အခန်း (၂၄၁) - ယန်ရှစ်မြို့ အင်မော်တယ်စားသောက်ဆိုင်ခွဲ
Vol. 17 Ch. 241
အခန်း (၂၄၁) - ယန်ရှစ်မြို့ အင်မော်တယ်စားသောက်ဆိုင်ခွဲ
ရှမြို့တော်။
ယွဲ့လူတောင်ခြေတွင်။
လှပသေသပ်သည့် ဗီလာတစ်လုံး ရှိနေ၏။
ထိုနေရာသို့ လာသူတိုင်းက ချမ်းသာသောသူ သို့မဟုတ် ဂုဏ်သရေရှိပုဂ္ဂိုလ်များသာ ဖြစ်ကြသည်။
ဗီလာထဲတွင် တောင်ပိုင်းဒေသမှ ချမ်းသာပြီး အာဏာရှိပုဂ္ဂိုလ်များကိုသာ လက်ခံသော အဆင့်မြင့်ကလပ်တစ်ခု ရှိသောကြောင့် ဖြစ်သည်။
ဒီနေရာတွင် တွေ့နိုင်သည့် လူတိုင်းက ကုမ္ပဏီတစ်ခု၏ လုပ်ပိုင်ခွင့်ရှိသူ သို့မဟုတ် ဌာနတစ်ခု၏ ခေါင်းဆောင်တစ်ဦး ဖြစ်နိုင်သည်။
ဖောင်း ဖောင်း။
ကျယ်ဝန်းသော ခြံဝန်းကြီးထဲမှ ဗြောက်အိုး ဖောက်သံများ ဆက်တိုက်ထွက်ပေါ်လာသည်။
ထိုအချိန်တွင် ခြံဝန်းထဲ၌။
အဆောက်အအုံများနှင့် ကော်ရစ်ဒါများအား အပိုင်းများအဖြစ် ခွဲခြားထားသည်။ လက်ရောက်မြောက်ပြီး လှပသေသပ်သည့် စားပွဲများကို ထိုနေရာတွင် နေရာချထားပြီး ရှေးဟောင်းဆန်သည့် ခံစားချက်မျိုးပေးစွမ်းနေသည်။
သူဌေးမိသားစုများ စားသောက်ပွဲတစ်ခု ကျင်းပနေသည့် ရှေးဟောင်းရုပ်ရှင်တစ်ခုထဲက ဇာတ်ဝင်ခန်းတစ်ခန်းလိုပင်။
ထိုနေရာတွင် ထိုင်နေသည့် ဧည့်သည်အားလုံးက လူကြီးလူကောင်းဝတ်စုံများနှင့် သားရေဖိနပ်များကို စီးထားကြသည်။ ပွဲတက်ဂါဝန်များ ဝတ်ဆင်ထားသည့် အမျိုးသမီးများက သူတို့ဘေးတွင် ရှိနေကြသည်။
ခြံဝန်းအပြင်ဘက်တွင် လူတချို့က စပ်စုနေကြ၏။
"လူတွေ ဘာလို့ ဗြောက်အိုးတွေ ဖောက်နေကြတာလဲ"
"မင်း မသိဘူးမလား။ အင်မော်တယ်စမ်းရေ စားသောက်ဆိုင် တတိယဆိုင်ခွဲကို ဒီမှာဖွင့်မယ်လို့ ကြားတယ်။"
"မဖြစ်နိုင်တာ။ မြို့တော်က ဒါရိုက်တာလီတောင် ဝင်သွားတာ တွေ့လိုက်တယ်။ ဒါရိုက်တာလီလို လူမျိုးကိုတောင် ဖိတ်ကြားနိုင်လောက်အောင် အင်မော်တယ်စမ်းရေ စားသောက်ဆိုင်က အာဏာကြီးတာလား။"
"ဟင်းဟင်း အဲ့တာက ဘာမှမဟုတ်သေးဘူး။ ခုနက မြို့တော်ဝန်ရဲ့ လက်ထောက် ဝင်သွားတာကိုတောင် တွေ့လိုက်တယ်။"
ရုတ်တရက် လူများ အံ့အားသင့်ကုန်ကြသည်။
