၂၂၈) - လျှို့ဝှက်ဆန်းကြယ်ဖြစ်ရပ်

Vol. 16 Ch. 228

အခန်း (၂၂၈) - လျှို့ဝှက်ဆန်းကြယ်ဖြစ်ရပ်

Vol. 16 Ch. 228

အခန်း (၂၂၈) - လျှို့ဝှက်ဆန်းကြယ်ဖြစ်ရပ်

သူ့မိန်းမက သီချင်းနားထောင်ရတာကို သဘောကျပြီး နာမည်ကြီးတစ်ယောက်၏ အမာခံ ပရိတ်သတ်ဖြစ်ကြောင်း ဖန်းယွမ် သိသည်။

သူက ဂီတကို စိတ်မဝင်စားပါ။ ဂီတကို မခံစားနိုင်သူ မဟုတ်သော်လည်း အနည်းဆုံးတော့ သာမန်အဆင့် ဖြစ်ပါသည်။

သို့သော်လည်း သူ့မိန်းမက ဂီတကို သဘောကျသည်။ သူ နားမထောင်ဘဲ နေနိုင်ပါဦးမလား။

ချက်ချင်းဆိုသလို ဝက်ဘ်ဆိုက်ကို နှိပ်လိုက်သည်။ သို့သော် စာရင်းသွင်းရမည်ဖြစ်ကြောင်း မြင်လိုက်ရ၏။

"ဘယ်လို ဆိုးဝါးလိုက်တဲ့ ဝက်ဘ်ဆိုက်မျိုးလဲ။ စာရင်းသွင်းရဦးမယ်။ အလုပ်ရှုပ်လိုက်တာကွာ။"

ဖန်းယွမ်က ရေရွတ်လိုက်သည်။

သို့သော်လည်း သူ စာရင်းသွင်းလိုက်ပါသည်။ အလုပ်ဆင်း၍ သူ စာရင်းမသွင်းရသေးမှန်း သူ့မိန်းမ သိသွားပါက နားမထောင်ရသေးသည့်သဘော မသက်ရောက်သွားနိုင်ဘူးလား။ ဒါဆို သေချာပေါက် ကီးဘုတ်ပေါ် ဒူးထောက်ရတော့မည်။

ဟွမ်ချီချီ၏ နူးညံ့ပြီး ဣန္ဒြေရှိသော ပုံစံဖြင့် သူအလှည့်စားခံခဲ့ရသည့်အကြောင်း ပြန်စဥ်းစားမိသည်။ သူတို့ လက်ထပ်ပြီးနောက် သူမက လုံးဝ ပြောင်းလဲသွားပြီး ကြောက်စရာကောင်းလာပါသည်။

အခုတော့ ဖန်းယွမ်တစ်ယောက် မိန်းမကြောက်ရသူတစ်ဦး ဖြစ်လာခဲ့လေပြီ။

အခက်အခဲများစွာဖြင့် စာရင်းသွင်းပြီးသွားသောအခါ အလွန်ကောင်းလှသည်ဆိုသော ထိုတေးသွားကို နောက်ဆုံးတော့ သူ နားထောင်နိုင်ခဲ့လေပြီ။

သို့သော်လည်း တေးသွားကို ဖွင့်လိုက်သောအခါ သူ့မျက်နှာ ချက်ချင်း ပြောင်းလဲသွား၏။

တံခါးအပြင်ဘက်တွင် စည်းကမ်းထိန်းသိမ်းစစ်ဆေးရေးတာဝန်ရှိသူ ကော်မတီအဖွဲ့ဝင်တစ်ဦးက တံခါးကို ဖြည်းညင်းစွာ ဖွင့်ရင်း အထဲက အခြေအနေကို စစ်ဆေးဖို့ ပြင်လိုက်၏။

ရုတ်တရက် သူ ရပ်တန့်သွားပြီး အာရုံစူးစိုက်စွာ နားထောင်လိုက်သည်။

အချိန်အတော်ကြာသောအခါ ပလွေသံ ရုတ်တရက် ပျောက်ကွယ်သွားလေသည်။

စည်းကမ်းထိန်းသိမ်းစစ်ဆေးရေး ကော်မတီအဖွဲ့ဝင်က အမြန်ဝင်သွား၏။

ဖန်းယွမ်က မျက်လုံးကို မှေးရင်း မျက်နှာကလည်း ဇိမ်ခံမှုအပြည့်နှင့် အရမ်း စိတ်ကျေနပ်နေပါသည်။ သူ့မိန်းမ ညွှန်းပေးသည့် တေးသွားက တကယ်ကောင်းမွန်ပါသည်။

