← Chapters

Chapter(99)

Vol. 7 Ch. 99

Chapter(99)

Vol. 7 Ch. 99

အသန့်စင်ဆုံးစနစ် အခန်း(99)

နတ်ဆိုးအသူရာဂိုဏ်း၏ အကြီးအကဲပိုင်ရွှင်းသည် ဟို့ကန်းကို ဆေးတစ်လုံးတိုက်ကာ ခေါ်ဆောင်သွားခဲ့သည်။ချောင်ဖုန်းကိုယ်ပွားသည် လူအုပ်စုကြားထဲသို့ ပြန်လည်တိုးဝင်သွားလေသည်။

ဟို့ကန်းသည် တစ်ချက်ထဲနဲ့ပင် ရှုံးသွားတာကြောင့် မဟာအင်ပါယာတိုင်းပြည်ရှိ မင်းသမီးတစ်ပါးဖြစ်သော ယဲ့ရှီဖုန်းသည် သူ့ဘေးမှအသက်ခြောက်ဆယ်အဖိုးအိုအား "ဆရာကဲမင်.......အဲ့လူရဲ့ သိုင်းအဆင့်ကို ခံစားလို့ရလား " ဟု မေးလိုက်သည်။

ကဲမင်သည် "ငါက နတ်နယ်ပယ်အစောပိုင်းအဆင့်ရောက်နေတာတောင် ဘာလို့အဲ့ကောင်လေးရဲ့ စွမ်းအားအငွေ့အသက်ကို မခံစားရတာလဲ" ဟု တွေးလိုက်ပြီး ယဲ့ရှီဖုန်းအား ချောင်ဖုန်းကိုယ်ပွား၏ စွမ်းအားအငွေ့အသက်ကို မသိရှိဘူး ဟု ပြောလိုက်သည်။

ထိုအခါ ယဲ့ရှီဖုန်းသည် "ဆရာကဲမင်......အဲ့တာဆို အဲ့လူက နတ်နယ်ပယ်အဆင့်ကို ရောက်ရှိနေတာလား...... " ဟု မေးလိုက်သည်။ကဲမင်သည် ခေါင်းခါပြလိုက်ပြီး "မင်းသမီးရှီဖုန်း.....ဒီပြိုင်ပွဲစင်မှာ သတ်မှတ်ထည့်သွင်းထားတဲ့ အစီအရင်တစ်ခုရှိတယ် " လို့ ပြောပြကာ အစီအရင်အကြောင်း ရှင်းပြလိုက်သည်။

ထိုအစီအရင်ကတော့ သိုင်းနယ်ပယ်အဆင့်မတူဘဲ ယှဥ်ပြိုင်ခွင့်မရှိသည့် အစီအရင်ဖြစ်တယ်ဟု ပြောပြလိုက်ပြီး ချောင်ဖုန်းကိုယ်ပွားသည် စွမ်းအားအရှိန်အဝါကို ဖျောက်ပေးထားနိုင်သော ဆေးလုံးတစ်မျိုးမျိုးကို သောက်ထားတာ ထင်သည်ဟု ယဲ့ရှီဖုန်းအား ပြောပြလိုက်သည်။

ကဲမင်သည် ချောင်ဖုန်းရဲ့ လျင်မြန်နှုန်းအရှိန် နှင့် တစ်ချက်ထဲနဲ့ အနိုင်ယူနိုင်စွမ်းကိုတော့ အံ့အားသင့်နေခဲ့သည်။ယဲ့ရှီဖုန်းသည် သူ့နောက်က စစ်သည်တော် တစ်ယောက်အား ခေါ်လိုက်ပြီး ဝတ်ရုံနက်ခြုံထားသော ချောင်ဖုန်းကို စောင့်ကြည့်ခိုင်းထားခဲ့သည်။

ရွီးယန်းသည် ရုတ်တရက် သတိရလာတဲ့အခါ လူအများအပြားက သူ့ကို သူတောင်းစားသဖွယ် ကြည့်နေသောကြောင့် ရှက်ရှက်နဲ့ ထိုနေရာမှ ရှောင်ပြေးထွက်ခွာသွားလေသည်။

