အခန်း (၂၅၂) - ပစ်မှတ်ထားခံရခြင်း
Vol. 17 Ch. 252
အခန်း (၂၅၂) - ပစ်မှတ်ထားခံရခြင်း
မိန်းမလှလေးအား ပထုတ်ပြီးနောက် ယဲ့ရှောင်ချန်းနှင့် ကျန်နှစ်ယောက်တို့သည် တက္ကစီ စီးကာ လေဆိပ်ထဲမှ ထွက်လာခဲ့၏။
အင်မော်တယ် ပုံရိပ်ဂိုဏ်းမှာ ယွမ်ပြည်နယ်တွင် အလွန် လွှမ်းမိုးမှု ရှိ၏။
ဒီတစ်ခေါက် ဆရာကြီးနင်လည်း ပါလာသဖြင့် ခွန်မြို့တော်သို့သာ လေယာဥ်စီးလာခဲ့သည်။
ရန်သူကို သူတို့ အသိမပေးချင်ပါ။
ထို့နောက် ယဲ့ရှောင်ချန်းနှင့် ကျန်နှစ်ဦးတို့သည် ခရီးဝေးပြေးဆွဲသည့် ဘတ်စ်ကား တစ်စီးကို စီးလာခဲ့ကြသည်။ သူတို့၏ ဦးတည်ချက်ဖြစ်သော ထုကောင်တီမြို့သို့ ရောက်ရှိဖို့ တစ်ရက်လုံးနီးပါး ကြာမြင့်ခဲ့ပါသည်။
နယ်စပ်နှင့် မဝေးတော့ပေ။
ဒီနေရာတွင် အဓိကနေထိုင်သူများက မျိုးနွယ်စုများနှင့် သက်ဆိုင်သည့် လူတချို့ ဖြစ်သည်။
ဒီနေရာတွင် ထူးဆန်းသည့် အဝတ်အစားများ ဝတ်ဆင်ထားကြသည့် လူများကို မကြာခဏ မြင်တွေ့နိုင်ပါသည်။
၎င်းတို့၏ လေသံများကလည်း အလွန် ထူးဆန်း၏။
ယဲ့ရှောင်ချန်းနှင့် ကျန်နှစ်ဦးတို့လည်း ၎င်းတို့၏ ပုံစံများကို ပြောင်းလဲပြီး ဖြစ်ပါသည်။
ဘာပဲဖြစ်ဖြစ် သူတို့သုံးယောက်စလုံးက မျက်စိကျစရာ ကောင်းလွန်းနေခဲ့သောကြောင့် ဖြစ်သည်။
ဆရာကြီးနင်၏ ပြောစကားအရ အင်မော်တယ် ပုံရိပ်ဂိုဏ်းတွင် ကြီးမားသော လွှမ်းမိုးမှု ရှိပြီး အင်မော်တယ် မဟာမိတ် ဟုခေါ်သော ဂိုဏ်းတစ်ခုကို လျှို့ဝှက်တည်ထောင်ကာ ယွမ်ပြည်နယ်နှင့် မြန်မာနိုင်ငံအကြား နယ်စပ်တွင် လှုပ်ရှားထားစေ၏။
အင်မော်တယ် မဟာမိတ်က နယ်စပ်တွင် အလွန်များပြားသည့် မြေအောက်တပ်ဖွဲ့များကို ထိန်းချုပ်ထားသည်။
အတိုချုံးပြောရလျှင် ဘိုးဘေးဝိညာဥ်ကို မဆိုဦးနှင့်၊ အင်မော်တယ် မဟာမိတ်ကပင် သူတို့သုံးယောက်အတွက် အန္တရာယ်ကြီးတစ်ခု ဖြစ်နေပါသည်။
တကယ်တော့ ယဲ့ရှောင်ချန်းသည် အလွန် စွန့်စားကာ ဒီခရီးကို ထွက်လာခဲ့ရခြင်း ဖြစ်သည်။
ဆရာကြီးနင်က အညံ့ခံထားသော်လည်း သူ့ကို အပြည့်အဝ မယုံကြည်နိုင်ပါ။
ဆရာကြီးနင် သူတို့ကို သစ္စာဖောက်သွားပါက အကျိုးဆက်က မတွေးနိုင်အောင် ရှိနိုင်လေသည်။
