← Chapters

အခန်း(၄၈၁) - ခိုးကြောင်ခိုးဝှက်

Vol. 35 Ch. 481

အခန်း(၄၈၁) - ခိုးကြောင်ခိုးဝှက်

Vol. 35 Ch. 481

အခန်း(၄၈၁) - ခိုးကြောင်ခိုးဝှက်

ဒေါ်လေးမာ ပြန်လာပြီး ရှင်းပြခါမှ ဟူကျစ် ကြောင်သွား၏။ "ကျွန်တော် နားလည်မှုလွဲသွားတာပေါ့။ ရှန်ရှန်က သဘောတူတယ်လား။"

"ငတုံးကောင်။ ဟာသ လာလုပ်နေတာလား။ လန့်သွားတာပဲ။" လင်းချင်းဟယ်က သူ့ကို မျက်စပြစ်လိုက်သည်။ ချန်းရှန်ရှန်သာ သူ့ကို လက်မခံပါက ဘယ်လောက်တောင် မျက်နှာပျက်ရလိမ့်မလဲ။

ကျိုးမိသားစုဘက်က သူတို့အာဏာကို အသုံးချပြီး တဖက်လူကို အနိုင်ကျင့်သယောင် ဖြစ်သွားပါလိမ့်မည်။ ထိုအခါ နှစ်ဖက် မိသားစုက ဆက်ဆံရေး ခက်ခဲလာလိမ့်မည်။

"ငါလည်း လန့်သွားတာပဲ။" ဒေါ်လေးမာက ရယ်မောလိုက်၏။ မနက်စာတောင် မစားဘဲ ချန်းမိသားစု အိမ်သို့ သူမ သွားခဲ့ရသည်။ "ဒါပေမယ့် ဟူကျစ်ကိုလည်း အပြစ်တင်လို့ မရပါဘူးလေ။ သူက ရည်းစား တစ်ခါမှ မထားဖူးဘူး။ ဘယ်လိုလုပ်ပြီး ဒီကိစ္စတွေကို နားလည်ပါ့မလဲ။"

ကောင်မလေးက ရှက်နေခြင်းသာဖြစ်ပါသည်။ သူ့ကို စကားပင်ပြောသဖြင့် သူမ သဘောမကျဘဲ မနေပါ။ ထုတ်ပြောဖို့ ရှက်နေခြင်းသာဖြစ်ပါသည်။ ထို့ကြောင့် သဘောမကျကြောင်း တမင်သက်သက် ပြောလိုက်ခြင်းဖြစ်သည်။ သို့သော် ငတုံးကောင်လေးကတော့ တကယ်ထင်သွားပြီး ငိုမဲ့မဲ့ပင်ဖြစ်သွားခဲ့သည်။

ဒေါ်လေးမာ ရယ်ချင်သွားသည်။ လင်းချင်းဟယ်က ရွှင်ပြစွာပြောလိုက်သည်။ "ဒေါ်လေး မနက်စာ ပြန်သွားစားလိုက်ပါ။ ဒီကလေးကိုက တုံးတာ။ အခုတော့ ရှန်ရှန် သူ့ကို တွဲချင်ပါဦးမလားတောင် စိုးရိမ်မိတယ်။ သူ့အားနည်းချက်ကို သိသွားပြီး မတွဲချင်ပဲ နေမလားမသိဘူးနော်။"

"မဖြစ်နိုင်ဘူးလို့ အတိအကျ ပြောလို့တော့ မရဘူးပေါ့။" ဒေါ်လေးမာက စလိုက်သည်။

ဟူကျစ် စိတ်ပူလာပြီး အမြန်ပြောလိုက်၏။ "ကျွန်တော်က ငတုံးမဟုတ်ပါဘူး။ သူနောက်နေမှန်း မသိရုံပဲရှိတာပါ။"

လင်းချင်းဟယ်နှင့် ဒေါ်လေးမာတို့ အချင်းချင်း ကြည့်လိုက်ကြ၏။ အလွန် အူမြူးခဲ့ကြပြီး ကိုယ့်အိမ်ကိုယ် ပြန်ခဲ့ကြပါသည်။ သူ့ကို ထပ်ပြီး စိတ်ဒုက္ခမပေးတော့ပါ။

