အခန်း(၄၈၃) - လူ့ပတ်ဝန်းကျင် ဆက်ဆံရေး
Vol. 35 Ch. 483
အခန်း(၄၈၃) - လူ့ပတ်ဝန်းကျင် ဆက်ဆံရေး
ဟူကျစ်ပြန်လာသောအခါ ပြောစရာမလိုအောင် ကျိုးကွေ့လိုင်၊ ကန်းကျစ်တို့က စစ်ဆေးမေးမြန်းခဲ့ကြပါသည်။
ဟူကျစ်က ရှက်ရွံ့စွာ ဝန်ခံခဲ့သည်။
ကျိုးမိသားစုဝင်အားလုံးနီးပါးက ဟူကျစ်နှင့် ချန်းရှန်ရှန်တို့အကြောင်း သိထားပြီးပြီ ဖြစ်ပါသည်။
အမေကျိုးက ဒီကိစ္စကို အတော်လေး အာရုံထား၏။
ထို့အပြင် အမေကျိုးက ဆက်ဆံရေးတစ်ခုကို ကိုင်တွယ်ရာတွင် တော်သည့် လူတစ်ယောက်ဖြစ်သည်။ ထို့ကြောင့် ကန်းကျစ် သူမထံသို့ ရောက်လာသောအခါ ချန်းမိသားစုအိမ်သို့ ကြက်ဥတစ်ခြင်း ယူသွားဖို့ ခိုင်းခဲ့ပါသည်။
"အမေ ဟူကျစ်ကို သူ့ဖာသာသူ ကောင်မလေးနဲ့ တွဲပါစေ။ အရမ်းကြီး ဝင်မပါပါနဲ့။ ကိုယ့်ကြက်ဥတွေကို ကိုယ့်ဖာသာကိုယ် စားဖို့ သိမ်းထားစမ်းပါ။" ဟု ကျိုးရှောင်မိန်က စိတ်ပျက်စွာ ပြောလိုက်ပါသည်။
"ဘယ်ဖြစ်မလဲ။ သူတို့မိသားစု ဟူကျစ်ကို မျက်စိကျတာကိုက ဟူကျစ်ရဲ့ ကောင်းချီး မင်္ဂလာပဲ။ ငါတို့ ဟူကျစ်ကို ကူညီရမှာပေါ့။ ဘာမှမလုပ်ဘဲ ဘာလို့နေရမှာလဲ။" ဟု အမေကျိုးက ပြန်ပြောလိုက်ပါသည်။
ကျိုးရှောင်မိန်က ပြောလိုက်၏။ "ဟူကျစ်ကို အသုံးမကျသလိုမျိုး အမေပြောနေတာပဲ။ ဟူကျစ်က လူတော်လေးတစ်ယောက်လည်း ဟုတ်တယ်။ စတုတ္ထယောင်းမကလည်း သူ့ကို ပျိုးထောင်ပေးထားတာလေ။ အနာဂတ်မှာ သိပ်မဆိုးလောက်ပါဘူး။ ချန်းမိသားစုကလည်း အဲ့ဒီအချက်တွေကို စဥ်းစားမိလို့ ဖြစ်မှာပါ။ အဲ့တာကြောင့် အမေ ဒါမျိုးတွေ လုပ်စရာမလိုဘူး။ ချန်းမိသားစုကို ရှက်အောင် မလုပ်ပါနဲ့။"
ကျိုးရှောင်မိန်က ကြက်ဥတစ်ခြင်းလောက်ကို တွန့်တိုနေခြင်းမဟုတ်ပါ။ ဘယ်ခေတ်တောင် ရောက်နေပြီလဲ။ အိမ်က အခြေအနေများကလည်း ပိုမိုကောင်းမွန်လာပြီ။ ကြက်ဥတစ်ခြင်းက တကယ်ဘာမှမဟုတ်ပါ။ သူမအမေ၏ အပြုအမူကသာ ပြောစရာ ဖြစ်နေခြင်း ဖြစ်သည်။
သူမတို့မိသားစုက ချန်းမိသားစုကို ဖားနေသလို ဖြစ်နေ၏။ ဒီလိုလုပ်ဖို့ကော လိုလို့လား။ အနာဂတ်တွင် အမျိုးများ ဖြစ်လာတော့မည် ဖြစ်သဖြင့် အရမ်းကြီး အားနာ ယဥ်ကျေးပြနေစရာမလိုပါ။ အခုအခြေအနေလောက်ဆို အနာဂတ်တွင် အဆင်ပြေနိုင်ပါသည်။