မြို့တော်ဝန်၏ လက်ထောက်က သာမန် မဟုတ်ပေ။ မြို့တော်ဝန်ကို ကိုယ်စားပြုသော သူ ဖြစ်ပါသည်။ တနည်းအားဖြင့် မြို့တော်ဝန်က အင်မော်တယ်စမ်းရေ စားသောက်ဆိုင်ကို တက်ရောက်ဖို့ တစ်စုံတစ်ဦးကို စေလွှတ်လိုက်ခြင်း ဖြစ်ပါသည်။
ဒီလိုလူမျိုးတွေကို တက်ရောက်စေနိုင်ရလောက်အောင် ဘယ်လောက်တောင် အာဏာရှိလိုက်သလဲ။
အမှန်ပင်။ ရှမြို့တော်တွင် တည်ဆောက်မည့် အင်မော်တယ်စမ်းရေ စားသောက်ဆိုင်က ဒီဗီလာကြီးပဲ ဖြစ်ပါသည်။
နှစ်ကုန်ခါနီးမှ ဖွင့်ဖို့ ရွေးချယ်ရသည့် အကြောင်းအရင်းက လူတွေ အားလပ်နေသောအချိန် ဖြစ်သောကြောင့် ဖြစ်ပါသည်။ သူတို့လုပ်စရာရှိတာ လုပ်ပြီးကြပြီး အားလပ်နေကြသော အချိန်ဖြစ်သောကြောင့် ဖြစ်၏။
စားသောက်ဆိုင် လုပ်ငန်းများအတွက်တော့ အလုပ်အများဆုံး ဖြစ်သည်။
အင်မော်တယ်စမ်းရေ စားသောက်ဆိုင်က ဒီအချိန်ကို အသုံးချကာ ပရိုမိုးရှင်းဆင်းမည် ဖြစ်သည်။
အင်မော်တယ်စမ်းရေ စားသောက်ဆိုင်က တောင်ပိုင်းဒေသတွင် နာမည်ကြီးသော်လည်း ယန်မြို့တော်နှင့် အခြားကောင်တီ မြို့တော် အနည်းငယ်တွင်သာ အဓိက အားထားသည်။
ဒီတစ်ခေါက် ဖွင့်ပွဲကို ဖိတ်ကြားထားသည့် လူအများစုက ယဲ့ရှောင်ချန်းနှင့် ပတ်သတ်နေ၏။
လုပ်ငန်းအပြင် အစိုးရမှ လူများလည်း လာကြ၏။ ဥပမာအားဖြင့် ယန်မြို့တော် အပင်အသိစိတ် သုတေသနအဖွဲ့အစည်းနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည့် ကုမ္ပဏီကြီးများစွာမှ ဘော့စ်များ တက်ရောက်လာခဲ့ကြပါသည်။
သူတို့က ယဲ့ရှောင်ချန်းကို မျက်နှာသာပေးနေကြခြင်း ဖြစ်သည်။ မဟုတ်ပါက အင်မော်တယ်စမ်းရေ စားသောက်ဆိုင်ဖွင့်ပွဲကို သူတို့ ဂရုစိုက်မည် မဟုတ်ပါ။
ယဲ့ရှောင်ချန်းက ခြားနားသည်။ တနည်းအားဖြင့် ၎င်းတို့၏ ကြွယ်ဝမှု နတ်ဘုရားတစ်ပါး ဖြစ်ပါသည်။
အစိုးရက လူများ ပိုမိုရောက်လာကြသည်။ သို့သော် ခေါင်းဆောင်များစွာကတော့ ၎င်းတို့၏ လက်ထောက်များကိုသာ လွှတ်လိုက်ကြ၏။ သူတို့က ထူးကဲပုဂ္ဂိုလ်များဖြစ်သည့်အတွက် ဒီလို ပွဲတော်မျိုးမှာ မပါတာ ပိုကောင်းပါသည်။
ယန်မြို့တော်လောက် လူမများသော်လည်း အရည်အသွေးက အများကြီး ပိုကောင်းခဲ့သည်။
ညနေ ၆ နာရီတွင်။
မော်ဒယ်နိမ့်ကားတချို့ ကားပါကင်ထဲ ဝင်ရောက်လာကြသည်။
