← Chapters

အခန်း (၂၄၂) - ခြံထဲသို့ ခိုးဝင်လာခြင်း

Vol. 17 Ch. 242

အခန်း (၂၄၂) - ခြံထဲသို့ ခိုးဝင်လာခြင်း

Vol. 17 Ch. 242

အခန်း (၂၄၂) - ခြံထဲသို့ ခိုးဝင်လာခြင်း

ညစာစားပွဲ ပြီးဆုံးသွားလေပြီ။

ယဲ့ရှောင်ချန်းနှင့် ဝမ်ရွှေရှန့်တို့ ရှမြို့တော်တွင် မအိပ်ခဲ့ကြပါ။ ထိုနေ့ညတွင် ယန်မြို့တော်သို့ ပြန်လာခဲ့ကြ၏။

ကားထဲတွင်။

ယဲ့ရှောင်ချန်းနှင့် ဝမ်ရွှေရှန့်တို့ ဘေးချင်းကပ်လျက် ထိုင်နေကြ၏။

ဒရိုင်ဘာက ဝမ်ရွှေရှန့်၏ ယာဥ်မောင်းနှင့် ကိုယ်ရံတော်ဖြစ်သည့် အာ့ကျင်ဖြစ်သည်။

အာ့ကျင်၏ အမည်အရင်းက လျို့ကျင်ဖြစ်သည်။ သူက အထူးတပ်ဖွဲ့စစ်သားတစ်ယောက် ဖြစ်ခဲ့ဖူး၏။ အရှေ့တောင်အာရှတွင် တရားမဝင် လက်ဝှေ့ပွဲများ၊ တရားမဝင် ကားမောင်းပွဲများ ဝင်ပြိုင်ဖူးသူ ဖြစ်သည်။

နောက်ပိုင်းတွင် တစ်ယောက်ယောက်ကို တိုက်ခိုက်မိခဲ့ပြီး ဝမ်ရွှေရှန့်က သူ့ကို ထောင်ထဲမှ ထုတ်ပေးခဲ့ခြင်း ဖြစ်၏။ ထိုအချိန်မှ စကာ ဝမ်ရွှေရှန့်၏ သစ္စာရှိ လူယုံတော်် ဖြစ်လာခဲ့သည်။

ဝမ်ရွှေရှန့် ပြောစကားအရဆိုလျှင် ဗလကြီး သုံးလေးငါးယောက်ဆိုရင်တောင် အာ့ကျင်အနားသို့ပင် ကပ်နိုင်မည် မဟုတ်ပေ။

ထို့အပြင် အာ့ကျင်က အနီးကပ် တိုက်ခိုက်မှုတွင်သာ တော်ရုံမကဘဲ သေနတ်ပစ်စွမ်းရည်ကလည်း နတ်ဘုရားတစ်ပါးလို တော်လှသည်။

ဝမ်ရွှေရှန့်၏ အစွမ်းအစဖြင့် အာ့ကျင်ကို သေနတ်လိုင်စင်တစ်ခု တိုးတိုးတိတ်တိတ် ပေးထား၏။ တစ်နည်းအားဖြင့် အာ့ကျင်က အမြဲတမ်း သူနှင့်အတူ သေနတ်ယူလာသည်။

"ရှောင်ချန်း ဒီတစ်ခေါက်က မင်းကြောင့်သာ မဟုတ်ရင်။ မြို့တော်ဝန်ကျန်းလို အရေးကြီး ပုဂ္ဂိုလ်မျိုးနဲ့ ငါဆုံနိုင်မှာမဟုတ်ဘူး။"

ဝမ်ရွှေရှန့်က သက်ပြင်းချလိုက်သည်။

ပြည်နယ်ထဲတွင် သူ့အဆက်အသွယ်များစွာ ရှိသော်လည်း အမြင့်ဆုံးက ဌာနခေါင်းဆောင်အဆင့်သာ ရှိသည်။

ဝမ်ရွှေရှန့်က ယန်မြို့တော်တွင် အချမ်းသာဆုံးလူ ဖြစ်သည်။ သို့သော် ပြည်နယ်အဆင့် အကြီးအကဲတစ်ယောက်၏ အဆင့်အောက်တော့ နိမ့်နေပါသေးသည်။

ထို့အပြင် သူ့အခြေက ယန်မြို့တော် ဖြစ်သည်။ ထို့ကြောင့် သူတို့နှင့် ထိတွေ့နိုင်ဖို့ နည်းလမ်း မရှိခဲ့ပါ။

