အခန်း (၂၅၁) - ဘိုးဘေးဝိညာဥ်
Vol. 17 Ch. 251
အခန်း (၂၅၁) - ဘိုးဘေးဝိညာဥ်
"အခုချိန်ကစပြီး ခင်ဗျားကို ထောင်ဟုန်ဝူလို့ ခေါ်မယ်။"
ယဲ့ရှောင်ချန်းက မုတ်ဆိတ်နက် အဘိုးကြီး ပဲစေ့စစ်သည်တော်ကို ကြည့်ကာ အားရကျေနပ်မှုဖြင့် ခေါင်းကိုငြိမ့်လိုက်၏။
သို့သော်လည်း ပဲစေ့စစ်သည်တော်၏ ပုံစံကိုတော့ သိပ်ပြီးသဘောမကျလှပါ။ သူ့ပုံစံက ရှေးခေတ် မင်းဆိုးမင်းညစ်များ၏ ပုံစံနှင့် တူနေသည်။ ဘယ်လိုလုပ် အဆင်ပြေမှာလဲ။
မကြာမီ ယဲ့ရှောင်ချန်း၏ လမ်းညွှန်မှုအောက်တွင် ထောင်ဟုန်ဝူ ဆိုသည့် ပဲစေ့စစ်သည်တော် အတော်လေး ပြောင်းလဲသွား၏။ အဘိုးကြီး တစ်ယောက်ဖြစ်နေဆဲ ဖြစ်သော်လည်း ပို၍တော့ ကြည့်လို့ကောင်းလာပါသည်။
ယဲ့ရှောင်ချန်း၏ လုပ်ရပ်ကိုမြင်ပြီး လုတုန်ချမ်း ကြောင်သွား၏။ ယင်စစ်သည်တော်ကို နာမည်တစ်ခု ပေးလိုက်တာလား။
ပဲစေ့စစ်သည်တော်ကို ဒီလိုပုံစံဖြစ်အောင်တောင် ပြောင်းနိုင်သေးတယ်။
ရုတ်တရက် တခြားယင်စစ်သည်တော်များကိုပါ သူ တွေးလိုက်မိပြီး ရင်ထဲတွင် သက်ပြင်း ကျိတ်ချလိုက်မိပါသည်။ ယင်စစ်သည်တော်များကို အသုံးချပြီး စိုက်ပျိုးရေးခြံကို စီမံခြင်းက အကြံကောင်းတစ်ခု ဖြစ်ပါသည်။
နှမြောစရာပင်။ အင်မော်တယ် ကျင့်ကြံခြင်းလောကတွင်သာဆိုလျှင် အလွန်ခက်ခဲပါလိမ့်မည်။ အသိစိတ် အလိုအလျောက် ဖြစ်ပေါ်သောာ ယင်စစ်သည်တော် အမျိုးအစား မဟုတ်ပါက ဒီလောက် ချောမွေ့သည့် လုပ်ငန်းများကို ဘယ်လို လုပ်ဆောင်နိုင်မည်နည်း။
ယင်စစ်သည်တော်များ၏ ရည်ရွယ်ချက်က စူးစမ်းရှာဖွေခြင်း၊ တိုက်ခိုက်ခြင်းနှင့် သတ်ဖြတ်ခြင်းတို့သာ ရှိသည်။
"ထောင်ဟုန်ဝူ ခင်ဗျားရဲ့ အတိတ်အကြောင်း မှတ်ဉာဏ်တွေ ရှိသေးလား။"
ယဲ့ရှောင်ချန်းက ထောင်ဟုန်ဝူကို တိုက်ရိုက် မေးမြန်းလိုက်ပါသည်။
ဒီပဲစေ့စစ်သည်တော်က သန့်စင်ပြီးနောက် အလွန်မြင့်မားသည့် အသိစိတ်ရှိပြီး ထောင်ဖန်းကျာထက် အများကြီး ပိုမြင့်ပါသည်။
ခွန်အားအရဆိုလျှင် ဒီထောင်ဟုန်ဝူက အခြေခံအုတ်မြစ် တည်ဆောက်ခြင်း နောက်ပိုင်းအဆင့်သို့ ရောက်နေနိုင်ပါသည်။
ထို့အပြင် အင်မော်တယ် ပဲစေ့က ခွန်အားတိုးမြှင့်ပေးပြီးနောက် ယန်ချီစွမ်းအင်ပင် စတင် ထုတ်လုပ်နေပြီ ဖြစ်သည်။ လုတုန်ချမ်းတောင် ထောင်ဟုန်ဝူကို ဖိနှိပ်ဖို့က ခက်ခဲနိုင်ပါသည်။
