← Chapters

အခန်း (၂၄၈) - လူ့အကြောင်းတရားများ

Vol. 17 Ch. 248

အခန်း (၂၄၈) - လူ့အကြောင်းတရားများ

Vol. 17 Ch. 248

အခန်း (၂၄၈) - လူ့အကြောင်းတရားများ

ယန်မြို့တော် အပင်အသိစိတ် သုတေသနအဖွဲ့အစည်း။

ယဲ့ရှောင်ချန်း လက်ကို စုလိုက်ပြီး စုစည်းနေကြသည့် သုတေသနပညာရှင်များအား ပြောလိုက်သည်။ "ကျွန်တော်တို့ရဲ့ လုပ်ဖော်ကိုင်ဖက်အသစ် လုတုန်ချမ်းကို မိတ်ဆက်ပေးပါရစေ။ ကျွန်တော်တို့ရဲ့ မိသားစုကြီးကနေ ကြိုဆိုလိုက်ကြရအောင်ဗျာ။"

လက်ခုပ်တီးသံများ ထွက်ပေါ်လာ၏။

သုတေသနအဖွဲ့အစည်းထဲသို့ ဝင်ရောက်လာသူတိုင်းက စိုက်ပျိုးရေးပါရမီ တစ်ခုခု ရှိထားမှန်း အားလုံး သိကြပါသည်။

လုတုန်ချမ်းက တခြားသူများကို အလွန်ယဥ်ကျေးစွာ နှုတ်ဆက်လိုက်ပါသည်။

ဝိညာဥ်နားစွင့် လက်ချောင်းနည်းလမ်းကို သူ သင်ယူပြီးကတည်းက ဝိညာဥ်နားစွင့် အခြေအနေကြောင့် သူ အလွန်အံ့အားသင့်နေမိသည်။

ရုတ်တရက် စိုက်ပျိုးရေးတွင် သူက ပညာရှင်တစ်ဦးဖြစ်သည်ဟု ခံစားလိုက်ရသည်။

မဟုတ်လျှင် ဘာကြောင့် ဒီလိုခံစားချက်မျိုး ရနိုင်မည်နည်း။

အရင်တုန်းက သူ့ကျင့်ကြံမှုမှ ခြောက်သွေ့ကာ ပင်ပန်းဆင်းရဲလှသည်။ သည်းခံဖို့ကလည်း အလွန်ခက်ခဲလှပါ၏။

သို့သော်လည်း အခုတော့ ပျော်စရာတစ်ခု ဖြစ်လာလေပြီ။ အပင်အသိစိတ်များနှင့် ဆက်သွယ်နိုင်သည့် အခြေအနေနှင့် ကျင့်ကြံခြင်းက တကယ်ပဲ အံ့အားသင့်ဖို့ ကောင်းလွန်းပါသည်။

ထိုအချိန်ကစပြီး ယဲ့ရှောင်ချန်း သင်ကြားပေးသည့် စိုက်ပျိုးရေး နည်းလမ်းများကို မငြင်းဆန်တော့ဘဲ သူကပင် ဦးစွာ သင်ယူတတ်ပါသည်။

ဒီတစ်ခေါက်လည်း သူကိုယ်တိုင် အပင်သုတေသနအဖွဲ့အစည်းထဲသို့ ဝင်ရောက်ကာ စိုက်ပျိုးရေး နည်းလမ်းများကို ပြည့်ပြည့်စုံစုံ သင်ယူနိုင်ဖို့ ဆုံးဖြတ်ချက်ချခဲ့ခြင်း ဖြစ်ပါသည်။

"ကဲ နှစ်သစ်တော့ ရောက်လာပြန်ပြီ။ အားလုံးပဲ ကျွန်တော်တို့ရဲ့ ယန်မြို့တော် အပင်အသိစိတ် သုတေသနအဖွဲ့အစည်းကြီးကို ကျော်ကြားလာစေဖို့အတွက် ကြိုးစားပေးနိုင်ကြမယ်လို့ မျှော်လင့်မိပါတယ်။"

ယဲ့ရှောင်ချန်းက ပြုံးလိုက်ပါသည်။

အားလုံးက ရယ်မောလိုက်သည်။ သူတို့အားလုံး ယုံကြည်ချက် ရှိနေပါ၏။

အလုပ်ပြီးသောအခါ သုတေသနအဖွဲ့အစည်းထဲက လူတိုင်း အင်မော်တယ်စမ်းရေ စားသောက်ဆိုင်သို့ သွားကာ စားသောက်ခဲ့ကြသည်။

