← Chapters

အခန်း (၂၄၃) - ယင်နတ်ဘုရား

Vol. 17 Ch. 243

အခန်း (၂၄၃) - ယင်နတ်ဘုရား

Vol. 17 Ch. 243

အခန်း (၂၄၃) - ယင်နတ်ဘုရား

အင်မော်တယ်စမ်းရေ စားသောက်ဆိုင်တွင် လုတုန်ချမ်းတစ်ယောက် စားသောက်ပြီးနောက် ယန်ဟဲ့ အုပ်စု၏ စီအီးအိုဖြစ်သော ဝမ်ချန်းကို ထိုပါဝင်ပစ္စည်း ဟင်းသီးဟင်းရွက်များ၏ အရင်းအမြစ်ကို စုံစမ်းခိုင်းခဲ့သည်။

ဝမ်ချန်း၏ အစွမ်းအစဖြင့်ဆို စုံစမ်းဖို့ မခက်ခဲပါ။

ထို့အပြင် ယဲ့ရှောင်ချန်းကလည်း ဒီကိစ္စကို ဖုံးကွယ်မထားခဲ့ပေ။

လုတုန်ချမ်း မြေပုံအတိုင်း လိုက်လာပြီး ယဲ့ရှောင်ချန်းကို တွေ့ခဲ့သည်။

ယဲ့ရှောင်ချန်း မရှိသည့်အချိန်ကို အခွင့်ကောင်းယူကာ ဒီနေ့ည လာခဲ့ခြင်း ဖြစ်ပါသည်။

ဒီစိုက်ပျိုးရေးခြံထဲ ဘာတွေရှိနေသလဲ သူ အလွန် စိတ်ဝင်စားနေသည်။

နံရံပေါ်ကျော်တက်ပြီး စိုက်ပျိုးရေးခြံထဲသို့ ဝင်လိုက်ချင်းမှာပင် ထူးဆန်းသည့် အရာတစ်ခုကို ချက်ချင်း အာရုံခံမိလိုက်ပါသည်။

"ဒီစိုက်ပျိုးရေးခြံထဲက ဝိညာဥ်ချီက အရမ်း ပါးလွန်းတယ်။ ဒါပေမယ့် အရည်အသွေးကတော့ အရမ်းမြင့်တယ်။ အင်မော်တယ်လောကနဲ့ အနီးစပ်ဆုံးလို့ ပြောလို့ရတဲ့ မြင့်မြတ်တဲ့ ခွန်းလွန်နယ်မြေနဲ့ ကောင်းကင်ယံစင်မြင့်ပေါ်မှာတောင် ဒီလောက်မြင့်တဲ့ ချီစွမ်းအင် မရှိဘူး။"

လုတုန်ချမ်း၏ မျက်လုံးတွင် ထူးဆန်းသည့် အရောင်တစ်ခု လင်းလက်သွား၏။

သူက ရှုရှန်ဓားဂိုဏ်း၏ တပည့်တစ်ယောက် ဖြစ်ပြီး အခြေခံအုတ်မြစ်တည်ဆောက်ခြင်း နှောင်းပိုင်းအဆင့်သို့ ရောက်နေပြီ ဖြစ်ပါသည်။

ဂိုဏ်းထဲတွင် သူက အောက်ဆုံး၏ အောက်ဆုံးတွင်သာ ရှိ၏။ အဘယ့်ကြောင့်ဆိုသော် အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်မှာ ကျင့်ကြံခြင်း၏ အစသာ ဖြစ်၏။ ပါရမီအထုံသာ ရှိပါက ၃ နှစ်မှ ၅ နှစ်အတွင်း ချီစွမ်းအင် သန့်စင်အဆင့်သို့ ရောက်နိုင်ပါသည်။

သို့သော်လည်း လုတုန်ချမ်း၏ ပါရမီက အလွန် သာမန်သာ ဖြစ်သည်။ ၁၀ နှစ်ကြာလောက် ကျင့်ကြံပြီးတာတောင် အခြေခံအုတ်မြစ် တည်ဆောက်ခြင်း နှောင်းပိုင်းအဆင့်လောက်သာ ရှိသေးသည်။ ဒါတောင် သူ ကြိုးစားခဲ့ပါသည်။

