← Chapters

အခန်း(၄၈၀) - နားလည်မှုလွဲခြင်း

Vol. 35 Ch. 480

အခန်း(၄၈၀) - နားလည်မှုလွဲခြင်း

Vol. 35 Ch. 480

အခန်း(၄၈၀) - နားလည်မှုလွဲခြင်း

ထိုနေ့ညက ဟူကျစ် အိပ်မပျော်ခဲ့ပါ။

အကြောင်းမှာ ထိုလူငယ်လေးအတွက် ဒီနေ့ ကိစ္စက မသေးငယ်ပေ။ ချမ်းကျစ် ကိစ္စကိုပဲ စိတ်ဝင်စားနေကြတာ မဟုတ်ဘူးလား။

ဘာကြောင့် ဘယ်ကမှန်းမသိဘဲ သူ့ဘက်ကို ပြောင်းလာကြတာလဲ။

အမှန်ပင်။ သူ မပျော်လို့တော့ မဟုတ်ပါ။ ဆန့်ကျင်ဘက်ဖြစ်ပြီး စိတ်အေးမိပါသည်။ အောင်သွယ်ခံရသည့် ကိစ္စအတွက် အနည်းငယ် ရှက်သော်လည်း ချန်းရှန်ရှန်နှင့် သူ အတော်လေး ရင်းနှီးထားပြီးသားဖြစ်ပါသည်။

ယခင်က ဒီလို တစ်ခါမှ မစဥ်းစားဖူးဘဲ သူငယ်ချင်းလိုသာ ဆက်ဆံခဲ့ခြင်းဖြစ်သည်။ တဖက်လူကို လက်ထပ်ဖို့အထိ သူ မစဥ်းစားရဲပါ။ ဘာပဲဖြစ်ဖြစ် သူက ကျေးရွာ အိမ်ထောင်စု စာရင်းနှင့် ရွာသားတစ်ယောက် မဟုတ်ပါလား။ ထို့ကြောင့် သူများကို အရူးမလုပ်တာ အကောင်းဆုံးဖြစ်ပါသည်။

ထို့ကြောင့် အစမှအဆုံးထိ ထိုကိစ္စကို သူမစဥ်းစားခဲ့ပေ။

သို့သော် ဒီနေ့ည သူ့ဦးလေးက သူ့ကို ဒီကိစ္စ သီးသန့် ပြောပြခဲ့လိမ့်မည်ဟု ထင်မထားခဲ့ပါ။ သူ့စိတ်လှုပ်ရှားမှုကို တောင့်ခံပြီး သူ့အဘွားကို သွားမေးခဲ့ပါသည်။

သူ့အဘွားကလည်း အလွန်ရှင်းလင်းသော အတည်ပြုချက်ကို ပေးခဲ့သည်။

ထို့ကြောင့် ဟူကျစ် အခု အိပ်မပျော်တော့ပါ။ ရှင်းရှင်းပြောရလျှင် ရုတ်တရက်ကြီး ပျော်ရွှင်မှုများ ဒလဟော ရောက်ရှိလာသဖြင့် သူ မကိုင်တွယ်နိုင်တော့ခြင်းဖြစ်ပါသည်။

"အစ်ကို မင်းဘာလုပ်နေတာလဲ။ မအိပ်သေးဘူးလား။ ဘယ်အချိန်ရှိနေပြီလဲ။" ကန်းကျစ်သည် ရေအိမ်သွားဖို့ အိပ်ရာထချိန်တွင် သူ့အစ်ကိုက မအိပ်သေးမှန်း သတိထားမိသွားသည်။

ညီအစ်ကိုနှစ်ယောက်သား ဧည့်ခန်းကြမ်းပြင်ပေါ်တွင် အိပ်စက်ကြခြင်းဖြစ်သည်။ ပန်ကာလည်း ဖွင့်ထားသဖြင့် နေလို့ကောင်းလှပါသည်။

