← Chapters

အခန်း (၂၄၉) - ဘဝသစ်

Vol. 17 Ch. 249

အခန်း (၂၄၉) - ဘဝသစ်

Vol. 17 Ch. 249

အခန်း (၂၄၉) - ဘဝသစ်

ဝှစ်…

ညကောင်းကင်တွင် လင်းယုန်တစ်ကောင် ပျံသန်းသွားသလိုမျိုး လုတုန်ချမ်း လေထဲသို့ ခုန်ပျံလိုက်ပြီး ဗီလာ၏ ဝင်ပေါက်ရှေ့တွင် ဆင်းလိုက်၏။

တံခါးအား တင်းတင်းကြပ်ကြပ် ပိတ်ထားပြီး အလွန်ထူထပ်လွန်းသဖြင့် မဖယ်ရှားနိုင်သည့် အနက်ရောင် မြူခိုးများဖြင့် ဖုံးလွှမ်းထားသည့်ပုံပင်။

ရုတ်တရက် လုတုန်ချမ်းက လက်ချောင်းဖြင့် ထိုးလိုက်ပြီး အဖြူရောင် အလင်းတန်းတစ်ခု ထွက်လာ၏။ ချက်ချင်းဆိုသလို ယင်စွမ်းအင် ရုတ်တရက် ဖွာလန်ကြဲသွားပြီး နေမင်းနှင့် တွေ့သည့် နှင်းစက်များလို ပျောက်ကွယ်သွားလေသည်။

လုတုန်ချမ်း လှုပ်ရှားလိုက်ပြီး တံခါးကို ဖျက်ကာ ဗီလာကြီးထဲသို့ ဖောက်ဝင်ခဲ့သည်။

နောက်ထပ် အော်သံတစ်ခုနှင့်အတူ လေထဲတွင် ဖွာလန်ကြဲနေသည့် ယင်စွမ်းအင်များက သူ့အနားသို့ ကပ်လာသည်။

သို့သော် ထိတ်လန့်စရာ လှိုင်းတစ်ခု ရှိနေပြီး ထိုယင်စွမ်းအင်များ ပြန်လည် ပျံ့နှံ့သွားရသည်။

ပတ်ဝန်းကျင်တစ်ခုလုံးက တိတ်ဆိတ်နေကာ လှုပ်ရှားမှုပင် မရှိသလို ဖြစ်နေပါသည်။

ထိုယင်စွမ်းအင်က အသံကို အပြင်ဘက်နှင့် ခွဲခြားထားသည့်ပုံပင်။

ရုတ်တရက် သိပ်မဝေးသော နေရာတစ်ခု၌ ပြေးနေသည့် လူရိပ်တစ်ခုကို ယဲ့ရှောင်ချန်း မြင်လိုက်သည်။ မည်းမှောင်နေသော်လည်း ယဲ့ရှောင်ချန်း ရှင်းရှင်းလင်းလင်း မြင်နိုင်ပါသည်။

သီးသန့်လေလံပွဲတုန်းက ချောင်ရှင်းဟုန် ဘေးတွင် ရပ်နေသည့် ဆရာကြီးနင် ဖြစ်သည်။

ဆရာကြီးနင်က ထူးဆန်းနေပြီး တစ်ခုခု ပြေးလာသည်ကိုလည်း အာရုံခံမိနေပါသည်။

ရုတ်တရက် လမ်းအလယ်တွင် ယဲ့ရှောင်ချန်းအား မြင်လိုက်ရ၏။

သူ့မျက်လုံးသူငယ်အိမ်များ ကျယ်သွားပြီး ကြောက်ရွံ့သွားပုံရသည်။

ယဲ့ရှောင်ချန်းထံမှ အန္တရာယ်ရှိသည့် အရှိန်အဝါတစ်ခု ထွက်လာနေသည်ကို သူ အာရုံခံနိုင်သောကြောင့် ဖြစ်ပါသည်။

"မင်း ဘယ်သူလဲ။ ဘာလို့ ငါ့ကို နှောင့်ယှက်နေတာလဲကွ။"

