← Chapters

အခန်း (၂၃၁) - အပင်စိုက်ပျိုးခြင်းစွမ်းရည်

Vol. 16 Ch. 231

အခန်း (၂၃၁) - အပင်စိုက်ပျိုးခြင်းစွမ်းရည်

Vol. 16 Ch. 231

အခန်း (၂၃၁) - အပင်စိုက်ပျိုးခြင်းစွမ်းရည်

ယဲ့ရှောင်ချန်း အာရုံထဲတွင် ကံစမ်းခွင့်ကို ဆင့်ခေါ်လိုက်၏။ ရုတ်တရက် သူ့အာရုံထဲတွင် လှည့်ဘီးကြီးတစ်ခု ပေါ်လာ၏။

လှည့်ဘီး၏ အကန့်တစ်ခုစီတွင်ဘာတွေ ရှိနေသလဲ ကြည့်ဖို့ ပျင်းရိလွန်းနေပါသည်။ ဘာပဲဖြစ်ဖြစ် ကံတရားပေါ်မှာပဲ မူတည်သည်။

ဒီတစ်ခေါက် သူ့ကံတရား ပိုမိုကောင်းမွန်ပြီး အသုံးဝင်တာလေး တစ်ခုခု ရဖို့ မျှော်လင့်မိပါသည်။

ချက်ချင်း ယဲ့ရှောင်ချန်း လှည့်ဘီးခလုတ်ကို နှိပ်လိုက်၏။ ရုတ်တရက် လှည့်ဘီးကြီးက အလွန်မြန်ဆန်သော အမြန်နှုန်းဖြင့် စတင် လည်ပတ်လေသည်။

နာရီဝက်ကျော်ကျော်လောက် လည်ပြီးသွားသောအခါ လှည့်ဘီးကြီး စတင်နှေးကွေးလာပြီဖြစ်သည်။

နောက်ဆုံးတော့ မြှားဦးက အတော်လေး ကျယ်ဝန်းသော အကန့်ပေါ် ရောက်ရှိသွားခဲ့သည်။

ဒီတစ်ခေါက်ရမည့် ပစ္စည်းက မကောင်းနိုင်မှန်း ယဲ့ရှောင်ချန်း သိလိုက်ရပါသည်။

"ဒင်... ဆန်းကြယ်ဝိုင်ပုလင်းအား ရရှိသွားသည့်အတွက် ဂုဏ်ယူပါတယ်။"

စနစ်အသိပေးချက်အသံကို ကြားလိုက်သောအခါ ယဲ့ရှောင်ချန်း မျက်စောင်းရွယ်လိုက်သည်။

အရင်တစ်ခေါက်က အင်မော်တယ် ဆားရည်စိမ်ပုလင်း။ ဒီတစ်ခေါက်တော့ ဆန်းကြယ် ဝိုင်ပုလင်းတဲ့။ စနစ်က ရယ်စရာကောင်းလွန်းပါသည်။

သူ့သိုလှောင်နေရာကွက်ထဲမှ ဆန်းကြယ် ဝိုင်ပုလင်းကို ထုတ်ကြည့်လိုက်သည်။

သာမန်ဝိုင်ပုလင်းနှင့် ဘာမှ မခြားနားလှပါ။

တစ်ခုတည်းသော ခြားနားချက်က ပုလင်း၏ မျက်နှာပြင်တွင် ထူးဆန်းသည့် ပုံစံကွက်များ ရှိနေခြင်းပင်။

"ဆန်းကြယ် ဝိုင်ပုလင်းက အထူးကိရိယာတစ်မျိုး ဖြစ်ပါသည်။ ကုန်ကြမ်းပစ္စည်းများကို ထည့်လိုက်ပါက အရသာရှိသော ဝိုင်အဖြစ် အလျင်မြန်ဆုံး ပြောင်းလဲသွားပါလိမ့်မည်။"

ယဲ့ရှောင်ချန်းတစ်ယောက် ချက်ချင်း နားလည်လိုက်ပါသည်။ အင်မော်တယ် ဆားရည်စိမ်ပုလင်းနှင့် ဆင်တူသည်။

