Chapter(98)
Vol. 7 Ch. 98
အသန့်စင်ဆုံးစနစ် အခန်း (98)
ချီကျောက်ဟွေ့သည် သူခန္ဓာကိုယ်အား ဖောက်ခွဲပြီးတဲ့နောက်မှာလဲ စုန့်ဝိညဥ်စွမ်းအင်သည် ပိုင်ဖေးကျစ်အတိုင်းပင် ထွက်ပေါ်မလာသည့်အတွက် ချောင်ဖုန်းတို့သည် ကြယ်တာယာနန်းတော်ဂိုဏ်းသည် ဝတ်ရုံနီဂိုဏ်းနဲ့ ဆက်နွယ်နေသည်ကို ရာခိုင်နှုန်းအပြည့် သိရှိသွားသည်။
ကြယ်တာယာနန်းတော်ဂိုဏ်းမှ လူများသေဆုံးပြီးသွားတဲ့အခါ ချောင်ဖုန်းတို့သည် သူတို့စွမ်းအင် အရှိန်အဝါများကို ပြန်လည်ရုတ်သိမ်းလိုက်သည်။ထိုအခါမှသာ စွန်းချာသည် လက်နှစ်ဖက်ဆုပ်လိုက်ပြီး ခေါင်းငုံကာ "ကျွန်တော်တို့ သင်ဖျင်းဂိုဏ်းကို ကူညီတဲ့အတွက် မိတ်ဆွေတို့လိုအပ်တာရှိရင် ပြောပါ ၊ ကျွန်တော်စွန်းချာ အတက်နိုင်ဆုံး ကူညီပါ့မယ်" ဟု ပြောလိုက်သည်။
ထိုချိန်မှာ ရှဲ့ချမ်းသည် စွန်းချာအနားကို သွားလိုက်ပြီး သူတို့နဲ့ အတူ ပူပေါင်းဖို့ ပြောလိုက်သည်။ စွန်းချာသည် နဂိုထဲကပင် အင်အားကြီးသော ဂိုဏ်းများ၏ လက်အောက်ခံ ဖြစ်ချင်ပင်မယ့် မဟာအင်ပါယာတိုင်းပြည်ရှိ အင်အားကြီးသောဂိုဏ်းများသည် ငြင်းပယ်ခဲ့သောကြောင့် ကိုယ်အားကိုယ်ကိုးကာ ဂိုဏ်းကို တိုးတက်အောင် လုပ်ဆောင်နေရသည်။
ထို့အပြင် ချောင်ဖုန်းတို့သည် ကြယ်တာယာနန်းတော်ဂိုဏ်းရှိလူများကို သတ်ဖြတ်လိုက်တဲ့အတွက် ဝတ်ရုံနီဂိုဏ်းနဲ့ မပက်သက်ဘူးဆိုတာ ပြောစရာဆဆးမလိုတော့ပေ။စွန်းချာသည် သူ့ဂိုဏ်း၏ အကြီးအကဲများကို ကြည့်လိုက်တဲ့အခါ အကုန်လုံးသည် ချောင်ဖုန်းတို့နဲ့ ပူးပေါင်းဖို့ ခေါင်းငြိမ့်ပြလိုက်သည်။
ထိုအခါ စွန်းချာတို့သည် ဒူးထောက်လိုက်ပြီး ချောင်ဖုန်းတို့အား သူတို့ကို လက်အောက်ခံ ဂိုဏ်းအဖြစ် ဖိတ်ခေါ်တဲ့အတွက် ကျေးဇူးတင်လိုက်သည်။ထို့နောက် ရှဲ့ချမ်းသည် " သိပ်မကြာခင် ဆက်သွယ်ဖို့ လူလွတ်လိုက်မယ် ၊ မင်းတို့တွေသာ ဂိုဏ်းချုပ်ရဲ့အမိန့်ကိုသာ နာခံရင် ကြယ်တာယာနန်းတော်ဂိုဏ်းလောက်ကို ခေါင်းထဲထည့်ထားစရာမလိုဘူး " ဟု ပြောလိုက်သည်။
