← Chapters

အခန်း (၂၃၆) - ငါက မင်းထက် အရည်အချင်းပိုရှိတယ်

Vol. 16 Ch. 236

အခန်း (၂၃၆) - ငါက မင်းထက် အရည်အချင်းပိုရှိတယ်

Vol. 16 Ch. 236

အခန်း (၂၃၆) - ငါက မင်းထက် အရည်အချင်းပိုရှိတယ်

နင်ကျစ်က မျက်လုံးကို မှိတ်လိုက်ပြီး အချိန်အကြာကြီး ပုံဖော်ကြည့်သော်လည်း ဘာမှ မခံစားရပေ။

စိတ်ပျက်အားလျော့စွာ မျက်လုံးပြန်ဖွင့်လိုက်ပြီး အလွန် စိတ်တိုနေပုံရ၏။ သူ့မှာ စိုက်ပျိုးရေးအတွက် ပါရမီ မရှိသည့်ပုံပင်။

"ကန်းကျစ်  မင်းကောရှိလား"

နင်ကျစ်က သူ့ဘေးက ချန်ကန်းလည်း မျက်လုံး ပြန်ဖွင့်လာသည်ကို မြင်သဖြင့် အမြန်မေးလိုက်သည်။

"အမ် အိပ်တောင် အိပ်ပျော်သွားတော့မလို့။ အပင်ကိုတော့ ပုံမဖော်နိုင်ဘူး။"

ချန်ကန်းက သူ့နှုတ်ခမ်းထောင့်က သွားရည်များကို သုတ်လိုက်ပြီး ပြောလိုက်သည်။

နင်ကျစ်က မျက်စောင်းထိုးလိုက်၏။

တခြားသူများကလည်း မျက်လုံးများကို ဖွင့်ကာ ခေါင်းခါလိုက်ကြသည်။

"မဖြစ်နိုင်တာ... ငါတို့ထဲက တစ်ကောင်မှ ပါရမီ မရှိဘူးလားဟ။"

နင်ကျစ် အလွန်အမင်း အံ့အားသင့်သွားပါသည်။

သူ့ဘေးပတ်လည်က လူများစွာလည်း မျက်လုံးများ ဖွင့်လာကြပြီး ဘယ်သူမှ ပုံမဖော်နိုင်ခဲ့ပေ။

အမှန်ပင်။ ရင်းနှီးသည့် အပင်တစ်မျိုးကို စိတ်ကူး ပုံဖော်ရာတွင် အောင်မြင်သည့် လူအနည်းငယ်တော့ရှိပြီး ဘေးနားက လူများက မနာလိုဖြစ်မိကြ၏။

သူတို့ စိုက်ပျိုးရေးပါရမီပါဖို့ ရာနှုန်းပြည့် မသေချာသေးသော်လည်း အနည်းဆုံးတော့ ဖြစ်နိုင်ချေ ရှိပါသည်။

တဖက်တွင် ကျီယုထျင်လည်း မျက်လုံး ပြန်ဖွင့်လာ၏။

"ယုထျင် ဘယ်လိုနေလဲ။"

သူ့ဘေးက ကောင်မလေးက စိတ်ဝင်စားစွာ မေးလိုက်သည်။

"အဆင်ပြေပါတယ်။"

ကျီယုထျင်က နူးညံ့စွာ ပြောလိုက်သည်။

"ကြည့်ရတာ ယုထျင်မှာ စိုက်ပျိုးရေးပါရမီ ရှိတဲ့ပုံပဲ။ ငါတို့တွေတော့ မရှိဘူး။ ဘယ်အပင်မှ ပုံဖော်ကြည့်လို့မရဘူး။ ပိုပြီးတွေးလေလေ ပိုပြီးဝေဝါးလာလေလေပဲ။"

"ဟုတ်တယ် ယုထျင်။ စီနီယာယဲ့ရဲ့ အတန်းကို နင်စာရင်းသွင်းနိုင်တော့မှာပဲ၊ ကောင်းလိုက်တာ။"

"ငါလည်း စီနီယာယဲ့ရဲ့ အတန်းကို သွားနားထောင်ချင်တယ်။ စီနီယာယဲ့က အရမ်းချောတာ နင်တို့ သတိထားမိကြလား?"

"သူ အရမ်းလည်းချောပြီး အရှိန်အဝါလည်း ကောင်းတယ်။ ငါတော့သူ့ကို စွဲလမ်းသွားပြီ။"

"နင်ကတော့ ရွနေပြန်ပါပြီ။"

...