ဝိညာဥ်အခြေခံအုတ်မြစ် စမ်းသပ်စစ်ဆေးမှုတွင် သူ ချီစွမ်းအင် သန့်စင်အဆင့်ကို သူ ဘယ်တော့မှ ရောက်နိုင်လိမ့်မည်မဟုတ်ဟု ပြောခဲ့သည်။

အစက မြင့်မြတ်သည့် ခွန်းလွန်နယ်မြေကို သူ သွားဖို့ အခွင့်အရေးပင် မရှိပါ။ ကောင်းကင်ယံစင်မြင့်သာဆို ပိုဆိုးပါသည်။

သို့သော်လည်း အင်မော်တယ်လောကက ရုတ်တရက်ကြီး အင်မော်တယ်မျိုးဆက်သစ်ရွေးချယ်ပွဲကို အသစ်ပြန်လည်စတင်ဖို့ အမိန့်ပေးခဲ့၏။

အင်မော်တယ်လောကမှ မော်တယ်လောကသို့ သွားရောက်ဖို့ နယ်နိမိတ်ချိုးဖျက်အဆောင်ကို အသုံးပြုရသည်။

ဒီလိုတန်ဖိုးရှိသည့် နယ်နိမိတ်ချိုးဖျက်အဆောင်ကို အခြေခံအုတ်မြစ် တည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတွင် အသုံးပြုလိုက်ပါက အကြီးအကျယ် ဖြုန်းတီးမှု ဖြစ်သွားပါလိမ့်မည်။

ဒါက အင်မော်တယ်လောက၏ အမိန့် ဖြစ်သောကြောင့် မြင့်မြတ်သော ခွန်းလွန်နယ်မြေကပင် နာခံရသည်။

ဒီလိုနှင့် သူက ကံကောင်းပြီး အခြေခံအုတ်မြစ် တည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်လာခဲ့ပြီး မော်တယ်လောကထဲ ဝင်ရောက်နိုင်သည့် ပထမဆုံးသော ကျင့်ကြံသူ ဖြစ်လာခဲ့ပါသည်။

ရွေးချယ်စရာ မရှိပေ။ ဧရာမ ရှုရှန်ဓားဂိုဏ်းတွင် အသက်အရွယ် ကိုက်ညီသည့် အခြေခံအုတ်မြစ် တည်ဆောက်ခြင်းအဆင့် တပည့် အနည်းငယ်သာ ရှိသည်။ သာမန်တပည့်များက ချီစွမ်းအင် သန့်စင်ခြင်း အဆင့်သို့ ရောက်ရှိသွားကြပြီ ဖြစ်သည်။

လုတုန်ချမ်းက လုမျိုးရိုး၏ တပည့်တစ်ယောက် ဖြစ်သဖြင့် ကံကောင်းကာ အရွေးခံခဲ့ရပါသည်။

စိုးရိမ်စွာဖြင့် လုတုန်ချမ်းက နယ်နိမိတ် ချိုးဖောက် အဆောင်ကို ကောင်းကင်ယံစင်မြင့်ပေါ်တွင် အသုံးပြုလိုက်ပြီး မော်တယ်လောကဖြစ်သည့် ကမ္ဘာ့မျက်နှာပြင်ပေါ်သို့ ရောက်ရှိလာနိုင်ခဲ့သည်။

ထို့အပြင် နယ်နိမိတ် ချိုးဖျက် အဆောင်ပစ္စည်းက သူ့တည်နေရာကိုလည်း ရှာဖွေနိုင်သည်။

ရှုရှန်ဓားဂိုဏ်းတွင် လုတုန်ချမ်းက အခြေခံ တပည့်တစ်ယောက်သာ ဖြစ်သော်လည်း လုမျိုးရိုးက အလွန်အမင်း ရှေးကျသည့် အင်မော်တယ် ကျင့်ကြံသူ မျိုးရိုးထဲတွင် ပါဝင်သည်။