အမှန်ပင်။ ယဲ့ရှောင်ချန်းက ဒကာခံခြင်း ဖြစ်၏။

စားသောက်နေရင်း ယဲ့ရှောင်ချန်းထံသို့ ရုတ်တရက် ဖုန်းဝင်လာခဲ့သည်။

ဝမ်ရွှေရှန့်ထံမှ ဖြစ်၏။။

"ရှောင်ချန်း တစ်ခုခုတော့ ဖြစ်နေပြီ။ ကောင်းကင်ဘုံ ရေအိုင်ရွာထဲက စမ်းသပ်နယ်မြေထဲက မုန်ညင်းပင်အပင်ပေါက်တွေ အကုန်လုံး ရုတ်တရက်ကြီး ဝါကုန်ပြီ။"

ဝမ်ရွှေရှန့်၏ စကားများကို ကြားသောအခါ ယဲ့ရှောင်ချန်း မျက်မှောင်ကြုတ်သွား၏။။

မဖြစ်နိုင်ပါ။

စူပါ မုန်ညင်းပင်က အလွန် တည်မြဲသည်။ ဒီလို ဖြစ်လာစရာ အကြောင်းကို မရှိပါ။

ချက်ချင်း အားလုံးကို မေတ္တာရပ်ခံလိုက်ပြီး အင်မော်တယ်စမ်းရေ စားသောက်ဆိုင်ထဲမှ အမြန်ထွက်လာကာ ကောင်းကင်ဘုံ ရေအိုင်ရွာသို့ ကားဖြင့် တန်းမောင်းလာခဲ့ပါသည်။

ကောင်းကင်ဘုံ ရေအိုင်ရွာက ယန်မြို့ပြင်တွင် ရှိပြီး ကောင်းကင်ဘုံကမ္ဘာမြေ စိုက်ပျိုးရေးခြံကြီးနှင့် ၇မိုင် ၈မိုင်လောက်သာ ကွာဝေးပါသည်။

ယဲ့ရှောင်ချန်း ရောက်သွားသောအခါ ကောင်းကင်ကြီးက မှောင်ပင် မှောင်နေလေပြီ။

ဧရာမ စမ်းသပ်နယ်မြေကြီးကတော့ လင်းထိန်နေ၏။

ဝန်ထမ်းများစွာက အလုပ်များပြားနေကြသည်။

ယဲ့ရှောင်ချန်း ရောက်လာသည်ကို မြင်သောအခါ သူတို့အားလုံး အားကိုးရာ ရသွားကြသလိုပင်။

ဝမ်ရွှေရှန့်လည်း ရောက်နေတာ ကြာပြီ ဖြစ်၏။

ယဲ့ရှောင်ချန်းတစ်ယောက် စူပါမုန်ညင်းပင်အပင်ပေါက်များ၏ အခြေအနေကို စစ်ဆေးကြည့်လိုက်သည်။ ထို့နောက် သူ့မျက်နှာ ချက်ချင်း ပျက်သွားသည်။

"တစ်ယောက်ယောက် မုန်ညင်းပင်တွေကို ကလီကမာ လုပ်လိုက်ပြီ။"

ယဲ့ရှောင်ချန်းက သွေးအေးစွာ ပြောလိုက်ပါသည်။

"ဒါပေမယ့် ယဲ့ရှောင်ချန်း သူတို့ခုနက စစ်ဆေးလိုက်တော့ ဘာမှ မတွေ့ကြဘူး။"

ယဲ့ရှောင်ချန်းက မုန်ညင်းပင်ကို ထိသာ ထိကြည့်လိုက်ပြီး အကြောင်းအရင်းကို တပ်အပ်ပြောနေသဖြင့် ဝမ်ရွှေရှန့် စိတ်ဝင်စားစွာ ပြောလိုက်သည်။

စူပါ မုန်ညင်းပင်၏ အဆင့်မြှင့်တင်မှုက အလွန် အရေးကြီးပါသည်။ ပြဿနာရှိပါက ကောင်းကင်ဘုံကမ္ဘာမြေ စိုက်ပျိုးရေးကုမ္ပဏီကြီးအား အကြီးအကျယ် ထိခိုက်စေပါလိမ့်မည်။