ကားများထဲမှ ဧည့်သည်များကို ကြိုဆို လမ်းပြပေးသည့် အထူးလုံခြုံရေးအစောင့်များ ရှိကြသည်။
ထိုအချိန်တွင်။
ရှမြို့တော် အင်မော်တယ်စမ်းရေ စားသောက်ဆိုင်အတွင်းရှိ ဇိမ်ခံသီးသန့်ခန်းတစ်ခုတွင် စားစရာများ၊ ဝိုင်များကို တည်ခင်းထားသည်။
ယဲ့ရှောင်ချန်းနှင့် ဝမ်ရွှေရှန့်တို့က အခြား လူအနည်းငယ်တစ်စုနှင့် သောက်စားနေကြ၏။
အားလုံးက သာမန်ထက်ထူးကဲသော လူများ ဖြစ်ကြပါသည်။
သူတို့ထဲမှ တစ်ယောက်က အရေးကြီးပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။
တောင်ပိုင်းဒေသ၏ မြို့စား ကျန်းရှန်ဖြစ်သည်။
သူက အလွန်အမင်း တက်ကြွသည့် သက်လတ်ပိုင်း အမျိုးသားတစ်ဦး ဖြစ်သည်။ ထိုနေရာတွင် ထိုင်နေရင်းပင် နဂါးတစ်ကောင်လို ခံစားချက်မျိုးကို ပေးစွမ်းနေ၏။
နောက်တစ်ယောက်က ရှမြို့တော်ဝန်ကြီး ရှန်းယိဖန်ဖြစ်သည်။
တခြားသုံးယောက်ကလည်း တောင်ပိုင်းဒေသ၏ နာမည်ကြီး ကုမ္ပဏီများမှ စီအီးအိုများ ဖြစ်ကြသည်။ အားလုံးက ယန်မြို့တော် အပင်အသိစိတ် သုတေသနအဖွဲ့အစည်းနှင့် ပူးပေါင်းဆောင်ရွက်ထားကြသူများ ဖြစ်သည်။
တစ်ယောက်ချင်းစီတိုင်းက ဝမ်ရွှေရှန့်ထက် ပိုင်ဆိုင်မှု ပိုများပါသည်။
သာမန်အခြေအနေများအောက်တွင် ဝမ်ရွှေရှန့်တောင် ထိုကဲ့သို့ပုဂ္ဂိုလ်များနှင့် အတူတူ မစားသုံးနိုင်ပါ။
အခြားကြောင်းအရင်းမရှိဘဲ အဆင့်ချင်း မတူညီသောကြောင့် ဖြစ်ပါသည်။
ဝမ်ရွှေရှန့်က ယန်မြို့တော်တွင် အချမ်းသာဆုံး လူဖြစ်သော်လည်း ပြည်အဆင့် မြို့တော်တွင် ဘာမှမဟုတ်ပါ။
"ပရော်ဖက်ဆာယဲ့။ ဒီအထူးစပါးမျိုးက မင်းပြောသလိုပဲ တကယ် ကောင်းမှာလား။"
ကျန်းရှန်က လေသံနက်နက်ဖြင့် ပြောလိုက်၏။
ဒီတွေ့ဆုံခြင်းက အတိတ်အကြောင်း ပြန်ပြောဖို့ မဟုတ်ဘဲ အရေးကြီးသည့် ကိစ္စများကို ဆွေးနွေးဖို့ဖြစ်ပါသည်။
"ဝန်ကြီးကျန်း ကျွန်တော်ပြောတာထက်တောင် ပိုကောင်းနိုင်ပါသေးတယ်။"
ယဲ့ရှောင်ချန်းက ခပ်ပါးပါး အပြုံးဖြင့် ပြောလိုက်ပါသည်။
"ကောင်းတာပေါ့ ငါအပြည့်အဝ ထောက်ပံ့ပေးပါ့မယ်။ အနည်းဆုံးတော့ တောင်ပိုင်းဒေသထဲမှာ ငါဆုံးဖြတ်ပေးလို့ရတယ်။"
ကျန်းရှန်က ယဲ့ရှောင်ချန်းကို အလွန် ယုံကြည်ပါသည်။ ချက်ချင်း အပြုံးဖြင့် ပြန်ပြောလိုက်သည်။
