အခန်း (၂၃၄) - အိုင်ဒေါ
Vol. 16 Ch. 234
အခန်း (၂၃၄) - အိုင်ဒေါ
ပြိုင်ပွဲကို တစ်ဖက်သတ်ဆန်လွန်းသည်ဟု ဆိုနိုင်၏။
"ငါတော်ပြီ"
အစ်မယုက ဘတ်စ်ကတ်ဘောကို လွှင့်ပစ်ကာ မှိုင်ကုပ်ကုပ်ဖြင့် ပြောလိုက်၏။
"ဟားဟား အစ်မယု ငါတို့ နင့်ကို နောက်ဆုံးတော့ နိုင်ဖူးပြီကွ။"
အရပ်ရှည်ရှည်ကောင်လေးက ရယ်မောကာ ပြောလိုက်၏။
"နင်နိုင်တာမှ မဟုတ်တာ"
အစ်မယုက အလွန်စိတ်ဆိုးနေ၏။
အရည်ရှည်ရှည်ကောင်လေးက ချောင်းဟပ်လိုက်ကာ ရယ်မောလိုက်၏။ ထို့နောက် ယဲ့ရှောင်ချန်းကို မေးလိုက်သည်။ "အစ်ကိုကြီး မင်းကို ဘယ်လိုခေါ်ရမလဲ။"
"ငါ့နာမည် ယဲ့ရှောင်ချန်းပါ။ တောင်ပိုင်း စိုက်ပျိုးရေး တက္ကသိုလ်က ကျောင်းသားဟောင်းပါ။"
ယဲ့ရှောင်ချန်းက ပြုံးကာ ပြောလိုက်ပါသည်။
"ဝိုး စီနီယာကြီးယဲ့ပဲ ကျွန်တော့်နာမည်က နင်ကျစ်ပါ။ ဒါက အစ်မယု၊ ကျီယုထျင်လို့ ခေါ်တယ်"
အရပ်ရှည်ရှည်ကောင်လေးက အမြန်ပြောလိုက်သည်။
"ရှင့်နာမည်က ယဲ့ရှောင်ချန်းလို့ ပြောလိုက်တယ်နော်။ တရုတ်သိပ္ပံကျောင်းတော်က တွဲဖက်ပရော်ဖက်ဆာယဲ့ရှောင်ချန်းလို့ ပြောလိုက်ပါလား။"
ကျီယုထျင်က ယဲ့ရှောင်ချန်းကို ကြည့်လိုက်ပြီး ရုတ်တရက် ပြောလိုက်၏။
"ဟမ် စီနီယာကြီး အဲ့ဒီယဲ့ရှောင်ချန်းတော့ မဟုတ်ပါဘူးနော်။"
နင်ကျစ်က အံ့အားသင့်စွာ ပြောလိုက်သည်။
တောင်ပိုင်းစိုက်ပျိုးရေး တက္ကသိုလ်တွင် ယဲ့ရှောင်ချန်း၏ အမည်ကို မသိတဲ့လူရှိပါ့မလား။
အခုတော့ သူတို့ရှေ့က စီနီယာကြီးက ယဲ့ရှောင်ချန်းဟု ခေါ်သည်။ မဟုတ်မှလွဲရော အဲ့ဒီ တရုတ်သိပ္ပံကျောင်းတော်က တွဲဖက်ပရော်ဖက်ဆာယဲ့ရှောင်ချန်းတော့ မဟုတ်လောက်ဘူးမလား။
မဖြစ်နိုင်ပါ။
ယဲ့ရှောင်ချန်းက ထိုကဲ့သို့ ကျွမ်းကျင်ပညာရှင်မျိုးနှင့် မတူသဖြင့် သူတို့ မယုံကြည်ကြပါ။
ယဲ့ရှောင်ချန်းက သူ့နှာခေါင်းကို ထိလိုက်ပြီး ပြုံးကာ ပြောလိုက်၏။ "နာမည်တူတာနေမှာပါ။ မင်းတို့ကောင်တွေ ပျော်ကြဦး။ ငါလုပ်စရာရှိသေးလို့ သွားတော့မယ်"
"အစ်ကိုယဲ့ ဝီချက်မှာ Add ကြရအောင်"
နင်ကျစ်က အမြန်ပြောလိုက်၏။
"ရတာပေါ့"
ယဲ့ရှောင်ချန်းက ဖုန်းကို ထုတ်လိုက်ပြီး ဝီချက်တွင် Add လိုက်သည်။
ကျီယုထျင်လည်း ထိုနည်းတူစွာ လုပ်လိုက်သည်။ သူမ၏ ဝီချက်အမည်က အစ်မယု ဖြစ်၏။
