chapter(100)
Vol. 7 Ch. 100
အသန့်စင်ဆုံးစနစ် အခန်း(100)
ထိုအခါ ကုရှောင်သည် နဂါးမင်းတံဆိပ်ဂိုဏ်း၏ နဂါးမင်းအမှတ်တံဆိပ်စွမ်းအင်ကို အမွေဆက်ခံရရှိထားသော မိန်းကလေးဖြစ်မှန်းသိရှိ သွားကြသည်။ပါးရှန်းဂိုဏ်း ၊ အသူရာနတ်ဆိုးဂိုဏ်း ၊ ကြယ်တယာနန်းတော်ဂိုဏ်း နှင့် တခြား ဂိုဏ်းငယ်ဂိုဏ်းကြီးများသည် ဓားဘုရင်ဂိုဏ်းက ထူခြားသောပါရမီရှင်ကို ရရှိသွားတဲ့အတွက် မနာလို ဖြစ်နေကြလေသည်။
ထို့အပြင် ဓားဘုရင်ဂိုဏ်းနဲ့ နဂါးမင်းတံဆိပ်ဂိုဏ်းသည် နဂိုကထက် ဆက်ဆံရေး ပိုမိုကောင်းမွန်လာနိုင်တာကို ခန့်မှန်းလိုက်ကြသည်။
ထိုချိန်မှာ ရုပ်သေးရုပ်သည် သူ့၏ ကိုယ်ပိုင်လက်သီးစွမ်းအားဖြင့် ကုရှောင်အား ထိုးချလိုက်သည်။
ထိုအခါ ကုရှောင်သည် ဓားချီစွမ်းအင်အား ပေါ့ပေါ့ပါးပါး ခုတ်ချလိုက်တဲ့အခါ သူ့နောက်မှ နဂါးကြီးသည် တရှိန်ထိုး ရုပ်သေရုပ်ကို ပြေးဝင် တိုက်ခိုက်လေသည်။ထိုဧရာမ နဂါးကြီးသည် ရုပ်သေးရုပ်ရဲ့ ကိုယ်ပိုင်လက်သီးစွမ်းအားကို ဖျက်စီးပစ်လိုက်ပြီး သူ့ခန္ဓာကိုယ်ဖြင့် ရုပ်သေးရုပ်ကို ပတ်ခွေထားလိုက်သည်။
သို့သော်လည်း ရုပ်သေးရုပ်သည် ထိုနဂါးကြီး ချုပ်နှောင်ထားသည့်အထဲမှ အလွယ်တကူ ထွက်ခွာသွားပြီး နဂါးကြီးအား ပြန်လည်တိုက်ခိုက်လေသည်။
နဂါးကြီးနှင့်ရုပ်သေးရုပ်၏ စွမ်းအင်သည် တန်းတူ ရှိနေသော ကြောင့် အချိန်ကြာစွာ တိုက်ခိုက်သော်လည်း နှစ်ဖက်လုံးသည် ခုခံမှုအပိုင်းမှာ အလွန်အားကောင်းသောကြောင့် မုန့်ယွင်နဲ့ကုရှောင်သည် တိုက်ခိုက်မှု ရပ်တန့်လိုက်ရသည်။
အားလုံးသည် နဂါးမင်းအမှတ်တံဆိပ်စွမ်းအား ပိုင်ရှင်ရဲ့ တိုက်ခိုက်မှုကို ခံနိုင်သော ရုပ်သေးရုပ်ကို ပို၍ပင် လိုချင်သွားကြလေသည်။
ထို့နောက် ကုရှောင်သည်လည်း လေပေါ်သို့ ပျံတန်းတက်သွားခဲ့ပြီး မုန့်ယွင်လဲ ရုပ်သေးရုပ်အား ပြန်သိမ်းထားလိုက်သည်။
ထို့နောက် မကျေနပ်သောသူများသည် အချင်းချင်း စိန်ခေါ်တိုက်ခိုက်ကြပြီး တချို့ကတော့ ကိုယ့်ဂိုဏ်းကို ပြန်သွားကြလေသည်။ကျင်းမင်လီသည် အနက်ရောင်တံဆိပ်ပြားများ ရှိကြသော လို့ဝှက်ထောက်လှမ်းရေးအဖွဲ့ဝင်များသာ ကြားနိုင်သည့် အသံစွမ်းအင်လှိုင်းတစ်မျိူး ဖြင့် ပြောလိုက်ပြီး ချောင်ဖုန်းတို့အား တစံအိမ်တစ်ခုသို့ ခေါ်ဆောင်သွားခဲ့သည်။
