chapter(97)
Vol. 7 Ch. 97
အသန့်စင်ဆုံးစနစ် အခန်း(97)
ကျင်းမင်လီသည် သူကယ်ခဲ့သော လူငယ်လေးက ဒီလိုတာဝန်မျိုးကို ထမ်းဆောင်နေလိမ့်မည်ဟု မထင်ထားခဲ့ချေ။ကျင်းမင်လီသည် ချောင်ဖုန်းရှိမှ ကျင့်ကြံမှု စွမ်းအား အငွေ့အသက်ကို မခံစားရတာကြောင့် ထူးဆန်းသလိုပင် ဖြစ်နေခဲ့သည်။
ထို့နောက် ကျင်းမင်လီသည် ရက်အနည်းငယ်အတွင်းမှာ နတ်ဘုရားခေါင်းလောင်းမျှော်စင်ဂိုဏ်းကို ပြန်ဖို့ အတွက် သူ့အမိန့်ကို နာခံဖို့ ပြောလိုက်သည်။
နောက်လာမည့်ရက်အနည်းငယ်အတွင်း ဓားဘုရင်ဂိုဏ်းမှ ဦးဆောင်ကျင်းပမည့် ပြိုင်ပွဲလေးတစ်ခုရှိနေခဲ့သည်။ထိုပြိုင်ပွဲကို အနယ်နယ်အရပ်ရပ်မှ ကျင့်ကြံသူများအပြင် တော်ဝင်မိသားစုများပင် လာရောက်ကြည့်ရှုမည် ဖြစ်သည်။
ကျင်းမင်လီသည် ချောင်ဖုန်းတို့အား "မင်းတို့နှစ်ယောက်လဲ ၊ ဓားဘုရင်ဂိုဏ်းရဲ့ ပြိုင်ပွဲနေရာကို မရရတဲ့ နည်းလမ်းဖြင့် လာခဲ့ရမယ် " ဟု ပြောကာ ချက်ချင်းပျောက်ကွယ်သွားလေသည်။ထို့နောက် လျောင်ရှန်းသည် ချောင်ဖုန်းအား"မင်းပြောတော့ ဒီဂိုဏ်းကနေ ထွက်ခွာသွားပြီဆို ဘယ်တုန်းက ပြန်ရောက်နေတာလဲ " ဟု မေးလိုက်သည်။
ချောင်ဖုန်းသည် "မင်းကို ရှင်းပြဖို့ အချိန်မရှိဘူး ...... " ဟု ပြောကာ ထိုနေရာမှာ ထွက်ခွာသွားလေသည်။လျောင်ရှန်းသည် "မင်း.....မင်း " ဟု ပြောပြီးသာ ကျန်ခဲ့လေသည်။
ချောင်ဖုန်းသည် အခန်းထဲတွင် ရှိနေချိန်မှာ ရှဲ့ချမ်းသည် ချောင်ဖုန်းနားကို ရောက်ရှိလာပြီး "ဂိုဏ်းချုပ်......ကျွန်တော်ကြယ်တာယာနန်းတော်ဂိုဏ်းနဲ့ ပက်သက်ပြီး သတင်းအချို့ ထပ်မံရရှိထားပါတယ် " ဟု ပြောလိုက်သည်။
ချောင်ဖုန်းသည် ခေါင်းငြိမ့်ပြလိုက်တဲ့ ရှဲ့ချမ်းသည် သူသိရှိခဲ့တာများကို ပြောပြလိုက်သည်။ကြယ်တာယာနန်းတော်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်အဆက်ဆက်သည် မဟာအင်ပါယာတိုင်းပြည်တွင်သာမက တခြားသော တိုင်းပြည်တွေကို အုပ်စိုးချင်တဲ့အတွက် ဝတ်ရုံနီဂိုဏ်းနဲ့ အမှန်တကယ် ပူးပေါင်းသွားပြီဖြစ်ကြောင်း ဂိုဏ်းအားလုံးက မှတ်ချက်ချလိုက်သည်။
