← Chapters

အင်မော်တယ် ဧကရာဇ်နှင့် ရင်ဆိုင်ခြင်း

Vol. 55 Ch. 764

အင်မော်တယ် ဧကရာဇ်နှင့် ရင်ဆိုင်ခြင်း

Vol. 55 Ch. 764

မိုဝူကျိက ကောင်းကင်ဘုံအလွန်မြို့မှ ထွက်လာသည်နှင့် အရှိန်မြင့်လိုက်သည်။ သူက တူစုန့်အား မြို့ပြင်ထိ မျှားခေါ်လာသည့် အကြောင်းအရင်းမှာ  အင်မော်တယ် အုပ်စိုးသူအဆင့် တက်လှမ်းပြီးနောက်  သူ့အင်အား အစစ်အမှန်ကို သိချင်၍ ဖြစ်သည်။

သူက တူစုန့်နှင့် မယှဉ်နိုင်လျှင်ပင် သူ့လေလွှတ်မြောက်ရေး နည်းစနစ်ဖြင့် အလွယ်လေး ထွက်ပြေးနိုင်ဦးမည် ဖြစ်သည်။

တစ်နာရီအတွင်း တူစုန့်၏ ပုံရိပ်က မိုဝူကျိရှေ့ ရုတ်တရက် ပေါ်လာသည်။

“ မင်းရဲ့ လုပ်ကြံရေးနေရာကို သွားဖို့ မလိုတော့ဘူး။ မင်းရဲ့ အဖော်ကို ခေါ်လိုက်တော့  … ငါ မင်းနောက် လိုက်နေရတာ ပျင်းလာပြီ ” တူစုန့်က ထိုစကားများကို လေသံအတက်အကျမရှိ ရေရွှတ်လိုက်သည်။ သူက မှော်ရတနာပင် မထုတ်ထားပေ။

မိုဝူကျိလည်း ရပ်တန့်လိုက်သည်။ သူက လခြမ်းကွေး ပုဆိန်လှံရှည်ကို ထုတ်ကာ  “ ခင်ဗျားက  သတ္တိကောင်းနေတာပဲ။ ကျုပ်က ခင်ဗျားကို ကောင်းကင်ဘုံအလွန်မြို့နဲ့ ဝေးရာဆီ ခေါ်သွားမလို့ကို စောစော သေချငနေမှန်း ကျုပ်က ဘယ်လိုလုပ် သိမှာလဲ ”

တူစုန့်က မျက်မှောင်ကျုတ်လိုက်သည်။ သူ့ခန့်မှန်းချက်မှာ လွဲချော်သွားကြောင်း သိလိုက်သည်။ သူ့ရှေ့၌ ဆေးလုံးဧကရာဇ်မှာ လုပ်ကြံသတ်ဖြတ်လိမ့်မည်ဟု အဘယ်ကြောင့် တွေးမိလိုက်သနည်း။ ထိုသူက သူနှင့် ထိပ်တိုက် ရင်ဆိုင်လိုနေရာ ထိုသူလည်း အင်မော်တယ် ဧကရာဇ်အဆင့် ဖြစ်နေမလား။

“ မင်းကလည်း အင်မော်တယ် ဧကရာဇ်လား ” တူစုန့် မျက်နှာပေါ်က အမူအယာမှာ ခက်ထန်သွားလေ၏။ လက်တစ်ချက်အဝှေ့ဖြင့် သူ့လက်ဖဝါးတွင် မည်းနက်နေသော ကြာပွတ်ရှည် ပေါ်လာသည်။

ထိုမျှတင် မကသေးဘဲ သူ့ရင်ဘတ်ပေါ်၌  အင်မော်တယ် အကာအကွယ်တစ်ခု ပေါ်လာသည်။

မိုဝူကျိက ဤသို့စကားမျိုး ပြောရဲသည့်အတွက် အင်မော်တယ် ဧကရာဇ်သာ ဖြစ်ပေလိမ့်မည်။ တူစုန့်က အင်မော်တယ် အုပ်စိုးသူအဆင့်လေးဖြင့် တစ်ယောက်ချင်း စိမ်ခေါ်ရဲလိမ့်မည်ဟု မယုံပေ။