ကျိုးကွေ့လိုင်နှင့် ကျိုးရွှမ်းတို့က အခန်းထဲတွင် အိပ်ကြသည်။ သူတို့လည်း အခန်းထဲတွင် ကြမ်းပြင်ပေါ်မှာသာ အိပ်နေခြင်းဖြစ်သည်။ ကြမ်းပြင်လောက် မအေးသဖြင့် ကုတင်ပေါ် တက်မအိပ်ချင်ကြပါ။

ဟူကျစ်က ပြောလိုက်၏။ "ဘာမှ မလုပ်ပါဘူး။ သွားအိပ်စမ်းပါ။"

ကန်းကျစ်နှင့် အခြားသူများတောင် ထိုကိစ္စကို မသိကြသေးပါ။ ထို့ကြောင့် ထိုသို့ပြောပြီးသွားသောအခါ ဒီတိုင်းထားလိုက်ပါသည်။

နောက်တစ်နေ့တွင် ဟူကျစ် အိပ်ရာစောစောထခဲ့၏။ ချန်းမိသားစုတို့ဘက်သို့ သွားလည်ခဲ့သည်။ ချန်းရှန်ရှန်ကလည်း အစောကြီး အိပ်ရာထတတ်သည်။ သူမတွင် အလုပ်ရှိသော်လည်း အိမ်မှာလည်း အိမ်မှုကိစ္စ လုပ်တတ်သည်။

မနက်အစောကြီး ချက်ပြုတ်ဖို့ သူမ အိပ်ရာထခဲ့၏။ ရေသွန်ဖို့ ထွက်လာသောအခါ ဟူကျစ်ကို တွေ့လိုက်ရလေသည်။

သူမ ဘာတွေ တွေးနေသလဲမသိပေ။ မျက်နှာ နီရဲသွားသည်။ သို့သော်လည်း ချန်းရှန်ရှန်က ဟူကျစ်ကို ကြည့်လိုက်ပြီး သူ့ထံသို့ လျှောက်သွားပါသေးသည်။ "ဘာလို့ လာခဲ့တာလဲ။"

"ငါ...ငါ ဒီတိုင်း လမ်းထွက်လျှောက်တာပါ။" ဟူကျစ် စကားထစ်နေသည်။

ချန်းရှန်ရှန် အစကတော့ စိတ်လှုပ်ရှားပြီး ရှက်နေသော်လည်း ဟူကျစ်က သူမထက်ပင် ပိုရှက်နေသည်ကို မြင်ရသောအခါ သူမ စိတ်အေးသွားပါသည်။ သူ့ကို ကြည့်ပြီး ချန်းရှန်ရှန်က ပြောလိုက်သည်။ "လူကြီးတွေ ငါတို့ကို သဘောတူနေတာ နင်သိတယ်မလား။"

"အင်း ငါ့ဦးလေးလည်း ငါ့ကိုပြောတယ်။" ဟူကျစ်မျက်နှာက နီနေသော်လည်း သူ့ဇနီးအဖြစ် မြို့တော်က မိန်းကလေးကောင်း တစ်ယောက်ကို ရဖို့ မလွယ်ကူမှန်းသိသဖြင့် ဒီတစ်ခါတော့ ချန်းရှန်ရှန်ကို သတ္တိရှိစွာ ကြည့်လိုက်ပါသည်။

"ဒါဆို နင့်သဘောထားကကော..." သူ့ရဲတင်းမှုကြောင့် ချန်းရှန်ရှန် ရှက်ရွံ့သွားပြီး မျက်နှာလွှဲလိုက်သည်။