အခုရက်ပိုင်းအတွင်း ကြယ်တာယာနန်းတော်ဂိုဏ်းသည် နောက်ခံမရှိသော ဂိုဏ်းများကိုလဲ တိတ်တဆိတ် လိုက်လံဖျက်စီးနေကြောင်းပြောပြလိုက်သည်။ထိုအခါ ချောင်ဖုန်းသည် အကြံတစ်ခုရသွားပြီးနောက် ရှဲ့ချမ်းကို ပြောပြလိုက်သည်။ရှဲ့ချမ်းသည် "ဂိုဏ်းချုပ်......ဂိုဏ်းချုပ်သာ အမိန့်ပေးရင် ကျွန်တော်တို့ ထမ်းဆောင်ဖို့ အဆင်သင့်ပါပဲ" ဟု ပြောလိုက်သည်။
ထိုအခါ ချောင်ဖုန်းသည် ဓားဘုရင်ပြိုင်ပွဲမတိုင်ခင် ထိုကိစ္စကို အကောင်ထည်ဖို့ ရှဲ့ချမ်းကို နောက်ခံမရှိသော ဂိုဏ်းမှန်သမျှကို စုံစမ်းခိုင်းလိုက်သည်။ချောင်ဖုန်းသည် ရှဲ့ချမ်းကို စုံစမ်းခိုင်းတဲ့အချိန်အတွင်း ဖုန်းတုယီတို့အဖွဲ့အား ဆေးလုံးတစ်ချို့ ဖော်စပ်ခိုင်းနေခဲ့ပြီး သူကိုယ်တိုင်လဲ ဆေးလုံးတစ်ချို့ကို ဖော်စပ်နေခဲ့သည်။
တစ်ရက်ကြာပြီးတဲ့နောက် ရှဲ့ချမ်းသည် ပြန်လည်ရောက်ရှိလာခဲ့ပြီး
စာအုပ်လေး အသေးတစ်ခုကို ထုတ်ပေးလိုက်ပြီး "ဂိုဏ်းချုပ်..... ဒါက နောက်ခံမရှိတဲ့ဂိုဏ်းတွေဖြစ်ပြီး ကြယ်တာယာနန်းတော်ဂိုဏ်းက ပစ်မှတ်ထားခံနေရတဲ့ ဂိုဏ်းတွေပဲ " ဟု ပြောလိုက်သည်။
ချောင်ဖုန်းသည် စာအုပ်ကို ဖွင့်ကြည့်လိုက်ကာ ဂိုဏ်းတွေရဲ့ နာမည်တွေကို ဖတ်ရှု့လိုက်ပြီး "ရှဲ့ချမ်း......မင်းအားလုံးစီစဥ်ထားတယ်မလား " ဟု မေးလိုက်သည်။ထိုအခါ ရှဲ့ချမ်းသည် "ဂိုဏ်းချုပ်......ကျွန်တော်အားလုံးစီစဥ်ထားပြီးပါပြီ"ဟု ပြောလိုက်သည်။
ထိုအခါ တစ်ရက်ကြာပြီးနောက် အနက်ရောင်အပေါ်ထပ် ဝတ်ရုံများဖြင့် လူတစ်ချို့သည် နဂါးမင်းတံဆိပ်ဂိုဏ်းမှ စတင်ထွက်ခွာလာပါသည်။ချောင်ဖုန်းသည် နာရီအနည်းငယ်ကြာပြီးနောက် ရှဲ့ချမ်းခေါ်ဆောင်လာသော ဂိုဏ်းတစ်ခုကို ရောက်ရှိလာခဲ့သည်။ထိုဂိုဏ်းကတော့ တစ်ကိုယ်တော်ဂိုဏ်းဖြစ်သည့် သင်ဖျင်းဂိုဏ်းပင်ဖြစ်သည်။