သူ့သူငယ်ချင်းများ၏ ပေါက်ကရစကားများကို နားထောင််ပြီး ကျီယုထျင်၏ အကြည့်က စင်ပေါ်က ယဲ့ရှောင်ချန်းဆီ ရောက်သွား၏ ထို့နောက် သူမ၏ နှုတ်ခမ်းထောင့်က အနည်းငယ် ပြုံးလာခဲ့ပါသည်။

တစ်နာရီကျော်ကြာသောအခါ။

အတန်းပြီးသွားလေပြီ။

ယဲ့ရှောင်ချန်း စောစောပြန်သွား၏။

သို့သော်လည်း စိုက်ပျိုးရေးတက္ကသိုလ်က ထွက်မသွားသေးဘဲ ကျောင်းသားများ၏ လျှောက်လွှာကို ကိုယ်တိုင်လက်ခံဖို့အတွက် ကျောင်းတော် ခေါင်းဆောင်များကို အတန်းတစ်ခု ပြင်ဆင်ပေးဖို့ တောင်းဆိုလိုက်၏။

သူ ဒီလိုလုပ်ရသည့် အကြောင်းအရင်းက လျှောက်ထားသူများကို ပါရမီမျက်လုံးဖြင့် ကြည့်ဖို့ ဖြစ်ပါသည်။

ဘာပဲဖြစ်ဖြစ် ခုနက ရိုးရိုးရှင်းရှင်း စမ်းသပ်ချက်သာဖြစ်ပြီး အားလုံးက ရာနှုန်းပြည့် မမှန်နိုင်ပါ။

သိပ်မကြာလိုက်ဘဲ ပထမဆုံးကျောင်းသား ရောက်လာ၏။

ယဲ့ရှောင်ချန်း ပါရမီမျက်လုံးဖြင့် ကြည့်ပြီး စစ်ကြည့်လိုက်သောအခါ ကံမကောင်းစွာဖြင့် စိုက်ပျိုးရေးပါရမီ ရှိမနေခဲ့ပေ။

သို့သော်လည်း ယဲ့ရှောင်ချန်းက သူ့လျှောက်လွှာကို လက်ခံလိုက်ပါသည်။

စိုက်ပျိုးရေးပါရမီရှိသူများကိုသာ ခေါ်ယူပါက များများစားစားရှိမည်မဟုတ်ပေ။

ဘာပဲဖြစ်ဖြစ် ဒီသင်ကြားမှုက အပေါ်ယံသာဖြစ်ပြီး တစ်ယောက်ယောက်တွင် တကယ်ပဲ စိုက်ပျိုးရေးပါရမီရှိနေပါက သူတို့ကို ပျိုးထောင်ပေးဖို့ အာရုံစိုက်မည်ဖြစ်သည်။

သူ လောလောဆယ် အသိချင်ဆုံးက ကျီယုထျင် စာရင်းလာသွင်းမလားဆိုတာကိုပင်။

ထိုကောင်မလေးက စိုက်ပျိုးရေးပါရမီတွင် အဝါရောင်အတန်းအစား အဆင့်ခုနစ် ရှိသည်။ သူက သေချာပေါက် အတော်ဆုံးထဲက တစ်ယောက် ဖြစ်နိုင်၏။

ဒီလိုပါရမီရှင်တစ်ယောက်ကို သူ့တောင်ပံအောက်သို့ သေချာပေါက် ခေါ်ယူပြီး ပျိုးထောင်ပေးရမည်ဖြစ်ပါသည်။

ထို့နောက် ကျောင်းသားများ ပိုပိုပြီးရောက်လာကာ စာရင်းသွင်းကြသည်။ ကံမကောင်းစွာဖြင့် တစ်ယောက်မှ စိုက်ပျိုးရေးပါရမီ မပါပေ။

သူစိတ်ထဲတွင် သက်ပြင်းချလိုက်မိသည်။ ဒီလို စိုက်ပျိုးရေးပါရမီ အချိုးအစားမျိုးက အလွန်သေးငယ်သည့်ပုံပင်။

သူစဥ်းစားနေစဥ် နောက်ထပ်လူနှစ်ယောက် ဝင်လာ၏။ စုံတွဲများဖြစ်သည့်ပုံပင်။

"စီနီယာကြီးယဲ့ ကျွန်တော်တို့နှစ်ယောက် စာရင်းသွင်းချင်လို့ပါ။"