အထူးစပါးမျိုး အဆင့်မြှင့်တင်ခြင်းက မုန်ညင်းပင်လောက် မရိုးရှင်းပါ။ စူပါ မုန်ညင်းပင်က ကောင်တီတစ်ခု မြို့တော်တစ်မြို့တွင်သာ စိုက်ပျိုးခြင်းဖြစ်ပြီး နယ်မြေအပေါ် သက်ရောက်မှု မရှိပါ။
သို့သော် အထူးစပါးမျိုးကတော့ ခြားနားသည်။
နောက်ပိုင်းတွင် ပြည်နယ်တစ်ခုလုံးနှင့် နိုင်ငံတစ်ခုလုံးနှင့်ပါ သက်ဆိုင်လာနိုင်ပါသည်။ ခုခံကာကွယ်မှုက ဘယ်လောက်တောင် သန်မာမလဲ တွေးကြည့်ဖို့ လွယ်ကူပါသည်။
ရည်ရွယ်ချက်ချင်း တူသူများစွာ ရှိကြသည်။ စျေးကွက်ထဲက စပါးမျိုးစေ့များက အဓိကအားဖြင့် မျိုးကွဲ စပါးများသာ ဖြစ်ကြသည်။
မျိုးကွဲစပါး ဖန်တီးခြင်း အကျိုးအမြတ်အုပ်စုက ကြီးမားလွန်းလှ၏။ နှိုင်းယှဥ်ကြည့်လျှင် ယန်မြို့တော် အပင်အသိစိတ်သုတေသနအဖွဲ့အစည်းကို ကိုယ်စားပြုသည့် အကျိုးအမြတ်အုပ်စုမှာ မွေးကင်းစလေးသာ ဖြစ်သည်။ အပြည့်အဝ အမြစ်မတွယ်နိုင်သေးပါ။
အထူးစပါးမျိုး အဆင့်မြှင့်တင်မှုက အလွန် ခက်ခဲလွန်းလှ၏။ အစိုးရ၏ ထောက်ပံ့မှု မပါလျှင် အလွန်အမင်း ခက်ခဲနိုင်ပါသည်။ မစခင်မှာပင် အဆုံးသတ်သွားနိုင်၏။
အခက်အခဲကြောင့်ပဲ ယဲ့ရှောင်ချန်း အခွင့်ကောင်းယူဖို့ ရွေးချယ်ရခြင်း ဖြစ်ပါသည်။
တရုတ်သိပ္ပံကျောင်းတော်၏ တွဲဖက်ပရော် ဖက်ဆာ တစ်ယောက်ဖြစ်လာပြီး ယန်မြို့တော် အပင်အသိစိတ် သုတေသနအဖွဲ့အစည်းကို တောင်ပိုင်းဒေသသို့ ခေါ်ဆောင်လာနိုင်ကတည်းက ကျန်းရှန်နှင့် တစ်ဘက်တည်းသား ဖြစ်သွားခဲ့သည်။
သူတို့က အကျိုးအမြတ်ကို လိုချင်သဖြင့် ယဲ့ရှောင်ချန်း၏ သုတေသနကို ထောက်ပံ့ကြရပါမည်။
"မြို့တော်ဝန်ကျန်းရဲ့ ထောက်ပံ့မှုနဲ့ဆို ပြဿနာ မရှိတော့ဘူးပေါ့ဗျာ။"
ယဲ့ရှောင်ချန်းက အပြုံးဖြင့် ပြောလိုက်၏။
ယခု တောင်ပိုင်းဒေသ၏ အခြေအနေက ပိုပိုပြီး ရှင်းလင်းလာပြီ ဖြစ်သဖြင့် ကျန်းရှန်က ခြေလှမ်းတစ်လှမ်းတိုးနိုင်လာပြီ ဖြစ်သည်။ တောင်ပိုင်းဒေသ ခေါင်းဆောင်က ကျန်းမာရေး အကြောင်းအရင်းများကြောင့် အနားယူသွားလေပြီ။