ထို့နောက် ဓားဘုရင်ဂိုဏ်းမှ အကြီးအကဲခန်းကျစ်သည် ပြိုင်ပွဲစင်ပေါ်သို့ ရောက်ရှိလာပြီး သူ့ကိုယ်သူအရင်ဆိုး မိတ်ဆက်လိုက်သည်။ထို့နောက် သူတို့ဓားဘုရင်ဂိုဏ်း၏ ပါရမီရှင် ရွေးပွဲကို စတင်ဖို့ ကြေညာလိုက်သည်။

ထိုအခါ ဓားပျံများဖြင့် လူဆယ်ယောက်ကျော် ရောက်ရှိလာပါသည်။ထိုလူဆယ်ယောက်လုံးသည် ဧကရာဇ်နယ်ပယ်အဆင့်ကိုပင် မရောက်ရှိကြသေးပေ။ထိုဆယ်ယောက်ထဲတွင် ချစ်စရာကောင်းသော မိန်းမပျိုများစွာပါဝင်နေသောကြောင့် အားလုံးသည် စိတ်ဝင်တစားဖြင့် ကြည့်ရှုကြကုန်သည်။

ထိုဆယ်ယောက်သည် ခန်းကျစ်နားသို့ ရောက်တဲ့အခါ "အကြီးအကဲခန်းကျစ်ကို အရိုအသေပေးပါတယ် " ဟု ပြောကာ နှုတ်ဆက်လိုက်သည်။ခန်းကျစ်သည် ခေါင်းငြိမ့်ပြလိုက်ပြီး ဝိညဥ်စွမ်းအင်စစ်ဆေးပေးသည့် ဝိညဥ်စွမ်းအင်အမြူတေ ဟု ခေါ်သော ရတနာပစ္စည်းကို တစ်ခုကို ထုတ်လိုက်သည်။

ထိုဝိညဥ်စွမ်းအင်အမြူတေ အတွင်းသို့ ဝိညဥ်စွမ်းအင် ထည့်သွင်းလိုက်တာနဲ့ ဝိညဥ်စွမ်းအားအမှတ်ကို သိရှိနိုင်မည်ဖြစ်သည်။ထိုအခါ ပထမဆုံးတစ်ယောက်သည် ခန်းကျစ်ကို အရိုအသေပြုပြီး ဝိညဥ်စွမ်းအေအမြူတေ အတွင်းသို့ သူ့ရဲ့ ကိုယ်ပိုင်ဝိညဥ်စွမ်းအားကို ထည်သွင်းလိုက်သည်။

ထိုအခါ ဝိညဥ်စွမ်းအင်အမြူတေမှ အမှတ်​ငါးဆယ့်ကိုး ဟုသော နံပါတ်သည် ပေါ်လာလေသည်။ထိုလိုနဲ့ တစ်ယောက်ပြီးတစ်ယောက်စစ်ဆေးလေသည်။သို့သော်လည်း ထိုလူတွေအားလုံးသည် ပုံမှန်လောက်ပဲ ဝိညဥ်စွမ်းအားဖြစ်နေတဲ့ အတွက် ကဲ့ရဲ့ဝေဖန်မှုများထွက်ပေါ်လာလေသည်။

အသူနာနတ်ဆိုးဂိုဏ်း၏ အကြီးအကဲပိုင်ရွှင်းသည် "ဓားဘုရင်ဂိုဏ်းက သူတို့ကိုယ်သူတို့ အရှက်ခွဲနေတာလား " ဟု ရေရွတ်လိုက်သည်။ထိုချိန်မှာ ခန်းကျစ်သည် ပြုံးလိုက်ပြီး "ဆရာတူအကိုမုန့်ယွင်......ဒီလူတွေကို အံ့အားသင့်သွားအောင်လုပ်ဖို့ အချိန်တန်ပြီ" ဟု ပြောလိုက်သည်။

