← Chapters

အခန်း (၂၅၄) - တိုက်ခိုက်မှု

Vol. 17 Ch. 254

အခန်း (၂၅၄) - တိုက်ခိုက်မှု

Vol. 17 Ch. 254

အခန်း (၂၅၄) - တိုက်ခိုက်မှု

ဝတ်မှုန်ကူးပျားသည် သေနတ်သမား ၈ ယောက်ကို တုပ်ပြီးသွားသောအခါ သာမန်လူ မကြားနိုင်သည့် အော်သံတစ်ခုက ရုတ််တရက် ရွာနောက်က လှိုဏ်ဂူထဲမှ ထွက်လာလေသည်။

လှိုဏ်ဂူအပြင်ဘက်တွင် စောင့်ကြပ်နေသည့် အင်မော်တယ် ပုံရိပ်ဂိုဏ်းသားများ၏ မျက်နှာများ ပြောင်းလဲသွားသည်။

"မြန်မြန်လုပ်ကြ။ သူ့လူတွေကို တစ်ခုခုက အလစ် တိုက်ခိုက်နေတယ်လို့ ကျန်းလဲ့ကို အမြန်သတင်းပေးချေ။"

နတ်ဆရာအိုကြီးက အမြန်ပြောလိုက်သည်။

"ဟုတ်ကဲ့ပါ။"

ကောင်လေးတစ်ယောက်က အမြန်ပြန်ပြောပြီး ထွက်သွားသည်။

မြင်ကွင်းကောင်းသည့် နေရာတစ်ခုတွင် ကြံ့ခိုင်သည့် ခန္ဓာကိုယ်နှင့် ရုပ်ဖျက်ထားသည့် လူတစ်ယောက်က မှန်ဘီလူးတစ်လုံးဖြင့် စောင့်ကြည့်နေသည်။ သူ့ဘေးတွင် လက်နက်ကိုင် လူနှစ်ယောက် ရှိနေ၏။

စကားပြောစက်မှ သူ့လူများနှင့် ဆက်သွယ်ဖို့ ကြိုးစားသော်လည်း အကြောင်းမပြန်ကြသဖြင့် လောလောဆယ် သူ့စိတ်အခြေအနေ မကောင်းပါ။

သူ့လူတွေ တစ်ခုခု ဖြစ်သွားတာ ဖြစ်ရမည်။

သူ့လူတွေ အားလုံးက မြန်မာစစ်ပွဲတွင် ပါဝင်ခဲ့ဖူးသည့် လက်ရွေးစင်များ ဖြစ်ကြသည်။ တိုက်ရေးခိုက်ရေးတွင် အလွန်ကောင်းမွန်သူများ ဖြစ်ကြ၏။

ထိုအချိန်တွင် အင်မော်တယ် ပုံရိပ်ဂိုဏ်းသား တစ်ယော်က ပြေးလာသည်။ "ကပ္ပတိန်ကျန်း၊ ခင်ဗျားရဲ့ လူတွေကို တစ်ခုခုက တိုက်ခိုက်နေတယ်လို့ ဘိုဘေးဝိညာဥ် သတိပေးလိုက်တယ်။ သတိထားပါ။"

"ငါ သိတယ်။"

ကျန်းလဲ့ ခေါင်းငြိမ့်လိုက်ပါသည်။ သူ့မျက်နှာက ခက်ထန်နေ၏။ ဒီလိုရန်သူမျိုးက ခန့်မှန်းလို့ မရနိုင်ဘဲ သူတို့ကို ကာကွယ်ဖို့လည်း မဖြစ်နိုင်ပါ။

အခုချိန်ထိ သူ သတိမထားမိအောင် သူ့လူများကို တဖက်လူက ဘယ်လို သတ်နိုင်ခဲ့သလဲ မသိသေးပါ။

ရွေးချယ်စရာမရှိဘဲ သူ့လူတွေကို စုစည်းလိုက်ရတော့၏။

လူတွေ ပြန့်ကြဲနေပါက ရန်သူကို တစ်ယောက်ချင်း တိုက်ခိုက်နိုင်ခွင့် ပေးလိုက်သလို ဖြစ်သွားမည်။