ယဲ့ရှောင်ချန်း ဘတ်စ်ကတ်ဘောကွင်းထဲမှ ထွက်လာပြီး Porsche Cayenne ကားကြီးထဲသို့ ဝင်သွားသောအခါ နင်ကျစ်နှင့် ကွင်းထဲက တခြားသူများ ကြက်သေ သေသွားကြရသည်။
"လခွမ်း အစ်ကိုယဲ့က ဘတ်စ်ကတ်ဘော ကစားတာပဲ တော်တာမဟုတ်ဘူး။ ဒီလောက် ကားကောင်းကြီးလည်း စီးနိုင်တာပဲဟ။ သူက ရာနှုန်းပြည့် အရပ်ရှည်တယ်။ ချမ်းသာတယ်။ ချောတယ်။ အစ်မယု ဒါအခွင့်အရေးနော်။ နင်လှုပ်ရှားရင် သူနဲ့တွဲလို့ရနိုင်လောက်တယ်။"
နင်ကျစ်က နောက်လိုက်သည်။
"ငါ့ကောင်လေးဖြစ်ဖို့ လိုအပ်ချက်တွေက ဘတ်စ်ကတ်ဘော စကေးတွေက ငါ့ထက်ပိုတော်ရမယ်၊ ပြီးတော့ ငါ့အောက် အရပ်မပုရဘူး။ သူချမ်းသာတာ မချမ်းသာတာ အရေးမကြီးဘူး။ အရေးအကြီးဆုံးက ပါရမီရှိဖို့ပဲ။ ပြီးတော့ ငါ့ထက်ပါရမီရှိမှရမယ်"
အစ်မယုက စိတ်မဝင်စားစွာ ပြောလိုက်ပါသည်။
နင်ကျစ်နှင့် တခြားသူများ ဆွံ့အသွားကြသည်။
နင့်ထက်အရပ်ရှည်ရမယ်တဲ့လား။
အစ်ကိုယဲ့က ၅ပေ ၇လက်မလောက်ပဲ ရှိတယ် မဟုတ်လား။
နင်ကျစ်ဘာတွေပြောနေသလဲ ယဲ့ရှောင်ချန်း မသိခဲ့ပါ။ သူ သိခဲ့ပါက ဆွံ့အသွားပါလိမ့်မည်။
သူ့အရပ်ကြောင့် မိန်းကလေးတစ်ယောက်၏ လှောင်ပြောင်ခြင်းကို ခံခဲ့ရ၏။
ယဲ့ရှောင်ချန်းက ကားကိုပါကင်ထိုးလိုက်သည်။ ထို့နောက် ဖုန်းကို ထုတ်လိုက်ပြီး ဟဲ့ဟိုင်ကျန်းကို ခေါ်လိုက်၏။
ဟဲ့ဟိုင်ကျန်းက ယဲ့ရှောင်ချန်း ကျောင်းသို့ ရောက်လာပြီဖြစ်ကြောင်း သိသဖြင့် ယဲ့ရှောင်ချန်းကို အမြန်လာကြိုမည်ဟု ပြောလိုက်၏။
ကျောင်းအုပ်ကြီး ရုံးခန်းတွင်။
ယဲ့ရှောင်ချန်းက တောင်ပိုင်းဒေသ စိုက်ပျိုးရေး တက္ကသိုလ်မှ ခေါင်းဆောင်များစွာနှင့် ဆုံခဲ့ပါသည်။
သူတို့က ယဲ့ရှောင်ချန်းအား နွေးထွေးစွာ ကြိုဆိုကြသည်။
ယဲ့ရှောင်ချန်း ကျောင်းအုပ်ကြီးထံမှ ထောက်ခံစာကို ရရှိပြီးနောက် တောင်ပိုင်း စိုက်ပျိုးရေးတက္ကသိုလ်၏ တရားဝင် ဧည့်ပရော်ဖက်ဆာ တစ်ယောက် ဖြစ်လာခဲ့ပါသည်။
ကျောင်းအုပ်ကြီး လီခိုင်ခိုင်က အစကတော့ ကြိုဆိုပွဲအခမ်းအနားတစ်ခု ကျင်းပပေးချင်ခဲ့၏။ သို့သော် ယဲ့ရှောင်ချန်းက အာစုံစိုက်မခံချင်သဖြင့် သူငြင်းဆန်ခဲ့ပါသည်။
သူ ကျောင်းကို ဘာမှမပြင်ဆင်ခိုင်းဘဲ တက္ကသိုလ်သို့ လာခဲ့ခြင်းဖြစ်၏။