ထိုအခါ ခန်းကျစ်နောက်မှ မုန့်ယွင်ဟုခေါ်သောလူသည် ထွက်လာပြီး "သေချာတာပေါ့.....ဆရာတူညီလေး ၊ ခဏနေရင် ငါတို့ဖြစ်ချင်သလိုဖြစ်လာမှာပါ " ဟု ပြောလိုက်သည်။မုန့်ယွင် ထွက်ခွာလာတဲ့အခါ ဘုရင်နယ်ပယ်အဆင့် ဆယ်ယောက်သည် ဖျော်ဖြေပွဲ တစ်ခု သက်သက်ဆိုတာ သိရှိသွားကြသည်။

ထို့နောက် မုန့်ယွင်သည် သူသိုလှောင်ကွင်းနောက်မှ လူပုံစံအရာတစ်ခုကို ထုတ်လိုက်လေသည်။ထိုအခါ ကြည့်နေသော လူများသည် မိန်းမပျိုလေးများ မဟုတ်တော့ဘဲ ထိုအရာပစ္စည်းကို ကြည့်လိုက်ကြကာ မယုံကြည်နိုင်စွာဖြင့် "ရုပ်သေးရုပ် တစ်ခုလား........ " ဟု ပြောလိုက်သည်။

မဟာအင်ပါယာတိုင်းပြည်အတွင်းရှိ ဂိုဏ်းများသာမက တော်ဝင်မိသားစုများပင် မတ်တပ်များပင် ရပ်ကာ ထိုရုပ်သေးရုပ်ကို ကြည့်တာ "အဲ့တာ တကယ်ပဲ ရုပ်သေးရုပ် အစစ်အမှန်ပဲ " ဟုပြောကာ

သူတို့စိတ်ထဲတွင် လိုချင်တပ်မက်မှုများဖြစ်ပေါ်ကျလေသည်။

ဓားဘုရင်ဂိုဏ်းမှ အကြီးအကဲများ အားလုံးကတော့ ပြုံးပြုံးရွှင်ရွှင်ဖြစ်နေကြလေသည်။မုန့်ယွင်ထုတ်လိုက်သော အရာသည် အမှန်တကယ်ရုပ်သေးရုပ်အစစ်အမှန်ပင် ဖြစ်ပြီး သူ့တို့ဂိုဏ်း၏ ပထမဆုံးဖန်တီးနိုင်ခဲ့သည် ရုပ်သေးရုပ်တစ်ရုပ်ပင်ဖြစ်သည်။

ဓားဘုရင်ဂိုဏ်းသည် ရတနာပစ္စည်းများသတင်းကြားသိရလျှင် ထိုနေရာကို အကြီးအကဲများကို စုံစမ်းဖို့အတွက် စေလွှတ်လေ့ရှိသည်။

ထိုရတနာများထဲတွင် ရုပ်သေးရုပ် ဖန်တီး တည်ဆောက်နိုင်သော

စာအုပ်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။

ထိုရုပ်သေးရုပ်ဖန်တီးဖို့အတွက် ဓားဘုရင်ဂိုဏ်းသည် အချိန်ပေါင်းများစွာ ပေးခဲ့ရပြီး နောက်ဆုံးမှာတော့ သူတို့အောင်မြင်စွာ ဖန်တီးနိုင်ခဲ့သည်။မုန့်ယွင်သည် သူနဲ့ချိတ်ဆက်ထားသော ရုပ်သေးရုပ်ကို အသက်သွင်းလိုက်သည့်အခါ ရုပ်သေးရုပ်ရဲ့ မျက်လုံးသည် ဖျက်ခနဲ

ပွင့်သွားပြီး လေပေါ်သို့ အေးဆေးပျံတက်သွားလေသည်။

ထိုအခါ ရုပ်သေးရုပ်သည် ဧကရာဇ်နယ်ပယ်အဆင့်ကဆိုတာ အားလုံးသည် သိရှိသွားကြသည်။ထို့နောက် ဓားဘုရင်ဂိုဏ်းမှ အကြီးအကဲသုံးယောက်သည် ဓားပျံများစီးကာ ရောက်ရှိလာပြီး ရုပ်သေးရုပ်ကို ဝိုင်းထားလိုက်သည်။