"ငါ့မှာ အစွမ်းအစတော့ သိပ်မရှိဘူး။ ဒါပေမယ့် ငါ့ကိုလက်ထပ်ပြီး ငါ့ဇနီးဖြစ်လာပေးမယ်ဆိုရင် တစ်သက်လုံး နင့်ကို သေချာပေါက် တန်ဖိုးထားသွားမှာပါ။ ငါကမြို့တော်မှာ နေတာ မဟုတ်ပေမယ့် ငါအလုပ်ကြိုးစားရင် အနာဂတ်မှာ ပိုက်ဆံစုပြီးတာနဲ့ အိမ်ထောင်စု စာရင်းကို ရွှေ့ပြောင်းလို့ရတယ်လို့ ဦးလေးက ပြောတယ် ရှန်ရှန် နင်ငါ့ကို လက်ထပ်ဖို့ ဆန္ဒရှိတယ်ဆိုရင် ငါ...ငါ ဟွမ်ဟူက နင့်အပေါ် တစ်သက်လုံး ကောင်းပြီး တင့်တောင်းတင့်တယ်ထားနိုင်ဖို့ အလုပ်ကြိုးစားပါ့မယ်လို့ ကတိပေးပါတယ်။" ဟု ဟူကျစ်က နီရဲနေသော မျက်နှာဖြင့် သစ္စာဆိုလိုက်သည်။

ထိုစကားလုံးများမှာ မနေ့ည တစ်ညလုံး အိပ်မပျော်စဥ်က ကြိုစဥ်းစားထားခြင်းဖြစ်သည်။ ကောင်မလေး သဘောကျရုံသာ မဟုတ်ဘဲ စိတ်ထဲတွင်ရှိသည့်အတိုင်း ပြောခြင်းသာဖြစ်သည်။

ချန်းရှန်ရှန် မျက်နှာ လုံးဝ နီရဲနေပြီး သူ့ကို ခိုးကြည့်ကာ ပြောလိုက်သည်။ "အရူးကောင်"

သူမ စကားပြန်ပြောခါနီးတွင်။ ဟူကျစ်က အလွန်စိတ်လှုပ်ရှားလာပြီး ပြောလိုက်၏။ "ရှန်ရှန် နင်ငါ့ကောင်မလေး ဖြစ်လာဖို့ ဆန္ဒရှိလား။"

"မရှိဘူး။" ချန်းရှန်ရှန်က သူ့ကို စိတ်ဆိုးသော မျက်နှာလုပ်ပြပြီး ရှက်ကာ ပြန်ပြေးသွားသည်။

ဟူကျစ် မိုးကြိုးပစ်ခံလိုက်ရသလိုပင်။ သူပြန်ရောက်လာသောအခါ လိပ်ပြာပင် လွင့်သွားသလား ထင်ရ၏။

သို့သော်လည်း သူ့ဦးလေး (တာ့လင်) ထံမှ အီကြာကွေးများ ယူလာပြီး သူ့ဒေါ်လေးကို မနက်စာအဖြစ် ပေးခဲ့ပါသည်။

ဒီနေ့ အတန်းချိန်များသဖြင့် လင်းချင်းဟယ် စောစော ထခဲ့သည်။ သူ ပြန်ရောက်လာသည်ကို မြင်သောအခါ အပြင်တွင် သွားတိုက်နေသည့် ကျိုးကွေ့လိုင်နှင့် အခြားသူများကို ရှောင်ကာ အသံတိုးတိုးဖြင့် မေးလိုက်၏။ "နင့်ဦးလေး ပြောတာ ကြားပြီးပြီ ဆိုပေမယ့် ဒေါ်လေး မေးရဦးမယ်။ ရှန်ရှန်ကို ဘယ်လို သဘောထားလဲ။"

ဟူကျစ်က ငိုမဲ့မဲ့ဖြင့် "ဒေါ်လေး ကျွန်တော်က ဝမ်းသာပါတယ်။ ဒါပေမယ့် ရှန်ရှန်က သဘောမကျဘူး။ သူ့ကို အပြစ်မတင်ပါနဲ့။ သူ မကြိုက်ရင်လည်း မကြိုက်ချင်စရာပဲကို။"