ပြည်နယ်အတွင်းမှာ အဆက်အသွယ်ရှိခဲ့လျှင်တောင် အချို့အကြောင်းကိစ္စများကြောင့် အဆက်အသွယ်ကို ထိန်းသိမ်းဖို့အတွက် နှစ်တိုင်း ငွေများစွာ သုံးရလိမ့်မည်။

အခုတော့ ခြားနားနေပါပြီ။

ပြည်နယ်အဆင့် စက်ဝိုင်းထဲသို့ သူ ခြေလှမ်းနိုင်ခဲ့ပြီ။

ယဲ့ရှောင်ချန်း၏ အစွမ်းအစကို သူ အံ့သြမိပါသည်။ သူတို့ ပထမဆုံး ဆုံတွေ့ခဲ့စဥ်တုန်းက စားသောက်ဆိုင်တစ်ဆိုင်အား ဟင်းသီးဟင်းရွက်များ ပို့ဆောင်ပေးရသည့် သာမန်စိုက်ပျိုးရေးသမားလေး တစ်ယောက်သာ ဖြစ်သည်။ သို့သော်လည်း အခုတော့ တစ်နှစ်အတွင်း တရုတ်သိပ္ပံကျောင်းတော်၏ တွဲဖက်ပရော်ဖက်ဆာတစ်ယောက်၊ ထိပ်တန်း ရုက္ခဗေဒ ပညာရှင်တစ်ယောက်၊ နိုင်ငံတော် သုတေသနအဖွဲ့အစည်းတစ်ခု၏ ခေါင်းဆောင်တစ်ယောက်နှင့် မြို့စား၏ ညစာစားပွဲဝိုင်းတွင်တောင် ဂုဏ်သရေရှိ ဧည့်သည်တစ်ယောက် ဖြစ်နေပါပြီ။

ထိုဂုဏ်ပုဒ်တိုင်က သူ့အတွက် ကြီးမားသော သက်ရောက်မှုများကို ယူဆောင်လာပေးနိုင်သည်။

"အစ်ကိုကြီးဝမ်။ သူစိမ်းဆန်တဲ့စကားတွေ ပြောနေပြန်ပါပြီ။ ကျွန်တော်တို့ရဲ့ ဆက်ဆံရေးနဲ့ ဘာပြောစရာလိုသေးလို့လဲ။"

ယဲ့ရှောင်ချန်း ပြုံးလိုက်သည်။

အရင် ရှယ်ယာဝင်ဟောင်းများစွာအပြင် ရှမြို့တော် ဆိုင်ခွဲ၌ ဝမ်ရွှေရှန့်ပါ တရားဝင် ရှယ်ယာဝင် ဖြစ်လာခဲ့ပြီဖြစ်သည်။

လီကျန့်ရမ်နှင့် အခြားသူများက ဘာမှ မပြောကြပါ။ ယခု အင်မော်တယ်စမ်းရေ စားသောက်ဆိုင်၏ ဟင်းသီးဟင်းရွက်များအား ကောင်းကင်ဘုံကမ္ဘာမြေ စိုက်ပျိုးရေး ခြံကြီးမှ တဖြည်းဖြည်း ထောက်ပံ့ပေးနေပြီ ဖြစ်ပါသည်။

ယခု ကောင်းကင်ဘုံကမ္ဘာမြေ ကုမ္ပဏီကြီး၏ တည်ဆောက်ပုံက အနည်းငယ် ပြောင်းလဲသွား၏။ ယဲ့ရှောင်ချန်းနှင့် ဝမ်ရွှေရှန့်တို့က ကောင်းကင်ဘုံကမ္ဘာမြေ မျိုးစေ့ ကုမ္ပဏီ၊ ဓာတ်မြေသြဇာကုမ္ပဏီ၊ ပို့ဆောင်ရေးကုမ္ပဏီအစရှိသဖြင့် မတူညီသော လုပ်ငန်းများအလိုက် အရန်ကုမ္ပဏီများစွာကို တည်ထောင်ထားပါသည်။

ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများအပြင် ပန်းပင်များ၊ သစ်ပင်များ၊ ဆေးပင်များ အစရှိသည်တို့လည်း ရှိပါသေးသည်။

ယခုတော့ သူတို့ ပမာဏတစ်ခုအထိ ရောက်လာကြပြီ ဖြစ်၏။

လောလောဆယ်တော့ ထိုအပင်အားလုံးအား အထူးကောက်ပဲသီးနှံများအဖြစ် ယဲ့ရှောင်ချန်း မပျိုးထောင်နိုင်သေးပါ။