ဟူကျစ်အလျှင်အမြန် မနက်စာ စားလိုက်ပြီး အဝတ်အစားများ နေရာချဖို့နှင့် တောက်တိုမယ်ရလုပ်ဖို့ အမျိုးသားဝတ် အထည်ဆိုင်သို့ သွားခဲ့သည်။ မနက်ပိုင်း ရောင်းအားက သာမန်ပဲဖြစ်သည်။ အထူးသဖြင့် ဒီလိုအချိန်တွင်ဖြစ်၏။ ၉ နာရီကျော်ပါက ရောင်းအား တဖြည်းဖြည်း တက်လာပါလိမ့်မည်။

ထို့ကြောင့် ဟူကျစ် အမျိုးသမီးအထည်ဆိုင်သိုလာပြီး ချန်းရှန်ရှန်နှင့်လာတွေ့သည်။

သူ့ကို မြင်သောအခါ ချန်းရှန်ရှန် မျက်နှာနီသွားပြီး ဆိုင်ကို အမျိုးသမီးဝန်ထမ်းအား အပ်ခဲ့ကာ ထွက်လာခဲ့သည်။

"ရှန်ရှန် နင်...နင်က...ငါ့...ငါ့ကို" ဟူကျစ် စကားထစ်နေသည်။ သူ့မျက်နှာက မည်းလည်းမည်း နီလည်းနီနေ၏။ ရှက်နေတာ သေချာပါသည်။

"ဘာလဲ။" ချန်းရှန်ရှန်က သူ့ကို တောက်ပသော မျက်လုံးများဖြင့် ကြည့်ကာ မေးလိုကသည်။ ဒီငတုံးကောင်ကတော့။

"ဘာမှ မဟုတ်ပါဘူး။ ဒီတိုင်း...ဒီတိုင်း နင့်ကိုလာကြည့်ချင်လို့ပါ။" ဟု ဟူကျစ်က ပြန်ပြောလိုက်ပါသည်။

ချန်းရှန်ရှန်က မျက်နှာလွှဲလိုက်ပြီး ပြောလိုက်သည်။ "ဘာကြည့်စရာ ရှိလို့လဲ။"

"ကြည့်ကောင်းတယ်လေ တကယ်ကြည့်ကောင်းတာပါ" ဟူကျစ်ကပြောလိုက်သည်။

ဒီတစ်ခါတော့ ချန်းရှန်ရှန် ရှက်ရမည့်အလှည့် ရောက်သွားပြီး ပြောလိုက်သည်။ "ဘာမှ ပြောစရာမရှိရင် ဆိုင်ကို မြန်မြန်ပြန်ပါတော့။”

ဟူကျစ် ပြောလိုက်သည်။ "ဒါဆိုလည်း ငါအားရင် လာခဲ့မယ်နော်"

ချန်းရှန်ရှန်က 'အင်း' ဟုသာ ပြောလိုက်သည်။

ဒီလိုနှင့် လူကြီးများ၏ ခွင့်ပြုချက်ဖြင့် သူတို့နှစ်ဦး စတင်တွဲကြလေသည်။ လက်ထပ်ဖို့ အထိ ရည်ရွယ်ပြီး တွဲခြင်းဖြစ်၏။

သူတို့နှစ်ယောက်ကတော့ လျှို့ဝှက်ထားသည့် နေရာတွင် အလွန်တော်ကြသည်။ ကန်းကျစ်တောင် ထိုအကြောင်း မသိသေးပါ။

သို့သော်လည်း နောက်ဆုံးတွင်တော့ သူ့အစ်ကိုနှင့် အတူတူ အိပ်တိုင်း တစ်ခုခု ထူးဆန်းနေသည်ကို ခံစားလာရသည်။ သူ့အစ်ကို အခုတလော အပများမိနေတာလား။ ညသန်းခေါင်ကြီး အိပ်မက်မက်လျှင် မကြာခဏ ထထရယ်တတ်သည်။ တော်တော် ကြောက်ဖို့ ကောင်းပါသည်။