"ဟုတ်ပါပြီ။ နောက်ပိုင်းနည်းနည်းပဲ ပို့ပေါ့။ စဥ်းစားကြည့်မှ ဒီကလေး ဟူကျစ်က တကယ် ကံကောင်းတာပဲ။" ဟုအမေကျိုးက ရွှင်ပျစွာ ပြောလိုက်သည်။
အိမ်ထောင်စုစာရင်းလို ပြဿနာကြီးတစ်ခုကြောင့် သူ့မြေးကို မြို့သူနှင့် ဆုံနိုင်ဖို့ အမေကျိုး မမျှော်လင့်ရဲခဲ့ပါ။ မဟုတ်ပါက ရှုရှန့်ချမ်း မြို့သူတစ်ယောက်နှင့် လက်ထပ်ချင်သည့် ကိစ္စကို ကြားသောအခါ သူမ ချက်ချင်း ငြင်းဆန်ခဲ့မည်မဟုတ်ပေ။
သို့သော်လည်း ထိုသို့မတွေးနိုင်သည့် အရာတစ်ခု ဖြစ်လာလိမ့်မည်ဟု ထင်မထားခဲ့ပေ။ မိသားစုက သူမ၏ မြေး ဟူကျစ်ကို မျက်စိကျနေသည်။ အိမ်ထောင်စုစာရင်း ပြဿနာနှင့်ဆိုရင်တောင်မှ သူတို့သမီးနှင့် ပေးစားချင်နေ၏။ ထို့ကြောင့် အမေကျိုး စဥ်းစားမိတိုင်း အတွေးလွန်ရပါသည်။
"ဟူကျစ်က ကံကောင်းတာ မဟုတ်ပါဘူး။ ဟူကျစ်က လူမှန်နဲ့တွေ့ခဲ့လို့။ သူ ဒီကိုရောက်လာပြီး စတုတ္ထယောင်းမ လေ့ကျင့်ပေးတာကို ခံခဲ့ရတယ်လေ။ အဲ့တာကြောင့် တဖက်လူတွေက သူ့ကိုအထင်မသေးကြတာပေါ့။" ကျိုးရှောင်မိန်က အတွင်းကျကျ သိနေပါသည်။
"ငါသိပါတယ်အေ။ ဒါက နင့်စတုတ္ထယောင်းမရဲ့ ကျေးဇူးတွေပါ။" အမေကျိုးက ပြုံးလိုက်သည်။
"ကျေးဇူး ဟုတ်ဟုတ် မဟုတ်ဟုတ် စတုတ္ထယောင်းမက ဘာမှကိုမပြောတာ။ ရှန့်မိန်တို့ မောင်နှမလို မဟုတ်ဘူးဆိုရင် အဆင်ပြေပြီး အားလုံးပေးဆပ်နိုင်တယ်။ လူတစ်ယောက်က နည်းနည်းလေး မကောင်းတာနဲ့ သူ ကောင်းကောင်းကြီး မှတ်မိနေတယ်။" ဟု ကျိုးရှောင်မိန်က ပြောလိုက်သည်။
"ဒီလိုဆိုလည်း ဘာပြောစရာ လိုသေးလို့လဲ။" အမေကျိုးက ပြန်ပြောလိုက်၏။
"ရှန့်မိန်ရဲ့ စရိုက်မျိုးနဲ့ဆို ရင်ထဲမှာတော့ မကျေမနပ် ဖြစ်နေလောက်တယ်။ ဟူကျစ်က မြို့သူတစ်ယောက်နဲ့တွဲပြီး လက်ထပ်နိုင်တယ်။ ချမ်းကျစ်ကတော့ မရဘူးလေ။ သူ့ရင်ထဲ ဘာမှမရှိဘဲ နေပါ့မလား။" ဟု ကျိုးရှောင်မိန်က ထင်ကြေးပေးလိုက်ပါသည်။
"ချမ်းကျစ်က အရူးကောင်ပါ။ ဟူကျစ်နဲ့ ဘယ်လိုလုပ် ယှဥ်နိုင်မလဲ။ တဖက်ကို မထောက်ပံ့နိုင်မှာ ဘာမှာ စိုးရိမ်စရာမလိုဘူး။ ချမ်းကျစ်ရဲ့ ငပျင်းစရိုက်တွေနဲ့ ဘယ်သူက သူနဲ့အတူနေချင်မှာလဲ။" ဟု အမေကျိုးက သဘောမကျစွာ ပြောလိုက်သည်။