နောက်ဆုံးတွင်တော့ ကျန်းလဲ့တစ်ယောက် တောင်နောက်သို့ သူ့လူတွေကို ဦးဆောင်သွားသည်။

၂၈ ယောက်ရှိသည့် အဖွဲ့တွင် ၁၀ ယောက် အသတ်ခံရပြီး ၁၈ ယောက်သာ ပြန်လာခဲ့၏။

အထူးသဖြင့် လက်ရွေးစင် စနိုက်ပါသမား နှစ်ယောက် ပြန်မလာတော့ပါ။

"ဂိုဏ်းခေါင်းဆောင် ရန်သူ့ပစ်မှတ်က ဘိုးဘေးဝိညာဥ်ပဲဆိုတော့ ကျုပ်တို့ ဒီနေရာကိုပဲ စောင့်ကြပ်ထားဖို့ လိုအပ်တယ်။ သူတို့ ရောက်လာကြမှာပါ။"

ကျန်းလဲ့က အေးစက်စွာ ပြောလိုက်ပါသည်။

"မင်းပြောသလိုပဲ လုပ်ကြတာပေါ့။"

နတ်ဆရာအိုကြီးက ခေါင်းငြိမ့်၏။ အင်မော်တယ် ပုံရိပ်ဂိုဏ်းသားများကို သူစုစည်းလိုက်ပြီး လှိုဏ်ဂူရှေ့တွင် ခြေပုလ္လင်ခွေ ထိုင်လိုက်ကြသည်။

ထိုအချိန်တွင် ဘိုးဘေးဝိညာဥ်က သတိထားမိသွားပြီ ဖြစ်သဖြင့် ယဲ့ရှောင်ချန်း ဝတ်မှုန်ကူးပျားကို ပြန်ခေါ်လိုက်သည်။ ဘေးကင်းလုံခြုံဖို့အတွက် ပျားကို ထပ်ပြီး မတိုက်ခိုက်ခိုင်းတော့ပါ။

သူလူ ၁၀ ယောက်သတ်လိုက်ပြီးပြီ ဖြစ်သည်။ ၂ ယောက်က စနိုင်ပါသမားများ ဖြစ်သဖြင့် ရလဒ်ကောင်းပါသည်။

"ငါတို့ လှုပ်ရှားသင့်ပြီ။"

ယဲ့ရှောင်ချန်း ပြောလိုက်ပါသည်။

လုတုန်ချမ်းက ခေါင်းငြိမ့်လိုက်၏။ သူ မစောင့်နိုင်တော့ပါ။

"သတိထားနော်။ မထိခိုက်စေနဲ့။"

ယဲ့ရှောင်ချန်းက အသိပေးလိုက်ပါသည်။

"မစ္စတာယဲ့ စိတ်မပူပါနဲ့။ ငါသတိထားပါ့မယ်။"

လုတုန်ချမ်းက ခေါင်းငြိမ့်လိုက်၏။ သူ့မျက်လုံးက စိတ်လှုပ်ရှားမှုဖြင့် အရောင်လင်းလက်သွားသည်။ လုတုန်ချမ်းသည် အလွန် လျင်မြန်သော လှုပ်ရှားမှုဖြင့် အဝေးသို့ ပျံထွက်သွားလေသည်။

"ဒီကောင် ဘာလို့ ဒီလောက် တက်ကြွနေတာလဲ။ အနားမှာ ကောင်မလေး ရှိတာလည်း မဟုတ်ဘဲနဲ့"

ယဲ့ရှောင်ချန်း ဆွံ့အသွားမိပါသည်။

ယဲ့ရှောင်ချန်းသည် ရုတ်တရက်ဆိုသလို အင်မော်တယ် ပဲစေ့ တစ်စေ့ကို ထုတ်လိုက်ပြီး မှော်စွမ်းအင်ကို ဖွင့်လိုက်၏။ ထောင်ဟုန်ဝူ လေထဲတွင် ပေါ်လာပါသည်။

"သွားတော့ ထောင်ဟုန်ဝူ ခင်ဗျားလမ်းမှာ လာပိတ်သမျှ ရန်သူတွေကို အကုန်သတ်ပြစ်လိုက်။"

ယဲ့ရှောင်ချန်း၏ မျက်နှာက တည်တံ့သွား၏။

ဒါက ပထမဆုံးအကြိမ် သူများကို သတ်ဖူးခြင်း ဖြစ်ပြီး ... စိတ်လှုပ်ရှားဖို့ ကောင်းသည်ဟု ခံစားမိ၏။

"ကောင်းပါပြီ သခင်လေး"

