← Chapters

အခန်း (၂၃၀) - တောင်ပေါ်ဘုရားကျောင်း

Vol. 16 Ch. 230

အခန်း (၂၃၀) - တောင်ပေါ်ဘုရားကျောင်း

Vol. 16 Ch. 230

အခန်း (၂၃၀) - တောင်ပေါ်ဘုရားကျောင်း

ညဘက်တွင်။

ယဲ့ရှောင်ချန်းက မုန်လာဥဖြူ နောက်ထပ် တစ်သုတ်ကို တန်ဖိုးဖြတ်နေ၏။

အင်မော်တယ် လယ်ကွက်များ အဆင့် ၂ တင်ပြီးကတည်းက အင်မော်တယ်အပင်များ၏ ဖွံ့ဖြိုးနှုန်း အများကြီး တိုးမြင့်လာခဲ့သည်။

ဒီအင်မော်တယ် မုန်လာဥဖြူ တစ်သုတ်ကို ထောင်ဖန်းကျာက တူးဆွပေးထားခြင်း ဖြစ်၏။

ပဲစေ့စစ်သည်တော်များ ရှိနေသဖြင့် ယဲ့ရှောင်ချန်း တစ်ယောက်တည်း ဘာမှလုပ်စရာမလိုတော့ပါ။

"အင်း... အခုငါ့မှာ အင်မော်တယ် စပျစ်သီးတစ်သုတ်၊ အင်မော်တယ်မြက်ပင်၊ အဝါရောင် အင်မော်တယ်ပဲစေ့၊ အင်မော်တယ် စပါးစေ့တွေ၊ ပြီးတော့ အဝါရောင် အင်မော်တယ်ပဲပင်နဲ့ အနီရောင်အင်မော်တယ်ပဲပင် နောက်ထပ်နှစ်သုတ်ကလည်း ရင့်မှည့်တော့မယ်။"

ယဲ့ရှောင်ချန်း စိတ်ထဲတွင် တွက်ချက်ကြည့်လိုက်၏။

ကံမကောင်းစွာဖြင့် ထိုအင်မော်တယ်အပင်များက စက်ဝိုင်းပုံစံကွက် ၁၀ ကွက်တွင်သာ ရပ်တန့်နေပြီး အဆင့်နိမ့် အရည်အသွေးကို မရောက်နိုင်ကြသေးပါ။

ဒါက ပုလင်းဝအနား ရောက်နေသလို ဖြစ်သည်။

အင်မော်တယ် စိုက်ပျိုးရေး သခင်တစ်ယောက် ဖြစ်လာခါနီးမှ အင်မော်တယ် စိုက်ပျိုးရေးသမား ဘယ်လောက်တောင် ရပ်တန့်ခဲ့ရပြီး တစ်ဘဝလုံး မရောက်နိုင်ခဲ့မှန်း မသိပါ။

သို့သော်လည်း ယဲ့ရှောင်ချန်းက ရှန်းနုန်တစ်ယောက် ဖြစ်၏။ ဒီပုလင်းဝက တည်ရှိနေသော်လည်း မခက်ခဲပါ။ နောက်ထပ် အကြိမ် နည်းနည်းလောက် စိုက်ပျိုးလိုက်ပါက သူ ကျော်လွန်နိုင်ပါလိမ့်မည်။

ချွတ်ယွင်းအဆင့် အင်မော်တယ်အပင်များ၏ အကန့်အသတ်နားကို သူ ပိုပိုပြီး နီးကပ်လာပြီဖြစ်သည်။ ထိုစည်းကို ကျော်နိုင်လျှင် အဆင့်နိမ့်လောကထဲ ဝင်နိုင်ပါလိမ့်မည်။

လွတ်နေသည့် အင်မော်တယ်မြေကွက် နှစ်ကွက်တွင် တစ်ကွက်ကို အင်မော်တယ် မုန်လာဥဖြူများ စိုက်ပျိုးပြီး နောက်တစ်ကွက်ကိုတော့  ဘာမှ မစိုက်ဖို့ စီစဥ်ထားသည်။

သူ့အမြင်တွင် အင်မော်တယ်မြေကွက် နှစ်ကွက်စလုံးတွင် မုန်လာဥဖြူများ စိုက်ပျိုးပါကလည်း အင်မော်တယ်ယွမ် သိပ်ပြီး များများစားစား ရနိုင်မည်မဟုတ်ပေ။