သင်ဖျင်းဂိုဏ်းသည် မဟာအင်ပါယာတိုင်းပြည်တွင် နာမည်အနည်းငယ်သာ ကျော်ဇော်သော ရှိသောဂိုဏ်းငယ်လေး တစ်ဂိုဏ်းပင်ဖြစ်လေသည်။သင်ဖျင်းဂိုဏ်းရဲ့ဂိုဏ်းချုပ်သည် ဧကရာဇ်နယ်ပယ်အလယ်အလတ်အဆင့်၌သာ ရှိသေးပြီး တစ်ကိုယ်တော်ကျင့်ကြံသူများက စုစည်းထားသောဂိုဏ်းလေးပင်ဖြစ်သည်။
ချောင်ဖုန်းတို့သည် သင်ဖျင်းဂိုဏ်း၏ ခေါင်မိုးပေါ်များတွင် ပုန်းကွယ်စွာ ရှိနေခဲ့ကြပြီး အချိန်ကောင်းတစ်ခုကို စောင့်နေခဲ့ကြသည်။မိနစ်အနည်းငယ်ကြာသော လူအယောက်နှစ်ဆယ်ခန့်ရှိသော အဖွဲ့သည် သင်ဖျင်းဂိုဏ်းအတွင်းရှိ အစောင့်များကို တိုက်ခိုက်ကာ ဝင်လာပါတော့သည်။
ထိုအဖွဲ့ကတော့ ကြယ်တာယာနန်းတော်ဂိုဏ်းသာ ဖြစ်မည်ဆိုတာ ကျိန်းသေလေသည်။ကြယ်တာယာနန်းတော်ဂိုဏ်းသည် နတ်နယ်ပယ်အစောပိုင်းအဆင့်တစ်ယောက်နဲ့ ဧကရာဇ်နယ်ပယ်အထွဋ်အထိပ်အဆင့် တိုက်ခိုက်ရေးသမား ငါးယောက်မှ ဦးဆောင်၍ လာတိုက်ခိုက်ခြင်းဖြစ်သည်။
ကြယ်တာယာနန်းတော်ဂိုဏ်းမှ လူများ တိုက်ခိုက်လာတဲ့အခါ သင်ဖျင်းဂိုဏ်းရဲ့ ဂိုဏ်းချုပ်နဲ့အတူ အကြီးအကဲများ ထွက်လာလေသည်။ဂိုဏ်းချုပ်ဖြစ်သူ စွန်းချာသည် သူ့ရဲ့ဓားကို ထုတ်လိုက်ပြီး ဝံပုလွေဝိညဥ်စွမ်းအင်ကို အသက်သွင်းလိုက်ပြီး "မင်းတို့ ကြယ်တာယာနန်းတော်ဂိုဏ်းကို ငါတို့အသက်နဲ့လဲပြီး အဆုံးထိဆန့်ကျင့်သွားမယ်" ဟု ပြောကာ ဓားချီစွမ်းအင်ဖြင့် တိုက်ခိုက်လိုက်လေသည်။
ထိုအခါ ကြယ်တာယာနန်းတော်ဂိုဏ်း၏ အကြီးအကဲ လျန့်ဖုန်းသည် အဖြူရောင်ဓားချီအလင်းတန်းအား သူရဲ့ ကိုယ်ပိုင်လက်သီးစွမ်းအားဖြင့် တစ်ချက်ထဲနဲ့ ဖျက်စီးပစ်လိုက်သည်။
လျန့်ဖုန်းသည် "မင်းအဆင့်နဲ့ ငါ့တို့ကို တိုက်ခိုက်ချင်နေတာလား.....သွားသေလိုက်တော့ "လို့ ပြောလိုက်ပြီး နောက်မှ ပါလာသော ကြယ်တာယာနန်းတော် ဂိုဏ်း၏ ဧကရာဇ်နယ်ပယ်အစောပိုင်းအဆင့်တိုက်ခိုက်ရေးသမားများကို သင်ဖျင်းဂိုဏ်းအား တစ်ယောက်မကျန် သတ်ပစ်ဖို့ အမိန့်ပေးလိုက်သည်။
ထိုအခါ သင်ဖျင်းဂိုဏ်းရဲ့ အကြီးအကဲများသည် စွန်းချာ ရှေ့ကတက်လိုက်ပြီး "ဂိုဏ်းချုပ်.....မင်းဒီနေရာကနေ အမြန်ဆုံး ထွက်သွားပါ ၊ ငါတို့ ဒီလူတွေကို အချိန်တစ်ခုထိ ထိန်းထားပေးမယ် " ဟု ပြောလိုက်သည်။