သူ ထပ်ပြီး ဖွင့်ဖို့ပြင်လိုက်စဥ် ရုတ်တရက် ခပ်မြန်မြန် လှမ်းလာသည့် ခြေသံများကို ကြားလိုက်ရသည်။

သူ လှည့်ကြည့်လိုက်သောအခါ တံခါးပွင့်သွားပြီး လူတစ်ယောက် အမြန်ဝင်လာသည်ကို မြင်လိုက်ရသည်။

သူ ထိတ်လန့်သွားကာ ဖုန်းကို အမြန်သိမ်းလိုက်၏။

ဒီလိုအခြေအနေမျိုး မကြာခဏ ဖြစ်တတ်သည်ကို သူသိထားသောကြောင့်ပင်။

အလုပ်နှင့်မသက်ဆိုင်သည့် အရာတစ်ခုခုကို သူ လုပ်နေကြောင်း တွေ့သွားပါက အပြစ်ပေးခံရလိမ့်မည်။

သူက ဌာနဒါရိုက်တာ ဖြစ်လာတာ တစ်လတောင် မရှိသေးသော လူသစ်တစ်ယောက်ဖြစ်၏။ သူ့ရာထူးက ရာနှုန်းပြည့်မတည်ငြိမ်သေးပါ။ စည်းကမ်းစစ်ဆေးရေးကြောင့် အပြစ်ပေးခံလိုက်ရပါက ဟာသဖြစ်သွားပါလိမ့်မည်။

"ရှောင်ဖန်း။ ခုနက ပလွေသံက ဘယ်က အသံလဲ။"

ထိုလူက အမြန်မေးလိုက်၏။

ဒီလူကြီးကို မြင်လိုက်ရကတည်းက အခြေအနေတွေ မကောင်းတော့မှန်း ဖန်းယွမ် သိလိုက်ရသည်။

အဘယ့်ကြောင့်ဆိုသော် ဒီလူကြီးကို မျက်နှာမည်း နတ်ဘုရားကြီးဟု လူသိများကြ၏။ ဝန်ထမ်းတော်တော်များများက ဒီလူကြီး၏ လက်ထဲတွင် အပြစ်ပေးခံခဲ့ကြရသည်။

"ဒါရိုက်တာလီ ဟိုလေ..."

ဖန်းယွမ် ကြက်သေ သေသွား၏။ သူ ဘာကို ဆိုလိုသနည်း။

"ခုနက ငါကြားလိုက်တဲ့ ပလွေသံက အရမ်း ကောင်းတာပဲ။ ဘယ်သူမှုတ်နေတာလဲ။"

မျက်နှာမည်း နတ်ဘုရားကြီး ဒါရိုက်တာလီက စိတ်အားထက်သန်စွာ မေးလိုက်ပါသည်။

ဒါရိုက်တာလီ၏ စိတ်မရှည်သော မျက်နှာထားကို ဖန်းယွမ် မြင်တော့ ဘာတွေဖြစ်နေသလဲဆိုတာ ချက်ချင်း နားလည်လိုက်ပါသည်။

သူ့ရင်ထဲတွင် ကံကောင်းသလို ခံစားသွားရ၏။ ကြည့်ရတာ ဒီကပ်ဘေးကိုတော့ ကျော်နိုင်တော့မည်ထင်သည်။ ချက်ချင်းဆိုသလိုပဲ ဖုန်းကို ဒါရိုက်တာလီဆီ ပေးလိုက်ပြီး ပြောလိုက်၏။ "ဒါရိုက်တာလီ ဒီဝက်ဘ်ဆိုက်က တေးသွားလေးတစ်ပုဒ်ပါ။ ကျွန်တော်အ ခုလေးတင် နားထောင်လိုက်တဲ့ဟာလေ။"

ဒါရိုက်တာလီက ထိုတေးသွားကို နှိပ်ကာ ပြန်ဖွင့်လိုက်ပါသည်။

ရုတ်တရက် ရှင်းလင်းပြီး လှပသော ပလွေသံတစ်ခု ရုံးခန်းထဲတွင် ထွက်ပေါ်လာပြန်သည်။

ဒါရိုက်တာလီက ထိုင်ချလိုက်ပြီး ယစ်မူးနေသော မျက်နှာထားဖြင့် နားထောင်နေလေပြီ။

မျက်နှာကလည်း သဘောကျသော မျက်နှာမျိုး ဖြစ်နေသည်။

ဖန်းယွမ်လည်း ထိုနည်းလည်းကောင်း ဖြစ်သည်။

အကြိမ်ပေါင်းများစွာ ပြန်ဖွင့်ပြီးတာတောင် ဒါရိုက်တာလီ မရိုးနိုင်သေးပါ။

"ဒီလောက်လှပတဲ့ ပလွေသံ ရှိမယ်လို့ မထင်ထားဘူး။ ရှောင်ဖန်း။ ဒီURLကို ငါ့ဝီချက်ဆီ ပို့ပေးလိုက်ကွာ။"