အဆင့်မြင့် အင်မော်တယ်အပင်များ ပြောင်းစိုက်ဖို့ စီစဥ်ထား၏။

အင်မော်တယ် ဖရဲသီး။

ဒါက အဝါရောင်အတန်းအစား အဆင့်လေး အင်မော်တယ် သစ်သီးဝလံမျိုး ဖြစ်ပါသည်။

ဒီတစ်ခေါက်သုံးသည့် အင်မော်တယ် မုန်လာဥဖြူ မျိုးစေ့များက စတိုးဆိုင်မှ ဝယ်ထားခြင်းမဟုတ်ဘဲ ကိုယ်တိုင်ပျိုးထောင်ထားသည့် ဒုတိယမျိုးဆက် အင်မော်တယ် မျိုးစေ့များ ဖြစ်ပေသည်။

အင်မော်တယ် ဖရဲသီးမျိုးစေ့များကိုတော့ စတိုးဆိုင်တွင်သာ ဝယ်ယူနိုင်သည်။

အင်မော်တယ် မျိုးစေ့သုံးခုကို  မျိုးစေ့ အားတိုးဆေးရည်ထဲတွင် စိမ်နေစဥ် သူ့ ရှန်းနုန်စနစ်က ရုတ်တရက် မြည်လာခဲ့၏။

ရှန်းနုန်စနစ်ကို ဆင့်ခေါ်ပြီး ဖွင့်ကြည့်လိုက်သောအခါ မိတ်ဆွေစာရင်းထဲတွင် တစ်ယောက်ယောက်က သူ့ကို မက်ဆေ့ချ်ပို့ထားမှန်း မြင်လိုက်ရ၏။

အမြန်ဖွင့်ကြည့်လိုက်သောအခါ ထိုက်ရှန်း လောင်ကျစ်က သူ့ထံ စာပို့ထားမှန်း မြင်လိုက်ရ၏။

"တာအိုပညာရှင် မိတ်ဆွေ ယဲ့ရှောင်ချန်း။ ဒီကျိုးနွံတဲ့ တာအိုပညာရှင်အတွက် အထူးဆေးဝါးပင်တစ်မျိုးကို စိုက်ပျိုးပေးစေချင်တယ်။"

"အကြီးအကဲ လောင်ကျစ်။ ကျွန်တော် လောလောဆယ် ချွတ်ယွင်းအဆင့် အင်မော်တယ်အပင်တွေပဲ စိုက်ပျိုးနိုင်ပါသေးတယ်။ အဲ့တာကြောင့် အကြီးအကဲရဲ့ လိုအပ်ချက်တွေကို မပြည့်မှီနိုင်မှာ စိုးရွံ့မိပါတယ်။"

ယဲ့ရှောင်ချန်းက အမြန်စာပြန်လိုက်၏။

ထိုက်ရှန်းလောင်ကျစ်၏ အဆင့်မျိုးနှင့်ဆို သူလိုအပ်မည့် အင်မော်တယ် ဆေးပင် အဆင့်က အလွန်မြင့်မားပေလိမ့်မည်။ ယဲ့ရှောင်ချန်း လောလောဆယ် စိုက်ပျိုးဖို့ အစွမ်းအစ မရှိသေးပေ။

"တာအိုပညာရှင် မိတ်ဆွေ ယဲ့။ ငါစိုက်ပျိုးချင်တဲ့ အင်မော်တယ်အပင်က အဆင့်မြင့်တာ မဟုတ်ပါဘူး။ အဝါရောင်အတန်းအစား အဆင့်ခြောက်ဆေးပင်ဖြစ်တဲ့ ဝိညာဥ်ပုံသေပန်းပါ။ အဆင့်နိမ့် အရည်အသွေးရှိရင် အင်မော်တယ်ယွမ် ၆၀၀ သို့မဟုတ် အဲ့ထက် ပိုများတဲ့ ပမာဏနဲ့ ဝယ်ယူပါ့မယ်။ အရေအတွက်လည်း အကန့်အသတ်မရှိဘူး။ မင်းမှာ ရှိသမျှ အကုန်ဝယ်မယ်။"