ဘာပဲဖြစ်ဖြစ် သူက ဘာပိုင်ဆိုင်မှုမှ မရှိသည့် ရွာသားလေး တစ်ယောက် မဟုတ်ပါလား။ မြို့သူမိန်းကလေးတစ်ယောက်က သူနဲ့ လက်မတွဲချင်တာ သာမန်ပဲဖြစ်ပါသည်။

သို့သော်လည်း ဟူကျစ် အလွန်ဝမ်းနည်းနေပါသည်။ မနေ့ညက တစ်ညလုံး စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်းပြီးနောက် ချန်းရှန်ရှန်ကို သူ့ကောင်မလေး ဖြစ်ပြီဟု ယုံကြည်ခဲ့သည်။

ထင်မထားစွာဖြင့် ချန်းရှန်ရှန်က သဘောမကျပါ။

"ဟေ..." လင်းချင်းဟယ် လန့်သွား၏။ ချန်းရှန်ရှန်က သဘောမကျဘူးတဲ့လား။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ သူသဘောမကျရင် ဒေါ်လေးမာက ဘာလို့ လာပြောမှာလဲ။

"ကျွန်တော် အဲ့ကိုသွားလည်တော့ ရှန်ရှန်နဲ့ တွေ့တယ်။ သူက သဘောမကျဘူးလို့ ပြောလိုက်တယ်။" ဟု ဟူကျစ်က ဝမ်းနည်းစွာ ပြောလိုက်သည်။

လင်ချင်းဟယ်က တကယ်ပဲ တွန့်ဆုတ်သွားရ၏။ ချန်းရှန်ရှန်က သဘောမကျဘူးတဲ့လား။

မနက်စာပင်မစားဘဲ ဒေါ်လေးမားထံသို့ လင်းချင်းဟယ် ရောက်ချလာ၏။ ဒေါ်လေးမာက ပြုံးကာ ဧည့်ခံလိုက်သည်။ "ဆရာမလင်း ပါလား။ လာလေ၊ စားပါဦး။"

သူမတို့ မိသားစု စားသောက်နေရင်း တန်းလန်းကြီးဖြစ်သည်။

"ဒေါ်လေးမာ အပြင်မှာခဏလောက် စကားပြောကြရအောင်" လင်းချင်းဟယ်က ပြောလိုက်သည်။ ဒီကိစ္စကို ဂရုတစိုက် ပြောရမည်ဖြစ်သည်။ မဟုတ်ပါက ရှက်ဖို့ ကောင်းလွန်းပါသည်။

ဒေါ်လေးမာ ထွက်လာခဲ့သည်။

"ဒေါ်လေးမာ ဟူကျစ်နဲ့ ရှန်ရှန်တို့ ကိစ္စပါ။ ချန်းမိသားစုက သဘောမတူကြဘူးလား။" ဟု လင်းချင်းဟယ်က လိုရင်းကိုသာ မေးလိုက်ပါသည််။

"တူပါတယ်။ သူတို့ အလျင်မလိုသေးဘဲ လူငယ်လေးတွေကို အရင်တွဲကြည့်ခိုင်းချင်ကြတာ။ ဝမ်ယွမ်နဲ့ အာ့နီတို့လိုပေါ့။ အချိန်တန်မှ မင်္ဂလာကိစ္စ ဆွေးနွေးလို့ရပါတယ်တဲ့။ သူတို့နှစ်ယောက်စလုံးက ငယ်သေးတာပဲလေ။" ဟု ဒေါ်လေးမာက ရွှင်ပျစွာ ပြန်ဖြေလိုက်သည်။

"သဘောတူတယ်ဟုတ်လား။" လင်းချင်းဟယ် အံ့သြသွား၏။ "ခုလေးတင် ဟူကျစ်က ရှန်ရှန်နဲ့သွားတွေ့တာ ရှန်ရှန်က သဘောမတူဘူးလို့ ပြောလိုက်တယ်တဲ့။"