ထိုအခါ စွန်းချာသည် ခေါင်းခါလိုက်ပြီး ကြယ်တာယာနန်းတော်ဂိုဏ်းတွင် နတ်နယ်ပယ်အဆင့် ကျင့်ကြံသူတစ်ယောက်ပါတဲ့အတွက် သူရှောင်ပြေးလဲ လွတ်မြောက်မည်မဟုတ်ကြောင်း ပြောလိုက်ပြီး သူ့ဓားကို စွမ်းအင်အသက်သွင်းကာ စတင်တိုက်ခိုက်ပါတော့သည်။
ရှဲ့ချမ်းသည် "ဂိုဏ်းချုပ်.....ကျွန်တော်တို့ ဝင်တိုက်ခိုက်ရတော့မလား " ဟု မေးလိုက်သည်။ချောင်ဖုန်းသည် ခေါင်းငြိမ့်ပြလိုက်တဲ့အခါ ဧကရာဇ်နယ်ပယ်အစောပိုင်းအဆင့်တိုက်ခိုက်ရေးသမားများသည် ခေါင်မိုးပေါ်များမှ ခုန်ချသွားကြပြီး ကြယ်တာယာနန်းတော်ဂိုဏ်းရှိ လူများကို ကြားဖြတ်ဝင်တိုက်ခိုက်လိုက်ကြသည်။
ထိုအခါ ကြယ်တာယာနန်းတော်ဂိုဏ်းရဲ့ အဖွဲ့ဝင်များသည် ကြားဖြတ်တိုက်ခိုက်ခံရခြင်းကြောင့် သေဆုံးသွားကြလေသည်။ထိုအခါ လျန့်ဖုန်းသည် လက်ခုပ်တီးလိုက်ပြီး "မင်းတို့အဖွဲ့က ငါတို့ ကြယ်တာယာနန်းတော်ဂိုဏ်းက လူတွေကို သတ်ဖြတ်ရဲတဲ့အတွက် ဒီနေရာကနေ မင်းတို့ထွက်သွားဖို့ မပြင်နဲ့တော့" ဟု ပြောလိုက်သည်။
ထိုအခါ ရှဲ့ချမ်းတို့သည် လျန့်ဖုန်းတို့ နောက် မှ ရုတ်တရက် ပေါ်လာကာ"မင်းတို့......အဆင့်လောက်နဲ့လား ၊ ဒီနေရာမှာ ကြယ်တာယာနန်းတော်ဂိုဏ်းရဲ့ ရမ်လိုင်ရှိနေရင်တောင် အဲ့လိုပြောရဲမှာ မဟုတ်ဘူး " ဟု ပြောလိုက်သည်။ထိုအခါ ကြယ်တာယာနန်းတော်ဂိုဏ်းမှ နတ်နယ်ပယ်အစောပိုင်းအဆင့်ရှိသော ချီကျောက်ဟွေ့သည် သူရဲ့ဆရာတူအကို သိနေတဲ့အတွက် အနည်းငယ်လန့်သွားသည်။
ထိုချိန်မှာ နတ်နယ်ပယ်အစောပိုင်းအဆင့်ဖြစ်သော လီယောင်ထင် ရှောင်ချန် နှင့် ယွီချိန် တို့သည် နတ်နယ်ပယ်အစောပိုင်းအဆင့် တိုက်ခိုက်ရေးသမား စွမ်းအားအရှိန်အဝါကို ထုတ်လွင့်လိုက်တဲ့အခါ ချီကျောက်ဟွေ့တို့ အဖွဲ့သည် တံတွေးများပင် မျိုချလိုက်ရသည်။
ထို့နောက်ရှဲ့ချမ်းသည် နတ်နယ်ပယ်အလယ်အလတ်အဆင့် စွမ်းအားအရှိန်အဝါကို ထုတ်လွှင့်လိုက်တဲ့အခါ လျန့်ဖုန်းသည် ထိုနေရာ ချက်ချင်း ထွက်ပြေးချင်သော်လည်း မဖြစ်နိုင်တော့ပေ။