အချိန်မရှိရုံသာမကဘဲ အားအင်လည်း မလုံလောက်ပါ။

သို့သော်လည်း စိုက်ပျိုးရေး လုပ်ငန်းစဥ်တွင် အထူးမြေအရှိန်အဝါနှင့် အင်မော်တယ် မျိုးစေ့ သန်ဆေးတို့ကို သူတို့ အသုံးပြုကြပါသည်။ ယဲ့ရှောင်ချန်း၏ ရှန်းနုန်ပါရမီကလည်း စိုက်ပျိုးရေးခြံအပေါ်တွင် အတိုင်းအတာ တစ်ခုအထိ သက်ရောက်မှုရှိသည်။

ထို့ကြောင့် ထိုကောက်ပဲသီးနှံများက ဖွံ့ဖြိုးကြီးထွားလာလျှင် ပြောင်းလဲလာပြီး သေချာပေါက် သာမန်ကောက်ပဲသီးနှံများထက် ပိုကောင်းပါလိမ့်မည်။

ထို့အပြင် ဒီလိုကောင်းမွန်မှုအား မျိုးစေ့များက ဆက်ခံနိုင်ပြီး မျိုးစေ့တစ်ခုချင်းစီက ပိုပိုပြီး ကောင်းမွန်လာပါလိမ့်မည်။

စိုက်ပျိုးရေးနည်းပညာက ဘယ်လောက်ပဲ ကောင်းကောင်း ဂုဏ်သတ္တိများကို တည်တည်မြဲမြဲ ဆက်ခံနိုင်သည့် အပင်များအား စိုက်ပျိုးဖို့က မဖြစ်နိုင်လှပါ။

ယဲ့ရှောင်ချန်းကတော့ ခြားနားသည်။ သူ့တွင် သန့်စင်ခြင်း ပါရမီရှိသည်။

ကားထဲတွင် သူတို့နှစ်ယောက် ကောင်းကင်ဘုံကမ္ဘာမြေ ကုမ္ပဏီ၏ အနာဂတ် ဖွံ့ဖြိုးတိုးတက်မှုများအကြောင်း ဆွေးနွေးခဲ့ကြသည်။

ယဲ့ရှောင်ချန်းက အနာဂတ် သုတေသန ဦးတည်ချက်တချို့အကြောင်း ပြောပြသည်။ ဝမ်ရွှေရှန့်၏ စီးပွားရေးဆန်သည့် စိတ်နှင့်ဆို စီးပွားရေး အခွင့်အလမ်းများ ရလာဖို့ လွယ်ကူပါသည်။

ယဲ့ရှောင်ချန်းနှင့် ဝမ််ရွှေရှန့်တို့က အလွန် လိုက်ဖက်လှသည်ဟု ဆိုနိုင်၏။ တစ်ယောက်က ရလဒ်များကို ဖန်တီးနိုင်ပြီး နောက်တစ်ယောက်က ထိုရလဒ်များကို စီးပွားရေး အခွင့်အလမ်းများအဖြစ် ပြောင်းလဲနိုင်၏။

ယဲ့ရှောင်ချန်း၏ စီးပွားရေး အစွမ်းအစမျိုးနှင့်ဆို သေချာပေါက် ဒုက္ခရောက်နိုင်သည်။ သူယုံကြည်နိုင်သည့် လူလည်း များများစားစား မရှိပါ။ သူ ချောက်တွန်းခံရနိုင်၏။

ဝမ်ရွှေရှန့်ကတော့ မတူညီပေ။

သူတို့ ယန်မြို့တော်သို့ ပြန်ရောက်သောအခါ ၉ နာရီပင် ထိုးနေပြီဖြစ်သည်။ ဝမ်ရွှေရှန့်က သူ့အိမ်တွင်် ညအိပ်ရန် ယဲ့ရှောင်ချန်းကို ပြောသည်။

ယဲ့ရှောင်ချန်း စဥ်းစားကြည့်လိုက်ပြီး  သဘောတူလိုက်ပါသည်။

ဝမ်ရွှေရှန့်၏ ဗီလာတွင် ဧည့်သည်အခန်းများစွာ ရှိသဖြင့် အိပ်စရာနေရာ မရှိမှာကိုတော့ စိတ်ပူစရာ မလိုပါ။