သူမ စိတ်ဆိုးဆဲဖြစ်ပါသည်။ အခုချိန်ထိ ရှုရှန့်ချမ်းက သူ့ဦးလေးကို လာမတောင်းပန်သေးပါ။
အခက်အခဲများစွာ ကျော်ဖြတ်ပြီးမှ စာသင့်ခွင့်ရခဲ့သော်လည်း အခုတော့ ကျောင်းထွက်ရတော့မည်။
"ရှင်းရှင်းပြောရရင် သမီးလည်း သူတို့ကို စိတ်ထဲမထည့်ချင်ပါဘူး။ အမေ သူတို့ကိစ္စကို တတ်နိုင်သမျှ ဝင်မပါဘဲနေပါ။ တကယ် ပြီးကို မပြီးနိုင်ဘူး။" ကျိုးရှောင်မိန်က ပြောလိုက်သည်။
အမေကျိုးက တိုးညှင်းသောအသံဖြင့် မေးလိုက်၏။ "နင့်ဦးလေးတို့ အိမ်အခြေအနေကော ဘယ်လိုလဲ။ တာ့လင်းက သူတို့ကို မိတ်ဆက်ပေးမှာလား။"
"အင်း ဒါပေမယ့် ဦးလေးနဲ့ ဒေါ်လေးတို့က လာဖို့ အစီအစဥ်မရှိဘူး။ သူတို့က အသက်ကြီးနေပြီလို့ ပြောတယ်။ အကြီးဆုံးဝမ်းကွဲနဲ့ သူ့မိန်းမတို့မှာတော့ ဒီကိုလာဖို့ အစီအစဥ်ရှိတယ်။ ကျိုးရှောင်မိန်ကပြောလိုက်သည်။
"နင့်ဝမ်းကွဲယောက်မကလည်း အဲ့လောက် မတော်ဘူးလို့ နင်ပြောတာ မှတ်မိတယ်နော်။" ဟု အမေကျိုးက မေးလိုက်၏။
"သေချာပေါက် အဲ့လောက်ကြီး မတော်ပါဘူး။ နောက်ပိုင်း သူတို့နဲ့ ပိုဝေးတဲ့ နေရာတစ်ခုမှာ နေဖို့ စီစဥ်နေတယ်။ တာ့လင်းကိုလည်း ပိုဝေးတဲ့ နေရာတစ်ခုကို ရှာခိုင်းမယ်။ တစ်နယ်မြေထဲ မနေပါဘူး။" ဟု ကျိုးရှောင်မိန်က ပြောလိုက်၏။
စုတာ့လင်း၏ အကြီးဆုံးဝမ်းကွဲအစ်ကိုက လူကောင်းတစ်ယောက်ဖြစ်သည်။ အလွန်အေးချမ်းသူတစ်ဦးဖြစ်ပြီး စုတာ့လင်းနှင့်လည်း ဆက်ဆံရေး ကောင်းမွန်သည်။ သူ့ယောက်မကတော့ ဆိုးရွား၏။
သူမ ကောင်တီမြို့တွင် ရှိနေတုန်းက ထိုဝမ်းကွဲယောက်မက သူမကို ကျေးရွာကဖြစ်သဖြင့် သဘောမကျခဲ့ပါ။ သူမကို စကားအများကြီး မပြောခဲ့ပေ။
ထို့အပြင် သူမ၏ ယောက္ခမဒေါ်လေးကလည်း ကလေးများကို ကူထိန်းပေးချင်နေ၏။ ထိုအချိန်က သူမက အလုပ်လုပ်နေခဲ့သဖြင့် ဖြစ်သည်။ ကလေးများကို အမြဲတမ်း သူ့အမေဘက်ကအိမ်တွင် ထားထားလို့ မဖြစ်ပေ။
သူမ၏ ဒေါ်လေးက ဘာမှ မကန့်ကွက်သော်လည်း ထိုဝမ်းကွဲယောက်မကတော့ အများကြီး ပြောဆိုခဲ့ပါသည်။