အရင်က ခင်မင်ရင်းနှီးသည့် အရှိန်အဝါတစ်ခု သူ့ခန္ဓာကိုယ်ထဲမှ ထွက်သွားပြီး ထောင်ဟုန်ဝူ၏ မျက်လုံးများက သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်သွားသည်။ ရုတ်တရက် လေထဲ ပျံတက်သွားပြီး ရွာနောက်ဘက်က တောင်ထဲ ရန်လိုစွာ ထွက်သွားလေသည်။

ယဲ့ရှောင်ချန်းက သတိကြီးစွာဖြင့် သူ့နောက်မှ လိုက်လာသည်။

သူ့အသက်ကို သူ အလွန်ဂရုစိုက်ပါသည်။

တချိန်တည်းမှာပင် ယဲ့ရှောင်ချန်း လက်ထဲတွင်လည်း ကျောက်စိမ်းအဆောင်တစ်ခုကို ကိုင်ထား၏။ ထိုအဆောင်မှာ ဆိုင်မှ သူဝယ်ယူထားသည့် ကာကွယ်ရေးအဆောင် တစ််ခုဖြစ်သည်။ ဖွင့်လိုက်ပါက ကာကွယ်ရေး ဒိုင်းတစ်ခု ပွင့်လာပါမည်။ ၎င်း၏ ကာကွယ်ရေး စွမ်းအားက ချီသန့်စင်ခြင်းအဆင့် ဂါထာများ၏ တိုက်ခိုက်မှုကိုတောင် ကာကွယ်နိုင်လောက်သည့်အထိ အားကောင်းပါသည်။

ဒါကြောင့်လည်း ယဲ့ရှောင်ချန်း ဒီကို လာရဲခြင်း ဖြစ်ပါသည်။

တဖက်လက်ထဲတွင်လည်း ဝိညာဥ်ပုံဆောင်ခဲ တစ်ခုကို ကိုင်ထား၏။ သူ့မှော်စွမ်းအင်ကို ပြည်ဖြည့်ဖို့အတွက် ဖြစ်ပါသည်။

ရုတ်တရက်ပြင်းထန်သည့် သေနတ်သံများ ရှေ့တန်းမှ ထွက်လာ၏။ စူးရှသည့် ဝီစီသံလည်း ပါသည်။

ထောင်ဟုန်ဝူ လက်နက်ကိုင်လူများကို တိုက်ခိုက်နေတာ သေချာပါသည်။

လှိုဏ်ဂူ အပြင်ဘက်တွင် ကျန်းလဲ့က ပြင်ဆင်ပြီးရုံသာ ရှိသေးသည်။ ရုတ်တရက်ကြီး ပုံရိပ်တစ်ခုက မင်သက်စရာ အမြန်နှုန်းဖြင့် ချဥ်းကပ်လာပြီး အသံပေါက်ကွဲမှု တစ်ခုပင် ဖြစ်စေခဲ့သည်။

သူ ဖြတ်သွားသည့် နေရာတိုင်းတွင် အိမ်များ ပျက်စီးသွားကာ သစ်ပင်များ ပြိုလဲနေကြသည်။

ကျန်းလဲ့၏ သူငယ်အိမ်များ ကျဥ်းသွားပြီး ပစ်ခတ်ဖို့ အမိန့်ကို ပေးလိုက်သည်။

တကယ်တော့ သူ အမိန့်ပေးစရာတောင် မလိုပါ။ တခြားသူများက သေနတ်များဖြင့် ထိုပုံရိပ်ကို ချိန်ရွယ်နေကြပြီ ဖြစ်ပါသည်။

ခဏလောက်အထိ သေနတ်သံများ ဆူညံခဲ့ကြ၏။

သို့သော်လည်း ထိုပုံရိပ်ကို ကျည်ဆံများက မထိနိုင်ပါ။ ထိုကျည်ဆံများက ဘာမှမဖြစ်သလို သူ့ခန္ဓာကိုယ်ကို ဖြတ်သန်းသွားပါသည်။

ကျန်းလဲ့၏ မျက်နှာ အတော်လေး ပျက်ယွင်းနေပါပြီ။

ဘုန်း…

နောက်ဆုံးတော့ လှိုဏ်ဂူထဲက ပုံရိပ်နောက်တစ်ခု ပြေးထွက်လာပြီး သူ့ပုံစံကလည်း ထင်ထင်ရှားရှား ပေါ်လွင်လာ၏။ မုတ်ဆိတ်နက်ဖြင့် အဘိုးကြီးတစ်ယောက်ဖြစ်သည်။ အရပ်ရှည်ပြီး ကြီးကျယ်ခမ်းနားသည့်ပုံပေါ်သည်။

