မင်းက ငါ့ကို ခြိမ်းခြောက်ရဲတယ်ပေါ့
Vol. 1 Ch. 13
၀မ်ရင်း၏ စကားကို ကြားသော အခါ လင်းရီ အံ့ဩသွား၏။
သူတို့ဘာလို့ အလုပ်ထုတ်ခံလိုက်ရတာလဲဟ...
ဒါကြီးက နည်းနည်းလေး ရုတ်တရက် မဆန်လွန်းဘူးလား...
"အစ်မရင်း..သေချာလို့လား..."
"လုံး၀ သေချာတယ်...၀န်ထမ်းရေးရာ ဌာနမှာ ငါ့သူငယ်ချင်းတစ်ယောက် ရှိတယ်လေ...သူပဲ ငါ့ကို အဲ့ဒီသတင်းပြောပြတာ..."
"ဒီလို သတင်းမျိုးက တော်ရုံဆို သိပ်မကြားရဘူး...ကြည့်ရတာတော့ သူတို့နှစ်ယောက် တကယ်ကြီး အလုပ်ထုတ်ခံလိုက်ရတာ နေမှာပေါ့...."လင်းရီ ပြောလိုက်သည်။
"ရီလေး...ဒါကြီးက အရမ်း ထူးဆန်းလွန်းတယ်..."
၀မ်ရင်း ပြောလိုက်ပြီး "နင် အလုပ်ထုတ်ခံရတာတောင် မကြာသေးဘူး..နင့်ကို အနိုင်ကျင့်ကြတဲ့ စုန်းမအိုကြီးနဲ့ ကျန်းတုန်ပါ တစ်ချိန်တည်း အလုပ်ထုတ်ခံလိုက်ရတယ်....အဲ့ကိစ္စက နင်နဲ့များ တစ်မျိုးတစ်ဖုံ ပတ်သက်နေလောက်လား...."
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲဗျ..." လင်းရီ ငိုရမလို ရယ်ရမလို ဖြစ်နေပြီး "ကျွန်တော့မှာ အဲ့လောက် ကောင်းတဲ့ အဆက်အသွယ်လည်း မရှိဘူး...မဟုတ်ရင် ဘယ်လိုလုပ် အလုပ်ထုတ်ခံမှာလဲ...."
"အွန်း..နင်ပြောတာလည်း ဟုတ်သားပဲ..."
အလ္လာပ သလ္လာပ အနည်းငယ်ပြောပြီးနောက် လင်းရီ ဖုန်းချလိုက်ပြီး ကျီချင်းရန်ထံ ဝီချက်မှတစ်ဆင့် မက်ဆေ့စ် လှမ်းပို့လိုက်သည်။
လင်းရီ : "ခင်များ ယွီလီလီနဲ့ လီကျန်းတုံကို အလုပ်ထုတ်လိုက်တာလား..."
ကျီချင်းရန် : "နင်သိသွားပြီပေါ့...ငါ သူတို့ကို စုံစမ်းကြည့်လိုက်တော့ သိပ်မဟန်တာနဲ့ ထုတ်ပစ်လိုက်တာ ငါနင့်အတွက် လက်စား ချေပေးတယ်လို့ပေါ့ သဘောထားလိုက်ပေါ့... "
ကျီချင်းရန် ထံမှ ဟုတ်မှန်ကြောင်း အကြောင်းပြန်စာကို ရရှိသောအခါ လင်းရီ ပြုံးလိုက်မိသည်။ ကျီချင်းရန်က အလုပ်လုပ်တာ အတော်လေး မြန်တာပဲ....
"အဲ့တာဆို အရောင်း ဒါရိုက်တာ ရာထူးနဲ့ သင့်လျော်မယ့် သူ တစ်ယောက်ယောက်ကိုကောတွေ့ထားပြီလား "လင်းရီ မေးလိုက်သည်။
"ခုလောလောဆယ်တော့ မရှိသေးဘူး..နင်သာ ပြန်လာမည်ဆိုရင် အဲ့ရာထူးက နင့်အတွက်ပဲ...."
