← Chapters

အခန်း(၄၇၈) - ကံကောင်းခြင်းများ ရောက်ရှိလာခြင်း

Vol. 35 Ch. 478

အခန်း(၄၇၈) - ကံကောင်းခြင်းများ ရောက်ရှိလာခြင်း

Vol. 35 Ch. 478

အခန်း(၄၇၈) - ကံကောင်းခြင်းများ ရောက်ရှိလာခြင်း

အမေကျိုး ပျော်ရခြင်းမှာ မိန်းကလေးကို သူ့ဘက်က ဦးစွာ ပိုးပန်းခဲ့သည့် ရှုရှန့်ချမ်းနှင့် မတူသောကြောင့်ဖြစ်သည်။ ယခုက တဖက်မိန်းကလေး မိသားစုက လာရောက် ကမ်းလှမ်းခြင်းဖြစ်၏။

ထုတ်ပြောသူက ဒေါ်လေးမာ ဖြစ်သော်လည်း အမေကျိုးက ငတုံးမဟုတ်ပါ။ အထူးသဖြင့် မင်္ဂလာကိစ္စနှင့်ပတ်သတ်လာလျှင် နှစ်ယောက်စလုံးက ကျွမ်းကျင်သူများဖြစ်ကြသည်။

မိန်းကလေးဘက်က ဆန္ဒရှိပါက ကြားခံလူတစ်ယောက်ကို စေလွှတ်ပြီး ယောက်ျားလေးဘက်က သဘောထားကို စမ်းသပ်ခိုင်းလိမ့်မည်။ ကြားခံလူက မိန်းကလေးဘက်က မသိဘူးဟုသာ ပြောပြီး ယောက်ျားလေးဘက်က စိတ်ဝင်စားပါက အောင်သွယ်ပေးမည်ဟု ပြောလိမ့်မည်။

သို့သော်လည်း တကယ်တော့ အမျိုးသမီးဘက်က စတင်ပြီး မအောင်မြင်ပါက ဘယ်ဘက်မှ အရှက်ရမည် မဟုတ်တော့ပါ။

ထို့ကြောင့် အမေကျိုး အပျော်လွန်သွားပါသည်။

"ဟုတ်ပြီ နင်မြန်မြန်ပြန်တော့။ ချမ်းကျစ် ပြဿနာကို နင့်ဟာနင်သာ အဆင်ပြေသလို ကြည့်ရှင်းလိုက်။ ဘာပဲဖြစ်ဖြစ် နင်က တော်တော် အစွမ်းအစရှိတယ်မလား။" အမေကျိုးက မြေးမကို အရင်နှင်ထုတ်လိုက်သည်။

ရှုရှန့်မိန်ကလည်း ဆက်မနေချင်ပါ။ သူမ အဘွား၏ အပြုအမူများက နာကျင်စရာ ကောင်းလွန်းသည်။

မြေးမ ဖြစ်သူ ထွက်သွားသည်နှင့် အမေကျိုးက ဒေါ်လေးအနားသို့ သွားထိုင်လိုက်သည်။

ကျိုးချင်းပိုင်က ရေနှစ်ခွက်ယူလာသည်။ သူဘာမှ ဝင်မပြောသော်လည်း ထောက်ခံကြောင်းတော့ ပြသပါသည်။

ဒေါ်လေးမာ ပြောမှ ကောင်မလေးမှာ စတုတ္ထချွေးမ၏ အထည်ဆိုင်တွင် အလုပ်လုပ်နေတာ ဖြစ်ကြောင်း အမေကျိုးသိရခြင်းဖြစ်သည်။ သူ့သားငယ်က ကောင်မလေးကို သိနေပြီး လက်ရှိသဘောထားကို ကြည့်ခြင်းအားဖြင့် အမေကျိုးရင်ထဲတွင် စိတ်ချသွားသည်။