ရှဲ့ချမ်း၏ စကားကြောင့် ချောင်ဖုန်းသည် တံတွေးပင် သီး၍ သွားသည်။လက်ရှိ ချောင်ဖုန်း၏ အရည်အချင်းသည် နတ်နယ်ပယ်အလယ်အလတ်အဆင့်ကိုသာ ယှဥ်ပြိုင်တိုက်ခိုက်နိုင်သေးတာကြောင့် ချောင်ဖုန်းသည် နောက်ကွယ်မှ အားလုံးကို ချုပ်ကိုင်ဖို့ လုပ်ဆောင်ခြင်းဖြစ်သည်။
ထို့နောက် ချောင်ဖုန်းတို့သည် တခြားသော နောက်ခံမရှိသော ဂိုဏ်းများအားလုံးကိုလဲ ကြယ်တာယာနန်းတော်ဂိုဏ်း၏ ရန်မှ ကာကွယ်ခဲ့ပြီး အားလုံးကို သူ့လက်အောက်ဂိုဏ်းများပူးပေါင်းစေလိုက်သည်။
ထိုလိုနဲ့ မဟာအင်ပါယာတိုင်းပြည်အတွင်းရှိ နောက်ခံမရှိသော ဂိုဏ်းငယ်များ အားလုံးသည် ချောင်ဖုန်းလက်အောက်သို့ ရောက်ရှိသွားလေသည်။ချောင်ဖုန်းသည် လက်အောက်ခံဂိုဏ်းများအားလုံးကို ဆေးလုံးများဖြင့် ထောက်ပံပေးတဲ့အတွက် ဂိုဏ်းအားလုံးသည် ချောင်ဖုန်း အမိန့်ကို နာခံဖို့ အဆင်သင့်ဖြစ်နေကြသည်။
ထို့အပြင် ချောင်ဖုန်းသည် ရှိမ်ခုန်းဖာနဲ့ ဖုန်းတုယီကို ဆေးဖော်စပ်နည်းများဖြင့် မက်လုံးပေးကာ သူ့လက်အောက်သို့
ဝင်စေပြီး အခြားသော အဂ္ဂိရတ်ပညာရှင် အများအပြားကိုလဲ ဆေးဖော်နည်းများဖြင့် မြူဆွယ်ခိုင်းခဲ့သည်။
ချောင်ဖုန်းသည် ဓားဘုရင်ဂိုဏ်း၏ ပြိုင်ပွဲမရောက်ရှိသေးသည့်အတွက် သန့်စင်ပြီး အလွန်သန်မာသည့် ချီစွမ်းအင်များထုတ်လွှင့်ပေးသော အစီအရင်ကို တည်ဆောက်ဖန်တီးထားပြီး ထိုနယ်နိမိတ်အတွင်းတွင် ရှဲ့ချမ်းတို့ကိုပါ ကျင့်ကြံခိုင်းခဲ့သည်။
ရှဲ့ချမ်းတို့သည် နတ်သမီးသုံးဖော်ဆေးလုံးအပြင် အစီအရင်မှ ထုတ်လွှင့်ပေးသော ချီစွမ်းအင်များကြောင့် ဒီတစ်ကြိမ်အဆင့်တက်ရာတွင် နဂိုကထက် ပိုမိုမြန်ဆန် လိမ့်မယ်လို့ ယုံကြည်နေကြသည်။ ရှဲ့ချမ်းသည် ချောင်ဖုန်းအတွက် ကျေးကျွန်လုပ်ခြင်းသည် သူတို့အတွက် နစ်နာစရာတစ်ခုမှ မရှိသောကြောင့် ဝမ်းသာနေခဲ့သည်။