အခုတော့ ဒီလိုကိစ္စမျိုး ဖြစ်လာပြီဆိုသဖြင့် သတင်းပျံ့သွားပါက သံသယများ ဖြစ်လာကြပါလိမ့်မည်။

နောက်ပိုင်းတွင် ဒီစူပါ မုန်ညင်းပင်အား အဆင့်မြှင့်တင်ဖို့ ပို၍ပင် ခက်ခဲသွားနိုင်ပါသည်။

"သာမန် စစ်ဆေးတဲ့ နည်းလမ်းတွေနဲ့တော့ အလုပ်ဖြစ်မှာ မဟုတ်ဘူး။"

ယဲ့ရှောင်ချန်းက ခေါင်းခါလိုက်သည်။ "ဟူး ကြည့်ရတာ တစ်ယောက်ယောက်ကတော့ ကျွန်တော်တို့ရဲ့ စူပါမုန်ညင်းပင် ပရိုမိုးရှင်း အစီအစဥ်ကို ဖျက်လိုဖျက်ဆီး လုပ်ချင်နေပြီ ထင်တယ်။"

"ငါတို့ အခု ဘာလုပ်ကြမလဲ။"

ဝမ်ရွှေရှန့်က မေးလိုက်သည်။

"စိတ်မပူပါနဲ့။ ကျွန်တော် ပျိုးထောင်ထားတဲ့ စူပါ မုန်ညင်းပင်က အလွယ်တကူ ဖျက်ဆီးနိုင်တဲ့ အရာမျိုးမှ မဟုတ်တာ။"

ယဲ့ရှောင်ချန်းက ခေါင်းခါလိုက်သည်။

မုန်ညင်းပင်ပေါက်များက အဝါရောင် ဖြစ်နေပြီး အချိန်မရွေး သေသွားနိုင်သည့်ပုံပေါက်သော်လည်း စူပါမုန်ညင်းပင်၏ အားကောင်းသော အသက်စွမ်းရည်က အလုပ်ဖြစ်နေဆဲ ဖြစ်ပါသည်။

"ဟုတ်ပြီ။ ကျွန်တော်တို့ ရေထပ်လောင်းရင် ဘာပြဿနာမှ မရှိလောက်ပါဘူး။ မုန်ညင်းပင် လယ်ကွက်တွေကို စောင့်ဖို့ အစောင့်တွေ ထပ်လွှတ်လိုက်ပါ။ ပြီးတော့ တခြားရှေ့ပြေးဧရိယာတွေကိုလည်း ၂၄ နာရီလုံး စောင့်ကြပ်နေရမယ်။"

ယဲ့ရှောင်ချန်းက ညွှန်ကြားလိုက်၏။

ဝမ်ရွှေရှန့် ခေါင်းငြိမ့်လိုက်ပါသည်။ ယဲ့ရှောင်ချန်းက ဒီလိုပြောသဖြင့် ပြဿနာ မရှိနိုင်ပါ။

ကားထဲတွင်။

"ရှောင်ချန်း ငါတို့ ကောင်းကင်ဘုံကမ္ဘာမြေ စိုက်ပျိုးရေးခြံကို ဖျက်လိုဖျက်ဆီး လုပ်ချင်နေတယ်လို့ ပြောလိုက်တာမဟုတ်လား။"

ဝမ်ရွှေရှန့်က လေသံနက်နက်ဖြင့် မေးလိုက်သည်။

"ဟုတ်တယ်။ မုန်ညင်းပင် ပြဿနာက တစ်ယောက်ယောက် ဖန်တီးလိုက်တာ။ ဒါပေမယ့် သုံးသွားတဲ့ နည်းလမ်းကလည်း သာမန် မဟုတ်ဘူး။ လက်ရှိသာမန် စစ်ဆေးရေး နည်းလမ်းတွေနဲ့ဆို အလုပ်ဖြစ်မှာ မဟုတ်ဘူး။ မုန်ညင်းပင်ကိုယ်တိုင်က ပြဿနာ ဖြစ်နေတာလို့ လူတွေ ထင်သွားကြလိမ့်မယ်။ ဟူး... ယုတ်မာလိုက်တဲ့ အကြံအစည်ပဲ။ ရှေ့ပြေးစီမံကိန်းမှာ ပြဿနာရှိသွားတာနဲ့ စူပါ မုန်ညင်းပင်လုပ်ငန်း တည်ထောင်ရေးတစ်ခုလုံး ပျက်စီးသွားလိမ့်မယ်။ ကျွန်တော်တို့ ကောင်းကင်ဘုံ ကမ္ဘာမြေ စိုက်ပျိုးရေး ကုမ္ပဏီကိုတောင် အန္တရာယ်ဖြစ်စေနိုင်တယ်။"