ဒါရိုက်တာလီက အံ့အားသင့်စွာ ပြောလိုက်ပါသည်။

"ဟုတ်ပါပြီ ဒါရိုက်တာလီ။ ခင်ဗျားရဲ့ ဝီချက်နံပါတ်က ဘယ်လောက်လဲ။"

ဖန်းယွမ်က အမြန်မေးမြန်းလိုက်၏။

ဒါရိုက်တာလီက ချက်ချင်း ပြန်ဖြေလိုက်သည်။ ဖန်းယွမ် ဒါရိုက်တာလီကို ချက်ချင်း Add လိုက်ပြီး ဝက်ဘ်ဆိုက်လိပ်စာကို ပေးလိုက်ပါသည်။

ဒါရိုက်တာလီ ထွက်သွားပြီးနောက် ဖန်းယွမ် တိုးတိုးတိတ်တိတ် ကံကောင်းသွားသလို ခံစားလိုက်ရပါသည်။

ဒါရိုက်တာလီသာ ဒီတေးသွားကို မကြိုက်ပါက မျက်နှာမည်း နတ်ဘုရားကြီး၏ ခွကျသော စရိုက်မျိုးနှင့်ဆိုလျှင် သူ လွတ်လမ်းရှိမည် မဟုတ်ပါ။

သူ ထိုတေးသွားကို ထပ်နားထောင်ချင်သော်လည်း ကိုယ့်ကိုယ်ကို ပြန်ထိန်းလိုက်ရပါတော့သည်။

...

ညနေခင်းတွင်။

ယဲ့ရှောင်ချန်းက အိမ်မှာ ညစာစားနေသည်။

ရုတ်တရက် သူ့အမေက ပြောလိုက်၏။ "လီကျစ်ယင် တောင်ပေါ်မှာ ထူးဆန်းတာ တစ်ခုခု ဖြစ်နေတယ်လို့ အဘိုးဝူဆီက ဒီနေ့ကြားခဲ့ရတယ်။"

"ဘာထူးဆန်းတာလဲ။"

သူ့အဖေက စိတ်ဝင်စားစွာ မေးလိုက်သည်။

"တောင်ပေါ်က သစ်ပင်တွေရဲ့ ပုံစံက ထူးဆန်းတဲ့ ပုံစံတွေ ဖြစ်သွားပြီး အကုန်လုံး သေကုန်ကြပြီ။ တချို့သစ်ပင်တွေဆိုရင် ပျက်တောင် ပျက်စီးကုန်ကြပြီ။"

သူ့အမေက ပြောလိုက်၏။ "လီကျစ်ယင် ပိုင်ရှင်က တောင်ပေါ်တက်ပြီး သစ်ပင်သွားခုတ်တော့ တွေ့ခဲ့တာ။ သူ သေမလိုတောင် ကြောက်သွားတယ်။ မနက်ဖြန်မနက်ကျရင် ပူဇော်ပသကြမယ်တဲ့။ အဲ့ကိုလူတွေ တော်တော်များများ သွားကြည့်ကုန်ကြပြီလို့ ကြားတယ်။"

"အဲ့လိုဟာမျိုး တကယ်ရှိလို့လားဟ။ မနက်ဖြန် သွားကြည့်ရအောင်။"

သူ့အဖေက ဒီလိုထူးထူးဆန်းဆန်း ကိစ္စများကို အလွန်စိတ်ဝင်စားပါသည်။

ယဲ့ရှောင်ချန်း ထိုအကြောင်း ကြားသောအခါ သူ့မျက်လုံးများ ဂနာမငြိမ်ဖြစ်သွား၏။ သူ့အပင် စစ်သည်တော် နည်းလမ်းကြောင့် ဖြစ်တည်သွားခဲ့သည့် ထူးဆန်းသည့် သစ်တောကြီးကို လူတွေသိသွားကြပြီဖြစ်ကြောင်း မြင်လိုက်ရ၏။

သို့သော်လည်း လုံးဝ ထုတ်မပြောပါ။ အဲဒီအစား စိတ်ဝင်စားစွာ မေးကြည့်လိုက်သည်။

သူ့အမေက ထူးဆန်းသည့် စကားများပြော၏။ သစ်တောထဲမှာ ယင်ဝိညာဉ်တွေ ရှိနေတယ်တဲ့...