ရက်အနည်းငယ်ကြာပြီးနောက် ချောင်ဖုန်းသည် ပြောင်းလဲသောအရှိန်အဝါတစ်ခုကို ခံစားလိုက်ရသည်။ထိုအရာကတော့ ရီချုံရှိမှ ရလာသော ခံစားချက်မျိုးပင်ဖြစ်သည်။ရီချုံသည် သူ့စွမ်းအင်တွေကို တဖြည်းဖြည်းနဲ့ ပြန်လည်ရရှိလာခဲ့သော်လည်း ယခုချိန်ထိ သူ့အတိတ်အကြောင်းကို မမှတ်မိသေးပေ။
ရီချုံသည် ချောင်ဖုန်းခန္ဓာကိုယ်ထဲမှ ငှက်ပေါက်စလေးအသွင်ဖြင့်ထွက်ပေါ်လာခဲ့ပြီး ချောင်ဖုန်းသည် သူ့ကို စိုက်ကြည့်နေသဖြင့် "အကိုကြီး.......ဘာဖြစ်လို့ ရီချုံကို စိုက်ကြည့်နေတာလဲ " ဟု မေးလိုက်သည်။
ထိုအခါ ချောင်ဖုန်းသည် ရီချုံ၏ ခေါင်းပေါ်ကို ကိုင်ကြည့်လိုက်ပြီး
"ဒါက...... ဦးချိုတစ်ခုလား " ဟု ပြောလိုက်သည်။ထိုအခါ ရီချုံသည် သူခန္ဓာကိုယ်ကို စစ်ဆေးကြည့်လိုက်တဲ့အခါ ဂျိူတစ်ခုသည် သူ့ခေါင်းအလယ်တည့်တည့် ပေါ်တွင် ထွက်လာသောကြောင့် သူ့ကိုယ်သူပင် အံ့အားသင့်သွားသည်။
ထို့နောက် ချောင်ဖုန်းသည် ဓားဘုရင်ဂိုဏ်းရဲ့ ပြိုင်ပွဲရက် ကျရောက်လာပြီဖြစ်၍ ပြင်ဆင်စရာရှိတာ ပြင်ဆင်ပြီး လျောင်ရှန်းနဲ့အတူ နဂါးမင်းတံဆိပ်ဂိုဏ်းမှ ထွက်ခွာလာပါတော့သည်။ချောင်ဖုန်းတို့သည် နာရီပိုင်းအတွင်းမှပဲ လူများအုပ်အုပ်ကြပ်ကြပ်ဖြစ်ပြီး ဆူညံနေသော ပြိုင်ပွဲကိုရောက်ရှိလာလေသည်။
ချောင်ဖုန်းတို့သည် ထိုပြိုင်ပွဲသို့ ရောက်သည့်အခါ အနက်ရောင်တံဆိပ်ပြားမှ အဆက်မပြတ် အချက်ပြနေသောကြောင့် အနီးအနားတွင် လို့ဝှက်ထောက်လှမ်းကြသူများ ရောက်ရှိလာတာကို သိရှိနေကြသည်။
ဓားဘုရင်ဂိုဏ်း၏ ပါရမီရှင်ရွေးချယ်မှုသည် စိတ်ဝင်စားမှု အလွန်ကောင်းခြင်းကြောင့် လာကြည့်ကြသော လူများမှာ အလွန်များပြားလှသည်။ထိုချိန်မှာ ဧရာမ ဝိညဥ်လှေကြီးတစ်စီးဖြင့် ဂိုဏ်းတစ်ဂိုဏ်းရောက်ရှိလာလေသည်။
ထိုအခါ ဓားဘုရင်ဂိုဏ်းထဲမှ အမျိူးသမီး အကြီးအကဲဖုန့်ချိုးယွဲ့သည် ဓားပျံစီးကာ လေပေါ်သို့ ပျံသွားပြီး ဧရာမဝိညဥ်လှေပေါ်မှ လူအား "ချိုးယွဲ့တို့ဂိုဏ်းကို ကြွရောက်လာပေးတဲ့အတွက်.......ငွေဘုရင်အကြီးအကဲနဲ့ရွှေဘုရင်အကြီးအကဲကို ကျေးဇူးအများကြီးတင်ပါတယ် " ဟု ပြောလိုက်သည်။