ရိုးသားသည့် ဒေသခံများနှင့် လူယုတ်မာများ ပေါင်းစပ်နေထိုင်ကြသည့် ဒီဘေးမဲ့ နယ်စပ်ဒေသတွင် အင်မော်တယ် မဟာမိတ်တပ်ဖွဲ့က လက်နက်ကိုင်တပ်များ နေရာချထားတာ ပုံမှန်ပဲ ဖြစ်သည်။
ယဲ့ရှောင်ချန်းနှင့် လုတုန်ချမ်းတို့သည် ကျင့်ကြံသူများ ဖြစ်သော်လည်း အခြေခံအုတ်မြစ် တည်ဆောက်ခြင်းအဆင့်တွင်သာ ရှိကြသေးသည်။ သေနတ်များက သူတို့အတွက် အန္တရာယ်ရှိပါသည်။
ချီသန့်စင်ခြင်းအဆင့်ရှိသည့် ကျင့်ကြံသူများသာ သာမန်သေနတ်များကို ခံနိုင်ရည် ရှိပါသည်။
ခေတ်သစ် သိပ္ပံနှင့် နည်းပညာတို့၏ တိုးတက်မှုကြောင့် လက်နက်များ၏ စွမ်းအားမှာ ကြောက်မက်ဖွယ် ကောင်းသည့် အဆင့်တစ်ခုအထိ ရောက်လာပြီ ဖြစ်သည်။
ထုကောင်တီမြို့သို့ ရောက်လာပြီးနောက် ကားအငှားကုမ္ပဏီတစ်ခုကို ယဲ့ရှောင်ချန်း ရှာလိုက်ကာ သာမန်ယာဥ်တစ်စီးကို ငှားရမ်းခဲ့ပါသည်။
ကောင်တီမြို့မှ မောင်းထွက်လာပြီး တောင်ပေါ် လမ်းတစ်ခုသို့ ရောက်နေပြီ ဖြစ်၏။
ဒီနေရာက တောင်လမ်းများမှာ လမ်းလျှောက်ဖို့ မလွယ်ကူပါ။ ကတ္တရာလမ်းလည်း လုံးဝ မရှိပေ။ အားလုံးက ကြမ်းတမ်းသည့် တောင်လမ်းများ ဖြစ်သည်။
မိုးလည်း ရွာထားသဖြင့် လမ်းက ရွှံ့ထူနေပါသည်။
ယဲ့ရှောင်ချန်းက ကားမောင်းနေ၏။
လုတုန်ချမ်းနှင့် ဆရာကြီးနင်တို့က နောက်ခုံတွင် ထိုင်နေပါသည်။
လုတုန်ချမ်းက လက်ပိုက်ထားသည်။ ကားက အလွန် ခုန်ဆွနေသော်လည်း မျက်လုံးကိုပိတ်ပြီး အနားယူနေသည့်ပုံပင်။
သို့သော် ဆရာကြီးနင်ကလည်း အလွန် တည်ငြိမ်လှ၏။
ရုတ်တရက် လုတုန်ချမ်းက မျက်လုံးကို ဖွင့်ပြီး ပြောလိုက်သည်။ "မစ္စတာယဲ့ ငါတို့ကို တစ်ခုခု စောင့်ကြည့်နေတယ်လို့ ခံစားရလား။"
"အေး"
ယဲ့ရှောင်ချန်းက နောက်လှည့်မကြည့်ဘဲ ဆက်မောင်းနေသည်။ မသဲမကွဲသာ ပြန်ဖြေလိုက်၏။
သူလည်း ဒီလို ခံစားနေရတာ ကြာပြီ ဖြစ်သည်။
သူ ထုကောင်တီမြို့ထဲက ထွက်လာပြီးနောက် အစောင့်ကြည့်ခံနေရသလို ခံစားရသည်။
တောင်ထိပ်ကို ရောက်သောအခါ ယဲ့ရှောင်ချန်း ကားကို ရပ်လိုက်၏။
ဒီလိုမြေနေရာမျိုးက အန္တရာယ်များသည်။ တောင်လမ်းများကလည်း အသားချောင်းများလို ဖြစ်လာ၏။
ယဲ့ရှောင်ချန်း ကားထဲမှ ခုန်ဆင်းလို်ကပါသည်။