ကန်းကျစ်က ကျိုးကွေ့လိုင်နှင့် အတော် ရင်းနှီးသဖြင့် ကျိုးကွေ့လိုင်ကို ပြောပြခဲ့သည်။ "ငါ့အစ်ကိုကို မကောင်းတာ တစ်ခုခုများ ပူးကပ်ထားတာလားမသိဘူးကွာ။ သူ့ကို ဆေးရုံပြသင့်လား မပြသင့်ဘူးလားတောင် မသိတော့ဘူး။"

"ဘာဖြစ်လို့လဲကွ။" ကျိုးကွေ့လိုင်က ဖလင်ဆေးထားသည့် ဓာတ်ပုံများကို ကြည့်ရှုနေသည်။ ဓာတ်ပုံက အတော်လေး များပါသည်။ သူ့တွင် အခု စုစုပေါင်း အယ်လ်ဘန် လေးခုရှိနေပြီဖြစ်၏။ အားလုံးက ကြီးမားပြီး ဓာတ်ပုံများဖြင့် ပြည့်နှက်နေကြပါသည်။

"အရင်ကကိစ္စတွေ ခဏထား။ ညသန်းခေါင်ကြီး ယောင်ပြီး စကားတွေ ထထပြောတယ်။ သူဘာပြောလဲ ဆိုတာတော့ မကြားရဘူး။ ပြီးတော့ သူရယ်ပါရယ်သေးတယ်။ ရယ်သံကြီးက တော်တော် ကြောက်ဖို့ကောင်းတယ်ကွ။” ဟု ကန်းကျစ်က ပြောလိုက်သည်။

ကျိုးကွေ့လိုင်က အံ့အားသင့်သွားပြီး ခေါင်းမော့ကာ ကန်းကျစ်ကို ကြည့်လိုက်သည်။ "အစ်ကိုဟူကျစ်မှာ အဲ့အကျင့်ရှိတာလား။ အရင်တစ်ခေါက် ငါတို့တစ်ခန်းတည်း အတူတူအိပ်တုန်းကတောင် အဲ့လိုအကျင့်မျိုး မရှိပါဘူး။"

"အရင်က မရှိဘူး။ ခုတလောမှ အဲ့ဒီအကျင့် ထလာတာ။ မနေ့ညက ငါ့ကို တင်းတင်းကြပ်ကြပ်ကြီး လာဖက်တော့ တော်တော်ကြောက်သွားတာကွ။" ဟု ကန်းကျစ်က ပြောလိုက်သည်။

ကျိုးကွေ့လိုင် ကြက်သေသေသွာ၏။ "ဘာဖြစ်တာလဲဟ။ ငါလည်း ဘာမှကို နားမလည်ပါလား။"

"ငါလည်း နားမလည်ပါဘူးကွာ။ မဟုတ်ရင် ဘာလို့ သူ့ကိုဖျားနေတယ်လို့ ပြောပြီး ဆေးရုံသွားပြီး ဆေးစစ်ခိုင်းရမယ်လို့ ပြောရမှာလဲ။" ဟု ကန်းကျစ်က ပြန်ပြောလိုက်သည်။

ကျိုးကွေ့လိုင်က မေးပွတ်လိုက်ပြီ စဥ်းစားကြည့်လိုက်သည်။ "ဟူကျစ် အပူမိနေတယ်လို့ ဘာလို့များ ခံစားနေရပါလိမ့်။"

"အပူမိတယ် ဟုတ်လား။" ကန်းကျစ်က ဒါကို နားမလည်ပါ။

"ရှင်းရှင်းပြောရရင် မယားပူမိနေတာကို ပြောတာကွာ။" ဟု ကျိုးကွေ့လိုင်က ပြန်ဖြေလိုက်ပါသည်။

ကန်းကျစ် ရုတ်တရက်ကြီး ရွံရှာကာ ကြက်သေးများထသွားရလေသည်။ မဟုတ်မှလွဲရော မနေ့ညက အိပ်မက်ထဲ မိန်းမယူသည့် အိပ်မက်မျိုးမက်ပြီး သူ့ကို သူ့မိန်းမအထင်နဲ့ ဖက်ခဲ့တာများလား။