"တော်ပါပြီ...ဒါပေမယ့် အရောင်းဌာနက ၀မ်ရင်း ဆိုတဲ့ တစ်ယောက်ကတော့ သိပ်မဆိုးဘူး...ခင်များ တစ်ချက် ကြည့်ကြည့်လိုက်ဦး....."
"ကောင်းပြီလေ..."
"ငါ့ကားက ခုထိ မပြင်ရသေးဘူး...နင်မနက်ဖြန်ကော လာကြိုပေးလို့ရလား...."
"ရတာပေါ့....ဒီရဲ့ DiDi ဒရိုင်ဘာကခင်များလေးကို ၀န်ဆောင်မှုပေးဖို့ အသင့်ပါပဲ..."
သူ သွားကြိုပေးနိုင်သည်။ သို့သော်လည်း တက္ကစီခတော့ တောင်းရပေမည်။
ထို့နောက် လင်းရီ သက်တောင့်သက်သာဖြစ်စွာ ရေချိုးလိုက်ပြီး အာရုဏ် မဆက်ခင်အထိ အိပ်ပျော်နေတော့သည်။
အိပ်ရာထ ၊သွားတိုက် နေ့စဉ် ကိစ္စများ ပြုလုပ်ပြီးနောက် ယွင်ရွှေ ဗီလာသို့ ကားမောင်းသွား၏။ ဗီလာရှေ့ရှိ လုံခြုံရေးအစောင့်မှာ လင်းရီ၏ ပန်ဂနီကို မြင်သောအခါ တစ်ခွန်းမျှ မဆိုဘဲ ကြည်ဖြူစွာနှင့် ဂိတ်တံခါးကို ဖွင့်ပေးလိုက်၏။
ဥက္ကဌကျီကိုတောင်မှ သိမ်းပိုက်နိုင်တဲ့ သူကို ဘယ်သူကများ တားဆီးရဲမှာလဲ....
"နင် အရမ်းအစောကြီး ရောက်လာတာပဲ...."
ရေချိုးခန်းထဲတွင် မျက်နှာသစ်နေသော ကျီချင်းရန်မှ အံ့ဩတကြီးနှင့် ပြောလိုက်သည်။
"ငါက ပုံမှန်ဆို အလုပ်ကို ၆:၀၀ ဒေါင်ဆိုရင် စနေကြလေ..ဒီတော့ အကျင့်ဖြစ်နေပြီ... "
"ခဏလောက်စောင့်ပေးဦးနော်...ငါ ခဏနေဆိုရင် ပြီးတော့မှာ...."
"အဆင်ပြေပါတယ်...အေးဆေးသာလုပ်..."
ကျီချင်းရန်၏ တခဏကလည်း အရမ်းမြန်၏။ နာရီ၀က်ခန့် ဆေးကြောပြီးနောက် သူမ မိတ်ကပ်ကို စတင် ခြယ်သတော့သည်။
"လင်းရီ...ငါ့ကို တစ်ချက်လောက် ကူကြည့်ပေးပါဦး ဘယ်၀တ်စုံက ပိုပြီး ကြည့်လို့ကောင်းမယ်လို့ ထင်လဲ..."
ကျီချင်းရန် ဒုတိယထပ်တွင် မတ်တပ်ရပ်နေပြီး ဘယ်ဘက်တွင် တစ်ဆက်တည်း ဂါ၀န် ကို ကိုင်ထားကာ ညာဘက်တွင်မူ ပန်းပွင့်လေးများ ပါ၀င်သော ၀တ်စုံကို ကိုင်ထား၏။
"ကျွန်တော့ အမြင်အရဆိုရင်တော့ ဟိုတစ်ခုက ကြည့်ရတာ သိပ်မဆိုးဘူး...."
"ကောင်းပြီလေ..ဒါဆိုလည်း ဒီနေ့ ဒီဟာကို ၀တ်တာပေါ့..."