ထိုနေရာကတော့ မဟာအင်ပါယာတိုင်းပြည်ရှိ သိုဝှက်သော အခန်းတစ်ခုဖြစ်သည့် ကျင်းမင်လီ၏ ကိုယ်ပိုင်စံအိမ်တစ်ခုပင် ဖြစ်လေသည်။ကျင်းမင်လီသည် မဟာအင်ပါယာတိုင်းပြည်တွင် ကုန်သွယ်ရေးသမားအဖြစ် ဟန်ဆောင်၍ နေထိုင်ခဲ့တာ နှစ်ပေါင်းအတော်ကြာနေပြီဖြစ်သည်။
ကျင်းမင်လီသည် ချောင်ဖုန်းတို့စီမှ သတင်းအချက်အလက်များကို မေးမြန်းကြည့်လိုက်သည်။အားလုံးဖြေကြားပြီးတဲ့နောက် ကျင်းမင်လီသည် သူအရက်အိုးလေးကို သောက်လိုက်ပြီး "မင်းတို့စုံစမ်းထားတဲ့.......သတင်းအချက်အလက်တွေက မှန်ကန်လို့လား.... " ဟု မေးလိုက်သည်။
ထိုအခါ အယောက်နှစ်ဆယ်ကျော်သာ ကျန်တော့သည် လို့ဝှက်ထောက်လှမ်းရေးအဖွဲ့ဝင်များသည် သူတို့စုံစမ်းထားတာ မှန်ကန်ကြောင်း ပြန်ပြောလိုက်သည်။ချောင်ဖုန်းတို့သည် အနက်ရောင်တံဆိပ် တာဝန်အား ထမ်းဆောင်သောသူများသည် ဖမ်းမိသွားတဲ့အတွက် သူတို့ကိုယ်သူတို့ အဆုံးစီရင်သွားခဲ့ကြောင်းကို ရိပ်မိလိုက်ကြသည်။
ကျင်းမင်လီသည် စိုးရိမ်နေသော မျက်နှာဖြင့် "ခုချိန်မှာ ကြယ်တာယာနန်းတော်ဂိုဏ်းက ဝတ်ရုံနီဂိုဏ်းနဲ့ ဆက်နွယ်နေတာကို
အားလုံးက သိနေပင်မယ့် ဘယ်ဂိုဏ်းကမှ စတိုက်ရဲမှာ မဟုတ်ဘူး ၊ အဲ့ဒီအတွက် မကြာခင် ကြယ်တာယာနန်းတော်ဂိုဏ်းက ဒီထက်ပိုအတင့်ရဲလာလိမ့်မယ် " လို့ ပြောလိုက်သည်။
ထိုအခါ လီနင်ဟု ခေါ်သော တစ်ယောက်သည် "အကြီးအကဲ......အဲ့တာဆို ကျွန်တော်တို့ ဘာဆက်လုပ်သင့်လဲ" ဟု ပြောလိုက်သည်။
ထိုအခါ ကျင်းမင်လီသည် ခေါင်းခါပြလိုက်ပြီး "မင်းတို့ရဲ့ တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ပြီးပြီဆိုတော့ မင်းတို့ပြန်ဖို့ကို ငါအမြန်ဆုံး ဆောင်ရွက်ပေးမယ် " လို့ ပြောလိုက်ပြီး ချောင်ဖုန်းတို့အား ရက်အနည်းငယ်အတွင်း ဂရုတစိုက်နေဖို့ ပြောကာ ပြန်ခိုင်းလိုက်သည်။
ထိုအခါ ချောင်ဖုန်းတို့သည် ပုံမှန်အတိုင်းပဲ ကျင်းမင်လီရဲ့ စံအိမ်မှ စျေးလာဝယ်သလို ပုံစံများဖြင့် ဂိုဏ်းအသီးသီးသို့ ပြန်သွားကြလေသည်။ချောင်ဖုန်းသည် ဝိုင်အရက် မသောက်ရတာ ကြာပြီဖြစ်တဲ့အတွက် စားသောက်ဆိုင် တစ်ခုတွင် ဝင်သောက်နေခဲ့သည်။