"အစ်မကြီး ဒီကိစ္စကို ထုတ်ပြောဖို့ ကူညီပေးပြီး အဲ့ဒီငတုံးဟူကျစ်ကို အထင်ကြီးပေးတဲ့ အတွက် ကျေးဇူးအများကြီးတင်ပါတယ်။" အမေကျိုးက ထိုကဲ့သို့ စကားလမ်းကြောင်း ခင်းလိုက်သည်။

"ဟူကျစ်တို့လို လူငယ်လေးတွေ ဒီရောက်လာကတည်းက ကျွန်မ အမြဲတမ်း စောင့်ကြည့်နေတာပါ။ အစ်မကြီးရဲ့မြေးက နောက်ပိုင်း အဆင်မပြေဘဲ မနေပါဘူး။" ဒေါ်လေးမာကလည်း အပြောကောင်းသူဖြစ်သည်။

အမေကျိုး ပျော်ရွှင်သွားပါသည်။ သူ့မြေးတော်ပါသည်။ အဘွားတစ်ယောက်အနေဖြင့် မျက်နှာရခဲ့သည်။ "အစ်မကြီးက ဒီက ချင်းပိုင်ကို လာကူပေးတာ ကြာပြီမဟုတ်လား။ အဲ့တာကြောင့် အခြေအနေကို သိမှာပေါ့။ ကျန်တာကို အာမခံပေးလို့ရပါတယ်။ ကျွန်မရဲ့ ဒုတိယသမီးဖြစ်ဖြစ် ဒုတိယသားမက်ဖြစ်ဖြစ် ငတုံး မဟုတ်ကြဘူး။ ကျွန်မရဲ့ အကြီးဆုံးသမီးကလည်း အရင်က တော်ပါတယ်။ ဒါပေမယ့် ဘာကြောင့် ဒီလိုဖြစ်လာလဲ ဆိုတာတော့ မသိတော့ပါဘူးရှင်။ ကလေးတွေကို ဒီလိုဖြစ်လာအောင် သင်ပေးခဲ့တာလား။ သူတို့ကိုကြည့်ရုံနဲ့ ရင်ထဲမီးတောက်လာတယ်။ ဒါပေမယ့် ကျွန်မ ဒုတိယသမီးရဲ့ မိသားစုကတော့ မတူပါဘူး။ မဟုတ်ရင် ကျွန်မ မျက်နှာပြောင်တိုက်ပြီး ဒီကိစ္စကို ပြောရဲမှာ မဟုတ်ဘူး။ ချမ်းကျစ်လိုပဲ ရွာသူတစ်ယောက်က သူ့ကို လက်ထပ်ရင်တောင် ကံကောင်းလှပြီ။ အဲ့တာ ရိုးရိုးသားသားပြောတာပါ။"

အမေကျိုး ပြောချင်သည့် ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း သိနိုင်ပါသည်။ ဒီလိုစွမ်းရည်မျိုးကို အရင်တုန်းက ကူညီအောင်သွယ်တော်များထံမှ သင်ယူထားခြင်းဖြစ်၏။

သို့သော်လည်း ဒေါ်လေးမာက ကြားရတာ ဝမ်းသာသွားခဲ့ပါသည်။

"အစ်မကြီး စိတ်မပူပါနဲ့။ ကျွန်မ နားလည်ပြီးသားပါ။" ဒေါ်လေးမာက ပြုံးကာ ပြန်ပြောလိုက်သည်။

"ကျန်တာကို အေးအေးဆေးဆေး ဆွေးနွေးလို့ရပါတယ်။ ဒီကလေး ဟူကျစ်က သေချာပေါက် သူ့မိန်းမကို ချစ်မြတ်နိုးလိမ့်မယ်လို့ ကျွန်မ ကတိပေးရဲတယ်။ သူ့လစာကိုလည်း ရှင်တို့သိပါတယ်။ သူ့ဦးလေးအိမ်မှာ နေပြီး ပိုက်ဆံဖြုန်းစရာနေရာလည်း တစ်နေရာမှ မရှိဘူး။ ဒီကလေးက ဝတ္တရားကျေပွန်ပြီး မိသားစုကို ငွေပြန်ပို့တယ်။ ဒါပေမယ့် ရည်းစားထားပြီး မိန်းမယူလိုက်ရင်တော့ ပြောင်းလဲသွားမှာပါ။ လိုအပ်တဲ့ ဝတ္တရားကိုတော့ ကျေပွန်ရမှာပဲ ဆိုပေမယ့် ကျန်တာက သူ့မိသားစုအတွက်ပဲဆိုတာ သေချာတယ်။" ဟု အမေကျိုးက ဆက်ပြောလိုက်ပါသည်။