ပြောလိုက်သည့်လူက ကောင်လေးတစ်ယောက် ဖြစ်၏။ မျက်မှန်ကို တပ်ဆင်ထားပြီး အလွန်သန့်သန့်ပြန့်ပြန့်ရှိသည်။

"နှစ်ယောက်စလုံး ခုနက စမ်းသပ်ချက်ကို လုပ်ပြီးကြပြီလား။"

ယဲ့ရှောင်ချန်း မေးလိုက်သည်။

ပါရမီမျက်လုံးကို အမြဲတမ်း သူ မသုံးပါ။ ဘာပဲဖြစ်ဖြစ် မှော်ပညာကုန်သည်။ လူအများကြီး ရှိသဖြင့် မလုံလောက်နိုင်ပါ။

"ကျွန်မမှာ စိုက်ပျိုးရေးပါရမီတော့ရှိမယ် မထင်ဘူး။ ဒါပေမယ့် ကျွန်မကောင်လေးနဲ့အတူ အတန်းတက်ချင်လို့။ စီနီယာကြီး အဲ့တာ အဆင်ပြေပါ့မလား။"

ကောင်မလေးက ပြောလိုက်၏။

"ရပါတယ်။"

ယဲ့ရှောင်ချန်း ခေါင်းငြိမ့်လိုက်သည်။ ဘာပဲဖြစ်ဖြစ် လူတစ်ယောက်လောက် တိုးလာလည်း အရေးမကြီးပါ။

ပါရမီမျက်လုံးကိုသုံးပြီး မျက်မှန်ဖြင့် ကောင်လေးကို ကြည့်လိုက်၏။ ထို့နောက် သူ့မျက်လုံးများ ဝိုင်းစက်သွားသည်။ ကောင်လေးက တကယ်တော့ စိုက်ပျိုးရေးပါရမီ အဝါရောင်အတန်းအစား အဆင့် ၁ ဖြစ်ပါသည်။ အလွန်သာမန်ဖြစ်သော်လည်း ဘာပါရမီမှ မရှိတာထက်တော့ ပိုကောင်းပါသေးသည်။

ယဲ့ရှောင်ချန်းအတွက်တော့ ဘာမှမရှိတာထက် ကောင်းသည်။

စိတ်ထဲတွင် တွက်ချက်ကြည့်လိုက်၏။

ကျီယုထျင်အပါအဝင် နှစ်ယောက်ရှိပြီ။

ဟင်းး... ဒီစိုက်ပျိုးရေးတက္ကသိုလ်ကို လာခဲ့ရတာ အလကား မဖြစ်ဘူးပဲ။

ယဲ့ရှောင်ချန်းက သူတို့နှစ်ယောက်အား ဖုန်းနံပါတ်ထားခဲ့ခိုင်းလိုက်ပြီး အကြောင်းပြန်မှုကို စောင့်ခိုင်းလိုက်သည်။

မျက်မှန်နှင့်ကောင်လေး ကျောက်ခိုင်ဖျင်က သူ့ကို ဝီချက်တွင် Add ချင်နေ၏။ ယဲ့ရှောင်ချန်း ချက်ချင်း လက်ခံလိုက်ပါသည်။

အစက သူ့ကို ဝီချက်မှာ Add ချင်သည့် လျှောက်ထားသူများစွာ ရှိသော်လည်း သူငြင်းဆိုခဲ့ပါသည်။

သူ အားလုံးကိုသာ လက်ခံရပါက သူ့ဝီချက် ပေါက်ကွဲသွားနိုင်သည်။

ကျောက်ခိုင်ဖျင်ကို လက်ခံရသည့် အကြောင်းအရင်းက သူ့တွင် စိုက်ပျိုးရေးပါရမီ ရှိသောကြောင့် ဖြစ်သည်။ ပျိုးထောင်ဖို့ ထိုက်တန်ပါသည်။

ကျောက်ခိုင်ဖျင်ကတော့ ယဲ့ရှောင်ချန်း ပျိုးထောင်ပေးမည့် လူစာရင်းထဲ သူ ပါနေပြီကို မသိခဲ့ရှာပါ။ မဟုတ်ပါက ဖုန်းအခေါ်ခံရလျှင် ဘယ်လောက်တောင် ပျော်ရွှင်နေမလဲ မသိပေ။

ထို့နောက် လူများစွာ လာနေသေးသည်။ စိုက်ပျိုးရေး တက္ကသိုလ်ကျောင်းသားများစွာ ရှိ၏။ အချိုးအစား ၁၀၀ နှင့် ၁ လောက်ဆိုရင်တောင် စာရင်းလာသွင်းသည့်လူက ၁၀၀ - ၂၀၀လောက် ရှိပါသည်။