ကျိုးကွေ့လိုက်က ပြုံးလိုက်၏။ "ဒါပေမယ့် တကယ်ပါပဲ။ ဒါမျိုးတွေက ဖြစ်လေ့ဖြစ်ထ ရှိပါတယ်ကွာ။ ဆယ်ကျော်သက် အပူမိနေတာ မဟုတ်လား။ ကြီးကြီးမားမား ပြဿနာ မဟုတ်ပါဘူး။ ငါ့အမေကိုပြောပြီး ဒီဝန်းကျင်မှာ သင့်တော်သူရှိလား ရှာခိုင်းရမယ်။ ရှိရင် မိတ်ဆက်ပေးပြီး အိပ်မက်ထဲမှာပဲ မိန်းမရှာတဲ့ ဒုက္ခကနေ ကယ်မှဖြစ်တော့မယ်။ သနားစရာ ကောင်းလွန်းတယ်။"

"ဘာကို သနားစရာကောင်းတာလဲ။ ငါ သူနဲ့ မအိပ်ချင်တော့ဘူး။ ဒီနေ့ည မင်းနဲ့လာအိပ်မယ်လေ။" ဟု ကန်းကျစ်က ပြောလိုက်သည်။

"ဒါဆိုလည်း ကုတင်ပေါ်မှာ မင်းတစ်ယောက်တည်း အိပ်လေ။ ပူလွန်းတယ်။" ကျိုးကွေ့လိုင်က ပြောလိုက်သည်။

ကောင်လေးနှစ်ယောက်က ဒီလိုစကားပြောခဲ့ကြသော်လည်း အတည်ကြီးဖြစ်လိမ့်မည်ဟု မထင်ခဲ့ကြပါ။ တစ်နေ့ ကျိုးကွေ့လိုင်က ဖျော်ရည်ဆိုင်သို့ ရောက်လာခဲ့၏။ ရေခဲမုန့်နှင့် ရေခဲချောင်းများကို ဝယ်ပြီး အိမ်က ရေခဲသေတ္တာထဲ ထည့်ထားဖို့ စီစဥ်ထားပါသည်။

ထို့နောက် စူးရှသည့် သူ့မျက်လုံးများက တစ်စုံတစ်ခုကို သတိထားမိခဲ့သည်။ ဟူကျစ်တစ်ယောက် ခိုးကြောင်ခိုးဝှက်ပုံစံဖြင့် ရုပ်ရှင်ရုံထဲ ဝင်သွားသည်ကို မြင်လိုက်ရသည်။

ကျိုးကွေ့လိုက် ကြောင်သွားသည်။ ရုပ်ရှင် ကြည့်တာကို သူခိုးလို ခိုးကြောင်ခိုးဝှက်လုပ်ဖို့လိုလို့လား။ ထို့အပြင် အလုပ်နားချိန်လည်းဖြစ်သဖြင့် သူရုပ်ရှင်ကြည့်လည်း ဘယ်သူက အပြစ်ဆိုမည်နည်း။

သို့သော်လည်း ခဏကြာသောအခါ နောက်ထပ် ရင်းနှီးနေသည့် လူတစ်ယောက်ကို ကျိုးကွေ့လိုင် မြင်လိုက်ရသည်။ အဲ့ဒါ ချန်းရှန်ရှန်မလား။

ဟူကျစ်လိုမဟုတ်ဘဲ ချန်းရှန်ရှန်ကတော့ ပုံမှန်ပဲဖြစ်သည်။ ဘယ်သူကမှ သံသယ မဖြစ်နိုင်ပါ။

တခြားသူသာဆို ဘာမှစိတ်ထဲမထားလောက်သော်လည်း ကျိုးကွေ့လိုင်ကတော့ မတူပေ။ မနေ့ကတင် သူ့အစ်ကို၏ ထူးဆန်းသည့် အိပ်မက်များအကြောင်း ကန်းကျစ်က ပြန်ပြောပြခဲ့သည်။ ထို့ကြောင့် ကန်းကျစ်က သူနဲ့အတူ လာအိပ်ခဲ့သည်။