"ထားလိုက်ပါတော့ကွာ။ ဝိုင်ပုလင်းဆိုလည်း ဝိုင်ပုလင်းပေါ့။ အင်မော်တယ်စမ်းရေ စားသောက်ဆိုင်မှာ ဝိုင်ကောင်းကောင်းမရှိဘူး။ ဒီဆန်းကြယ်ဝိုင်ပုလင်းကို သုံးပြီးဝိုင်ကောင်းကောင်း လုပ်လို့ရတယ်။ ကောင်းပါတယ်"

ယဲ့ရှောင်ချန်း စိတ်အေးသွားသည်။

ပုလင်းကို သိမ်းလိုက်ပြီး ထပ်ကံစမ်း၏။

သိပ်မကြာလိုက််။  ဒုတိယ ကံစမ်းမှု၏ ရလဒ်ထွက်လာလေပြီ။

"ဒင် အင်မော်တယ် ရတနာပစ္စည်း ပါရမီ မျက်လုံးအား ရရှိသည့်အတွက် ဂုဏ်ပြုပါတယ်။"

ယဲ့ရှောင်ချန်းတစ်ယောက် စနစ်အသံကို ကြားလိုက်သောအခါ အနည်းငယ် ကြက်သေသေသွားရသည်။ လခွမ်း။ တကယ်ကြီး အင်မော်တယ် ရတနာပစ္စည်းလား။

တကယ်ကြီး အင်မော်တယ် ရတနာပစ္စည်းပဲ။

အင်မော်တယ်များ အသုံးပြုသည့် မှော်ရတနာပစ္စည်းဟု ဆိုလိုသည်။

ပါရမီမျက်လုံးကို ယဲ့ရှောင်ချန်း အမြန်ထုတ်ကြည့်လိုက်သောအခါ ထူးဆန်းသည့် ကျောက်စိမ်း မျက်လုံးလေးတစ်လုံးဖြစ်သည်ကို မြင်လိုက်ရသည်။

"ပါရမီမျက်လုံးကိုသုံးပြီး ပစ်မှတ်၏ ပါရမီကို ဆန်းစစ်နိုင်သည်။ အင်မော်တယ် ကျင့်ကြံသူဖြစ်ပါက ပြန်လည်သန့်စင်နိုင်သည်။ သတိ : ပါရမီ မျက်လုံး၏ လုပ်ဆောင်ချက်က ကျင့်ကြံခြင်းအဆင့်နှင့် သက်ဆိုင်သည်။ အဆင့်ပေါ် မူတည်ပြီး ဖွင့်ရပါမည်။"

ပါရမီမျက်လုံးအကြောင်း အချက်အလက်ကို ဖတ်ပြီးနောက် ယဲ့ရှောင်ချန်း စိတ်အေးစွာ သက်ပြင်းချလိုက်ပါသည်။ ကံကောင်းစွာဖြင့် ကျင့်ကြံမှု အကန့်အသတ်မရှိပါ။ ထို့ကြောင့် သူသုံးနိုင်ပါသည်။

တွန့်ဆုတ်မနေဘဲ သူ့လက်ချောင်းကို ကိုက်လိုက်ပြီး သွေးတစ်စက်ကို ပါရမီမျက်လုံးပေါက် ချလိုက်သည်။ ပါရမီမျက်လုံးက ချက်ချင်း သွေးစက်ကို စုပ်ယူသွား၏။

တချိန်တည်းမှာပင် ယဲ့ရှောင်ချန်းက သူ့မှော်စွမ်းအင်အား ပါရမီမျက်လုံးထဲသို့ လမ်းကြောင်းသွယ်လိုက်၏။ ရုတ်တရက်ဆိုသလို ပါရမီမျက်လုံးက အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ယဲ့ရှောင်ချန်း၏ ဘယ်ဘက် မျက်လုံးထဲသို့ ဝင်ရောက်သွားလေသည်။

ယဲ့ရှောင်ချန်း နာကျင်စွာ အော်လိုက်၏။ သူ့ဘယ်ဘက်မျက်လုံးကို အုပ်လိုက်၏။ ဖွင့်လို့လည်းမရဘဲ မီးလောင်နေသလို ခံစားရ၏။