စိုက်ပျိိုးရေး ပါရမီနှင့် နောက်ထပ် လူတစ်ယောက်ကို ယဲ့ရှောင်ချန်းတွေ့ခဲ့ပါသည်။ ကျောက်ခိုင်ဖျင်လိုပဲ သူလည်း အဝါရောင်အတန်းအစား အဆင့် ၁ ဖြစ်သည်။

သူ ကံကုန်သွားပုံရသည်။ ထိုတစ်ယောက် ပြီးနောက် နောက်ထပ် အံ့သြစရာများ မတွေ့ရတော့ပေ။

ကျီယုထျင် နောက်ဆုံးတော့ ရောက်လာသောအခါ ယဲ့ရှောင်ချန်း စိတ်အေးစွာ သက်ပြင်းချလိုက်မိပါသည်။ ကျီယုထျင် သူ့အတန်းကို မလာမှာ စိုးရိမ်နေခဲ့သည်။

မဟုတ်ပါက ဒီကောင်မလေးကို ဖျောင်းဖျဖို့ နည်းလမ်းတစ်ခု သူ ရှာရမည်။ သူ့ရည်ရွယ်ချက်ကို အထင်လွဲသွားနိုင်၏။

"စီနီယာကြီး ထပ်တွေ့ကြပြန်ပြီ။"

ကျီယုထျင်က ချိုမြိန်စွာ ပြုံးလိုက်သည်။

"ဟင်းဟင်း နင်မလာတော့ဘူးလို့ ထင်နေတာ။"

ယဲ့ရှောင်ချန်းက ပြုံးလိုက်၏။

"စီနီယာကြီး ကျွန်မလာမှာ ဘယ်လို သိနေတာလဲ။"

သူ့လေသံထဲက အံ့သြမှုကို ကျီယုထျင် သတိထားမိကာ စိတ်ဝင်စားစွာဖြင့် မေးလိုက်ပါသည်။

"နင့်မှာ စိုက်ပျိုးရေးပါရမီရှီတာ ငါမြင်နိုင်တယ်လေ။ ပါရမီကလည်း မဆိုးဘူး။"

ယဲ့ရှောင်ချန်းက တဲ့တိုးပြောလိုက်ပါသည်။

ယဲ့ရှောင်ချန်းက အပင်ပေါက်တစ်ခုကို အလွန်အရေးထားသည်။ ကျီယုထျင်ကိုသာ ဖွံ့ဖြိုးကြီးထွားနိုင်ဖို့ နေရာတစ်ခု ပေးနိုင်ပါက သူမ၏ အနာဂတ်အောင်မြင်မှုများက ပညာရှင်ကြီးယန်၏ အဆင့်လောက် မရောက်နိုင်သော်လည်း သေချာပေါက် ဆိုးရွားမည် မဟုတ်ပေ။

"စီနီယာကြီး တကယ်ပြောတာလား။"

ကျီယုထျင်၏ မျက်လုံးများ ဝန်းစက်သွားပြီး အမြန်မေးလိုက်သည်။

"ဒါပေါ့။"

ယဲ့ရှောင်ချန်းက ပြုံးလိုက်၏။

"စီနီယာကြီး တခြားစိတ်တွေ ရှိနေတာတော့ မဟုတ်ပါဘူးနော်။ မဟုတ်ရင် ကျွန်မမှာ စိုက်ပျိုးရေးပါရမီရှိမှန်း ဘယ်လို ပြောနိုင်တာလဲ။"

ကျီယုထျင်က ပြောရဲဆိုရဲသည့် မိန်းကလေး ဖြစ်သည်။ ထို့ကြောင့် ချက်ချင်းပြောလိုက်၏။

"ဟားဟား ငါကအဲ့လိုလူမျိုးနဲ့ တူလို့လား။ ဒါဆို စိတ်ဝိညာဥ်နားစွင့်လက်ချောင်းနည်းလမ်းကို စမ်းကြည့်လိုက်လေ။"

ယဲ့ရှောင်ချန်း ပြုံးလိုက်သည်။

ကျီယုထျင်၏ မျက်လုံးများ ဝန်းစက်သွားပြီး အမြန်ခေါင်းငြိမ့်လိုက်ပါသည်။

ယဲ့ရှောင်ချန်းက ဝိညာဥ်နားစွင့်လက်ချောင်းနည်းလမ်းကို အသေးစိတ် ရှင်းပြပြီး သူမကို အတည်တကျ ညွှန်ကြားချက်များ ပေးလိုက်၏။