မိနစ်အနည်းငယ်ခန့်ကြာပြီးနောက် ကျီချင်းရန် အောက်ထပ်သို့ ဆင်းလာခဲ့၏။ သူမကဲ့သို့ အရပ်ရှည်သော အမျိုးသမီးများသာ ယခု ၀တ်ဆင်ထားသော ဂါ၀န်နှင့် လိုက်ဖက်ပေလိမ့်မည်။
သာမန် အမျိုးသမီးများ နှစ်သက်သော ဂါ၀န်ကို ၀တ်ဆင်ထားသော်လည်း သူမ ၀တ်ဆင်လိုက်သည့်အခါ တော်၀င်ဆန်နေသည့် ခံစားချက်ကို ရရှိစေသည်။
ဒါက နည်းနည်းလေးတော့ စိတ်၀င်စားဖို့ကောင်းတယ်....
ဒေါက်မြင့်ဖိနပ် စီးပြီးနောက် နှစ်ယောက်သား ကားထဲသို့ ၀င်လိုက်ပြီး လင်းရီမှ ဖုန်းထုတ်လိုက်သည်။
"ဘော့စ်ကျီ ..ကျေးဇူးပြုပြီး အော်ဒါလေး တင်ပေးပါဦး.."
"စိတ်မပူပါနဲ့...ငါ မမေ့ပါဘူးဟ..."သူမ လင်းရီကို မျက်လုံးလှန်ပြလိုက်ပြီး ကိုယ့်ဘာကိုယ် တွေးနေလိုက်သည်။ "ဒီကောင်စုတ်ကတော့ ကောင်မလေးတွေကို ဘယ်လို ဆွဲဆောင်ရမလဲဆိုတာ မစဉ်းစားဘဲ အော်ဒါလောက်ပဲ ခေါင်းထဲရှိနေ......"
မကြာမီ လင်းရီ ကျီချင်းရန်ထံမှ အော်ဒါတောင်းဆိုမှုကို ရရှိပြီး ချက်ချင်းလက်ငင်း လက်ခံလိုက်၏။
[စနစ် မစ်ရှင် : ကြယ်ငါးပွင့် မှတ်ချက် ၊
ဆုလဒ် : အတွေကြုံရမှတ် ၂၀၀,၀၀၀
(၃/၅) ]
လင်းရီ ကွင်းစကွင်းပိတ်နှင့် ပြထားသော နံပါတ်များကိုကြည့်ရင်း သူ၏ လက်ရှိ မစ်ရှင် ပြီးမြောက်နှုန်း ဖြစ်ရမည်ဟု ယူဆလိုက်သည်။
အဘယ်ကြောင့်ဆိုသော် မနေ့ကတည်းက အော်ဒါ သုံးခုကို ပြီးမြောက်ခဲ့သောကြောင့်ပင်။
ထိုအထဲမှ နှစ်ခုမှာ ကျီချင်းရန်ထံမှ ဖြစ်ပြီး အခြားတစ်ခုကတော့ ၀မ်ရင်းထံမှ ဖြစ်၏။ သူတို့ အားလုံးမှာ ကုမ္ပဏီမှ လူများဖြစ်ကြပြီး သူ့ကို ကြယ်ငါးပွင့် မှတ်ချက် ပေးသူများလည်း ဖြစ်ကြ၏။
လေးခုမြောက်ကလည်း ကျီချင်းရန်ထံမှ ဖြစ်ပေလိမ့်မည်။ ကြယ်ငါးပွင့် မှတ်ချက်အတွက်ကတော့ ယခု မရရှိသေးသော်လည်း သေချာသလောက် ရှိနေ၏။ အောင်မြင်မှုကတော့ သူ့ကို လက်ယပ်ခေါ်နေချေပြီ။
လီဗာ ပေါ်တွင် ခြေထောက်နင်းလိုက်ပြီး လင်းရီ ကျီချင်းရန်နှင့်အတူ ကုမ္ပဏီရှိ မြေအောက်ကားပါကင်သို့ မောင်းသွားလိုက်သည်။
"ဥက္ကဌကျီ..ကျုပ်ကို ကြယ်ငါးပွင့် ရီဗျူးလေး ပေးဖို့ မမေ့နဲ့နော်..."