အချိန်အတော်ကြာမှ လောင်ကျွမ်းသည့် ခံစားမှု ပျောက်ကွယ်သွားသည်။ သို့သော် သူ့မျက်လုံး နာကျင်နေသေးသည်ဟု ခံစားရပါသည်။

ထိုအချိန်တွင် သူ့အာရုံထဲ၌ ထူးဆန်းသည့် မျက်လုံးတစ်လုံး ပေါ်လာသည်။

ပါရမီ မျက်လုံး။

သူ့စိတ်ဝိညာဥ်ဆက်သွယ်ခြင်း ပါရမီက ပါရမီမျက်လုံးနှင့် ဆက်နွယ်သွားသောအခါ အသွင်မဲ့စာတစ်စောင် ပေါ်လာခဲ့၏။

"အခြေခံအုတ်မြစ်တည်ဆောက်သူအဆင့် ကျင့်ကြံသူ၊ ကျေးဇူးပြုပြီး သင့်ပါရမီကို ရွေးချယ်ပါ..."

ထို့နောက် ပါရမီမျက်လုံးထဲတွင် မရေမတွက်နိုင်သည့် ပါရမီကိုင်းခွဲများစွာ ရှိနေသည်ကို ခံစားလိုက်ရပါသည်။

ဥပမာအားဖြင့် ကျင့်ကြံခြင်းပါရမီ၊ ရုက္ခဗေဒပါရမီ၊ အဂ္ဂိရတ်ပါရမီ၊ လက်နက်သွန်းလုပ်ခြင်းပါရမီ အစရှိသည်တို့ဖြစ်သည်။

ရွေးချယ်စရာမရှိဘဲ ရုက္ခဗေဒပညာရှင်ကို ရွေးချယ်မှ ဖြစ်ပါမည်။

ယဲ့ရှောင်ချန်း ရွေးချယ်လိုက်သောအခါ တခြားပါရမီများအားလုံး ပိတ်သွားခဲ့၏။ ရုက္ခဗေဒ ပါရမီတစ်ခုတည်းသာ ကျန်ခဲ့တော့သည်။

ဒါက ယဲ့ရှောင်ချန်းတစ်ယောက် ပါရမီမျက်လုံးကို သုံးပြီး တခြားသူများ၏ ရုက္ခဗေဒပါရမီများကိုသာ ဆန်းစစ်နိုင်သည်ဟု ဆိုလိုသည်။

ပါရမီမျက်လုံး၏ ပါရမီအကဲဖြတ်ခြင်းတွင် တင်းကြပ်သော အဆင့်များ ရှိ၏။

အဝါရောင်အဆင့်၊ အနက်ရောင်အဆင့်၊ ကမ္ဘာမြေအဆင့်၊ ကောင်းကင်ဘုံအဆင့်၊ သန့်စင်မှုအဆင့်တို့ဖြစ်ကြသည်။

သန့်စင်မှု အဆင့်ကလွဲပြီး ကျန်အဆင့်များတွင် အဆင့် ၁0 ခုစီ ပါသည်။

ဥပမာအားဖြင့် ယဲ့ရှောင်ချန်း၏ ရှန်းနုန် ပါရမီက သန့်စင်မှု အဆင့်တွင်ပါဝင်သည်။ ရုက္ခဗေဒ ပါရမီများ၏ အကန့်အသတ်ထဲ ပါဝင်ပါသည်။

တခြားနယ်ပယ်များတွင်လည်း သန့်စင်မှု အဆင့်ရှိ၏။ တိုးတက်လာပါက သေချာပေါက် သက်ဆိုင်ရာ နယ်ပယ်ထဲတွင် အထူးချွန်ဆုံးများဖြစ်လာကြပါလိမ့်မည်။

ထို့အပြင် သန့်စင်မှု အဆင့်ပါရမီများကလည်း အလွန်ရှားပါးသည်။

ဥပမာအားဖြင့် ယဲ့ရှောင်ချန်း၏ ရှန်းနုန်ပါရမီက ကမ္ဘာကြီးတစ်ခုလုံးတွင် တစ်ခုတည်းသော သန့်စင်မှုအဆင့် ရုက္ခဗေဒ ပါရမီဖြစ်နိုင်ပါသည်။