ထောင်ဟုန်ဝူကို သတ်ဖြတ်ဖို့ကတော့ မဖြစ်နိုင်ပါ။ နောက်ဆုံးတွင် ကျဆုံးသွားသူက လုတုန်ချမ်းပင် ဖြစ်သွားနိုင်သည်။
ထောင်ဟုန်ဝူဟု တည်ရှိမှုကို ယဲ့ရှောင်ချန်းက ဆက်တိုက် ထိန်းသိမ်းထားပါက ၎င်းမှာ အင်မော်တယ် တစ်ယောက် ဖြစ်နိုင်ပါသည်။ အင်မော်တယ် ပဲစေ့ ပျက်စီးသွားမှ သေဆုံးနိုင်၏။
"သခင်လေး ကျွန်တော့်မှာ ရှိပါတယ်။"
ထောင်ဟုန်ဝူ၏ အဖြေက အလွန်ရိုးရှင်းပြီး ပြတ်သားသည်။
"ဘိုးဘေးဝိညာဥ်အကြောင်း ခင်ဗျား သိထားသမျှ ကျွန်တော့်ကို ပြောပြပါ။"
ယဲ့ရှောင်ချန်း ဝမ်းသာသွား၏။ သူလျှိုဟု ခေါ်နိုင်သည့် ထောင်ဟုန်ဝူနှင့်သာဆိုလျှင် နောက်တစ်ဆင့်က အလွန်ရိုးရှင်းနိုင်ပါသည်။
နာရီဝက်ခန့် ကြာသောအခါ ယဲ့ရှောင်ချန်းတွင် နောက်ဆုံးတော့ ကျေနပ်သွားသော အပြုံးတစ်ခု ပေါ်လာပြီဖြစ်၏။
ဒီထောင်ဟုန်ဝူက သဲလွန်စ အများကြီး ပေးခဲ့သည်။ ဘိုးဘေးဝိညာဥ်အား ဖျက်ဆီးနိုင်ဖို့ ၈၀ ရာခိုင်နှုန်း သေချာသွားပြီဟုပင် ပြောနိုင်ပါသည်။
တစ်ခုတည်းသော ပြဿနာက အင်မော်တယ် ပုံရိပ်ဂိုဏ်း၏ ဘိုးဘေးပိုင်နယ်မြေမှာ အနည်းငယ် ဝေးလွန်းနေသောကြောင့် ဖြစ်သည်။ ၎င်း၏ ရေမြေခြား ယွမ်ပြည်နယ်၏ နယ်စပ်တွင် ရှိနေသည်။
ယဲ့ရှောင်ချန်းသည် သူ သိချင်သမျှ သိလိုက်ရပြီးနောက် ပဲစေ့စစ်သည်တော် ထောင်ဟုန်ဝူကို သိမ်းလိုက်ပါသည်။
ဒီလူက မှော်စွမ်းအင် အများကြီး ကုန်ဆုံးသော လူ ဖြစ်သည်။ ပေါင်းကြည့်လျှင် အခြား သုံးယောက် မှော်စွမ်းအင် ပိုမို ကုန်ဆုံး၏။
ယဲ့ရှောင်ချန်း စဥ်းစားကြည့်လိုက်၏။ ဘိုးဘေးဝိညာဥ်နှင့် တခြားပူးကပ်ဝိညာဥ်များကို ဖမ်းဆီးနိုင်ပါက သူတို့ကို တစ်ယောက်ချင်း ပဲစေ့စစ်သည်တော် ဖန်တီးနိုင်မလား၊ သို့မဟုတ် အားလုံးကို ပေါင်းစပ်ပြီး အထူး သန်မာသည့် ပဲစေ့စစ်သည်တော် တစ်ယောက် ဖန်တီးနိုင်မလား။
အထူးသန်မာသည့် ပဲစေ့စစ်သည်တော် ဖြစ်ပါက ပိုသန်မာသော်လည်း အသုံးချနိုင်ဖို့ ကန့်သတ်ချက် များလွန်းနေဦးမည်။ ဘာပဲဖြစ်ဖြစ် ယဲ့ရှောင်ချန်းကလည်း အခြေခံအုတ်မြစ် တည်ဆောက်ခြင်း စဦးအဆင့်သာ ရှိသေးသည် မဟုတ်လား။
သို့သော်လည်း သူတို့အား ပဲစေ့စစ်သည်တော်များ ဖန်တီးလိုက်ပါက ၎င်းတို့၏ ဖွံ့ဖြိုးမှု အလားအလာမှာ အလွန်နည်းပါးသွားနိုင်ပါသည်။
လောလောဆယ်တော့ ထိုကိစ္စများအတွက် မစိုးရိမ်ဘဲ ပုံးကွယ်နေသည့် အန္တရာယ်ကို အရင်ရှင်းပြစ်ဖို့ ဆုံးဖြတ်လိုက်ပါသည်။
...