"ပရော်ဖက်ဆာယဲ့။ မင်းလည်း ဒီရောက်နေပြီဆိုတော့ အတန်းတစ်ခု အရင်ယူလိုက်ပါလား။"
ကျောင်းအုပ်ကြီး လီခိုင်ခိုင်က ရုတ်တရက် အကြံပြုလိုက်သည်။
"ရပါတယ်"
ယဲ့ရှောင်ချန်းက ခေါင်းငြိမ့်လိုက်သည်။
ဒီနေ့ သူဘာမှ လုပ်စရာလည်း မရှိပေ။ ရောက်နေပြီဆိုမှတော့ ထောက်ခံစာရရှိပြီး တန်းပြန်သွားလို့ မဖြစ်ပါ။
လီခိုင်ခိုင်နှင့် တခြားကျောင်းခေါင်းဆောင်များက အပျော်လွန်သွားကြပြီး ချက်ချင်း ပြင်ဆင်ကြသည်။
သိပ်မကြာခင် ကျောင်းတွင်းအသံလွှင့်စက်မှ ကြေညာချက်တစ်ခုကို ထုတ်ပြန်လိုက်သည်။ တရုတ်သိပ္ပံကျောင်းတော်မှ တွဲဖက်ပရော်ဖက်ဆာ ယဲ့ရှောင်ချန်းမှာ ယနေ့ ကျောင်းကို ဧည့်ပရော်ဖက်ဆာတစ်ယောက်အဖြစ် ရောက်ရှိလာပြီဖြစ်သည်။ နေ့လည်းခင်းတွင် ခန်းမကြီးတစ်ခု၌ အတန်းတစ်ခုကို သင်ကြားမည်ဖြစ်ပြီး ကျောင်းသားများ လာရောက်စာရင်းသွင်းနိုင်သည်ဟု ဆိုပါသည်။
ကြေညာချက် ထုတ်ပြန်လိုက်သောအခါ ကျောင်းတွင်းတစ်ခုလုံး ဆူညံပွက်လောရိုက်သွားကြ၏။
ရုတ်ချည်းဆိုသလို မရေမတွက်နိုင်သော ကျောင်းသားများက သတင်းကိုကြားပြီး တစ်ယောက်ပြီးတစ်ယောက် စာရင်းသွင်းကြလေသည်။
ဘတ်စ်ကတ်ဘော ကွင်းတွင်။
နင်ကျစ်နှင့် အခြားသူများက ဘတ်စ်ကတ်ဘော ကစားနေဆဲပင်။
ထိုအချိန်တွင် ကျီယုထျင်ကတော့ ထွက်သွားပြီ ဖြစ်သည်။
"မဖြစ်နိုင်တာ စီနီယာကြီးယဲ့ရှောင်ချန်း ရောက်လာပြီလား။"
နင်ကျစ်နှင့် အခြားသူများက အံ့အားသင့်သွားကြ၏။
"အစ်ကိုယဲ့က စီနီယာ ယဲ့ရှောင်ချန်းလို့ မင်းတို့ထင်ကြလား။"
တစ်ယောက်ယောက်က ရုတ်တရက် ပြောလိုက်သည်။
"အမ် ဖြစ်-ဖြစ်နိုင်တယ်နော်။ ယဲ့ရှောင်ချန်းက နာမည်တူတာဖြစ်နိုင်ပေမယ့် ဒီလောက်ကြီး တိုက်ဆိုင်တာကတော့ မဟုတ်သေးဘူး။"
နင်ကျစ်၏ မျက်လုံးများ ဝိုင်းစက်သွားပြီး ချက်ချင်းပြောလိုက်၏။
"မဖြစ်နိုင်တာ။ ခုနက ငါတို့ စီနီယာကြီး ယဲ့ရှောင်ချန်းနဲ့ ဘတ်စ်ကတ်ဘော ကစားလိုက်တာပေါ့။"
"ဟားဟား မိုက်တယ်ကွာ ငါတို့ ဝီချက်မှာတောင် Add လိုက်ကြတယ်မလား။"
နင်ကျစ်နှင့် အခြားသူများ ပျော်ရွှင်သွားကြသည်။
"မြန်မြန် စာရင်းသွားသွင်းသွားကြစို့။"
နင်ကျစ် အမြန်ပြောလိုက်သည်။
ချက်ချင်း သူတို့အုပ်စု ဘတ်စ်ကတ်ဘော ကစားနေသည်ကို ရပ်တန့်လိုက်ကြပြီး စာရင်းသွင်းရာ နေရာသို့ ချက်ချင်းသွားလိုက်ကြပါသည်။