ထို့နောက် သူတို့ရဲ့ ဓားများကို လက်ထဲသို့ ဆုပ်ကိုင်လိုက်ကြပြီး ဓားချီအလင်းတန်းဖြင့် ရုပ်သေးရုပ်ကို တိုက်ခိုက်လိုက်ကြသည်။ရုပ်သေးရုပ်သည် ပြန်လည်မခုခံဘဲ ထိုဓားချီ သုံးချက်ကို ခံယူလိုက်ပင်မယ့် ဘာမှ ဖြစ်မသွားတဲ့အခါ ကြည့်နေသော လူများသည် ​ရုပ်သေးရုပ် ခုခံနိုင်မှု အပိုင်းကို အထင်ကြီးသွားသည်။

ထို့နောက် အကြီးအကဲသုံးယောက်သည် ရုပ်သေးရုပ်၏ ရှေ့တည့်တည်မှာ နေရာယူလိုက်ပြီး သုံးယောက်လုံးသည် တစ်ပြိုင်နက် ကိုယ်ပိုင်လက်သီးစွမ်းအားဖြင့် ထိုးချလိုက်သည်။ဒီတစ်ကြိမ်မှာတော့ မုန့်ယွင်သည် ရုပ်သေးရုပ်အား ကိုယ်ပိုင်လက်သီးစွမ်းအားဖြင့် တိုက်ခိုက်ဖို့ စေခိုင်းလိုက်သည်။

ရုပ်သေးရုပ်သည် အကြီးအကဲသုံးယောက်ကဲ့သို့ ကိုယ်ပိုင်လက်သီးစွမ်းအားဖြင့် ထိုးချလိုက်တဲ့အခါ အကြီးအကဲသုံးယောက်၏ ကိုယ်ပိုင်လက်သီးစွမ်းအားကို ချေဖျက်သွားပြီး အကြီးအကဲသုံးယောက်ရှိသို့ ကျရောက်သွားလေသည်။

အကြီးအကဲသုံးယောက်သည် ဝိညဥ်စွမ်းအားကို ဒိုင်းကာပုံစံဖန်တီးလိုက်ပင်မယ့် ရုပ်သေးရုပ်၏ ကိုယ်ပိုင်လက်သီးစွမ်းအင်အား တစ်စက္ကန့်တောင် မခံနိုင်ဘဲ ပျက်စီးသွားကာ သုံးယောက်လုံးသည် လေပေါ်မှ ပြုတ်ကျသွားကြလေသည်။

ထိုအခါ နောက်ထပ်အကြီးအကဲများ ထွက်လာကြပြီး မြေပေါ်တွင် သတိလစ်သွားသော အကြီးအကဲ သုံးယောက်အား သယ်ယူကာ ခေါ်ဆောင်သွားကြသည်။

ထို့နောက်မုန့်ယွင်သည် ရုပ်သေးရုပ်ကို သူ့အနားမှာ ပြန်နေစေခိုင်းလိုက်ပြီး အသက်သွင်းတာကို ရပ်တန့်လိုက်တဲ့အခါ ရုပ်သေးရုပ်သည် မျက်လုံးပြန်မှိတ်၍ သွားလေသည်။ထိုအခါ လာရောက်ကြည့်ရှု့ သောလူများသည် ရုပ်သေးရုပ်အား ရောင်းရန် အော်ဟစ်ကာမေးမြန်းကြလေသည်။

ထိုအခါ မုန့်ယွင်သည် "အားလုံးတိတ်တိတ်လေးနေပေးကြပါ......ဒီရုပ်သေးရုပ်နဲ့ပက်သက်ပြီး ဆွေးနွေးချင်တယ် ဆိုရင် ကျွန်တော်တို့ဓားဘုရင်ဂိုဏ်းကို သီးသန့် ဆက်သွယ်ဖို့လိုပါလိမ့်မယ် " ဟု ပြောလိုက်သည်။