ထိုက်ရှန်းလောင်ကျစ်က စာပြန်သည်။

ယဲ့ရှောင်ချန်း၏ မျက်လုံးများ ဝိုင်းစက်သွား၏။ အလွန်မြင့်မားသော စျေးဖြစ်ပါသည်။

လေအမျိုးအစား အင်မော်တယ်မြက်ပင်က အဝါရောင်အတန်းအစား အဆင့်ခုနစ် အင်မော်တယ် ဆေးပင်မျိုး ဖြစ်ပြီး အင်မော်တယ်ယွမ် ၃၀၀ အောက် တန်ဖိုးရှိသည်။

ယွမ် ၃၀၀ ထက်ပင် ပိုများပါသည်။

အမှန်ပင်။ ဒါက သူ့ရဲ့ သန့်စင်မှုပါရမီနှင့် ပတ်သတ်နေတာကိုလည်း ယဲ့ရှောင်ချန်းသိပါသည်။

သို့သော်လည်း စျေးနှုန်းက စတိုးဆိုင်တွင် တင်ရောင်းသည်ထက် သေချာပေါက် အလွန် များပြားပါလိမ့်မည်။

သေချာပေါက် အကျိုးအမြတ်ကြီးသော စီးပွားရေးတစ်ခု ဖြစ်သည်။

ယဲ့ရှောင်ချန်း ရင်ထဲတွင် တွက်ချက်ကြည့်လိုက်၏။ သူ  အပင် ၁၀၀ လောက် စိုက်ပျိုးနိုင်ပါက အနည်းဆုံး ယွမ်သောင်းချီပြီး ရနိုင်ပါလိမ့်မည်။

သို့သော်လည်း လောလောဆယ် အင်မော်တယ်မြေကွက် မရှိသေးပါ။

နောက်တစ်ခေါက် လေလံပွဲစသည့်အချိန်ရောက်လျှင် အင်မော်တယ်မြေကွက်များ ပြန်အားလပ်လာနိုင်ပါသည်။

ထိုသို့စဥ်းစားပြီးနောက် သူ ချက်ချင်း လက်ခံလိုက်၏။

အဆင့်နိမ့် ဝိညာဥ်ပုံသေပန်းကို စိုက်ပျိုးနိုင်လိမ့်မည်ဟု သူ့ကိုယ်သူ အပြည့်အဝ ယုံကြည်ထားပါသည်။

ချက်ချင်းဆိုသလို ယဲ့ရှောင်ချန်းက ထိုက်ရှန်း လောင်ကျစ်နှင့် အင်မော်တယ် စာချုပ်တစ်ခု ချုပ်ဆိုလိုက်သည်။ ထိုက်ရှန်းလောင်ကျစ်က အရင် ကမ်းလှမ်းလာခြင်း ဖြစ်သည်။

ယဲ့ရှောင်ချန်း၏ အင်မော်တယ်အပင်က ထိုက်ရှန်းလောင်ကျစ်၏ လိုအပ်ချက်များနှင့် ပြည့်မှီပါက ထိုက်ရှန်းလောင်ကျစ်က အင်မော်တယ်ယွမ် ၆၀၀ နှင့်အထက်ဖြင့် ဝယ်ယူပါလိမ့်မည်။

သဘောတူပြီးနောက် ယဲ့ရှောင်ချန်း ရှန်းနုန် စနစ်ကို ပိတ်လိုက်သည်။ အင်မော်တယ်ပဲစေ့များ အရင်ရိတ်သိမ်းနိုင်သည်အထိ စောင့်ဖို့ ဆုံးဖြတ်လိုက်ပါသည်။

နောက်တစ်နေ့ညနေခင်းတွင် ယဲ့ရှောင်ချန်း အိမ်တွင် စားသောက်နေစဥ် နောက်ထပ် ထိတ်လန့်စရာ သတင်းတစ်ခုကို ကြားလိုက်ရသည်။ ရွာက ဟိုထူဆန်းသည့် တောထဲတွင် တောင်ပေါ်ဘုရားကျောင်းဆောင်တစ်ခုကို တည်ဆောက်ဖို့ ရန်ပုံငွေအလှူခံရန် ပြင်ဆင်နေကြသည်ဟု ဆိုသည်။