ထိုချိန်မှာ ချောင်ဖုန်းသည် လေပေါ်ကပင် လမ်းလျှောက်လာပြီး "ရှဲ့ချမ်း........ မင်းကအချိန်တော်တော်ဖြုန်းတာပဲ " ဟု ပြောကာ နတ်ဆိုးတစ္ဆေအငွေ့အသက်စွမ်းအားကို သုံးလိုက်တဲ့အခါ လျန့်ဖုန်းတို့သည် အလွန်ကြောက်လန့်စရာကောင်းသော ဖိအားမျိုးကို ခံစားလိုက်ရပြီး မြေပေါ်တွင် ဒူးထောက်ကာ ကျသွားပြီး ချီကျောက်ဟွေ့ကတော့ ကြောက်ကြောက်လန့်လန့်ဖြင့် နောက်သို့ လျင်မြန်စွာ ဆုတ်သွားလေသည်။
ချောင်ဖုန်းသည် အဆင့်ခုနှစ်နတ်ဆိုးသားရဲကို သတ်ဖြတ်ပြီးနောက် သူရဲ့ နတ်ဆိုးတစ္ဆေအငွေ့အသက်စွမ်းအားသည် နဂိုကထက်ပင် အလွန်ကြောက်စရာကောင်းသွားသည်။
သင်ဖျင်ဂိုဏ်းမှ စွန်းချာနှင့် အကြီးအကဲများသည် ချောင်ဖုန်း၏ နတ်ဆိုးတစ္ဆေအငွေ့အသက်အရှိန်အဝါသည် သူတို့ကို သတ်ဖြတ်တော့မည်အလားပင် ခံစားနေရတာကြောင့် ကြောက်လန့်၍ ခြေဖျားလက်ဖျားများပင် တုန်တုန်ရီရီ ဖြစ်နေကြလေသည်။
ထို့နောက်ချောင်ဖုန်းသည် သူ့အရှိန်အဝါဖိအား အောက်တွင် ရောက်နေသော ကြယ်တာယာနန်းတော်ဂိုဏ်းရှိ ဧကရာဇ်နယ်ပယ်အထွဋ်အထိပ်အဆင့်ရှိသော တိုက်ခိုက်ရေးသမား လေးယောက်ကို သတ်ပစ်လိုက်ပြီး ချောင်ဖုန်းသည် လေပေါ်မှ လျပ်တစ်ပြက်အတွင်း လျန့်ဖုန်း အနားကို ရောက်ရှိသွားသည်။
ချောင်ဖုန်းသည် အေးစက်သောအသံဖြင့် လျန့်ဖုန်းအား ကြယ်တာယာနန်းတော်ဂိုဏ်းနဲ့ပက်သက်သောအရာများကို မေးမြန်လိုက်သည်။လျန့်ဖုန်းသည် ကြောက်လန့်စွာဖြင့် မျက်မှောင်ကြုတ်ကာ ဖြေကြားဖို့ တွေဝေနေလေသည်။
ထိုချိန်မှာ ချီကျောက်ဟွေ့သည် တွေဝေနေသော လျန့်ဖုန်းအား အစိမ်းရောင်ကိုယ်ပိုင်လက်သီးစွမ်းအားဖြင့် သတ်ပစ်လိုက်သည်။ထို့နောက် ချီကျောက်ဟွေ့သည် သူခန္ဓာကိုယ်အား မဖောက်ခွဲပစ်ခင် "တနေ့ကြရင် မင်းတို့အားလုံး ငါတို့ဂိုဏ်းရဲ့လက်အောက်ကို ကျရောက်စေရမယ်...." ဟု ကျယ်လောင်သော အသံစွမ်းအင်လှိုင်းဖြင့် ပြောသွားခဲ့ပြီး သူ့ခန္ဓာကိုယ်အား ဖောက်ခွဲပစ်လိုက်လေသည်။