“ အပိုတွေ ပြောမနေနဲ့တော့ …. ကျုပ်ရဲ့ ပုဆိန်လှံရှည်ကို မြည်းစမ်းကြည့်ပါဦး ” မိုဝူကျိက ရှေ့သို့ ခုန်ဝင်လာသည်။ သူ့လခြမ်းကွေး ပုဆိန်လှံရှည်အလင်းတန်းက တူစုန့်ထံ တောင်တစ်လုံးကဲ့သို့ ကျရောက်လာသည်။

“ မင်းက အင်မော်တယ် အုပ်စိုးသူအဆင့်ပဲ ရှိသေးတာလား ” တူစုန့်က ကြောင်အမ်းသွားလေ၏။ မိုဝူကျိ၏ ပုဆိန်လှံရှည် ရိုက်ချက်မှာ အားကောင်းသော်လည်း ပေါ်လာသည်နှင့် အင်မော်တယ် ဧကရာဇ်အဆင့် မရောက်သေးမှန်း သိလိုက်သည်။

အင်မော်တယ် ဧကရာဇ် တစ်ဦး တိုက်ခိုက်သည့်အခါ သူ့တိုက်ခိုက်မှုများတွင် ကိုယ်ပိုင် တာအိုအငွေ့အသက်နှင့် မိုးမြေ စည်းမျည်းများ ပေါင်းစပ်နေလေရာ သူ့လျို့ဝှက်ပညာရပ်မှာ မိုးမြေကို လှုပ်ခါနိုင်စွမ်း ရှိလိမ့်မည်။ ထို့ကြောင့် အင်မော်တယ် ဘုရင်အဆင့်က အင်မော်တယ် အုပ်စိုးသူအဆင့်ကို စိမ်ခေါ်နိုင်သော်လည်း အင်မော်တယ် အုပ်စိုးသူအဆင့်အနေနှင့် အင်မော်တယ် ဧကရာဇ်အဆင့်ကို စိမ်ခေါ်ဖို့ရာ လုံးဝ မဖြစ်နိုင်ချေ။ အင်မော်တယ် အုပ်စိုးသူအဆင့်က သူ့အင်မော်တယ် သဘာဝစွမ်းအားများပေါ် မှီခိုနေရပြီး အင်မော်တယ် ဧကရာဇ်မှ မိုးမြေစွမ်းအားများ နောက်ခံရှိလေသည်။

ချက်ချင်းဆိုသလို တူစုန့်က ဒေါသတကြီး ဖြစ်မိသွားသည်။ အင်မော်တယ် အုပ်စိုးသူအဆင်းလေးမျှဖြင့် သူ့အား တစ်ယောက်ချင်း ရင်ဆိုင်တိုက်ရန် မျှားခေါ်ရဲပေသည်။

ဒီလူ ဦးနှောက်က တစ်ခုခု မှားနေတာလား ….

သူက မိုဝူကျိသည် ဝက်ယောင်ဆောင်နေသော ကျားဟုပင် တွေးမိသွားသော်လည်း မိုဝူကျိက တကယ်တမ်း ဝက်သာ ဖြစ်နေသည်။

ဤသို့အရူးမျိုးက မည်သို့များ ဆေးလုံးဧကရာဇ် ဖြစ်လာရတာလဲ …..

သူ့ကို အမြဲ ကာကွယ်သူပေးသူများနှင့်သာ ဝန်းရံနေခဲ့၍ ဖြစ်ပေလိမ့်မည်။ ယခု သူ့တွင် ကာကွယ်သူ မရှိတော့သည်ကို တစ်ကမ္ဘာလုံး၌ နံပါတ်တစ် လူ ဖြစ်နေဆဲဟု တွေးထင်နေခြင်းသာ ဖြစ်လိမ့်မည်။

“ အရူး ….” တူစုန့်က အင်မော်တယ် အကာအကွယ်ကို သိမ်းလိုက်သည်။ သူက အင်မော်တယ် ဧကရာဇ် စွမ်းအားစက်ကွင်းကို ဖြန့်ကျက်ကာ ထိုနေရာကို ချိတ်ပိတ်ထားသော မိုးမြေ စွမ်းအားများ ပါဝင်သော စည်းမျည်းတစ်ခု ကျရောက်လာသည်။ အကယ်၍ သူက အင်မော်တယ် အုပ်စိုးသူအဆင့် တစ်ယောက်နှင့် ရင်ဆိုင်ဖို့ရာအတွက် တိုက်ခိုက်ရေး ရတနာနှင့် ကာကွယ်ရေး ရတနာ နှစ်မျိုးလုံး ထုတ်သုံးလျှင် သူ့အရှက်မဲ့လွန်းရာ ဖြစ်မနေဘူးလား။