ကျန်းရှန်က တောင်ပိုင်းဒေသ ခေါင်းဆောင်နှင့် ယှဥ်ပြိုင်နိုင်ပြီ ဖြစ်ပါသည်။ ယခု သူ့အာဏာက အလွန်အမင်း တိုးမြင့်လာပြီ ဖြစ်သည်။ အထူးသဖြင့် ယန်မြို့တော် အပင်အသိစိတ် သုတေသနအဖွဲ့အစည်းကို တောင်ပိုင်းဒေသတွင် တည်ဆောက်ဖို့ အနိုင်ရရှိပြီးကတည်းက အောင်မြင်မှုကြီး တစ်ခု ဖြစ်ခဲ့ပါသည်။
ယခု ကျန်းရှန်က တောင်ပိုင်းဒေသတွင် လုပ်ပိုင်ခွင့် များစွာ ရရှိထားပါပြီ။
"အထူးစပါးမျိုးကို အောင်အောင်မြင်မြင်နဲ့ ပျိုးထောင်နိုင်မယ်ဆိုရင် ငါတို့ကလည်း အပြည့်အဝ ပူးပေါင်းဆောင်ရွက်မှာပါ"
ကုမ္ပဏီကြီး သုံးခု၏ ဘော့စ်များက အမြန် ပြောလိုက်ကြသည်။
အားလုံးက စိုက်ပျိုးရေးလုပ်ငန်းနှင့် ပတ်သက်သည့် စီးပွားရေးများ လုပ်ကြပြီး အလွန် နာမည်ကြီးပါသည်။
အစိုးရနှင့် စီးပွားရေးလုပ်ငန်းများက ထောက်ပံ့လာသဖြင့် တောင်ပိုင်းဒေသ၏ အထူးစပါးမျိုး အဆင့်မြှင့်တင်မှုက တစ်ဝက် အောင်မြင်နေပြီဖြစ်သည်။
အမှန်ပင်။ ဒါက ပထမ တွေ့ဆုံပွဲသာ ရှိသေး၏။ အထူးစပါးမျိုး ပျိုးထောင်ခြင်း ဘယ်လိုဖြစ်လာမလဲ ကြည်ရှုကြရဦးမည်။
ဘာပဲဖြစ်ဖြစ် ဒီလိုကိစ္စကြီးတစ်ခုကို အချိန်တိုအတွင်း ဆုံးဖြတ်လို့မရနိုင်ပါ။
ထို့နောက် သူတို့ သောက်စားခဲ့ကြ၏။ အခန်းထဲက အခြေအနေကလည်း အေးဆေးတည်ငြိမ်ကာ ပျော်စရာကောင်းပါသည်။
ကျန်းရှန်နှင့် အခြားသူများ အင်မော်တယ်စမ်းရေ စားစရာများနှင့် ဝိုင်ကို ပထမဆုံးအကြိမ် သောက်ဖူးခြင်းဖြစ်သည်။ သူတို့ စားသောက်ခြင်းကို မရပ်နိုင်ကြပါ။
"အောင်မယ်လေး အရသာရှိလိုက်တာ။ ပရော်ဖက်ဆာယဲ့။ မင်းကိုတကယ်လေးစားပါတယ်ကွာ။ မင်းစိုက်ပျိုးတဲ့ ဟင်းသီးဟင်းရွက်တွေကတောင် အရမ်းအရသာရှိတာပဲ။ တော်လိုက်တာ"
ကျွေ့ထင်းအုပ်စု၏ ဥက္ကဌကြီး လောင်ရှုလျန်က စားသောက်ရင်းပြောလိုက်သည်။
"လောင််၊ ဒီသစ်သီးဝိုင်က ပိုတောင်ကောင်းသေးတယ်။ အရင်တုန်းက ငါတို့သောက်ဖူးတဲ့ ဝူလျန််ယဲ့ဝိုင်က ဒါနဲ့ယှဥ်ရင် ဘာမှမဟုတ်ဘူး"
နောက်ထပ် ဘော့စ်တစ်ယောက်က သစ်သီးဝိုင် တစ်ငုံလောက်သောက်လိုက်ပြီး မျက်လုံးမှေးမှေးဖြင့် ပြောလိုက်၏။
"ငါမသောက်နိုင်တာ မင်းမသိဘူးလား။ မင်းငါ့ကို လှောင်နေတာလား"
လောင်ရှုလျန်က သူ့ကို စိုက်ကြည့်လိုက်၏။ ဝိုင်နံ့ကိုရသောအခါ လည်ချောင်းများ လှုပ်ရှားသွားသည်ဟု ခံစားလိုက်ရ၏။