အမေကျိုး ကူညီချင်နေသည်မှာ အံ့သြစရာမရှိပါ။ သူမ၏ မြေးသာ မြို့သူတစ်ယောက်ကို လက်ထပ်နိုင်ပါက ဘယ်လောက် ကောင်းလိုက်မလဲ။

ထို့အပြင် သူတို့နေထိုင်နေသည့် ခေတ်ကိုလည်း ကြည့်ပါဦး။ ယခုဆို ပွင့်လင်းမြင်သာ ခေတ်ကို ရောက်နေပြီဖြစ်သည်။ အထူးသဖြင့် မြို့တော်တွင် လူငယ်များ လက်ထပ်ပြီး မိသားစုထံမှ ခွဲထွက်သွားခြင်းမျိုးမှာ အဖြစ်များနေပါပြီ။

ထို့ကြောင့် အမေကျိုးက အနာဂတ်တွင် ကိုယ့်ပိုက်ဆံကို စုထားလည်း အဆင်ပြေသည်ဟု ပြောနေခြင်း ဖြစ်ပါသည်။

ဘာပဲဖြစ်ဖြစ် ဒီလိုမြို့ကြီးပြကြီးတွင် နေနိုင်ဖို့ ရှင်သန်မှု ဖိအားက မသေးငယ်ပါ။ သူတို့ပိုက်ဆံအားလုံးကို မိသားစုဆီ ပို့ပေးလို့ ဖြစ်ပါ့မလား။ တချို့တဝက်သာ ပို့ပေးပြီး ကျန်တာကို ကိုယ်တိုင်စုထားလည်း သာမန်ပဲဖြစ်ပါသည်။

ပြောရမည်ဆိုလျှင် မြို့တော်ကို ရောက်လာကတည်းက အမေကျိုး၏ အသိစိတ်များ တော်တော်လေး တိုးတက်လာခဲ့ပါသည်။

တကယ်တော့ ထိုကဏ္ဍတွင် အမေကျိုးက အမြဲတမ်း ရက်ရောခဲ့ပါသည်။ အရင်တုန်းကကော လင်းချင်းဟယ်က မိသားစုက ခွဲထွက်မသွားခဲ့ဘူးလား။ ကျိုးချင်းပိုင် ပို့ပေးသည့် ငွေများကို သူမ တစ်ဦးတည်းသာ ကိုင်ဆောင်ထားခဲ့သည်။

သူမအတွက် တစ်ခုတည်းသော လိုအပ်ချက်က သူမ၏ မြေးသုံးယောက်ကို ကောင်းကောင်းမွန်မွန် ပျိုးထောင်စေဖို့ ဖြစ်ပါသည်။

ဒေါ်လေးမာက အမေကျိုး၏ စကားကို ကျေနပ်သွားပါသည်။ ဘာပဲဖြစ်ဖြစ် ဒါက တကယ့် ပြဿနာဖြစ်လာနိုင်သည်။

"အစ်မကြီး အဲ့လိုပြောလိုက်တော့ ကျွန်မ ပိုလို့တောင် စိတ်အေးသွားတာပေါ့။" ဟု ဒေါ်လေးမာက ရွှင်ပျစွာ ပြောလိုက်ပါသည်။

