← Chapters

အခန်း (၂၄၄) - ကျင့်ကြံခြင်းကမ္ဘာ

Vol. 17 Ch. 244

အခန်း (၂၄၄) - ကျင့်ကြံခြင်းကမ္ဘာ

Vol. 17 Ch. 244

အခန်း (၂၄၄) - ကျင့်ကြံခြင်းကမ္ဘာ

လုတုန်ချမ်းသည် ပုစဉ်းရင်ကွဲတောင်ပံကဲ့သို့ ပါးလွှာသော ဓားတစ်ချောင်းကို သူ့ခါးထဲမှ ညင်သာစွာ ဆွဲထုတ်လိုက်သည်။

သူ့မှော်စွမ်းအင်၏ လည်ပတ်မှုကြောင့် ဓားပျော့မှာ ဖြောင့်မတ်သွားပြီး စူးရှထက်မြက်လာ၏။ ထိုဓားပေါ်တွင် မှော်သင်္ကေတမျိုးစုံရှိသည်။

ရုတ်တရက် ဓားကို သူ ဝှေ့ယမ်းလိုက်သည်။ ထို့နောက် မြည်သံတစ်ခုနှင့်အတူ ဓားချီစွမ်းအင် ထွက်လာပြီး အဖြူရောင်ချီ ပိုက်ကွန်ကို ခွဲထွက်သွားလေ၏။

လုတုန်ချမ်းက အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်သာ ရှိသေးသည်။ သူက ရှုရှန်ဓားဂိုဏ်းမှ  ဖြစ်သော်လည်း ချီစွမ်းအင် သန့်စင်ခြင်းအဆင့်ကို မရောက်သေးသဖြင့် ဓားပျံသိုင်းကို မကျင့်ကြံနိုင်သေးပေ။

သူ သယ်ဆောင်လာသည့် ဓားပျော့မှာ မှော်ဓားတစ်ချောင်း ဖြစ်၏။

တကယ့်ဓားပျံသာဆို အရင်ဆုံး ဓားသားလောင်းတစ်ခုကို ဖန်တီးကာ သူ့ဒန်တန်ထဲထည့်ကာ မှော်စွမ်းအင်ဖြင့် ပျိုးထောင်ပြီး နောက်ဆုံးမှ အသက်ဖြင့် စည်းနှောင်ထားသည့် ဓားပျံတစ်ချောင်း ဖြစ်လာနိုင်ပါမည်။

"ဟင်း။ ယင်ဝိညာဥ်လို့ထင်ထားတာ၊ အခွံလွတ်ကြီး ဖြစ်နေတာကိုး။"

လုတုန်ချမ်း စိတ်သက်သာရာ ရသွားသည်။

ဒီယင်စစ်သည်တော်က အသိစိတ်မရှိဘဲ ယန်ချီစွမ်းအင် ရှိနေတာကို သူ မသိခဲ့သော်လည်း သေချာပေါက် ယင်ဝိညာဥ်တော့ မဟုတ်နိုင်ပါ။ ၎င်း၏ ခွန်အားကလည်း အခြေခံအုတ်မြစ် တည်ဆောက်ခြင်း အလယ်အဆင့်တွင်သာ ရှိသေးသည်။

ထို့အပြင် သူ့ထံတွင် တိုက်ခိုက်ရေးစွမ်းအားကို တိုးမြှင့်ပေးနိုင်သည့် မှော်ဓားတစ်ချောင်းလည်း ရှိသည်။

ပဲစေ့စစ်သည်တော် ထောင်ဖန်းကျာ၏ ချီစွမ်းအင် ပိုက်ကွန်ကို ချိုးဖျက်ပြီးနောက် သူနောက်မဆုတ်ဘဲ ရှေ့ဆက်တိုးခဲ့သည်။ သူ့ဓားကို မိုးကြိုးလို လျှင်မြန်သည့် အရှိန်နှုန်းဖြင့် ချိန်ရွယ်ထား၏။

ဝှူးး…

အလွန်မြန်ဆန်လွန်းပါသည်။

ထောင်ဖန်းကျာက အချိန်မှီ မရှောင်လိုက်နိုင်ဘဲ မှော်ဓားဖြင့် အထိုးခံလိုက်ရသည်။

ဝှစ်…

ပေါက်ထွက်သွားသည့် ပူပေါင်းတစ်လုံးလို ထောင်ဖန်းကျာတစ်ယောက် အဖြူရောင် မြူခိုးများအဖြစ် ပြောင်းလဲသွားလေသည်။

