← Chapters

အခန်း(၄၈၄) - စျေးရောင်းထွက်ခြင်း

Vol. 35 Ch. 484

အခန်း(၄၈၄) - စျေးရောင်းထွက်ခြင်း

Vol. 35 Ch. 484

အခန်း(၄၈၄) - စျေးရောင်းထွက်ခြင်း

မျက်နှာပြောင်တိုက်ရာတွင် ဘယ်တူ၊ တူမကမှ ရှုရှန့်မိန်ကို မယှဥ်နိုင်ပေ။ ယှဥ်စရာလည်း မလိုပါ။

စိတ်ဓာတ်ကောင်းမွန်လျှင် လုံလောက်ပါပြီ။ အခွင့်အရေးရှိလာပါက ဘယ်လောက်ပဲ ခက်ခဲပါစေ သူတို့ ကျော်ဖြတ်ကြပါလိမ့်မည်။ စိတ်ဓာတ်ဆိုးရွားပါက ကောက်ကျစ်သော နည်းလမ်းများဖြင့် အရာအားလုံးကို အနိုင်ရခဲ့လျှင်တောင် ကြာရှည်ခံမည်မဟုတ်ပါ။ အချိန်မရွေး တခြားသူများက ပြန်လည်လုယူသွားနိုင်သည်။

ရှုရှန့်မိန်က စိတ်မပါသည့် ရှုရှန့်ချမ်းကို ဆွဲခေါ်လာပြီး နာရီဝက်လောက် ထိုင်စကားပြောပြီးသွားသောအခါ အဖေကျိုးနှင့် အမေကျိုးတို့အိမ်သို့ ဆွဲခေါ်သွားပြန်သည်။

တံခါးရှေ့သို့ ရောက်တာနှင့် ရှုရှန့်ချမ်းက သူ့ မကျေနပ်ချက်ကို ထုတ်ပြောသည်။ "သူတို့က ငါတို့နှစ်ယောက်စလုံးကို ကြိုဆိုမှာ မဟုတ်ဘူး။ ဘာလို့ဒီလောက်ထိ ကပ်ဖားယက်ဖား လုပ်ဖို့ ကြိုးစားနေရတာလဲ။"

ရှုရှန့်မိန်က ဂရုမစိုက်ဘဲ ပြန်ပြောလိုက်သည်။ "နင်သာ ဒီ့ထက် အစွမ်းအစရှိရင် ငါက သူများအောက်ကျို့စရာလိုဦးမယ်ထင်လို့လား။"

"ကျောက်မိသားစုဆိုတာ ဘယ်လိုမိသားစုမျိုး မို့လို့လဲ။ ဒီဘက်ကလူတွေထက် အများကြီး ချမ်းသာပြီး အာဏာလည်း ပိုကြီးကြတယ်။ နင်က ကျောက်မိသားစုရဲ့ ချွေးမဖြစ်နေပြီလေ။ ဒါတောင် သူတို့ရဲ့သဘောထားကို လာနားထောင်ချင်သေးတာလား။" ရှုရှန့်ချမ်းက မကျေနပ်စွာ ပြောလိုက်သည်။

ရှုရှန့်မိန်း စိတ်ညစ်နေသည်။ ကျောက်မိသားစုက တကယ်ပဲ ကြီးမားသည့် မိသားစုတစ်ခုဖြစ်သည်။ သို့သော် ကျောက်မိသားစု ဘယ်လောက်ပဲ အဆင့်မြင့်မြင့် ကျောက်မိသားစုနှင့်သာ သက်ဆိုင်သည်။ အခုထိတောင် သူမကို ကျောက်မိသားစုက အထင်သေးဆဲ မဟုတ်ပါလား။

ပြောရမည်ဆိုလျှင် သူမနှင့် ကျန်းမေ့လျန်တို့ အတူတူ ဖွင့်ထားသည့် အထည်ဆိုင်က အစုပေါ် အမြတ်များ ရရှိခဲ့သည်။ သူတို့နှစ်ယောက် တစ်ယောက်စီကို ယွမ် ၂၀၀ ကျော် ပိုင်းခြားခဲ့ရ၏။ မဟုတ်ပါက သူမ ဒီလောက် ယုံကြည်ချက်ရှိမည်မဟုတ်ပါ။