ယွမ်ပြည်နယ်၊ မြန်မာနိုင်ငံနှင့် နယ်စပ် တောင်တစ်တောင်တွင်။
ထိုနေရာတွင် အလွန်ရှေးကျသည့် မျိုးနွယ်တစ်ခု ရှိ၏။
ထိုနေရာတွင် ဘယ်လိုနည်းပညာမျိုးမှ မရှိဘဲ အလွန်ရှေးကျသည်။ သို့သော်လည်း သူတို့ ဝတ်ဆင်ထားသည့် အဝတ်အစားများကတော့ ခေတ်ဆန်သည်ဟု ဆိုနိုင်ပါသည်။
ထိုမျိုးနွယ်စု၏ လူများက အပြင်မထွက်သလောက် ရှားပါသည်။
အပြင်ဘက်လောကနှင့် မထိတွေ့ မဆက်ဆံသလောက် ရှားပါး၏။
ဒါက အလွန်အမင်း သီးခြား နေထိုင်သော မျိုးနွယ်စုတစ်ခု ဖြစ်ပါသည်။
တောင်အနောက်ဘက် မျိုးနွယ်စု တည်ရှိရာ နေရာတွင် လှိုဏ်ဂူတစ်ခု ရှိ၏။ ထိုနေရာက အလွန် ဆန်းကြယ် ထူးဆန်းပြီး ထူးထူးဆန်းဆန်း ရုပ်တုများစွာလည်း ရှိပါသည်။
ဝင်ပေါက်က ငရဲဂိတ်ပေါက်ကြီး တစ်ခုလို ဖြစ်သည်။ အဆိုပါ ဝင်ပေါက်က ကြမ်းကြုတ်သော ပါးစပ်ကြီးတစ်ခုဖြစ်ပြီး အေးစက်သည့် အစွယ်များလည်း ရှိနေပါသည်။
အထဲတွင်တော့ အလွန်ကျယ်ဝန်း၏။
သို့သော်လည်း ဒီအချိန်တွင် ကြမ်းကြမ်းတမ်းတမ်း ထုတ်လွှင့်နေသော မမြင်နိုင်သည့် စိတ်စွမ်းအင်တစ်ခု ရှိနေကာ စိတ်ချောက်ချားခြင်း အာရုံဖြင့် ပြည့်နှက်နေ၏။
ရှေးဟောင်း ဝတ်ရုံကြီးများ ဝတ်ဆင်ထားသည့် လူတစ်ဒါဇင်ကျော်ရှိပြီး အားလုံးက ထူးဆန်းသည့် ကျောက်စိမ်း ရုပ်တုကြီးတစ်ခု အရှေ့တွင် ဒူးထောက်နေကြသည်။
ကျောက်စိမ်းရုပ်တုကြီးတစ်ခု ဖြစ်ပြီး တစ်ကိုယ်လုံးက ကျောက်စိမ်းနက် ဖြစ်သည်။ အလွန် အသက်ဝင်ပြီး ကြမ်းကြုတ်ရက်စက်ပြီး မိစ္ဆာဆန်သည့် အရှိန်အဝါကိုပင် မြင်နိုင်ပါသည်။
မမြင်ရသည့် စိတ်စွမ်းအင်က ထိုကျောက်စိမ်းနက် ရုပ်တုမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။
ဒူးထောက်နေသည့် လူအားလုံးက ကြောက်စိတ်ဖြင့် တုန်ယင်နေကြ၏။
အချိန်အတော်ကြာသောအခါ ချောက်ချားဖို့ ကောင်းပြီး မိစ္ဆာဆန်သည့် စိတ်စွမ်းအင်ကြီးမှာ ငြိမ်သက်သွားလေသည််။
"သွားကြ၊ ဘိုးဘေးကြီးရဲ့ စတုတ္ထ ကိုယ်ထည်ကို ဘာတွေပဲ ပေးဆပ်ရ ပေးဆပ်ရ ရအောင် ရှာကြစမ်း။"
အားလုံး၏ စိတ်ထဲတွင် အေးစက်သည့် အသံကြီးတစ်ခု ပေါ်လာ၏။