"အမေ သူတို့တွေ တကယ်ကြီး တောင်ပေါ်ဘုရားကျောင်း ဆောက်တော့မှာလား။"

ယဲ့ရှောင်ချန်းက မယုံကြည်နိုင်စွာဖြင့် မေးလိုက်သည်။

"ဒါပေါ့ဟဲ့။ အဲ့မှာ တောင်နတ်ဘုရားတစ်ပါးရှိတယ်။ ငါတို့ တောင်ပေါ်ဘုရားကျောင်းဆောင် တစ်ခု ဆောက်ရမှာပေါ့။ မဟုတ်ရင် တောင်နတ်ဘုရားက တခြားနေရာကို ထွက်ပြေးသွားလိမ့်မယ်။"

သူ့အမေက ခေါင်းငြိမ့်ပြီး ဆက်ပြောသည်။

"ငါ ယွမ် ၁၀,၀၀၀ တောင် လှူပြီးသွာားပြီ။ တောင်ပေါ်ဘုရားကျောင်း ဆောက်ပြီးသွားရင် ငါတို့ယဲ့မိသားစုနာမည်က တောင်ပေါ်ဘုရားကျောင်းရဲ့ အလှူရှင်ကျောက်ပြားပေါ်မှာ ရေးထွင်းခံရပြီး တောင်နတ်ဘုရားက ငါတို့ကို ကြည့်ရှုစောင့်ရှောက်လိမ့်မယ်။"

ယဲ့ရှောင်ချန်းတစ်ယောက် ပါးစပ်အဟောင်းသားဖြစ်သွားသည်။ တောင်နတ်ဘုရား တကယ်ရှိပါက ထိုတောင်နတ်ဘုရားမှာ သူ့သားသာ ဖြစ်လိမ့်မည်။

သူ တကယ် ဆွံ့အသွားပါသည်။

သူ့အမေက အလွန်ကပ်စေးနဲသူဖြစ်သော်လည်း အလှူငွေကျတော့ ယွမ် ၁၀,၀၀၀ တောင် ထည့်ဝင်ထားခဲ့ပါသည်။ နေမင်းကြီး အနောက်အရပ်မှ ထွက်လာတော့မည်ထင်သည်။

ရက်အနည်းငယ် ကုန်ဆုံးသွားခဲ့၏။

ယဲ့ရှောင်ချန်းက နေ့တိုင်း အဓိက စိုက်ပျိုးရေးခြံ၊ ကောင်းကင်ဘုံ ကမ္ဘာမြေ စိုက်ပျိုးရေးခြံ၊ သုတေသနအဖွဲ့အစည်း၊ ဝမ်ရှင်းယီ၏ အိမ် စသည့်နေရာများကိုသာ ပုံမှန် သွားနေခဲ့ပါသည်။

သူ့နေ့ရက်များက အားအင်များ ပြည့်ဝလို့နေ၏။

နောက်ဆုံးတော့ အင်မော်တယ်ပဲစေ့နှစ်မျိုးကို ရိတ်သိမ်းနိုင်ခဲ့ပြီ ဖြစ်သည်။ ဒီတစ်ခေါက် အရင်တုန်းက လေလံပွဲထက် အင်မော်တယ်အပင် ထွက်ကုန်များစွာ ရှိပါသည်။

အင်မော်တယ် စပျစ်သီးလည်း ပါဝင်၏။

လေလံပွဲကို ကြိုတင် ကြေညာထားပြီးသားဖြစ်သည်။ ဒုတိယ လေလံပွဲ စတင်သောအခါ အင်မော်တယ်များစွာ ချက်ချင်း စိတ်ဝင်စားသွားကြသည်။ လေလံပွဲသို့ တက်‌ရောက်လာသည့် အင်မော်တယ်များသည် အရင်တစ်ခေါက်ထက် ပိုများပါသေးသည်။

အင်မော်တယ်အပင်များက အဆင့်နိမ့် မဟုတ်သော်လည်း အရည်အသွေးက အရင်တစ်ခေါက်ထက် ပိုကောင်းမွန်ပါသေးသည်။ အထူးသဖြင့် သန့်စင်မှုက အများကြီး တိုးမြင့်သွားသည်။ ရုတ်တရက်ကြီး ပြိုင်ဆိုင်မှုက ပြင်းထန်လာကာ စျေးနှုန်းများကလည်း ပိုမြင့်လာ၏။