"ပြဿနာတွေရှင်းဖို့ စိတ်လိုက်မာန်ပါနဲ့ ဘဝင်မြင့်မနေစမ်းနဲ့။ ငါတို့မိသားစုမှာ ငါတို့ မောင်နှမနှစ်ယောက်ပဲ ရှိတယ်။ ငါနင့်ကို အောင်မြင်စေချင်တာ။" ဟု ရှုရှန့်မိန်က ပြောလိုက်သည်။

ရှုရှန့်ချမ်း အလွန်စိတ်ရှုပ်သွား၏။ "ငါနှစ်ခါလောက်ပဲ ရန်ဖြစ်တာကို ဘာလို့ ဒီလောက်တောင် အထင်သေးကြတာလဲ။"

"အဲ့ဒါတွေ တွေးမနေနဲ့တော့။ ရန်ဖြစ်တာကိုက နင်မှားသွားပြီ။ အဘိုးနဲ့အဘွားတို့က အရမ်းဒေါသထွက်နေတာ။ ခဏနေရင် နင်ကောင်းကောင်း စကားပြောရမယ်နော် နားလည်လား။" ဟု ရှုရှန့်မိန်က ညွှန်ကြားလိုက်သည်။

ရန်ဖြစ်ခြင်းအပေါ် ရှုရှန့်မိန်၏ သဘောထားက အလွန်ရှင်းပါသည်။ ဒီနေရာက ကျေးရွာ မဟုတ်ပါ။ တစ်ခုခု ဖြစ်လာပါက စကားဖြင့် ဖြေရှင်းရမည်။ မဖြေရှင်းနိုင်ပါက ရဲတိုင်ကာ ဆွေးနွေးရမည်။ ကိုယ်တိုင် ရန်ပွဲတစ်ခုကို အစပျိုးပါက ကလေကချေနှင့် ဘာကွာခြားတော့မည်နည်း။ မြို့သားများက ဒီလိုလုပ်ရပ်မျိုးကို အထင်သေးကြပါသည်။

ရှုရှန့်ချမ်းက ပြန်ချေပလိုက်သည်။ "ဘယ်တုန်းက ငါစကားကောင်းကောင်းမပြောဘဲ နေဖူးလို့လဲ။ အဘိုးနဲ့အဘွားတို့က ငါ့ကိုတွေ့တိုင်း ဆုံးမနေတာ။ သူတို့နဲ့ သေချာ စကားပြောဖို့ကြိုးစားပေမယ့် သူတို့ဘယ်တုန်းက ငါ့ကိုစကားကောင်းကောင်း ပြောဖူးလို့လဲ။"

ရှုရှန့်မိန် ပြန်မဖြေပါ။ သူမ၏ အဘိုးအဘွားတွေက ဘက်လိုက်သည်ကို သူမသိသည်။ အရင်တစ်ခေါက်က သူမအဘွားက သူမ၏ မောင်ကို တန်ဖိုးမဲ့သည်ဟု ပြောခဲ့သည်။ သူမမောင်က မြို့သူတစ်ယောက်နှင့် တွဲချင်သည်ကို ကြားသောအခါ ဟာသတစ်ခုလို သဘောထားခဲ့သည်။ ငန်းသားစားချင်သည့် ဖားတစ်ကောင်လို့ပင် သတ်မှတ်ခဲ့သည်။

သို့သော်လည်း ဟူကျစ်နှင့် တစ်စုံတစ်ယောက်ကို အောင်သွယ်ပေးနေကြောင်း ကြားလိုက်ရသောအခါ သူမမောင် ပြဿနာကိုပင် စိတ်မဝင်စားတော့ပေ။ သူမပုံစံက ပီတိဖြာနေခဲ့သည်။

သို့သော်လည်း အရေးမကြီးပါ။ အနာဂတ်တွင် ဘယ်သူက ပိုမိုကောင်းမွန်သည့် ဘဝဖြင့် နေရမလဲ မပြောနိုင်ပါ။

သူတို့အဖေကျိုးနှင့် အမေကျိုးတို့ အိမ်တို့ ရောက်သောအခါ ဝမ်ယွမ်နှင့် ကျိုးအာ့နီတို့ ရှိနေသည်ကို မြင်လိုက်ရသည်။

