← Chapters

အခန်း (၂၃၇) - စီမံကိန်း

Vol. 16 Ch. 237

အခန်း (၂၃၇) - စီမံကိန်း

Vol. 16 Ch. 237

အခန်း (၂၃၇) - စီမံကိန်း

တောင်ပိုင်းဒေ စိုက်ပျိုးရေးတက္ကသိုလ်သို့ သွားရောက်လည်ပတ်စဥ် ယဲ့ရှောင်ချန်း စိုက်ပျိုးရေးပါရမီရှိသူ လေးဦးအား စုဆောင်းနိုင်ခဲ့သည်။

ကျီယုထျင် ထွက်သွားသောအခါ နောက်တစ်ယောက် ဝင်လာ၏။ သူက ဆရာတစ်ယောက်လည်း ဖြစ်သည်။ ဟွမ်းယွမ်သမ်းဟု ခေါ်၏။

သူက မာစတာဘွဲ့ရပြီးနောက် ကျောင်းတွင် ၃ နှစ်လောက် နေခဲ့သည်။ အဆက်အသွယ်လည်း မရှိသောကြောင့် လက်ထောက်ဆရာတစ်ယောက်သာ ဖြစ်နေသေးသည်။ သူ စာရင်းသွင်းချင်ရသည့် အကြောင်းအရင်းက ကြိုးစားကြည့်ချင်၍ ဖြစ်သည်။ သူ့တွင် စိုက်ပျိုးရေးပါရမီသာ ရှိပါက လက်ရှိ ခွကျသောအခြေအနေကို ပြောင်းလဲနိုင်လောက်ပါသည်။

ကျီယုထျင် အဝါရောင်အတန်းအစား အဆင့်ခုနစ် ။

ကျောက်ခိုင်ဖျင် အဝါရောင်အတန်းအစား အဆင့် ၁ ။

လီစုယွမ် အဝါရောင်အတန်းအစား အဆင့် ၁ ။

ဟွမ်းယွမ်သမ်း အဝါရောင်အတန်းအစား အဆင့် ၂ ။

လူသောင်းချီအနက် ပါရမီရှင် ၄ ယောက်သာ ရှိသည်။

အချိုးအစားက နည်းလွန်းပါသည်။

ဒါက တောင်ပိုင်းဒေသ စိုက်ပျိုးရေးတက္ကသိုလ်တွင်ဖြစ်ပြီး စိုက်ပျိုးရေးပါရမီရှင်များ ရှိနိုင်ခြေ အများဆုံးနေရာဟုပင် ပြောနိုင်ပါသည်။

ဒါကို ကြည့်ခြင်းအားဖြင့် သာမန်အခြေအနေ အောက်တွင် စိုက်ပျိုးရေးပါရမီရှိနိုင်သည့် လူအချိုးအစားက တစ်သန်းတွင် တစ်ယောက်သာ ဖြစ်သည်။

ဒါဆို ကမ္ဘာကြီးထဲက ဘီလီယံချီသော လူများအနက် စိုက်ပျိုးရေးပါရမီရှင် ထောင်ကျော် အနည်းငယ်သာ ရှိသည်ဟု ဆိုလိုပါသည်။

အများစုက ရှာတွေ့ဖို့ ခက်ခဲနိုင်လောက်သည်။

ဒီလိုအချိုးအစား လျှော့ချကြည့်သောအခါ ရှာတွေ့နိုင်သည့် လူ ၂,၀၀၀ - ၃,၀၀၀ လောက်ရှိလျှင်တောင် ကောင်းပါသည်။ နိုင်ငံထဲတွင် ပို၍ပင် နည်းနိုင်သေး၏။

သူ့အတန်းအတွက် လာရောက် စာရင်းသွင်းသူက နောက်ဆုံးတွင် ၁၈၀ ရှိခဲ့သည်။

လူဦးရေ မနည်းလှပါဘူး။

တောင်ပိုင်းစိုက်ပျိုးရေးတက္ကသိုလ်မှ ထွက်လာပြီးနောက် ယဲ့ရှောင်ချန်း တောင်ပိုင်းစီးပွားရေးတက္ကသိုလ်တွင် သူ့ညီမအား တစ်ခုခုပေးဖို့ သွားတွေ့လေသည်။

တောင်ပိုင်းဒေသစိုက်ပျိုးရေးတက္ကသိုလ်က သူ့အစ်ကိုကို ဧည့်ပရော်ဖက်ဆာ တစ်ယောက်အဖြစ် ဖိတ်ကြားထားသဖြင့် သူ့အစ်ကို ရှမြို့တော်သို့ ရောက်လာမှန်း ယဲ့ယင် သိပါသည်။ သူမ ဘာပြောရမှန်း မသိတော့ချေ။