အထူးသဖြင့် အင်မော်တယ် စပျစ်သီးများ ဖြစ်သည်။

ဒီတစ်ခေါက် အင်မော်တယ် စပျစ်ခိုင် ၁၀၀ သာ လေလံတင်ပြီး ကျန်တာကို သိမ်းထားသည်။

စုစုပေါင်း စပျစ်သီး ၃,၇၈၇ လုံး ရှိပါသည်။

နောက်ဆုံးတွင် အင်မော်တယ်ယွမ် ၄,၅၀၀ ကျော် ရခဲ့သည်။ အင်မော်တယ် စပျစ်သီး တစ်လုံး၏ စျေးနှုန်းက အင်မော်တယ်ယွမ် ၁.၂ ယွမ်ကျော်ပါသည်။

တခြား အင်မော်တယ်အပင်များကတော့ အင်မော်တယ်ယွမ် ၁၈,၉၀၀ ဖြင့် ရောင်းထွက်ခဲ့၏။

ဒီလိုဖြင့် ဒီလေလံပွဲတွင် အင်မော်တယ်ယွမ် ၂၃,၀၀၀ ကျော် ရရှိခဲ့ပါသည်။ သူ့အကောင့်ထဲက လက်ကျန် အင်မော်တယ်ယွမ် ၁,၀၀၀ ကျော်ကို ထည့်ပေါင်းလိုက်ပါက ယဲ့ရှောင်ချန်း၏ အကောင့်ထဲ ရုတ်တရက် အင်မော်တယ်ယွမ် ၂၅,၀၀၀ အထိ ရောက်ရှိသွားပါတော့သည်။

ထိုက်ရှန်းလောင်ကျစ်ကို ဝိညာဥ်ပုံသေပန်း စိုက်ပျိုးဖို့ ကတိပေးထားသဖြင့် သူ ကောင်းကောင်း စိုက်ပျိုးရပါမည်။

သူလုပ်မည်ဆိုလျှင် ကြီးကြီးမားမား လုပ်ရမည်။

ယဲ့ရှောင်ချန်းက အဆင့် ၂ အင်မော်တယ်မြေကွက် ၅ ကွက်နှင့် အဆင့် ၂ အင်မော်တယ်စမ်းရေတစ်အိုင်ကို ချက်ချင်း ဝယ်ယူလိုက်၏။ ဒီလိုနှင့် အင်မော်တယ်ယွမ် ၆,၀၀၀ ကုန်သွားပါသည်။

ထိုအ့ပြင် ဝိညာဥ်ပုံသေပန်း မျိုးစေ့က တစ်စေ့ကို ၁၅ ယွမ် ဖြစ်သည်။ စုစုပေါင်း မျိုးစေ့ ၁၀၀ ရှိသဖြင့် အင်မော်တယ်ယွမ် ၁,၅၀၀ ကုန်ကျခဲ့ပါသည်။

အင်မော်တယ် မျိုးစေ့ ဒီလောက်အများကြီးကို ဝယ်ဖို့ အင်မော်တယ်ယွမ် ဒီလောက် အများကြီး သုံးဖူးတာ ယဲ့ရှောင်ချန်းအတွက် ပထမဆုံး ဖြစ်သည်။

ထို ဝိညာဥ်ပုံသေပန်းမျိုးစေ့ ၁၀၀ ကို အင်မော်တယ်မြေကွက် တစ်ကွက်တွင် စိုက်ပျိုးနိုင်သည်။

သူ စမ်းသပ်နေဆဲ ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် သူ အဆင့်နိမ့်အရည်အသွေးရှိ အင်မော်တယ်အပင်များကို စိုက်ပျိုးနိုင်ပါ့မလား မသိသေးပေ။ ယုံကြည်ချက် အပြည့်အဝမရှိဘဲ ဝိညာဥ်ပုံသေပန်းများစွာကို စိုက်ပျိုးမည်မဟုတ်ပေ။

တခြား အင်မော်တယ်မြေကွက် လေးကွက်တွင်တော့ တခြား အင်မော်တယ်အပင်များ စိုက်ပျိုးပါမည်။