"အဲ့တာကတော့ ငါ့ရဲ့ စိတ်အခြေနေပေါ်မှာ မူတည်တယ်..."
လုံခြုံးရေးခါးပတ်ကို ဖြတ်၍ ကျီချင်းရန် ကားပေါ်မှ ဆင်းပြီးနောက် မနီးမဝေးတွင် အဖြူရောင် စာဂီတာ လေးတစ်စီး ပါကင်ထိုးထားသည်ကို တွေ့လိုက်ရ၏။
"ဥက္ကဌကျီ...လင်းရီ...."
နှုတ်ဆက်လိုက်သူကတော့ ၀မ်ရင်းပင်။ သူမ လုပ်ဖော်ကိုင်ဖက်နှင့် ကားအတူစီးနေခြင်းပင်။ သူမလည်း လင်းရီနှင့် ဥက္ကဌကျီကို အတူတွေ့ရလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။
"အစ်မလည်း သိတဲ့အတိုင်းပဲလေဗျာ....ကျွန်တော်က DiDi ဒရိုင်ဘာဆိုတော့ ဥက္ကဌကျီ တက္ကစီခေါ်တာနဲ့ တိုက်တိုက်ဆိုင်ဆိုင် ပက်ပင်းတိုးသွားလို့...."
သို့သော်လည်း ၀မ်ရင်းနှင့် သူမ၏ လုပ်ဖော်ကိုင်ဖက်တို့ကတော့ ယုံမည့်ပုံ မပေါ်ချေ။
သူက ဥက္ကဌကျီကို ခေါ်တင်ပြီးတော့မှ DiDi ဒရိုင်ဘာဖြစ်လို့ ဆိုပြီး ရှင်းပြချင်နေသေးသည်။ မည်သူက ထိုစကားကို ယုံနိုင်မည်နည်း။
ထိုအခါမှသာ ၀မ်ရင်းလည်း ယွီလီလီနှင့် လီကျန်းတုန်းတို့ အလုပ်ထုတ်ခံလိုက်ရခြင်းမှာ လင်းရီကြောင့်ဖြစ်ကြောင်း သေချာသွားတော့၏။
ထိုအချိန်တွင် မြေအောက်ကားပါကင်၏ ဓာတ်လှေကားတံခါးပွင့်လာပြီး ယွီလီလီနှင့် လီကျန်းတုန်တို့ လက်ထဲတွင် ပစ္စည်းပစ္စယများ ထည့်ထားသော ဂျက်ဖာပုံးများနှင့် ထွက်လာခဲ့သည်။
သူတို့၏ ပစ္စည်းများကို ထုပ်ပိုး သိမ်းဆည်းလာခြင်းပင်။
လင်းရီနှင့် ဥက္ကဌကျီကို အတူတွေ့သောအခါ သူတို့၏ အမူအရာများ ကိုးရို့ကားယားဖြစ်သွားပြီး စိတ်ညိုးငယ်စွာဖြင့် ထွက်သွားကြတော့၏။
"အလုပ်ချိန်တောင် ရောက်တော့မယ်...အတူသွားကြစို့လေ"
၀မ်ရင်းနှင့် အခြားသူများကို တွေ့သောအခါ လင်းရီနှင့် အတူရှိနေစဉ်ကဲ့သို့ ဖော်ရွေသော မျက်နှာထားများ ပျောက်ခြင်းမလှ ပျောက်ဆုံးသွားပြီး သူမ၏ နဂို အေးစက်ပြီး အဖက်မလုပ်သော ပုံရိပ်အဖြစ်သို့ ရောက်ရှိသွား၏။
"ဟုတ်ကဲ့ပါ..ဥက္ကဌကျီ..."