သူ့အစ်ကိုက ပိုပိုပြီး အံ့သြဖို့ ကောင်းလာ၏။  သူတို့ အတူတူသာ မကြီးပြင်းလာခဲ့ကြလျှင် သူ့ကို မကောင်းဆိုးဝါး တစ်ကောင်ကောင် ပူးကပ်နေသည်ဟု ထင်မိပါလိမ့်မည်။

ရှမြို့တော်မှ ပြန်လာသောအခါ ယဲ့ရှောင်ချန်း ပုံမှန်ဘဝသို့ ပြန်ရောက်သွား၏။

မျက်စိတစ်မှိတ်အချိန်အတွင်း လဝက် ကုန်ဆုံးသွားခဲ့လေပြီ။

ဇန်နဝါရီလကုန်ပိုင်း ရောက်နေပြီဖြစ်ပြီး နှစ်သစ်ကူးမတိုင်ခင် လဝက်လောက်သာ လိုတော့သည်။

သူ့ညီမက အိမ်ပြန်မလာပါ။ သူ့မိဘများကို နွေရာသီ အားလပ်ရက်တွင် အလုပ်လုပ်မည်ဟု ပြောခဲ့၏။

သို့သော် ယဲ့ရှောင်ချန်းကတော့ သူ့ညီမ ကောမော့ယွင်ကို သူ့စတူဒီယိုကိစ္စများနှင့် သွားကူညီမှာ ဖြစ်ကြောင်းကို သိနေပါသည်။

ဒီအချိန်တောအတွင်း ယဲ့ရှောင်ချန်း ပဲစေ့စစ်သည်တော် နောက်တစ်ယောက်ကို ဖန်တီးခဲ့သည်။ ဒီတစ်ခေါက်တော့ အနီရောင် အင်မော်တယ်ပဲစေ့ဖြင့် ဖန်တီးထားခြင်းဖြစ်သဖြင့် မီးအမျိုးအစား ပဲစေ့စစ်သည်တော် ဖြစ်ပါသည်။ ယဲ့ရှောင်ချန်းက ထောင်ဟုန်စန်းဟု နာမည်ပေးလိုက်သည်။

တတိယမြောက် ပဲစေ့စစ်သည်တော် ရှိလာပြီ ဖြစ်သဖြင့် ယဲ့ရှောင်ချန်းက နောက်ထပ် အင်မော်တယ်မြေကွက် ၃ ကွက်ကို ဝယ်ယူခဲ့သည်။ အဆင့် ၂ အင်မော်တယ်မြေကွက် စုစုပေါင်း ၂၀ ပြည့်သွားပါပြီ။

ထိုအင်မော်တယ်မြေကွက် ၃ ကွက်ကို အင်မော်တယ်အပင်မျိုးစုံ စိုက်ပျိုးထားသည်။

အင်မော်တယ်မြေကွက် အရေအတွက် တိုးမြင့်လာခြင်းကြောင့် ရက်အနည်းငယ်ကြာတိုင်း အင်မော်တယ်အပင် အသုတ်များ အရွယ်ရောက်ကာ အင်မော်တယ်ယွမ် ဝင်ငွေကလည်း အများကြီး တိုးတက်လာ၏။

အင်မော်တယ်စမ်းရေ စားသောက်ဆိုင်ကလည်း အလွန်လျှင်မြန်စွာ ဖွံ့ဖြိုးတိုးတက်နေသည်။ အခု ယန်မြို့တော်က ဆိုင်ခွဲကလည်း တည်ငြိမ်လာပြီး အင်မော်တယ်စမ်းရေ စိုက်ပျိုးရေးခြံအား ပုံမှန်အတိုင်း လည်ပတ်နိုင်ပြီဖြစ်သဖြင့် တတိယ အင်မော်တယ်စမ်းရေစားသောက်ဆိုင်ခွဲကို ဖွင့်လှစ်ဖို့ စီစဥ်နေကြပါပြီ။

ယခု ရှမြို့တော်တွင် ယဲ့ရှောင်ချန်း၏ အခြေခံအုတ်မြစ်က တည်တံ့လာပြီဖြစ်သဖြင့် ဆိုင်ခွဲတစ်ခုဖွင့်ဖို့ အဆင်ပြေနိုင်ပါသည်။

ထို့အပြင် အင်မော်တယ်စမ်းရေ သစ်သီး ဝိုင်များကိုလည်း အင်မော်တယ်စမ်းရေ စားသောက်ဆိုင်တွင် တည်ခင်းပေးသည်။