မိုဝူကျိက နှာခေါင်းရှုံ့လိုက်ပြီး သူ့စွမ်းအားစက်ကွင်းကို ချက်ချင်း ထုတ်လွှင့်လိုက်သည်။ သူက စွမ်းအားစက်ကွင်းကို ချက်ချင်း မပြသသည့် အကြောင်းအရင်းမှာ တူစုန့်က သူအား အထင်သေးရန် ဖြစ်၏။ သူက အင်မော်တယ် ဧကရာဇ် မဟုတ်သည်မှာ အမှန် ဖြစ်ပြီး သူ့တိုက်ခိုက်မှုများ၌ မိုးမြေ စည်းမျည်းများကို မည်သို့ ပေါင်းစပ်ရမှန်း မသိပေ။ သို့သော်လည်း သူ့တွင် ကိုယ်ပိုင် တာအို ရှိပေသည်။ အင်မော်တယ် အုပ်စိုးသူအဆင့်ကို ထည့်မပြောလျှင်ပင် သူ အင်မော်တယ် ဖြစ်လာသည်နှင့် သူ့တိုက်ခိုက်မှုများ၌ ကိုယ်ပိုင်တာအိုများ ပေါင်းစပ်ပြီးသား ဖြစ်၏။

“ ဘုန်း ဘုန်း ဘုန်း  …. ဝုန်း ဝုန်း  ”

မိုဝူကျိ၏ ဝဲကတော့ စွမ်းအားစက်ကွင်းက တူစုန့်၏ စွမ်းအားစက်ကွင်းနှင့် ထိပ်တိုက်တွေ့သွားသည့်အခါ သူတို့ကြားရှိ နေရာမှာ ချက်ချင်းဆိုသလို ကြေမွသွားသည်။

တူစု့န့်လည်း နှလုံးခုန်မြန်နေမိကာ  သူ့အင်မော်တယ် ဧကရာဇ် စွမ်းအားစက်ကွင်းက မိုဝူကျိ၏ စွမ်းအားစက်ကွင်းအောက် တစစီ တိုက်စားခံနေရကြောင်း ခံစားမိနေသည်။ သူက ဘာမှမတုံ့ပြန်နိုင်ခင် ပုဆိန်လှံရှည်အလင်းတန်းက တကယ့် ပုဆိန်လှံရှည်အလား သူ့ဆီ ကျရောက်လာသည်။

တူစုန့်၏ နောက်ကျောမှ ချွေးအေးများ ထွက်လာသည်။ အကယ်၍ တူစုန့်က မိုဝူကျိသည် ရိုးရိုးရှင်းရှင်း အင်မော်တယ် အုပ်စိုးသူအဆင့် မဟုတ်ကြောင်း မသိသေးလျှင် သူ့ကျင့်ကြံခဲ့သည့် နှစ်များ ဖြုန်းတီးမိသလိုသာ ဖြစ်နေလိမ့်မည်။ အင်မော်တယ် ဧကရာဇ် မဟုတ်သော်လည်း မိုဝူကျိက မိုးမြေစွမ်းအားများ ပါဝင်ထားသော သူ့တိုက်ခိုက်မှုကို ရင်ဆိုင်နိုင်စွမ်း ရှိ၏။ မိုဝူကျိက သူ့စွမ်းအားစက်ကွင်းကိုပင် ဖျက်စီးခဲ့သေးသည်။ မိုဝူကျိ၏ စွမ်းအားစက်ကွင်း၌ သာမာန် ဖြစ်မှုကို ခံစားမိနိုင်သော်လည်း ရှင်းပြဖို့ ခက်ခဲသည့် တာအိုကိုပါ ခံစားမိနေသည်။ သူ့အင်မော်တယ် ဧကရာဇ် တာအိုအရှိန်အဝါက မိုဝူကျိအပေါ်တွင် အခွင့်ကောင်းယူနိုင်စွမ်း မရှိချေ။