ယဲ့ရှောင်ချန်း အိမ်တွင် အိပ်မည်ဟု သိရသောအခါ ဝမ်ရှင်းယီ အလွန်ပျော်ရွှင်သွားပါသည်။ ယဲ့ရှောင်ချန်း၏ အခန်းထဲတွင် နေကာ ယဲ့ရှောင်ချန်းနှင့် အကြာကြီး စကားပြောခဲ့၏။

သူမ ဆက်တိုက်  သန်းဝေလာမှသာ ဝမ်ရှင်းယီ မပြန်ချင်ပြန်ချင်နှင့် သူမ၏ ခြံဝန်းဆီ ပြန်ကာ အိပ်တော့သည်။

တဖက်တွင်တော့ ယဲ့ရှောင်ချန်းက အလွန် အားအင်ပြည့်ဝနေသေး၏။

နူးညံ့သည့် ကုတင်ပေါ်တွင် လှဲလျောင်းရင်း ယဲ့ရှောင်ချန်း မျက်လုံးကို ပိတ်လိုက်ပြီး ရှန်းနုန် စနစ်ကို ဆင့်ခေါ်လိုက်သည်။ စိုက်ပျိုးရေးခြံ မြေပုံကို ဖွင့်လိုက်ပြီး စိုက်ပျိုးရေးခြံ၏ အခြေအနေကို စစ်ဆေးလိုက်၏။

စိုက်ပျိုးရေးခြံ၏ မြေပုံကို အသုံးပြုပြီး ပဲစေ့စစ်သည်တော် သုံးယောက်နှင့် တိုက်ရိုက် ဆက်သွယ်နိုင်ပါသည်။

ပဲစေ့စစ်သည်တော် သုံးယောက်က စိုက်ပျိုးရေးခြံကို တာဝန်ယူထားသဖြင့် ယဲ့ရှောင်ချန်း အလွန်သက်သာရပါသည်။

ယဲ့ရှောင်ချန်း စိုက်ပျိုးရေးခြံမြေပုံကို သုံးလိုက်ပြီး ပဲစေ့စစ်သည်တော်များနှင့် ပူးပေါင်းကာ မိုးသားတိမ်တိုက်ဖန်တီးခြင်းကို သုံးလိုက်သည်။ အင်မော်တယ်အပင်များကို မိုးရွာသွန်းပေးလိုက်ပြီး ထို့နောက် အပင်ဖွံ့ဖြိုးခြင်း အနုပညာကို သုံးလိုက်သည်။

ဒါက နေ့တိုင်း လုပ်ဆောင်ရသည့် အရာ ဖြစ်သည်။

အထူးသဖြင့် ယွမ်ချီဆေးရည်ကို ဖန်တီးဖို့ အသုံးပြုရသည့် အင်မော်တယ် ဆေးပင်သုံးမျိုးက အရေးအကြီးဆုံး ဖြစ်ပါသည်။

သူ့ဒန်တန်ထဲက မှော်စွမ်းအင်တစ်ဝက်ကျော် ကုန်ဆုံးသွားသောအခါ ယဲ့ရှောင်ချန်း အင်မော်တယ်အပင်စွမ်းအင်များကို စတင်စုပ်ယူပြီး ရှန်းနုန်ကျင့်စဥ်များကို စတင်ကျင့်ကြံပါတော့သည်။

အချိန်များ ကုန်လွန်သွား၏။

ညည့်နက်နေပြီဖြစ်သည်။

ဗီလာတစ်ခုလုံး မှောင်မဲနေပြီး အားလုံးကလည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေကြ၏။

ယဲ့ရှောင်ချန်း မျက်လုံးများကို ပြန်ဖွင့်လိုက်ပြီး ညစ်ညမ်းသည့် လေများကို ပါးစပ်ထဲမှ မှုတ်ထုတ်လိုက်သည်။ သူ့ဒန်တန်ထဲ ဖောင်းပွနေသည့် ခံစားချက်တစ်ခုကို ခံစားမိသည်။ ဒါက မှော်စွမ်းအင် ပုံဆောင်ခဲ အကန့်အသတ်ကို ရောက်ရှိကာ အပင်စွမ်းအင်များကို ထပ်မစုပ်ယူနိုင်တော့သောကြောင့် ဖြစ်သည်။