သူက အသည်းခြောက်ရောဂါရှိသည့်အတွက် အရက်သောက်လို့မရပါ။
အခြားသူများက ဝါးလုံးကွဲ ရယ်မောလိုက်ကြ၏။
"ဥက္ကဌကြီးလောင် အင်မော်တယ်စမ်းရေ စားသောက်ဆိုင်က ဟင်းသီးဟင်းရွက် ဟင်းလျာတွေက ကျန်းမာရေး အာနိသင်တွေ ရှိပါတယ်။ နောက်လည်း လာစားပါ။ ခင်ဗျားရဲ့ ခန္ဓာကိုယ်အတွက် ပိုကောင်းမယ်လို့ အာမခံပါတယ်"
ယဲ့ရှောင်ချန်းက ပြုံးကာ ပြောလိုက်သည်။
လောင်ရှုလျန်၏ မျက်လုံးများ ဝိုင်းစက်သွားပြီး အပြုံးဖြင့် ပြောလိုက်၏။ "ကောင်းတာပေါ့။ ဒီတစ်ချိန်လုံး သက်သက်လွန်းဟင်းတွေပဲ စားနေရတော့ ငါ့ပါးစပ်ထဲလည်း အီနေပြီ။ ဒီက သက်သက်လွတ်ဟင်းတွေကတော့ လုံးဝ မအီဘူး။ နောက်ဆုံးတော့ စားလို့ရတဲ့ နေရာတစ်ခုတွေ့ခဲ့ပြီ"
"ကံမကောင်းစွာနဲ့ပဲ ငါက အလုပ်တွေ အရမ်းများတော့ ဘော့စ်တွေလို အချိန်မရှိဘူး"
ကျန်းရှန်က ပြုံးကာ ပြောလိုက်၏။
နေ့တိုင်း ဒီမှာ လာစားလို့မဖြစ်ပါ။ အချိန်မရှိရုံသာ မကဘဲ သူ့နာမည်အတွက်လည်း မကောင်းနိုင်ပါ။
ဒီတစ်ခေါက် အင်မော်တယ်စမ်းရေစားသောက်ဆိုင်သို့ အလွန်ဇာတ်နိမ့်စွာဖြင့်သာ လာခဲ့ခြင်းဖြစ်သည်။ လူအတော်များများက သူလာမှန်းမသိကြပါ။
ဘာပဲဖြစ်ဖြစ် သူက စီရင်စုတစ်ခု၏ မြို့စားဖြစ်သည်။ အရင်တစ်ခေါက်က အပြင်ထွက်တုန်းက အစောင့်များဖြင့် ဝန်းရံခံရသည်။
"ငါကောပဲ"
ရှမြို့တော်၏ ဝန်ကြီးဖြစ်သော ရှန်းယိဖန်ကလည်း ပြောလိုက်သည်။။
"ကိစ္စမရှိပါဘူး။ ကျွန်တော် ပါဝင်ပစ္စည်းတွေ ထောက်ပံ့ပေးမှာပေါ့။ ဟင်းချက်စကေး ကောင်းကောင်းရှိရင် ခင်ဗျားတို့လည်း ဟင်းလျာကောင်းတွေ ချက်ပြုတ်နိုင်ပါတယ်"
ယဲ့ရှောင်ချန်းက ပြုံးကာ ပြောလိုက်သည်။
"ဒါဆိုလည်း ပရော်ဖက်ဆာယဲ့ကို ကျေးဇူးတင်ပါတယ်"
ကျန်းရှန်က ပျော်ရွှင်စွာ ပြောလိုက်ပါသည်။
ယဲ့ရှောင်ချန်း သူတို့အတွက် ထောက်ပံ့ပေးမည့် ဟင်းလျာပါဝင်ပစ္စည်းများမှာ အကောင်းတကာ့ အကောင်းဆုံးများဖြစ်ပါသည်။
သူတို့၏ လက်ရှိနေရာတွင်သာ နေနိုင်သည်။ ဟင်းလျာမျိုးစုံကို စားဖူးပြီး စားရတာလည်း ရိုးအီနေကြပြီ ဖြစ်သည်။
သို့သော်လည်း အခုတော့ အင်မော်တယ်စမ်းရေ စားသောက်ဆိုင်မှ သက်သက်လွတ် ဟင်းလျာများအား သူတို့ လုံးဝ ချစ်မိသွားကြလေပြီ။