အင်မော်တယ် ကျင့်ကြံသူများ၏ လောကနှင့် သာမန်လောကတို့၏ ချိတ်ဆက်မှုကို ဖြတ်တောက်ခဲ့တာ ကြာပြီ ဖြစ်သော်လည်း ဘေးမဲ့ခေတ်အလွန်မှ ဖြစ်သည်။ ထိုမတိုင်ခင်က အင်မော်တယ် ကျင့်ကြံသူ လောကမှာ သာမန် လောကထဲတွင် စွမ်းအားကြီးသည့် အင်အားစု တစ်ခုကို ချန်ရစ်ထားခဲ့သေး၏။

သမိုင်းတစ်လျှောက်တွင် ထိုပုန်းခိုနေသည့် အားအင်စုတချို့က သေဆုံးသွားကြပြီး တချို့ကတော့ တည်ရှိနေဆဲ ဖြစ်ပါသည်။ တချို့က အလွန်အမင်းပင် စွမ်းအားကြီးနေကြပြီ ဖြစ်သည်။

ဝမ်ချန်းတို့ မိသားစုက ဘေးမဲ့ခေတ် မတိုင်ခင် လုမျိုးရိုး၏ ကျွန်မျိုးဆက် ဖြစ်၏။

သို့သော်လည်း သမိုင်းကြောင်း နှစ်ရာချီပြီး ကုန်ဆုံးသွားသောအခါ သူတို့ ကျေးကျွန် မျိုးရိုးက လုမျိုးရိုး၏ ထောက်ပံ့မှုကို မရရှိတော့သဖြင့် ယိုင်လဲသွားခဲ့တာ ကြာပါပြီ။ ဝမ်ချန်းတို့၏ မိသားစုကိုင်းခွဲတစ်ခုသာ ကျန်ရစ်ခဲ့တော့သည်။

ဝမ်ချန်းသည် သူတို့ဟာ လုမျိုးရိုး၏ ကျေးကျွန်မိသားစုဖြစ်ကြောင်း ဖော်ပြထားသည့် ဘိုးဘွားလက်ဆင့်ကမ်းလာသည့် ရှည်လျားသည့် သမိုင်းကြောင်းများ ရှိသည်။

ဝမ်ချန်းသည် တိုကင်ကိုင်ဆောင်ထားသော လုတုန်ချမ်းကို တွေ့သောအခါ ချက်ချင်းဆိုသလိုပင် နာခံခဲ့သည်။

ဒီသမိုင်းဝင် ကျင့်ကြံသူက ဘယ်လောက် စွမ်းအားကြီးမှန်း သူတို့ မျိုးရိုးစဥ်ဆက် ဆက်ခံလာသည့် သင်ကြားမှုများမှ သိရှိပြီးသား ဖြစ်သောကြောင့်ပင်။

သူတို့မိသားစုသည် သွေးသစ္စာကျိန်ဆိုထားကြပြီး မျိုးဆက်အလိုက် အမွေဆက်ခံသွားရမည်ဖြစ်သည်။

ထို့ကြောင့်လည်း လုတုန်ချမ်းက မော်တယ်လောကသို့ ပထမဆုံးအကြိမ် ရောက်လာသောအခါ သွေးသစ္စာတံဆိပ်ကို အားကိုးပြီး ဝမ်ချန်းကို အလွယ်လေး ရှာဖွေနိုင်ခဲ့ခြင်း ဖြစ်သည်။

"ဒီမော်တယ်လောကထဲမှာ ဝိညာဥ်ချီတွေ မရှိတော့ဘူးလို့ သူတို့ ပြောခဲ့ကြတာ မဟုတ်ဘူးလား။ ဘာလို့ ဒီလောက် အဆင့်မြင့်တဲ့ ဝိညာဥ်ချီစွမ်းအင် ရှိနေတာလဲ။"