ထိုအင်မော်တယ် သစ်သီးဝိုင်များက ယဲ့ရှောင်ချန်းကိုယ်တိုင် သစ်သီးမျိုးစုံ၊ အင်မော်တယ် စပျစ်သီးများနှင့် အင်မော်တယ်စမ်းရေတို့ကို မှော်ဝိုင်ပုလင်းထဲထည့်ကာ ပြုလုပ်ထားခြင်း ဖြစ်သည်။

အရသာက သာမန်ထက် ထူးကဲပြီး သောက်လိုက်သူတိုင်းကို မမေ့နိုင်သော ခံစားချက်မျိုး ပေးစွမ်းသည်။

အင်မော်တယ် သစ်သီးဝိုင်က စျေးမနည်းပါ။ ဝိုင်တွေကို အလွန်လက်ရာမြောက်သည့် ဘူးသီးခြောက်ခွံဖြင့် ထည့်သွင်းထားပြီး တစ်ဘူးမှာ ကတ်တီဝက်လောက် ပါဝင်ပြီး ၈,၈၈၈ ယွမ် ဖြစ်ပါသည်။

အလွန်စျေးကြီးသော်လည်း ဝယ်သောက်သည့် သူဌေးများစွာကတော့ ရှိနေဆဲပင်။

တချို့လူများက အိမ်သို့ပင် ပြန်ဝယ်သွားချင်ကြသည်။

ယဲ့ရှောင်ချန်းက စည်းမျဥ်းတစ်ခု ထုတ်ထားပြီးသားဖြစ်သည်။ စားသောက်ဆိုင်တွင်သာ သောက်သုံးနိုင်ပြီး စားပွဲတစ်ဝိုင်းကို တစ်ပုလင်းသာ မှာယူနိုင်သည်။

တခြားနည်းလမ်းမရှိပါ။ အင်မော်တယ် သစ်သီးဝိုင် ထုတ်လုပ်မှုက အကန့်အသတ်ရှိသည်။

သစ်သီးဝိုင်ကို လုပ်ပြီးနောက် ဝမ်ရွှေရှန့်၊ ကျန်းဟုန်ယဲ့နှင့် ဒေသခေါင်းဆောင်တချို့တို့အား သူ လက်ဆောင်ပေးခဲ့သည်။

သူ့အဆက်အသွယ်များက ယခုဆို ဒေသအတွင်း ပျံ့နှံ့နေပြီ ဖြစ်၏။ထို့အပြင် ဒီအချိန်တောအတွင်း မကြာခဏ အရေးပါသည့် အစည်းအဝေးများအား တက်ရောက်ရသည်။

ငြင်းဆန်ဖို့လည်း အကောင်းဆုံး ကြိုးစားခဲ့ရ၏။ မဟုတ်ပါက နေ့တိုင်း အစည်းအဝေးပွဲများ တွေ့ဆုံပွဲများ သွားတက်ရောက်နေရပါလိမ့်မည်။

သူ အသားမကျသေးပါ။

ယခု သူက ဒေသအစိုးရ အဖွဲ့အစည်း၏ အဖွဲ့ဝင်တစ်ယောက် ဖြစ်နေလေပြီ။

အတိုချုံးပြောရလျှင် တရုတ်သိပ္ပံကျောင်းတော်၏ တွဲဖက်ပရော်ဖက်ဆာနှင့် သုတေသနအဖွဲ့အစည်း၏ ဒါရိုက်တာ တစ်ယောက် ဖြစ်လာပြီးကတည်းက အရာအားလုံး ပြောင်းလဲသွားပြီး သူ့ရှေ့တွင် ပိုကျယ်ပြန့်သည့် ကမ္ဘာကြီးတစ်ခု ပေါ်ပေါက်လာခဲ့သည်။

သူ ထိတွေ့ဆက်ဆံလာရသည့် အဆင့်က လူနေမှုဘဝ၏ အောက်ခြေအဆင့်များ မဟုတ်တော့ပါ။ လက်ရွေးစင်ဟုခေါ်ကြသည့် အထက်တန်းစားများ ဖြစ်ကြသည်။

ယန်ရှစ်မြို့တော် အပင်အသိစိတ် သုတေနသ အဖွဲ့အစည်း။

ယဲ့ရှောင်ချန်းက အစည်းအဝေးခန်းတစ်ခုထဲတွင် သင်ကြားပို့ချနေ၏။

ထိုနေရာတွင် ရှိနေသူတိုင်းက စိုက်ပျိုးရေးပါရမီရှိကြသည်။ ပညာရှင်ကြီးယန်နှင့် အခြားသူများကတော့ ပြန်သွားကြပြီ ဖြစ်သည်။