ဒီခရီးစဥ်က အလကား မဟုတ်ကြောင်း ရှုရှန့်မိန် ခံစားလိုက်ရသည်။ ဆက်ဆံရေး တည်ဆောက်ရန် ဝမ်ယွမ်နှင့် တိုက်ရိုက် စကားမပြောခဲ့ပါ။ ထို့အစား ကျိုးအာ့နီနှင့် ဟိုစပ်စပ်ဒီစပ်စပ် စကားများသာ ပြောခဲ့ကြသည်။

သူမနှင့် ကျိုးအာ့နီတို့၏ ဆက်ဆံရေးက အများကြီး အားနည်းပါသည်။ အမြင်ကွဲပြားမှုကြောင့် သူမတို့၏ လမ်းကြောင်းများ ကွဲသွားခဲ့ကြ၏။ လမ်းကြောင်းချင်းမတူသဖြင့် အတင်းအကြပ် လုပ်ယူလို့မရပေ။

ထို့ကြောင့် ကျိုးအာ့နီ၏ သဘောထားကလည်း သိပ်ပြီး အားတက်သရော မရှိလှပါ။ သူမကို လိုသလောက်သာ ဧည့်ခံလိုက်သည်။

ရှုရှန့်မိန်၏ မျက်နှာကြောက အခု ပိုမိုမျက်နှာပြောင်တိုက်လာလေသည်။ ကြေးနံရံနှင့် သံနံရံများ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်လိုပင် ဖြစ်နေ၏။ အမေကျိုးက ဘာပဲပြောပြော အပြုံးဖြင့်သာ တုန့်ပြန်ပါတော့သည်။

ရှုရှန့်ချမ်းကတော့ သူမလိုစိတ်မျိုး မရှိပါ။ သူ့မျက်နှာက တင်းမာနေ၏။ ချက်ချင်းဆိုသလို ထပြန်သွားချင်နေသည်။

နောက်ဆုံးတော့ သူ့အဘိုးအဘွားများအိမ်မှ လွတ်မြောက်လာပြီးနောက်တွင် အဘွားဟူတို့နှင့် စကားသွားပြောသည်။ ထို့နောက်တွင်မှ မောင်နှမနှစ်ယောက် အိမ်ပြန်သွားကြပါသည်။

ရှုရှန့်ချမ်း၏ မျက်နှာက မှုန်ကုပ်နေလေပြီ။

"အဲ့မျက်နှာက ဘာဖြစ်တာလဲ။" ရှုရှန့်မိန် မျက်နှာတွင် ပင်ပန်းမှုများ ထင်ဟပ်နေ၏။ သူမမောင်က ဒီလိုပြုမူနေသည်ကို မြင်သောအခါ ဒေါသလည်း ဖြစ်မိပါသည်။

တကယ် စိတ်ပျက်ဖို့ကောင်းသည်။ အတော်ကြာပြီဖြစ်သည်။ သူ့ကို သင်ကြားပေးနေခဲ့တာ အချိန်အတော်ကြာပြီဖြစ်သော်လည်း ယဥ်ယဥ်ကျေးကျေး မပြုမူတတ်သေးပါ။ သူမအဘွားက စကားအနည်းငယ်လောက် ပြောလိုက်သည်နှင့် ပြန်ပြောချင်နေသည်။ ဒီပုံနှင့် ဘယ်လို အောင်မြင်မှုကြီးများ ရရှိနိုင်ဦးမည်နည်း။

"အဲ့တာကြောင့်လည်း ယောက်ဖက မလာချင်တာနေမှာ။ ဘယ်သူက ဆုံးမခံရဖို့အတွက်နဲ့ လာချင်မှာလဲ။" ဟု ရှုရှန့်ချမ်းက ပြောလိုက်သည်။

"နင့်ယောက်ဖ မလာချင်တာက နင့်ယောက်ဖရဲ့ မိသားစုမှာ အစွမ်းအစရှိတယ်လေ။ အဲ့တာကြောင့် သူ မလာလည်းရတယ်။ ငါတို့မိသားစုမှာ အဲ့လိုအစွမ်းအစရှိလို့လား။" ရှုရှန့်မိန်က ဆူပုတ်စွာ ပြောလိုက်သည်။ "အခု ငါတို့မိသားစု ဆောက်ထားတဲ့ အိမ်အသစ်ကလည်း ငါပို့ထားတဲ့ ပိုက်ဆံတွေနဲ့ ဆောက်ထားတာ။ နင်က ဘဝင်မြင့်ရအောင် ဘာတွေ ထုတ်ပြနိုင်လို့လဲ။"