ယဲ့ရှောင်ချန်း မျက်ခုံးများက အေးစက်သော အရိပ်အယောင်ကို ပြသနေပါသည်။

ဒီလိုဖြစ်လာပါက ဘယ်သူမှ သည်းခံနိုင်မည် မဟုတ်ပါ။

နှစ်သစ်ကူးဖြစ်သော်လည်း ဒီလို ပြသနာမျိုး ဖြစ်လာသဖြင့် စိတ်မညစ်ဘဲ နေနိုင်ပါဦးမလား။

ယဲ့ရှောင်ချန်းက ဝမ်ရွှေရှန့်ကို အရင်ပြန်ခိုင်းလိုက်သည်။ ဘာပဲဖြစ်ဖြစ် နောက်ပိုင်း ကိစ္စများတွင် သူ ကူညီပေးနိုင်မှာ မဟုတ်တော့ပေ။

ဒါက သာမန် တိုက်ပွဲတစ်ခု မဟုတ်ပါ။

မမြင်နိုင်သည့် သတ်ဖြတ်လိုစိတ် တစ်ခုဖြင့် ထို စူပါမုန်ညင်းပင်များကို ဖျက်ဆီးထားခြင်းကြောင့် ဖြစ်ပါသည်။

ကံကောင်းစွာဖြင့် ထိုမုန်ညင်းပင် မျိုးစေ့များကို ယဲ့ရှောင်ချန်းက ကောင်းကင်ဘုံကမ္ဘာမြေ စိုက်ပျိုးရေးခြံထဲတွင် ကိုယ်တိုင်ပျိုးထောင်ထားသည်။ ၎င်းတို့တွင် သန့်စင်မှုပါရမီများ တစ်စွန်းတစ်စ ပါဝင်နေပြီး သတ်ဖြတ်လိုစိတ်အား ခုခံနိုင်သည်။

သတ်ဖြတ်လိုစိတ်ကို သုံးစွဲနိုင်သဖြင့် ကျင့်ကြံသူတစ်ယောက်သာ ဖြစ်နိုင်ပါသည်။

သို့သော် ကမ္ဘာပေါ်တွင် ကျင့်ကြံသူများ မရှိပါ။ အင်မော်တယ် ကျင့်ကြံခြင်းလောကတွင်သာ ရှိသည်။

တခြား ကျင့်ကြံသူ ၃၅ ယောက်၏ လက်ချက် မဟုတ်လောက်ပါဘူးဟု ယဲ့ရှောင်ချန်း ယူဆသည်။

ဘာပဲဖြစ်ဖြစ် ကျင့်ကြံသူ ၃၅ ယောက်က နိုင်ငံတော် တစ်ခုလုံးနှင့် ပတ်ဝန်းကျင် နိုင်ံငံများတွင် ပျံ့နှံ့နေကြခြင်း ဖြစ်ပါသည်။ ရှမြို့တစ်မြို့ထဲတွင် ၂ ယောက် ပေါ်လာနိုင်ခြေက နည်းပါးလွန်း၏။

ထို့အပြင် အပင်အသိစိတ်နှင့် ဆက်သွယ်ခဲ့တုန်းက ရင်းနှီးနေသည့် လှိုင်းအတက်အကျကို ခံစားခဲ့ရသည်။

ယဲ့ရှောင်ချန်း ယန်မြို့တော်သို့ ပြန်လာခဲ့ပြီး လုတုန်ချမ်းကို ခေါ်လိုက်ပါသည်။

ဒီလို အားလပ်နေသည့် တိုက်ခိုက်ရေးသမားကို မသုံးလျှင် နှမြောစရာ ကောင်းပါလိမ့်မည်။

"မစ်စတာယဲ့။ အစားထိုးစာခြောက်ရုပ် အကြောင်းကို ပြောနေတာလား။"

ယဲ့ရှောင်ချန်း၏ မေးခွန်းကို ကြားသောအခါ လုတုန်ချမ်း အနည်းငယ် တွန့်ဆုတ်သွား၏။ ထို့နောက် သူ့မျက်နှာထားမှာ တည်တံ့သွားလေသည်။