သို့သော်လည်း တူစုန့်က သူ့အတွက် အကာအကွယ် ထုတ်ရန် နောက်ကျလွန်းသွားကြောင်း သိလိုက်သည်။ သူ့လက်ထဲမှ ကြာပွတ်ရှည်က ဧရာမ နဂါးကြီးအဖြစ် ပြောင်းလဲသွားကာ ပါးစပ်ကို ဟလိုက်သည့်အခါ ဧရာမတွင်းနက်ကြီး ဖြစ်လာပြီး မိုဝူကျိ၏ ပုဆိန်လှံရှည် အလင်းတန်းကို ဝါးမျိုပစ်လိုက်သည်။ တစ်ချိန်တည်းဆိုသလို အမြီးက မိုဝူကျိဆီ ဝုန်းခနဲ ရောက်ရှိလာသည်။

“ ဝုန်း ”

အဆုံးမသတ်နိုင်သည့် အင်မော်တယ် သဘာဝစွမ်းအားများက ပေါက်ကွဲထွက်သွားလေ၏။ ကျတ်တီးနယ်မြေမှ သဲများက လေထုနှင့် ရောကာ သဲအတွင်း ပေါက်ကွဲသံများကို ပဲ့တင်သံ ထွက်လာစေသည်။

ပြင်းထန်လှသော အင်မော်တယ် စွမ်းအားများက မိုဝူကျိ၏ စွမ်းအားစက်ကွင်းကို ချိုးဖောက်သွားလေ၏။ မိုဝူကျိက သူ့ရင်ဘတ်ပေါ် နာကျင်မှုကို ခံစားမိလိုက်ပြီးနောက် ပါးစပ်ထဲ၌ ချိုမြိန်သော သွေးအရသာကို ရလိုက်သည်။

မိုဝူကျိက ကျင့်ကြံဆင့်မြင့်သော ကျင့်ကြံသူများနှင့် ရင်ဆိုင်ရာတွင် တစ်ဖက်လူကို တည်ငြိမ်မှု ပြန်ရအောင် ခွင့်ပြု မပေးလိုက်သင့်ကြောင်း ကောင်းကောင်း သိပေသည်။ အကယ်၍ ဤသို့  ဖြစ်လာလျှင် သူတို့က မဆုတ်သာမတိုးသာ အခြေအနေကို ပြုလုပ်မိမည် ဖြစ်ကာ သူ့အတွက် ကောင်းပေသည်။

မိုဝူကျိက သွေးမအန်ဖို့ရာ ထိန်းထားရင်း တစ်ကိုယ်လုံးကို တူစုန့်၏ စွမ်းအားစက်ကွင်းထဲ ပစ်ဝင်လိုက်သည်။ တစ်ချိန်တည်းဆိုသလို သူက လက်သီးတစ်ချက် ထိုးခွင်းလိုက်သည်။ တူစုန့်၏ စည်းမျည်းများက တခြားအင်မော်တယ် အုပ်စိုးသူအဆင့် ကျင့်ကြံသူများကို ခြိမ်းခြောက်နိုင်သော်လည်း သူ မိုဝူကျိအား ဖိနှိပ်ထားနိုင်လိမ့်မည်ဟု တွေးနေလျှင် အမှားအကြီးကြီး မှားသွားပေလိမ့်မည်။

တူစုန့်က မိုဝူကျိကို အထင်သေးမိသည့်အတွက် သူ့စွမ်းအားစက်ကွင်းမှာ မိုဝူကျိ၏ ဝဲက‌တော့ စွမ်းအားစက်ကွင်းကြောင့် တစစီ ဖြစ်သွားရခြင်း ဖြစ်သည်။ ယခု မိုဝူကျိ၏ စွမ်းအားစက်ကွင်း ချေဖျက် လက်သီးချက်ဖြင့် တူစုန့်၏ စွမ်းအားစက်ကွင်းမှာ ချက်ချင်းဆိုသလို ပေါက်ကွဲထွက်သွားသည်။