ဆရာကြီးနင်၏ အသံက ယုံကြည်ချက် မရှိတာ သိသာပါသည်။

ယခု ဗီလာထဲတွင် တစ်ခုခု ဖြစ်နေတာ သေချာသော်လည်း ဘာဖြစ်နေမှန်း မသိပါ။

"ဆရာကြီးနင် ခင်ဗျားက ဘယ်သူလဲ။ ဘာလို့ ချောင်ရှင်းဟုန်အတွက် အစားထိုးစာခြောက်ရုပ်ကို ဒီလောက်အထိ စိတ်အားထက်သန်ပြီး ဝယ်ခိုင်းရတာလဲ။ ကြည့်ရတာ အစားထိုးစာခြောက်ရုပ်ရဲ့ မူလဇစ်မြစ်ကို ခင်ဗျားသိတယ်ထင်တယ်။ ဒါမှမဟုတ် ခင်ဗျားက အစားထိုးစာခြောက်ရုပ်ရဲ့ အစောင့်အရှောက်လား။"

ယဲ့ရှောင်ချန်း လက်ပိုက်ကာဖြင့် ပြောလိုက်ပါသည်။

ဆရာကြီးနင်၏ မျက်နှာက အကျည်းတန်သွားသည်။ ရုတ်တရက် ဘာတွေဖြစ်နေသလဲ သူသိလိုက်ရသည်။ ထို့နောက် သူ့ရင်ဘတ်ထဲသို့ နှိုက်လိုက်ပြီး အဝါရောင်အဆာင်ပစ္စည်း တစ်ခုကို ဆွဲထုတ်လိုက်သည်။ သူ့လက်ကောက်ဝတ်ကို လှုပ်ယမ်းကာ လျှာကို ကိုက်လိုက်ပြီး သွေးတစ်ငုံကို အဆောင်ပေါ်သို့ ထွေးထုတ်လိုက်ပါသည်။

ရုတ်တရက် အဆောင်ပစ္စည်းက အလိုအလျောက် လောင်ကျွမ်းသွားပြီး ကြောက်စရာကောင်းသည့် ယင်စွမ်းအင် မြူစိုင်ကြီး တစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ထို့နောက် ထိုမြူစိုင်ကြီးက ယဲ့ရှောင်ချန်းထံသို့ အမြန်ပြေးလာသည်။

၎င်းကို မြင်သောအခါ ယဲ့ရှောင်ချန်း အနည်းငယ် အံ့အားသင့်သွားသည်။ ထို့နောက် ခေါင်းခါလိုက်၏။

ဒီလူက မှော်စွမ်းအင်လည်း မရှိ၊ အဆောင်ပစ္စည်းများကိုလည်း အသုံးမပြုနိုင်ပါ။ သူ့သွေးအဆီအနှစ်ကိုသာ အားကိုးပြီး အသုံးပြုနေခြင်း ဖြစ်သည်။

ဒါက သာမန်သွေးမဟုတ်ဘဲ သွေးအဆီအနှစ်ဖြစ်သဖြင့် နည်းနည်းလေး ပြန်ပြည့်ဖို့တောင် ပြဿနာ အလွန်များနိုင်ပါသည်။

သေချာပါသည်။ ဆရာကြီးနင်၏ ခန္ဓာကိုယ် တစ်ခုလုံးက ရုတ်တရက် မှေးမှိန်လာသည်။

သို့သော်လည်း အန္တရာယ်ရှိသည့် အရှိန်အဝါကြီးက အလွန်ထိတ်လန့်စရာကောင်းပါသည်။ ကြောက်စရာ လူသားတစ်ဦး၏ မျက်နှာ မသဲမကွဲပေါ်လာပြီး သွေးများ ပေကျံနေသည့် ပါးစပ်ကို ယဲ့ရှောင်ချန်းအား ဝါးမြိုချင်သယောင်ယောင် ဖွင့်လိုက်သည်။