အင်မော်တယ် ပုံရိပ်ဂိုဏ်းသားများသည် ထိုအဘိုးကြီး၏ ပုံရိပ်ကို မြင်သောအခါ သူတို့အားလုံး၏ မျက်နှာတွေ ဖြူရော်သွားကြပါသည်။

အဘယ့်ကြောင့်ဆိုသော် သူ့ပုံစံက လှိုဏ်ဂူထဲက ဘိုးဘေးဝိညာဥ် ရုပ်တုကြီးနှင့် အလွန် ချွတ်စွပ်တူနေပါသည်။

"ဒါငါ့ ကိုယ်ပွားကွ။ သူများက ထိန်းချုပ်နေရတယ်လို့။ လခွီးပဲ မြန်မြန်တိုက်ခိုက်ကြစမ်း။"

ဘိုးဘေးဝိညာဥ်ကြီး၏ အသံက အင်မော်တယ် ပုံရိပ်ဂိုဏ်းသားများ၏ အာရုံထဲတွင် ပဲ့တင်သံထပ်သွားသည်။

တချိန်တည်းမှာပင် မမြင်နိုင်သည့် ဝိညာဥ် မုန်တိုင်းတစ်ခုက လှိုဏ်ဂူထဲမှ ခုန်ထွက်လာပြီး ထောင်ဟုန်ဝူ၏ စွမ်းအားနှင့် ပွတ်တိုက်သွားသည်။

ထောင်ဟုန်ဝူ၏ ခန္ဓာကိုယ်မှာ သတ်ဖြတ်လိုစိတ်ဖြင့် ပွင့်ထွက်သွားပြီး  ရုတ်တရက် တုန်ခါသွားကာ အနီးဆုံးတွင် ရှိနေသည့် လက်နက်ကိုင် လူတစ်ယောက်အား ဆွဲကိုင်ပြစ်လိုက်သည်။

ထိုလက်နက်ကိုင်လူက အော်ဟစ်နေပြီး လက်ထဲက သေနတ်ထဲမှလည်း ကျည်ဆံများ တရစပ်ပစ်နေသည်။ သို့သော် အသုံးမဝင်ပါ။

မျက်တစ်မှိတ်အချိန်အတွင်း ထောင်ဟုန်ဝူ၏ သတ်ဖြတ်လိုစိတ်နှင့် လက်က ထိုလူ၏ ခန္ဓာကိုယ်ကို  ဆုပ်ကိုင်ပြစ်လိုက်သည်။ ထိုလူ၏ ခန္ဓာကိုယ် တုန်ယင်သွားပြီး မျက်နှာက ဖြူဖတ်သွား၏။ မြေပေါ်သို့ ပြုတ်ကျသွားပြီး ခန္ဓာကိုယ် တွန့်သွားခဲ့သည်။

ထိုအချိန်တွင် အင်မော်တယ် ဂိုဏ်းသား အားလုံးက နေရာယူထား၏။ သူတို့က လျှို့ဝှက် နည်းလမ်းတစ်ခုကို သုံးနေသလိုပင်။ လက်ထဲတွင် အမွှေးတိုင်များကို ကိုင်ထားကြ၏။

ထိုအမွှေးတိုင်များက ပုံမှန် မဟုတ်ဘဲ ထူထပ်ကာ နီရဲနေသသည်။

အမွှေးတိုင်များအား မီးညှိထားသဖြင့် မီးခိုးကွင်းများက တက်လာပြီး ပျောက်ကွယ်မသွားပါ။

အင်မော်တယ် ပုံရိပ်ဂိုဏ်းသားများ အားလုံးက တစ်ခုခုကို ရေရွတ်နေကြသည်။ သူတို့၏ မျက်နှာထားများက ခက်ထန်နေကြပြီး မျက်လုံးများကို မှိတ်ထားကြသည်။

ရုတ်တရက် စုစည်းနေသည့် မီးခိုးများက ပိုပိုပြီး ထူလာကာ နောက်ဆုံးတွင်တော့ လူသား ပုံရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။

ထိုလူသား ပုံရိပ်မှာလည်း ထောင်ဟုန်ဝူနှင့် အလွန် ဆင်တူပါသည်။

စူးရှသည့် လေချွန်သံတစ်ခု ထွက်လာပြီး ထိုလူသားပုံရိပ်မှာ ရုတ်တရက် ပျံထွက်သွားသည်။ မီးခိုးငွေ့တန်းတစ်ခုက သူ့ထံမှ ထွက်နေပြီး လောင်ကျွမ်းနေသည့် အမွှေးတိုင်များနှင့် ဆက်နွယ်နေသည်။ ကြည့်ရတာ အမွှေးတိုင်များက လူသားပုံရိပ်၏ ဖြစ်တည်မှုကို အထောက်အပံ့ ပေးနေသည့်ပုံပင်။