သူ့အင်မော်တယ် ဧကရာဇ် အရှိန်အဝါက မိုဝူကျိနှင့် ရင်ဆိုင်သည့်အခါ အသုံးမဝင်မှန်း ခံစားမိပြီးနောက် တူစုန့်က အေးစက်စွာ ပြုံးလိုက်ကာ သူ့အကာအကွယ်က ပေါ်လာလေ၏။ သူ့လက်ထဲမှ ကြာပွတ်ရှည်မှာ နောက်တစ်ကြိမ် ထွက်လာပြီး မိုဝူကျိဆီ အနက်ရောင်ကြာပွတ်ရှည်အရိပ် ကျရောက်လာသည်။ တစ်ချိန်တည်းဆိုသလို သူစိတ်စွမ်းအားဖြင့် မိုဝူကျိ၏ ပုဆိန်လှံရှည်ကို လွှမ်းခြုံဖို့ရာ ကြိုးစားနေသည်။

မိုဝူကျိက သူ့ပုဆိန်လှံရှည်မှာ တူစုန့်၏ စိတ်စွမ်းအားဖြင့် ထိန်းချုပ်ခံနေရကြောင်း ခံစားမိလိုက်သည်နှင့်  သူ့စိတ်ထဲ တုန်လှုပ်မိသွားသည်။

သူ့တွင် အသိစိတ်ပင်လယ်ကို လေ့ကျင့်ပေးနိုင်သည့် ကြယ်တာရာပင်လယ် လျို့ဝှက်ပညာရပ် ရှိပေသည်။ မိုဝူကျိက ထိုကျင့်စဉ်ကို စိတ်နှစ်၍ မလေ့လာဖူးသော်လည်း အကြမ်းဖျင်း နားလည်သဘောပေါက်ထား၏။ ဤနည်းစနစ်မှာ အသိစိတ်ပင်လယ်ကို လေ့ကျင့်ပေးသည့် ပညာရပ်တစ်ခု ဖြစ်ရုံသာမက အသိစိတ်ပင်လယ်သာ အဆင့်တစ်ခု ရောက်သွားပြီ ဆိုသည်နှင့် စိတ်စွမ်းအားဖြင့် တိုက်ခိုက်နိုင်လာလိမ့်မည်။ စိတ်စွမ်းအားက အကူလုပ်ဆောင်ချက် တစ်ခုမျှ ကမည် မဟုတ်တော့ပေ။

စိတ်စွမ်းအားကို တိုက်ခိုက်မှုအဖြစ် သုံးနိုင်သည်နှင့် အင်မော်တယ် သဘာဝစွမ်းအားများနှင့် တိုက်ခိုက်သည်ထက် အဆပေါင်းများစွာ အားကောင်းလာလိမ့်မည်။

မိုဝူကျိက အမြဲတမ်း ထွက်ပြေးနေရသည့်အတွက် သူ့ကျင့်ကြံဆင့်မှာ မြင့်လာသော်လည်း သူ့တိုက်ခိုက်နည်းများမှာ ကန့်သတ်ချက် ရှိနေဆဲ ဖြစ်သည်။ သူ့တွင် ရတနာများစွာ ရှိနေသော်လည်း  သူတို့ကို မသန့်စင်ဖူးသလို မလေ့လာဖူးပေ။

ယခု သူ့လခြမ်းကွေးပုဆိန်လှံရှည်က တူစုန့်၏ စိတ်စွမ်းအားဖြင့် တားဆီးခံထားရလေရာ မိုဝူကျိသည် အရေးနိမ့်တော့မည်မှန်း သိလိုက်သည်။ သူ့တွင် ကမ္ဘာဦး စိတ်ဝိညာဉ် မရှိသော်လည်း တူစုန့်လို အင်မော်တယ် ဧကရာဇ် အစောပိုင်း ကျင့်ကြံသူထက် အားကောင်းသော အသိစိတ်ပင်လယ် ရှိပေသည်။ ထိုသို့ဆိုလျှင်ပင် တူစုန့်က သူ့စိတ်စွမ်းအားဖြင့် သူ့လက်နက်ကို လာရောက်ဟန့်တားနိုင်လေရာ သူ့အသိစိတ်ပင်လယ်က အားကောင်းနေသော်လည်း အသုံးမဝင်ချေ။