ထိုအခါမှ ထိုလူများအားလုံး စိတ်အေးစွာ သက်ပြင်းချလိုက်ပြီး လှိုဏ်ဂူထဲမှ ထွက်သွားကြလေသည်။
မကြာမီ လှိုဏ်ဂူကြီး ပြန်လည်တိတ်ဆိတ်သွားသည်။ သို့သော်လည်း တစ်ခုခုကို စဥ်းစားနေသည့် တိတ်ဆိတ်သော စိတ်စွမ်းအင် တစ်ခုတော့ ကျန်ရစ်ခဲ့၏။
"ဘယ်လိုဖြစ်တည်မှုမျိုးက ငါ့ရဲ့ ကိုယ်ထည်ကို သတ်ဖြတ်လိုက်တာလဲ။ ဒီကမ္ဘာကြီးထဲမှာ ငါ့လို ဖြစ်တည်မှုမျိုး များများစားစား မရှိနိုင်ပါဘူး။ ငါတို့ အချင်းချင်းလည်း မနှောင့်ယှက်ကြဘူး။ အဲ့တာကြောင့် သေချာပေါက် သူတို့ မဟုတ်လောက်ဘူး။ ဒါမှမဟုတ် သူတို့ စစ်ပွဲတစ်ခု စတင်ချင်လို့လား..."
"ငါ ကိုယ်ထည် ငါးခု တွေ့ရဖို့အတွက် နှစ်ရာနဲ့ချီပြီး ကျင့်ကြံခဲ့ရတာ။ အခုတော့ ငါ့ကိုယ်ထည်တစ်ခုကို ဆုံးရှုံးလိုက်ရပြီ။ ချီးပဲ။"
မမြင်နိုင်သည့် စိတ်စွမ်းအင်ကြီးကက အချိန်အတော်ကြာအောင် တည်ရှိနေပြီး တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။
ကျောက်စိမ်းနက် ရုပ်တုကြီးကလည်း သာမန်လို ပြန်ဖြစ်သွားပြီး မိစ္ဆာ အငွေ့အသက် တစ်စွန်းတစ်စမျှ မရှိတော့သလိုပင်။
ထို့အစား ဖယောင်းတိုင် မီးအောက်တွင် အိပ်မက်ဆန်သည့် တောက်ပမှုတစ်ခု ပေါ်လွင်လာခဲ့သည်။
...
ယွမ်ပြည်နယ်၊ ခွန်မြို့တော်။
ဒီနေရာက ရာသီဥတုက တောင်ပိုင်းဒေသထက် အများကြီး ပိုပူပါသည်။
ခွန်မြို့တော် လေဆိပ်တွင် လူနှစ်ယောက်နှင့် ထူးဆန်းသည့် ပုံစံဖြင့် လူလတ်ပိုင်း အမျိုးသားကြီး တစ်ယောက်က ခရီးသွားဧည့်သည်များလို လေယာဥ်ပေါ်မှ ဆင်းလာကြသည်။
"ဟင်းဟင်း ဒီလေယာဥ်ပျံက တော်တော် စိတ်ဝင်စားဖို့ ကောင်းတာပဲ။ လူတွေ အများကြီးကို လေပေါ်ထမ်းပြီး ပျံပေမယ့် ပြုတ်ကျမသွားဘူး။"
ဘဝင်မြင့်သည့်ပုံစံနှင့် ကောင်လေးတစ်ယောက်က ဧရာမ လေယာဥ်ကြီးကို ပြန်လှည့်ကြည့်ကာ ကျွတ်သပ်ရင်း ပြောလိုက်၏။
"မင်းမျက်လုံးထဲမှာတော့ လေယာဥ်ပျံတစ်စီးက လေပေါ် ပျံနိုင်တာ ယုံကြည်ချင်စရာ မကောင်းလောက်ဘူး။ သာမန်လူတွေရဲ့ မျက်လုံးထဲမှာဆို ကျင့်ကြံခြင်းလောကရဲ့ စွမ်းအားကြီး ဖြစ်တည်မှုတွေက တိမ်တွေစီးပြီး ဓားတွေပေါ်မှာ ပျံသန်းနိုင်တာ ပိုပြီးတောင် မယုံကြည်နိုင်စရာ ကောင်းဦးမယ်။"