တကယ်တော့ စုတာ့လင်း၏ ဦးလေးနှင့် ဒေါ်လေးတို့ မျက်နှာကို ထောက်စရာ မရှိလျှင် ကျိုးရှောင်မိန်က သူတို့ကို အရေးပေးပြီး နှုတ်ပင်မဆက်ပါ။ ဒါက ဆွေမျိုးများအကြား သဘောတရားပဲဖြစ်သည်။ တချို့လူများကို မှန်လို ဆက်ဆံရသည်။
သူမယောက်ျား တာလ့င်း အလွန်ငယ်ရွယ်စဥ်က မိဘမဲ့တစ်ဦးဖြစ်၏။ စကားလည်း ထစ်သည်။ သူ့ဦးလေးနှင့် ဒေါ်လေးတို့၏ စောင့်ရှောက်မှုကြောင့်သာမဟုတ်ပါက သေသည်အထိ အနိုင်ကျင့်ခံရမည်ဖြစ်သည်။
စုတာ့လင်း ငယ်စဥ်တုန်းက အနိုင်ကျင့်ခံခဲ့ရသော်လည်း ဘေးကင်းကင်း အရွယ်ရောက်လာခဲ့ပါသည်။ သူ့အိမ်ဖြစ်ဖြစ် လစာဖြစ်ဖြစ် သူ့ဦးလေးနှင့် ဒေါ်လေးတို့က မမက်မောပါ။
ကျိုးရှောင်မိန်တောင် လက်ထပ်ပြီးပါက ဒီလို ဦးလေးနှင့် ဒေါ်လေးမျိုးကို လေးစားပါသည်။
ထို့ကြောင့် ထိုဝမ်းကွဲယောက်မနှင့် ဆက်ဆံရေး အဆင်မပြေရင်တောင် ကျိုးရှောင်မိန်က ဘာမှမပြောခဲ့ပါ။
"သူတို့ ဘယ်တော့ လာကြမှာလဲ။" ဟု အမေကျိုးက မေးလိုက်၏။
"မသိဘူး။ ဒီနှစ်ထဲတော့ မဟုတ်ဘူး ထင်တယ်။ ဒေါ်လေးနဲ့ ဘန်းမုန့် ဘယ်လိုလုပ်ရမလဲ သင်ရဦးမယ်။ နောက်နှစ်ကျမှ ဖြစ်လိမ့်မယ်။" ဟု ကျိုးရှောင်မိန် ပြန်ပြောလိုက်သည်။
သူမယောက်ျား တာ့လင်းတစ်ယောက် ဘုန်းမုန့်လုပ်ခြင်းကို ဒေါ်လေးထံမှ သင်ယူခဲ့ခြင်းဖြစ်၏။ ထို့နောက် သူ့ကိုယ်ပိုင် တီထွင်စမ်းသပ်ချက်များဖြင့် ပေါင်းစပ်လိုက်သောအခါ မိသားစုကို ထောက်ပံ့ဖို့ နည်းလမ်းတစ်ခု ဖြစ်လာခဲ့၏။
ထို့ကြောင့် ကျိုးရှောင်မိန်က တာ့လင်း၏ ဦးလေးကို မျက်နှာသာ မပေးစရာ အကြောင်းမရှိပေ။ သူတို့လင်မယားက တာ့လင်းကို တစ်ခါမှ မဟုတ်မမှန် မဆက်ဆံခဲ့ဖူးပါ။
အမေကျိုးက ပြောလိုက်၏။ "တာ့လင်းကို နေရာတစ်နေရာ ရှာခိုင်းလိုက်။ ခပ်ဝေးဝေး တစ်နေရာမှာသာနေ။ ဆိုင်ကောပဲ။ အဲ့ဒီအချိန်ကျရင် နယ်မြေတစ်ခုထဲမှာပဲ မနေနဲ့။"
"ငါတို့လမ်းက လုံးဝ လူပြည့်နေတာ။ သူတို့နေချင်ရင် တခြားတစ်နေရာ သွားရှာရလိမ့်မယ်။" ဟု အမေကျိုးက ဆက်ပြောသည်။
"တာ့လင်း အဲ့တာတွေသိပါတယ်။" ဟု ကျိုးရှောင်မိန်က ပြောလိုက်သည်။
"သူတို့ ပိုက်ဆံချေးလာရင် ဘယ်လိုလုပ်မလဲ။ နင် ဘာလုပ်မလဲ။" အမေကျိုးက ထပ်ပြီး တီးတိုးပြောလိုက်သည်။