သူက ဤကိစ္စရပ်များကို ချင့်ချိန်စဉ်းစားနေရန် အချိန်မရှိပေ။ ထိုစဉ် တူစုန့်၏ ကြာပွတ်ရှည်အရိပ်က မိုဝူကျိ၏ စွမ်းအားစက်ကွင်းအတွင်း ရုတ်ချည်း ပေါက်ကွဲထွက်သွားပြီး ကြာပွတ်နက် အရိပ်သေးလေးများအဖြစ် ပြောင်းလဲသွားသည်။ ထိုကြာပွတ်ရှည်အရိပ်များက ကြာပွတ်သဏ္ဍာန် ရှိနေသော်လည်း အရမ်းချွန်ထက်သောကြောင့် သူတို့က မိုဝူကျိ၏ ဝဲကတော့ စွမ်းအားစက်ကွင်းအတွင်း အလွယ်တကူ ထိုးဖောက်လာနိုင်သည်။

“ ဘုန်း ” မိုဝူကျိ၏ စွမ်းအားစက်ကွင်း ချေဖျက် လက်သီးချက်မှာ တူစုန့်၏ စွမ်းအားစက်ကွင်းကို တစစီ ဖြစ်သွားစေပြီး တူစုန့် ရင်ဘတ်ပေါ်မှ အကာအကွယ်ပေါ် ကျရောက်သွားသည်။ တူစုန့်အတွင်းမှ တန်ပြန်အားကြောင့် သူလည်း သွေးတစ်ပွက် အန်ထုတ်လိုက်ရသည်။

သို့သော်လည်း တူစုန့်၏ အမူအယာမှာ ခက်ထန်နေဆဲ ဖြစ်သည်။ သူက အပေါ်ယံ ဒဏ်ရာရသွားမှန်း  သိလိုက်သည်။ တစ်ဖက်တွင် မိုဝူကျိက သူ့ကြာပွတ်ရှည်အရိပ်ကြောင့် ရုပ်ပျက်ဆင်းပျက် ဖြစ်သွားပေလိမ့်မည်။ မိုဝူကျိ၏ ကမ္ဘာဦး စိတ်ဝိညာဉ်ပင် သူ့စိတ်ဝိညာဉ်ဖြိုခွဲခြင်း ကြာပွတ်အောက်၌ ပျောက်ကွယ်သွားရလိမ့်မည်။

ထိုအချိန်၌ တူစုန့်က မိုဝူကျိ၏ မဆုတ်မနစ် ဇွဲလုံလကို မချီးကျူးဘဲ မနေနိုင်တော့ချေ။ အကယ်၍ မိုဝူကျိသာ သူ့လက်သီးချက်ကို ပြန်ရုတ်သိမ်း၍ နောက်ဆုတ်ဖို့ ရွေးချယ်လိုက်လျှင် တူစုန့်၏ ကြာပွတ်ရှည်အရိပ်များဖြင့်  အဝိုင်းခံရမည် မဟုတ်ပေ။ ထိုအရာမှာ တူစုန့်၏ တွက်ချက်မှုများသာ ဖြစ်၏။ အကယ်၍ မိုဝူကျိက လက်သီးချက်ကို ပြန်ရုတ်သိမ်းပြီး နောက်ဆုတ်လျှင်ပင် သူက စိတ်ဝိညာဉ် ဖြိုခွဲခြင်း ကြာပွတ်ရှည်ကို စိတ်ဝိညာဉ်ဖြိုခွဲခြင်း သတ်ဖြတ်ရေး အစီအရင် ပြောင်းလဲလိုက်မည် ဖြစ်သည်။ မိုဝူကျိက သူ့သေခြင်းတရားကို ခဏတာမျှ အချိန်ဆွဲနိုင်ခြင်းသာ ဖြစ်၏။

တူစုန့် ခန့်မှန်းထားသည့်အတိုင်း သူ့စိတ်ဝိညာဉ် ဖြိုခွဲခြင်းကြာပွတ်ရှည်မှာ မိုဝူကျိ၏ စွမ်းအားစက်ကွင်းကို ထိုးဖောက်သွားပြီး မိုဝူကျိ၏ တစ်ကိုယ်လုံးကို ရစ်ပတ်သွားသည်။

“ ရွှပ် ရွှပ် …..” မိုဝူကျိ၏ ခန္ဓာကိုယ်မှ သွေးမြူများ ထွက်လာပြီး လခြမ်းကွေး ပုဆိန်လှံရှည်ကို တူစုန့်၏ စိတ်စွမ်းအားမှ ပြန်လုယူနိုင်လိုက်သည်။