ထို့နောက် ဖုန့်ချိုးယွဲ့သည် ရှေ့ကနေ ဦးဆောင်ကာ ခေါ်သွားခဲ့သည်။ခဏအကြာမှာပဲ ဂိုဏ်းကြီးဂိုဏ်းငယ် တစ်ဂိုဏ်းပြီးတစ်ဂိုဏ်း ရောက်ရှိလာတဲ့အပြင် တိုင်းပြည်အချို့၏ တော်ဝင်မိသားစုများပါ ရောက်ရှိလာလေသည်။
ထိုချိန်မှာ ရုတ်တရက် လူတစ်ယောက်သည် ပြိုင်ပွဲစင်နေရာထဲသို့ လေပေါ်မှပင် ပြုတ်ကျလာပြီး လှုပ်တောင်မလှုပ်တော့ပေ။ထိုလူပြုတ်ကျလာပြီး ခဏမှာတော့ နောက်တစ်ယောက်သည် သူနားကို လေပေါ်မှ ခုန်ချလာခဲ့သည်။
ထို့နောက် ထိုလူသည် သတိလစ်နေသော လူ၏ လည်ပင်းအား ဆွဲကိုင်ကာ မြှောက်လိုက်ပြီး "မင်းတို့လူကို ကယ်ချင်ရင် ခုချက်ချင်း စင်ပေါ်တက်ခဲ့ပါ မဟုတ်ရင်တော့ ငါအဆိုးမဆိုနဲ့ " ဟု လူအုပ်ကြီးဘက်သို့ လှည့်ပြောလိုက်သည်။
ထိုလူကို မြင်တဲ့အခါ သိသောလူတစ်ချို့သည် "အဲ့တာ အသူရာနတ်ဆိုးဂိုဏ်းရဲ့ သခင်လေး ဟို့ကန်းပဲ ၊ ဘယ်လိုလူက သူ့ကိုသွားရန်စရဲတာလဲ " ဟု ပြောလိုက်သည်။ထို့အခါ သူ့ဘေးမှလူသည် "မင်းပြောတာ မှန်တယ်.......အသူရာနတ်ဆိုးဂိုဏ်းကို ရန်စရဲတဲ့လူရဲ့ အနာဂတ်ကတော့ မတွေးဝံစရာပဲ "လို့ပြောလိုက်သည်။
ချောင်ဖုန်းသည် သတိလစ်နေသော လူအား ကြည့်လိုက်ပြီး " ရွီးယန်းလား...... " ဟု စိတ်ထဲမှ ပြောလိုက်သည်။စင်ပေါ်မှ ရှိနေသောလူသည် အမှန်တကယ် ရွီးယန်းပင်ဖြစ်ပြီး တစ်ဖက်လူ၏ တိုက်ခိုက်မှုကြောင့် မျက်နှာကိုတောင် မှတ်မိဖို့ ခဲယှဥ်းနေလေသည်။
ကျင်းမင်လီသည်လည်း ရွီးယန်းကို မြင်တဲ့အနည်းငယ်စိုးရိမ်သွားခဲ့သည်။သူကိုယ်တိုင်လှုပ်ရှားရင် အင်အားကြီးသော သူများ ရိပ်မိသွားမှာ ဖြစ်တဲ့ ရွီးယန်းသေတဲ့အထိသာ ထိုင်စောင့်ဖို့သာ တက်နိုင်လေသည်။
ထိုချိန်မှာ အပေါ်ထပ်ဝတ်ရုံနက်ဝတ်ဆင်ထားသော လူသည် စင်ပေါ်သို့ ခုန်တက်သွားလေသည်။ထိုလူကတော့ ချောင်ဖုန်းကိုယ်ပွားပင်ဖြစ်သည်။ချောင်ဖုန်းသည် ဓားဘုရင်ဂိုဏ်းရဲ့ ပါရမီရှင်ရွေးချယ်ပွဲသည် မည်သည့် ဂိုဏ်းသားမဆို စိန်ခေါ်တိုက်ခိုက်လို့ ရကြောင်း သတင်းသိရှိထားသည်။