ယဲ့ရှောင်ချန်းအပြင် စုစုပေါင်း လူ ၂၂ ယောက် ရှိ၏။ သုတေသနအဖွဲ့အစည်းမှ လူ ၁၈ ယောက်အပြင် ကျီယုထျင်နှင့် အခြား ၃ ယောက်တို့လည်း ကျောင်းအားလပ်ရက်တွင် လာရောက်ကြပါသည်။

သူတို့ ယဲ့ရှောင်ချန်း၏ အသိပေးစာကို ရခဲ့စဥ်က အပျော်လွန်ခဲ့ကြ၏။

ကျောင်းတွင် သင်ကြားခြင်းက သုတေသနအဖွဲ့အစည်းတွင် သင်ကြားခြင်းနှင့် လုံးဝ ခြားနားနေသည်။

အတန်းပြီးနောက် ယဲ့ရှောင်ချန်းက အားလုံးကို စမ်းသပ်နယ်မြေတစ်ခုဆီသို့ ခေါ်သွား၏။

ထိုစမ်းသပ်နယ်မြေကြီးက အဆင့်မြင့် ဖန်လုံအိမ်ကြီးတစ်လုံးဖြစ်ပါသည်။

အထဲတွင် လယ်ကွက်ကြီး တစ်ခုရှိပြီး အကွက်လေး ၂၀ ကျော်ဖြင့် ပြန်ခွဲထားကာ ထိုပေါ်တွင် မြစိမ်းရောင် စပါးပင်ပေါက်များ စိုက်ပျိုးထား၏။

ဒါက ယဲ့ရှောင်ချန်း မကြာသေးခင်ကမှ ပျိုးထောင်ထားသည့် အထူး စပါးမျိုး ဖြစ်သည်။

အရန်မစ်ရှင်တစ်ခုတွင် သူ အထူးကောက်ပဲသီးနှံတစ်မျိုးကို စိုက်ပျိုးဖို့ လိုအပ်သည်ဟု ဆိုထား၏။

ယဲ့ရှောင်ချန်း စဥ်းစားကြည့်လိုက်ပြီး အထူး စပါးမျိုးကို ရွေးချယ်ခဲ့ပါသည်။

မျိုးကွဲစပါးများ၏ သက်ရောက်မှုကို အားလုံး နားလည်ကြသည်။

သူတို့သာ မျိုးကွဲစပါးများထက် အထွက်နှုန်း ပိုကောင်းသည့် အထူးစပါးမျိုးကို ပျိုးထောင်နိုင်ပါက သူတို့ပန်းတိုင်ကို အောင်မြင်နိုင်ပြီဖြစ်ပါသ်ည်။

သူပျိုးထောင်ထားသည့် အထူးစပါးမျိုးက ကမ္ဘာတစ်ဝှမ်းလုံး၏ ပတ်ဝန်းကျင်အခြေအနေကို ထည့်စဥ်းစားရမည်။

အထူးစပါးမျိုးဖြစ်သဖြင့် မည်သည့် ပတ်ဝန်းကျင် အခြေအနေတွင်မဆို ကြီးထွားနိုင်ရပါမည်။

သာမန်အခြေအနေများအောက်တွင် မဖြစ်နိုင်သည့် တာဝန်တစ်ခု ဖြစ်သည်။

သို့သော် ရှန်းနုန်ပါရမီရှိသည့် ယဲ့ရှောင်ချန်းအတွက် သိပ်မခက်ခဲလှပါ။

မော်တယ်အပင်တစ်မျိုးကို အင်မော်တယ်အပင်တစ်မျိုးအဖြစ် ပြောင်းလဲချင်မှသာ အခက်အခဲအစစ် ဖြစ်လာနိုင်သည်။

ဒီအထူးစပါးမျိုး စမ်းသပ်နယ်မြေတွင် ယဲ့ရှောင်ချန်းက အားလုံးကို အပင်အသိစိတ်နှင့် ဆက်သွယ်ပြီး အပင်၏ အသိစိတ်အပေါ် ဘယ်လို လွှမ်းမိုးရမလဲ သင်ကြားပေး၏။

အားလုံးကို သူကိုယ်တိုင် ဝိညာက်နားစွင့် အခြေအနေသို့ ဆွဲခေါ်ကာ တစ်ယောက်ချင်း ခံစားစေသည်။

လောလောဆယ် သူတို့အတွက် ယဲ့ရှောင်ချန်း ပြင်ဆင်ထားသည့် ကျင့်ကြံခြင်းနည်းလမ်းက အင်မော်တယ် စိုက်ပျိုးကျင့်ကြံသူများ၏ ကျင့်ကြံခြင်းနည်းလမ်းများအပေါ် အများဆုံး မှီငြမ်းထားခြင်းဖြစ်သည်။