ဉာဏ်ထက်ပြီး ထောက်ပသည့် ပုံစံနှင့် နောက်ထပ် လူငယ်တစ်ယောက်က ပြုံးကာ ပြောလိုက်ပါသည်။
သူတို့နှစ်ယောက်ကတော့ ယဲ့ရှောင်ချန်းနှင့် လုတုန်ချမ်းတို့ ဖြစ်ကြပါသည်။
ဆရာကြီးနင်ကတော့ တိုးတိတ်စွာဖြင့် သူတို့နောက်သို့သာ လိုက်ပါလာခဲ့ပါသည်။
ဘိုးဘေးဝိညာဥ်ကို တတ်နိုင်မျှ အမြန်ဆုံး နှိမ်နင်းတာ အကောင်းဆုံး ဖြစ်သည်။
နောက်တစ်နေ့ သူတို့သုံးယောက်သား လေယာဥ် စီးခဲ့ကြ၏။
ဘိုးဘေးပိုင်နယ်မြေကို သိသော တစ်ဦးတည်းသောသူ ဖြစ်သောကြောင့် ဆရာကြီးနင်ကို ခေါ်လာခဲ့ခြင်းဖြစ်ပါသည်။
ပဲစေ့စစ်သည်တော် ထောင်ဟုန်ဝူကတော့ ဘိုးဘေးဝိညာဥ်နှင့် အလွန် ကျွမ်းဝင်သော်လည်း ပြဿနာက သူ့ရဲ့ ဘိုးဘေးပိုင်နယ်မြေသို့ သွားသည့်လမ်းအား မသိခြင်းပင်။
သူ့ကို အရင်ဆုံး ခေါ်ထုတ်ခဲ့တုန်းက နှစ်နှစ်ခြိိုက်ခြိုက် အိပ်စက်နေခဲ့သည့် ဝိညာဥ်မှတ်ဉာဏ်တစ်ခုသာ ဖြစ်သည်။
ရွေးချယ်စရာ မရှိတော့ဘဲ သူတို့ ဆရာကြီးနင်ကို ခေါ်လာရခြင်း ဖြစ်ပါသည်။
ထိုအချိန်တွင် ကောင်မလေးတစ်ယောက်က သူတို့နောက် အမှီလိုက်လာပြီး မေးလိုက်သည်။ "အစ်ကိုချောကြီးတို့ ဒီနေရာကို အပန်းဖြေ ခရီးထွက်လာကြတာထင်တယ်။ ကျွန်မက ဒီနယ်သားပါ။ ကျွန်မကို လမ်းညွှန် လုပ်ပေးစေချင်လား။"
ကောင်မလေးက အလွန်သိမ်မွေ့ပြီး ခပ်ပေါ့ပေါ့ ပုံစံမျိုးလေး ဖြစ်သည်။
လေယာဥ်ပေါ်တွင်လည်း စကားပြောဖို့ အမြဲတမ်း အကြောင်းရှာနေ၏။
သို့သော်လည်း ထိုကောင်မလေးကို စကားမပြောချင်သဖြင့် လုတုန်ချမ်းက သိပ်ပြီး မပြောခဲ့ပါ။
ယဲ့ရှောင်ချန်းကတော့ စကားအနည်းငယ် ပြန်ပြောခဲ့ပါသည်။
ဒီကောင်မလေး သူ့နောက်ကို အမှီလိုက်လာနိုင်လိမ့်မည်ဟု ထင်မထားပါ။
ယဲ့ရှောင်ချန်း ဆွံ့အသွားသည်။ တကယ်ပဲ သူတို့ ရုပ်ချောလို့ ကောင်မလေးများက အနောက်ကနေ လိုက်လာတာလား။
ယဲ့ရှောင်ချန်း၏ ပုံစံက သာမန်ဟု ဆိုနိုင်သော်လည်း အရှိန်အဝါကောင်း ရှိပါသည်။
လုတုန်ချမ်းလည်း ထိုနည်းလည်းကောင်း ဖြစ်သည်။ အင်မော်တယ် ကျင့်ကြံသူတစ်ယောက်၏ အရှိန်အဝါမျိုး လုံးဝ ပေါ်လွင်နေပြီး သာမန် မိန်းကလေးများအတွက်တော့ ဆွဲဆောင်မှု ရှိလွန်းပါသည်။