ကျန်ပါရမီများကတော့ အဝါရောင်အတန်းအစား၏ အဆင့် ၁ ကိုရောက်ပါက ဂိုဏ်းထဲဝင်နိုင်ဖို့ အရည်အချင်းပြည့်မှီနိုင်ပါသည်။

အဝါရောင်အတန်းအစား၏ အဆင့် ၁ ကိုပင် မရောက်နိုင်ပါက စိတ်ကူးထဲပင်မထည့်တာ ပိုကောင်းပါသည်။

"ဟင်းဟင်း ပါရမီမျက်လုံးနဲ့ဆိုရင် တခြားသူတွေရဲ့ ရုက္ခဗေဒ ပါရမီတွေကို စစ်ဆေးနိုင်တယ်။ ဒီလိုဆို ငါပါရမီရှင်တွေကို ရှာဖို့ အများကြီး ပိုလွယ်ကူတယ်"

ယဲ့ရှောင်ချန်း တိုးတိုးတိတ်တိတ် ပျော်ရွှင်နေပါသည်။

ဝိညာဥ်နားစွင့် လက်ချောင်းနည်းလမ်းကို သုံးပြီး ပါရမီရှင်များ ရှာခြင်းက ခက်ခဲလွန်းသည်။

ဝိညာဥ်နားစွင့် လက်ချောင်းနည်းလမ်းက အားလုံး သင်ယူနိုင်သည့် နည်းလမ်းမျိုး မဟုတ်ပါ။

ဝိညာဥ်နားစွင့် လက်ချောင်းနည်းလမ်းကို ကျွမ်းကျင်နိုင်သူများကသာ တခြားသူများကို လမ်းညွှန်ဖို့ အရည်အချင်းပြည့်မှီနိုင်ပါသည်။ မဟုတ်ပါက ဘယ်တော့မှ အလုပ်ဖြစ်မည်မဟုတ်ပေ။

ကံစမ်းမဲ နှိုက်ပြီးနောက် ယဲ့ရှောင်ချန်း စိတ်ကောင်းဝင်နေပါသည်။

ပထမ မှော်ဝိုင်ပုလင်းက သာမန်သာဖြစ်သော်လည်း ဒုတိယ ပါရမီမျက်လုံးက အလွန် ကောင်းပါသည်။ ကံစမ်းမဲနှိုက်ဖို့ အခွင့်အရေးကို မဖြုန်းတီးခဲ့ရပါ။

ကမ္ဘာမြေပေါ်က စိုက်ပျိုးရေးလုပ်ငန်းကို တိုးချဲ့ချင်ပါက သေချာပေါက် တစ်ယောက်တည်းတော့ မလုပ်နိုင်ပါ။ ရုက္ခဗေဒပညာရှင်များပိုမို ပျိုးထောင်ရပါလိမ့်မ်ည်။

မဟုတ်ပါက အဓိကမစ်ရှင်ကို ဘယ်လို အောင်မြင်နိုင်မည်နည်း။

သူ့အကောင့်ကို ကြည့်လိုက်၏။ အင်မော်တယ်ယွမ်သောင်းကျော် ရှိနေပါသေးသည်။ လောလောဆယ်တော့ မသုံးသေးပါ။ အရင်စုထားဦးမည်။ နောက်ပိုင်းလိုအပ်လာပါက အင်မော်တယ်ယွမ်များ မလုံလောက်သည့်အတွက် စိတ်ညစ်စရာမလိုတော့ပေ။

ထို့နောက် ထောင်ပင်နှင့် ထောင်ဖန်းကျာတို့ကို အင်မော်တယ် မျိုးစေ့တချို့ကို စိုက်ပျိုးခိုင်းလိုက်သည်။ အချိန််ကျလျှင် စိုက်ပျိုးရေးခြံအကြောင်း စိတ်ပူစရာပင်လိုမည်မဟုတ်တော့ပေ။ ပဲစေ့စစ်သည်တော်များက သေချာကိုင်တွယ်သွားပါလိမ့်မည်။