ဒီနေရာတွင် မြင်ကွင်းကျယ်ပြီး အဝေးကြီးကိုလည်း မြင်နိုင်၏။
ယဲ့ရှောင်ချန်း ကောင်းကင်ပေါ်ကို မော့ကြည့်လိုက်သည်။ မသိသာ မထင်ရှားသည့် အနက်ရောင် အစက်လေး တစ်ခုအား ကောင်းကင်ပေါ် အမြင့်တစ်နေရာတွင် တွေ့နိုင်ပါသည်။
သေချာ အာရုံမစိုက်ပါက သတိထားမိနိုင်ဖို့ ခက်ခဲပါသည်။
လုတုန်ချမ်းလည်း ကားထဲမှ ထွက်လာ၏။
ရုတ်တရက် ကားထဲမှ ဆရာကြီးနင်က အခွင့်ကောင်းယူလိုက်ပြီး အရှေ့ခုံသို့ ပြောင်းထိုင်ကာ ကားဆက်နှိုးလိုက်သည်။ ရုတ်တရက် ကားက သူတို့နှစ်ယောက် ရှိရာထံသို့ မောင်းထွက်လာသည်။
"ဟားဟား မင်းတို့နှစ်ကောင်လုံး သေပြီပဲ။ သခင်ကြီး ဘိုးဘေးဝိညာဥ်က မင်းတို့ကို သတ်တော့မှာကွ။"
သူ့မျက်လုံးများက အငြှိုးတရားများနှင့် ပြည့်နှက်နေပြီး ပြောလိုက်ပါသည်။
ယဲ့ရှောင််ချန်းနှင့် လုတုန်ချမ်းတို့သည် ဘေးဘက်သို့ အမြန်ခုန်ကာ ကားကို ရှောင်လိုက်သည်။
ကားကတောင်စွန်းမှ ချော်ထွက်ကာ အဆုံးမဲ့ ချောက်ကမ်းပါးကြီးထဲသို့ ပြုတ်ကျသွားတော့သည်။
အချိန်အတော်ကြာသောအခါ အသံကျယ်ကြီး တစ်သံထွက်လာပြီး မီးလုံးကြီးလည်း တက်လာ၏။
ကားပေါက်ကွဲသွားခြင်း ဖြစ်ပါသည်။
ယဲ့ရှောင်ချန်းနှင့် လုတုန်ချမ်းတို့ အောက်ကို ငုံ့ကြည့်ကာ အနည်းငယ် ကြက်သေ သေနေကြပါသည်။
ဒီလို ဖြစ်လာလိမ့်မည်ဟု သူတို့နှစ်ယောက်စလုံး မထင်ထားခဲ့ပါ။
"မစ္စတာယဲ့ ငါတို့အခု ဘာလုပ်ကြမလဲ။"
လုတုန်ချမ်းက ယဲ့ရှောင်ချန်းကို ကြည့်လိုက်ပြီး မေးလိုက်ပါသည်။
"ငါ ဘယ်လိုလုပ် သိမှာလဲကွ။"
ဆရာကြီးနင် တစ်ခုခုတော့ သံသယဖြစ်ဖို့ ကောင်းနေမှန်း မသဲမကွဲ ခံစားခဲ့ရသော်လည်း ဆရာကြီးနင် ဒီလောက်ထိ ရဲတင်းလိမ့်မည်ဟု မထင်ထားပါ။ သူတို့ကို သတ်ဖို့ ဆိုတာထက် ကိုယ့်ကိုယ်ကို သတ်သေချင်နေသလိုပင်။
ကြည့်ရတာ အစကတည်းက ဆရာကြီးနင်မှာ အသေခံဖို့ အဆင်သင့် ဖြစ်နေသည်ထင်ပါသည်။
သူတို့ကို အရူးလုပ်ကာ ဒီကိုရောက်လာဖို့သာ လှည့်စားခဲ့ခြင်း ဖြစ်၏။
ဆရာကြီးနင်က သတင်းကို တစ်နည်းနည်းဖြင့် ပို့ပြီးလောက်ပြီ ဖြစ်ပြီး အခုတော့ အင်မော်တယ် ပုံရိပ်ဂိုဏ်းက မလွတ်မြောက်နိုင်သည့် ထောင်ချောက်တစ်ခုကို ဆင်ပြီး သူ့ကို သတ်ဖြတ်ဖို့ ကြိုးစားနေလေပြီ။