၀မ်ရင်းနှင့် သူမ၏ လုပ်ဖော်ကိုင်ဖက်တို့ ကျီချင်းရန်နှင့်အတူ အပေါ်ထပ်သို့ မတက်မှီ လင်းရီကို နှုတ်ဆက်သွားကြ၏။
လင်းရီ ကားထဲတွင် ပြန်ထိုင်လိုက်ပြီး ရှောပင်းမောလ်သို့ အလည်ထွက်ရန် စီစဉ်လိုက်သည်။ သူ့တွင် အိမ်ရှိနေပြီဖြစ်သောကြောင့် နေ့စဉ်သုံး ပစ္စည်း အနည်းငယ် လောက်၀ယ်ခြမ်းရတော့မည်။ ထို့ပြင် ယခု အင်္ကျီကိုလည်း ၀တ်ထားသည်မှာ နှစ်ရက်ရှိပြီဖြစ်သောကြောင့် ဆက်လက် ၀တ်ဆင်ပါကလည်း မှိုတက်တော့မည်ဖြစ်၏။
လင်းရီ မောင်းထွက်တော့မည့် အချိန်တွင် ဝီချက်မှတစ်ဆင့် ကျီချင်းရန်၏ မက်ဆေ့စ်တစ်စောင် ရောက်ရှိလာသည်။
ကျီချင်းရန် : နင်ကြယ်ငါးပွင့် ရီဗျူး လိုချင်လား....
လင်းရီ : ဒါပေါ့..
ကျီချင်းရန် : ငါနင့်ကို Sပုံစံ ထိုင်ထ ရှစ်ခေါက် အကြွေးတင်ထားတယ်ဆိုတော့ ကြယ်ငါးပွင့် ရီဗျူးနဲ့ ချေလိုက်မယ်လေ...အဲ့လိုမှ မဟုတ်ရင်တော့ နင့်ကို မကောင်းတဲ့ ရီဗျူးတွေ ပေးပစ်မယ်...
လင်းရီ : ငါ ကြယ်ငါးပွင့် ရီဗျူး မလိုချင်တော့ဘူး..
Sပုံစံထိုင်ထ ရှစ်ခေါက်ပဲ..တစ်ခေါက်လေးတောင် လျော့လို့မရဘူးနော်....
လင်းရီ Sပုံစံ ထိုင်ထနှင့် ပတ်သက်၍ သိပ်ဂရုမစိုက်သော်လည်း ထို မိန်းမပျိုလေးမှနေ၍ သူ့ကို လာပြီး ခြိမ်းခြောက်ချင်နေသည်။
အဲ့တာကတော့ လုံး၀ လက်မခံနိုင်စရာပင်။
ကျီချင်းရန် : နှာဘူးကောင်...
မကြာမီ ကြယ်ငါးပွင့် ရီဗျူး ပေးထားကြောင်း အသိပေးချက်တစ်ခု အက်ပ် ပေါ်တွင် ပေါ်လာသည်။
ကျီချင်းရန်ပဲ ဖြစ်ရမယ်....
လင်းရီ ပြုံးလိုက်ပြီး "ခင်များလေးက လျှာစောင်း ထက်ပေမယ့် နှလုံးသားလေးကတော့ နူးညံ့သားပဲ..."
လင်းရီ စနစ်၏ မစ်ရှင်ကို တစ်ချက် ကြည့်လိုက်သောအခါ ငါးပုံ လေးပုံခန့် ပြီးမြောက်နေသောကြောင့် အ၀တ်အစားကို နောက်မှ ၀ယ်ရန် ဆုံးဖြတ်လိုက်သည်။
သူမော်လ်သို့ မသွားမီ နောက်ထပ် အော်ဒါတစ်ခုကို ပြီးမြောက်၍ မစ်ရှင်ကို အဆုံးသတ်ချင်နေ၏။ ထိုအရာက ကြာတော့မကြာကောင်းပါရဲ့.....
သူ အက်ပ်ကိုဖွင့်လိုက်သောအခါ အနီးအနားရှိ အသစ်အသစ်သော အော်ဒါများ ထွက်ပေါ်လာပြီး လင်းရီလည်း ကျပန်း အော်ဒါတစ်ခုကို လက်ခံလိုက်သည်။
သွားကြိုရမည့် နေရာမှာ ထျန်းရီ အိမ်ယာ အနီးတစ်ဝိုက်တွင်ဖြစ်ပြီး မိနစ်အနည်းငယ်ခန့် မောင်းရုံမျှနှင့် ရောက်ရှိနိုင်၏။
......