အားလုံးနှင့် စကားပြောဆို ဆက်ဆံခဲ့ရခြင်းများကြောင့် ပင်ပန်းနေကာ သူမ စိတ်မရှည်ပါ။ ရှုရှန့်ချမ်း၏ စိတ်ကို တစ်ခါတည်း ဆွပေးလိုက်သည်။ "နင်က ရှုမိသားစုရဲ့ သမီး မဟုတ်ဘူးလား။ နင့်မှာ အစွမ်းအစရှိတာတောင် မိသားစုကို လက်တွဲမခေါ်ချင်ဘူးလား။ တစ်ကိုယ်ကောင်းဆန်ပြီး ကိုယ့်အတွက်ကိုယ်ပဲ တွေးချင်နေတာလား။ နင့်မိသားစုက နင့်ကို ဒီအရွယ်အထိ ရောက်လာအောင် ပျိုးထောင်ပေးပြီး ကောင်းကောင်းမွန်မွန် လက်ထပ်နိုင်အောင် လုပ်ပေးခဲ့တာ။ နင့်မိသားစုကို ဂရုစိုက်ပြီး နင့်မောင်နှမကို တွဲခေါ်ပေးမှ တာဝန်ကျေရာကျမှာပေါ့။"

ရှုရှန့်မိန်က အံကြိတ်လိုက်၏။ "ငါ့မိသားစုအတွက် ငါလုပ်ပေးခဲ့တာတွေက မလုံလောက်သေးဘူးလား။"

သူ့မောင်ကို မြို့တော်သို့ ခေါ်ဖို့အတွက် ကိုယ်ဝန်ကို တမင်တကာ ဖျက်ချခဲ့ရသည်။ ကျောက်မိသားစုကို ဉာဏ်နီဉာဏ်နက်များဖို့ အားကိုးရင်း သူမမောင်ကို မြို့တော်သို့ အောင်မြင်စွာ ခေါ်နိုင်ခဲ့သည်။

"ပိုက်ဆံလေး ပို့ပေးတာများ ဘာတွေကြီးကျယ်နေလို့လဲ။ ငါပိုက်ဆံရှာနိုင်တာနဲ့ ငါလည်း ပြန်ပို့ပေးလို့ရတာပဲ။" ဟု ရှုရှန့်ချမ်းက သွေးအေးစွာ ငေါက်လိုက်ပါသည်။

ဒီကိစ္စအကြောင်း ရှုရှန့်မိန် ဆက်မပြောချင်တော့ဘဲ ပြောလိုက်သည်။ "နင်အလုပ်ကြိုးစားပြီး ပြဿနာသာ မရှာနဲ့။ ကျောက်မိသားစုရဲ့ စက်ရုံမှာ ခုတလော အလုပ်သမားတွေကို ဖြုတ်နေတယ်။ နင့်အားနည်းချက်ကို လူတွေ မမြင်စေနဲ့ ကြားလား။ မဟုတ်ရင် ငါလည်း နင့်ကိုမကယ်နိုင်တော့ဘူး။"

သူ့အလုပ်က သာမန်သာ ဖြစ်ခဲ့သဖြင့် ရှုရှန့်ချမ်း အနည်းငယ် လိပ်ပြာမလုံပါ။ ကြီးကြပ်သူက သူ့ကို မျက်စိစပါးမွှေးစူးစရာအဖြစ် မြင်နေသည်။

အလုပ်တစ်ခုက သူ့အတွက်ဘယ်လောက် အရေးကြီးမှန်း ရှုရှန့်ချမ်း နားလည်ပါသည်။ ထို့ကြောင့် အလုပ်ကို ကြိုးစားလုပ်ခဲ့သည်။ သို့သော်လည်း သူ့အပေါ် သူတို့၏ အမြင်က တကယ်ပင် ဆိုးရွားလှပါသည်။ ထို့ကြောင့် အလုပ်ဖြုတ်သည့်စာရင်းထဲ ရှုရှန့်ချန်း တန်းပါလာခဲ့၏။