ယဲ့ရှောင်ချန်း မဲ့ပြုံးပြုံးလိုက်၏။ ဒီလောက် သတ်ဖြတ်လိုစိတ်က ဘာမှ မပြောပလောက်ပါ။ ရုတ်တရက် လက်သီးဖြင့် ထိုးလိုက်သည်။ သူ့လက်သီးဝန်းကျင်တွင် မှော်စွမ်းအင်လုံးတစ်လုံး ဝန်းရံထားသည်ကို မြင်နိုင်သည်။ ထိုစွမ်းအင်လုံးက ထူးဆန်းသည့် အစိမ်းရောင် အလင်းတန်းတစ်ခုကို ထုတ်လွှတ်လိုက်၏။။ ချက်ချင်းဆိုသလို သတ်ဖြတ်လိုစိတ် စွမ်းအင်လုံးကြီးက ကွဲထွက်သွားပြီး ဘာမှ မရှိတော့သည့်အထိ ပျောက်ကွယ်သွားပါသည်။

ဆရာကြီးနင်၏ ခန္ဓာကိုယ် တုန်ခါသွားပြီး သွေးများ ထွေးထုတ်လိုက်သည်။ မျက်နှာက စက္ကူသားလို ဖွေးဖွေးဖြူနေပြီး ပို၍ပင် မြင်မကောင်းနိုင်အောင် ရှိလှသည်။

ထိုအချိန်တွင် ဗီလာကြီး ပြန်တိတ်ဆိတ်သွားသလိုပင်။ ထို့နောက် လေထဲတွင် ပြည့်နှက်နေသည့် သတ်ဖြတ်လိုသည့် အရှိန်အဝါကလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားသလိုပင်။

ယဲ့ရှောင်ချန်း လုံးဝ စိတ်မပူပါ။ ဘာပဲဖြစ်ဖြစ် လုတုန်ချမ်းက ရှေးရိုး အင်မော်တယ် ကျင့်ကြံသူတစ်ယောက်ဖြစ်သည်။ သူ့တွင်သေချာပေါက် ဝှက်ဖဲများစွာ ရှိနိုင်ပါသည်။

သေချာပါသည်။ သိပ်မကြာခင်။ လုတုန်ချမ်းက လူတစ်ယောက်ကို သယ်ဆောင်ကာ ထွက်လာခဲ့၏။

ထိုလူမှာ ချောင်ရှင်းဟုန်ဖြစ်ပါသည်။

သူက ကိုမာဝင်နေပြီး အသက်ရှူသံကလည်း အားနည်းလွန်းနေ၏။ အချိန်မရွေး သေဆုံး သွားနိုင်သည့်ပုံပင်။

ထို့အပြင် ချောင်ရှင်းဟုန်တွင် အရင်ကလို အရှိန်အဝါကြီးသော ပုံစံမျိုး မရှိတော့ပါ။ ဆံပင်များကဖြူလျက် သူ့အသားအရည်ကလည်း အများကြီး ပိုအိုမင်းလာသည့်ပုံပင်။ အသက် ၇၀ - ၈၀ လောက် ရှိနေသည်ဟုပင် ထင်ရ၏။

"ဗီလာထဲမှာ စကားပြောကြရအောင်"

ယဲ့ရှောင်ချန်းက ဆရာကြီးနင်၏ ခန္ဓာကိုယ်ကို သယ်ယူကာ လုတုန်ချမ်းနှင့်အတူ ချောင်ရှင်းဟုန်၏ ဗီလာထဲသို့ ဝင်လာခဲ့၏။

အထဲတွင် ရှုပ်ပွနေသည်။ ခုနက တိုက်ပွဲမှာ မလွယ်ကူခဲ့ကြောင်း ပြသနေ၏။

"တုန်လေး မိစ္ဆာစိတ်ကိုကော မင်းချိုးဖျက်လိုက်ပြီလား။"

ယဲ့ရှောင်ချန်း မေးလိုက်ပါသည်။

"ဟင့်အင်း။ အဲ့ဒီမိစ္ဆာစိတ်က ဒီလူရဲ့ ခန္ဓာကိုယ်ထဲ အမြစ်တွယ်နေပြီ။ အဲ့ဒီဝိညာဥ်စိတ်ကို ဖြန့်ကျက်လိုက်ရင် ဒီလူ သေသွားလိမ့်မယ်။ ဘယ်လိုရှင်းမလဲ မင်းပဲ ဆုံးဖြတ်ပါ။"