ယဲ့ရှောင်ချန်း နှာခေါင်းကို ပွတ်လိုက်သည်။ ကြည့်ရတာ ဒီလိုလုပ်လိုက်ခြင်းအားဖြင့် ဆန်းကြယ်သည့် မတော်တဆမှုတစ်ခုကို သူ ဖန်တီးလိုက်မိသည်ထင်သည်။

နောက်တစ်နေ့မနက်စောစောတွငင် ယဲ့ရှောင်ချန်း၊ သူ့မိဘနှစ်ပါး၊ ဒေါ်လေးဟွေ့နှင့် ပထမ ဒေါ်လေးတို့က လီယုယင်၏အိမ်ရှိသော တောင်ပေါ်သို့ သွားခဲ့ကြသည်။

၎င်းတို့သာ မကသေးဘဲ လမ်းတွင် တခြားသူများကိုလည်း တွေ့ကြသေးသည်။ အားလုံးက ထူးဆန်းသည့် သစ်တောကြီးကို သွားကြည့်ကြခြင်း ဖြစ်သည်။

သူတို့ တောင်ခြေကို ရောက်သောအခါ ဒီနေရာကြီး၏ နာမည်ကြီးမှုကို သူ အထင်သေးခဲ့မိသည်ဟု ယဲ့ရှောင်ချန်း ခံစားလိုက်ရသည်။ လမ်းတွင် မော်တော်ဆိုင်ကယ်မျိုးစုံနှင့် ကားတချို့ဖြင့် ပြည့်နှက်နေသည်ကို မြင်လိုက်ရသောကြောင့်ပင်။

အားလုံးက ထူးဆန်းသည့် သစ်တောကြီးကို ကြည့်ဖို့ ရောက်လာကြခြင်း ဖြစ်သည်။

တောင်ကြီးက အလွန်စည်ကားလှသည်။ အနည်းဆုံး လူတွေ ရာချီပြီးရှိနေ၏။

ထူးဆန်းသည့် သစ်တောကြီးထဲတွင် ထူးဆန်းသည့် ပုံစံဖြင့် သစ်ပင်သေများနှင့် မြေကြီးထဲက ထိုးထွက်နေသည့် အမြစ်များမှာ အလွန်ထူးဆန်းလှသည်။

လီယုယင်၏ မိသားစုကတော့ အမွှေးတိုင်များထွန်း၊ ငွေစက္ကူများ မီးရှို့ပြီး ပစ္စည်းမျိုးစုံဖြင့် ပူဇော်ဆက်သနေ၏။ သူတို့ ဒီနေရာကို ကိုးကွယ်ကြတော့မည်ထင်သည်။

ယဲ့ရှောင်ချန်းတစ်ယောက် ချွေးများ တစ်ပေါက်ပေါက် ကျဆင်းသွား၏။

ဒါ သူ့ကို ကိုးကွယ်နေကြတာနဲ့ မတူဘူးလား။

နေ့လည်ခင်းတွင် ယဲ့ရှောင်ချန်း ယန်မြို့တော်မှ ပြန်လာ၏။ တောင်ခြေတွင် မနက်ကထက် မော်တော်ဆိုင်ကယ်များနှင့် ကားများ ပိုများနေသည်ကို မြင်လိုက်ရသောအခါ ရယ်ရခက် ငိုရခက် ဖြစ်သွားရပါသည်။

ကြည့်ရတာ ဒီကိစ္စ ရပ်တန့်ဖို့ အချိန်အတော်ကြာဦးမည်ထင်သည်။

ကံမကောင်းစွာဖြင့် ဒီကိစ္စ ဘယ်အချိန် ရပ်သွားမလဲ သူ မသိပါ။ ပို၍ပင် ဆိုးလာနိုင်သည်။

ညပိုင်းတွင်။

ယဲ့ရှောင်ချန်းက ဝမ်ရှင်းယီနှင့် ဗီဒီယိုကော ပြောနေ၏။

ဝမ်ရှင်းယီ နားကြားပြီး စကားပြောနိုင်လာကတည်းက သူတို့နှစ်ဦးကြား ဆက်သွယ်ရေးမှာ အများကြီး ပိုမို လွယ်ကူလာခဲ့ပါသည်။

နာရီဝက်ခန့် စကားပြောပြီးကြပြီးနောက် ယဲ့ရှောင်ချန်း ဝီချက်ကိုပိတ်လိုက်ပြီး ရှန်းနုန်စနစ် မိတ်ဆက်လမ်းညွှန်ကို ဖတ်ဖို့ ပြင်လိုက်သည်။