လုတုန်ချမ်း မော်တယ်လောကသို့ မလာခင်က အချက်အလက်များစွာကို ဖတ်ပြီးသားဖြစ်ပါသည်။

သို့သော်လည်း အချက်အလက် အများစုက လုံးဝ အသုံးမဝင်ပါ။

မော်တယ်လောက ဒီလောက်ထိ လျှင်မြန်စွာ တိုးတက်လာလိမ့်မည်ဟု မည်သူက ထင်မည်နည်း။

မော်တယ်များကပင် လေယာဥ်များဖြင့် ကောင်းကင်ပေါ်တွင် ပျံသန်းနိုင်နေကြပြီ ဖြစ်သည်။

မြင်းဆွဲအား မလိုအပ်ဘဲ အပူစွမ်းအင်ဖြင့် သွားလာနိုင်သော ကားယာဥ်များလည်း ပေါ်လာသည်။

သူ မော်တယ်လောကသို့ ပထမဆုံး ရောက်လာစဥ်က ဒီအခြေခံများကို နားလည်ဖို့ကိုပင် အများကြီး အားထုတ်ခဲ့ရပါသည်။

အင်မော်တယ် ကျင့်ကြံသူများ၏ လောကနှင့် ယှဥ်လျှင် မော်တယ်လောကက အများကြီး ပိုစိတ်ဝင်စားဖို့ကောင်းသည်။

အသက်ရှည်မှုနောက်လိုက်သည့် တာအိုနှလုံးသားသာ မရှိပါက ဒီလို သာယာမှုများ ပြည့်နှက်နေသည့် လောကကြီးထဲတွင် လမ်းပျောက်သွားဖို့ မခက်ခဲလှပေ။

အင်မော်တယ်မျိုးဆက်သစ်ရွေးချယ်ပွဲဆိုသည်မှာ မော်တယ်လောက၏ ဆွဲဆောင်မှုများကို တောင့်ခံနိုင်မလား စမ်းသပ်သည့် စမ်းသပ်ချက်လားဟုပင် ထင်မိပါသည်။

"ငါသာ ဒီလောက်အဆင့်မြင့်တဲ့ ဝိညာဥ်ချီရဲ့ အရင်းအမြစ်ကို ရှာပြီး အများကြီး စုပ်ယူလိုက်မယ်ဆိုရင် ချီစွမ်းအင် သန့်စင်ခြင်းအဆင့်ကို အလွယ်လေး ရောက်နိုင်ပါတယ်။"

လုတုန်ချမ်း၏ မျက်လုံးများက စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။

သို့သော်လည်း စိတ်လှုပ်ရှားမှုကြောင့် သူ သတိမဲ့မသွားပါ။

ဒီစိုက်ပျိုးရေးခြံပိုင်ရှင်၏ သရုပ်မှန်က မရိုးရှင်းပါ။ သူက ဝိညာဥ်ချီရှိသည့် ဟင်းသီးဟင်းရွက်များကို ပျိုးထောင်နိုင်သဖြင့် သူကလည်း ကျင့်ကြံသူတစ်ဦး ဖြစ်နိုင်သည်။

မော်တယ်လောကတွင် ဝိညာဥ်ချီမရှိသော်လည်း ကျင့်ကြံသူများ မွေးဖွားလာဖို့ မဖြစ်နိုင်တာ မဟုတ်ပါ။

ခြွင်းချက် မရှိဘူးဟု မည်သူဆိုနိုင်မည်နည်း။ ဒီနေရာတွင် ဝိညာဥ်ချီ ရှိနေခြင်းကြောင့် အားလုံး ရှင်းနေပြီ ဖြစ်ပါသည်။

ထို့အပြင် အဆင့်မြင့် ဝိညာဥ်ချီ ဖြစ်သည်။ ဒီစိုက်ပျိုးရေးခြံပိုင်ရှင်၏ ကျင့်ကြံခြင်းအဆင့်မှာ မနိမ့်ကျလောက်ပါ။

သူက အခြေခံအုတ်မြစ်တည်ဆောက်ခြင်း နှောင်းပိုင်းအဆင့်သာ ရှိသေးသဖြင့် သူ့ကျင့်ကြံခြင်းက နိမ့်လွန်းနေပါသည်။