အစက ယင်စစ်သည်တော်များ၏ မိစ္ဆာဝိညာဉ်က အနက်ရောင် ဖြစ်သည်။ သို့သော် ထောင်ဖန်းကျာက အဝါရောင်အင်မော်တယ်ပဲစေ့ကို အခြေခံအုတ်မြစ်အဖြစ် အသုံးပြုပြီး ယန်ချီစွမ်းအင်ကို ထုတ်လုပ်ခဲ့သဖြင့် မိစ္ဆာဝိညာဥ်များက အနက််ရောင်မှ အဖြူရောင် ပြောင်းလဲလာခြင်း ဖြစ်ပါသည်။

ထောင်ဖန်းကျာသာ မကဘဲ ပဲစေ့စစ်သည်တော် နောက်ထပ် နှစ်ယောက်ဖြစ်သည့် ထောင်ဟွမ်းယီနှင့် ထောင်ဟုန်စန်းတို့ပင် ထိုကဲ့သို့သော လက္ခဏာများ စတင်ပြသလာကြပြီ ဖြစ်သည်။

အဖြူရောင် မြူခိုး တိမ်တိုက်တစ်ခုက လေထဲ မြင့်တက်သွားပြီး ထောင်ဖန်းကျာ၏ ခန္ဓာကိုယ်အဖြစ် ပြန်လည်ပြောင်းလဲသွားသည်။

"ဟင်"

လုတုန်ချမ်း အံ့အားသင့်သွား၏။

သူ့မှော်ဓားက အတော်လေး သာမန်ထက် ထူးကဲပါသည်။ ထို့အပြင် ယင်စစ်သည်တော်များနှင့် မိစ္ဆာဝိညာဥ်များကို ချုပ်နှောင်အား ကောင်း၏။

ဒီယင်စစ်သည်တော်က အခြေခံအုတ်မြစ် တည်ဆောက်ခြင်း အလယ်အဆင့်သာ ရှိသေးပြီး ၎င်း၏ အသက်စွမ်းအင်ကလည်း ဓားကြောင့် ပျက်စီးသွားသင့်၏။ ခန္ဓာကိုယ်ကို ပြန်မဖန်တီးနိုင်လောက်ပါ။

သို့သော် အခုတော့ ယင်စစ်သည်တော်က ဘာမှ မဖြစ်သလိုပင်။

ဒီမြင်ကွင်းအား ယဲ့ရှောင်ချန်းတစ်ယောက် စိုက်ပျိုးရေးခြံမြေပုံပေါ်တွင် မြင်နေရပါသည်။

"သူ တကယ်ကြီး ထောင်ဖန်းကျာရဲ့ ခန္ဓာကိုယ်ကို ဓားတစ်ချောင်းနဲ့ ဖျက်ဆီးနိုင်တာပဲ။ သူ့ခွန်အားက မသေးဘူး။"

ယဲ့ရှောင်ချန်း အနည်းငယ် အံ့အားသင့်သွားသည်။

သို့သော် စိတ်တော့ မပူသေးပါ။

ထောင်ဖန်းကျာက သာမန် ပဲစေ့စစ်သည်တော် မဟုတ်သောကြောင့် ဖြစ်ပါသည်။ သူမက အင်မော်တယ်ပဲစေ့ကို အခြေခံအုတ်မြစ်အဖြစ် အသုံးပြုပြီး သန့်စင်မှု ပါရမီလည်း ရှိ၏။ အင်မော်တယ်ပဲစေ့ မပျက်စီးလျှင် ထောင်ဖန်းကျာအား မသတ်နိုင်ပါ။

"ဒီလူ သုံးနေတဲ့ ဓားပျော့က မှော်ဓား ဖြစ်ရမယ်။ သူ့လက်ထဲမှာ ကိုင်ထားတာဆိုတော့ သူက အခြေခံအုတ်မြစ် တည်ဆောက်ခြင်းအဆင့်ပဲ ရှိသေးတယ်လို့ ဆိုလိုတာပဲ။"

ယဲ့ရှောင်ချန်းနောက်ဆုံးတော့ နားလည်သွားပါပြီ။

မှော်လက်နက်များကို အဝေးမှ ထိန်းချုပ်ချင်ပါက ချီစွမ်းအင် သန့်စင်ခြင်းအဆင့်ကို ရောက်ကာ ဝိညာဥ်အာရုံနှင့် အင်မော်တယ် အာရုံတို့ကို ပျိုးထောင်ရမည်ဖြစ်သည်။