လုတုန်ချမ်းက မေးလိုက်သည်။ သူက ယဲ့ရှောင်ချန်းအတွက် လုပ်ပေးနေခြင်းသာ ဖြစ်၏။

ယဲ့ရှောင်ချန်းက ခေါင်းငြိမ့်လိုက်ပြီး မေးလိုက်သည်။ "မိစ္ဆာစိတ်ကို ဖယ်ထုတ်ပြီး ဒီလူရဲ့ အသက်ကို ကယ်တင်ဖို့ကော နည်းလမ်း မရှိဘူးလား။"

သူက လူ့အသက်ကို မြက်ပင်တစ်ချောင်းလို သဘောထားသော လူမျိုး မဟုတ်ပါ။ ချောင်ရှင်းဟုန်က သူနဲ့ အနည်းငယ် ပြဿနာရှိသော်လည်း အငြှိုးထားရလောက်သည့်အထိတော့ မဟုတ်သေးပေ။

သူ့အသက်ကို နှုတ်ယူဖို့ မထိုက်တန်ပါ။

"ဝိညာဥ်အင်မော်တယ် ရတနာတွေကို သုံးလို့ရတယ်။ ဒါပေမယ့် ငါ့မှာ တစ်ခုမှ မရှိဘူး။"

လုတုန်ချမ်းက ခေါင်းခါကာ ပြောလိုက်ပါသည်။

ဝိညာဥ် အင်မော်တယ်ရတနာ ဟုတ်လား။

ယဲ့ရှောင်ချန်း မျက်လုံးများ ဝန်းစက်သွားသည်။ သန့်စင်အင်မော်တယ် ပဲစေ့ တစ်စေ့ဆိုရင် အလုပ်ဖြစ်နိုင်မလား။

ပဲစေ့စစ်သည်တော်များကိုလည်း တစ္ဆေများကို ဆွဲငင်ရင်းဖန်တီးထားခြင်း မဟုတ်လား။

မိစ္ဆာစိတ်က တစ္ဆေတစ်မျိုးဖြစ်ပြီး ပို၍ စွမ်းအားကြီးသည်။

ထိုမိစ္ဆာစိတ်ကိုသာ ပဲစေ့စစ်သည်တော် တစ်ယောက်အဖြစ် ပြန်လည်ဖန်တီးနိုင်ပါက သေချာပေါက် စွမ်းအားကြီးပါလိမ့်မည်။

ချက်ချင်းဆိုသလို သန့်စင်ထားသည့် အင်မော်တယ် ပဲစေ့တစ်စေ့ကို ယဲ့ရှောင်ချန်း ထုတ်လိုက်ပါသည်။

ထိုအင်မော်တယ် ပဲစေ့အား ထုတ်လိုက်သောအခါ လုတုန်ချမ်း မျက်လုံးများ ဝန်းစက်သွား၏။ အဘယ့်ကြောင့်ဆိုသော် အင်မော်တယ် ပဲစေ့မှ ထုတ်လွှတ်နေသော ဝိညာဥ်ရောင်ဝါစစ်စစ်ကို ခံစားမိသောကြောင့်ဖြစ်သည်။

သူက စိုက်ပျိုးရေးတွင် အလွန်ပါရမီရှိပြီး ဒီကဏ္ဍတွင် အလွန်အမင်း နိုးကြားသည်။

ယဲ့ရှောင်ချန်းက အင်မော်တယ် ပဲစေ့ကို လက်ထဲတွင် ဆိတ်လိုက်ပြီး ချောင်ရှင်းဟုန်၏ နဖူးပေါ်တွင် တင်လိုက်ပါသည်။

ထူးဆန်းသည့် အသံလှိုင်းတစ်ခု တုန်ခါလာ၏။

ချောင်ရှင်းဟုန်၏ ခန္ဓာကိုယ်အနည်းငယ် တုန်ယင်သွားသည်။ မမြင်နိုင်သည့် မိစ္ဆာစိတ် တစ်ခု နိုးထလာသည့်ပုံ။