ထျန်းရီ အိမ်ယာ၊ အဆောက်အအုံ နံပါတ် ၄၊ အမှတ် ၁၊ အခန်း ၁၃၀၂။
အိမ်မှာ ၆၀ပတ်လည် စုတုရန်းမီတာရှိပြီး အိပ်ခန်းနှစ်ခန်း နှင့်ဧည့်ခန်း တစ်ခန်းဖြင့် ဖွဲ့စည်းထားသည်။ အိမ်ကလေးမှာ မိသားစုသုံးယောက် ချောင်ချိစွာ နေထိုင်နိုင်သည်အထိ ကောင်းမွန်၏။
"အဖေ...သမီးကို ဘာလို့ အဖေတို့ရဲ့ မိတ်ဆုံစားပွဲကို ခေါ်သွားချင်နေတာလဲလို့...မသွားချင်ပါဘူးဆိုနေမှ..."
ထိုသို့ ပြောလိုက်သူကတော့ အသက် ၂၅ ၂၆ နှစ်ခန့်အရွယ်ရှိသည့် ငယ်ရွယ်သော မိန်းမပျိုလေးပင်။ သူမတွင် ကြည့်ကောင်းသောဘဲဥပုံ မျက်နှာ ရှိပြီး ဆံပင်ကိုလည်း ပခုံးပေါ်သို့ ဖြန့်ချထား၏။ မိန်းကလေးတစ်ယောက်၏ အလှပဆုံး ဖူးပွင့်ချိန်ဖြစ်ပြီး အသားကုန် ဆွဲဆောင်မှု ရှိလှပေသည်။
မိန်းမပျိုလေး၏ နာမည်ကတော့ ရှရှင်းယွီဟု ခေါ်တွင်ပြီး ပလက်ဖောင်းပေါ်တွင် နာမည်ကြီးလူကြိုက်များသော အောက်ဒေါစထွင်မာ တစ်ယောက်လည်း ဖြစ်၏။
"မရဘူး...သမီး နင်အဖေတို့နဲ့ လိုက်ခဲ့မှကို ရမယ်.."ရှဟုန်ယွမ်၊ရှရှင်းယွီ၏ ဖခင်မှ ပြောလိုက်သည်။
"အဖေ ဘာလုပ်ချင်နေလဲ ဆိုတာ သမီးသိပါတယ်...သမီးကို တစ်ယောက်ယောက်နဲ့ မိတ်ဆက်ပေးချင်လို့ပဲ မဟုတ်လား..."
"ဒါတွေအားလုံးက သမီးကောင်းစားဖို့ အတွက်ပဲ မဟုတ်လား...ကိုယ့်အသက်ကိုလည်း ပြန်ကြည့်လိုက်ဦး ငယ်တောင်မငယ်တော့ဘူး...ခုထိ ကောင်လေး တစ်ယောက်တောင် မရှိသေးဘူး...အဖေတော့ ငါ့သမီးရှေ့ရေးကို တွေးပြီး သွေးတောင် တက်ချင်လာပြီ"
"သမီး ငယ်ငယ်တုန်းကကျတော့ သမီးကို အဖေ့ဘေးနားမှာပဲ တစ်သက်လုံး နေခိုင်းစေချင်တယ်ဆို..."ရှ
ရှင်းယွီ ပြောလိုက်ပြီး "ခုကျတော့ ဘာလို့ ဒီလောက်တောင် လင်ပေးစားချင်နေရတာလဲ...."
"အဖေက အဲ့ဒီတုန်းက ဒီတိုင်းပဲ ပြောလိုက်တာလေ...ဘာလို့ အတည်ကြီး ယူနေတာတုန်းဟ.."
ရှရှင်းယွီ ပြောစရာ ကင်းမဲ့သွားသည်။