ထိုအချိန်တွင် ထောင်ဟုန်ဝူအား လုံးဝ မနှိမ်နင်းနိုင်ကြတော့ပါ။ သေနတ်နှင့် ကျည်ဆံများက လုံးဝ အသုံးမဝင်ပါ။ ထောင်ဟုန်ဝူသည် အထိအခိုက် မရှိဘဲ တိုက်ခိုက်နေ၏။ အန္တရာယ် အရှိန်အဝါ တစ်ခုကြောင့် နောက်ထပ် လက်နက်ကိုင် လူငါးယောက် ဆွဲယူခံလိုက်ရပြီး မြေပေါ်သို့ ပြုတ်ကျကာ အသက်မျော့မျော့သာ ရှိတော့၏။

လူသားသဏ္ဌာန် မီးခိုးငွေ့တစ်ခု ပျံသန်းလာသောအခါ ပဲစေ့စစ်သည်တော် ထောင်ဟုန်ဝူ နောက်ဆုံးတော့ လူတွေကို တိုက်ခိုက်တာ ရပ်တန့်သွားခဲ့ပါသည်။

ထိုလူသား ပုံရိပ်ကို ကြည့်လိုက်၏။

ကျန်းလဲ့နှင့် အခြားသူများက စိတ်အေးစွာ သက်ပြင်းချလိုက်မိပါသည်။ ဒီမကောင်းဆိုးဝါးကြီးက ကြောက်ဖို့ ကောင်းလွန်းပါသည်။ ကျည်ဆံများတောင် အသုံးမဝင်ပေ။ လုံးဝ မသတ်ဖြတ်နိုင်ပါ။

ရုတ်တရက် လူသားပုံရိပ်တစ်ခု ထောင့်တစ်နေရာမှ ပေါ်လာသည်။ မှော်ဓားတစ်လက်က သူ့လက်ထဲပေါ်လာသည်။ အလင်းပေါက်နေသလို ဖြစ်ပြီး ရုတ်ချည်းလှုပ်ရှားမှု တစ်ခုဖြင့် အချိန်မှီ မလှုပ်ရှားနိုင်သော လက်နက်ကိုင်တစ်ယောက်ကို ဓားက ဖောက်ထွက်သွား၏။

တခြားသူများ တုန့်ပြန်လိုက်သောခါ လူသား ပုံရိပ်က ပြန်ဆုတ်သွားပြီး ပျောက်ကွယ်သွားပြီဖြစ်သည်။ ကျည်ဆံများကလည်း လေထဲတွင်သာ ပျံဝဲကုန်၏။

ထိုအချိန်တွင် ထောင်ဟုန်ဝူနှင့် တခြား လူသား ပုံရိပ်တစ်ခုက အချင်းချင်း ရင်ဆိုင်နေကြသည်။

သူတို့ တိုက်ခိုက်လိုက်တိုင်း သတ်ဖြတ်လိုသည့် အရှိန်အဝါကြီးများက ပျံ့နှံ့သွားသည်။ သူတို့ ဖြတ်သန်းသွားသည့်နေရာတိုင်း လက်နက်ကိုင်များက ကြက်သီးထသွားကြသည်။ ဆောင်းရာသီ ရောက်နေပြီး သူတို့ကိုယ်ပေါ်က အဝတ်အစားများကလည်း အသုံးမဝင်သလိုပင်။

"ငါ့ကိုယ်ပွား၊ မင်း ဘာနဲ့ပဲ ကြုံတွေ့လာခဲ့ လာခဲ့၊ ဘိုးဘေးကြီးဆီ ပြန်လာခဲ့စမ်း။"

စူးရှသည့် လေချွန်သံဖြင့် လူသားပုံရိပ်မှာ ရုတ်တရက် မီးခိုးများစွာ အဖြစ်ပြန်ပြောင်းလဲသွားပြီး သံကြိုးများအဖြစ် ပြောင်းလဲသွားသည်။ ထိုသံကြိုးများက ထောင်ဟုန်ဝူကို အရပ်မျက်နှာပေါင်းစုံမှ ရစ်ပတ်လိုက်လေသည်။

All Chapters