ဝှစ်

ထူးဆန်းသည့် အသံတစ်ခု ချောင်ရှင်းဟုန်၏ ခန္ဓာကိုယ်ထဲမှ ထွက်လာပြီး သူ့နှဖူးထဲမှ မီးခိုးရောင် အလင်းတစ်ခုထွက်လာကာ အင်မော်တယ် ပဲစေ့ထဲသို့ ဝင်ရောက်သွား၏။

မိစ္ဆာစိတ်အား နောက်ဆုံးတော့ အင်မော်တယ် ပဲစေ့ထဲသို့ စုပ်ယူလိုက်ပြီဖြစ်သည်။

ဒီအင်မော်တယ်ပဲစေ့ထဲက မိစ္ဆာစိတ်၏ ခွန်အားကို ယဲ့ရှောင်ချန်း ခံစားနိုင်ပါသည်။

ထောင်ဖန်းကျာထက် အများကြီး ပိုသန်မာ၏။

ထိုအချိန်တွင် ချောင်ရှင်းဟုန် နိုးလာခဲ့ပါသည်။

ဘေးပတ်လည်ကို တွေဝေစွာ ကြည့်လိုက်ရင်း နောက်ဆုံးတော့ ယဲ့ရှောင်ချန်းထံသို့ သူ့အကြည့် ကျရောက်သွား၏။

"မင်း... မင်းလား"

ချောင်ရှင်းဟုန် ထိတ်လန့်သွားပါသည်။ ရုတ်တရက် တစ်ခုခုကို တွေးမိသွားပုံရသည်။ ထို့နောက် သူ့နဖူးကို ထိလိုက်ပြီး မယုံကြည်နိုင်စွာ ပြောလိုက်ပါသည်။ "ငါ့ကို ကယ်လိုက်တာ မင်းလား"

အစားထိုးစာခြောက်ရုပ် ပူဇော်ပသခြင်း အခမ်းအနား ပြီးသွားသောအခါ မိစ္ဆာစိတ်က သူ့ခန္ဓာကိုယ်ထဲ ဝင်ပူးကပ်ခဲ့သည်။

သူ့ပုံစံက အခြားတစ်ယောက်အဖြစ် ပြောင်းလဲသွားသလိုပင်။ တကယ်တော့ သူ့စိတ်က ဗလာကျင်းဖြစ်နေပါသည်။

သို့သော်လည်း သူ့နှလုံးသားကတော့ ရှင်းရှင်းလင်းလင်းသိနေ၏။ သို့သော် သူမတားဆီးနိုင်ခဲ့ပါ။ သူ့ခန္ဓာကိုယ်၏ အသိစိတ် ဖြည်းဖြည်းချင်းအားနည်းလာနေသည်ကို ခံစားမိပါသည်။

အခုတော့ သူ လုံးဝ နိုးထလာခဲ့ပြီ။ သူ့နှလုံးသားကို ဖိနှိပ်နေခဲ့သည့် အရိပ်မှာလည်း လုံးဝ ကွယ်ပျောက်သွားပြီး သူ့ခန္ဓာကိုယ်က အလွန် လန်းဆန်းနေ၏။

သူ ပြန်လည်မွေးဖွားလာပြီ ဆိုတာကို သိလိုက်ရပါသည််။

မျက်နှာပေါ်သို့ မျက်ရည်များ စီးကျလာပြီး သူ့စိတ်ခံစားချက်များကို မထိန်းချုပ်နိုင်တော့ပါ။

ရုတ်တရက် ယဲ့ရှောင်ချန်းရှေ့တွင် သူဒူးထောက်လိုက်၏။ "မစ္စတာယဲ့။ အရင်က လုပ်ခဲ့မိတာတွေအတွက် ငါ့ကိုခွင့်လွှတ်ပေးပါ။ ငါနဲ့ ငါ့မိသားစုကို ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ မင်းရဲ့ ကျေးဇူးကို ပြန်ဆပ်နိုင်မှာ မဟုတ်တော့ဘူး။ ငါကူညီနိုင်တာရှိရင် မင်းကိုအကောင်းဆုံး ကူညီပေးပါ့မယ်"