ဓားဘုရင်ဂိုဏ်းသည် ထိုရုပ်သေးရုပ်မှ အမြတ်ထုတ်ဖို့အတွက် ကြိုးစားနေချင်မှန်း အားလုံးသိရှိသွားကြသော်လည်း ရုပ်သေးရုပ်ကို လိုချင်နေကြသည့်အတွက် ဂိုဏ်းအသီးသီးနဲ့ တော်ဝင်မိသားစု တွေသည် သူတို့၏ တပည့်များကို ဓားဘုရင်ဂိုဏ်းကို သီးသန့် ဆက်သွယ်ဖို့ အတွက် အမိန့်ပေးလိုက်သည်။

ထို့နောက်မုန့်ယွင်သည် ရုပ်သေးရုပ်ကို အသက်ပြန်သွင်းလိုက်တဲ့အခါ အားလုံးသည် ဘာထပ်လုပ်ပြမလဲ ဆိုတာ သိချင်နေကြသည်။ထိုချိန်မှာ မိန်းမပျိုတစ်ယောက်သည် လေထဲမှ ပျံသန်းလာတာကို တွေ့လိုက်ရပြီး အဖြူရောင်ဇာပုဝါလေးကို မျက်နှာအောက်တစ်ခြမ်းတွင် တပ်ဆင်ထားလေသည်။

ချောင်ဖုန်းသည် ထိုမိန်းမပျိုလေးကို မြင်မြင်ချင်း ကုရှောင်ဆိုတာမှန်းသိရှိနေပင်မယ့် လေထဲမှ ပျံသန်းလာတဲ့အတွက် အံ့အားသင့်သွားပြီး "သူက ဧကရာဇ်နယ်ပယ်အဆင့်ကို ရောက်ရှိနေတာလား.... " ဟု တွေးလိုက်သည်။

ထို့နောက်ချောင်ဖုန်းသည် "မဟုတ်မှလွဲရော သူက နဂါးမင်းအမှတ်တံဆိပ်စွမ်းအားကို အသုံးပြုနိုင်သွားတာလား " ဟု ရေရွတ်လိုက်သည်။ထိုချိန်မှာ ကုရှောင်သည် ဓားတစ်ချောင်းကို ကိုင်ကာ လေပေါ်မှာ ရပ်စောင့်နေလေသည်။

ကုရှောင်ရောက်ရှိလာတာနဲ့ ဓားဘုရင်ဂိုဏ်း၏ နတ်နယ်ပယ်အဆင့်ရှိသော အကြီးအကဲများနှင့် ဧကရာဇ်နယ်ပယ်အဆင့် အကြီးအကဲများသည် ကုရှောင်အား ကြားလူဝင်တိုက်ခိုက်မည့်ရန်ကို ကာကွယ်ရန် ထပ်ရောက်လာတာကို သိလိုက်ကြရသည်။

မုယွင်သည် ရုပ်သေးရုပ်ကို ထပ်မံပြီး ကုရှောင်နဲ့ တိုက်ခိုက်ဖို့ စေခိုင်းလိုက်တဲ့အခါ ရုပ်သေးရုပ်သည် လေပေါ်သို့ ပျံတက်သွားပြီး ကုရှောင်နဲ့ မနီးမဝေး နေရာတစ်ခုတွင် ရပ်တန်းလိုက်သည်။

ထိုအခါ ကုရှောင်သည် သူ့၏ နဂါးမင်းအမှတ်တံဆိပ်စွမ်းအင်အား အသုံးပြုလိုက်တဲ့အခါ ဧရာမနဂါကြီးတစ်ကောင်သည် ဝိညဥ်စွမ်းအင်ပုံစံနဲ့ မတူဘဲ အစစ်အမှန်နဂါးကြီးတစ်ကောင်ကဲသို့ ကုရှောင်နောက်တွင် ရစ်ခွေစွာ ပေါ်လာခဲ့ပြီး မျက်လုံးအကြီးကြီးများဖြင့် လူများကို လိုက်လံ ကြည့်ရှုနေလေသည်။

All Chapters