နှစ်ကွက်ကို အင်မော်တယ် စပျစ်သီးများ စိုက်ပျိုး၏။

စပျစ်စေ့များက အရင်တစ်ခေါက် သူ စားသောက်ခဲ့သည့် အင်မော်တယ် စပျစ်သီးများမှ ကျန်သော အစေ့များ ဖြစ်သည်။

ဒုတိယမျိုးဆက် စပျစ်စေ့များဖြစ်သဖြင့် ကောင်းမွန်လိမ့်မည်ဟု သူယုံကြည်ပါသည်။

နောက်မြေကွက်နှစ်ကွက်ကို အင်မော်တယ် ဆေးပင်နှစ်မျိုး စိုက်ပျိုးလိုက်၏။ အင်မော်တယ် ဂျင်ဆင်းနှင့် အင်မော်တယ် သုံးမျိုးပန်းတို့ ဖြစ်ကြသည်။

အင်မော်တယ် ဂျင်ဆင်းက အဝါရောင်အတန်းအစား အဆင့်ကိုး အင်မော်တယ်အပင်ဖြစ်သည်။

သာမန် ဂျင်ဆင်းနှင့် ခြားနား၏။

သာမန်ဂျင်ဆင်းများက သက်တမ်းရင့်လေလေ၊ တန်ဖိုးကြီးလေလေဖြစ်သည်။

အင်မော်တယ်ဂျင်ဆင်းကလည်း ထိုနည်းလည်းကောင်းပဲဖြစ်၏။

အင်မော်တယ်ဂျင်ဆင်းကတော့ တစ်ခုထူးခြားသည်။ အရွယ်ရောက်သွားပါက ထပ်ပြီး မကြီးထွားတော့ပါ။

အင်မော်တယ် သုံးမျိုးပန်းက အဝါရောင်အတန်းအစား အဆင့်ရှစ် အင်မော်တယ်အပင်ဖြစ်သည်။ ကမ္ဘာမြေပေါ်က ဆန်းချီပန်းနှင့် ဆင်တူ၏။

အင်မော်တယ် ဆေးပင်နှစ်မျိုးအတွက် တစ်ခုစီကို မျိုးစေ့ ၅၀ စီ ဝယ်ယူခဲ့ပြီး အင်မော်တယ်ယွမ် ၂,၀၀၀ နီးပါး ကုန်ကျသွားပါသည်။

အင်မော်တယ်မြေအရှိန်အဝါများ ထည့်ပေါင်းလိုက်ပါက အင်မော်တယ်ယွမ် ၁၀,၀၀၀ လောက် သုံးခဲ့ရပါသည်။

"ဒင် ဂုဏ်ယူပါတယ်။ စတိုး ဆိုင်မှာ အင်မော်တယ်ယွမ် ၁၀၀,၀၀၀ ကျော်ကို သုံးစွဲခဲ့ပါပြီ။ စတိုးဆိုင်မှ အထူးကံစမ်းမဲလက်မှတ်တစ်ခုကို ရရှိပါတယ်။ ကံစမ်းချင်ပါသလား။"

ရုတ်တရက် စနစ်အသိပေးသံ ထွက်ပေါ်လာ၏။

"ဟင်းဟင်း အင်မော်တယ်ယွမ် ၁၀၀,၀၀၀ ဒီလောက် မြန်မြန်ပြည့်သွားမယ်လို့ မထင်ထားဘူး။"

ယဲ့ရှောင်ချန်း မေးပွတ်လိုက်၏။

အရင်တစ်ခေါက် အင်မော်တယ်ယွမ် ၅၀,၀၀၀ သုံးခဲ့စဥ်က ကံစမ်းမဲလက်မှတ်တစ်ခု ရရှိခဲ့သည်။ သို့သော်လည်း သူ အသုံးမပြုခဲ့ပါ။

ထို့ကြောင့် ကံစမ်းမဲလက်မှတ် ၂ ခု ရှိနေသည်။

"ဟမ်း ဘာဆုတွေရနိုင်မလဲ ကြည့်ရအောင်"

ယဲ့ရှောင်ချန်း ထိုကံစမ်းမဲလက်မှတ် ၂ ခုစလုံးကို သုံးဖို့ ဆုံးဖြတ်လိုက်ပါသည်။

All Chapters