အရင်နှစ်ရက်လောက်အထိ အပင်စစ်သည်တော်ကျင့်စဥ်ကို မကျင့်ကြံခဲ့ပါ။

သူ ဘယ်လို ကျင့်ကြံရမလဲ မသိသောကြောင့် ဖြစ်သည်။

သူ ဖန်တီးခဲ့သည့် သဘာဝလွန် သစ်တောကြီးက အာရုံစိုက်မှုများစွာ ရနေသည်။ ကောင်တီမြို့၏ သစ်တောဌာနကပင် စုံစမ်းစစ်ဆေးဖို့ လူများလွှတ်နေကြသည်ဟု ပြောကြသည်။

ရုတ်တရက် သူ့ဖုန်းသံမြည်လာသည်။

ဝီချက်က ဖြစ်သည်။

သူ အမြန် ယူကြည့်လိုက်သောအခါ ဖန်းယွမ်ထံမှ ဖြစ်ကြောင်း မြင်လိုက်ရ၏။

ဖန်းယွမ်က သူ့ကို ဝက်ဘ်ဆိုက်လိပ်စာတစ်ခု ပို့ထားခြင်း ဖြစ်သည်။

"တကယ်ကောင်းတဲ့ တေးသွားလေးကွ။ ငါမင်းကို လာပို့ပေးတာ။"

ယဲ့ရှောင်ချန်း ခေါင်းခါလိုက်သည်။ ဒီကောင် ဘယ်တုန်းက သီချင်းနားထောင်ရတာကို ကြိုက်သွားတာလဲ။

သူက ယဲ့ရှောင်ချန်းနဲ့ အတူတူပဲမဟုတ်ဘူးလား။ သူလည်း ဂီတကို စိတ်မဝင်စားဘူး မဟုတ်လား။

ယဲ့ရှောင်ချန်း ဖွင့်မကြည့်ဘဲ ဖုန်းကို ဘေးနား ပစ်ချထားလိုက်သည်။

၁၀ မိနစ်လောက်ကြာသောအခါ ဝီချက်မှ အသံထပ်မြည်လာ၏။ ဖန်းယွမ်ထံကပဲ ဖြစ်သည်။

"နားထောင်ပြီးပြီလား။ ကောင်းရဲ့လား။"

ယဲ့ရှောင်ချန်း မျက်စပြစ်လိုက်သည်။ အဲ့လောက်တောင် ကော်ငးလို့လား။

သူ တကယ် နားထောင်ရပါတော့မည်၊။

သူ ဝက်ဘ်ဆိုက်ကို အမြန်ဖွင့်ကြည့်လိုက်သည်။

"လခွမ်း ငါစာရင်းသွင်းရဦးမယ်ဟ။"

ယဲ့ရှောင်ချန်း ဆွံ့အသွားပါသည်။

အလုပ်ရှုပ်သည်ဟု ထင်ကာ ဖုန်းကိုပြန်သိမ်းထားလိုက်ပြန်သည်။

"မင်း စာရင်းသွင်းရမယ်နော်။ မင်း နားမထောင်ရင် တစ်သက်လုံး နောင်တရသွားလိမ့်မယ်။"

ဖန်းယွမ်က နောက်ထပ် မက်ဆေ့ချ်တစ်ခု ပို့လိုက်ပြန်သည်။

"အဲ့လောက်တောင် ကောင်းလို့လားကွာ။"

ယဲ့ရှောင်ချန်းက စာပြန်လိုက်၏။

"ဒီလောက်ကောင်းတဲ့ တေးသွားမျိုး မင်းကြားဖူးမှာ မဟုတ်ဘူး။ ငါ့ကိုယုံစမ်းပါကွာ။ မြန်မြန် စာရင်းသွားလိုက်။ နားထောင်လို့ကို ဆုံးမှာမဟုတ်ဘူး။"

ဖန်းယွမ်က သူ့ကို စာအရှည်ကြီး ပို့ပေးလိုက်၏။

ယဲ့ရှောင်ချန်း မဲ့ပြုံးပြုံးလိုက်ပြီး ရွေးချယ်စရာမရှိတော့ဘဲ စာရင်းသွင်းလိုက်ရတော့၏။ ထို့နောက် သီချင်းဖိုင်ကို ဖွင့်လိုက်သည်။

ဖုန်းထဲက သာယာလှပသည့် ပလွေသံတစ်ခု ထွက်လာသောအခါ ယဲ့ရှောင်ချန်း ကြက်သေ သေသွားရတော့သည်။

လခွမ်း ဘာလဲဟ။

All Chapters