"အဲ့ဒီငှက်က ငါတို့ကို စောင့်ကြည့်နေတာ ဖြစ်မယ်။ ငါတို့ မရှင်းနိုင်ရင် ငါတို့တည်နေရာတွေကို ရန်သူတွေ သိကုန်မယ်။"
လုတုန်ချမ်းက ပြောလိုက်ပါသည်။
ဒီအချိန်တောအတွင်း သာမန် လောက၏ အကြောင်းတချို့ကို နားလည်လာပြီး အရင်တုန်းကလို အထင်မသေးတော့ပါ။
သာမန် မော်တယ်များတွင်လည်း အင်မော်တယ် ကျင့်ကြံသူများကိုပင် ခြိမ်းခြောက်နိုင်သည့် ကြောက်စရာ လက်နက်များ ရှိနေသည်။
ထို့ကြောင့် လက်ရှိ အခြေအနေကို သူနားလည်၏။
အမှန်ပင်။ ရင်ထဲတွင်တော့ စိတ်မပူပေ။ စစ်သားတွေကို လက်နက်ဖြင့်၊ ရေတွေကို ဆည်တမံဖြင့် တားဆီးကာရံရမည်။ ဒါက အင်မော်တယ် ကျင့်ကြံလောက၏ သတ်မှတ်ချက် ဖြစ်ပါသည်။
ထိုသို့ ဖြစ်လာဖို့တောင် သူ မျှော်လင့်နေမိပါသည်။ ဘာပဲဖြစ်ဖြစ် ရှုရှန်ဓားဂိုဏ်းတွင် ဂိုဏ်းက သူ့ကို ကာကွယ်ပေးထားသဖြင့် အန္တရာယ်များ၊ တိုက်ပွဲများနှင့် သိပ်မကြုံတွေ့ဖူးပါ။
အခုတော့ တစ်ခုခု ကြီးမားတာ သူ လုပ်နိုင်တော့မည်။
ယဲ့ရှောင်ချန်းက လုတုန်ချမ်းကို ကြည့်လိုက်၏။
ဒီကောင် ဘာလို့ တိုက်ခိုက်ချင်နေတယ်လို့ ခံစားနေမိပါလိမ့်။
ကျင့်ကြံခြင်းလောကမှ လူတစ်ယောက် ဖြစ်သည့် အလျောက် သူက ပုံမှန် မဟုတ်ပါ။
ယဲ့ရှောင်ချန်း သိပ်ပြီး စိတ်ထဲ သိပ်မထားပေ။ သူ့လက်ထဲမှာလည်း ဝှက်ဖဲတစ်ခု ရှိပြီးသား ဖြစ်ပါသည်။
မဟုတ်ပါက ဒီကို စွန့်စားပြီး လာခဲ့မည် မဟုတ်ပေ။
"အမြင့်ကြီးပဲ။ အလုပ်ဖြစ်ပါ့မလား မသိဘူး။"
ယဲ့ရှောင်ချန်း သူ့မေးကို ကိုင်လိုက်ပြီး တစ်ယောက်တည်း ရေရွတ်လိုက်၏။
ရုတ်တရက် လက်ထဲမှ တစ်ခုခုကို ထုတ်ယူလိုက်သည်။
လုတုန်ချမ်းက လှည့်ကြည့်လိုက်၏။ ထိုအရာမှာ ထူးဆန်းသည့် ဗူးတစ်ခု ဖြစ်ပါသည်။
လက်သီးဆုပ်တစ်လုံး အရွယ်ရှိပြီး စက်ဝိုင်းခြမ်း သဏ္ဌာန် ရှိသည်။ အခြေက ပြားပြီး သစ်သားဖြင့် လုပ်ထားသလိုပင်။ အစိမ်းရောင်ဖြစ်ပြီး မျက်နှာပြင်ပေါ်တွင်လည်း ထူးဆန်းသည့် ပုံစံကွက်များ ရှိပါသည်။
သူ့၏ မျက်စိသူငယ်အိမ်များ ကျုံ့သွားရ၏။
ဒါက မှော်ကိရိယာတစ်ခုဖြစ်ပါသည်။
အဆင့်ကလည်း မနိမ့်ပေ။