"ဟင်" ဒေါ်လေးမာ လန့်သွားသည်။ "အဲ့လိုဖြစ်ခဲ့တာလား။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ချန်းမိသားစုက ငါ့ကို အရင်ပြောခိုင်းထားတာလေ။"

အဘွားရှု၏ တောင်းဆိုမှုကြောင့်သာ သူမ ပြောခဲ့ခြင်းဖြစ်သည်။ အခုတော့ ချန်းမိသားစုရဲ့ ချန်းရှန်ရှန်က ဟူကျစ်နဲ့ မတွဲချင်ဘူးတဲ့လား။

ဘယ်လိုဖြစ်တာလဲ။

"မဟုတ်သေးပါဘူး။ သေချာမေးမှဖြစ်မယ်။ သူတို့ ဒီလိုလုပ်လို့ မဖြစ်ဘူးလေ။" ဒေါ်လေးမာ ထပ်ပြီး မစားသောက်နိုင်တော့ပါ။ ဒါလူကို တမင် အရှက်ခွဲတာမဟုတ်လား။

သူမ အဘွားရှုကို သွားတွေ့ခဲ့သည်။ အဘွားရှုလည်း ထိုအကြောင်းကြားသောအခါ မြေးမဖြစ်သူကို မေးခဲ့၏။

ချန်းရှန်ရှန် ကြောင်သွားရသည်။ သူမ သဘောမကျဘူးလို့ ဘယ်တုန်းက ပြောခဲ့မိလို့လဲ။ ထို့နောက် သူမ မှတ်မိသွားပြီး ရယ်ရခက် ငိုရခက်ဖြစ်သွားတော့သည်။ ငတုံးကောင် ဟူကျစ်ကတော့ သူမ စနောက်နေမှန်းတောင် မသိဘူးလား။

"ဟူကျစ် ငတုံးကောင်" ချန်းရှန်ရှန် ရှက်သွားပြီး အဘွားရှုကို ပြန်ပြောလိုက်ပါသည်။

"သြော် နားလည်မှု လွဲကြတာကိုး။ လန့်သွားတာပဲ။" ဒေါ်လေးမာက သူ့တုန့်ပြန်မှုကြောင့် နားလည်သွားသည်။ ကောင်မလေးက ရှက်ပြီး တမင်တကာ သဘောမကျဘူးဟု ပြောခဲ့ခြင်းဖြစ်သည်။ ဟူကျစ်က များများစားစား မစဥ်းစားတော့ဘဲ သူမက တကယ် သဘောမကျဘူးဟု ထင်သွားခြင်းဖြစ်သည်။

"ဟူကျစ်က တကယ်ရိုးတဲ့ကောင်ပဲ။ နင် သူ့ကို မကြိုက်ဘူးထင်လို့ မနက်စာတောင် မစားနိုင်ဘူး။ လိပ်ပြာလွင့်သွားတဲ့ အတိုင်းပဲ။" ဟု ဒေါ်လေးမာက ရွှင်ပြစွာ ပြောလိုက်သည်။

"သူ့ကို တစ်ခုခု စားခိုင်းလိုက်တာ ပိုကောင်းမယ်။ ဒီလို အရွယ်ကြီးနဲ့ ဘာမှ မစားတာ အဆင်မပြေဘူး။" ဟု ချန်းရှန်ရှန်က ပြောလိုက်သည်။

"သူ့အတွက် စိတ်တောင်ပူပေးနေပြီပေါ့။" ဒေါ်လေးမာက စလိုက်သည်။ "ဟုတ်ပါပြီ။ ငါပြန်သွားရင် ဟူကျစ်ကို ကောင်းကောင်းစားဖို့ ပြောလိုက်ပါ့မယ်။"

All Chapters