"ဒီလူက အင်မော်တယ် ကျင့်ကြံသူပဲ။ သူဘယ်က လာခဲ့တာလဲ။ သူ့နောက်ကွယ်မှာ ပိုအားကောင်းတဲ့ အင်မော်တယ် ကျင့်ကြံသူ တပ်ဖွဲ့များ ရှိနေမလား။"

ယဲ့ရှောင်ချန်း စဥ်းစားကြည့်လိုက်၏။

ဖြစ်နိုင်ပါက ဒီလူ့ကို အရင်ဖမ်းချင်သည်။

ရုတ်တရက် အင်မော်တယ် ကျင့်ကြံသူ လုတုန်ချမ်းက လက်ထဲမှ မှော်ဓားကို သိမ်းလိုက်ပြီး လက်အုပ်ချီကာ ရှင်းလင်းသော အသံဖြင့် ပြောလိုက်၏။ "ကျုပ်က အင်မော်တယ်လောကရဲ့ အရှေ့ပိုင်းတာအိုနယ်မြေမှာရှိတဲ့ ရှုရှန်ဓားဂိုဏ်းက တပည့်တစ်ယောက်ပါ။ ဒီတစ်ခေါက် သင့်ရဲ့ ပိုင်နက်ကို အဆင်အခြင်မဲ့ ဖောက်ဝင်ခဲ့မိပါတယ်။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ။ မနက်ဖြန်ကျရင် ကျုပ်ကိုယ်တိုင် လာရောက်တောင်းပန်ပါ့မယ်။"

စကားပြောပြီးသွားသောအခါ သူနောက်လှည့်ကာ လေပေါ်သို့ ခုန်လိုက်၏။ ခုန်ချက် အနည်းငယ်ဖြင့် စိုက်ပျိုးရေးခြံ၏ နံရံအား ကျော်ပျံသွားကာ ခပ်ဝေးဝေးတွင် အမြန်ဆုံး ပျောက်ကွယ်သွားတော့သည်။

သူ ထွက်သွားတာ အလွန်မြန်သည်။ တွန့်ဆုတ်မှုပင် မရှိပါ။

ယဲ့ရှောင်ချန်း အနည်းငယ် ကြက်သေ သေသွားရ၏။ အစကတော့ အနည်းငယ် လှုပ်ရှားဖို့ ကြံစည်ထားသော်လည်း ဒီလူဒီလောက် မြန်မြန်ထွက်သွားလိမ့်မည်ဟု မထင်ထားပါ။

"ဟင်းဟင်း စိတ်ဝင်စားစရာပဲ။ ကြည့်ရတာ ဒီအင်မော်တယ် ကျင့်ကြံသူက ငါထင်ထားသလောက် မရိုင်းဘူးထင်တယ်။"

ယဲ့ရှောင်ချန်းက ပြုံးလိုက်ပါသည်။

မနက်ဖြန် ဒီလူ လာလည်မည့်အချိန်ကို သူ မျှော်နေမိပါ၏။

ကမ္ဘာမြေပေါ်က အင်မော်တယ် ကျင့်ကြံမှုအကြောင်း သူ အလွန်စိတ်ဝင်စားနေဆဲ ဖြစ်သည်။

"အင်မော်တယ်ကျင့်ကြံခြင်းလောကက ဘယ်မှာလဲမသိဘူး။ ပြီးတော့ သူက အရှေ့ပိုင်းတာအိုနယ်မြေ၊ ရှုရှန်ဓားဂိုဏ်းကနေ လာခဲ့တယ်လို့ ပြောတယ်မလား။ အဲ့တာ ဘယ်နေရာကြီးလဲ။"

ယဲ့ရှောင်ချန်း စိတ်ထဲတွင် တွေးကြည့်နေမိသည်။

ဒီမေးခွန်းများက မနက်ဖြန် ထိုလူအား တွေ့လျှင် အဖြေပေါ်လာနိုင်လောက်ပါသည်။

ထိုညက အလွန်တိတ်ဆိတ်နေခဲ့၏။

နောက်တစ်နေ့မနက် ယဲ့ရှောင်ချန်းက စိုက်ပျိုးရေးခြံသို့ တန်းတန်းမတ်မတ် ပြန်လာခဲ့ပါသည်။

သုတေသနအဖွဲ့အစည်းကိုတော့ သူမသွားခဲ့ပါ။

ယခု သူ သွားချင်သွား၊ မသွားချင် မသွားလည်း ရပါသည်။

သူ အလွန် အားလပ်နေ၏။

ထို့အပြင် နှစ်သစ်ကူး ရောက်ခါနီးပြီဖြစ်သဖြင့် သုတေသနအဖွဲ့အစည်းက သုတေသနပညာရှင်များကို သူတို့၏ နေအိမ် အကွာအဝေးအလိုက် အားလပ်ရပ်များ စီစဥ်ပေးပါသည်။