သူ့ကို မိစ္ဆာဝိညာဥ် ပူးကပ်ပြီးကတည်းက တခြားတစ်ယောက်လို လုံးဝပြောင်းလဲသွားခဲ့သည်။ သူ့စရိုက်လည်း အလွန်ပြောင်းလဲသွားခဲ့၏။ အပြင်လူများအပေါ်တွင်သာ မဟုတ်ဘဲ သူ့မိသားစုအပေါ်တွင်ပါ ပြောင်းလဲခဲ့ခြင်း ဖြစ်ပါသည်။ ထို့ကြောင့် သူ့မိသားစု ပြောင်းရွှေ့သွားကြပြီး ဗီလာထဲတွင် သူတစ်ယောက်တည်း ကျန်ရစ်ခဲ့ခြင်း ဖြစ်ပါသည်။

သူ့ကို တစ်ကောင်ကြွက်ဟုပင် ခေါ်နိုင်ပါပြီ။။

"မစ္စတာချောင် ဘာမှမဖြစ်ပါဘူ။ ပြီးတော့ ဒီကိစ္စကို ဘယ်သူ့ကိုမှ မပြောပြဖို့ မျှော်လင့်ပါတယ်။"

ချောင်ရှင်းဟုန်၏ အပြုအမူကို ကြည့်ပြီး ယဲ့ရှောင်ချန်း အတော်လေး ကျေနပ်သွားပါသည်။

"မစ္စတာယဲ့ စိတ်မပူပါနဲ့။ လျှို့ဝှက်ထားပေးပါ့မယ်"

ချောင်ရှင်းဟုန်က အမြန်ပြောလိုက်သည်။

"ဒီလူ့ကို ကျွန်တော်နဲ့ အတူ ခေါ်သွားမယ်။ ဒီက ကိစ္စတွေကိုတော့ ခင်ဗျားလက်ထဲပဲ ထည့်ခဲ့မယ်နော်။"

ယဲ့ရှောင်ချန်းက ပြောလိုက်၏။

"ကောင်းပါပြီ"

ချောင်ရှင်းဟုန်၏ အေးစက်သောအကြည့်များက ဆရာကြီးနင်အပေါ် ကျရောက်သွားသည်။ သူ့သွေးကို သောက် သူ့အသားကို စားသုံးပစ်လိုက်ချင်၏။ ဆရာကြီးနင်သာ သူ့ကို မလှည့်ဖျားခဲ့ပါက ဒီလိုကပ်ဘေးကြီးကို သူ ကြုံတွေ့စရာ အကြောင်း မရှိပေ။

သူက အသက် ၅၀ သာ ရှိသေးသည်။ သူ သန်မာခဲ့သော်လည်း အခုတော့ ဒီလိုဖြစ်လာ၏။

ဆရာကြီးနင်၏ နှလုံးသားကတော့ သေဆုံးနေပါပြီ။

"မစ္စတာချောင်း စိတ်ပိုင်းဆိုင်ရာကော ရုပ်ပိုင်းဆိုင်ရာကော ခင်ဗျား အားနည်းလွန်းနေတယ်။ အချိန်ရရင် အင်မော်တယ်စမ်းရေ စားသောက်ဆိုင်မှာ မကြာမကြာ လာစားပါ။ ခင်ဗျား ပြန်သက်သာလာလိမ့်မယ်။"

ယဲ့ရှောင်ချန်းက ဆရာကြီးနင်ကိုသယ်ဆောင်ကာ ပြန်ခါနီးတွင် ပြောလိုက်ပါသည်။

ချောင်ရှင်းဟုန်၏ မျက်လုံးများ ဝိုင်းစက်သွားပြီး ချက်ချင်း ခေါင်းငြိမ့်လိုက်၏။ မစ္စတာယဲ့၏ စကားလုံးများဖြစ်သဖြင့် သူယုံကြည်မိပါသည်။

All Chapters