"အဲ့တာက လူတစ်ယောက်ရဲ့ အသိစိတ်ကို နှစ်ခြမ်းပိုင်းပြစ်နိုင်တဲ့ မိစ္ဆာနည်းလမ်းလို့ ပြောကြတယ်။ သန့်စင်နည်းလမ်းကလည်း အရမ်းမှော်ဆန်တယ်။ လူအုပ်စုတစ်ခုကို တွယ်ကပ်ပြီး ကိုယ့်ကိုယ်ကို ခွန်အား တိုးမြင့်စေဖို့အတွက် သူတို့ရဲ့ အသိစိတ်ကို ဖြည်းဖြည်းချင်း စုပ်ယူနိင်တယ်တဲ့၊။ အဲ့ဒီအရာ တွယ်ကပ်နေတဲ့လူက အသက်ကြီးတာ အရမ်းမြန်လိမ့်မယ်။ ရှေးရိုးကျင့်ကြံသူတွေက ဒီလိုနည်းလမ်းမျိုးကို မသုံးကြဘူး။ ကောက်ကျစ်ပြီး မိစ္ဆာနည်းလမ်းဖြစ်နေလို့ပဲ။ အင်မော်တယ် ကျင့်ကြံလောကမှာဆိုရင် ဒီလို နည်းလမ်းမျိုးကို ကျင့်ကြံဖို့ တားမြစ်ထားတယ်။ သိသွားရင် ညှာတာမှုမရှိဘဲ ကွပ်မျက်ခံရမယ်။"

လုတုန်ချမ်းက သူသိသမျှကို ပြောပြလိုက်ပါသည်။

"ဒါဆို တကယ်ပဲပေါ့။ စာခြောက်ရုပ်ကို ဝယ်ပြီး ချောင်ရှန်းဟုန်က ပစ်မှတ်အထားခံထားရတာ ကြာပြီထင်တယ်။"

ယဲ့ရှောင်ချန်း၏ အာရုံက အလွန်နိုးကြားသည်။ အပင်အသိစိတ်က ထုတ်လွှတ်သော ရောင်ဝါကို ချက်ချင်း မှတ်မိသွားသည်။ စာခြောက်ရုပ်မှ ထွက်ခဲ့သော ရောင်ဝါနှင့် အတူတူပဲ ဖြစ်သည်။

လုတုန်ချမ်း၏ ရှင်းပြချက်ကို ကြားပြီးသွားသောအခါ ချောင်ရှင်းဟုန်အား ထိုမိစ္ဆာစိတ်က ပူးကပ်ထားသည်ဟု ကောက်ချက်ချလိုက်ပါသည်။

ချောင်ရှင်းဟုန်၏ ခန္ဓာကိုယ် သို့မဟုတ် တခြား အကြောင်းအရာများက မိစ္ဆာစိတ်၏ လိုအပ်ချက်များနှင့် ကိုက်ညီသွားပုံရသည်။

ညဉ့်နက်အချိန်တွင်။

ယဲ့ရှောင်ချန်းနှင့် လုတုန်ချမ်းတို့ ချောင်ရှင်းဟုန် နေထိုင်သည့် ဗီလာရပ်ကွက်ထဲသို့ ရောက်လာပါသည်။

သူ စုံစမ်းထားပြီးသား ဖြစ်သည်။

ဒီနေရာက လုံခြုံရေးက အလွန်တင်းကြပ်သော်လည်း သူတို့နှစ်ယောက်အတွက်တော့ ဘာမှ အသုံးမဝင်ပေ။

သူတို့နှစ်ယောက်က အရိပ်များလို ပေါ့ပါးပြီး မီးခိုးငွေ့တစ်ခုလို ဗီလာအနီးသို့ ချဥ်းကပ်လာကြသည်.