သူစိုက်ပျိုးရေးခြံ မြေပုံကိုပိတ်ဖို့ ပြင်လိုက်စဥ် စိုက်ပျိုးရေးခြံထဲ တစ်စုံတစ်ယောက် ခိုးဝင်လာသည်ဟု ထောင်ဖန်းကျာက သတိပေးလိုက်သည်။

"ဘာ"

ယဲ့ရှောင်ချန်း၏ မျက်လုံးများတွင် အံ့အားသင့်သွားသည့် အရိပ်အယောင် ဖြစ်ပေါ်သွား၏။

လက်ရှိစိုက်ပျိုးရေးခြံက အရင်ကလိုမဟုတ်တော့ပါ။ အဆင့် ၁ ခြံစည်းရိုးများဖြင့် ကာရံထားပြီး လုံးဝ မပျက်စီးနိုင်ပါ။ ခြံစည်းရိုးအပေါ်သို့ ကျော်တက်နိုင်မှ ရပါလိမ့်မည်။

ပိုအရေးကြီးသည်က စိုက်ပျိုးရေးခြံတွင် ပဲစေ့စစ်သည်တော်များရှိသည်။ သူတို့က အလွန်နိုးကြားပြီး ဘယ်လိုလှုပ်ရှားမှုမျိုးကို မဆို သတိထားမိနိုင်သည်။

အခုချိန်ထိ စိုက်ပျိုးရေးခြံထဲ လူခိုးဝင်သည့် ဖြစ်ရပ်မျိုး မဖြစ်ခဲ့ဖူးပါ။

ထိုသို့ စဥ်းစားပြီး ယဲ့ရှောင်ချန်း စိုက်ပျိုးရေးခြံ၏ အခြေအနေကို မြေပုံမှ တဆင့် စစ်ဆေး ကြည့်လိုက်သည်။

သေချာပါသည်။ စိုက်ပျိုးရေးခြံ၏ အရှေ့တောင်ဘက်တွင် အဖြူရောင် ပုံရိပ်တစ်ခုကို မြင်လိုက်ရသည်။

ခိုးဝင်ခြင်းမဟုတ်ဘဲ ပေါ်တင်ဝင်လာသည်ဟု ဆိုင်နိုင်သည်။

ထို့အပြင် ထိုလူက သူ့လက်များကို ကျောနောက်တွင် ပစ်ထားပြီး ခြေထောက်အောက်တွင် လေများရှိနေသလို လမ်းလျှောက်နေ၏။

ထိုလူက ဆံပင်ရှည်ရှည် သာမန်ပုံစံရှိသော ကောင်လေးတစ်ယောက်ဖြစ်မှန်း သူ ရှင်းလင်းစွာ မြင်နိုင်သည်။ သို့သော်လည်း သူ့အရှိန်အဝါကတော့ သေချာပေါက် သာမန် မဟုတ်ပါ။

ယဲ့ရှောင်ချန်း သူနဲ့ ဆင်တူသည့် အရှိန်အဝါ တစ်မျိုးကို ထိုလူ့ထံမှ ခံစားမိ၏။

ရှန်းနုန် မဖြစ်နိုင်ပါ။

ဒီကမ္ဘာကြီးထဲတွင် ရှန်းနုန်တစ်ယောက်သာ ရှိသည်။

အင်မော်တယ် ကျင့်ကြံသူတစ်ယောက်၏ ရောင်ဝါမျိုး ဖြစ်သည်။

အမှန်ပင်။ အင်မော်တယ် ကျင့်ကြံသူ တစ်ယောက်၏ ရောင်ဝါ ဖြစ်ပါသည်။

စိုက်ပျိုးရေးခြံ၏ မြေပုံပေါ်တွင်တောင် ဒီဆံပင်ရှည်ရှည် အင်္ကျီဖြူနှင့် ကောင်လေး၏ အရှိန်အဝါကို ယဲ့ရှောင်ချန်း ခံစားနေရသည်။

"တကယ်ကြီး အင်မော်တယ် ကျင့်ကြံသူ တစ်ယောက်လား။"

ယဲ့ရှောင်ချန်း မျက်လုံးများ ကျယ်သွား၏။ စိတ်လှုပ်ရှားသောကြောင့်မဟုတ်ဘဲ ပျော်ရွှင်သွားသောကြောင့် ဖြစ်သည်။

အဘယ့်ကြောင့်ဆိုသော် နောက်ဆုံးတော့ အင်မော်တယ် ကျင့်ကြံသူ တစ်ယောက် ပေါ်လာခဲ့ခြင်းကြောင့် ဖြစ်ပါသည်။

All Chapters