ရှုရှန့်ချမ်းသည် ထိုအကြောင်း သိသောအခါ အလွန်ဒေါသထွက်သွားခဲ့၏။ ကြီးကြပ်သူထံသွားပြီး မေးခွန်းထုတ်ခဲ့သည်။ သူက ဘာပြောလိုက်မှန်း မသိသော်လည်း ကြီးကြပ်သူကို ရှုရှန့်ချမ်း ထိုးခဲ့သည်။ တစ်ချက်လောက်ထိုးတာထက် ပိုမလုပ်ရဲပါ။

ထိုထိုးချက်ကြောင့် သူအလုပ်ပြုတ်သွားသည်။ အစကတော့ အဖေကျောက်က တွန့်ဆုတ်နေခဲ့သည်။ ကျိုးမိသားစုက အစွမ်းအစရှိသဖြင့် မျက်နှာသာလုပ်ရမည်ဖြစ်သည်။

ဝမ်ယွမ်လို ဘော့စ်ကြီးတစ်ယောက်နှင့် ကျိုးအာ့နီ တွဲနိုင်ခဲ့ကြောင်း ရှုရှန့်မိန်ထံမှ အဖေကျောက် ကြားသိခဲ့ရသည်။ သူ့စက်ရုံတွင် အလုပ်သမား ၅၀၀ ခန့်ရှိသည်။ အဖေကျောက်က တခြားသူများကို ဖားယား မတက်ခဲ့ရသော်လည်း အဆက်အသွယ်တစ်ချို့ကိုတော့ စုဆောင်းခဲ့ရပါသည်။

သို့သော်လည်း ဒီပြဿနာ ဖြစ်ပြီးသွားသောအခါ အမေကျောက်ကိုယ်တိုင် ရောက်လာခဲ့၏။ အဖေကျောက် မျက်မှောင်ကြုတ်သွားရသည်။ အစပိုင်းက တွန့်ဆုတ်မှုများလည်း ပျောက်ကွယ်သွားလေပြီ။

ကျိုးမိသားစုမျက်နှာကြောင့်သာ မဟုတ်ပါက ဒီချွေးမ၏ မရင့်ကျက်သော မောင်ကို နှင်ထုတ်ပြစ်လိုက်တာ ကြာပြီဖြစ်သည်။ အခုတော့ လူတိုင်းကို မကြာခဏ ထိုးကြိတ်နေ၏။ ဘာပြောစရာလိုသေးလို့လဲ။

ရှုရှန့်မိန်၏ တောင်းပန်ခြင်းကလည်း အသုံးမဝင်ခဲ့ပါ။ နောက်ဆုံးတွင်တော့ ငှားထားသည့် အခန်းတွင် သူမမောင်ကို လာတွေ့ခဲ့သည်။

"ငါ့ကို လာဆူမနေနဲ့တော့။ ငါ ထိုးပြီးသွားပြီ။ နောင်တလည်းမရဘူး။ ပြီးတော့ နင့်ဖာသာနင် အထည်ဆိုင်တစ်ဆိုင် ဖွင့်ထားတယ် မဟုတ်ဘူးလား။ နင့်အထည်ဆိုင်မှာ ငါအလုပ် လာလုပ်မယ်။ ဘယ်သူ့မျက်နှာမှ ကြည့်စရာ မလိုဘူး။" ရှုရှန့်ချမ်းက ကျောက်မိသားစု စက်ရုံထဲက ဆက်ဆံရေးများကို စိတ်ကုန်နေပြီ ဖြစ်သည်။ စက်ရုံတစ်ရုံလုံးက သူ့ကို ခွဲခြားခွဲခြား လုပ်ကြ၏။ ဘယ်သူကမှ သူ့ကို ဂရုမစိုက်ပေ။ အခု မောင်းထုတ်ခံလိုက်ရပြီ ဖြစ်သဖြင့် ရှိပါစေတော့။

ရှုရှန့်မိန်က အံကြိတ်ကာ ပြောလိုက်သည်။ "ငါ့အထည်ဆိုင်မှာ လူမလိုသေးဘူး။ နင်မြို့တော်မှာ နေချင်ရင် နင့်ဖာသာနင်သာ စျေးထွက်ရောင်းလိုက်။"

All Chapters