သူ့ခန္ဓာကိုယ်မှ သွေးများ ဆက်တိုက် ထွက်နေပြီး သူ့မျက်နှာမှာလည်း တူစုန့်၏ ကြာပွတ်ရှည်ကြောင့် ရုပ်ပျက်ဆင်းပျက် ဖြစ်နေလေပြီ။

“ မင်းက တကယ်ကြီး အဆင်ပြေနေတယ်ပေါ့ ” တူစုန့်က သူ့ကြာပွတ်ရှည်ကို ဆွဲကာ မိုဝူကျိအား တအံ့တဩ ကြည့်လိုက်သည်။

သူ့စိတ်ထဲ၌ မိုဝူကျိ၏ ခန္ဓာကိုယ်မှာ သူ့ကြာပွတ်ရှည်ကြောင့် ပို၍ ရုပ်ပျက်ဆင်းပျက် ဖြစ်သွားသင့်ကြောင်း တွေးနေမိသည်။ သူက မိုဝူကျိ၏ ခန္ဓာပေါ်၌ အပေါ်ယံ ဒဏ်ရာမျှ ဖြစ်စေလိမ့်မည်ဟု မထင်ခဲ့ပေ။

ယခု မိုဝူကျိက သွေးသံရဲရဲ လူတစ်ယောက်နှင့် ခြားနားချက် မရှိသော်လည်း  တူစုန့်အနေနှင့်  မိုဝူကျိ၏ ဒဏ်ရာများမှာ သူ့ထက် ပိုအခြေအနေကောင်းကြောင်း တခြားသူများထက် ပိုသိ၏။

သူက မိုဝူကျိ၏ လက်သီးချက်ကို လက်ခံလိုက်သည်မှာ သူ့တိုက်ခိုက်မှုက မိုဝူကျိ၏ ခန္ဓာကိုယ်အား ဖျက်စီးပစ်စေနိုင်ရန် ဖြစ်သည်။ သို့သော်လည်း သူ့ကြာပွတ်ရှည်က မိုဝူကျိ ခန္ဓာပေါ်တွင် အပေါ်ယံ ဒဏ်ရာမျှသာ ဖြစ်စေခဲ့သည်။ အင်မော်တယ်များအတွက် ဤသို့ဒဏ်ရာမျိုးမှာ ယားယံခြင်းနှင့် မခြားနားလှပေ။

မိုဝူကျိ၏ မျက်လုံးမှာ ရေသေလိုမျိုး တည်ငြိမ်နေဆဲ ဖြစ်သည်။ သူက တူစုန့်၏ စကားကို ပြန်မဖြေဘဲ လခြမ်းကွေး ပုဆိန်လှံရှည်မှာ မြစ်တစ်စင်းအဖြစ် ပြောင်းလဲသွားလေ၏။

“ မင်းက နတ်ဘုရား ရုပ်ခန္ဓာ နောက်ပိုင်းအဆင့်လား ” တူစုန့်က အဖြစ်အပျက်ကို နားလည်သွားလေသည်။ နတ်ဘုရား ရုပ်ခန္ဓာနောက်ဆုံးအဆင့်မှသာ သူ့စိတ်ဝိညာဉ် ဖြိုခွဲခြင်း ကြာပွတ်ကို ခုခံနိုင်ပြီး အထိအခိုက်မရှိ ကျန်ရှိပေလိမ့်မည်။

သူက သိသိသာသာ အရေးနိမ့်သွားခြင်း မရှိသော်လည်း တူစုန့်စိတ်ထဲ အကြောက်တရားတချို့ ပေါ်လာလေ၏။ အင်မော်တယ် ဧကရာဇ်အနေနှင့် သူက မြောက်များစွာသော ပါရမီရှင်များကို မြင်တွေ့ခဲ့သည်။ သို့သော်လည်း နတ်ဘုရား ရုပ်ခန္ဓာအဆင့် ကျင့်ကြံသူ တစ်ယောက်တစ်လေမျှ မမြင်တွေ့ဖူးခဲ့ပေ။

အကယ်၍ မိုဝူကျိက ဆက်လက် တိုက်ခိုက်လျှင် သူ့လိုမျိုး အင်မော်တယ် ဧကရာဇ် အစောပိုင်းအဆင့် ကျင့်ကြံသူပင် ခုခံနိုင်မည် မဟုတ်ပေ။