စိုက်ပျိုးရေးတက္ကသိုလ် စာကြည့်တိုက်တွင်။
ကျီယုထျင်က သူမလိုအပ်သည့် စာအုပ်များကို စာအုပ်စင်တစ်ခုရှေ့တွင် ရှာနေချိန် ရုတ်တရက် ကြေညာချက်ကို ကြားလိုက်ရ၏။
"စီနီယာကြီး ယဲ့ရှောင်ချန်းက ကျောင်းမှာ ရောက်နေပြီလား။"
ကျီယုထျင်၏ လှပသော မျက်လုံးများ အရောင်လက်သွားသည်။
ဒီနာမည်ကျော် စီနီယာကြီးကို သူမ အလွန်လေးစားပါသည်။
ဒီလောက် ငယ်ငယ်ရွယ်ရွယ်နှင့် တရုတ်သိပ္ပံကျောင်းတော်တွင်် တွဲဖက်ပရော်ဖက်ဆာတစ်ယောက် ဖြစ်လာခဲ့သည်။ ပိုအံ့သြဖို့ကောင်းတာက အပင်အသိစိတ်ပညာရပ်အသစ်ကို သူရှာဖွေတွေ့ရှိခဲ့ခြင်းပင်။
သူမတွင် ပန်းတိုင်တစ်ခုပင် ရှိသည်။ အနာဂတ်တွင် အပင်အသိစိတ်ပညာကို လေ့လာဖို့ ယန်ရှစ်မြို့ အပင်အသိစိတ် သုတေသနအဖွဲ့အစည်းသို့ ဝင်ရောက်နိုင်ရမည်။
ထိုသို့ စဥ်းစားပြီး စာကြည့်တိုက်ထဲမှ အမြန်ထွက်သွားလေသည်။
"ကျောင်းအုပ်ကြီး စာရင်းသွင်းထားတဲ့ ကျောင်းသားတွေ အများကြီးပဲ။ ခန်းမကြီးထဲမှာ အကုန်လုံး မဆံ့နိုင်ဘူး။"
အတန်းများကို စီစဥ်ဖို့ တာဝန်ရှိသည့် ကျောင်းသားရေးရာရုံး ခေါင်းဆောင်က ကျောင်းအုပ်ကြီးကို အမြန်တင်ပြလိုက်သည်။
"ခန်းမကြီးက မဆံ့ဘူးဆိုတော့ အားကစားရုံထဲ သွားကြရအောင်"
လီခိုင်ခိုင်က စဥ်းစားလိုက်ပြီး ပြောလိုက်သည််။
အားကစားရုံကြီးက ကြီးမားလွန်းပြီး အတန်း၏ အရှိန်ကို လျော့ကျသွားစေနိုင်သော်လည်း လူက များလွန်းနေသဖြင့် ဒါက တစ်ခုတည်းသော နည်းလမ်း ဖြစ်ပါသည်။
နေ့လည်ခင်း တစ်နာရီကျော်တွင်။
စိုက်ပျိုးရေး တက္ကသိုလ် အားကစားရုံကြီး ပြည့်နှက်နေပါပြီ။
မရေမတွက်နိုင်သော ကျောင်းသားများစွာက အားကစား စီမံရေး ဌာနသို့ အမြန်ပြေးသွားကြ၏။
ထို့ကြောင့် ဗရုသုက္ခဖြစ်မလာအောင် ဌာနတစ်ခုစီ၏ ခေါင်းဆောင်နှင့် ဆရာမျာားက ကျောင်းသားများကို မတူညီသော နေရာများတွင် ထိုင်ဖို့ စီစဥ်ပေးလိုက်ရသည်။
လူ အလွန်များပြားသောကြောင့် လူထောင်ချီဆံ့သော အားကစားရုံထဲတွင် လူများစွာက မတ်တပ်ရပ်နေကြရ၏။
ဧရာမ အားကစားရုံကြီးထဲတွင် အလွန်ဆူညံနေ၏။
အောက်ဘက်တွင် ယဲ့ရှောင်ချန်း သင်ကြားဖို့အတွက် စင်တစ်ခုကို တည်ဆောက်ပြီးပြီ ဖြစ်သည်။