ထို့ကြောင့် စိုက်ပျိုးရေးခြံ၏ ပိုင်ရှင် မရှိမှ လာရဲခြင်း ဖြစ်ပါသည်။

"ဟိုနေရာမှာ ဝိညာဥ်ချီက အသိပ်သည်းဆုံးပါလား။"

လုတုန်ချမ်းက အင်မော်တယ်မြေကွက်များစွာ ရှိသည့် တည်နေရာသို့ လေလို ခြေလှမ်းများဖြင့် လျှောက်သွားခဲ့သည်။

သိပ်အဝေးကြီး မသွားလိုက်ရဘဲ သူ ရပ်တန့်သွား၏။ သူ့မျက်နှာပေါ်တွင် ခက်ထန်သွားသော မျက်နှာထားမျိုး ပေါ်လာ၏။

သူ့ရှေ့တွင် ထိတ်လန့်စရာ သတ်ဖြတ်လိုသော အရှိန်အဝါကြီး တစ်ခုက သူ့ရှေ့မှ ထွက်ပေါ်လာနေသောကြောင့် ဖြစ်ပါသည်။ အဆုံးမဲ့ အမှောင်ထုများကို ဖြတ်၍ အရိပ်တစ်ခု ဖြည်းညှင်းစွာ ချဥ်းကပ်လာသည်ကို သူ မြင်နေရသည်။

"ယင်ဝိညာဉ်လား။ မဟုတ်ဘူး။ ယင်ဝိညာဉ် မဟုတ်ဘူး။ ယောက်ျားဆန်တဲ့ အသက်အရှိန်အဝါတစ်ခု ရှိတယ်။ ဒါပေမယ့် အဲ့ဒီသတ်ဖြတ်လိုတဲ့ အရှိန်အဝါကြီးကို အတုလုပ်လို့ မရဘူး။"

လုတုန်ချမ်းက စိတ်ရှုပ်ထွေးသွားသည်။

နောက်ဆုံးတော့ သူ့ရှေ့တွင် အဖြူရောင် ဝတ်ရုံနှင့် ပုံရိပ်တစ်ခု ပေါ်လာခဲ့၏။

ထိုပုံရိပ်မှာ ရှင်းလင်းသန့်စင်ပါသည်။ လပေါ်က နတ်သမီးတစ်ပါးလိုပင်။

သို့သော်လည်း ထိုအရာကို မြင်လိုက်သောအခါ လုတုန်ချမ်း၏ မျက်နှာထား အလွန် ပြောင်းလဲသွားရ၏။

"ဒါ... ဒါက ယင်စစ်သည်တော် တစ်ပါးပဲ။ အသိစိတ်ရယ် ယန်ချီစွမ်းအင်ရယ်ရှိတဲ့ ယင်စစ်သည်တော်တစ်ပါးပဲ။ ယင်နတ်ဘုရားအဆင့်လောက် ရှိတယ်။"

လုတုန်ချမ်းက အဖြူရောင်ဝတ်ရုံနှင့် ပုဂ္ဂိုလ်ကို စိုက်ကြည့်လိုက်သည်။

ဒီအဆင့်နှင့် ယင်နတ်ဘုရားတစ်ပါး မော်တယ်လောကထဲတွင် ဘယ်လိုရှိနေသလဲ သူ တွေးမရပါ။

"နတ်ဘုရား" ဟူသည့်အမည်ရှိသည့်အရာတိုင်းက သာမန်ထက် ထူးကဲသည်။

နတ်ဘုရားသည် အင်မော်တယ်ကို ကိုယ်စားပြုသည်။

ယင်နတ်ဘုရားများသည် နတ်ဘုရား အစစ်အမှန်များ မဟုတ်ဘဲ အင်မော်တယ်ဖြစ်ဖို့ အဝေးကြီး လိုသေးသော်လည်း သူတို့က ယန်စွမ်းအင်ကို မကြောက်ရွံ့ဘဲ သာမန် ယင်ဝိညာဉ်နှင် နည်းလမ်းများဖြင့် မထိန်းချုပ်နိုင်ပါ။