ထို့ကြောင့် ကျိုးကွေ့လိုင် ခေတ္တ တုန့်ဆိုင်းသွားပြီး သူ့ခေါင်းထဲတွင် ထိတ်လန့်စရာ လျှို့ဝှက်ချက်တစ်ခု ပေါ်လာသည်။ ဒီနှစ်ယောက် သူတို့ လူကြီးကိစ္စတွေ လုပ်နေကြတာတော့ မဟုတ်ဘူးမလား။

တွန့်ဆုန်မနေတော့ဘဲ ချက်ချင်း နောက်က လိုက်သွားသည်။ သူတို့နှစ်ယောက်အား အတူတူ တွေ့လိုက်ရလေသည်။ လက်မှတ်ဝယ်ဖို့ တန်းစီနေကြခြင်းဖြစ်သည်။ သူတို့က စကားပြောကာ ရယ်မောနေကြ၏။ သူတို့ပုံစံကို ကြည့်ရုံနှင့် သူတို့ဆက်ဆံရေးက သာမန်မဟုတ်မှန်း သိသာပါသည်။

ကျိုးကွေ့လိုင် လေးစားမှုများနှင့် ပြည့်နှက်သွားသည်။ သူ တကယ် သတိမထားမိခဲ့ပါ။ ဟူကျစ်ပုံစံက အလွန်တုံးအသည့်ပုံပေါ်သော်လည်း သေသေချာချာကို ဖုံးကွယ်ထားနိုင်ခဲ့သည်။ အစ်မ ရှန်ရှန်နှင့်ပင် ရုပ်ရှင်အတူတူ ကြည့်နေ၏။ သူတို့ရဲ့ ဒီလို ဆက်ဆံရေး ဘယ်လောက်ကြာနေပြီလဲတောင် မသိနိုင်ပါ။

ဒီအကြောင်းကို သိသွားပါက သူ့မိဘတွေ ပေါက်ကွဲမည်စိုးရိမ်သဖြင့် ကျိုးကွေ့လိုင်က သူ့မိဘများကို မပြောရဲခဲ့ပါ။ အမျိုးသား အထည်ဆိုင်သို့သာ သွားပြီး ကန်းကျစ်နှင့်သွားတွေ့သည်။

သို့သော်လည်း ကန်းကျစ်က ညကျောင်းသို့ ထွက်သွားပြီဖြစ်သည်။ သူ့ဒေါ်လေးကလည်း သူ့အိမ်စာများကို အနီးကပ် စစ်ဆေးနေ၏။ သူ အတည်မလုပ်လို့မရပါ။

ကျိုးကွေ့လိုင် စက်ဘီးစီးကာ ညကျောင်းသို့ တကူးတကလာပြီး ကန်းကျစ်ကို ရှာသည်။ မတတ်နိုင်ပါ။ သူစိတ်လှုပ်ရှားလွန်းနေသည်။

"ဟင် ငါ့အစ်ကိုက အစ်မ ရှန်ရှန်နဲ့ တွဲနေတယ် ဟုတ်လား။" ကန်းကျစ် ကြက်သေသေသွားရ၏။

"မဟုတ်ဘဲ နေမလား။ ငါ့မျက်စိနဲ့ တပ်အပ်မြင်ခဲ့ရတာကွ။ ဟူကျစ်က အရင် ရုပ်ရှင်ရုံထဲ ခိုးကြောင်ခိုးဝှက် ဝင်သွားတယ်။ ပြီးတော့ အစ်မ ရှန်ရှန်က လိုက်ဝင်တယ်။ သူတို့နှစ်ယောက် အတူတူ လက်မှတ်ဝယ်ဖို့ တန်းစီနေကြတာ။ စကားတွေပြော ရယ်လည်းရယ်မောလို့။ ငါ့မျက်လုံးနဲ့ တပ်အပ်မြင်ခဲ့တာကွ။" ဟု ကျိုးကွေ့လိုင် ပြောလိုက်ပါသည်။

All Chapters