စင်မြင့်၏ တဖက်တွင် ခေါင်းဆောင်များ၊ ပရော်ဖက်ဆာများနှင့် ကျောင်းတော်က ဆရာများရှိကြသည်။
နှစ်နာရီ ထိုးသွား၏။
ကျောင်းသားရေးရာရုံး၏ ခေါင်းဆောင်က စင်ပေါ်တွင် မိုက်ခရိုဖုန်းတစ်ခုဖြင့် မတ်တပ်ရပ်နေပြီး ကျယ်လောင်စွာ ပြောလိုက်သည်။
"ကျောင်းသားများ၊ ဆရာဆရာမများနဲ့ ခေါင်းဆောင်ကြီးများတို့ တရုတ်သိပ္ပံကျောင်းတော်ရဲ့ တွဲဖက်ပရော်ဖက်ဆာနဲ့ စာသင်နှစ် ၂၀၀၇ ခုနှစ်က ကျောင်းသားဟောင်းဖြစ်တဲ့ မစ်စတာယဲ့ရှောင်ချန်းအား ကျွန်တော်တို့ကို အပင်အသိစိတ် ပညာရပ်အသစ်အား သင်ကြားပြသပေးဖို့အတွက် နွေးနွေးထွေးထွေး ကြိုဆိုလိုက်ကြရအောင်လားဗျာ။"
ရုတ်တရက်ကြီး မရေမတွက်နိုင်သော မျက်လုံးအစုံများက တစ်နေရာတည်းသို့ ကြည့်လိုက်ကြသည်။ အရပ်ရှည်ရှည် ရုပ်ရည်ခပ်ဖြောင့်ဖြောင့် လူတစ်ယောက် စင်ပေါ်သို့ တက်လာသည်ကို မြင်လိုက်ရပါသည်။
ထိုလူပုဂ္ဂိုလ်ပေါ်လာသောအခါ အားကစားရုံထဲ လက်ခုပ်သြဘာသံများ ပေါ်လာခဲ့ပါသည်။
တစ်ချိန်တည်းမှာပင် ကျောင်းသားများစွာက အော်ဟစ်နေကြ၏။ "စီနီယာယဲ့ရှောင်ချန်း၊ စီနီယာယဲ့ရှောင်ချန်း"
ရင်းနှီးနေသည့် မျက်နှာကို မြင်လိုက်ရသောအခါ နင်ကျစ်နှင့် သူ့အပေါင်းအပါများလည်း ကြက်သေ သေသွားကြ၏။ ထို့နောက် စိတ်အားထက်သန်စွာဖြင့် ရူးရူးသွပ်သွပ် အော်ဟစ်လိုက်ကြပါသည်။ ပျော်ရွှင်လွန်းသဖြင့် သူတို့ အသံများ အက်ကွဲသည်အထိ အော်ခဲ့ကြ၏။
မတတ်နိုင်ပါ။ သူတို့ ယဲ့ရှောင်ချန်းနှင့် ခုနက ဘတ်စ်ကတ်ဘောပင် ကစားခဲ့သောကြောင့် မဟုတ်ပါလား။
ယဲ့ရှောင်ချန်းကို ဝီချက်ပေါ်မှာတောင် Add နိုင်ခဲ့သည်။ ဂုဏ်ယူဖို့ ကောင်းလိုက်တာ။
တဖက်တွင် မိန်းကလေးများအကြား ထိုင်နေသည့် ကျီယုထျင်၏ လှပသည့်မျက်နှာပေါ်တွင်လည်း အံ့အားသင့်မှု ဖြစ်ပေါ်လာသည်။ ထိတ်လန့်မှုကြောင့် မအော်မိအောင် ပါးစပ်ကို လက်ဖြင့် အုပ်လိုက်ရသည်။
"ဘယ်လိုလုပ် သူဖြစ်နေတာလဲ။"
ကျီယုထျင် တစ်ယောက်တည်း ရေရွတ်လိုက်သည်။
သူ့ဘေးက ကောင်မလေးများကလည်း အိုင်ဒေါကို မြင်လိုက်ရသော ပရိတ်သတ်များလို တစ်ယောက်ပြီး တစ်ယောက် အော်ဟစ်နေကြါပသည်။
တောင်ပိုင်းဒေသ စိုက်ပျိုးရေးတက္ကသိုလ်၏ ကျောင်းသားများအတွက် ယဲ့ရှောင်ချန်းက သူတို့၏ အိုင်ဒေါတစ်ယောက် တကယ် ဖြစ်လာခဲ့ပါပြီ။