"ဒီကိစ္စတွေ အကုန် ရှင်းရှင်းလင်းလင်း ပြောထားရတာက အဲ့ဒီငတုံးလေး ဟူကျစ်ကိုယ်စား ရှင်ကူပြောပေးနိုင်အောင်လို့နော်။ အခြားကိစ္စတွေမှာတော့ ပြဿနာမရှိပေမယ့် ရှင့်ကို ကြိုပြီး ရှင်းရှင်းလင်းလင်း သတိပေးထားရတာပေါ့။” ဟု အမေကျိုးက ပြောလိုက်သည်။

"ပြောပါ အစ်မကြီး။" ဒေါ်လေးမာ ခေါင်းငြိမ့်လိုက်သည်။

"တစ်ခုတည်းသော အားနည်းချက်က ဟူကျစ်မှာ ကျေးရွာ အိမ်ထောင်စုစာရင်းရှိနေတာပဲ။ အဲ့ဒီအိမ်ထောင်စု စာရင်းက တကယ့် စိတ်ပျက်စရာ ပြဿနာပဲ။" ဟု အမေကျိုးက သူမကို ကြည့်ရင်း ပြောလိုက်သည်။

ဒေါ်လေးမာက ပြန်ပြော၏။ "အိမ်ထောင်စု စာရင်းက ရွှေ့ပြောင်းလို့ မလွယ်မှန်း ကျွန်မသိပါတယ်။ အခု ချင်းပိုင်နဲ့ ဆရာမလင်းတို့ကို မန်နေဂျာအဖြစ် ကူညီပေးနေတဲ့ ကျွန်မသား ချန်းမင်ကို သိတယ်မလား။ ရှင်မသိဘူးနော် သူပြန်လာတုန်းကဆို ကျွန်မယောက်ျားနဲ့ ကျွန်မတို့ အိမ်ထောင်စုစာရင်း ပြန်ပြောင်းဖို့ အသုဘ စရိတ်တွေပါ အကုန်သုံးခဲ့ရတယ်။"။

အမေကျိုးက ပြောလိုက်သည်။ "ပြန်ပြောင်းနိုင်ခဲ့လို့ တော်သေးတာပေါ့"

"ဟုတ်တာပေါ့။" ဒေါ်လေးမာက ဆို၏။ "အဲ့တာကြောင့် ကျွန်မ အမြင်မှာတော့ ဟူကျစ်ရဲ့ စရိုက်ကောင်းတာနဲ့တင် လုံလောက်ပါပြီ။ အိမ်ထောင်စု စာရင်းက အရေးမကြီးဘူး တကယ်တော့ အဲ့လောက်ပဲ အရေးကြီးတာ မဟုတ်လား အစ်မကြီး"

အမေကျိုး စိတ်ပေါ့ပါးသွားသည်။ "အဲ့တာ ယုတ္တိရှိတာပဲလေ။"

"ဒီလိုပဲပေါ့။ ဒါပေမယ့် ကျွန်မတို့ အနာဂတ်အတွက်လည်း ကြိုပြီး စဥ်းစားထားရမယ် မဟုတ်လား။" ဒေါ်လေးမာက ခေါင်းအရင်ငြိမ့်လိုက်ပြီး ပြောလိုက်သည်။ "သူတို့ အောင်အောင်မြင်မြင်နဲ့ ပေါင်းစည်းနိုင်သွားရင် အနာဂတ်မှာ သူတို့ မြို့တော်မှာ အခြေချကြလောက်တယ်။ ဒီဘက်က ဖွံ့ဖြိုးတိုးတက်မှုတွေကို ရှင်လည်း မြင်သားပဲ။ ဒီက ပညာရေးတွေက နောက်ပိုင်းမျိုးဆက်တွေမှာ ပိုတောင် ကောင်းလာဦးမယ်။ ကျွန်မ အထင်သေးတာတော့ မဟုတ်ပေမယ့် ကျေးရွာတွေက မြို့ကြီး ပြကြီးတွေကို တကယ် မယှဥ်နိုင်ပါဘူးရှင်။"