သူတို့က မော်တယ်အပင်များနှင့် ရင်ဆိုင်နေရတာဖြစ်သဖြင့် လောလောဆယ်တော့ ယဲ့ရှောင်ချန်း သူတို့ကို အင်မော်တယ် ကျင့်ကြံသူများ သင်ယူဖို့ လိုအပ်သည့် အရာများကို မသင်ပေးသေးပါ။

သူတို့ အပင်အသိစိတ်စနစ်ကို သင်ယူပြီးကတည်းက ထိုသုတေသနပညာရှင်များမှာ ပိုမိုကျယ်ပြန့်သည့် ကမ္ဘာကြီးနှင့် ထိတွေ့လာရသလို ခံစားလာရသဖြင့် ဒီဘာသာရပ်အား ပိုပိုပြီး စိတ်ဝင်စားလာကြပါသည်။

"ဟုတ်ပြီ ဒီနေ့တော့ ဒီလောက်ပါပဲ။ အားလုံးပဲ ကိုယ့်ရဲ့ မြေကွက်ကို ဂရုစိုက်ကြပါ။ မနက်ဖြန် တိုးတက်မှုတွေကို ကျွန်တော်ပြန်လာစစ်ပေးပါ့မယ်။"

ယဲ့ရှောင်ချန်း နောက်ဆုံးတွင် ပြောလိုက်သည်။

ဒီနေရာတွင် လယ်ကွက် ၂၀ ကျော် ရှိ၏။ အားလုံးက တစ်ကွက်စီကို တာဝန်ယူရသည်။

ယဲ့ရှောင်ချန်းကိုယ်တိုင် တာဝန်ယူထားသည့် တစ်ကွက်လည်းရှိပြီး အချိန်ကျလာလျှင် ယှဥ်ကြည့်ရပါမည်။

ယခု သုတေသနအဖွဲ့အစည်းတွင် အထူးစပါးမျိုးက တစ်ခုတည်းသော သုတေသန ပရောဂျက်ဖြစ်သဖြင့် အားလုံးက တစ်နေကုန် နေချင်ကြသည်။

ကျီယုထျင်နှင့် အခြားသုံးယောက်ကလွဲပြီး အားလုံးက ဝိညာဥ်နားစွင့်လက်ချောင်းနည်းလမ်းကို ကျွမ်းကျင်ပြီး အပင်အသိစိတ်များနှင့် ဆက်သွယ်နိုင်ပြီဖြစ်သည်။ ၎င်းတို့၏ နေ့စဥ်တာဝန်က အပင်အသိစိတ်နှင့် ဆက်သွယ်ကာ စပါးပင်ပေါက်များ၏ အသိစိတ်နှင့် ဆက်သွယ်ဖို့ ဖြစ်သည်။

ကျီယုထျင်နှင့် အခြားသုံးယောက်တို့က ဒီကိုရောက်လာပြီး သိပ်မကြာခင် ယဲ့ရှောင်ချန်းက သူတို့အား ဝိညာဥ်နားစွင့်လက်ချောင်းနည်းလမ်း၏ အခြေခံကို ဖတ်ကြည့်ကြပြီး လေ့ကျင့်ကြို့ပြော၏။

စမ်းသပ်နယ်မြေထဲမှ ထွက်လာစဥ် ယဲ့ရှောင်ချန်းထံသို့ ရုတ်တရက် သူ့ညီမ ယဲ့ယင်ထံမှ ဖုန်းဝင်လာ၏။

ဖုန်းထဲတွင် ယဲ့ယင်ငိုနေသည်။

"အစ်ကို စတူဒီယိုက ခက်ခက်ခဲခဲ ဒီဇိုင်းဆွဲထားရတဲ့ မိုဘိုင်းဂိမ်းကို မိုယွမ်ရဲ့ နောက်ကွယ်မှာ ရှန်ဟိုင်းက သူရဲကောင်းဝိညာဥ် ဂိမ်းကုမ္ပဏီကို ရောင်းလိုက်တယ်။ သူရဲကောင်းဝိညာဥ် ဂိမ်းကုမ္ပဏီက မိုယွမ်နဲ့ အခြားသူတွေကို ခိုးယူကူးချမှုနဲ့ တရားစွဲနေပြီ..."

ယဲ့ယင်၏ ရှိုက်သံကို ကြားသောအခါ ယဲ့ရှောင်ချန်း ကြက်သေ သေသွားရတော့သည်။

All Chapters