ဗီလာကြီးက အလွန်မျက်စိကျစရာ ကောင်းလှ၏။ ဧရာမ ရပ်ကွက်ကြီးထဲတွင် အကောင်းဆုံးထဲက တစ်ခုဖြစ်ပါသည်။

"ဘယ်လိုလဲ။ မင်း အာရုံခံမိလား။"

ယဲ့ရှောင်ချန်းက မှောင်နေသည့် ဗီလာကြီးကို ကြည့်ကာ လုတုန်ချမ်းကို မေးလိုက်ပါသည်။

"အထဲမှာ ပုန်းခိုနေတဲ့ ကြောက်စရာကောင်းတဲ့ သတ်ဖြတ်လိုစိတ် အရှိန်အဝါတစ်ခု ရှိနေတယ်။ သေသေချာချာ ဖုံးကွယ်ထားပေမယ့် မော်တယ်လောကကြီးထဲမှာ ဒီလိုမိစ္ဆာဖြစ်တည်မှုတစ်ခု ရှိနေမယ်လို့ ကျွန်တော် မထင်ထားဘူး။"

လုတုန်ချမ်း၏ မျက်နှာထားက အလွန်တည်တံ့ပါသည်။

ထို သတ်ဖြတ်လိုစိတ် အရှိန်အဝါ တစ်ခုတည်းနှင့်ပင် ဒီဖြစ်တည်မှုက သူ့အဆင့်အောက် မနိမ့်ကျနိုင်ပါ။

အစားထိုးစာခြောက်ရုပ်၏ အသိစိတ် ခွဲခြမ်းသော နည်းလမ်းက ရှေးရိုး ကျင့်ကြံခြင်းနည်းလမ်းများနှင့် ခြားနားသည်။ နတ်ဆိုးလမ်းစဥ်ဖြစ်ပြီး အလျင်အမြန် ကျင့်ကြံနိုင်ပါသည်။ ထို့အပြင် ကျင့်ကြံခြင်း အရင်းအမြစ်များ မရှိရင်တောင် ကျင့်ကြံနိုင်ပါသည်။

အမှန်ပင်။ အဆင့်မြင့်တစ်ခု ရောက်နိုင်ဖို့တော့ သေချာပေါက် မဖြစ်နိုင်လောက်ပါ။

ဒါ့ကြောင့်လည်း ဝိညာဥ်စွမ်းအင်မရှိဘဲ သာမန်လောကထဲတွင် တည်ရှိနေနိုင်ခြင်း ဖြစ်ပါသည်။

ထိုအချိန်တွင် သာမန်လူ မကြားနိုင်သည့် အော်သံတစ်ခု ရုတ်တရက် မြည်ဟည်းလာသည်။

ရုတ်တရက် အနက်ရောင် မြူခိုးများက လေထဲတွင် ပြည့်နှက်သွားသည်။ ပျောက်ကွယ်သွားသည့် သတ်ဖြတ်လိုသည့် အရှိန်အဝါကြီးက ရွေ့လျားသွားသလိုပင်။ ဗီလာကြီး တစ်ခုလုံးက ရီဝေကာ မြူဆိုင်းလာခဲ့၏။

"ဘုရားသခင် ဒီအရာကြီး ရှိနေတာ ဘယ်လောက်တောင် ကြာနေပြီလဲ။"

လုတုန်ချမ်း ထိတ်လန့်သွားခဲ့ပါသည်။

"မင်း ကိုင်တွယ်နိုင်ပါ့မလား။"

ယဲ့ရှောင်ချန်းက လုတုန်ချမ်းကို ကြည့်ကာ မေးလိုက်လေသည်။

"ကိစ္စမရှိပါဘူး။ ဒီအရာကြီးရဲ့ အဆင့်က မနိမ့်ပေမယ့် မမြင်နိုင်တဲ့ စိတ်ဝိညာဉ်တစ်ခုသက်သက်ပါပဲ။ သူ ပူးကပ်ထားတဲ့လူကလည်း မော်တယ်တစ်ယောက်ပဲ။ အများဆုံး လုပ်နိုင်တာဆိုလို့ သတ်ဖြတ်လိုတဲ့ အရှိန်အဝါကို ထိန်းချုပ်နိုင်တာပဲ ရှိတယ်။ မှော်စွမ်းအင်တွေအောက်တော့ နိမ့်ကျသေးတယ်။ ပြီးတော့ ကျွန်တော့်မှာလည်း မှော်ဓားတစ်လက် ရှိတယ်လေ။"

လုတုန်ချမ်းက ဂုဏ်ယူစွာ ပြောလိုက်ပါသည်။

သူက ကျင့်ကြံခြင်းလောကမှ လာခဲ့ပြီး တန်ဖိုးအကြီးဆုံး ကျင့်ကြံမှုကို ရရှိခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် မော်တယ်လောကထဲက ရှုပ်ထွေးသည့် အရာများထက်တော့ အများကြီး ပိုသန်မာပါသည်။

All Chapters