ယင်နတ်ဘုရားများက အသိစိတ်များ ဖွင့်ဖြိုးကာ ၎င်းတို့၏ ခန္ဓာကိုယ်ထဲတွင် ယန်ချီစွမ်းအင်ကို ထုတ်လုပ်နိုင်သောကြောင့် ဖြစ်ပါသည်။

ဒါက အဆုံးစွန် ယင်စွမ်းအင်မှ ယန်စွမ်းအင် မွေးဖွားသော ဖြစ်ရပ်မျိုး ဖြစ်သည်။

ကျင့်ကြံခြင်းလောကတွင်တောင် ဒီလို ယင်နတ်ဘုရားများက မောင်ရှန်ဂိုဏ်းလို ဂိုဏ်းများတွင်သာ ရှိတတ်ကြသည်။ ထိုဂိုဏ်းများက အလောင်းများ သန့်စင်ခြင်းနှင့် ယင်ဝိညာဉ်နှင်ခြင်းကို အထူးပြုကြသည်။

ယန်နတ်ဘုရားတစ်ပါးကို သန့်စင်ဖို့က အလွန်ခက်ခဲပြီး အချိန်အကြာကြီး ကြာမြင့်ပါသည်။

အကောင်းဆုံး နည်းလမ်းမှာ အသင့်ဖန်တီးပြီးသား ယင်နတ်ဘုရားတစ်ပါးကို ဖမ်းဆီးပြီး သန့်စင်ဖို့ ဖြစ်၏။

"မင်း ဘယ်သူလဲ။ ဒီထဲကို ကျူးကျော်ဖို့ အတင့်ရဲတယ်ပေါ့။"

အဖြူရောင်ဝတ်ရုံနှင့် ယင်နတ်ဘုရားက အသံမဲ့ အော်သံတစ်ခုကို ထုတ်လွှတ်လိုက်ပါသည်။

ဝိညာဥ်ရေးရာအဆင့် အော်သံတစ်ခုဖြစ်ပြီး လုတုန်ချမ်း၏ စိတ်ထဲတွင် ပဲ့တင်သံ ထပ်သွား၏။

သူ့ခန္ဓာကိုယ်တစ်လျှောက်လုံး ကြက်သီးမွှေးညှင်းများ ထသွားသည်။ သူ့စိတ်ကလည်း အေးခဲသွားတော့မလို ခံစားရသည်။

သို့သော်လည်း သူ့ခန္ဓာကိုယ်ထဲက မှော်စွမ်းအင်က အလိုအလျောက် လည်ပတ်ပြီး မသက်သာမှုကို ဖျောက်ဖျက်ပြစ်လိုက်သည်။

သူ့ရင်ထဲတွင် ညည်းတွားလိုက်၏။ ဒီလိုအဆင့်နှင့် ယင်နတ်ဘုရားတစ်ပါး စိုက်ပျိုးရေးခြံထဲတွင် ရှိနေလိမ့်မည်ဟု လုံးဝ မထင်ထားပါ။ သူသာ သိခဲ့ပါက ညကြီးသန်းခေါင် လာမည် မဟုတ်ပေ။

သူ စကားပြန်ပြောဖို့ စောင့်မနေတော့ဘဲဲ အဖြူရောင် ဝတ်ရုံနှင့် ယင်နတ်ဘုရားက လက်ဖြင့် ဖမ်းဆုပ်လိုက်၏။

အဖြူရောင်ချီစွမ်းအင်ငွေ့များ ထွက်လာပြီး ချီပိုက်ကွန်တစ်ခု ဖြစ်ပေါ်ကာ လုတုန်ချမ်းအား ဖမ်းဆီးဖို့ ကြိုးစားနေ၏။

"ဟင်"

လုတုန်ချမ်းသည် ယင်နတ်ဘုရား၏ တိုက်ခိုက်မှုသည် သူထင်ထားသလောက် မပြင်းထန်သော်လည်း သူ့ကို အချည်းနှီးသော ခံစားချက်ကို ပေးစွမ်းနိုင်ကြောင်း တွေ့ရှိလိုက်ရသဖြင့် အံ့အားသင့်သွားသည်။

All Chapters