ထို့ပြင် နှစ်သစ်ကူးကာလတွင် အဖွဲ့အစည်း၌ ဂျူတီကျသည့် လူများလည်း ရှိသည်။

ယဲ့ရှောင်ချန်း စိုက်ပျိိုးရေးခြံသို့ ပြန်ရောက်ပြီး သိပ်မကြာခင် လုတုန်ချမ်း ရောက်လာခဲ့၏။

"မစ်စတာယဲ့ ကျုပ်က လုတုန်ချမ်းပါ။ အင်မော်တယ်ကျင့်ကြံခြင်းလောကရဲ့ ရှုရှန်ဓားဂိုဏ်းက အတွင်းစည်း ဂိုဏ်းတပည့်တစ်ယောက်ပါ။ မနေ့ညက ခင်ဗျားရဲ့ ပိုင်နက်ကို ဆင်ခြင်မဲ့ ကျူးကျော်မိပါတယ်။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ။"

ထိုလုတုန်ချမ်းဆိုသူတွင် မြင့်မြတ်သည့် မိသားစုက ကလေးတစ်ယောက်လို အပြုအမူမျိုး ရှိ၏။ ထို့အပြင် သူ့ကိုယ်ဟန်လက်ဟန်များကလည်း အပြစ်အနာအဆာ ကင်းလှပါသည်။

လုတုန်ချမ်းသည် ယဲ့ရှောင်ချန်းကို မြင်ပြီးနောက် ယဲ့ရှောင်ချန်းထံမှ ခပ်ပါးပါး ဖိအားတစ်ခုကို ခံစားရသဖြင့် အနည်းငယ် အံ့အားသင့်သွားမိပါသည်။

ဒါက မှော်စွမ်းအင် ဖိအားဆိုတာ သေချာသည်။ ပြောရမည်ဆိုလျှင် ထိုဖိအားမျိုးက ကျင့်ကြံခြင်းအဆင့်မြင့်လျှင် သို့မဟုတ် မှော်စွမ်းအင် အရည်အသွေးက အားသာချက် ရှိနေမှ ပေါ်လာတတ်ပါသည်။

သူက ရှုရှန်ဓားဂိုဏ်းလို ဂိုဏ်းကြီးတစ်ခု၏ တပည့်တစ်ယောက် ဖြစ်သည်။ သူက အခြေခံ တပည့်တစ်ယောက်ဆိုလျှင်တောင် လုမျိုးရိုးတွင် မွေးဖွားလာပြီး သူ့ကျင့်ကြံခြင်း နည်းလမ်းကလည်း သာမန်ထက် ထူးကဲလှသည်။

သူ့မှော်စွမ်းအင်အား ဖိနှိပ်နိုင်သည့် အာနိသင်ရှိဖို့ လုံးဝ မဖြစ်နိုင်လုနီးပါး ဖြစ်သည်။ တစ်ခုတည်းသော ဖြစ်နိုင်ချေမှာ ယဲ့ရှောင်ချန်း၏ ကျင့်ကြံမှုအဆင့်က သူ့ထက် မြင့်မားတာ ဖြစ်နိုင်ပါသည်။

သူက ချီစွမ်းအင်သန့်စင်အဆင့်မှာများလား။

ချီစွမ်းအင် သန့်စင်ခြင်းအဆင့် ကျင့်ကြံသူသာ ဒီလို ဖိအားမျိုးကို ထုတ်လွှတ်နိုင်၏။

ထိုသို့ စဥ်းစားပြီးနောက် မနေ့ညက အလောတကြီး သူ မပြုမူခဲ့မိတာကို ဝမ်းသာမိပါသည်။ မဟုတ်ပါက အကျိုးဆက်များမှာ တွေးမကြည့်နိုင်အောင် ရှိလာနိုင်သည်။

ချီစွမ်းအင် သန့်စင်ခြင်းအဆင့်နှင့် အခြေခံအုတ်မြစ် တည်ဆောက်ခြင်းအဆင့်တို့၏ ကွာခြားချက်က ကောင်းကင်ဘုံနှင့် ကမ္ဘာမြေတို့၏ ကွာခြားချက်လိုပင်။

တဖက်လူ ဘာတွေ တွေးနေသလဲ ယဲ့ရှောင်ချန်း မသိပေ။ မဟုတ်ပါက သူ တိုးတိုးတိတ််တိတ် ရယ်မောမိပါလိမ့်မည်။