"ရှင် ဘာကိုဆိုလိုသလဲ ကျွန်မသိပါတယ်။ အိမ်ထောင်စု စာရင်းလျှောက်ဖို့ ဘယ်လောက်ခက်ခဲလဲ ရှင်လည်းသိတယ်မလား။" အမေကျိုး တွန့်ဆုတ်နေသည်။

"မလွယ်တာသိပါတယ်။ အဲ့တာကြောင့် ဟူကျစ်ကို မြို့တော် အိမ်ထောင်စုစာရင်းကို လုပ်ခိုင်းနေတာ မဟုတ်ဘူး။ အနာဂတ်မှာ အခွင့်အရေး ရှိလာခဲ့ရင် ဟူကျစ်က အိမ်ထောင်စု စာရင်း ပြောင်ရွှေ့ဖို့ စိတ်ပါရဲ့လားလို့ မေးနေတာပါ။ သူသာအဲ့လို ရည်ရွယ်ချက်ရှိရင် စိတ်သာချ အစ်မကြီး ကျွန်မ အစ်မကြီးတို့အတွက် မင်္ဂလာကိစ္စ စီစဥ်ပေးပါ့မယ်။" ဒေါ်လေးမာက ပြောလိုက်သည်။

"အခွင့်အရေးသာ ရှိရင် ဘယ်သူက မပြောင်းရွှေ့ချင်ဘဲ နေမှာလဲ။ အခွင့်အရေး သိပ်မရှိမှာကိုပဲ စိုးရိမ်မိတာ။" အမေကျိုးက လူတွေကို မလှည့်စားချင်ပါ။ သူမ မြို့တော်သို့ ရောက်လာပြီးမှ အိမ်ထောင်စုစာရင်း ပြောင်းရွှေ့ဖို့ ဘယ်လောက်ခက်ခဲသလဲ သိခဲ့ရခြင်းဖြစ်ပါသည်။

အိမ်ထောင်စုစာရင်း ငါးခုစလုံးကို ပြောင်းရွှေ့ဖို့ စတုတ္ထချွေးမ အစွမ်းအစ ဘယ်လောက် ထုတ်သုံးခဲ့ရမှန်း သူမသိသည်။

သို့သော် သူမက ရှင်းလင်းသဖြင့် အမေကျိုး တိကျသော ကတိတစ်ခု မပေးခဲ့ပါ။ ပြီးပြည့်စုံဖို့ တကယ်ခက်ခဲလှသည်။

"ကိစ္စမရှိပါဘူးဗျာ။ အခွင့်အရေးသာ ရလာရင် ဟူကျစ်ကလည်း သေချာပေါက် ကူးပြောင်းချင်မှာပါ။" ကျိုးချင်းပိုင်က ဒေါ်လေးမာကို လှမ်းပြောလိုက်ပါသည်။ "ဒါတော့ ကတိပေးတယ် ဒေါ်လေးမာ"

ဒေါ်လေးမာက ပြုံးလိုက်၏။ "ချင်းပိုင် နင်လည်း ခေါင်းငြိမ့်လိုက်ပြီဆိုတော့ ပြဿနာမရှိတော့ဘူးပေါ့။ အလုပ်ပြီးတာနဲ့ နင့် အဘွားရှုကို သွားပြောလိုက်မယ်။"

ကျိုးမိသားစု၏  စိတ်အားထက်သန်မှုကြောင့် ဒေါ်လေးမာ မျက်နှာရခဲ့ပါသည်။ လူငယ်နှစ်ယောက်ကို အောင်မြင်စွာ သူမ အောင်သွယ်ပေးနိုင်ပါက ကျက်သရေရှိလှသည်မဟုတ်ပါလား။

ယောက်ျားလေး အထည်ဆိုင်တွင် ဧည့်သည်များကို ကြိုဆိုနေသည့် ဟူကျစ်ကတော့ သူ့ထံသို့ ကံကောင်းခြင်းများ ရောက်ရှိလာပြီကို မသိခဲ့ပါ။

All Chapters