နောက်တစ်နေ့ မနက်။

ယဲ့ရှောင်ချန်း အိမ်ပြန်လာသည်။

ယခု သူ့မိသားစုက အိမ်အသစ်သို့ ပြောင်းရွှေ့ခဲ့ကြပြီဖြစ်သဖြင့် မြေကိုလည်းဘိလပ်မြေ လောင်းထားသည်။ နယ်မြေက အလွန်ကျယ်ပြန့်ပြီး ပတ်လည်တွင် လက်ရန်းများလည်း ရှိသည်။

အမေဖြစ်သူက မြေကို သန့်ရှင်းရေးလုပ်နေ၏။

အိမ်တွင်မွေးထားသည့် ကြက်များ၊ ဘဲများ၊ ငန်းများကို အမြဲ သန့်ရှင်းရေးလုပ်ရသည်။

ယဲ့ရှောင်ချန်း အကြံရသွားပြီး သူ့မှော်စွမ်းအင်ကို ပါရမီမျက်လုံးထဲသို့ လမ်းသွယ်လိုက်၏။ ရုတ်တရက် ယဲ့ရှောင်ချန်း၏ ဘယ်ဘက် မျက်လုံး အရောင်တောက်လာသည်။

သူ့အာရုံထဲတွင် သူ့အမေ၏ ရုက္ခဗေဒ ပါရမီ အချက်အလက်များ ပေါ်လာ၏။

ရုက္ခဗေဒ ပါရမီ : မရှိ။

"အမေ့မှာ ရုက္ခဗေဒ ပါရမီမရှိဘူး။ အဖေကကော"

ယဲ့ရှောင်ချန်း စိတ်လှုပ်ရှားသွားသည်။ သူ့အမေကို အမြန်မေးလိုက်၏။ "အမေ။အဖေကော"

"ဟင်းချက်နေတယ်လေ"

သူ့အမေက မော့ကြည့်ကာ ပြောလိုက်သည်။

ယဲ့ရှောင်ချန်းက အမြန်ဝင်သွားပြီး အဖေ့အား မီးဖိုချောင်ထဲတွင် တွေ့လိုက်ရ၏။ ပါရမီမျက်လုံးကို သုံးကာ အမြန်စစ်ဆေးကြည့်လိုက်သည်။

ပါရမီမျက်လုံးကိုသုံးလျှင် မှော်စွမ်းအင်ကုန်သော်လည်း မများပါ။

ရုတ်တရက် ပါရမီမျက်လုံး၏ စစ်ဆေးမှုအောက်တွင် သူ့အဖေ၏ ရုက္ခဗေဒ ပါရမီ ပေါ်လာသည်။

ရုက္ခဗေဒ ပါရမီ : မရှိ။

ယဲ့ရှောင်ချန်း ရင်ထဲတွင် သက်ပြင်းချလိုက်သည်။ ထင်ထားသည့်အတိုင်း သူ့အဖေတွင်လည်း ရုက္ခဗေဒ ပါရမီ မရှိပါ။

သူ့မိဘနှစ်ပါးစလုံးတွင် ပါရမီမရှိကြပေ။ ပြောရမည်ဆိုလျှင် သူ့တွင်လည်း ရုက္ခဗေဒ ပညာရှိဖို့ ကံမပါလာပါ။ ရှိခဲ့ရင်တောင် အလွန် နိမ့်ပါလိမ့်မည်။

သို့သော်လည်း အခုတော့ သူ့ရုက္ခဗေဒပါရမီအဆင့်က နတ်ဘုရားအဆင့်အထိ ရောက်နေပြီ။ ရှန်းနုန်ပါရမီက ဆက်ခံသလောက် မရိုးရှင်းဘူးဟူသည့် သဘောမျိုးဖြစ်ပါသည်။

လူတစ်ယောက်တွင် နယ်ပယ်တစ်ခု၌ ပါရမီ တကယ်ရှိပါက မြှုပ်နှံမခံရသ၍ တောက်ပနေမည်ဖြစ်ပါသည်။

သူ့မိဘများက တစ်သက်လုံး လယ်သမားများ လုပ်လာခဲ့ကြတာဖြစ်သည်။ တကယ်သာ သူတို့မှာ ရုက္ခဗေဒ ပါရမီများ ရှိပါက အခုလို မထင်မရှား သာမန်လူများ ဖြစ်နေကြမည် မဟုတ်ပေ။

All Chapters