ထို့ကြောင့် ချောင်ဖုန်းသည် ရှဲ့ချမ်းတို့ကို စွမ်းအား အရှိန်အဝါ ဖျောက်ပေးထားနိုင်သော ဆေးလုံးများကို ပေးအပ်ထားပြီး အခြေအနေကို စောင့်ကြည့်ခိုင်းထားသည်။ချောင်ဖုန်းစင်ပေါ်သို့ တက်သွားတဲ့အခါ အားလုံးသည် ဘယ်သူလဲဆိုတာ သိချင်နေခဲ့သည်။
စင်ပေါ်က လူကတော့ ရွီးယန်းကို မြေအောက်တစ်နေရာကို လွှတ်ချပစ်လိုက်ပြီး သူ့လက်ချောင်းလေးများကို ချိူးလိုက်ပြီး "ငါနာမည်က......ဟို့ကန်းပဲ ၊ မင်းက အရိုက်ခံချင်နေမှာတော့ ငါ့ကိုအဆိုးမဆိုနဲ့ပေါ့ " ဟု ပြောလိုက်သည်။
ဟို့ကန်းသည် သူ့ခန္ဓာကိုယ်ရှိစွမ်းအားများကို လက်ဝါးတွင်စုစည်းလိုက်ပြီး "နတ်ဆိုးသံတမန်လက်ဝါးကျင့်စဥ်......" လို့ ရေရွတ်လိုက်ပြီး ချောင်ဖုန်းကို တိုက်ခိုက်လိုက်သည်။
ထိုအခါ ချောင်ဖုန်းကိုယ်ပွားသည် အလွယ်တကူ ရှောင်ရှားလိုက်ပြီး သူရပ်နေသော နေရာမှ လျှပ်တစ်ပြက် ဟို့ကန်းအရှေ့ကို ရောက်သွားပြီး ဟို့ကန်း၏ကျင့်စဥ်ဖြစ်သော နတ်ဆိုးသံတမန်လက်ဝါးကျင့်စဥ်ဖြင့် ဟို့ကန်းရဲ့ ရင်ဘတ်အား ရိုက်ချလိုက်လေသည်။
ချောင်ဖုန်းကိုယ်ပွားသည် သူ့စွမ်းအားကို သုံးဆယ်ရာခိုင်နှုန်းသာ အသုံးပြုလိုက်တဲ့အတွက် ဟို့ကန်းသည် စင်ပေါ်မှ လွင့်ထွက်သွားကာ ဒဏ်ရာအနည်းငယ်သာ ရရှိသွားလေသည်။
ဟို့ကန်းသည် မြေပြင်ပေါ်တွင် သူဒဏ်ရာရရှိသွားသော နေရာကို ဆေးရည်လောင်းချလိုက်ပြီး "ဒီလူက ဘယ်သူလဲ ၊ ဘယ်လိုလုပ်ပြီး ငါရဲ့နတ်ဆိုးသံတမန်လက်ဝါးကျင့်စဥ်ကို တက်မြောက်နေတာလဲ " ဟု နာကျင်စွာဖြင့် တွေးလိုက်သည်။
ချောင်ဖုန်း၏ ကိုယ်ပွားသည် နတ်ဆိုးသံတမန်ကျင့်စဥ်ကို အသုံးပြုလိုက်တဲ့အတွက် ဟို့ကန်းသည် သူ၏ဆရာ ပေးထားသော နတ်ဆိုးသံတမန်ကျင့်စဥ်ကို တခြားလူတစ်ယောက်က တက်မြောက်နေသည့်အတွက် အံ့အားသင့်နေခဲ့သည်။