ထိုပုံစံကွက်များက သူ့မျက်လုံးထဲတွင် ဆန်းကြယ်ပြီး ရှုပ်ထွေးသည့် စည်းချက်များဖြင့် ပြည့်နှက်နေ၏။ သူ့ဝိညာဥ်အား ဆွဲနုတ်ခံနေရသလို ခံစားရသည်။
သူ အမြန် မျက်နှာလွှဲလိုက်ရ၏။ ထပ်မကြည့်ရဲတော့ပေ။
ယဲ့ရှောင်ချန်းကတော့ ဒါကို သတိမထားမိပါ။
သူ့စိတ်ဝိညာဥ် ဆက်သွယ်ခြင်း ပါရမီကို သုံးပြီး အင်မော်တယ် ပျားအုံထဲက ဝတ်မှုန်ကူးပျားနှင့် ဆက်သွယ်လိုက်ပါသည်။
မှန်ပါသည်။ ကောင်းကင်ဘုံက ငှက်ကို ရှင်းဖို့ ဝတ်မှုန်ကူး ပျားကို အသုံးပြုမည်ဖြစ်သည်။
ပျားက အမြင့်ကြီး ပျံနိုင်ပါ့မလား။
အနည်းဆုံး မီတာထောင်ချီပြီး ပျံသန်းနိုင်ပါသည်။
ဒါက အင်မော်တယ် ပျားတစ်ကောင် ဖြစ်သဖြင့် သာမန် ပျားတစ်ကောင်နှင့် ဘယ်လိုလုပ် ယှဥ်နိုင်မည်နည်း။
ရုတ်တရက် အင်မော်တယ် ပျားအုံ ပွင့်ထွက်သွားသည်။ ထို့နောက် အနက်ရောင် အလင်းတစ်ခု ထွက်လာပြီး ကောင်းကင်ပေါ်သို့ ပျံတက်သွား၏။ အလွန်အမင်း မြန်ဆန်ပြီး ရုတ်ခြည်းဆိုသလိုပဲ ပျောက်ကွယ်သွားပါသည်။
လုတုန်ချမ်း၏ မျက်လုံးနဲ့တောင် ဝေဝေဝါးဝါး အရိပ်တစ်ခုအဖြစ်ပဲ မြင်နိုင်သည်။
သူ အလွန် စိတ်ဝင်စားမိပါ၏။ အဲ့တာ ဘာကြီးလဲ။
သို့သော်လည်း ထိုအရာလေးက သူ့ကို အလွန် အန္တရာယ်များသည့် ခံစားချက်မျိုးကို ပေးစွမ်းနေ၏။
ဝတ်မှုန်ကူးပျား ပိုဝေးသည့် နေရာတစ်ခုကို ပျံသန်းသွားလေလေ ယဲ့ရှောင်ချန်းနှင့် သူတို့အကြားကာ အဆက်အသွယ်ပိုပိုပြီး အားနည်းလာလေလေ ဖြစ်သည်။ နောက်ဆုံးတော့ လုံးဝ ပြတ်တောက်သွားပါသည်။
သူ့ရင်ထဲ တင်းမာသွာား၏။
ဝတ်မှုန်ကူးပျား သူ့မစ်ရှင်ကို အောင်မြင်အောင် လုပ်နိုင်ပြီး ပြန်လာနိုင်မည်ဟု မျှော်လင့်မိ၏။ မဟုတ်ပါက အရှုံး ကြီးမားလွန်းလှမည်။
ဒီဝတ်မှုန်ကူးပျားကို သူကိုယ်တိုင် သေသေချာချာ ပြုစုပျိုးထောင်ခဲ့ရခြင်း ဖြစ်၏။
ရုတ်တရက် စူးစူးဝါးဝါး အော်သံတစ်ခုကို သူ ကြားလိုက်ရပါသည်။
ချက်ချင်းဆိုသလို ကောင်းကင်ပေါ်က ငှက်ကြီးက ကောင်းကင်ပေါ်မှ ပြုတ်ကျလာသည်။
အောင်မြင်သွားပါပြီ။
ဝတ်မှုန်ကူးပျား၏ မေ့ဆေးအာနိသင်ဖြင့် လူတစ်ယောက်ကိုပင် မေ့သွားအောင် လုပ်နိုင်သည်။ သာမန်ငှက်တစ်ကောင်ဆိုလျှင်တော့ မပြောပလောက်ပါ။