အဘယ့်ကြောင့်ဆိုသော် သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်ကလည်း အခြေခံအုတ်မြစ် တည်ဆောက်ခြင်း စဦးအဆင့်တွင်သာ ရှိသေးသောကြောင့် ဖြစ်သည်။

လုတုန်ချမ်း ဒီလို ခံစားရသည့် အကြောင်းအရင်းက ရှန်းနုန်ကျင့်စဥ်များကို သူကျင့်ကြံထားသောကြောင့် ဖြစ်သည်။ အဆိုပါ ကျင့်စဥ်များက တိုက်ခိုက်ရေးကျင့်စဥ် မဟုတ်ရင်တောင် ရှန်းနုန်ပါရမီရှိသူများသာ ကျင့်ကြံနိုင်၏။ ကျင့်ကြံထားသည့် မှော်စွမ်းအင် အရည်အသွေးများမှာ သေချာပေါက် မြင့်မားပါလိမ့်မည်။

"မင်းရဲ့ ရည်ရွယ်ချက်က ဘာလဲ။"

ယဲ့ရှောင်ချန်းက တည်ငြိမ်စွာ ပြောလိုက်ပါသည်။

လုတုန်ချမ်းက ဘယ်လောက်ပဲ သန်မာပါစေ ဒီစိုက်ပျိုးရေးခြံထဲတွင်တော့ ယဲ့ရှောင်ချန်း၏ ဖိနှိပ်ခြင်းကို ခံရပါလိမ့်မည်။

ထို့ကြောင့် သူ သိပ်ပြီး မကြောက်ပါ။

"မစ်စတာယဲ့ မင်းက အင်မော်တယ်ကျင့်ကြံခြင်းလောကက မဟုတ်ဘူး။ အဲ့တာကြောင့် ငါဘယ်ကလာတာလဲဆိုတာတော့ သိမှာ မဟုတ်ဘူး။ ဒါပေမယ့် မင်းကလည်း ကျင့်ကြံသူ တစ်ယောက်ပဲ။ ဒါကြောင့် အင်မော်တယ်ကျင့်ကြံခြင်းလောကဆိုတာ သာမန်လောကထဲမှာ မဟုတ်ဘဲ တခြားလောကထဲမှာဆိုတာ မင်း ကြားဖူးမှာပါ။ သာမန်လောကနဲ့ လုံးဝ ခြားနားနေတဲ့ လောကတစ်ခုပဲ။ ပြီးတော့ ငါကလည်း အဲ့ဒီလောကက လာခဲ့တာပါ။"

လုတုန်ချမ်းက အမြန် ရှင်းပြလိုက်ပါသည်။

ယဲ့ရှောင်ချန်းသည် အင်မော်တယ်ကျင့်ကြံခြင်းလောကမှ ရောက်လာတာ မဖြစ်နိုင်ပေ။ အဘယ့်ကြောင့်ဆိုသော် အင်မော်တယ်ကျင့်ကြံခြင်းလောကနှင့် သာမန်လောကတို့၏ လမ်းကို ချိပ်ပိတ်ထားခဲ့တာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

လုတုန်ချမ်းတစ်ယောက် သာမန်လောကသို့ လာနိုင်ခဲ့သည့် အကြောင်းရင်းမှာ အင်မော်တယ်ကျင့်ကြံခြင်းလောကမှ ပေးအပ်ထားသည့် နယ်နိမိတ် ချိုးဖျက်အဆောင်ကို အသုံးပြုခဲ့ခြင်းကြောင့် ဖြစ်ပါသည်။

ထိုအချိန်က သာမန်လောကသို့ လာရောက်သည့် အခြေခံအုတ်မြစ် တည်ဆောက်ခြင်းအဆင့် ကျင်ကြံသူ စုစုပေါင်း ၃၆ ယောက်ရှိပြီး အားလုံးကို သူ မြင်ဖူးပါသည်။ ယဲ့ရှောင်ချန်းသည် သူတို့ထဲတွင် မပါပေ။

ယဲ့ရှောင်ချန်းက ဘာမှမပြောဘဲ နားသာ နားထောင်နေပါသည်။

သူ အနည်းငယ် အံ့အားသင့်နေမိသော်လည်း လက်ခံနိုင်ပါသေးသည်။

အင်မော်တယ်ကျင့်ကြံခြင်းလောကမှ အင်မော်တယ်များပင် ရောက်လာကြပြီဆိုတော့ ကမ္ဘာပေါ်က သာမန် အင်မော်တယ် ကျင့်ကြံခြင်းဆိုတာ ဘာများ ထူးဆန်းပါတော့မည်နည်း။

All Chapters