ထိုချိန်မှာ တော်ဝင်မင်းသမီးဖြစ်သော ယဲ့ရှီဖုန်းသည် စစ်သည်တော်အချို့ဖြင့် ချောင်ဖုန်းစားသောက်နေသော ဆိုင်ထဲကို
ရောက်ရှိလာလေသည်။
ယဲ့ရှီဖုန်းသည် စားပွဲတစ်ခုမှာ ထိုင်လိုက်ပြီး မျက်နှာမဲ့ ဒေါသထွက်နေသည့် မျက်နှာ ဖြစ်နေသောကြောင့် ကဲမင်သည် "ရှီဖုန်း......အဲ့လူရဲ့ လျင်မြန်နှုန်းကို သိရဲ့သားနဲ့ သူတို့ကို အပြစ်မတင်ပါနဲ့ " ဟု စစ်သည်တော်တွေကို ကာ ပြောပေးလိုက်သည်။
ချောင်ဖုန်းကိုယ်ပွားသည် အစောထဲကပင် လူအုပ်များကြားတွင်တိတ်တဆိတ်ပျောက်ကွယ်ခြင်းကြောင့် စစ်သည်တော်များသည် ရှာမတွေ့တော့တဲ့ ယဲ့ရှီဖုန်း၏ အပြစ်တင်ခြင်းကို ခံလိုက်ကြရသည်။ ယဲ့ရှီဖုန်းသည် ကဲမင်စကားကြောင့် ပြန်လည်၍ ပြုံးလိုက်ပြီး "ဆရာ.......ရှင် ဓားဘုရင်ဂိုဏ်းနဲ့ ဆက်သွယ်ဖို့ စီစဥ်ပြီးပြီလား " ဟု မေးလိုက်သည်။
ကဲမင်သည် ခေါက်ဆွဲပြုတ်စားနေရင်း ခေါင်းငြိမ့်ပြလိုက်ပြီး အဲ့ဒီအတွက် စိတ်မပူဖို့အပြင် နန်းတော်ကို တောင် သတင်းပို့ပြီးပြီ ဟု ပြောလိုက်သည်။
ထိုချိန်မှာ ယဲ့ရှီဖုန်းရဲ့ စစ်သည်တော် တစ်ယောက်သည် ဓားထုတ်ကာ ချောင်ဖုန်းအား ရွယ်လိုက်ပြီး "ကောင်စုတ်လေး.......မင်းကို စုံစမ်းခိုင်းဖို့ ဒီနေရာကို ဘယ်သူက လွှတ်လိုက်တာလဲ " ဟု ပြောလိုက်သည်။
ထိုအခါ ကဲမင်သည် ထိုစစ်သည်တော်အား ဘာပြသာနာ ဖြစ်နေတာလဲ ဟု မေးလိုက်သည်။ထိုအခါ ရီပေါလင်းဟု ခေါ်သည့် စစ်သည်တော်သည် "ဆရာကဲမင်......ဒီလူက မရိုးသားဘူးလို့ ကျွန်တော်ထင်မိပါတယ် " ဟု ပြောလိုက်သည်။အမှန်တော့ ရီပေါလင်းသည် ယဲ့ရှီဖုန်းရဲ့ အဆူခံရခြင်းကြောင့် သူဒေါသကို ချောင်ဖုန်းကို လွဲချလိုက်ခြင်း ပင်ဖြစ်သည်။
ထိုအခါ ယဲ့ရှီဖုန်းသည် " ရီပေါလင်း......နင်ငါ့တို့ကို ရှင်းရှင်းပြောစမ်း " ဟု ပြောကာ ဆူလိုက်သည်။ထိုအခါ ရီပေါလင်းသည် "မင်းသမီး.....ဒီလူက မင်းသမီးတို့ ပြောနေတာကို နားထောင်ဖို့ တစ်စုံတစ်ယောက်က စေလွှတ်လိုက်တာ ထင်တယ် " ဟုပြောလိုက်သည်။