ကျိုးရှောင်မိန်က ပြောလိုက်၏။ "အနည်းအများတော့ ချေးရမှာပေါ့။ ဒါပေမယ့် အများကြီး ချေးလို့မဖြစ်ဘူး။ သမီးတို့ ကိုယ်ပိုင်အိမ်တစ်လုံးလည်း ဝယ်ရဦးမယ်လေ။"
လောလောဆယ် သူမတို့ မိသားစုတွင် စုငွေများရှိပါသည်။ ဘန်းမနု့်ဆိုင်လုပ်ငန်းက အဆင်ပြေနေပြီး သူမယောက်ျား တာ့လင်းကလည်း အလုပ်ကြိုးစားနေ၏။ မနက်ခင်းတွင် သုံးဘီးဆိုင်ကယ်တစ်စီးဖြင့် ဘန်းမုန့်များစွာကို လိုက်လံရောင်းချပါသေးသည်။ သူတို့ ဝင်ငွေလည်း အများကြီး တိုးမြင့်လာခဲ့ပါသည်။
သို့သော်လည်း အိမ်တစ်လုံးဝယ်ဖို့ကတော့ ... သူတို့ထပ်စုကြရပါဦးမည်။ ၂ နှစ် ၃ နှစ်လောက် ထပ်စုရဦးမည်။ ဘာပဲဖြစ်ဖြစ် အိမ်စျေးက စျေးပေါပေါ မဟုတ်ပေ။
အမေကျိုးက ထိုကိစ္စကို ဘာမှမဝေဖန်တော့ဘဲ ပြောလိုက်၏။ "သဘက်ခါကျရင် ဆောင်းလယ်ပွဲတော် ရောက်ပြီ။ လမုန့် နည်းနည်းလောက်ဝယ်ရမယ်။"
“ကောင်းပါပြီ။" ကျိုးရှောင်မိန်က သဘောတူသည်။
"ဟူကျစ်အတွက်လည်း ပြင်ထားလိုက်။ အဲ့တာတွေကို ယူသွားပြီး ချန်းမိသားစုအိမ်ကို သွားခိုင်းလိုက်ချေ။" ဟု အမေကျိုး ဆက်ပြောသည်။
"ကောင်းပါပြီရှင်။ သူ့ဒေါ်လေးအနေနဲ့ သမီးလည်း ထောက်ပံ့ပေးပါ့မယ်။" ကျိုးရှောင်မိန်တွင် ကန့်ကွက်စရာမရှိပေ။ အားလပ်ရက်ဖြစ်သဖြင့် ဟူကျစ်ကို လက်ဆောင်ယူကာ ကောင်မလေးအိမ်သို့ သွားလည်ပါစေ။ ဒီလိုပဲ ဖြစ်သင့်ပါသည်။
မျက်စိတစ်မှိတ်အတွင်း ဆောင်းလယ်ပွဲတော်သို့ ရောက်ရှိလာလေပြီ။
ဒီနှစ် ဆောင်းလယ်ပွဲတော်က အရင်နှစ်ကထက် လဝက်လောက် နောက်ကျသည်။ ထို့ကြောင့် အောက်တိုဘာလသို့ပင် ရောက်ခါနီးနေလေပြီ။ လပြက္ခဒိန်အရ သြဂုတ်လ ၁၅ရက်သာဖြစ်သည်။
လင်းချင်းဟယ်တို့ဘက်တွင် ဟူကျစ်အတွက်ပါ မျှဝေပေးဖို့ ပြင်ထား၏။ သို့သော်လည်း ကျိုးရှောင်မိန်က မျှဝေပေးသဖြင့် လင်းချင်းဟယ် ဒေါ်လေးမာကို ပေးလိုက်သည်။ ထို့ကြောင့် ဒေါ်လေးမာ ဝယ်စရာမလိုတော့ပေ။
ဆောင်းလယ်ပွဲတော်အား ပျော်ရွှင်စွာ ဖြတ်သန်းနေကြခြင်းသာဖြစ်သည်။ ရှုရှန့်မိန်က ရှုရှန့်ချမ်းကို ဆွဲခေါ်လာရ၏။ လင်းချင်းဟယ် တော်တော်လေး လေးစားသွားပါသည်။
ရှုရှန့်မိန်၏ နှလုံးသားသာ ဖြောင့်မတ်ပါက သူမ၏ မျက်နှာပြောင်တင်းမှုနှင့်ဆို သေချာပေါက် အနာဂတ်တွင် အလုပ်တစ်ခု ရနိုင်ပါသည်။