သိပ်မကြာခင် ကျီယုထျင်တစ်ယောက် ဝိညာဥ်နားစွင့်အခြေအနေသို့ ဝင်ရောက်သွားသည်။

အချိန်အတော်ကြာသောအခါ ကျီယုထျင်က မျက်လုံးကို ပြန်ဖွင့်လိုက်ပြီး ဆန်းသစ်သည့်ပုံစံမျိုး ဖြစ်သွား၏။ "စီနီယာကြီး အရမ်း မှော်ဆန်တာပဲ။ ဒါ ဝိညာဥ်နားစွင့်အခြေအနေရဲ့ မှော်ဆန်တဲ့ ရှုထောင့်လား။"

"ဟုတ်တာပေါ့။ စိုက်ပျိုးရေးပါရမီ မရှိတဲ့ လူတွေက ဝိညာဥ်နားစွင့်အခြေအနေထဲ ဝင်ရောက်နိုင်မှာ မဟုတ်ဘူး။ ပြီးတော့ နင် ဝိညာဥ်နားစွင့်အခြေအနေထဲ ဝင်သွားတာ အရမ်းမြန်တယ်။ ပြီးတော့ ကြာချိန်ကလည်း အရမ်းကြာတယ်။ ဒါ နင့်ရဲ့စိုက်ပျိုးရေးပါရမီ ဘယ်လောက်ကောင်းလဲဆိုတာကို ပြသနေတာပဲ။"

ယဲ့ရှောင်ချန်းက ခေါင်းငြိမ့်ပြီး ပြောလိုက်ပါသည်။

"ဟီးဟီး ကျွန်မယုံပါပြီ။ ကျွန်မမှာ တကယ် ပါရမီရှိတယ်ထင်တယ်။"

ကျီယုထျင်၏ ပါးပေါ်တွင် ချိုမြိန်သော ပါးချိုင့်လေးများ ပေါ်လာပြီး စိတ်ဝင်စားစွာ မေးလိုက်၏။ "စီနီယာကြီး ကျွန်မရဲ့ပါရမီနဲ့ဆို အနာဂတ်မှာ ရှင့်ကို ကျော်နိုင်ချေရှိလား။"

ယဲ့ရှောင်ချန်း ကြက်သေသေသွားပြီး ကျီယုထျင်ကို ကြည့်လိုက်သည်။ ရယ်ရခက်ငိုရခက် ဖြစ်သွားရ၏။ သူအတည်ပေါက် ပြောလိုက်သည်။ "လိမ်ပြောရမလား အတည်ပြောရမလား။"

"နှစ်ခုစလုံး ပြောပြပေးပါ။"

ကျီယုထျင်က မျက်တောင်ခတ်ကာ ပြောလိုက်သည်။

"လိမ်ပြောရရင် နင်ကြိုးစားမယ်ဆို ငါ့ကို ကျော်လွန်နိုင်တဲ့ နေ့တစ်နေ့ ရောက်လာမှာပါ။ မျိုးဆက်သစ်က မျိုးဆက်ဟောင်းကို အမြဲတမ်း ကျော်လွန်တယ်ဆိုတဲ့ ဆိုရိုးစကား ရှိတယ်မလား။"

ယဲ့ရှောင်ချန်း ပြောလိုက်သည်။

"အတည်ပြောရင်ကော"

ကျီယုထျင်က အတည်ပေါက် မေးလိုက်၏။

"မကျော်နိုင်ဘူး။"

ယဲ့ရှောင်ချန်းက ပြောလိုက်သည်။

"ဘာလို့ မကျော်နိုင်တာလဲ။ ကျွန်မက ပါရမီ ရှိတယ်လေ။ မျိုးဆက်ဟောင်းကြီးကို ကျော်ဖို့ အခွင့်အရေး မရှိဘူးလား။"

ကျီယုထျင်က နှုတ်ခမ်းစူကာ ပြောလိုက်သည်။

"ငါ့ပါရမီက နင့်ထက် ပိုမြင့်တယ်လေ။"

ယဲ့ရှောင်ချန်းက ရွှင်မြူးစွာ ရယ်မောလိုက်ပါသည်။

ကျီယုထျင်၏ မျက်လုံးများ ကျယ်သွားပြီး ဒီစီနီယာကြီးက တကယ်စိတ်ဝင်စားဖို့ ကောင်းသည်ဟု ခံစားလိုက်ရတော့သည်။

All Chapters