ထိုအခါ ကဲမင်သည် ချောင်ဖုန်းအား "လူငယ်လေး......မင်းက ဘယ်ဂိုဏ်းကလဲ မဟာအင်ပါယာတိုင်းပြည်ထဲမှာ ငါမင်းကို တခါမှ မမြင်ဖူးဘူး " ဟု ပြောလိုက်သည်။ချောင်ဖုန်းသည် ဂရုမစိုက်စွာဖြင့် ဝိုင်အရက်တစ်ခွက်ကို အရင်မော့လိုက်ပြီး "အကြီးအကဲ......ကျွန်တော်လဲ အကြီးအကဲကို မဟာအင်ပါယာတိုင်းပြည်ထဲမှာ ပထမဆုံး မြင်ဖူးတာပဲ " ဟု ရုပ်တည်ဖြင့် ပြန်ပြောလိုက်သည်။
ကဲမင်သည် တစ်စုံတစ်ရာကို စဥ်စားမိသွားပြီး ဟို့ကန်းကို တစ်ချက်တိုက်သွားတဲ့ လူသည် ချောင်ဖုန်းများဖြစ်နေမလားလို့ တွေးမိသွားသည်။ချောင်ဖုန်းသည် ဂရုမစိုက်သလို ပြန်ဖြေလိုက်သည့်အတွင် ရီပေါလင်းသည် "အတင့်ရဲလှချည်လား......" ဟု ပြောကာ တိုက်ခိုက်မယ့် ချိန်တွင် ကဲမင်သည် "ရပ်လိုက်စမ်း......." လို့ ပြောကာ ရီပေါလင်းအား ဆူဟောက်လိုက်သည်။
ထိုအခါ ယဲ့ရှီဖုန်းသည် "ဆရာ......ဘာလို့ တားလိုက်တာလဲ...... " ဟု အသံတိုးတိုးလေး မေးလိုက်သည်။ထိုအခါ ကဲမင်သည် သူစဥ်းစားမိတာကို ယဲ့ရှီဖုန်းအား ပြောပြလိုက်သည်။ထိုချိန်မှာပဲ ရီပေါလင်းသည် တစ်စုံတစ်ယောက်ရဲ့ တိုက်ခိုက်ခြင်းကို ခံလိုက်ရပြီးချောင်ဖုန်းရဲ့စားပွဲနားမှ အဝေးတစ်နေရာကို လွင့်ထွက်သွားလေသည်။
ထိုအခါ ကဲမင်သည် နန်းတွင်းစစ်သည်တော်ကို တိုက်ခိုက်လိုက်တဲ့အတွက် ဒေါသထွက်ပြီး ပြောဆိုမယ့်အချိန်မှာ လူသုံးယောက်သည် သူတို့ရှိ လှမ်းလာတာ မြင်လိုက်တဲ့အခါ ဘာမှမပြောရဲတော့ပေ။
ထိုလူသုံးယောက်ကတော့ ရှယုနှင့်ငွေဘုရင်ရွှေဘုရင် အကြီးအကဲနှစ်ယောက်ပင်ဖြစ်သည်။ချောင်တန့်သည် ကဲမင်ကို ကြည့်ကာ "ကဲမင်......မင်းတို့က ငါတို့ပါးရှန်းဂိုဏ်းရဲ့လူကို အဖွဲ့လိုက် အနိုင်ကျင့်ချင်နေတာလား " ဟု မေးလိုက်သည်။
ထိုအခါ ကဲမင်သည် "ငွေဘုရင်အကြီးအကဲ......ကျွန်တော်ရဲ့အရည်အချင်းနဲ့ ဘယ်လိုလုပ်ပြီး ပါးရှန်းဂိုဏ်းကို ရန်စရဲမှာလဲ ၊ နားလည်မှု လွဲသွားတာပါ "ဟု ပြောကာ ရိုရိုသေသေပြောလိုက်ရသည်။
ထို့နောက် ကဲမင်တို့သည် သူ့စားပွဲဝိုင်းမှာ ပြန်ထိုင်ကာ စားသောက်လိုက်သည်။ယဲ့ရှီဖုန်းသည် အသံတိုးတိုးဖြင့် "ဆရာ.....သူတို့ကဘယ်သူတွေမို့လို့ ဆရာက အဲ့လောက်ရိုသေနေရတာလဲ " ဟု မေးလိုက်လေသည်။