လေဟုန်ဆန်မြစ်မှာ ကောင်းကင်မှ ဆင်းသက်လာပြီး ငွေရောင်အလင်းတန်းအဖြစ် ပြောင်းလဲသွားသည်။ ထိုအလင်းမှာ တူစုန့်နှင့် တူစုန့် စွမ်းအားစက်ကွင်းကိုပါ လွှမ်းခြုံသွားသည်။

“ စိတ်ဝိညာဉ် ဖြိုခွဲခြင်း ….” တူစုန့်က ခက်ထန်နေဆဲ ဖြစ်ကာ စိတ်ဝိညာဉ် ဖြိုခွဲခြင်း ကြာပွတ်ရှည်နှင့် ထပ်မံ တိုက်ခိုက်လိုက်သည်။ သူ့ကြာပွတ်ရှည်က ရေခဲတုံး အရေပျော်သွားသကဲ့သို့ ကောင်းကင်တခွင် အနက်ရောင်စွမ်းအားများနှင့် ပြည့်နှက်သွားသည်။ မိုဝူကျိက သူ့စိတ်စွမ်းအားမှာ နှေးကွေးလေးလံသွားပြီး သူ့အသိစိတ်ပင်လယ်တစ်ခုလုံး ထိုအနက်ရောင်စွမ်းအားများ ထိုးဖောက်လာသည်ကို ခံစားနေရသည်။

ဤသည်မှာ တစ်ဖက်လူ၏ ကမ္ဘာဦး စိတ်ဝိညာဉ်ကို ဖျက်စီးပစ်သည့် လျို့ဝှက်ပညာရပ်လား ….

မိုဝူကျိက ချက်ချင်းဆိုသလို နားလည်သွားလေ၏။ စကြဝဠာကြီးမှာ ကျယ်ပြန့်လွန်း၍ မြောက်များစွာသော နည်းလမ်းတို့ ရှိနေပေသည်။ တိုက်ပွဲအတွင်း တစ်ဖက်လူ၏ ကမ္ဘာဦး စိတ်ဝိညာဉ်ကို ဖျက်စီးပစ်နိုင်သည့် တိုက်ကွက် ရှိနေသည်။ သို့သော်လည်း ကံဆိုးသည်က ထိုလူသည် မိုဝူကျိနှင့်မှ တည့်တည့် လာတိုးခြင်း ဖြစ်၏။

သူ့တွင် ကမ္ဘာဦး စိတ်ဝိညာဉ် မရှိပေ။ ထို့အစား ကျယ်ပြောလွန်းသော အသိစိတ်ပင်လယ်သာ ရှိပြီး ထိုအသိစိတ်ပင်လယ်အတွင်း၌ ဧရာမ ခရမ်းရေကန်သာ ရှိပေသည်။

ခရမ်းရေကန်အတွင်းမှ ခရမ်းစွမ်းအားများမှာ အပြင်းအထန် လှုပ်ရှားလာပြီး အသိစိတ်ပင်လယ်အတွင်း ထိုးဖောက်လာသော ထိုအနက်ရောင်စွမ်းအားများကို ဆွဲယူသွားလေ၏။ ထိုခရမ်းရေကန်ဖြင့် မိုဝူကျိတွင် ကမ္ဘာဦး စိတ်ဝိညာဉ်ရှိနေလျှင်ပင် တူစုန့်၏ စိတ်ဝိညာဉ် ဖြိုခွဲခြင်း ကြာပွတ်ရှည်မှာ အသုံးမဝင်တော့ပေ။ သို့သော်လည်း မိုဝူကျိတွင် ကမ္ဘာဦး စိတ်ဝိညာဉ် မရှိပေ။

မိုဝူကျိက တူစုန့်၏ အနက်ရောင်စွမ်းအားကို ဖယ်ရှားလိုက်သည်နှင့် သူက လက်သီးတစ်ချက် ထိုးခွင်းလိုက်သည်။ သို့သော်လည်း ထိုလက်သီးချက်ကား ခဏတာမျှ လှုပ်ရှားသွားပြီး ရပ်တန့်သွားသည်။ ထိုစဉ်အခိုက်အတန့်လေး၌ မိုဝူကျိ မျက်နှာ အမူအယာမှာ ရုတ်ချည်း ပြောင်းလဲသွားတော့သည်။

***

All Chapters